← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉) - အောင်သတင်းတွေ ပျံလွင့်လာတဲ့ ငါက ဘယ်သူလဲ

ဟေးဖုန်းစခန်းမှ နောက်ဆုံးကျန်ရှိသော နောက်လိုက်တစ်ဦးမှာ သေမင်းဂိုဏ်းမှ ဒဏ်ရာရ အဖွဲ့သားများ၏ လက်ချက်ဖြင့် အသက်ပျောက်သွားပြီး၊ ဤယာယီစစ်တလင်းပြင်မှာ နောက်ဆုံးတွင် တိတ်ဆိတ်ခြင်းသို့ ပြန်လည် ရောက်ရှိသွားသည်။

သေမင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်မာဇီသည် လီခွေကို ဓားဖြင့် ခုတ်သတ်ခဲ့သော်လည်း သူကိုယ်တိုင်လည်း ဒဏ်ရာရရှိခဲ့ရာ ရင်ဘတ်ဒဏ်ရာမှ သွေးများ မရပ်စတမ်း စီးကျနေဆဲပင်။

သူ၏ ခန္ဓာကိုယ်မှာ ယိုင်နဲ့နေပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲနေသည်။ သူ့နောက်တွင် ကျန်ရစ်သော အဖွဲ့ဝင်များမှာလည်း ဒဏ်ရာဗရပွဖြင့် အသက်ငင်နေကြသော ခုနစ်ဦး၊ ရှစ်ဦးခန့်သာ ရှိတော့သည်။

လူတိုင်း ဒဏ်ရာကိုယ်စီနှင့် လက်ထဲမှ လက်နက်များမှာလည်း သွေးများဖြင့် စိုရွှဲနေကာ ၊ သေဘေးမှ လွတ်မြောက်လာသော စိတ်လှုပ်ရှားမှုနှင့် မောပန်းနွမ်းနယ်မှုများက ၎င်းတို့၏ မျက်လုံးထဲတွင် ထင်ဟပ်နေသည်။

“ဂိုဏ်းချုပ်၊ ဟေးဖုန်းစခန်းက အမှိုက်တွေကို အပြတ်ရှင်းလိုက်ပါပြီ”

လက်တစ်ဖက် ပြတ်နေသော လူတစ်ယောက်က တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

ဝမ်မာဇီသည် ခက်ခဲစွာ အသက်ရှူနေရပြီး ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုကြောင့် သတိလစ်လုနီးပါးပင်။ သို့သော်လည်း သူ၏ရှေ့မှောက်တွင် တိုင်းတာ၍မရသော ကြွယ်ဝမှုကြီး ရှိနေသည်ကို သူသိသည် ။

ငွေအသပြာ (၁၀) သိန်းလေ ၊ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ငွေကို သူတစ်ခါမှ မမြင်ဖူးဘူး…

ခန္ဓာကိုယ်ကို အားတင်းကာ လေးလံသော ခြေလှမ်းများဖြင့် ငွေများ တင်ဆောင်ထားသော လှည်းများဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ ဆွဲဆောင်မှုရှိသော အလင်းရောင်များဖြင့် တောက်ပနေသည့် ငွေသေတ္တာကြီးများကိုသာ သူ မြင်ယောင်နေမိသည်။

ဝမ်မာဇီသည် ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို အတင်းဆွဲထူရင်း အနီးဆုံး ငွေလှည်းနှင့် သုံး ပေခန့်အကွာသို့ ရောက်ရှိလာချိန်မှာပင်။

“ကျွိ——”

တိတ်ဆိတ်နေသော ညဉ့်အမှောင်အတွင်း သစ်သားချင်း ပွတ်တိုက်သံ ရုတ်တရက် ထွက်ပေါ်လာပြီး နားထဲတွင် အလွန်စူးရှသွားသည်။

ဝမ်မာဇီ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တောင့်တင်းသွားသည်။ သူ၏ ခြေလှမ်းများမှာ အလိုအလျောက် ရပ်တန့်သွားပြီး အသံလားရာဘက်သို့ အမြန် လှည့်ကြည့်လိုက်သည်။

၎င်းမှာ ကျယ်ဝန်းသော မြင်းလှည်းတစ်စီး ဖြစ်သည်။ အစောပိုင်းက သူသည် ထိုလှည်းကို သာမန် ကုန်တင်လှည်းတစ်ခုအဖြစ် ထင်မှတ်ကာ အစောင့်များကိုပင် ဂရုမစိုက်ခဲ့ပေ။

သို့သော် ယခုအခါတွင်မူ ၊ မြင်းလှည်း၏ ခန်းဆီးကို လက်တစ်ဖက်က မ’တင် လိုက်သည်ကို မြင်လိုက်ရပြီး၊ ထို့နောက်တွင် ခေါင်းတစ်လုံး ပြူးထွက်လာ၏။

၎င်းမှာ အိမ်ရှေ့စံမင်းသား ရှောင်ရှန်း၏ ဦးခေါင်းပင် ဖြစ်သည်။

သူ၏ ဆံပင်များမှာ အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး မျက်နှာ အမူအရာမှာ စိတ်မရှည်ဟန်ဖြင့် ။ သူသည် အိပ်ချင်မူးတူးဖြင့် အလင်းရောင်ကို ကျင့်သားရအောင် ကြိုးစားနေသည့်အလား မျက်လုံးများကို ပွတ်သပ်နေသည်။

ထို့နောက် သူသည် သမ်းဝေလိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းများနှင့် ရှုပ်ပွနေသော မြင်ကွင်းများကို တစ်ချက်ကြည့်ကာ ထို့နောက် သွေးအလိမ်းလိမ်း ဖြစ်နေသော ဝမ်မာဇီထံသို့ အကြည့်ရောက်သွားသည်။ သူ၏ လေသံမှာ အနည်းငယ် ညည်းညူသံနှင့် အိပ်ငိုက်သံတို့ ပါဝင်နေသည်။

“ပြီးပြီလား နည်းနည်းလောက် ငြိမ်ငြိမ်နေလို့ မရဘူးလား လူကို အိပ်ခွင့်ပေးဦးမှာလား”

သူ၏ အသံမှာ မကျယ်လောင်လှဘဲ နှာသံဖြင့် ခပ်တိုးတိုး ပြောလိုက်သော်လည်း၊ တိတ်ဆိတ်နေသော ဤညအတွင်း၌ မိုးကြိုးပစ်လိုက်သည့်အလား ဝမ်မာဇီ၏ တင်းကြပ်နေသော အာရုံကြောများကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

ဝမ်မာဇီခမျာ မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာတစ်ခုလုံး သွေးမရှိတော့ဘဲ ပြာနှမ်းသွားသည်။ အိပ်ရာနိုးကာစ မျက်လုံးအစုံမှာ မီးပုံအလင်းရောင်ကို ရောင်ပြန်ဟပ်နေပြီး လူ၏ စိတ်နှလုံးကို ထိုးဖောက်မြင်နိုင်သည့်အလား နက်ရှိုင်းနေသည်။ သူ၏ ဦးနှောက်ထဲတွင် “ဝုန်း” ခနဲ မြည်သွားကာ ချက်ချင်းပင် ဗလာကျင်းသွားသည်။

“ပညာရှင်ပဲ …ဒါ လုံးဝကို ထိပ်တန်းပညာရှင်ပဲ”

ဝမ်မာဇီ ခမျာ စိတ်ထဲကနေ အော်ဟစ်နေမိသည်။

‘ ခုလို ပြင်းထန်တဲ့ တိုက်ပွဲကြားမှာ ဘယ်လိုလူကများ အေးအေးလူလူ အိပ်ပျော်နိုင်လဲ… ဒီလောက် သွေးစွန်းနေတဲ့ စစ်တလင်းပြင်မှာ “ဆူညံတယ်” ဆိုပြီး အေးအေးဆေးဆေး ညည်းညူနိုင်တဲ့လူက ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်မလဲ ‘

သူသည် လွန်ခဲ့သော ရက်အနည်းငယ်က လောကတွင် ပျံ့နှံ့နေသော ကြောက်မက်ဖွယ်ရာ ကောလာဟလတစ်ခုကို သတိရသွားသည်။

“ သာ့ရှားမင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသားအသစ်ဟာ ဝက်အရေခြုံထားတဲ့ ကျားတစ်ကောင်ဖြစ်ပြီး အနှိုင်းမဲ့ ပညာရှင်ကြီးတစ်ဦးတဲ့”

“ကြားပြီးကြပြီလား အိမ်ရှေ့စံမင်းသားက ပထမဆုံးနေ့ ညီလာခံမှာတင် အမတ်အိုကြီးတစ်ယောက်ကို ပါးတစ်ချက် ရိုက်ရုံနဲ့တင် သတ်ပစ်လိုက်တာတဲ့။ အဲဒီအမတ်ကလည်း သာမန်လူမဟုတ်ဘူး၊ စကားလုံးတွေနဲ့ တင် လူကိုသတ်နိုင်တဲ့ အမတ်ကြီးလေ”

“ဟုတ်တယ် အိမ်ရှေ့စံမင်းသားက အမြင်စူးရှပြီး လူ့စိတ်ကို ထိုးဖောက်မြင်နိုင်တာ၊ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒီအမတ်က သူလျှိုဆိုတာကို သိသွားပြီး ပါးတစ်ချက်တည်း ရိုက်ချလိုက်တာ လူတစ်ကိုယ်လုံး ပစ်လဲသွားရုံတင် မကဘူး၊ ဦးထုပ်ထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်စာတွေနဲ့ ငွေစက္ကူတွေပါ ထွက်လာတာတဲ့”

“အိုး… ဒီလောက်တောင် စွမ်းတာလား ပါးတစ်ချက်တည်း ချရုံနဲ့ သက်သေတွေကိုပါ ထွက်လာအောင် လုပ်နိုင်တာလား ၊ ဒါက ဒဏ္ဍာရီထဲက ‘တစ်ချက်တည်းနဲ့ ရန်သူကို နှိမ်နင်းခြင်း’၊ ‘ အမြင်စူးရှစွာနဲ့ သစ္စာဖောက်ကို ဖော်ထုတ်ခြင်း’ ဆိုတာလား”

“ဒါတင် ဘယ်ကမလဲ အချို့က ပြောတာတော့ အိမ်ရှေ့စံရဲ့ အဲဒီ ပါးရိုက်ချက်က ရိုးရိုးလေးထင်ရပေမဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေပြီး ‘ရုပ်ပိုင်းဆိုင်ရာနဲ့ စကားစစ်ထိုးခြင်း’ တဲ့”

ဤကောလာဟလများမှာ မူလကတည်းက ချဲ့ကားမှုများ ပါဝင်နေပြီး လူအများ၏ ပြောစကားများအောက်တွင် ပို၍ပင် ဆန်းကြယ်နေခဲ့သည်။

ဤမျှ ပြင်းထန်သော တိုက်ပွဲကြီးအတွင်း၊ ရှောင်ရှန်း တစ်ယောက် အေးဆေးစွာ အိပ်ပျော်နေနိုင်သည့်အပြင် ၊ “တိမ်လွှာများပေါ်တွင် လွင့်မျောနေသည့်အလား” အေးအေးဆေးဆေး ခေါင်းပြူးထွက်လာသည်ကို မြင်လိုက်ရသောကြောင့် ဝမ်မာဇီခမျာ ဤဆန်းကြယ်သော ကောလာဟလများသည် အမှန်ပင် ဖြစ်မည်ဟု ထင်မှတ်သွားလေ၏။

“တစ်ချက်တည်းနဲ့ ရန်သူကို နှိမ်နင်းခြင်း ၊ အမြင်စူးရှစွာဖြင့် သစ္စာဖောက်ကို ဖော်ထုတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စကားစစ်ထိုးခြင်း” စသော ဤစကားလုံးများမှာ သူ၏ ဦးနှောက်ထဲတွင် ဖြတ်ခနဲ့ ဝင်းလက်သွားသည်။

တွေးလေလေ ထိတ်လန့်လေလေ ဖြစ်လာပြီး တစ်ကိုယ်လုံး ချမ်းစိမ့်လာသည်။ သူ့ရှေ့မှ အိမ်ရှေ့စံသည် စစ်မှန်သော စွမ်းရည်များကို ဖုံးကွယ်ထားသည့် ထိပ်တန်းပညာရှင်ကြီး တစ်ဦး ဖြစ်နိုင်သည်။

‘ သူက ငါတို့ကို မတွေ့တာမဟုတ်ဘဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့တာပဲ ၊ ငါတို့လို လူဖျင်းတွေ အချင်းချင်း သတ်ဖြတ်နေတာကို ကြည့်ပြီး ငါတို့အားလုံး အားအင်ကုန်ခမ်းသွားတဲ့အခါမှ “ဇာတ်သိမ်းဖို့” ထွက်လာတာပဲ…’

သူသည် မြေပြင်ပေါ်တွင် မျက်လုံးပြူးလျက် သေဆုံးနေသော လီခွေကို တစ်ချက် ကြည့်လိုက်ပြီး၊ ထို့နောက် မိမိရင်ဘတ်မှ သွေးထွက်နေသော ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။ မိမိဘေးနားရှိ ဒဏ်ရာရနေသော နောက်လိုက် အနည်းငယ်ကိုလည်း ဝေ့ဝဲကြည့်ရှုလိုက်သည်။

အခန်း (၁၀ )

သွားပြီ အားလုံး သွားပြီ…

သူတို့က လုယက်ဖို့ လာတာမဟုတ်ဘဲ သေဖို့ လာခဲ့တာပဲ ၊ ဒီအိမ်ရှေ့စံမင်းသားက ငါတို့ကို ထောင်ချောက်ထဲ ဆွဲသွင်းလိုက်တာပဲ …

သူကိုယ့်သူ ပျင်းရိပြီး အရည်အချင်းမရှိဘူးလို့ တမင်တကာ သတင်းလွင့်ပြီး၊ အားလုံးကို လှည့်စားခဲ့တာပဲ…

ပြီးတော့ ကယ်ဆယ်ရေးငွေတွေကို ယူပြီး လိပ်သွားသလို နှေးနှေးကွေးကွေး သွားပြနေတာက ငါတို့လို မျက်စိမရှိတဲ့ ဓားပြတွေကို ဆွဲဆောင်ဖို့ပဲ…

သူပြောလိုက်တဲ့ “ပြီးပြီလား နည်းနည်းလောက် ငြိမ်ငြိမ်နေလို့ မရဘူးလား လူကို အိပ်ခွင့်ပေးဦးမှာလား” ဆိုတဲ့ စကားက ညည်းညူတာ မဟုတ်ဘဲ ပြတ်ပြတ်သားသား သတိပေးလိုက်တာပဲ..

ငါ ဝမ်မာဇီကို သတိပေးလိုက်တာ၊ မင်းတို့လို သူခိုးလေးတွေက ငါ့လက်ထဲမှာတော့ ကစားစရာပဲ၊ အခု မင်းတို့က ငါ့ငွေတွေကို ထိချင်သေးတာလား ဆိုတဲ့ အဓိပ္ပာယ်ပဲ..

ကြောက်ရွံ့မှုသည် အေးစက်သော ဒီရေအလား ဝမ်မာဇီကို ချက်ချင်း လွှမ်းမိုးသွားသည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှုများမှာလည်း အရေးမကြီးတော့ဘဲ စိတ်ထဲမှ ကြောက်ရွံ့မှုက ခန္ဓာကိုယ်၏ နာကျင်မှုကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

သူသည် ရှောင်ရှန်း၏ “နက်ရှိုင်းလှသော” မျက်လုံးများကိုပင် ထပ်မံ မကြည့်ရဲတော့ပေ။

“အခြေအနေမကောင်းဘူး လစ်ဟေ့”

ဝမ်မာဇီသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ၏ လေသံမှာ တစ်ခါမှ မရှိခဲ့ဖူးသော ကြောက်ရွံ့မှုနှင့် တုန်ယင်မှုများ ပါဝင်နေခဲ့သည်။

သူသည် ဘာမှမစဉ်းစားတော့ဘဲ ကျန်ရှိနေသော နောက်လိုက် ခုနစ်ဦး၊ ရှစ်ဦးကို ခေါ်ကာ တောနက်ထဲသို့ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးလေတော့သည်။

သူ၏ နောက်တွင် ကြောက်မက်ဖွယ်ရာ သားရဲကြီး တစ်ကောင် လိုက်နေသည့်အလား ထင်မှတ်ရသည်။ သူသည် လက်တစ်ကမ်းတွင် ရှိနေသော ငွေအသပြာ (၁၀) သိန်းကိုပင် တစ်ချက်မှ လှည့်မကြည့်ရဲတော့ပေ။

စခန်းအတွင်းရှိ အရှေ့နန်းဆောင်မှ အစောင့်အကြပ်များနှင့် အခွန်အရာရှိများမှာ ကြောင်တောင်တောင် ဖြစ်နေကြသည်။ စောစောကတင် ရက်ရက်စက်စက် သတ်ဖြတ်နေကြသော ဓားပြအုပ်စုကြီးမှာ အိမ်ရှေ့စံမင်းသား၏ စကားတစ်ခွန်း၊ သမ်းဝေမှု တစ်ချက်နှင့်တင် ထိတ်လန့်တကြား ထွက်ပြေးသွားသည်ကို အံ့အားသင့်စွာဖြင့် ကြောင်ကြည့်နေမိသည်။

“ဒါ… ဒါက…”

ရှောင်သယ့်ဇီမှာ ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။

“အရှင်… အရှင့်သားက စကားတစ်ခွန်းပဲ ပြောရသေးတယ် ကြောက်စရာကောင်းတဲ့ ဓားပြတွေက ထွက်ပြေးသွားတာလား”

လူငယ်အစောင့်တစ်ဦးက ကြည်ညိုလေးစားမှု အပြည့်ဖြင့် ရေရွတ်လိုက်သည်။

“တော်လိုက်တာ တကယ်ကို လူ့ပြည်ဆင်းလာတဲ့ နတ်ဘုရားပဲ”

“အိမ်ရှေ့စံမင်းသားက အရည်အချင်းတွေကို ဖုံးကွယ်ထားတာပဲ”

ကျောက်အရာရှိသည် နဖူးမှ ချွေးအေးများကို သုတ်ကာ အံ့ဩတကြီး ပြောလိုက်သည်။

“ဒါက ဘယ်မှာ အသုံးမကျတာလဲ ဒါက တကယ်ကို အကွက်စေ့စေ့ စီစဉ်ထားတာပဲ….ဓားပြအုပ်စု နှစ်ဖွဲ့ကို အချင်းချင်း သတ်ဖြတ်စေခဲ့တယ်.. မိမိဘက်က စစ်သည်တစ်ယောက်မှ အထိအခိုက်မရှိဘဲ ကယ်ဆယ်ရေးငွေတွေကို ကာကွယ်လိုက်ရုံတင်မကဘူး”

“ဒေသခံ ဒုစရိုက်သမားတွေကိုပါ နှိမ်နင်းလိုက်နိုင်တယ် ၊ တကယ်ကို ဉာဏ်အမျှော်အမြင် ကြီးမားပါပေတယ်”

သူသည် ရှောင်ရှန်း၏ မြင်းလှည်းကို တစ်ခါမှ မရှိဖူးသော ရိုသေလေးစားမှုဖြင့် ကြည့်နေမိသည်။

အစောင့်အကြပ်များနှင့် အရာရှိများမှာ ဤမယုံနိုင်စရာ မြင်ကွင်းကြောင့် ကြောင်တတ်တတ် ဖြစ်နေစဉ်မှာပင်၊ ဝေးလံသော နေရာမှ မီးတုတ်အလင်းရောင်များသည် တဖြည်းဖြည်း နီးကပ်လာသည်။

“မြန်မြန် ရှေ့မှာ လှုပ်ရှားမှုတွေ ရှိတယ်”

မကြာမီမှာပင် အနီးအနားရှိ ပြည်နယ်အရာရှိများနှင့် ဒေသခံ စစ်သည်များသည် သတင်းရရှိပြီးနောက် လိုက်လံ စစ်ဆေးရင်း ဤနေရာသို့ ရောက်ရှိလာကြသည်။

သူတို့သည် ရှုပ်ပွနေသော စခန်း၊ မြေပြင်အနှံ့ ပြန့်ကျဲနေသော ဓားပြအလောင်းများနှင့် ဘာမှမဖြစ်ဘဲ ကျန်ရှိနေသော ငွေလှည်းများကို မြင်လိုကိရသောကြောင့် အံ့အားသင့်သွားကြသည်။

ထို့နောက် မြင်းလှည်းရှေ့တွင် အိပ်ချင်မူးတူးဖြင့် ခေါင်းပြူးထွက်လာသော အိမ်ရှေ့စံမင်းသားနှင့် သူ့ဘေးတွင် ရိုသေလေးစားစွာ ရပ်နေသော အစောင့်အကြပ်များကို မြင်ပြီး ဒေသခံ အရာရှိများမှာ မည်သို့ ပေါ့ပေါ့တန်တန် ပြုမှုရဲတော့မည်နည်း။

ဦးဆောင်လာသော ဒေသခံအုပ်ချုပိရေးမှူးမှာ “ဝုန်း” ခနဲ ဒူးထောက်လိုက်သည်နှင့် သူ့နောက်မှ အရာရှိများနှင့် စစ်သည်များကလည်း တပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။

“ကျွန်တော်မျိုး အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်”

ဒေသခံအုပ်ချုပိရေးမှူးမှာ မျက်ရည်များပင် ဝဲတတ်လာပြီး ၊ စောစောက ဖြစ်သွားခဲ့သည့် ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီးတစ်ခုကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့်အလား စိတ်လှုပ်ရှားစွာဖြင့် ဟစ်အော်လိုက်သည်။

“အိမ်ရှေ့စံမင်းသားက ဉာဏ်ပညာရှိလှပါပေတယ် ၊ အမျှော်အမြင် ကြီးမားလှပါပေတယ်၊ ဘာအားစိုက်ထုတ်မှုမှ မရှိဘဲ ဓားပြအုပ်စုနှစ်ဖွဲ့ကို အချင်းချင်း သတ်ဖြတ်စေပြီး ပြည်သူ့အတွက် ဘေးရန်ကို နှိမ်နင်းကာ ကယ်ဆယ်ရေးငွေတွေကို ကာကွယ်နိုင်ခဲ့တယ်”

“ အရှင့်ရဲ့ ဒီလုပ်ရပ်က အတိုင်းအဆမရှိ ကြီးမားပြီး နတ်ဘုရားတွေတောင် ခန့်မှန်းလို့မရတဲ့ အောင်မြင်မှုကြီးပါပဲ ကျွန်တော်မျိုး တကယ်ကို အလေးအမြတ်ပြုပါတယ်”

“ အမ် ငါ… ငါက ဘာလုပ်လိုက်လို့လဲ”

ရှောင်ရှန်းသည် သူ့ရှေ့တွင် ဒူးထောက်နေသော အရာရှိများကို ကြည့်ကာ၊ သူတို့၏ တစ်ဦးထက်တစ်ဦး ပို၍ ချဲ့ကားလှသော ချီးကျူးစကားများကို နားထောင်ရင်း ကြောင်အမ်းနေသည်။

‘သူက တစ်ရေးလောက် အိပ်လိုက်ရုံပါ ၊ ဆူလို့ ညည်းညူလိုက်မိတာကို ဘယ်လိုလုပ်ပြီး “ပညာရှိပြီး အမျှော်အမြင် ကြီးမားသူ” ဖြစ်သွားရတာတုန်း ‘

‘ဘာအားစိုက်ထုတ်မှုမှ မရှိဘဲ ဓားပြတွေကို နှိမ်နင်းခဲ့သူ” လို့တောင် ပြောနေကြသေးတယ် ၊ ဒီလူတွေ မျက်စိများကန်းနေတာလား၊ ဒါမှမဟုတ် ရူးကုန်ကြတာလား’

‘ သူတကယ်ပဲ ဘာမှမလုပ်ခဲ့ဘူးလေ ၊ ဒီတိုင်း အေးအေးဆေးဆေး အိပ်ချင်ရုံတင်ပါ…’

ထိုညတွင် အောင်ပွဲသတင်းသည် မြို့တော်ထိ ပျံလွင့်သွားခဲ့သည်။

ပထမဆုံးတစ်စောင်မှာ ဒေသခံ အရာရှိများက အရေးပေါ် ပို့ဆောင်လိုက်ခြင်းဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ စကားလုံးများဖြင့် အိမ်ရှေ့စံမင်းသား၏ “နတ်ဘုရားကဲ့သို့

တီထွင်ကြံဆနိုင်မှု” ကို ချီးကျူးထားသည်။

ဒုတိယတစ်စောင်မှာ အခွန်အရာရှိ ကျောက်ကိုယ်တိုင် တစ်ညလုံး မအိပ်ဘဲ ရေးသားထားခြင်းဖြစ်သည်။ ဒေသခံ အရာရှိများလောက် မချဲ့ကားသော်လည်း အိမ်ရှေ့စံမင်းသား၏ “အခြေအနေကို တည်ငြိမ်စွာ ကိုင်တွယ်ပုံ၊ အေးဆေးစွာဖြင့် ဓားပြများကို ခြောက်လှန့် မောင်းထုတ်ပုံ” တို့ကို အသေးစိတ် ဖော်ပြထားသည်။

မြို့တော်ရှိ ဧကရာဇ် ရှောင်ယွမ်၊ မင်းသား(၃) ရှောင်ကျင်းနှင့် အမတ်အပေါင်းတို့သည် ဤသတင်းကို ကြားသိပါက မည်သို့ တုံ့ပြန်ကြလိမ့်မည်နည်း။

All Chapters