← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

🍋 Chapter 145

လူတိုင်း ကြားဖူးကြသည့် စကားပုံတစ်ခု ရှိသည်။

" မိမိရှေ့တွင် တောင် ပြိုကျနေလျှင်ပင် တည်ငြိမ်နေပါ" ဟူ၍ပင်။

သို့သော် ဤအရာကို အမှန်တကယ် စွမ်းဆောင်နိုင်သူမှာ အလွန်ပင် နည်းပါးသည်။

လျိုထျန်းအန်သည် သူကိုယ်တိုင် ထိုသို့ စွမ်းဆောင်နိုင်သည်ဟု အမြဲ ယုံကြည်ခဲ့သည်။ သို့သော် ယခုမှသာ သူ မှားယွင်းနေကြောင်း သိလိုက်ရသည်။

မိသားစုဝင်တစ်ယောက်၏ သစ္စာဖောက်ခြင်းကို ခံရသည့် ခံစားချက်မှာ မခံမရပ်နိုင်စရာ ကောင်းလှသည်။ ဟွမ်ရှီမှာ လျိုထျန်းအန်အတွက် မိသားစုဝင်တစ်ယောက် ဖြစ်ခဲ့သည်။

ဟွမ်ရှီက ကုမ္ပဏီ၏ အကျိုးစီးပွားကို ဖျက်ဆီးပြီး သူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့်တိုင် လျိုထျန်းအန် ဒေါသ မထွက်ခဲ့ပေ။

ခွင့်လွှတ်ရန် ခက်ခဲသော်လည်း နှစ်ပေါင်းများစွာချည်နှောင်ထားသည့် ဆက်ဆံရေးကို သူ မကျော်လွှားနိုင်ခဲ့ဘဲ ဟွမ်ရှီ တစ်ဖန်ပြန်စနိုင်မည့် အခွင့်အရေးကိုသာ မျှော်လင့်နေခဲ့သည်။

သို့သော် ကျိုးထျန်း ပြောပြလိုက်သည့် နောက်ပိုင်းအချက် အလက်များက သူ၏ ခံနိုင်ရည်အားလုံးကို အပိုင်းပိုင်း အစအစ ဖြစ်သွားစေသည်။

ဟွမ်ရှီကို မိသားစုဝင်ဟု ဆက်လက် သတ်မှတ်ထားသော် လည်း ယခု လုပ်ရပ်မှာ လူတစ်ယောက်၏စည်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ခွင့်လွှတ်၍ မရနိုင်တော့သလို အလွန်ဒေါသထွက်မိသည်။

လျိုထျန်းအန်သည် ဒေါသဖြစ်ခြင်းကို မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ လူပျိုဘဝကတည်းက သူသည် တည်ငြိမ်မှုကို သင်ယူခဲ့သည်။

သို့သော် ယနေ့တွင်မူ သူ၏ ထိန်းချုပ်မှု အလွန်ကောင်းမွန်သော်လည်း ခံစားချက်များကို မဖိနှိပ်နိုင်တော့ပေ။

သူ့ ဇနီးမှာ ဆေးရုံ ခုတင်ပေါ်တွင် ရှိနေဆဲ ဖြစ်ပြီး အခုလေးတင်မှ သတိပြန်ရလာသည်။

ဤကိစ္စကြောင့် သူမသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအကြီး အကျယ် ရရှိခဲ့သည်။

သူ့ဇနီးမှာ မာန်မာန ကြီးသူဖြစ်ပြီး ရွှေ၊ ငွေ၊ ကျောက်မျက်၊ စိန်၊ ပယင်းများကို အထူးနှစ်သက်မှန်း သူ သိသည်။ သူမ၏ မာန်မာနကို သူ အနည်းငယ် မနှစ်မြို့သော်လည်း ဘာမှမပြောခဲ့ပေ။

ယခုမူ သူ့ဇနီးသည် တန်ဖိုးကြီး လက်ဝတ်ရတနာများကို မကြည့်ရက်တော့ပေ။ သူသည်ပင်လျှင် ဇနီးဖြစ်သူ စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်၍ နာရီဝတ်ပြီး ဆေးရုံ မသွားတော့ပေ။

သူ့လက်ထဲတွင် ငွေ ၅၀,၀၀၀ သာ ကျန်ရှိတော့ပြီး ၎င်းမှာ CEO တစ်ယောက်နှင့် မလိုက်ဖက်ပေ။

ရဲနှင့် ဆရာဝန်များက ဤလက်ဝတ်ရတနာများကို အလုခံရစဉ်က ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့်အတွက် ဦးနှောက်၏ ကာကွယ်ရေး ယန္တရားက အလိုအလျောက် ခုခံနေခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

၎င်းကို ဆေးဝါး သို့မဟုတ် ခွဲစိတ်ကုသ၍ မရနိုင်ဘဲ စိတ်ရော ဂါအထူးကုနှင့် ပြသပြီး တဖြည်းဖြည်းချင်း ကုသမှသာ ရမည်ဖြစ်သည်။

ကုမ္ပဏီကို ရောင်းစားလိုက်ခြင်းကို သူ အနည်းငယ် နားလည်ပေးနိုင်သည်။ ဘဝတွင် အမျိုးမျိုး ကြုံတွေ့ခဲ့ရပြီးဖြစ်ရာ မိမိအပေါ် ကျရောက်လာသည့် အခြေအနေကို အပြည့်အဝ လက်မခံနိုင်သော်လည်း ကိုယ့်ကိုကိုယ် ပြန်ဖြေသိမ့်နိုင်သေးသည်။

လူတိုင်းအမှား လုပ်မိတတ်ကြသည်၊ သူက ငယ်သေးသည်၊ ပြန်ပြင်နိုင်မည့် အခွင့်အရေး ရှိနိုင်သေးသည်ဟု တွေးမိသည်။

သို့သော် ယခုတစ်ခါမှာမူ ကွာခြားသည်။ သူ့ဇနီးမှာ သေလု နီးပါး ဖြစ်ခဲ့ရသည်။ သူမမှာ ဟွမ်ရှီက "ဆရာကတော်" ဟု နေ့တိုင်း ခေါ်ဝေါ်နေသည့်၊ ဟွမ်ရှီ ကြီးပြင်းလာပုံကို ကြည့်ရှုခဲ့သည့် အမျိုးသမီး ဖြစ်သည်။

ဥပဒေအရ ဟွမ်ရှီပြစ်မှုများမှာ ထောင်ဒဏ် တစ်သက်တစ် ကျွန်းနီးပါး ချမှတ်နိုင်သည့် အဆင့် ဖြစ်သည်။

ငါတို့က သူ့ကို မိသားစုဝင်လို ဆက်ဆံခဲ့ပေမဲ့ သူက...

လျိုထျန်းအန်သည် လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး တုန်ရီနေမှုကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

"မင်း ပြောတာ... အကုန်လုံး တကယ်လား?"

"သေချာလို့လား?"

ကျိုးထျန်းက ခေါင်းငုံ့ပြီး ခဏ စဉ်းစားပြီးနောက်

"ကျွန်တော် ၉၉ ရာခိုင်နှုန်း သေချာပါတယ်။ တကယ်တော့ ဒါ သူ ဖြစ်မယ်လို့ မယုံကြည်ချင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော် ရထားတဲ့ အချက်အလက်တွေအရ သူပဲ ဖြစ်နေပါတယ်" ဟု ပြောလိုက်သည်။

ဝေဖေးယွီနှင့် ဝမ်ရှောင်တို့သည် ကျိုးထျန်း၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့ပြီး အကုန်လုံးကိုဝန်ခံခဲ့သည်။ ထိုသူနှစ်ဦးက ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် ပြန်ပြောပြသည်။

သူတို့နှစ်ယောက်မှာ မသမာသူများ ဖြစ်ကြပြီး လုပ်ငန်းဗျူဟာမှာ လိမ်ညာခြင်းသာ ဖြစ်သည်။

ပါတနာများကို လိမ်၊ ဝန်ထမ်းများကို လိမ်၊ ပြိုင်ဘက်များကို လိမ်ရန်မှာ သူတို့ အနှစ်သက်ဆုံးဖြစ်သည်။

သူတို့သည် ဒါလုံထဲတွင် သူလျှိုများ စိုက်ထားပြီး ငွေအနည်း ငယ် ပေးလိုက်သည်နှင့် အတွင်းရေး သတင်းအချက်အလက်များအားလုံးကို ရရှိနေကြသည်။

ဒါလုံ၏ဂိမ်းကို ကူးချရန်မှာလည်း ထိုနည်းလမ်းအတိုင်းပင်။ သူတို့သည် ဟွမ်ရှီကို တိုက်ရိုက်မချဉ်းကပ်ခဲ့ဘဲ လျိုထျန်းအန်ကို အရင် ချဉ်းကပ်ခဲ့သည်။

ဟွမ်ရှီကို တိုက်ရိုက်သွားမပြောနိုင်သဖြင့် လျိုထျန်းအန်ကို အလုပ်ခေါ်ရန် အကြောင်းပြချက်ကောင်း ရှာခဲ့သည်။

စက်မှုလုပ်ငန်းတွင် အမြင့်ဆုံး လစာနှင့် ဘောနပ်စ်များကို ပေးကာ ဒါလုံထက် ၃၀ ရာခိုင်နှုန်း ပိုပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

သို့သော် လျိုထျန်းအန်မှာ သစ္စာရှိသူဖြစ်ပြီး သူ ထွက်သွားလျှင် ဒါလုံရှိ အစ်ကိုကြီးများမှာ ဘာဖြစ်သွားမလဲဟု စိုးရိမ်ခဲ့သည်။

ဝမ်ချောင်မှာ ကျိုးထျန်းကဲ့သို့ အားလုံးကို လက်ခံမည့်သူ မဟုတ်ပေ။ ထို့အပြင် ဝေဖေးယွီ၏စရိုက်ကို သူ ကောင်းကောင်း သိသည်။

ဖန်ယုံကျင်းမှာ ဤကမ်းလှမ်းမှုကို အမြဲ ပြောတတ်သည်။ သူမက သူတို့ကို ငြင်းပယ်နေတာ မာနကြီးတယ်ဟု အမြဲ ဆူပူတတ်သည်။

သို့တိုင် လျိုထျန်းအန် မလှုပ်ရှားခဲ့ပေ။ ဝမ်ချောင်နည်းပညာမှာ ထိုမျှက် ကောင်းမွန်လိမ့်မည်ဟု သူ မယုံကြည်ခဲ့ပေ။ အစီအစဉ် ပျက်သွားသဖြင့် ဝေဖေးယွီ ဒေါသထွက်ပြီး လျိုထျန်းအန်ကို အငြိုးထားခဲ့သည်။

ဟွမ်ရှီမှာ လျိုထျန်းအန်၏ အယုံကြည်ရဆုံး တပည့်ဖြစ်သည့်အတွက် ပတ်ဝန်းကျင်မှ အကြောင်းအရာအားလုံးကို သိသည်။

အမေရိကန် စတော့ခ်ဈေးကွက်တွင် အကုန်လုံး ဆုံးရှုံးလိုက်ရပြီးနောက် သူသည် အကွက်ချ စီစဉ်တော့သည်။ ဝေဖေးယွီနှင့် လျှို့ဝှက် ချိတ်ဆက်ပြီး သဘောတူညီမှု ရယူလိုက်သည်။

ဝေဖေးယွီက "ဒါလုံ" ဂိမ်း၏ မူလ ကုဒ်များနှင့် အချက်အ လက်များကို ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူခဲ့သည်။

ဟွမ်ရှီမှာ ဆာဗာ ပြုပြင်ရေး အချိန်ကို အသုံးချကာ အချက် အလက်များကို ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုဖြင့် ခိုးယူခဲ့ရာ အွန်လိုင်းတွင် ဘာမှတ်တမ်းမှ မကျန်ခဲ့ပေ။

၎င်းမှာ ဒါလုံမှ သဲလွန်စ မတွေ့ရခြင်းအားရှင်းသွားစေသည်။

ဝေဖေးယွီမှာ အလွန် ပျော်ရွှင်နေသည်။ ငွေနည်းနည်းလေးနဲ့ ဂိမ်းကို ကူးချလိုက်ရပြီး အနည်းဆုံး ရာဂဏန်းလောက် အမြတ်ပြန်ရမည့် အခြေအနေ ဖြစ်သည်။

ထို့အပြင် သူ ကူးချထားသော ဂိမ်းကို ထုတ်လိုက်သည်နှင့် ဒါလုံက လျိုထျန်းအန်ကို သံသယ ဝင်လာလိမ့်မည်။

သူ ငွေလည်း ရှာနိုင်၊ လျိုထျန်းအန်ကိုလည်း ဒုက္ခပေးနိုင်မည်။ မာနကြီးပြီး သူ့ကို လျစ်လျူရှုခဲ့သည့်အတွက် လျိုထျန်းအန် မည်မျှ ကြွားဝါနိုင်သေးသည်ကို ကြည့်ချင်နေသည်။

သို့သော် ဒေါ်လာ ၁ သန်း ရသော်လည်း ဟွမ်ရှီမှာ မလုံလောက်သေးပေ။ ထိုအချိန်တွင် ဝမ်ရှောင်က လျိုထျန်းအန်၏ ဇနီး ဖန်ယုံကျင်း WeChat မှာ နာရီအသစ်ကို ကြွားဝါထားသည်ကို တွေ့လိုက်ရသည်။

၎င်းမှာ ဝူချန်ချိုင်၏ဇနီး ပိုင်ဆိုင်သည့် နာရီနှင့် တူနေသည်။ သူမက ဒီနာရီကို အရင်ကတည်းက လိုချင်နေခဲ့ပြီး ထိုအမျိုး သမီးက သူမကို မရောင်းပေးခဲ့သဖြင့် ဒေါသထွက်နေခဲ့သူ ဖြစ်သည်။

အခုအခါ အခွင့်အရေးရပြီ ဖြစ်သည်!။

စဉ်းစားပြီးနောက် ဟွမ်ရှီကို ဆက်သွယ်ပြီး နာရီကို ရအောင်ယူပေးလျှင် ဒေါ်လာ ၆ သိန်း ထပ်ပေးမည်ဟု ပြောသည်။

ဤငွေမှာ သူ့ အကြွေးကျန်များကို ဆပ်ရန် လုံလောက်သဖြင့် သူ သဘောတူလိုက်သည်။ ထို့နောက် အခွင့်အရေး ရှာတော့ သည်။

လျိုထျန်းအန် ပါတီတစ်ခု တက်မည်ဟု သိသည်။ ဟွမ်ရှီမှာ ဆရာဖြစ်သူက ဇနီးကို ခေါ်သွားမည်ဟု သိသည်။

ထို့အပြင် မူရန်မှာလည်း ချန်ဒူးသို့ ခရီးထွက်သွားသဖြင့် အိမ်တွင် လူမရှိမှန်း သူ သိသည်။

ပါတီကို သွားရမည့်အစား အိမ်တွင် နားနေမည်ဟု အကြောင်းပြခဲ့သည်။ သန်းခေါင်ယံ အချိန်တွင် မိုးရွာတော့မည့် အရိပ်အယောင်ကို မြင်သဖြင့် ကိရိယာများကို ယူကာ အိမ်ထဲ ဝင်ရန်ပြင်ဆင်သည်။

မိုးသည်းထန်နေသော်လည်း သူ တိတ်ဆိတ်စွာဝင်သွားသည်။ သူတွင် အိမ်သော့ ရှိသည်။ လျိုထျန်းအန် သူ့ကို ပေးထားခြင်းဖြစ်သည်။

လျိုထျန်းအန် သူ့ကို ဒီလောက်အထိ ယုံကြည်ခဲ့သည်။ သော့ရှိလျက်နှင့် သူသည် ဝက်အူလှည့်နှင့် ဓားကို သုံးကာ သော့ခတ်ထားသည့် ပုံစံဖြင့် ဖျက်ဆီးပြီး မိမိကိုယ်ကိုယ် သံသယမှ ကင်းရှင်းအောင် လုပ်ခဲ့သည်။

အပြင်တွင် မိုးသည်းနေသဖြင့် သူ့ လှုပ်ရှားမှုမှာ အသံ မထွက်ခဲ့ဘဲ အိမ်နီးချင်းများ မသိလိုက်ပေ။

သူသည် အခြားအခန်းများကို ရှာဖွေပြီး အိမ်ကို ရှုပ်ပွနေအောင် ဖန်တီးကာ အိမ်ကို မသိသည့်သူ ဝင်လာသယောင် လုပ်ခဲ့သည်။

သူ သိထားသည်မှာ နာရီမှာ ဆရာ့အိပ်ခန်းထဲတွင် ရှိရမည် ဖြစ်ပြီး ၎င်းမှာ ဆရာကတော်၏နာရီဟု အားလုံးက ထင်နေကြသည်။

🍋 Chapter 146

ထိုအချိန်က သူမ၏ မိခင်သည် နာရီကို ယူသွားပြီးနောက် မူရန်မှာ ပြန်ယူရန် အခွင့်မသာသေးသည့်အတွက် ထိုနာရီမှာ လျိုထျန်းအန် အိပ်ခန်းထဲတွင် ရှိနေဆဲ ဖြစ်သည်။

သို့သော် ဟွမ်ရှီက ခဏမျှ စဉ်းစားပြီးနောက် မူရန် အိပ်ခန်းထဲသို့ ဝင်ကာ ရှာဖွေကြည့်ရာ မူရန်၏အံဆွဲထဲတွင် ကြွေဖြင့် ပြုလုပ်ထားသော နာရီနှစ်လုံးကို တွေ့ရှိသွားသည်။

စိန်စီထားသော နာရီမှာ တန်ဖိုးကြီးလှသည်။

ဟွမ်ရှီ တစ်ခဏ စဉ်းစားပြီးနောက် ထိုနာရီနှစ်လုံးကိုပါ ယူဆောင်သွားလိုက်သည်။ မဟုတ်ပါက သူခိုးဝင်သည်ဟု ထင်ရစေရန် တန်ဖိုးကြီးပစ္စည်းများကို ချန်ထားခဲ့ပါက ရဲတပ်ဖွဲ့၏ သံသယကို ဝင်စေနိုင်ပေသည်။

အရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူ အဓိက အိပ်ခန်းထဲသို့ ဝင်ရောက်သွားသည်။

မကောင်းမှုလုပ်ရန် လာခြင်း ဖြစ်သည့်အတွက် မီးကိုမဖွင့်ခဲ့ပေ။ ဖန်ယုံကျင်းမှာလည်း ဖျားနေသဖြင့် အအေးမိဆေး သောက်ကာ အိပ်ပျော်နေသည်။

တစ်ယောက်ကို တစ်ယောက် မသိကြပေ။ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း Cartier နာရီကို မတွေ့ရပေ။

အမှန်စင်စစ် ဖန်ယုံကျင်းမှာ ထိုနာရီကို ကုတင်ဘေးရှိ အံဆွဲထဲတွင် ထည့်ထားခြင်း ဖြစ်သည်။

သူမသည် ထိုနာရီကို အလွန်ကြိုက်နှစ်သက်သဖြင့် အနားတွင် ရှိနေစေချင်သည်။ ကုတင်ဘေးက အံဆွဲမှာ ဟွမ်ရှီ၏ နောက်ဆုံး ပစ်မှတ်ပင်။

အချိန်ကို ကြည့်လိုက်ပြီး ပြန်ရမည့်အချိန် ရောက်ပြီဟု ယူဆကာ ကုတင်ဘေးသို့ သွားလိုက်သည်။

အခန်းထဲတွင် မီးမှိန်မှိန်သာရှိပြီး ပြတင်းပေါက်ကို ကုလား ကာဖြင့် ပိတ်ထားသဖြင့် သူသည် မှတ်ဉာဏ်ဖြင့်သာ ရှာဖွေရသည်။

ကံကောင်းစွာဖြင့် အံဆွဲထဲတွင် နာရီကို တွေ့လိုက်ရသည်။ အချိန်အတော်ကြာ ရှာဖွေပြီးနောက် ရည်မှန်းချက်ကို တွေ့ရှိသွားသည့်အတွက် သူ စိတ်လှုပ်ရှားပြီး ဝင့်ကြွားသွားသည်။

အံဆွဲထဲမှ လက်ကို ထုတ်လိုက်စဉ် ကုတင်ဘေးရှိ ရေခွက်ကို တိုက်မိသွားသည်။

"ခွမ်း!"

ရေခွက်မှာ ကွဲအက်သွားပြီး ကျယ်လောင်သည့် အသံ ထွက်ပေါ်လာသည်။ ဖန်ယုံကျင်းမှာ ဆေးအရှိန်ကြောင့် မူးဝေနေသော်လည်း ထိုအသံကြောင့် နိုးလာပြီး ထိုင်လိုက်သည်။

ထိုအခါမှသာ ကုတင်ပေါ်တွင် လူတစ်ယောက် ရှိနေမှန်း သိလိုက်ရသည်။ အမှောင်ထဲတွင် အရိပ်တစ်ခုသာ မြင်ရသော်လည်း သူ့ဆရာ၏ ဇနီးမှန်း သူ သိလိုက်သည်။

ထိုအချိန်တွင် သူ၏ နဖူးမှ ချွေးများမှာ ရေတံခွန်ကဲ့သို့ စီးကျလာသည်။

သူ စိတ်ထဲတွင် "ပြီးပြီ၊ ငါတော့ မိပြီ" ဟု တွေးလိုက်သည်။ ဆရာကတော်မှာ သူ့ကို အလွန်ရင်းနှီးပြီး သူ့အကြောင်း အကုန်သိသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် သူ့ကို မှတ်မိသွားမည် ဖြစ်သည်။ မိသွားလျှင် အရာအားလုံး ပျက်စီးတော့မည်။

သူသည် လျိုမိသားစု၏ တန်ဖိုးကြီး ပစ္စည်းများကိုလည်း ယူထားသည်။ ဤခိုးမှုသာမက ဝမ်ချောင်က ဂိမ်းကို ကူးချလိုက်သည့် ကိစ္စပါ ပေါ်လာလျှင် ဆရာက သူ့ကို ပထမဆုံး သံသယ ဝင်လိမ့်မည်။

"ငါက ကံမကောင်းတာပါ၊ အမေရိကန် စတော့ခ်မှာ ပိုက်ဆံနည်းနည်းပါသွားတာပါ။ Ali က တစ်ညတည်းနဲ့ ဈေးတက်သွားမယ်လို့ ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ?"

"ဒီတစ်ခါ အကြွေးဆပ်ပြီး ဘယ်သူမှ မသိသွားရင် ငါ အဆင် ပြေသွားမှာပါ။ ငါ့မှာ အခွင့်အရေး ရှိပါသေးတယ်။ အချိန်သာ ရရင် ငါ ပိုက်ဆံ ပြန်ရှာနိုင်မှာပါ!"

"ငါ ဟွမ်ရှီ၊ တစ်သက်လုံး ဒီလို မန်နေဂျာသေးသေးလေး ဖြစ်မနေနိုင်ဘူး၊ ဆရာ့လက်အောက်မှာလည်း တစ်သက်လုံး လုပ်မနေနိုင်ဘူး!"

"ငါ ကိုယ်တိုင် ပိုက်ဆံရှာနိုင်တယ်၊ ချမ်းသာအောင် လုပ်နိုင်တယ်။ အခွင့်အရေးသာ ရရင် ငါ သေချာပေါက် လုပ်နိုင်မှာ!"

"ဆရာ၊ ဆရာက ငါ့ကို အမြဲကလေးလို ဆက်ဆံပြီး တည်ငြိမ်ဖို့ ပြောနေတာ။ ဒါပေမဲ့ ဒီလောကမှာ ငါ တည်ငြိမ်ဖို့ အခွင့်အ ရေးက ဘယ်မှာလဲ?"

"ငါ အသက် ၃၀ ကျော်နေပြီ။ ဆရာ့ အရွယ်ရောက်တဲ့အထိ စောင့်ပြီးမှ တဖြည်းဖြည်းချင်း တက်ရမှာလား?"

"ငါ မလိုချင်ဘူး။ ငါ ဒီလောက်ကြာအောင် မစောင့်နိုင်ဘူး"

"ငါ အမေရိကန် ဒေါ်လာ သိန်းချီ ရှာဖူးတယ်၊ ကံမကောင်းလို့ပါ"

"ဟုတ်တယ်၊ ကံမကောင်းလို့ပါ၊ အဲ့ဒါပါပဲ!"

ဟွမ်ရှီ တွေးလေ ဒေါသထွက်လေ ဖြစ်ပြီး ကြောက်ရွံ့မှုများမှာ ဒေါသအဖြစ် ပြောင်းလဲသွားသည်။

သူ့စွဲလမ်းမှုမှာ ဤအချိန်တွင် အမြင့်ဆုံးသို့ ရောက်သွားသည်။ မိသားစု၊ ဆရာ၊ ဆွေမျိုးများမှာ သူ့ငွေကြေးအပေါ် စွဲလမ်းမှုနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။

သူသည်သာ အရေးအကြီးဆုံးဖြစ်ပြီး သူ၏ အနာဂတ်မှာ အရေးအကြီးဆုံးဟု သူ ယုံကြည်သည်။

သူသည် ငယ်စဉ်ကတည်းက မိသားစုတွင် တစ်ဦးတည်းသော ယောက်ျားလေးဖြစ်ပြီး အားလုံးကအလိုလိုက်ထားသည်။

ငယ်စဉ်ကတည်းက အားလုံးက သူ့ကို ဝိုင်းချစ်ကြသည်။ လူ့အဖွဲ့အစည်းထဲ ဝင်လာသည့်အခါတွင်လည်း လျိုထျန်းအန်ကဲ့သို့ တက်ကြွသည့်သူနှင့် ချက်ချင်းတွေ့ဆုံခွင့် ရခဲ့သည်။

ဘဝမှာ အလွန် ချောမွေ့လွန်းပြီး အနည်းငယ်မျှသော အခက်အခဲကိုပင် မတွေ့ခဲ့ရပေ။ လောကကြီးမှာ သူ့အတွက်သာ ဖန်တီးထားသကဲ့သို့ ဖြစ်သည်။

စတော့ခ် အရောင်းအဝယ်တွင်လည်း ကျိုးထျန်း၏လုပ်ရပ်များနှင့် မတွေ့ခင်အထိ သူသည် ရှုံးနိမ့်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ဟွမ်ရှီ၏ကမ္ဘာအမြင်မှာ အလွန်မှားယွင်းနေ သည်။ လောကကြီးက သူတစ်ယောက်တည်းကိုသာ ပတ်ပတ်လည် လည်ပတ်နေသည်ဟု ယူဆသူမှာ ဘာမဆို လုပ်ရဲသည်။

ဒေါသများ တက်လာပြီး ဆိုးရွားသည့် အကြံများမှာ သူ့စိတ်ထဲတွင် အမြစ်တွယ်သွားသည်။

ကုတင်ပေါ်တွင် လှဲနေသည့် ဖန်ယုံကျင်းမှာ ဘာဖြစ်နေမှန်း သိလိုက်သည်။ သန်းခေါင်ယံမှာ အိမ်ထဲ ခိုးဝင်သူ ဝင်နေတာလား?

ပြတင်းပေါက်မှ လရောင်မှာ ဟွမ်ရှီ ယူလိုက်သည့် နာရီပေါ်သို့ ကျရောက်သွားသည်။

ကျောက်မျက်နှင့် စိန်များမှာ တောက်ပသွားပြီး သူမ၏ သမီး ယူလာသည့် နာရီ ဖြစ်မှန်း ဖန်ယုံကျင်း ချက်ချင်း သိလိုက်သည်။

"မင်း ဘယ်သူလဲ? မင်း ဘာလိုချင်တာလဲ?!"

ဖန်ယုံကျင်းက မူးဝေနေသော်လည်း မေးလိုက်ပြီး ကုတင်ဘေးမှ ဖုန်းကို ယူကာ ရဲခေါ်ရန် ပြင်ဆင်သည်။

ဟွမ်ရှီက သူမကိုခွင့်မပြုနိုင်ပေ။ သူသည် သွားကို တင်းတင်း စေ့ကာ ဝက်အူလှည့်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။

"ဒုန်း!"

သူ ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပဲ ဆယ်နှစ်ကျော် စောင့်ရှောက်ခဲ့သည့် ဆရာကတော်မှာ သူ့ရှေ့တွင် လဲကျသွားသည်။

ထိုအခါမှ သူ တုန်ရီလာသည်။ ဖုန်းကိုထုတ်ကာ အရေးပေါ်ဌာနကို ခေါ်ရန် ပြင်ဆင်သော်လည်းခေါ်ရန် ခလုတ်ကို နှိပ်ခါနီးတွင် ရပ်တန့်သွားသည်။

ခဏမျှ တုံ့ဆိုင်းပြီးနောက် ဖုန်းကို ပြန်သိမ်းကာ အခြေအနေကို ရှင်းလင်းပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့် အပြင်ဘက်သို့ ထွက်သွားတော့သည်။

သဘောတူထားသည့်အတိုင်း နာရီကို ဝမ်ရှောင်ဆီ ပေးလိုက်သည်။ ကျန်သည့် နာရီနှစ်လုံးကိုတော့ မိသွားမည်ကို စိုးရိမ်သဖြင့် မရောင်းရဲပေ။

သို့သော် ဝမ်ရှောင်မှ နာရီနှစ်လုံးအတွက် ဒေါ်လာ တစ်သိန်း ထပ်ပေးလိုက်သည်။ ဟွမ်ရှီက ထိုငွေကို အမေရိကန် စတော့ခ်တွင် ထပ်ရင်းနှီးသည်။

အနည်းငယ် အရောင်းအဝယ် လုပ်ပြီးနောက် ငွေများ တိုးပွားလာသဖြင့် သူ လုပ်ခဲ့သမျှ အရာအားလုံးမှာ မှန်ကန်သည်ဟု ပိုမိုယုံကြည်သွားသည်။

ဆေးရုံတွင် ရှိနေသည့် ဆရာနှင့် ဆရာကတော်အတွက် နောင်တရသော်လည်း သူ့ စိတ်ထဲတွင် ခဏတာသာ ဖြစ်သည်။

ထိုညများတွင် အိပ်ပျော်သွားပြီး အိပ်မက်ဆိုးများ မမက်ပေ။ သူ့အကြွေးများ အကုန်ဆပ်ပြီးသွားပြီ ဖြစ်သည်။

ကျိုးထျန်းမှ သူ့ကို မတွေ့ခင်အထိ သူ စိတ်အေးလက်အေး ရှိနေခဲ့သည်။ ကော်ဖီဆိုင်တွင် ထိုင်နေစဉ် လျိုထျန်းအန်နှင့် ကျိုးထျန်းတို့ တိတ်ဆိတ်နေသည်။

ကျိုးထျန်းမှာ လျိုထျန်းအန် စိတ်ကို ပြင်ဆင်ရန်စောင့်နေခြင်း ဖြစ်သည်။ တပည့်ဖြစ်သူ၏ သစ္စာဖောက်ခြင်းကို ခံရခြင်းမှာ ဆိုးရွားသည့် ခံစားချက် ဖြစ်သည်။

လူအများစုအတွက်ဆိုလျှင် ဘဝတစ်လျှောက်လုံး စိတ်ဒဏ် ရာ ရသွားနိုင်ပေသည်။ ဆယ်နှစ်ကျော် သားတစ်ယောက်ကဲ့သို့ စောင့်ရှောက်ခဲ့သူက ဤသို့ လုပ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဆယ်မိနစ်ကျော် ကြာပြီးနောက် သူသည် နားထင်ကို ပွတ်သပ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒါဆို... အခု မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ?"

အဆုံး၌ ဤနာရီများသည် ကျိုးထျန်း သူ့သမီးကိုပေးသည့် လက်ဆောင်ဖြစ်ပြီး စုံစမ်းသည့်သူမှာလည်း ကျိုးထျန်း ဖြစ်သည့်အတွက် လျိုထျန်းအန်က ကျိုးထျန်း၏ အကြံအစည်ကို သိလိုသည်။

"ကျွန်တော်သာ ရဲခေါ်ချင်ရင် ခင်ဗျားကို အရင် ပြောပြပြီး လျှို့ဝှက် မဆွေးနွေးပါဘူး။ ဒါကြောင့် ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာ ခင်ဗျားပဲ ဆုံးဖြတ်ပါ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားက ဒီကိစ္စရဲ့ သားကောင်ပဲလေ"

All Chapters