အခန်း ၃၉၅
Vol. 40 Ch. 395
🍋 Chapter 395
ဟိုတယ်မန်နေဂျာ၏ ဖားပြားချော့မော့သော အမူအရာ၊ အလိုက်တသိ လိုက်ပါပို့ဆောင်ပေးမှုများနှင့်အတူ သူတို့နှစ်ဦးမှာ အပေါ်ဆုံးထပ်သို့ မြန်ဆန်စွာပင် ရောက်ရှိလာခဲ့ကြသည်။
"မစ္စတာကျိုး ဒါက လူကြီးမင်းရဲ့ အခန်းသော့ပါ၊ အထုပ်အပိုးတွေကို အခန်းထဲအထိ ကူညီသယ်ပေးရမလားရှင့်"
"မလိုပါဘူး ဒီမှာတင် ရပါပြီ၊ မင်းလည်း ပြန်ပြီး နားပါတော့၊ ကျေးဇူးပါပဲ"
"အို ရပါတယ်ရှင်၊ ဧည့်သည်တွေ စိတ်ကျေနပ်ဖို့က ကျွန်မတို့ရဲ့ တွန်းအားပါပဲ"
မန်နေဂျာက အနည်းငယ် ဦးညွှတ်အရိုအသေပေးပြီးနောက် လှည့်ထွက်သွားတော့သည်။
"ဟယ်ဝေရွှမ်းရဲ့ စကားက တကယ် အစွမ်းထက်တာပဲ၊ သူကတော့ ချက်ချင်းကို ဆရာကြီး ဖြစ်သွားတာပဲ"
ဘစ်ပ်
တံခါးကို ဖွင့်လိုက်ရာ ဤအခန်းကား ဟိုတယ်တစ်ခုလုံးတွင် အကောင်းဆုံး အခန်းဖြစ်ပေသည်။
စတုရန်းမီတာ ၁၀၀ နီးပါး ကျယ်ဝန်းရုံတင်မကဘဲ ဧည့်ခန်းရှိ ဝရန်တာမှန်ပြတင်းပေါက်ကြီးမှတစ်ဆင့် CCTV ရုံးချုပ်ကို အတိုင်းသား မြင်တွေ့နေရသည်။
သူ့အထုပ်အပိုးများကို အခန်းထဲသို့ တွန်းရွှေ့လိုက်ပြီးနောက် ပစ္စည်းများကို ဧည့်ခန်းထဲတွင် ခဏပုံထားလိုက်ကာ နောက်မှသာ နေရာချရန် စိတ်ကူးလိုက်သည်။
"ဟင် ဘယ်သူမှ မရှိပါလား"
သူ အိပ်ခန်းထဲသို့ လျှောက်ဝင်သွားသော်လည်း မုယန်ကို မတွေ့ရချေ။
"ဟင် တစ်ခုခုတော့ မှားနေပြီလား"
အိပ်ခန်းထဲတွင် သီးသန့် အဝတ်လဲခန်းနှင့် ရေချိုးခန်း ပါရှိရာ ယခုမူ အတွင်းဘက်မှ ရေကျသံကို ကြားနေရပြီ ဖြစ်သည်။
"သူမ ရေချိုးနေတာပဲ၊ ငါက သူ့ကို အံ့သြသွားအောင် လုပ်မလို့ပဲကို"
ကျိုးထျန်း ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး သူ့ကုတ်အင်္ကျီကို ချွတ်လိုက်သည်။
သူက မကြာခင်ကတင် အရက်တွေ အများကြီး သောက်ထားခဲ့သဖြင့် အလွန် ပူအိုက်နေခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်လည်း သူက မှာယူချုပ်လုပ်ထားသော ဝတ်စုံကို အထပ်ထပ် ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
အခန်းထဲတွင် အဲယားကွန်း ဖွင့်ထားသော်လည်း တော်တော်လေး ပူအိုက်လှရာ မကြာခင်မှာပင် သူ့ထံမှ ချွေးများ တရဟော ထွက်လာတော့သည်။
"အမှန်အတိုင်း ပြောရရင် ဒီလောက် ဈေးကြီးတဲ့ အခန်းကို ရေချိုးခန်း တစ်ခုတည်းပဲ ရှိတာ တကယ် ဖြုန်းတီးတာပဲ"
လေယာဉ်ပေါ်တွင် နာရီအနည်းငယ် ကြာမြင့်ခဲ့ပြီး သောက်စားပြီးနောက် သူလည်း ရေချိုးချင်စိတ် ပေါက်လာခဲ့သည်။
"ဟင်"
"ဟင်"
"ဟင်"
"ရေချိုးခန်းက တစ်ခုတည်း ရှိတာ"
"သူ့ကို အံ့သြသွားအောင် လုပ်မယ်"
အမေရေ
ကျိုးထျန်းက တကယ်ပင် မူးနေပြီး အနည်းငယ် ရီဝေနေကာ ပုံမှန်ထက်ပင် ပို၍ သတ္တိကောင်းနေတော့သည်။
"သေစမ်း ငါ ဒီနေ့တော့ သူရဲကောင်း လုပ်တော့မယ်"
"ချွတ်စမ်း"
နက်ကတိုင် လွင့်စင်သွားသည်။
ဂျာကင်အင်္ကျီ လွင့်စင်သွားသည်။
ရှပ်အင်္ကျီ လွင့်စင်သွားသည်။
ခါးပတ် လွင့်စင်သွားသည်။
ဘောင်းဘီရှည် လွင့်စင်သွားသည်။
အတွင်းခံ
ရေချိုးမလို့ကို အတွင်းခံ ဝတ်ထားစရာ လိုလို့လား။
သွားစမ်း။
ကျိုးထျန်းတစ်ယောက် လုံးဝ ပေါ့ပါးလန်းဆန်းသွားပြီး စနစ်ကြောင့် အဆင့်မြှင့်တင်ထားသော သူ၏ ခန္ဓာကိုယ်ကို မှန်အပြည့်အစုံတွင် ကြည့်လိုက်သည်။
"လူငယ်လေး မင်း ကြည့်ရတာ တကယ်ကို တက်ကြွနေတာပဲ"
သူက အောက်သို့ ငုံ့ကြည့်လိုက်သည်။
"ဟေး မင်းလည်း တက်ကြွနေတာပဲ၊ မဆိုးဘူး၊ မဆိုးဘူး"
သွားကြစို့။
သူက ရေချိုးခန်းဆီသို့ ခပ်သွက်သွက် လှမ်းလျှောက်သွားလိုက်သည်။
သူက သက်ပြင်းတစ်ချက် အပြင်းအထန် ချလိုက်ပြီး သူ့အသက်ရှူနှုန်းကို ညှိလိုက်သည်။
ရင်တုန်လိုက်တာ၊ တကယ်ကို ရင်တုန်လှပေသည်။
သူက လူပျိုလေး ဖြစ်နေသေးရာ အခွင့်ကောင်းယူခံရတော့မည်ဟူသော အတွေးက သူ့ကို အလွန်အမင်း ဂနာမငြိမ် ဖြစ်စေသည်။
"ကျိုးထျန်း ကျိုးထျန်း၊ မင်း ဒီနေ့တော့ နောက်ဆုံးမှာ လူလားမြောက်ခဲ့ပြီပေါ့၊ ဂုဏ်ယူပါတယ်"
သူက တုန်တုန်ရင်ရင်ဖြင့် လက်ကို မြှောက်ကာ တံခါးလက်ကိုင်ကို ကိုင်လိုက်ပြီး အားဖြင့် လှည့်ကာ ရေချိုးခန်းတံခါးကို အနည်းငယ် ဟလိုက်သည်။
ရေကျသံက ပို၍ ကျယ်လောင်လာပြီး ရေနွေးငွေ့များက တံခါးအဟမှတစ်ဆင့် လွင့်ပျံထွက်လာခဲ့သည်။
"လူငယ်တစ်ယောက်က အချစ်ရေးမှာ အနည်းငယ် မရဲရင့်ရင် လူငယ်ဘဝကို ဖြုန်းတီးရာ ရောက်မှာပေါ့၊ သွားစို့"
သူက ရေချိုးကန်၊ မှန်တင်ခုံ၊ လက်ဆေးကန်တို့ကို ဖြတ်ကျော်ကာ ရေချိုးခန်း အကန့်အပြင်ဘက်တွင် မတ်တတ်ရပ်လိုက်သည်။
ဝါးထားသော မှန်ချပ်က ထူထပ်သော ရေနွေးငွေ့များနှင့် ပေါင်းစပ်နေသဖြင့် ကျိုးထျန်းအနေဖြင့် အတွင်းရှိ လူ၏ ဝေဝါးသော ပုံရိပ်လွှာကိုသာ မြင်တွေ့ရသည်။
ရေကျသံက သူ့ခြေသံများနှင့် တဒိန်းဒိန်း ခုန်နေသော နှလုံးခုန်သံကို ဖုံးကွယ်ပေးထားသည်။
ယခုမူ သူတို့ကြားတွင် မှန်ချပ်တစ်ခုသာ ခြားတော့သည်။
အရက်ရှိန်နှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် သူ့အရေပြားက အနည်းငယ် နီမြန်းနေပြီး မျက်နှာက ပို၍ပင် နီရဲနေတော့သည်။
သူက တံတွေးကို မျိုချလိုက်ပြီး စတီးလ်မှန်တံခါးလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
ဒုတ် ဒုတ် ဒုတ်
ကျိုးထျန်းသည် သူ့ဦးနှောက်ထဲသို့ သွေးလှိုင်းများ တရစပ် စီးဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။
၃၆.၇ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိသော သူ့သွေးများက ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းသွားပြီး နောက်ဆုံးတွင် အချက်တစ်ခု၌ စုဆုံသွားတော့သည်။
"အား"
သူက မှန်တံခါးကို အားဖြင့် ဝုန်းခနဲ တွန်းဖွင့်လိုက်သည်။
"အား"
"ကယ်ကြပါဦး ကျိုးထျန်း၊ ရှင် ဘာလို့ ဒီရောက်နေတာလဲ၊ မဟုတ်ဘူး၊ အား"
"နင် ဘာလုပ်နေတာလဲ"
"ထွက်သွားစမ်း"
"အား ဝါး ဝါး"
မိန်းကလေး၏ အော်ဟစ်သံက ရုတ်တရက် ရပ်တန့်သွားတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်
"နင် နင် နင် လာမှာကို ငါ့ကို ဘာလို့ ကြိုမပြောတာလဲ"
မုယန်သည် စောင်ဖြူကြီးထဲတွင် လုံးဝ နစ်မြုပ်နေပြီး သူမ၏ မျက်လုံးဝိုင်းကြီးများသာ ပေါ်နေတော့သည်။
သူမ၏ လက်များက စောင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး လက်ချောင်းလေးများက အနည်းငယ် တုန်ရင်နေသည်။
"ငါက မင်းကို အံ့သြသွားအောင် လုပ်မလို့ပါ"
ကျိုးထျန်းက မျက်နှာသုတ်ပဝါတစ်ထည်ကို ခြုံထားရင်း ကုတင်ပေါ်တွင် ဘေးစောင်းလှဲကာ စောင်ထဲတွင် တုန်ရင်နေသော သူမကို ကြည့်နေသည်။
"ဒါပေမဲ့ ငါ ရေချိုးနေတုန်း ဝင်လာလို့ မရဘူးလေ"
မုယန်က စကားကို ထစ်ထစ်ငေါ့ငေါ့ ပြောရှာပြီး မျက်နှာက ပို၍ပင် နီရဲလာတော့သည်။
အကယ်၍ သူမသာ အတင်းရုန်းကန်ပြီး အမြန်မပြေးခဲ့လျှင် ယခုအချိန်တွင် ဝါးမြိုခြင်း ခံလိုက်ရလောက်ပြီ ဖြစ်သည်။
"ဒါက အံ့သြစရာလေ"
"နင် ငါ့ကို အနိုင်ကျင့်တာပဲ"
"ငါ အနိုင်မကျင့်ပါဘူး၊ မင်းကို ဂျီးတွန်းပေးမလို့ပါ"
"သွားစမ်းပါ"
"ငါ မင်းရဲ့ ရင်ဘတ်မှာ မွေးရာပါ အမှတ်ရှိမှန်း ဒီနေ့မှပဲ သိတော့တယ်"
"ကျိုးထျန်း" မုယန်က အော်ဟစ်လိုက်ပြီး စောင်ထဲသို့ ခေါင်းမြှုပ်လိုက်တော့သည်။
"ဟဲဟဲဟဲဟဲ"
"ကဲပါ ညဉ့်နက်နေပြီ၊ အိပ်ကြစို့"
ဟု ပြောရင်း သူကလည်း စောင်ထဲသို့ တိုးဝင်လိုက်သည်။
"အား ထွက်သွား"
"ကုတင်က တစ်လုံးတည်း ရှိတာကို၊ ငါ ဆိုဖာပေါ်မှာ မအိပ်နိုင်ပါဘူး"
"အခြား အခန်းတစ်ခန်း သွားယူလေ"
"ငါ့မှာ ပိုက်ဆံမရှိဘူး"
မုယန် :
"ငါ ဖက်ရုံတင် ဖက်မှာပါ၊ ဘာမှ မလုပ်ပါဘူး"
"မဟုတ်ဘူး၊ ငါ နင့်ကို မယုံဘူး"
"မင်း ဒီလိုပြောတော့ ငါတောင် ကိုယ့်ကိုယ်ကိုယ် မယုံသလိုပဲ"
မုယန် :
သွားစမ်း။
စောင်ကို အားဖြင့် ဆွဲယူလိုက်ပြီးနောက် ကျိုးထျန်းသည် ကိုယ်ငွေ့များ ပြန်နေသော မုယန်ကို ဖက်ထားလိုက်တော့သည်။
နောက်တစ်နေ့ နံနက်တွင်။
"အား"
မုယန်သည် ခြေလှမ်းများကို မမှန်မကန် လှမ်းရင်း ရေချိုးခန်းဆီသို့ ယိုင်တိယိုင်တိုင် လျှောက်သွားသည်။
"ငါ ကူညီပေးမယ်လေ" ကျိုးထျန်းက ချက်ချင်း ထလိုက်သော်လည်း မုယန်၏ စူးရှသော စိုက်ကြည့်ခြင်းကိုသာ ခံလိုက်ရသည်။
"အတော်လေး ခေါင်းမာတာပဲ" ကျိုးထျန်း စောင်ကို ဆွဲဖယ်လိုက်သည်။
"မင်း တကယ် ပင်ပန်းသွားတာပဲ၊ ဒီလောက်အထိ အားစိုက်နိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"
"မင်း ခွန်အားပြန်ပြည့်အောင် က ကမာကောင် ကျွေးရမယ်"
မျက်နှာသစ်ပြီးသည့်တိုင် မုယန်၏ မျက်ဝန်းထဲတွင် စိတ်ဆိုးမာန်ဆိုး ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေဆဲပင်။
"ငါ ဒီနေ့ မွန်းလွဲပိုင်းမှာ ပြိုင်ပွဲဝင်မယ့် သူငယ်ချင်းတွေနဲ့အတူ ဈေးဝယ်ထွက်ဖို့ ချိန်းထားတာ၊ အခုတော့ ငါ ဘယ်လိုလုပ်ရပါ့မလဲ"
"မသွားဘဲ နေလိုက်ပါလား"
ကျိုးထျန်းက မပြတ်မသား မေးလိုက်သည်။
မုယန်က ထိတ်လန့်တကြား ဆုတ်လိုက်ပြီး
"ငါ ငါ ငါ အားမပြည့်သေးဘူး၊ ကျေးဇူးပြုပြီး ထပ်မလုပ်ပါနဲ့တော့"
"ကဲပါ နောက်မှ ငါ မင်းကို လိုက်ပို့ပေးမယ်၊ ဈေးဝယ်တာကို ရက်ရွှေ့လိုက်တော့”
“ငါနဲ့အတူ နေတာက ပိုမကောင်းဘူးလား"
"ဒါဆို ဒါဆိုရင် ဒီနေ့ညတော့ နင် ငါနဲ့ သီးသန့် အိပ်ရမယ်နော်၊ ငါ မနက်ဖြန်မနက် ရှိုးပွဲ သွားရိုက်ရမှာ၊ ကင်မရာရှေ့မှာ ခြေထောက် မသန်သလို ဖြစ်နေလို့ မဖြစ်ဘူး"
မုယန်၏ လေသံက ပို၍ တိုးညင်းသွားပြီး မျက်နှာက နီရဲလာသည်။
"ငါ သိပါတယ်၊ ဒီနေ့ည ကောင်းကောင်း နားလိုက်ပါ၊ မနက်ဖြန် ငါ စတူဒီယိုကို လာပြီး အားပေးမယ်"
"ကောင်းပြီ"
မုယန် ခေါင်းညိတ်လိုက်ပြီး သူ့ဘေးတွင် ထိုင်လိုက်သည်။
အစောပိုင်းက တားဆီးထားသည့် စည်းများ ပျက်ပြယ်သွားပြီးနောက် သူတို့၏ ဆက်ဆံရေးက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မုယန်က သူ့အပေါ် ပို၍ စိတ်ကြီးလာသော်လည်း အပြုအမူများက ပို၍ နူးညံ့လာကာ ယခုမူ သူ့ပုခုံးကိုပင် မှီထားတော့သည်။
သူတို့နှစ်ဦး အချစ်နယ်ကျွန်းတွင် နစ်မြောနေစဉ်မှာပင် အခန်းတံခါး ဘဲလ်တီးသံ ထွက်ပေါ်လာသည်။
"အော် မမရှင်း ဖြစ်ရမယ်၊ ငါ တောင် မေ့တော့မလို့"
မုယန်က မတ်တတ်ရပ်ကာ ခုန်ဆွခုန်ဆွဖြင့် ခြေလှမ်းအချို့ လှမ်းလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းကို ကိုက်ကာ ပြန်လှည့်လာသည်။
"ကျိုး ကျိုးထျန်း၊ နင် သွားဖွင့်ပေးလိုက်ပါဦး၊ ငါက ဒီလို ပုံစံ ဖြစ်နေတော့"
"ကောင်းပါပြီ ငါ သွားဖွင့်ပေးမယ်"
သူက သူမ၏ နဖူးကို နမ်းလိုက်ပြီးနောက် တံခါးဖွင့်ရန် ထလိုက်သည်။
"ဟင် နင် ဘာလို့ ဒီရောက်နေတာလဲ၊ မုယန်ကော"
ကျောက်ရှင်းသည် တံခါးပွင့်လာသောအခါ ကျိုးထျန်းကို မြင်သဖြင့် ဆွံ့အသွားသည်။
"ငါ ဒီမှာ ရှိတယ်၊ အရင် ဝင်လာခဲ့ပါ"
"အော် ဟုတ်သားပဲ၊ ငါ ရေချိုးခန်း ခဏ သုံးလို့ရမလား"
"အိပ်ခန်းမကြီးရဲ့ ညာဘက်မှာ ရှိတယ်၊ သွားလေ"
ကျောက်ရှင်းသည် ဘေ့စ်ဘောဦးထုပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ထားပြီး ဝင်လာရင်း မုယန်ကို လက်ပြလိုက်ကာ ရေချိုးခန်းဆီသို့ အပြေးအလွှား သွားတော့သည်။
သူမ အိပ်ခန်းမကြီးထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဆိုဖာပေါ်တွင် ထိုင်နေသော မုယန်သည် ရုတ်တရက် ကြက်သေ သေသွားသည်။
"ကျိုး ကျိုးထျန်း၊ ငါတို့ အခန်းကို မရှင်းရသေးဘူး"
ကျိုးထျန်းလည်း ဆွံ့အသွားသည်။ ရှုပ်ပွနေသည်များကို မရှင်းလင်းရသေးချေ။
သူ ချက်ချင်း လိုက်ဝင်သွားရာ ကျောက်ရှင်းက ကုတင်ရှေ့တွင် ကြောင်တောင်တောင် မတ်တတ်ရပ်ကာ သူမ၏ မေးစေ့ကို ပွတ်နေသည်ကို မြင်လိုက်ရသည်။
"ဟို ငါ ညက အိပ်နေရင်းနဲ့ လိပ်ခေါင်း ကွဲသွားတာလို့ ပြောရင် ယုံမလားဟင်"
ကျိုးထျန်းက သူ့ခေါင်းကို ကုတ်ရင်း မတတ်သာသော လေသံဖြင့် ပြောလိုက်တော့သည်။