အခန်း ၄၃၄
Vol. 44 Ch. 434
🍋 Chapter 434
အဒေါ်နှင့် ဝမ်းကွဲအမတို့သည် မျက်နှာတစ်ခုလုံး နီရဲနေသော လျူချန်းကို ကြည့်ကာ ဆွံ့အမှင်သက်နေကြသည်။
ခုနကတင် 'ညီလေးကျိုး' ဟု ခေါ်ပြီး ယခုကျမှ 'အစ်ကိုကြီးကျိုး' ဟု ပြောင်းခေါ်နေပြန်ရာ ဤနေရာတွင် မည်သူက ပို၍ အသက်ကြီးသနည်း။
"မင်း ငါ့ကို သိတာလား"
ကျိုးထျန်းလည်း မတ်တပ်ရပ်လိုက်သည်။
"ဒီနေ့ အစ်ကိုကြီးနဲ့ တွေ့ရတာ ကျွန်တော့်အတွက် တကယ့်ကို ကံကောင်းလွန်းပါတယ်၊ တစ်ခွက်လောက် အဝသောက်ကြရအောင်"
သူက ဖန်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း အကုန်မော့သောက်လိုက်သည်။
ဖန်ခွက်ကို ချလိုက်ပြီးနောက် လျူချန်းသည် မျက်နှာကို ချက်ချင်း တင်းမာလိုက်ပြီး ထိုမိခင်နှင့် သမီးနှစ်ဦးကို လှည့်၍ ပြောလိုက်သည်။
"အဒေါ်နဲ့ ရှောင်ယင်... နောက်ခါကျရင် အစ်ကိုကြီးကျိုးနဲ့ ဦးလေးကျိုးတို့ကို စကားပြောတဲ့အခါ ပိုပြီး ယဉ်ယဉ်ကျေးကျေး ပြောကြပါ၊ ကျွန်တော်တို့က တစ်မိသားစုတည်းသားတွေပဲမလား၊ အပိုတွေ လုပ်မနေကြနဲ့တော့"
"ပြီးတော့... ကျွန်တော် ဒီအိမ်ကို နောက်လကျရင် ရောင်းပစ်ပြီး မြို့တော်ကို ပြန်ဖို့ ပြင်နေတယ်၊ အဒေါ်တို့ အားရင် မြို့တော်က ကျွန်တော့်ဆီ လာလည်လို့ရပါတယ်"
ကျိုးထျန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
ဤလူက ကစားကွက် ရွှေ့ရာတွင် အလွန် ပါးနပ်လွန်းလှသည်။
၎င်းတို့ကို အိမ်မှ တိုက်ရိုက်နှင်ထုတ်ပြီး လမ်းခွဲမည့်သဘောကို သွယ်ဝိုက်၍ အရိပ်အမြွက် ပြသလိုက်ခြင်း ဖြစ်ပြီး ယင်းကို အလွန် မြင့်မြတ်သော စကားလုံးများဖြင့် ဖုံးကွယ်ထားသေးသည်။
သူကိုယ်တိုင် လှုပ်ရှားစရာပင် မလိုဘဲ တစ်စုံတစ်ဦးမှ သူ့အတွက် ပြဿနာကို ရှင်းလင်းပေးသွားခဲ့သည်။
သားအမိနှစ်ဦးမှာ ဆွံ့အသွားကြသည်။
သူတို့၏ နောက်ခံလူမှာ ဘာကြောင့် ရုတ်တရက် ရန်သူအဖြစ် ပြောင်းလဲသွားပြီး ဤမျှ ကြမ်းတမ်းစွာ ပြောဆိုရသနည်း။
"မောင်လေးချန်း... ဘာဖြစ်လို့လဲဟင်" ဝမ်းကွဲအမမှ တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သည်။
သူမသည် စိတ်ထဲမှ တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ခံစားမိသော်လည်း လုံးဝ သဘောမပေါက်သေးချေ။
"ကျေးဇူးပြုပြီး မစ္စတာလျူလို့ပဲ ခေါ်ပါ" လျူချန်းက တည်ကြည်စွာ ပြောလိုက်သည်။
ထို့နောက် ကျိုးထျန်းက ကျေနပ်သော အမူအရာဖြင့် အနည်းငယ် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာတော့သည်။
ဤပါးနပ်သော လူသည် ကျိုးထျန်း၏ ဘက်သို့ အပြည့်အဝ ဝင်ရောက်သွားပြီး နောက်ကျောကို ဓားဖြင့် ထိုးလိုက်ခြင်း ဖြစ်သည်။
ကျိုးထျန်းသည် မူလက ထမင်းစားပြီးမှသာ လှုပ်ရှားရန် စီစဉ်ထားသော်လည်း ယခုအခါ ထမင်းပင် ဆက်စား၍ မရတော့သဖြင့် သော့နှစ်ချောင်းနှင့် ဝင်ခွင့်ကတ် နှစ်ကတ်ကို ချက်ချင်း ထုတ်ယူလိုက်သည်။
"ဖေဖေနဲ့ မေမေ... ဒါတွေ ယူထားလိုက်ဦး"
"ဒါတွေက ဘာတွေလဲ"
မိခင်ဖြစ်သူက ဇဝေဇဝါဖြင့် မေးသော်လည်း ဖခင်ဖြစ်သူကမူ ယင်းတို့ကို ကြည့်ကာ အခြေအနေအရ သဘောပေါက်သွားခဲ့သည်။
"ဒါက သား ဖေဖေတို့အတွက် ဝယ်ပေးထားတဲ့ အိမ်လေ၊ အရင်က သား မပြောရဲတာက ဖေဖေတို့က သားကို ငွေတွေ ဖြုန်းတီးတယ်လို့ ထင်မှာ စိုးလို့"
"အခုတော့ အတော်ပဲပေါ့၊ အဒေါ်ကလည်း ဒီလကုန်အထိ ဒီမှာ နေဦးမှာဆိုတော့ ဖေဖေတို့ ဆွေမျိုးတွေဆီ လည်ပတ်ဖို့ ပိုအဆင်ပြေတာပေါ့"
အဒေါ်ဖြစ်သူ၏ သွားများမှာ တုန်ခါနေပြီး "ဒီလကုန်အထိ" ဟူသော စကားလုံးက သူမအား သရော်နေသည်မှာ ထင်ရှားလှသည်။
"ဘာကို ဆိုလိုတာလဲ၊ အိမ် ဟုတ်လား၊ ဘယ်မှာလဲ"
မိခင်ဖြစ်သူက ဇဝေဇဝါမျက်နှာဖြင့် မေးလိုက်သည်။
"ဒီအဆောက်အအုံရဲ့ ပထမထပ်ပဲ၊ ခြံဝင်းလေး ပါဝင်လို့ မေမေ ပန်းပင်တွေ၊ ဟင်းသီးဟင်းရွက်တွေ စိုက်ဖို့ အဆင်ပြေတာပေါ့"
"သိပ်မကြီးပါဘူး၊ စတုရန်းမီတာ ၅၃၀ ကျော်ပဲ ရှိတာဆိုတော့ အခန်းကျယ် တစ်ထပ်တိုက်ခန်းအဆင့် သတ်မှတ်ဖို့ လုံလောက်ရုံပါပဲ"
ကျိုးထျန်းက ပြုံးလျက် ဝမ်းကွဲအမကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။
"ဘယ်လောက် ပေးရလဲ" ကျိုးကျန့်ခန်းက ချက်ချင်း ဝင်မေးသည်။
ကျိုးထျန်း စိတ်ထဲမှ သူ့ဖခင်ကို လက်မထောင်ပြလိုက်သည်။
တကယ့်ကို ကွက်တိ ဝင်မေးပေးသူ ဖြစ်သည်။
"စျေးမကြီးပါဘူး၊ ယွမ် သန်း ၈၀ ကျော်ပဲ ရှိတာ၊ ဖေဖေတို့အတွက် အရမ်းစျေးကြီးနေမှာ စိုးလို့"
မိခင်ဖြစ်သူ၏ မျက်နှာ ပျက်သွားသည်။ သန်း ၈၀ ဆိုသည်မှာ အလွန် ကြီးမားသော ကိန်းဂဏန်း ဖြစ်သည်။
သူမသည် ဗီလာအဟောင်းမှ သင်ခန်းစာ ရရှိခဲ့သော်လည်း ထပ်မံ၍ ထိတ်လန့်သွားရပြန်သည်။
"ဒါ... ဒါက အရမ်းစျေးကြီးလွန်းတယ်၊ သား ချေးငွေတွေ ဘာတွေ ယူထားတာ မဟုတ်ဘူးမလား"
မိခင်ဖြစ်သူက သူမ၏ သားဖြစ်သူတွင် ကြွေးမြီများ အများကြီး ရှိနေမည်ကို စိုးရိမ်နေသည်။
"မယူထားပါဘူး၊ သားက ချေးငွေယူစရာ မလိုပါဘူး၊ ဖေဖေတို့ စိတ်အေးလက်အေးသာ နေပါ”
“ဒါနဲ့... အဒေါ်နဲ့ ဝမ်းကွဲအမ၊ ဒီအိမ်ရာဝင်းထဲမှာ ဘာအဆောက်အအုံတွေ ရှိလဲဟင်၊ ပြီးရင် သားရဲ့ မိဘတွေကို လိုက်ပြပေးပါဦး၊ သူတို့က ဒီမှာ ပထမဆုံးအကြိမ် နေမှာဆိုတော့ ပတ်ဝန်းကျင်ကို သိပ်မသိသေးဘူး"
အဒေါ်ဖြစ်သူမှာ ဒေါသကြောင့် အခိုးအထွက်လုနီးပါး ဖြစ်နေပြီး ယခုတစ်ကြိမ်တွင်မူ ဝမ်းကွဲအမက သူမအား ကူညီရန် မကြိုးစားတော့ဘဲ မိမိကိုယ်ကိုယ် ကာကွယ်ရန်သာ အလုပ်ရှုပ်နေတော့သည်။
"ရှောင်ထျန်း... မင်း ဒီမှာ အိမ်ဝယ်ထားတာလား"
ဝမ်းကွဲအမက တုန်ရီစွာ မေးလိုက်သည်။
"အာ... ဝမ်းကွဲအမကပဲ ဒီနေရာ ကောင်းတယ်လို့ ပြောတာမလား၊ ငါတို့လည်း အမြင်ချင်း တူတာနဲ့ နှစ်လုံး ဝယ်လိုက်တာလေ"
နှစ်လုံး!
လူတိုင်း တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"အော်... ပြီးတော့ အပေါ်ဆုံးထပ်မှာလည်း စတုရန်းမီတာ ၈၀၀ ကျော်ရှိတဲ့ နှစ်ထပ်တိုက်ခန်း တစ်လုံး ရှိသေးတယ်၊ အဲ့ဒါကတော့ ငါကိုယ်တိုင် နေဖို့လေ၊ မဟုတ်ရင် ကျောင်းသွားရတာ အရမ်းဝေးနေမှာစိုးလို့၊ ဒီနေရာက အဆင်ပြေတော့ အချိန်အများကြီး သက်သာတာပေါ့"
ကျိုးထျန်းက ရိုးသားစွာ ပြောဆိုလိုက်သည်။
"ဒီက အပေါ်ဆုံးထပ် တိုက်ခန်းတွေက တကယ်ကို ကောင်းတာ၊ ဟွမ်ဖူမြစ်ရဲ့ ညရှုခင်းကိုလည်း လှမ်းမြင်ရပြီး ခေါင်မိုးပေါ်မှာ ရေကူးကန်တောင် ပါသေးတယ်လို့ ထင်တယ်"
လျူချန်းက သင့်တော်သော အချိန်တွင် စကားဝင်ထောက်ပေးလိုက်သည်။
အဒေါ်ဖြစ်သူသည် ခေါင်းထဲမှ မူးနောက်သွားပြန်သည်။
သူမသည် အိတ်ထဲမှ အရေးပေါ်နှလုံးဆေးဗူးကို တုန်တုန်ရီရီဖြင့် ထုတ်ယူကာ ကြိုတင်ပြင်ဆင်ထားလိုက်တော့သည်။
"ဝါး... အတွေ့အကြုံရှိတဲ့သူက အသိဆုံးပဲ"
“အဲ့ဒါကကော ဘယ်လောက် ပေးရလဲ"
ကျိုးကျန့်ခန်းကလည်း သူ၏ စကားလုံးများကို ကျမသွားစေရန် ခိုင်မာစွာ ဝင်မေးပြန်သည်။
"ယွမ် သန်း ၂၀၀ ကျော်ရုံတင်ပါ၊ အပိုငွေ အနည်းငယ်မို့လို့ ပြောနေဖို့တောင် မလိုပါဘူး"
ကျိုးထျန်းက လက်ဝှေ့ယမ်းပြရင်း လူတိုင်းအား တည်ငြိမ်ကြရန် အရိပ်အယောင် ပြသလိုက်သည်။
"ဟုတ်ပါတယ်... အစ်ကိုကြီးကျိုးက စီးပွားရေးလုပ်ငန်းရှင်ကြီးပဲ၊ သန်း ၂၀၀ ဆိုတာ ဘာမှမဟုတ်ပါဘူး"
သူတို့သည် ကျိုးထျန်း ပြောသည်ကို မယုံကြည်ကြသော်လည်း လျူချန်းက ထောက်ခံလိုက်သည်နှင့် တပြိုင်နက် အဒေါ်နှင့် ဝမ်းကွဲအမတို့သည် ချက်ချင်း ယုံကြည်သွားကြပြီး ဆေးများကို စတင် သောက်သုံးကြတော့သည်။
ထိုအချိန်တွင် လျူချန်းက အကြံတစ်ခု ရရှိသွားပြီး ချက်ချင်း ပြောလိုက်သည်။
"အစ်ကိုကြီးကျိုး... ကျွန်တော်တို့ အခုပဲ အကို့မိဘတွေကို အိမ်အသစ် လိုက်ပြပေးရင် ဘယ်လိုလဲ၊ အားလုံး တူတူသွားကြတာပေါ့၊ ပိုပြီးတော့ စည်စည်ကားကား ရှိတာပေါ့"
ဖြန်း ဖြန်း ဖြန်း ဖြန်း...
ကျိုးထျန်းက သူတို့၏ မျက်နှာကို တိုက်ရိုက် ရိုက်နှက်လိုက်သကဲ့သို့ပင်။
ဤလူက တကယ့် အရည်အချင်းရှိသူ ဖြစ်ပေသည်။
ထိုသူမှာ သူ့ဘက်မှ ရပ်တည်ပေးရုံတင်မကဘဲ တက်တက်ကြွကြွ ကူညီပေးနေသည်သည်လော။
တော်တော်လေး ကောင်းမွန်လှသည်။
"ကောင်းပြီလေ... အဲ့ဒါဆိုရင် အတူတူ သွားကြည့်ကြတာပေါ့၊ ဒါပေမဲ့ အဒေါ်နဲ့ ဝမ်းကွဲအမတို့ကတော့ ကျွန်တော်တို့ကို လှောင်မရယ်ပါနဲ့နော်၊ ကျွန်တော်တို့ မိသားစုက အရမ်းဆင်းရဲတာမို့လို့ပါ"
"ငါတို့ မလိုက်တော့ဘူး၊ အမေ့ရဲ့ ကျန်းမာရေးက မကောင်းလို့ နားဖို့ လိုတယ်"
ဝမ်းကွဲအမက ပျက်ယွင်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ဟူး... ဟူး..." အဒေါ်ဖြစ်သူက အပေါက်ကြီးကြီး ပါနေသော လေမှုတ်တံဟောင်းကြီးတစ်ခုကဲ့သို့ ပြင်းထန်စွာ အသက်ရှူနေရသည်။
ထိုလူနှစ်ဦးက အကွက်ထဲ မဝင်သည်ကို မြင်သောအခါ ကျိုးထျန်းက ၎င်းတို့ကို လွယ်လွယ်ကူကူဖြင့် လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။
‘မင်းတို့ တိုက်ခိုက်တုန်းက တိုက်ခိုက်ပြီး ငါ့အလှည့်ကျမှ ရှောင်တိမ်းနေတာလား။ ဒါက တရားမျှတမှု မရှိဘူးလေ’
"အာ... အဒေါ်က နေမကောင်းဘူးလား၊ သား အဒေါ်တို့ကို ဆေးရုံ လိုက်ပို့ပေးရမလား၊ သား အခုပဲ ဖန်တွမ်အသစ်တစ်စီး ဝယ်ထားတယ်၊ အဒေါ် စမ်းစီးကြည့်လို့ရတာပေါ့၊ အဒေါ်ပြောသလို သန်းနဲ့ချီတန်တဲ့ ကားကြီးစီးရတာက အရသာတစ်မျိုး ကွဲပြားတာပေါ့"
"မလိုပါဘူး... ငါတို့ဘာသာ တက္ကစီပဲ ငှားပြန်လိုက်မယ်၊ ဒုက္ခမရှာပါနဲ့တော့"
ထိုလူနှစ်ဦးက သွားကြိတ်လျက် ပြန်လည် ဖြေကြားလိုက်သည်။
ဝမ်းကွဲအမသည် ဤမောင်ဝမ်းကွဲအား မည်သို့မျှ အနိုင်မတိုက်နိုင်တော့ကြောင်း၊ သေချာပေါက် တစ်သက်လုံး အနိုင်မရနိုင်တော့ကြောင်းကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
သူမသည် ဤမျှ အစွမ်းထက်သော သခင်လေးတစ်ဦးနှင့် ချိတ်ဆက်မိခဲ့သော်လည်း ထိုသူကိုယ်တိုင်က ကျိုးထျန်း၏ ရှေ့တွင် ဦးညွှတ်ကာ ရိုကျိုးနေခဲ့ရာ သူမအနေဖြင့် တုံ့ပြန်ရန်ပင် အခွင့်အရေး မရှိခဲ့ချေ။
ငယ်စဉ်ကတည်းက သူမ၏ မိသားစုသည် ကျိုးထျန်း၏ မိသားစုအပေါ် သုံးကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးပြီး ယနေ့က တတိယအကြိမ် ဖြစ်သည်။
ထိုသုံးကြိမ်စလုံးမှာ ဤမောင်လေးကြောင့်သာ ဖြစ်သည်။
ပထမ နှစ်ကြိမ် ရှုံးနိမ့်ခဲ့စဉ်က သူမ ခံစားရသည်မှာ နာကျည်းမှု၊ ဒေါသနှင့် မနာလိုမှုများသာ ဖြစ်သည်။
ဘာကြောင့် သူမ၏ အဒေါ်နှင့် ဦးလေးဖြစ်သူတို့သည် သူမ၏ မိသားစုအပေါ် အမြဲ ယဉ်ကျေးသိမ်မွေ့စွာ ပြုမူပြီး ၎င်းတို့၏ သရော်စာများကို သည်းခံနေခဲ့ရပါသနည်း။
ယခုမူ ဤလူငယ်က စည်းကမ်းများကို ချိုးဖောက်ရန် ဝံ့ရဲနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့က အိမ်ကြီးအိမ်ကောင်းမှာ နေထိုင်ပြီး သူမကမူ ဤကဲ့သို့သော ဟောင်းနွမ်းပျက်စီးနေသော နေရာတွင် နေထိုင်ရပါသနည်း။
သူမ တကယ်ကို မကျေမနပ် ဖြစ်ရသည်။
မိခင်ဖြစ်သူက အမျိုးသမီးတစ်ဦးသည် ဘဝတွင် နှစ်ကြိမ် ပြန်လည်မွေးဖွားနိုင်ပြီး ကောင်းမွန်သော အမျိုးသားတစ်ဦးကို ရှာဖွေတွေ့ရှိခြင်းက ဒုတိယအကြိမ် မွေးဖွားခြင်းဖြစ်သည်ဟု အမြဲ ပြောခဲ့ဖူးသည်။
သူမသည် ထိုအတိုင်း အမြဲတမ်း ပြုမူခဲ့ပြီး ကောင်းမွန်စွာ ဆောင်ရွက်ခဲ့သော်လည်း အဘာကြောင့် ကျိုးထျန်း၏ မိသားစုထက် ဆိုးရွားသော ဘဝတွင် နေထိုင်နေရသေးသနည်း။
ဤအရာမှာ သူမ၏ ကာလရှည်ကြာ ယုံကြည်ချက်ဖြစ်ပြီး ကျိုးထျန်း၏ မိသားစုကို အမြဲတမ်း ပစ်မှတ်ထားခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။
‘ငါက နင်တို့ထက် ပိုမိုဆိုးရွားတဲ့ ဘဝမှာ ရောက်နေပြီဖြစ်ရာ စကားလေးတစ်ခွန်းလောက်တောင် အနိုင်မပြောရတော့ဘူးလား… ငါ ဘယ်လို ရှင်သန်ရမလဲ’
သို့သော် ယနေ့တွင်မူ သူမသည် မည်သည့် ဒေါသ သို့မဟုတ် ခုခံလိုစိတ်ကိုမျှ မွေးမြူနိုင်ခြင်း မရှိတော့ဘဲ ကံကြမ္မာကိုသာ အရှုံးပေးလိုက်ရတော့သည်။
ကွာခြားချက်က ကြီးမားလွန်းလှသည်၊ တကယ်ကို ကြီးမားလွန်းလှသည်။
သူမ အပြင်းအထန် မျက်နှာချိုသွေးခဲ့ရသော အမျိုးသားကပင် သူမအတွက် မည်သည့် အားကိုးရာမျှ မပေးနိုင်ခဲ့ရာ သူမအနေဖြင့် မည်သို့ ပြန်လည်တိုက်ခိုက်နိုင်ပါမည်နည်း။
သူမအနေဖြင့် ပိုမိုချမ်းသာပြီး အစွမ်းထက်သော လူတစ်ယောက်ကို ထပ်မံ ရှာဖွေရမည်လော။ သူမတွင် ထိုကဲ့သို့သော အရည်အချင်း တကယ် ရှိပါသလော။
‘ငါ လက်လျှော့လိုက်ပြီ။ ဒီကစားပွဲက ငါ့အတွက် အလွန် ကြမ်းတမ်းလွန်းလှပြီး အတွေ့အကြုံက ဆိုးရွားတယ်’
ဝမ်းကွဲအမ၏ မျက်နှာမှာ လုံးဝ စိတ်ဓာတ်ကျနေပုံ ပေါ်နေပြီး ကျိုးထျန်းသည် သူမ၏ မျက်နှာတွင် ဤကဲ့သို့သော အမူအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။