အခန်း ၂၉၃
Vol. 30 Ch. 293
🍋 Chapter 293
ကျိုးထျန်း၏ ညွှန်ကြားချက်အတိုင်း ဆန်းတို့စ်သည် စကူရိုင်းမိသားစုမှ စေလွှတ်လိုက်သော ညှိနှိုင်းရေးအဖွဲ့ကို စတင်၍ အနှောင့်အယှက် ပေးတော့သည်။
နောက်တစ်ပတ်အတွင်း၌ စကူရိုင်းမိသားစုသည် ဒုတိယဥက္ကဋ္ဌတစ်ဦး၊ လုံခြုံရေးဝန်ထမ်း ၇၀၊ စာရင်းစစ်သုံးဦးနှင့် စာရင်းကိုင် ၁၂ ဦးတို့ကို ဟေးလုံကျန်း သို့ စေလွှတ်လိုက်သည်။
သူတို့ ရောက်ရှိပြီးနောက် ကမ်းဘဲလ်၏ ဓါတ်ခွဲခန်းသို့ တန်းသွားကာ ညှိနှိုင်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြသည်။
စကူရိုင်းမိသားစု၏ ဝယ်ယူလိုစိတ်မှာ ယခင်ကထက် များစွာ ပိုမိုပြင်းထန်နေကြောင်း ကမ်းဘဲလ် သိရှိလိုက်သဖြင့် ဝမ်းသာအားရ ကြိုဆိုလိုက်သည်။
ယခင်က စကူရိုင်းမိသားစု၏ ကမ်းလှမ်းချက်မှာ ဒေါ်လာ သန်း ၂၀၀ ဖြစ်ပြီး ၁၀ နှစ်အတွင်း အရစ်ကျ ပေးချေရန် ဖြစ်သည်။
ကမ်းဘဲလ်ကမူ ဤအခြေအနေကို လုံးဝ လက်မခံနိုင်ပေ။
သူသည် ငွေသားကို ချက်ချင်းလိုချင်ပြီး ထိုသို့ အန္တရာယ်များသော အစီအစဉ်မျိုးတွင် မပါဝင်လိုပေ။
ထို့ပြင် ဂျပန်လူမျိုးတို့၏ ပရိယာယ်ကို ကောင်းစွာ သိသဖြင့် သူတို့ကို များစွာ မယုံကြည်ပေ။
သို့သော်လည်း ၎င်းတို့၏ ပထမဆုံးကမ်းလှမ်းချက်မှာ သူ၏ အနိမ့်ဆုံး စျေးနှုန်းကို စမ်းသပ်ခြင်းသာ ဖြစ်ကြောင်း သူသိသည်။
ယခုမူ စကူရိုင်းမိသားစု၏ ပုံစံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ဒေါ်လာ သန်း ၁၀၀ ကို ငွေသားဖြင့် ချက်ချင်း ပေးချေမည်ဟု တိုက်ရိုက် ကမ်းလှမ်းလာသည်။
စျေးနှုန်းမှာ တစ်ဝက်လျော့သွားသော်လည်း ရိုးသားမှုရှိကြောင်း ထင်ရှားသည်။
ကမ်းဘဲလ်မှာ ဤသတင်းကို ကြားသောအခါ အလျင်စလို မလုပ်ဘဲ စျေးကို ပိုတင်ရန် ဆုံးဖြတ်လိုက်သည်။
လက်ရှိကမ်းလှမ်းချက်မှာ လက်ခံနိုင်လောက်သော်လည်း ညှိနှိုင်းရန် နေရာကျန်သေးသဖြင့် ကြိုးစားကြည့်ရဦးမည်။
ဤအခြေအနေတွင် စကူရိုင်းမိသားစုအပြင် ဒေသခံစစ်ဘုရင် (ဆန်းတို့စ်) ကလည်း အလွန်စိတ်ဝင်စားနေသည်။
ကမ်းဘဲလ်၏ နည်းလမ်းမှာ ရိုးရှင်းသည်။ နှစ်ဦးစလုံး လိုချင်နေသည်ဆိုလျှင် သူတို့ကို ပြိုင်ခိုင်းလိုက်ရန်သာဖြစ်သည်။
သို့သော် သူ၏ စိတ်ထဲတွင်မူ စကူရိုင်းမိသားစုသို့သာ ရောင်းချရန် ပိုမိုဆန္ဒရှိသည်။
ဒေသခံစစ်ဘုရင်၏ နယ်မြေမှာ မတည်ငြိမ်ဘဲ မည်သည့်အချိန်တွင် ပြိုလဲသွားမည်ကို မည်သူမျှ မသိနိုင်ပေ။
အာဏာရှင်များမှာ ခဏခဏ ပြောင်းလဲနေပြီး ငွေပေးချေရမည့်အချိန်တွင် အုပ်ချုပ်သူ အသစ်တစ်ယောက် ပေါ်လာလျှင် သူတို့မှာ အခက်တွေ့ရလိမ့်မည်။
ထို့ပြင် ဆန်းတို့စ်မှာ ဓါတ်ခွဲခန်းကို အမှန်တကယ် လိုချင်၍ ဝယ်ခြင်းမဟုတ်ဘဲ ကြားခံအနေဖြင့်သာ ဝယ်မည်ဖြစ်ကြောင်း ကမ်းဘဲလ် ကောင်းကောင်း သိသည်။
ကမ်းဘဲလ်တစ်ယောက် ဇာတ်လမ်းကို ထိုင်ကြည့်နေသည့်အချိန်တွင် ဆန်းတို့စ်က ရုတ်တရက် ဆက်သွယ်လာပြီး လူကိုယ်တိုင် တွေ့ဆုံရန် တောင်းဆိုလာသည်။
ယခင်က ဆန်းတို့စ်သည် သူ၏ လုံခြုံရေးအတွက် ကိုယ်စားလှယ်များသာ စေလွှတ်လေ့ရှိသည်။
အမေရိကန်လူမျိုးများ၏ လုပ်ကြံသတ်ဖြတ်တတ်သည့် စရိုက်ကို သူသိထားပြီးသား ဖြစ်သည်။
ယခုမူ ကျိုးထျန်းက ရိုးသားမှုပြသရန် လူကိုယ်တိုင်သွား၍ ညှိနှိုင်းရန် တိုက်တွန်းထားသဖြင့် သူ သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
နှစ်ဖက်စလုံးမှာ ဟိုတယ်တစ်ခုတွင် တွေ့ဆုံရန် ချိန်းဆိုလိုက်သည်။
ထိုဟိုတယ်မှာ စစ်ပွဲများအကြားတွင် ပျက်စီးမှုမရှိဘဲ ကျန်ရှိနေသည့် နေရာတစ်ခုဖြစ်သည်။
ကမ်းဘဲလ်မှာ နှုတ်ခမ်းမွေးပါးပါးနှင့် အလယ်အလတ်အရွယ် လူဖြူတစ်ဦးဖြစ်ပြီး အမြဲတစေ မီးပြတိုက်ကဲ့သို့သော အတုအယောင် အပြုံးမျိုးကို ဆောင်ထားတတ်သည်။
ဆန်းတို့စ်မှာမူ အရပ်ရှည်ပြီး ကိုယ်ခန္ဓာ တောင့်တင်းကာ အသားညိုသည်။ သူ၏ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုကို အမြဲ ဆောင်ထားသည်။
"ဗိုလ်ချုပ်ကမ်းဘဲလ်၊ တွေ့ရတာ ဝမ်းသာပါတယ်။ အရင်က မနှုတ်ဆက်နိုင်ခဲ့တဲ့အတွက် ခွင့်လွှတ်ပါဗျာ"
ဟု ဆန်းတို့စ်က လွယ်ကူပြေပြစ်သော အင်္ဂလိပ်စကားဖြင့် နှုတ်ဆက်သည်။
"မစ္စတာဆန်းတို့စ်၊ တွေ့ရတာ ဝမ်းသာပါတယ်။ ခင်ဗျားကတော့ အတော်လေး လျှို့ဝှက်တယ်ဗျာ"
သူတို့နှစ်ဦး အပြုံးဖြင့် နှုတ်ဆက်ပြီးနောက် ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။
သူတို့၏ နောက်တွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သားများ ရပ်နေသည်။
ဟိုတယ်၏ ထောင့်မျိုးစုံနှင့် လမ်းတစ်ဖက်ခြမ်းရှိ အဆောက်အအုံများတွင်လည်း နှစ်ဖက်စလုံး၏ ကင်းသမားများ ပုန်းကွယ်နေကြသည်။
တစ်ဖက်နှင့်တစ်ဖက် ရုတ်တရက် အလစ်ဝင်တိုက်ခိုက်မည်ကို ကြောက်ရွံ့နေကြခြင်းဖြစ်သည်။
"မစ္စတာဆန်းတို့စ်၊ ဒါက တရားဝင် အစည်းအဝေးပါ။ ဘာကို ဆွေးနွေးချင်တာလဲ"
ကမ်းဘဲလ်က စစ်သားတစ်ယောက်ပီပီ ပတ်ပတ်လည် မပြောဘဲ တိုက်ရိုက် မေးလိုက်သည်။
"မစ္စတာကမ်းဘဲလ်၊ ကျွန်တော် ဒီဓါတ်ခွဲခန်းကို စိတ်ဝင်စားတယ်ဆိုတာ ခင်ဗျား သိမှာပါ။" ဆန်းတို့စ်က စီးကရက်ကို မီးညှိလိုက်ပြီး ကမ်းဘဲလ်ကို တစ်လိပ် ပစ်ပေးလိုက်သည်။
ကမ်းဘဲလ်က ယူကြည့်လိုက်ပြီး ကျူးဘားစီးကရက် အစစ်ဖြစ်မှန်း သိသော်လည်း ပြုံး၍ ဘေးသို့ ချထားလိုက်သည်။
"ကျွန်တော် သိတာပေါ့။ ဒါပေမဲ့ ဒါက စီးပွားရေး လုပ်ငန်းတစ်ခုပါ။ ကျွန်တော်တို့ကတော့ အများဆုံး စျေးပေးနိုင်တဲ့သူကိုပဲ ရောင်းမှာပါ"
ကမ်းဘဲလ်၏ ရည်ရွယ်ချက်မှာ ရှင်းသည်။ သူသည် လာဘ်ယူ၍ ကုမ္ပဏီတစ်ခုခုသို့ အထူးသဖြင့် ရောင်းချမည် မဟုတ်ပေ။
ဆန်းတို့စ်မှာ ပိုမို ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟုတ်တာပေါ့။ ဒါက စီးပွားရေးပါ၊ ပြီးတော့ အကျိုးအမြတ် အရမ်းများတဲ့ စီးပွားရေးတစ်ခုပေါ့၊ မဟုတ်ဘူးလား"
ကမ်းဘဲလ်မှာ သူ၏ ပျော်ရွှင်နေပုံကို ကြည့်၍ အနည်းငယ် နားမလည် ဖြစ်သွားသည်။
"မစ္စတာဆန်းတို့စ်၊ ခင်ဗျားလည်း နားလည်ထားတာပဲ၊ အခု စျေးနှုန်းအသစ်တစ်ခုခု ပြင်ဆင်လာပြီလား။ ညှိနှိုင်းမှု စကြရအောင်လေ"
ဆန်းတို့စ်က ခေါင်းခါလိုက်ပြီး မီးခိုးငွေ့များကို ဖွာလိုက်သည်။
"မဟုတ်ဘူး ဗိုလ်ချုပ်၊ ကျွန်တော် စျေးနှုန်း ဘာမှ မပြင်ဆင်လာဘူး။"
"ဒါတင်မကဘူး၊ ဒီနေ့ ကျွန်တော် လာတာကလည်း စျေးနှုန်းအကြောင်း ဆွေးနွေးဖို့ မဟုတ်ဘူး"
ကမ်းဘဲလ် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
"ကျွန်တော့်အချိန်က တန်ဖိုးရှိတယ်။ စျေးအကြောင်း မဟုတ်ရင် လူတိုင်း အချိန်ကုန်ဖို့ မလိုဘူး"
သူ ပြောသော်လည်း ထ၍ မသွားသေးပေ။ စီးကရက်ကို ကောက်ကိုင်ကာ အနံ့ခံနေသည်။
ဆန်းတို့စ်မှာ သူ၏တုံ့ပြန်မှုကို ကြည့်ပြီး ကျိုးထျန်းကို အလွန်ပင် လေးစားသွားသည်။
‘ဘော့စ်ပြောတဲ့အတိုင်းပဲ၊ ဒီကောင်က မလိုချင်ယောင် ဆောင်နေပေမဲ့ ငါ့ကို ဝယ်သူတစ်ယောက်အနေနဲ့ ဆုံးရှုံးသွားမှာကိုတော့ မလိုချင်ဘူး။ သူသာ တကယ် မကျေနပ်ရင် အခုလောက်ဆို ထွက်သွားလောက်ပြီ’
သူသည် ကျိုးထျန်း ပြောထားသည့်အတိုင်း ဖြစ်နေသဖြင့် ယုံကြည်မှု အပြည့်ရှိလာသည်။
သူသည် ခါးကို မတ်လိုက်ပြီး ကမ်းဘဲလ်နှင့် နီးကပ်အောင် ရွေ့ကာ ပြောလိုက်သည်။
"ဗိုလ်ချုပ်၊ ကျွန်တော် ခင်ဗျားနဲ့ တခြား အရောင်းအဝယ်တစ်ခုအကြောင်း ပြောချင်လို့ပါ။ အဲဒါကလည်း ဒီဓါတ်ခွဲခန်းနဲ့ပဲ ပတ်သက်ပါတယ်"
"အို?"
ကမ်းဘဲလ်မှာ နားမလည်နိုင် ဖြစ်သွားသည်။
သူ ဘာကို ဆိုလိုသည်ကို မသိသော်လည်း စိတ်ဝင်စားမှုမှာ ပိုမို တိုးပွားလာသည်။
"ပြောပါဦး၊ ဘာအရောင်းအဝယ်လဲ"
"ဟဲဟဲ ဗိုလ်ချုပ်၊ စကူရိုင်းမိသားစုက အခု ဒီဓါတ်ခွဲခန်းကို အလွန်စိတ်ဝင်စားနေတယ် မဟုတ်လား"
"ဟုတ်တယ်၊ သူတို့က စျေးနှုန်းတွေ ပြင်ဆင်လာပြီး တကယ်လည်း ရိုးသားကြတယ်"
ကမ်းဘဲလ်က စကူရိုင်းမိသားစုနှင့် ညှိနှိုင်းနေသည့် အချက်အလက်များကို ထုတ်ပြောလိုက်သည်။
"ဟုတ်ပါတယ် ဗိုလ်ချုပ်။ စကူရိုင်းမိသားစုက အရမ်းချမ်းသာတယ်၊ ကျွန်တော်နဲ့ မယှဉ်နိုင်လောက်အောင် ချမ်းသာတယ်ဆိုတာ ခင်ဗျားလည်း သိမှာပါ"
ဆန်းတို့စ်ကလည်း သူ့၏ စီးပွားရေးအင်အားမှာ သူတို့နှင့် မယှဉ်နိုင်ကြောင်း ဝန်ခံသည်။
"အဲဒီတော့ ခင်ဗျားက ဒီဝယ်ယူမှုကို လက်လျှော့တော့မလို့လား"
ကမ်းဘဲလ် စိုးရိမ်စွာ မျက်မှောင်ကြုတ်သည်။
ဆန်းတို့စ်သာ ဆုတ်ခွာသွားလျှင် စျေးနှုန်းကို မြှင့်တင်ရန် သူ၏ ရည်ရွယ်ချက် ပျက်စီးသွားလိမ့်မည်။
"ဟားဟားဟား၊ ကျွန်တော် လက်မလျှော့ပါဘူး။ ဒါပေမဲ့ သူတို့က အရမ်းသန်မာနေတာ။ ကျွန်တော့်မှာ စကူရိုင်းမိသားစုနဲ့ ယှဉ်နိုင်မယ့် အားသာချက် မရှိဘူး"
"ဒါပေမဲ့ ကျွန်တော့်ရည်ရွယ်ချက်က ငွေရှာဖို့ပါ။ ဓါတ်ခွဲခန်းကို မဝယ်နိုင်ရင် တခြားနည်းနဲ့ ငွေရှာရမှာပေါ့"
ကမ်းဘဲလ်က ဘာမှ ပြန်မပြောဘဲ စဉ်းစားနေသည်။
"ဗိုလ်ချုပ်၊ ကျွန်တော် ခင်ဗျားနဲ့ ပူးပေါင်းချင်ပါတယ်။ ဓါတ်ခွဲခန်းကို စကူရိုင်းမိသားစုဆီ စျေးကောင်းပေးပြီး ရောင်းဖို့ ကျွန်တော် ကူညီပေးပါမယ်"
"ဟင်?" ကမ်းဘဲလ်မှာ နားမလည်သော်လည်း စီးပွားရေး အခွင့်အလမ်းတစ်ခုကို မြင်လိုက်ရသလို ခံစားရသည်။
ဆန်းတို့စ်က လျှို့ဝှက်စွာ ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော် စကူရိုင်းမိသားစုနဲ့ စျေးပြိုင်မယ်။ အခုအခြေအနေကို ကြည့်ရင် သူတို့က ဓါတ်ခွဲခန်းကို တကယ် လိုချင်နေတာ၊ ဒါကြောင့် သူတို့ ဘတ်ဂျက်ကို တိုးပေးဖို့ သေချာပေါက် ဆန္ဒရှိမှာပဲ"
"ကျွန်တော်လုပ်မှာက သူတို့ တင်လိုက်တဲ့စျေးတိုင်းမှာ စျေးကို ထပ်တင်ပေးဖို့ပဲ။ အဲဒီအခါ လေလံပွဲမှာ ပြိုင်ဘက်နဲ့ တွေ့သလိုမျိုး သူတို့ စျေးကို ဆက်တိုက် တင်လာလိမ့်မယ်!"