← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း(၁၆၅)

ဘုန်း!

ရှောင်ရှန်း၏ ဦးနှောက်ထဲတွင် မိုးခြိမ်းသံတစ်ခု ပေါက်ကွဲထွက်သွားသလိုပင်။ ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားပြီး သူ၏ မျက်နှာပေါ်ရှိ လေးနက်မှုမရှိသော အမူအရာမှာလည်း ချက်ချင်းပင် အေးခဲသွားသည်။ ပါးစပ်အနည်းငယ် ဟသွားသော်လည်း စကားလုံးတစ်လုံးမျှ ထွက်မလာခဲ့ပေ။

‘နဂါးသွေးကြော... အဲဒါ အိပ်မက် မဟုတ်ဘူးပေါ့’

" မင်းရဲ့ မူးယစ်ရမ်းကားတဲ့ စကားတွေပြောပြီးနောက်မှာ သူများတွေရဲ့ စကားကို နားမထောင်ဘဲ မင်းကို ထီးနန်းဆက်ခံသူ အိမ်ရှေ့စံမင်းသားအဖြစ် ဘာကြောင့် သတ်မှတ်ခဲ့တာလဲဆိုတာ မင်း သိလား”

ဧကရာဇ် ရှောင်ယွမ် ၏ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လွင်လာသည်။

"ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်အတွင်း အသန့်စင်ဆုံး၊ အရင်းခံအကျဆုံးဖြစ်တဲ့ နဂါးစောင့်ရှောက်သူမျိုးရိုးကို ငါ ခံစားမိလို့ပဲ ..အဲဒီစွမ်းအားဟာ ပုံမှန်ဆိုရင် မင်းရဲ့ ပျင်းရိမှုတွေအောက်မှာ ဖုံးကွယ်နေတတ်ပေမဲ့၊ တစ်ခါတစ်ရံမှာ နှိုးဆွလိုက်တာနဲ့ နဂါးသွေးကြောနဲ့ အနက်ရှိုင်းဆုံးသော ဆက်သွယ်မှုကို ဖြစ်ပေါ်စေနိုင်တယ်”

"မင်း ပြောနေကျ 'အိပ်စက်ခြင်း'၊ ‘ကျင့်ကြံခြင်း’ဆိုတာတွေဟာ ပျင်းရိနေတာ မဟုတ်ဘဲ နဂါးသွေးကြောနဲ့ မင်းရဲ့ မသိစိတ်က ဆက်နွယ်မှုပဲ ၊ ဒီနေ့ မင်းရဲ့ ဝိညာဉ်ခရီးစဉ်မှာ မြင်ခဲ့သမျှ အရာအားလုံးဟာ အမှန်တရားတွေပဲ"

သတင်းအချက်အလက်များမှာ များပြားလွန်းသဖြင့် ရှောင်ရှန်း၏ ဦးနှောက်လည်ပတ်မှုမှာ ရပ်တန့်သွားမတတ်ပင်။

သူသည် နန်းတွင်းအရှုပ်တော်ပုံဇာတ်လမ်းထဲတွင် နေထိုင်နေသည်ဟု ထင်မှတ်ထားပြီး၊ သူ၏ ရည်မှန်းချက်မှာ နောက်ဆုံးအချိန်ထိ အသက်ရှင်ကျန်ရစ်ပြီး ဝေစုများကိုယူ၍ ဇာတိမြေသို့ ပြန်ကာ အေးအေးဆေးဆေး နေထိုင်ရန်သာဖြစ်သည်။

အများဆုံးအနေဖြင့် ဤ "ကံကောင်းခြင်း" ဟူသော အထောက်အပံ့လေးသည် ဆန္ဒပြည့်ဝမည့် ဇာတ်လမ်းလေးတစ်ပုဒ်ကို ဖန်တီးနိုင်မည်ဟု ယူဆထားသည်။

သို့သော် ယခုအခါ ခမည်းတော်သည် သူ့အား ပြောပြနေသည်မှာ နန်းတွင်းဇာတ်လမ်းမဟုတ်ဘဲ၊ စိတ်ကူးယဉ် ကျင့်ကြံခြင်း ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေသည်။ ထို့အပြင် "ကယ်တင်ရှင်" ကဲ့သို့သော အန္တရာယ်ကြီးမားသည့် အလုပ်မျိုး ဖြစ်နေသည်။

သူ အမြဲတမ်း တောင့်တနေခဲ့သော လွတ်လပ်သည့် လူ့လောကကြီးမှာ ယခုကဲ့သို့ "နဂါးသွေးကြော"၊ "တိုင်းပြည် ကံကြမ္မာ" ဟူသော ဇာတ်လမ်းဆင်မှုများနှင့် နှိုင်းယှဉ်လျှင် ကလေးသူငယ်များ ကစားသည့် ကစားပွဲမျှသာ ဖြစ်နေသည်။

"နဂါးသွေးကြောဟာ အဆုံးသတ်ခံနီးနေပြီ”

ဧကရာဇ် ရှောင်ယွမ် ၏ အသံထဲတွင် ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှုများ လွှမ်းခြုံနေသည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက စတင်ယိုယွင်းလာခဲ့တာ အခုတော့ မိစ္ဆာကျင့်ကြံသူတွေနဲ့ နယ်မြေပြင်ပအင်အားစုတွေ ပူးပေါင်းပြီး 'ခုနှစ်ကြယ် ဝိညာဉ်ချုပ်နှောင်သံမှို'နဲ့ အစီအရင်လုပ်ကာ ငါတို့ရဲ့ သာရှတိုင်းပြည်ကို ဖြိုလှဲဖို့ နဂါးသွေးကြောရဲ့ စွမ်းအားကို ခိုးယူနေကြတယ်"

"မင်း အိပ်မက်ထဲမှာ မြင်ခဲ့တာတွေဟာ သူတို့ပဲ ၊ နဂါးသွေးကြောသာ ပျက်စီးသွားရင် သာရှတိုင်းပြည် ပျက်သုဉ်းသွားလိမ့်မယ်”

“ အဲဒီအချိန်ကြရင် တိုင်းပြည်တစ်ခုလုံး ပျက်စီးပြီး သက်ရှိအားလုံး ပျက်သုဉ်းကာ ပြည်သူသန်းပေါင်းများစွာဟာ သူတို့ရဲ့ ယဇ်ကောင်တွေ ဖြစ်သွားလိမ့်မယ်”

ရှောင်ရှန်း တစ်ယောက် တံတွေးများကို ခက်ခဲစွာ မျိုချလိုက်ရသည်။ သူသည် နာကျင်မှုကြောင့် ရုန်းကန်နေသော ရွှေရောင်နဂါးကြီးကို သတိရလိုက်မိသည်။

ထိုအနက်ရောင် လူရိပ်များက သံမှိုများကို ရိုက်သွင်းလိုက်တိုင်း နဂါးကြီးကိုယ်ပေါ်ရှိ အလင်းရောင်များသည် တဖြည်းဖြည်း မှေးမှိန်သွားသည်ကို ပြန်လည် မြင်ယောင်လာမိသည်။

အမှန်စင်စစ် ထိုအရာများသည် အိပ်မက်ထဲမှ စိတ်ကူးယဉ်ပုံရိပ်များမဟုတ်ဘဲ အမှန်တကယ် ဖြစ်ပျက်နေသည့် နာကျင်မှုများပင် ဖြစ်သည်။

"ရှန်းအာ ..."

ဧကရာဇ် ရှောင်ယွမ် ၏ အသံမှာ ရုတ်တရက် ပျော့ပျောင်းသွားသည်။ သူသည် ရှောင်ရှန်း၏ ပခုံးပေါ်တွင် လက်တင်လိုက်သည်။ ထိုလက်သည် အိုမင်းနေသော်လည်း အားမာန်အပြည့် ရှိသည်။

"ဒါဟာ မင်းရဲ့ ကံကြမ္မာပဲ ..ငါလည်း အိုမင်းနေပြီ၊ မင်းရဲ့ အစ်ကိုတွေကလည်း စွမ်းဆောင်နိုင်ရည် မရှိကြဘူး၊ မင်းတစ်ယောက်တည်းသာ ဒီတာဝန်ကို ထမ်းဆောင်နိုင်လိမ့်မယ်”

ရှောင်ရှန်း တိတ်ဆိတ်သွားသည်။

သူသည် ခေါင်းငုံ့ကာ ခြေထောက်အောက်ရှိ ရွှေရောင်ကြမ်းခင်းကို ကြည့်နေမိသည်။ သူသည် ထိုထူထဲသော ကျောက်ပြားများကို ဖောက်ထွင်းမြင်နေရသကဲ့သို့ နာကျင်မှုဒဏ်ကို ခံစားနေရသည့် နဂါးမင်းကြီးကို မြင်ယောင်နေမိသည်။

နန်းဆောင်ကြီးထဲတွင် လွန်စွာ တိတ်ဆိတ်ငြိမ်သက်နေ၏။

ဧကရာဇ် ရှောင်ယွမ်သည် သူ့ကို ကြည့်နေပြီး သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်လေးတစ်ခု ရှိနေခဲ့သည်။

သုံးစက္ကန့်အကြာတွင်။

ရှောင်ရှန်းသည် ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူ၏ မျက်ဝန်းတို့မှာ ကြည်လင်ပြတ်သားပြီး ခိုင်မာနေသည်။

"ကျွန်တော် ငြင်းဆိုပါရစေ"

စကားလုံးနှစ်လုံးမှာ ပြတ်သားလွန်းပြီး ယုံကြည်ချက်အပြည့်ရှိသည်။

ဧကရာဇ်ရှောင်ယွမ်၏ မျက်နှာပေါ်ရှိ မျှော်လင့်ချက်မှာ အေးခဲသွားသည်။

"လုပ်ချင်တဲ့သူ လုပ်ပါစေ၊ ကျွန်တော်တော့ လုံးဝမလုပ်နိုင်ဘူး”

ရှောင်ရှန်းသည် သူ့လည်ပင်းကို ဆန့်ထုတ်၍ သူ၏ "ပျင်းရိခြင်း” ဝါဒကို ပြန်လည် ထုတ်ဖော်ပြောဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ ရည်မှန်းချက်က စားလိုက်သောက်လိုက်နဲ့ ဘဝကို အေးအေးဆေးဆေး နေဖို့ပဲ ၊ ကမ္ဘာကြီးကို ကယ်တင်ရမယ့် ဒီလောက်အဆင့်မြင့်တဲ့ အလုပ်မျိုးကိုတော့ တခြားတော်တဲ့လူကိုသာ ခေါ်ခိုင်းလိုက်ပါတော့"

လေထုမှာ ရုတ်တရက် အေးခဲသွားပြီး အသုဘအခမ်းအနားကဲ့သို့ တိတ်ဆိတ်သွားသည်။

သို့သော် ရှောင်ရှန်း ထင်မှတ်မထားသည်မှာ ဧကရာဇ်မင်း ရှောင်ယွမ်သည် ဒေါသအမျက်မထွက်ခြင်းပင် ဖြစ်သည်။ သူသည် ရှောင်ရှန်းကို တိတ်ဆိတ်စွာဖြင့် ခဏတာ ကြည့်နေလိုက်သည်။

ထိုထက်မြက်သော အကြည့်များသည် တဖြည်းဖြည်း လျော့ပါးသွားပြီး၊ သူ၏ မျက်နှာပေါ်တွင် နက်နဲသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုအပြုံးသည် ရှောင်ရှန်းကို ကျောချမ်းသွားစေသည်။

"ငြင်းတယ် ဟုတ်လား"

ဧကရာဇ်မင်းမြတ်၏ အသံတွင် သရော်သံ အနည်းငယ် ပါဝင်နေ၏။

"မင်း ငြင်းနိုင်မယ်လို့ ထင်နေတာလား"

All Chapters