← Chapters

အခန်း ၃၃၄

Vol. 34 Ch. 334

အခန်း ၃၃၄

Vol. 34 Ch. 334

Chapter 334

"ကျိုးထျန်း... စိတ်မပူပါနဲ့၊ ဒီကိစ္စအတွက် တစ်ယောက်ယောက်ကတော့ တန်ဖိုးပြန်ပေးဆပ်ရမှာပါ"

မာတုန်းလိုင်သည် ဖုန်းချလိုက်ပြီးနောက် ကျိုးထျန်း၏ ပုခုံးကို ပုတ်ကာ အားပေးစကား ဆိုလိုက်သည်။

ကျိုးထျန်းဘက်မှ မည်သည့်စကားမျှ ပြန်မပြောခဲ့သလို လှုပ်ရှားမှုပင် မရှိချေ။

ယခုအချိန်တွင် သူသည် ကလဲ့စားချေရန် စဉ်းစားနေဖို့ အချိန်မရှိသေးဘဲ အရေးကြီးဆုံးအချက်မှာ သူ့မိသားစုကို ဘေးကင်းအောင် ကာကွယ်ထားရန် ဖြစ်သည်။

သူ့သက်တော်စောင့်လေးဦးအနက် နှစ်ဦးမှာ ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း အရိုးအက်ခြင်းမျိုး မရှိသဖြင့် သာမန် ပတ်တီးစည်းရုံမျှဖြင့် အဆင်ပြေသွားခဲ့သည်။

သူသည် သက်တော်စောင့်လေးဦးကို နှစ်ဖွဲ့ခွဲလိုက်ပြီး သူ့မိဘများဘက်သို့တစ်ဖွဲ့၊ လျိုမုယန်နှင့် ကျောက်ရှင်းတို့ဘက်သို့ တစ်ဖွဲ့ အသီးသီး တာဝန်ချထားပေးလိုက်သည်။

မိဘများရှိရာအဖွဲ့ကိုမူ တိတ်တဆိတ် စောင့်ရှောက်စေပြီး လျိုမုယန်နှင့် ကျောက်ရှင်းတို့ကိုမူ ပင်ကျန်းဟွာထင် သို့ စုစည်းစေကာ လူနှစ်ဦးဖြင့် ၂၄ နာရီပတ်လုံး အနီးကပ် စောင့်ရှောက်စေခဲ့သည်။

ထို့ပြင် ကျိုးထျန်းသည် ၎င်းတို့နှစ်ဦးထံသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုကာ သူ့ခွင့်ပြုချက်မရဘဲ အပြင်သို့ လုံးဝ မထွက်ကြရန် အမိန့်ပေးသည့် လေသံဖြင့် မှာကြားလိုက်သည်။

ကျောင်းလည်း သွားခွင့်မရှိသလို သတ်မှတ်ထားသော အလုပ်အစီအစဉ်များဆီသို့လည်း အလောတကြီး မသွားကြရန် ဖြစ်သည်။

တစ်စုံတစ်ဦးက ၎င်းတို့နှင့်ပတ်သက်၍ ပြဿနာရှာလိုပါက သူ့ထံသို့သာ တိုက်ရိုက်လာခဲ့ရန် ဖြစ်သည်။

ယခုကဲ့သို့သော အချိန်မျိုးတွင် သူ့ကိုဖြစ်စေ၊ ၎င်းတို့နှစ်ဦးကိုဖြစ်စေ လာရောက် ရန်စဝံ့သူ မည်သူမဆို ဥက္ကဋ္ဌကျိုး၏ အမျက်ဒေါသ မည်မျှအထိ ပြင်းထန်သည်ကို မြည်းစမ်းရပေလိမ့်မည်။

"စကူရိုင်းမိသားစုဘက်က အကျအဆုံး သိပ်များသွားတယ်၊ ဒါက နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းတဲ့ သံတမန်ရေးရာ ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်"

မာတုန်းလိုင်သည် ခုတင်တင် ရရှိလာသော အစီရင်ခံစာကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

စကူရိုင်းတကဲဟီတိုမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သူနှင့်အတူ ပါလာသော ဂျပန်သက်တော်စောင့် ခုနစ်ဦးအနက် သုံးဦး သေဆုံးကာ ကျန်ရှိသော လေးဦးမှာမူ ဒဏ်ရာအပြင်းအထန်နှင့် ဒဏ်ရာအနည်းငယ် အသီးသီး ရရှိခဲ့ကြသည်။

နိုင်ငံခြားသားလေးဦး သေဆုံးမှု၊ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံမှ သူဌေးကြီးမိသားစု၏ ဒုတိယမြောက်သား ဖြစ်နေခြင်းမှာ သူ့အနေဖြင့် တောင့်ခံနိုင်ရန် ခက်ခဲသော ကြီးမားလှသည့် ဖိအားများကို ဆောင်ကြဉ်းလာပေးလိမ့်မည် ဖြစ်သည်။

"ဟက်... ဒီတစ်ကြိမ်မှာ စကူရိုင်းမိသားစုက ငါ့ကို ကျေနပ်လောက်တဲ့ ရှင်းလင်းချက်တစ်ခု မပေးရင် သူတို့အားလုံး ရှင်းလင်းချက် ပေးရစေရမယ်"

ကျိုးထျန်းသည် စကူရိုင်းတကဲဟီတိုက သူ့ကို သေနတ်ဖြင့် ချိန်ရွယ်ခဲ့သည်ကို ပြန်လည်တွေးတောမိတိုင်း စိတ်ထဲတွင် ထိတ်လန့်မှု ရှိနေဆဲပင်။

ဤသည်မှာ သွေးကြွေးပင် ဖြစ်သည်။

စကူရိုင်းမိသားစုအနေဖြင့် ဤအတွက် တန်ဖိုးပြန်ပေးဆပ်ရမည်ဖြစ်ပြီး ၎င်းမှာ အသက်တစ်ချောင်း နှစ်ချောင်းမျှဖြင့် ပြီးဆုံးသွားမည်မဟုတ်ချေ။

ကျိုးထျန်း၏ ကိုယ်မှ ထွက်ပေါ်နေသော လူသတ်ငွေ့များကို မြင်သောအခါ မာတုန်းလိုင်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ရုံသာ တတ်နိုင်တော့သည်။

ယခုအချိန်တွင် သူ မည်သည့်စကားမျှ မဆိုနိုင်တော့သော်လည်း ဤသခင်လေးမှာ အညံ့ခံမည့်သူ မဟုတ်ရာ မကြာမီအချိန်အတွင်း သွေးချောင်းစီးသည့် ဖြစ်ရပ်မျိုးကို သေချာပေါက် ဖန်တီးလိမ့်မည် ဖြစ်သည်။

ထွက်ဆိုချက်များကို ရယူပြီးနောက် ခန္ဓာကိုယ်ကို စစ်ဆေးပြီးသည်နှင့် မာတုန်းလိုင်က သူ့ကို အိမ်ပြန်နားရန် ပြောခဲ့သည်။

စောစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူ့ကို အလွန်အမင်း ပင်ပန်းနွမ်းနယ်စေခဲ့ရာ ကောင်းမွန်စွာ အိပ်စက်အနားယူရန် လိုအပ်သည်။

သို့သော် သူသည် ပင်ကျန်းဟွာထင်သို့ မပြန်ဘဲ ရဲတပ်ဖွဲ့အား သူ့ကို ဗီလာအိမ်ကြီးဆီသို့သာ ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။

တစ်စုံတစ်ခု ထပ်မံဖြစ်ပွားလာပါက မိန်းကလေးနှစ်ဦးကို အမှုပတ်ပတ်မိမည်ကို သူ စိုးရိမ်သောကြောင့်ပင်။

သူသည် ခုတင်ပေါ်တွင် လှဲလျောက်လိုက်ပြီး အန်တီလီ ပြင်ဆင်ပေးထားသော နွားနို့နွေးနွေးကိုပင် မသောက်နိုင်တော့ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

သူ ဤမျှအထိ အေးချမ်းစွာ အိပ်စက်နိုင်ခြင်းမှာ ဗီလာအိမ်ကြီး၏ ပတ်ဝန်းကျင်ကို ရှန်ဟိုင်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များက စောင့်ကြပ်ပေးနေသောကြောင့် ဖြစ်သည်။

သူ ဤနေရာသို့ မရောက်ရှိလာမီကပင် အထက်လူကြီးမှ သူ့ကို အကာအကွယ်ပေးရန် စီစဉ်ထားပြီးဖြစ်သည်။

သူသည် ရှစ်နာရီခန့် အပြည့်အဝ အိပ်စက်ခဲ့ပြီးနောက် အန်တီလီ၏ တံခါးခေါက်သံကြောင့် နိုးလာကာ ကျိုးထျန်းသည် ခုတင်ပေါ်မှ မချင်မရဲဖြင့် ထလာခဲ့သည်။

"မစ္စတာကျိုး... အောက်ထပ်မှာ ဧည့်သည်အချို့ ရောက်နေတယ်၊ မစ္စတာကျိုးကို ရှာနေတာလို့ ပြောပါတယ်"

အန်တီလီက ပျာပျာသလဲ ပြောရှာသည်။

ရောက်လာသော ဧည့်သည်များမှာ အရှိန်အဝါ အလွန်ကြီးမားကြပြီး ၎င်းတို့၏ တည်ရှိမှုကပင် သူမကို အသက်ရှူကျပ်မတတ် ခံစားရစေသောကြောင့်ပင်။

"ကောင်းပါပြီ၊ သူတို့ကို ခေတ္တစောင့်ခိုင်းလိုက်ပါ၊ ဧည့်ခံဖို့ အစားအစာနဲ့ အဖျော်ယမကာ တချို့ ပြင်ဆင်ပေးထားလိုက်ပါ၊ ကျွန်တော် ရေချိုးပြီးတာနဲ့ ချက်ချင်း ဆင်းလာခဲ့ပါ့မယ်"

ရောက်လာသူမှာ မည်သူဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားရာ လေးစားမှုကို ပြသသည့်အနေဖြင့် ဝတ်စားဆင်ယင်မှုကို သပ်ရပ်အောင် ပြင်ဆင်ရမည် ဖြစ်သည်။

၁၀ မိနစ်ပင်မပြည့်သော အချိန်အတွင်း သူ အလျှင်အမြန် ရေချိုးကာ အားကစားဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ပထမထပ်ရှိ ဆိုဖာကြီးပေါ်တွင် မာတုန်းလိုင်သည် အစိုးရသက်တော်စောင့်တပ်ဖွဲ့၏ စစ်ဦးစီးချုပ်နှင့် စကားပြောနေကြပြီး ၎င်းတို့၏ မျက်နှာအမူအရာများမှာ အလွန် တည်တင်းနေကြသည်။

"အားနာပါတယ်၊ ကျွန်တော် ခုနတင်ကမှ နိုးတာမို့လို့။ လူကြီးမင်းတို့ကို အကြာကြီး စောင့်ခိုင်းမိသလို ဖြစ်သွားရပါတယ်"

"ရပါတယ်၊ လာ... ထိုင်ပါဦး"

ထိုအလယ်အလတ်အရွယ် အမျိုးသားက ပြုံးပြလျက် လက်လှမ်းပြပြီး သူ့ကို မိသားစုဝင်ကဲ့သို့ ရင်းရင်းနှီးနှီး ဆက်ဆံလေသည်။

ကျိုးထျန်း ထိုင်လိုက်ပြီးနောက် စားပွဲပေါ်ရှိ ရေတစ်ခွက်ကို ကောက်ယူကာ အငန်းမရ သောက်လိုက်မိသည်။

သူ တကယ်ကို ရေငတ်နေခဲ့ခြင်း ဖြစ်သည်။

မနေ့ကတည်းကစ၍ ယခုအချိန်အထိ သူသည် ဘာတစ်လုပ်မျှ မစားရသေးသလို ရေတစ်ငုံပင် မသောက်ရသေးချေ။

"လူကြီးမင်းတို့... ကျွန်တော်တို့ စားရင်းသောက်ရင်း စကားပြောလို့ရမလား၊ ကျွန်တော် နည်းနည်း ဆာနေလို့ပါ"

"ရတာပေါ့၊ စိတ်အေးအေးထားပါ၊ မင်း အဆင်ပြေမယ့်အတိုင်းသာ လုပ်ပါ"

သူက အန်တီလီအား အစားအစာအပေါ့စားအချို့ ပြင်ဆင်ပေးရန် တောင်းဆိုလိုက်ပြီးနောက် အချိုရည်တစ်ပုလင်းကို ကောက်ယူကာ ရက်ရက်ရောရော မော့သောက်လိုက်မှသာ အနည်းငယ် နေသာထိုင်သာ ရှိသွားတော့သည်။

"အခြေအနေတွေ ဘယ်လိုရှိလဲ"

သူက အပိုစကားများ မပြောဘဲ တိုက်ရိုက် မေးမြန်းလိုက်သည်။

"စကူရိုင်းမိသားစုရဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီက ထွက်ဆိုချက်တွေကို ရယူပြီးပြီ။ အမှုကတော့ တစ်ဝက်လောက် ရှင်းလင်းသွားပြီလို့ ပြောရမယ်"

ထိုအမျိုးသားက လေးနက်သော လေသံဖြင့် ဆိုသည်။

"တစ်ဝက်ပဲလား"

"ဒါက ဘာကို ဆိုလိုတာလဲ"

ကျိုးထျန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

စကူရိုင်းမိသားစုက သူ့ကို သတ်ချင်နေတာပဲလေ၊ ဤနေရာတွင် မရှင်းမလင်းဖြစ်စရာ ဘာရှိဦးမည်နည်း။

"စကူရိုင်းမိသားစုက စကူရိုင်းတကဲဟီတိုဟာ တရားမဝင် လက်နက်ကို ပြည်တွင်းထဲ သယ်ဆောင်လာပြီး လမ်းမထက်မှာ မင်းကို ခြိမ်းခြောက်ခဲ့တယ်၊ လူသတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး”

“အဲဒီနောက် ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားနဲ့ တိုက်မိပြီး သေဆုံးသွားခဲ့တယ်။ ဒါကတော့ ရှင်းပါတယ်၊ သူ့သက်တော်စောင့်ကလည်း အကုန် ဝန်ခံပြီးပြီ"

"ဒါပေမဲ့ အဝေးကနေ မင်းကို စနိုက်ပါနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့လူက စကူရိုင်းမိသားစုက မဟုတ်ဘူး"

"သူတို့အားလုံးက ဒါကို ငြင်းဆိုထားကြပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေကလည်း ထပ်တူကျနေတဲ့အတွက် ယုံကြည်စိတ်ချရမှု အလွန် မြင့်မားနေတယ်"

ကျိုးထျန်း စားပွဲပေါ်ရှိ ခွက်ကို အူကြောင်ကြောင် စိုက်ကြည့်ရင်း အတွေးကမ္ဘာထဲသို့ နစ်ဝင်သွားခဲ့သည်။

‘စကူရိုင်းမိသားစုက မဟုတ်ဘူး ဟုတ်လား’

‘ငါက သူတို့ကလွဲလို့ တခြားဘယ်သူ့ကိုမှ မပြစ်မှားမိပါဘူး။ ဘယ်သူက ငါ့အပေါ် ဒီလောက်အထိ နာကျည်းချက်ကြီးမားပြီး သတ်ချင်နေရတာလဲ’

"ဒါဆိုရင် ဒီကိစ္စမှာ အခုထိ ပေါ်မလာသေးတဲ့ နောက်ထပ်အဖွဲ့တစ်ဖွဲ့ ရှိနေသေးတာပေါ့"

ကျိုးထျန်းက ထိုလူနှစ်ဦးကို ကြည့်ကာ မေးလိုက်သည်။

"ဟုတ်တယ်၊ ပြီးတော့ သူတို့က ပြည်တွင်းကနေ ထွက်ပြေးသွားလောက်ပြီ၊ ရေကြောင်းလမ်းကနေ ဖြစ်ဖို့ အများဆုံးပဲ"

အစိုးရသက်တော်စောင့်တပ်ဖွဲ့၏ စစ်ဦးစီးချုပ်က မျက်မှောင်ကြုတ်လျက် သူ့သုံးသပ်ချက်ကို အခိုင်အမာ ပြောကြားလိုက်သည်။

သူ့လူများသည် တရားခံကို မဖမ်းဆီးနိုင်သေးဘဲ သဲလွန်စမှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

"ဒါပေမဲ့ ဖြစ်ပွားတဲ့နေရာနဲ့ နီးစပ်တဲ့ လူနေအိမ်ခြေအဆောက်အအုံရဲ့ ခြောက်ထပ်မြောက်မှာ ကျည်ခွံနှစ်ခုနဲ့ ဆံပင်တစ်ချောင်းကို ငါတို့ ရှာဖွေတွေ့ရှိခဲ့တယ်။ စစ်ဆေးချက်အရတော့ နိုင်ငံခြားသားတွေရဲ့ လက်ချက်ဖြစ်ဖို့ အလွန် ရာခိုင်နှုန်းများနေတယ်"

ထိုအမျိုးသားက ခေတ္တရပ်နားပြီးနောက် ဆက်ပြောလေသည်။

"အထောက်အထား အားလုံးအရ စကူရိုင်းတကဲဟီတိုကို တိုက်သတ်ခဲ့တဲ့ ကုန်တင်ကားဟာ အရှိန်လွန်သွားတာမဟုတ်ဘဲ တမင်တကာ ဝင်တိုက်ခဲ့တာဖြစ်ကြောင်း ဖော်ပြနေတယ်"

"လမ်းဘေးက စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ အဲဒီကားက မင်းကို ဦးတည်ပြီး မောင်းလာတာ"

"ဒါပေမဲ့ မင်းရဲ့ကားက အဲဒီအခိုက်အတန့်မှာ ရုတ်တရက် အရှိန်မြှင့် မောင်းထွက်သွားတဲ့အတွက် ကုန်တင်ကားက လမ်းကြောင်းကို အချိန်မီ မပြောင်းလဲနိုင်တော့ဘဲ စကူရိုင်းမိသားစုက ဓားစာခံ ဖြစ်သွားခဲ့ရတာပဲ"

ကျိုးထျန်း ဤစကားကို ကြားသောအခါ ခေတ္တမျှ ကြက်သေ သေသွားပြီးနောက် ဖုန်းကို ထုတ်ကာ ဆန်းတို့စ်ထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။

တစ်ဖက်လူက ယာဉ်မတော်တဆမှုဖြစ်အောင် ဖန်တီးခြင်း၊ စနိုက်ပါရိုင်ဖယ်ကို အသုံးပြုခြင်းနှင့် နိုင်ငံခြားသားများ ဖြစ်နေခြင်းတို့ကြောင့် ၎င်းတို့မှာ နိုင်ငံခြား ကြေးစားစစ်သားများ သို့မဟုတ် ပရော်ဖက်ရှင်နယ် လူသတ်သမားများ ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။

ဆန်းတို့စ်သည် ဤကဲ့သို့သော လူမျိုးများနှင့် အကျွမ်းတဝင်ရှိဆုံး ဖြစ်ရာ ဤစုံစမ်းစစ်ဆေးမှုတွင် ဆန်းတို့စ်၏ အကူအညီ လိုအပ်ပေလိမ့်မည်။

သူသည် တကယ့်ကို ကံကောင်းလွန်းသဖြင့်သာ သေဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပုံရသည်။

စကူရိုင်းတကဲဟီတိုသာ ကြားထဲက ရှိမနေပါက သူသည် ထိုကုန်တင်ကားဖြင့် တိုက်သတ်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။

တကယ်၍ ကုန်တင်ကားဒဏ်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့်တိုင် ပြင်းထန်သော ဒဏ်ရာများကြောင့် သူ လှုပ်ရှားနိုင်မည်မဟုတ်ရာ စနိုက်ပါသမား၏ ခေါင်းကို တည့်တည့်ပစ်ခတ်ခြင်း ခံရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

အန္တရာယ်ရှိလှသည်၊ တကယ့်ကို အလွန်အမင်း အန္တရာယ်ရှိလှသည်။

ဤကဲ့သို့ အစီအစဉ်တကျ ရှိလှသော လူသတ်ကွက်များမှာ ပရော်ဖက်ရှင်နယ် စီစဉ်သူတစ်ဦး၏ လက်ချက်ဖြစ်သည်မှာ ထင်ရှားပြီး အနည်းငယ်မျှ မှားယွင်းသွားပါက မှုန့်မှုန့်ညက်ညက် ပျက်စီးသွားပေလိမ့်မည်။

"ခွင့်ပြုပါ... လူကြီးမင်း၊ ကျွန်တော် တစ်ခုလောက် အကူအညီတောင်းလို့ ရမလား"

ကျိုးထျန်း အတော်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်လည် ပြောဆိုလိုက်သည်။

"ပြောပါ"

"ကျွန်တော့်ကို လုပ်ကြံဖို့ ကြိုးစားတဲ့လူကို ရှာတွေ့ရင် သူ့ကို ကျွန်တော့်လက်ထဲကိုပဲ တိုက်ရိုက် လွှဲပြောင်းပေးလို့ ရမလား"

"မရဘူး"

ထိုအမျိုးသားက ခေါင်းခါလိုက်သည်။

သူသည် နိုင်ငံတော်၏ ဥပဒေကို ကိုယ်စားပြုသူဖြစ်ရာ အခြေခံမူများကိုမူ ပြောင်းလဲ၍မရနိုင်ချေ။

"ဒါပေမဲ့ စစ်ဆေးမေးမြန်းမှုကိုတော့ ဘေးကနေ စောင့်ကြည့်ခွင့်ပေးမယ်၊ ဒါက ငါ မင်းကို အထူးအခွင့်အရေး ပေးတာပဲ"

သူသည် အခြေခံမူများကို လိုက်နာရမည်ဖြစ်သော်လည်း သင့်တော်သော အခွင့်အရေးတစ်ခုကိုမူ လိုက်လျောပေးခဲ့သည်။

"ကောင်းပါပြီ"

ကျိုးထျန်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

အမှန်တော့ သူ ထိုလူများကို ဂရုမစိုက်ပေ။ ဖမ်းမိသည်နှင့် ၎င်းတို့၏ဘဝမှာ လမ်းဆုံးသွားပြီ ဖြစ်သည်။

သူ အလိုရှိသည်မှာ ဤအရာအားလုံး၏ နောက်ကွယ်က ကြိုးကိုင်သူ အစစ်အမှန်၏ အမည်ကိုသာ ဖြစ်သည်။

"ဒါဆိုရင် စကူရိုင်းမိသားစုကိုကော... ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ကျိုးထျန်းက ရွံရှာသော လေသံဖြင့် မေးလိုက်သည်။

"ဟားဟား... စကူရိုင်းမိသားစုလား၊ သူတို့က ဒီတစ်ကြိမ်မှာ ငါ့ကို အကြီးအကျယ် ကူညီပေးလိုက်တာပဲ"

ထိုအမျိုးသားက အားရပါးရ ရယ်မောလိုက်သော်လည်း ၎င်း၏ မျက်ဝန်းများထဲတွင်မူ အေးစက်လှသော ဖိအားများ ပြည့်နှက်နေသည်။

All Chapters