အခန်း ၃၀၆
Vol. 31 Ch. 306
🍋 Chapter 306
"စိတ်ကြည်နေတုန်းမို့လို့ တစ်ပုလင်း ဖောက်လိုက်ကြရအောင်၊ ဒီလို ဈေးကြီးတဲ့ ဝိုင်မျိုးကို တစ်ခါမှ မသောက်ဖူးဘူး"
လျိုမုယန်မှာ ဝိုင်နှင့် ပတ်သက်၍ ဘာမျှ နားမလည်သဖြင့် ငြိမ်နေလိုက်သည်။
သို့သော် ကျောက်ရှင်းမှာ ရုပ်ရှင်ရိုက်ကူးရန်အတွက် ဝိုင်မြည်းစမ်းခြင်းနှင့် အကဲဖြတ်ခြင်းတို့ကို အထူးလေ့လာထားဖူးသူ ဖြစ်သည်။
"နင်... နင်... နင်..."
"ဘာတွေ 'နင်' နေတာလဲ၊ ငါက ဝိုင်တိုက်တာကို ဘာလို့ စကားတွေ ထစ်နေတာလဲ"
အဒေါ်လီက ဝိုင်ကို ဖန်ပုလင်းထဲသို့ လောင်းထည့်လိုက်သည်။ သူမသည်လည်း ဤအရာကို လေ့လာထားဖူးသည်၊ အဆင့်မြင့် အိမ်မှုကိစ္စ သင်တန်းများတွင် ပါဝင်သောကြောင့် ဖြစ်သည်။
"ဒီ Romanée-Conti ဝိုင်တစ်ပုလင်း ဘယ်လောက်တန်သလဲဆိုတာ နင် သိလား!"
ကျောက်ရှင်းက မျက်လုံးအဝိုင်းသားဖြင့် မေးလိုက်သည်။
ကျိုးထျန်းက သူမအား ဤဝိုင်မျိုး တိုက်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ဖြစ်နေသည်။
ယခင်က သူမသည် ရင်းနှီးမြှုပ်နှံသူတစ်ဦး၏ ညစာစားပွဲတွင် တက်ရောက်ဖူးသည်။
ထိုသူဌေးမှာ အင်တာနက်လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး စာရွက်ပေါ်တွင် ပိုင်ဆိုင်မှုတန်ဖိုး ယွမ်သန်းပေါင်းတစ်ထောင်ကျော် ရှိသူဖြစ်သည်။
ထိုညက စားပွဲပေါ်တွင် Romanée-Conti ဝိုင်တစ်ပုလင်း ရှိသော်လည်း ၎င်းမှာ ဝိုင်အသစ်မျိုးသာ ဖြစ်သည်။
သို့သော် ထိုပုလင်းပင် ယွမ်သောင်းဂဏန်း တန်နေပြီ ဖြစ်သည်။
သူမကို အရေးပါသော ဧည့်သည်အဖြစ် သတ်မှတ်၍ တစ်ခွက်သာ တိုက်ခဲ့ပြီး ကျန်သူများမှာမူ သောက်ခွင့်ပင် မရခဲ့ပေ။
သို့သော် ကျိုးထျန်းမှာမူ ၁၉၉၀ ခုနှစ်ထုတ် ဝိုင်တစ်ပုလင်းကို ဘာမျှမတွေးဘဲ သာမန်အတိုင်း ဖောက်လိုက်ခြင်း ဖြစ်သည်။
"ငါ ဘယ်လောက်တန်လဲဆိုတာ သိတာပေါ့၊ ငါ့ဘာသာ ပိုက်ဆံပေးဝယ်ထားတာလေ၊ ဟုတ်ပြီလား"
"ဒီဝိုင်က သောက်လိုက်တိုင်း တစ်ပုလင်း လျော့သွားတာလေ၊ အရေးကြီးတဲ့ အချိန်ကျမှ ထုတ်သင့်တာ မဟုတ်ဘူးလား" ကျောက်ရှင်းက သူ့အတွက် နှမြောတသ ဖြစ်နေသည်။
"ဒါက အရေးကြီးတဲ့ အချိန် မဟုတ်ဘူးလား"
ကျိုးထျန်းက ပေါ့ပေါ့ဆန်ဆန်ပင် ပြောလိုက်သည်။
တကယ်တမ်းတွင်မူ အိမ်အောက်ထပ်တွင် ဝိုင်ဆယ်ပုလင်းကျော် ကျန်နေသေးသဖြင့် သောက်လိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ကျောက်ရှင်းကမူ အဓိပ္ပာယ် တစ်မျိုး ကောက်ယူသွားခဲ့သည်။
သူမသည် နှုတ်ခမ်းကို အသာဖိကိုက်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။
‘သူက ငါ့အတွက် ဝိုင်ဖောက်ပေးတာပဲ!’
ဤငမိုက်မမှာ အလွန်အကျွံ တွေးတောနေသည်။ သူမ၏ ပါးပြင်များမှာ အနည်းငယ် နီရဲလာပြီး ရင်ထဲတွင် ကြည်နူးမှုတစ်ခု ပေါ်ပေါက်လာသည်။
သူက ရိုးရိုးသားသားပင် ပြောလိုက်ခြင်းဖြစ်သော်လည်း သူ၏ ပေါ့ပေါ့ဆန်ဆန် စကားကြောင့် အလွယ်တကူ နားလည်မှု လွဲမှားသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျောက်ရှင်း၏ အံ့အားသင့်နေမှုကို မြင်လိုက်ရသောအခါ လျိုမုယန်က မေးလိုက်သည်။
"ကျိုးထျန်း... ဒီဝိုင် ဘယ်လောက်တန်လဲ"
"တော်ပါတော့၊ ဈေးသိရင် နင်တို့ သောက်နိုင်တော့မှာ မဟုတ်ဘူး၊ အရသာကိုပဲ အာရုံစိုက်၊ တခြားဟာတွေ အလွန်အကျွံ မတွေးနဲ့တော့"
အရာရာကို သိလွန်းခြင်းမှာ ပြဿနာတစ်ခုပင်၊ သူသည် ဈေးနှုန်းအကြောင်းကိုပင် စိတ်မဝင်စားချင်တော့ပေ။
ဘဝကို တကယ်တမ်း ခံစားဖို့ဆိုလျှင် ပိုက်ဆံအကြောင်းကို အမြဲတမ်း တွေးနေ၍ မရပါ၊
သို့မဟုတ်လျှင် ငွေမသုံးရဲဘဲ ကပ်စေးနှဲသူ တစ်ယောက် ဖြစ်သွားလိမ့်မည်။
မိနစ် ၃၀ ကြာအောင် ထားပြီးနောက် လူတိုင်း တစ်ခွက်စီ မြည်းစမ်းကြည့်ကြသည်။
အဒေါ်လီကိုပင် ကျိုးထျန်းက ဆွဲခေါ်၍ အတူသောက်ခိုင်းလိုက်သည်။
သူမမှာ အကြိမ်ကြိမ် ငြင်းဆန်သော်လည်း ကျိုးထျန်း၏ တိုက်တွန်းမှုကို မလွန်ဆန်နိုင်ခဲ့ပေ။
ကောင်းသော အရာများကို မျှဝေခံစားသင့်သည် မဟုတ်ပါလား။
"ဝါး!" ကျောက်ရှင်းက တစ်စက်မြည်းလိုက်ပြီးနောက် မျက်လုံးကိုမှိတ်ကာ အပြည့်အဝ ခံစားနေသည်။
လျိုမုယန်မှာ ဝိုင်နှင့် ပတ်သက်၍ အသိမများသော်လည်း ဤဝိုင်၏ ထူးခြားမှုကို ချက်ချင်း သတိပြုမိသည်။
"ဒီဝိုင်က အရသာအရမ်း ရှုပ်ထွေးတယ်၊ အရသာမျိုးစုံ ပေါင်းစပ်ထားသလို ခံစားရတယ်"
ကျိုးထျန်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။ ဈေးကြီးရခြင်းမှာ အကြောင်းရှိသည်။
သို့သော် တန်ဖိုးရှိမရှိမှာမူ တစ်ဦးချင်း၏ အမြင်သာ ဖြစ်သည်။ ဝိုင်ချစ်သူဆိုလျှင် တန်ဖိုးရှိသည်ဟုသာ ဆိုရပေမည်။
လျိုမုယန်က အနည်းငယ်သာ သောက်ပြီး ကျိုးထျန်းမှာလည်း အသင့်အတင့်သာ သောက်လိုက်သည်။
ကျောက်ရှင်းမှာမူ အရက်ခံနိုင်ရည် မြင့်သည်ဟု အမြဲတမ်း မှားယွင်း ယုံကြည်ထားသူ ဖြစ်ရာ အတော်လေး သောက်လိုက်မိသည်။
ကျိုးထျန်းက သူမအတွက် ဝိုင်ဖောက်ပေးသည်ဟု ပြောထားသဖြင့် ပို၍ပင် သောက်ချင်စိတ် ပေါ်လာခဲ့သည်။
သောက်ပြီးနောက် လူစုကွဲသွားကြသည်။
ဗီလာတွင် အခန်းများစွာ ရှိသော်လည်း လျိုမုယန်က ယခင်ကကဲ့သို့ အခန်းတူတွင် အိပ်ရန် မရွေးချယ်ခဲ့ပေ။
အဒေါ်လီက ကျောက်ရှင်းအတွက် ဒုတိယထပ်တွင် ကျိုးထျန်း၏ အခန်းနှင့် အရွယ်အစားတူ အခန်းကောင်းတစ်ခုကို ပြင်ဆင်ပေးထားသည်။
ကျိုးထျန်းက ညဉ့်နက်မှ အိပ်တတ်သူ ဖြစ်ရာ ရေကူးကန်တွင် ရေကူးရန် ဆုံးဖြတ်လိုက်သည်။
သူသည် တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို နှစ်သက်သူ ဖြစ်ပြီး လျိုမုယန်ကလည်း အိပ်ခန်းတံခါးကို သော့ခတ်ထားသဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
ရေထဲတွင် စိမ်နေရင်း သူသည် တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ပြန်လည် စဉ်းစားလိုက်သည်။
သူသည် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ကာ လေထဲတွင် နှစ်ကြိမ်၊ သုံးကြိမ်လောက် ညှပ်လိုက်သည်။
‘အင်း... ချမ်းသာတဲ့ မိသားစုက လူတွေဆိုတော့ စားသောက်တာလည်း ကောင်းတယ်၊ ဖွံ့ဖြိုးမှုကလည်း ပိုကောင်းသားပဲ’
သူသည် လကို ငေးကြည့်ရင်း လူ့ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များကို အလွန်အာရုံစိုက်ကာ တွေးတောနေသည်။
အလွန်အာရုံစိုက်နေသဖြင့် နောက်ကနေ လူတစ်ယောက် ရောက်လာသည်ကိုပင် သတိမထားမိလိုက်ပေ။
"ဟဲဟဲ... ဘာတွေ တွေးနေတာလဲ"
ကျောက်ရှင်းမှာ သိသိသာသာကို မူးနေပြီး သူ၏နောက်တွင် ထိုင်ချကာ ပခုံးကို ပုတ်လိုက်သည်။
"နင် အလုပ်မရှိရင် သွားနားတော့လေ၊ မျက်နှာက မျောက်ဖင်လို နီရဲနေပြီ၊ မသောက်နိုင်ရင် အဲလောက် မသောက်နဲ့လေ"
"မဟုတ်ဘူး... ဒီလောက် ဈေးကြီးတဲ့ ဝိုင်ကို လွှင့်ပစ်လို့ ဘယ်ရမလဲ၊ တစ်စက်ကို တစ်ထောင်တန်တယ်၊ ငါ တွက်ကြည့်နေတာ!" သူမက 'ငါ အရမ်းတော်တယ်' ဆိုသည့် ပုံစံဖြင့် ဂုဏ်ယူစွာ ပြောလိုက်သည်။
"တော်ပြီ... တုန်နေတာ ရပ်လိုက်တော့၊ ရေကူးကန်ထဲမှာ ပြန်အန်ရင် တစ်ကန်လုံး ဒုက္ခရောက်ကုန်မယ်"
ကျိုးထျန်းက ရွံသလို ဟန်ဆောင်ကာ သူမကို တွန်းထုတ်လိုက်သည်။
အဓိကမှာ ကျောက်ရှင်းက လည်ပင်းကွဲ အင်္ကျီအပါးလေး ဝတ်ထားသောကြောင့် ဖြစ်သည်။
သူက ရေထဲတွင် ရှိနေပြီး သူမက ကမ်းစပ်တွင် ရှိနေသဖြင့် သူမက ငုံ့ကြည့်ပြောသောအခါ ကျိုးထျန်းမှာ သူမ၏ အတွင်းခံကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"ငါ မအန်ပါဘူး! ဈေးကြီးတာကို၊ နှမြောဖို့ ကောင်းလိုက်တာ!"
"လှပတဲ့ မင်းသမီးလေးက အရက်သောက်ပြီးရင် ဘာလို့ အရက်သမား ဖြစ်သွားတာလဲ"
"နင် သောက်ချင်ရင် အိမ်အောက်ထပ် ဝိုင်စင်မှာ ၁၁ ပုလင်း ကျန်သေးတယ်၊ လိုချင်ရင် သွားယူလိုက်"
သူက ဂရုမစိုက်ပေ၊ သူကိုယ်တိုင်လည်း ဝိုင်သောက်လေ့ သိပ်မရှိ၍ ဖြစ်သည်။ သူမ နှစ်သက်လျှင် ယူသွားနိုင်ပါသည်။
"တကယ်လား?" ကျောက်ရှင်းက ခေါင်းကိုစောင်းကာ မေးလိုက်သည်။
"ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲ၊ နင်က ဒီကို အမြဲတမ်း လာစားနေကျပဲလေ၊ ငါ ကျင့်သားရနေပြီ"
ထိုစကားကို ကြားသောအခါ ကျောက်ရှင်းက ချက်ချင်းပင် လက်နှစ်ဖက်ကို ဆန့်တန်းကာ သူ့ကို ဖက်တွယ်လိုက်ပြီး သူမ၏ ခေါင်းကို သူ့မျက်နှာတွင် ပွတ်သပ်လိုက်သည်။
"နင် ငါ့အပေါ် အကောင်းဆုံးပဲ ဆိုတာ ငါသိတယ်၊ ဒီလို ခက်ခဲတဲ့အချိန်တွေမှာ ကူညီပေးတယ်၊ ညစာလည်း ကျွေးတယ်"
ကျိုးထျန်းက စိတ်ထဲတွင် 'လူမိုက်မလေး... ဒီနှစ်ခုက နှိုင်းယှဉ်လို့ရတာ မဟုတ်ဘူး၊ အတူတူ ထားပြောနေလိုက်တာ၊ စားတာနဲ့ ပိုက်ဆံရှာတာကို အတူတူပဲလို့ ထင်နေတာလား' ဟု တွေးလိုက်သည်။
"ငါ့ အဖေပြီးရင် နင်က ငါ့အပေါ် အကောင်းဆုံးပဲ!"
"အင်း... ဒါဆိုရင် ငါ့ကို 'အဖေ' လို့ ခေါ်လိုက်ပါလား" ကျိုးထျန်းက စနောက်လိုက်သည်။
သူမ၏ ရင်ဘတ်မှ နူးညံ့မှုကြောင့် ရရှိလာသော အနှိပ်ခံမှုကို ခံစားနေရသဖြင့် သူသည် ထွက်သွားရမှာကိုပင် နှမြောမိနေသည်။
"ဖတ်! နင် မူးနေတဲ့အချိန် ငါ့ကို အခွင့်အရေး ယူလို့ရမယ် မထင်နဲ့နော်!"
ကျောက်ရှင်းက ဒေါသထွက်ဟန်ဆောင်ကာ သူ့ကို ပို၍ တင်းကျပ်အောင် ဆွဲဖက်လိုက်သည်။
သို့သော် သူမ ဆွဲလေ၊ သူ၏ နောက်ကျောနှင့် သူမ၏ ရင်ဘတ်တို့ ပို၍ ထိကပ်လေ ဖြစ်သည်။
"ဒီဝိုင်က တကယ်ကောင်းတာပဲ! ငါက အရက်သမားပါဆို၊ အခုတော့ ခေါင်းတွေ မူးနေပြီ"
ကျောက်ရှင်းက သူမ၏ ဦးခေါင်းကို သူ၏ နားနားသို့ တိုးကပ်လိုက်ပြီး နွေးထွေးသော အသက်ရှူသံများက သူ့နားကို ထိတွေ့နေသည်။
"ငါ မူးနေတာမို့လို့ အရူးလို ပြောနေတာပါ၊ ဒီနေ့ ပြောခဲ့တာတွေကို မနက်ဖြန်ကျရင် ငါ မှတ်မိမှာ မဟုတ်ဘူး"
ကျောက်ရှင်းက သူမ မူးနေကြောင်း အကြိမ်ကြိမ် အလေးပေး ပြောနေသဖြင့် ကျိုးထျန်း တစ်စုံတစ်ခု မှားနေကြောင်း ခံစားလိုက်ရသည်။
ပုံမှန်ဆိုလျှင် သူမသည် အရက်ခံနိုင်ရည် မြင့်ကြောင်း အမြဲပြောလေ့ရှိပြီး အန်သည့်တိုင်အောင် မူးနေကြောင်း ဝန်ခံလေ့ မရှိသူ ဖြစ်သည်။
"နင် ဘာလုပ်ချင်တာလဲ"
ကျိုးထျန်းမှာ သူမက မူးယောင်ဆောင်ကာ သူ့ကို ရိုက်နှက်မည်ကိုလည်းကောင်း၊ နောက်တစ်နေ့ကျလျှင် မေ့သွားပြီဟု အကြောင်းပြကာ ငြင်းဆိုမည်ကိုလည်းကောင်း စိုးရိမ်မိသည်။
"ငါ နင့်ကို မေးခွန်းတစ်ခု မေးချင်လို့"
ခဏအကြာတွင် နွမ်းလျနေသော သူမ၏ အသံမှာ ရုတ်တရက် တင်းမာသွားသည်။
သူမ၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို ရိပ်မိလိုက်သဖြင့် ကျိုးထျန်းမှာလည်း ပေါ့ပေါ့တန်တန် စနောက်ခြင်းကို ရပ်တန့်လိုက်သည်။
"မေးလေ"
"ငါ မေးချင်တာက... လျိုမုယန်သာ မရှိဘူးဆိုရင် နင် ငါ့ကို စဉ်းစားပေးမလား"
သူမက ခပ်တိုးတိုးနှင့် ယုံကြည်မှု ကင်းမဲ့စွာ မေးလိုက်သည်။ ကျိုးထျန်းမှာ ခဏတာ အံ့အားသင့်သွားသည်။ သူမ ဘာကို ဆိုလိုသည်ကို သူ သိသည်။
တကယ်တမ်းတွင်လည်း ဟန်တျန်းတွင် ရှိစဉ်ကတည်းက တစ်ခုခု မှားယွင်းနေကြောင်း သူ ရိပ်မိနေခဲ့သည်။
အစပိုင်းတွင် သူ လွန်လွန်ကဲကဲ တွေးမိသည်ဟု ထင်ခဲ့သည်။
သို့သော် ယခု ကျောက်ရှင်းက ဤသို့ မေးလိုက်ခြင်းဖြင့် သူ တွေးခဲ့သည်မှာ မှန်ကန်ကြောင်း သက်သေပြနေသည်။
မွန်းလွဲပိုင်းတွင် သူက ကမ္ဘာလုံးဆိုင်ရာ အခြေအနေကို ထိန်းချုပ်လိုက်ချိန်၌(ရင်ဘတ်ကို ကိုင်တာကိုပြောတာ) သူမ ဘာကြောင့် ဒေါသ မထွက်ခဲ့သလဲ ဆိုသည်ကို ယခု နားလည်သွားသည်။
သူမ၏ အကြည့်များက ထူးဆန်းနေခဲ့ခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်လိမ့်သည်။
ထိပ်တန်း အလှမယ်တစ်ဦး၏ သတိထားခြင်းကို ခံရသည်မှာ ပျော်ရွှင်စရာ ကောင်းသည်မှာ အမှန်ပင်။
သို့သော် သူမ ပြောသလိုပင် သူ၏ဘေးတွင် လျိုမုယန် ရှိနှင့်နေပြီ ဖြစ်သည်။
ဘယ်လို ပြန်ဖြေရမှန်း မသိတော့ဘဲ ရေပြင်ကိုသာ ငေးကြည့်နေမိသည်။