မြို့တော်ရဲ့ နံပါတ်တစ် ပျင်းရိသူ ရှောင်ရှန်း တစ်ယောက် မူးရစ်ပြီး အော်ဟစ်ရင်းက ဖခင်ဖြစ်သူ ဧကရာဇ်မင်းရဲ့ ' တိုင်းပြည်ကို အုပ်ချုပ်ရာမှာ ထူးချွန်ထက်မြက်တဲ့' အိမ်ရှေ့စံအဖြစ် အတင်းအကျပ် ခန့်အပ်ခံလိုက်ရပါတယ် ပျော်ပျော်ပါးပါး နေလိုတဲ့ သူ့ရဲ့ အိပ်မက်တွေ ပျက်စီးသွားခဲ့ပြီးနောက်မှာတော့ ရှောင်ရှန်းဟာ သူ့ရဲ့ အိမ်ရှေ့စံရာထူးကို ဖျက်ဆီးပြီး လွတ်လပ်မှုကို ပြန်လည်ရယူဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူ ဖျက်ဆီးဖို့ ကြိုးစားလေလေ၊ မမျှော်လင့်ဘဲ နန်းတွင်းအရှုပ်တော်ပုံ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး သစ္စာဖောက်အရာရှိတွေကို ဖယ်ရှားနိုင်လေလေ ၊ ပြည်သူတွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်လေလေ ဖြစ်ခဲ့ရပြီး မရည်ရွယ်ဘဲ ကျင့်ကြံလမ်းကြောင်းပေါ်ကို လျှောက်လှမ်းမိခဲ့ပါတယ် နန်းတွင်းအရာရှိတွေဟာ အစပိုင်းမှာ ဝမ်းနည်းကြေကွဲရာကနေ အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး နောက်ဆုံးမှာတော့ "wow!" ဆိုတဲ့ အသံတွေ ထွက်ပေါ်လာခဲ့ပါတယ် "အင်ပါယာကို ဖျက်သိမ်း" တဲ့ လုပ်ငန်းစဉ်မှာ ရှောင်ရှန်းတစ်ယောက် မမျှော်လင့်ဘဲ အမတဂိုဏ်းတွေနဲ့ နတ်ဆိုးတွေကြားက ထိတ်လန့်ဖွယ် ကောင်းတဲ့ စစ်တုရင်ကစားပွဲတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၊ သူ့ရဲ့ "အသုံးမဝင်တဲ့" ငါးဆားနယ် ခန္ဓာကိုယ်ဟာ ဒီအကျပ်အတည်းကို ဖြိုခွင်းနိုင်တဲ့ အဓိကသော့ချက် တစ်ခု ဖြစ်လာခဲ့ပြန်ပါတယ် အဆုံးမှာတော့ လစ်ပြေးဖို့ပဲ ကြံစည်နေတဲ့ အိမ်ရှေ့စံ တစ်ယောက် သူ့ရဲ့ ဖခမည်းတော် အပါအဝင် အင်အားစုအမျိုးမျိုးရဲ့ ထောင့်တစ်နေရာကို အတင်းအကျပ် တွန်းပို့ခံခဲ့ရပြီး "တိုင်းပြည်ရဲ့ကပ်ဘေး" ကနေ စစ်မှန်တဲ့ ကာကွယ်သူအဖြစ် ပြောင်းလဲခံလိုက်ရပါတယ် ဒါပေမဲ့ စစ်မြေပြင်မှာတော့ သူ့ရဲ့ လွတ်လပ်မှုအတွက် တောင့်တမှုက ဘယ်တော့မှ မပြောင်းလဲခဲ့ပါဘူး အဆုံးမှာ သူ့ရဲ့ အိမ်မက် ဖြစ်မြောက်သွားမလားဆိုတာကတော့ ...

