← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း(၁၇၇)

သူသည် သက်ပြင်း တစ်ချက်ချလိုက်သည်။ သူ၏ လေသံထဲတွင် နှလုံးသားထဲမှ လာသော မောပန်းနွမ်းနယ်မှုများနှင့် နာကျင်မှုများကို ထည့်သွင်း၍ ပြောဆိုလိုက်သည်။

"ကျွန်တော် တကယ်ပဲ လှဲအိပ်နေချင်တာပါ... ဒါပေမဲ့ လက်ရှိ အခြေအနေက ကျွန်တော် လှဲအိပ်ချင်ရင်တောင် တစ်ယောက်ယောက်က ကျွန်တော့်ကို အတင်းအကြပ် ဆွဲထုတ်ပြန်တယ်”

“ ကိုယ့်ဟာကို အိပ်မယ်လုပ်တိုင်း တစ်ယောက်ယောက်က ကျွန်တော့်ကို သေဘေးဆီ တွန်းပို့ပြန်တယ်... အစ်မ... မင်းပြောကြည့်စမ်း.. ကျွန်တော် ဘာများမှားနေတုန်း”

ဤကဲ့သို့ ရှားရှားပါးပါး ထွက်ပေါ်လာသော ရိုးသားသည့် စကားလုံးများသည် ရှောင်နီရှန်း ပြင်ဆင်ထားသော မေးခွန်းများကို သူမ၏ လည်ချောင်းထဲမှာတင် ဆို့နင့်သွားစေ၏။

သူမသည် ရှောင်ရှန်း၏ မျက်နှာပေါ်ရှိ "ဘဝကြီးကို စိတ်ကုန်နေသော" အမူအရာများကို ကြည့်ရင်း ၊ ဤသည်က ဟန်ဆောင်နေခြင်း မဟုတ်ဘဲ သူ၏ အရိုးထဲမှ လာသော ပင်ပန်းနွမ်းနယ်မှု ဖြစ်ကြောင်း သိလိုက်ရသဖြင့် သူမအနေဖြင့် ယုံကြည်မိသွားသည်။

အဘယ်ကြောင့်ဆိုသော် ထိုမှသာလျှင် "ရှောင်ရှန်း" အစစ်အမှန် ဖြစ်ပေသည်။ ဤမောင်လေးသည် ငယ်စဉ်ကတည်းက ယခုအချိန်အထိ တစ်ခုတည်းသော တောင့်တမှုမှာ ဘဝကို သက်တောင့်သက်သာဖြင့် အချိန်ဖြုန်းရန်ပင် ဖြစ်သည်။

ရှောင်နီရှန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ၊ အဆောင်ထဲရှိ လေထုမှာလည်း အနည်းငယ် ပြေလျော့သွားခဲ့သည်။

"အစ်ကိုတော်(၃)က မင်းကို သေစေချင်နေတာ... မင်း ဘယ်လိုလုပ်ဖို့ ပြင်ဆင်ထားလဲ..."

သူမသည် မေးခွန်းတစ်ခု ပြောင်းလဲမေးမြန်းလိုက်သည်။

"မသိဘူး..."

ရှောင်ရှန်းသည် ပခုံးတွန့်ကာ ပြောလိုက်သည်။

" ရင်ဆိုင်ရမယ့် အရာမှန်သမျှကို ကိုင်တွယ်ဖြေရှင်းမယ်... မရဘူးဆိုလည်း သက်တောင့်သက်သာရှိတဲ့ နေရာကို ရှာပြီး သေဘေးကို စောင့်ဆိုင်းရုံပဲ..."

"ငါ မင်းကို ကူညီနိုင်တယ်..."

ရှောင်နီရှန်းက ထိတ်လန့်စရာကောင်းသော စကားတစ်ခွန်းကို ပြောဆိုလိုက်၏။

ရှောင်ရှန်းသည် ရုတ်ချည်း ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ အိပ်ချင်စိတ်များသည် ဤအခိုက်အတန့်တွင် လုံးလုံးလျားလျား ပျောက်ကွယ်သွားကာ သူမကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်၏။

"မင်းက... ကူညီမယ် ဟုတ်လား... ဘာအခြေအနေ ရှိသေးလဲ..."

အကျိုးအမြတ်မရှိဘဲ အလုပ်မလုပ်တတ်သော ဤမင်းသမီးကြီးသည် စေတနာဖြင့် ကူညီလိမ့်မည်ဟု သူ မယုံကြည်ချေ။

"အလွန် ရိုးရှင်းပါတယ်..."

ရှောင်နီရှန်းသည် သူ၏ ကုတင်ဘေးရှိ ထိုင်ခုံငယ်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး စီးပွားရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို ဆွေးနွေးနေသကဲ့သို့ တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

"ငါ မင်းကို နန်းတွင်းရဲ့ အခြေအနေကို တည်ငြိမ်အောင် ကူညီပေးမယ်... ရှောင်ကျင်းနဲ့ သူ့ရဲ့ နောက်ကွယ်က လူတွေကို ရင်ဆိုင်ဖို့ ကူညီပေးမယ်…”

“ ကိစ္စပြီးမြောက်သွားတဲ့ အခါကျရင်... မင်းက အခု အိမ်ရှေ့စံမင်းသား ဖြစ်နေပြီဆိုတော့ နောင်တစ်ချိန် ထီးနန်းတတ်တဲ့အခါ မင်း ငါ့ကို ကိစ္စတစ်ခုကို ထောက်ခံပေးဖို့ပဲ လိုအပ်တယ်..."

"ထီးနန်းတတ်မယ် ဟုတ်လား”

ရှောင်ရှန်းသည် ရယ်စရာ‌အကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

"တော်ပြီ တော်ပြီ... ကျွန်တော့်မှာ ဒီလို စိတ်ကူးမျိုး လုံးဝမရှိဘူး... ဧကရာဇ် လုပ်ချင်တဲ့လူ သွားလုပ်ကြပါစေ... ကျွန်တော့်ကိုတော့ လုံးဝ လာမရှာနဲ့..."

"မင်းမှာ စိတ်ကူးမရှိလို့ပဲ ငါ မင်းကို လာရှာတာပေါ့..."

ရှောင်နီရှန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှစ်ဟသွားသည်။

"ငါ့ကို ကူညီပေးစေချင်တာက... ပင်လယ်ရေကြောင်း ပိတ်ဆို့မှုကို ပြန်လည် ဖွင့်လှစ်ဖို့၊ ပင်လယ်ရေကြောင်း စစ်တပ်တစ်ခု တည်ထောင်ဖို့နဲ့ ပြည်ပ တိုင်းပြည်တွေနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို တိုးချဲ့ဖို့ပဲ..."

ရှောင်ရှန်းတစ်ယောက် ကြောင်အမ်းသွားသည်။ ဤအစ်မတော်သည် ကုန်သွယ်ရေး ကိစ္စရပ်များကို အမြဲတမ်း စိတ်ဝင်စားကြောင်း သူ သိသော်လည်း ဤမျှလောက် ရည်မှန်းချက် ကြီးမားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

"ဒါက မင်းအတွက် ဘာအကျိုးကျေးဇူး ရှိလို့လဲ..."

ရှောင်ရှန်းက မေးမြန်းလိုက်သည်။

"သာရှမင်းဆက်အတွက် အကျိုးကျေးဇူး ရှိတယ်..."

ရှောင်နီရှန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"တိုင်းပြည် ဘဏ္ဍာ ပြည့်စုံမယ်... ပြည်သူတွေ ချမ်းသာကြွယ်ဝမယ်... စစ်တပ်က ပိုပြီးသန်မာလာမယ်... ဒီအကျိုးကျေးဇူးတွေက မလုံလောက်သေးဘူးလား..."

ရှောင်ရှန်းသည် သူမကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရပြီး ၊ ဤသည်က သူတစ်ခါမျှ မမြင်ဖူးသော "ရည်မှန်းချက်" ဟု ခေါ်သည့် အရာပင် ဖြစ်ပေသည်။ သူသည် ဤကဲ့သို့သော တိုင်းပြည်အရေးကိစ္စများကို နားမလည်သလို၊ နားလည်ရန်လည်း ပျင်းရိလွန်းသည်။ သူ၏ ဦးနှောက်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။

"ရတာပေါ့..."

သူသည် ပြတ်သားစွာ သဘောတူလိုက်သည်။

"အဲ့အချိန်ကျရင် ကျွန်တော့်ကို အမိန့်စာတွေ ဖတ်ခိုင်းတာမျိုး မလုပ်ရဘူး... ညီလာခံ တက်ခိုင်းတာမျိုး မလုပ်ရဘူး... ဘာအလုပ်မှ မခိုင်းဘူးဆိုရင်... မင်းအနေနဲ့ ပင်လယ်ရေကြောင်း ပိတ်ဆို့မှုကို ဖွင့်ချင်ဖွင့်... မြစ်ကြောင်း ပိတ်ဆို့မှုကို ဖွင့်ချင်ဖွင့်... မင်းသဘောပဲ..."

ရှောင်နီရှန်းမှာ သူ၏ အလုပ်ပတ်ရှောင်တတ်သည့် ပုံစံကြောင့် ဒေါသထွက်လွန်းသဖြင့် ကျယ်လောင်စွာ ရယ်မောမိလိုက်သည်။ သူမသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ၊ သူ၏ ဦးခေါင်းကို ဖွင့်ကာ အတွင်းထဲတွင် မည်သည့်အရာများ ရှိနေသည်ကို ကြည့်ချင်သည့် ဆန္ဒအား အတင်း ဖိနှိပ်လိုက်ရသည်။

သို့သော်လည်း ဤကဲ့သို့သော တုံ့ဆိုင်းခြင်းမရှိသည့် "ပျင်းရိမှု" ကြောင့်သာ သူမ၏စိတ်နှလုံးသားထဲတွင် လုံးလုံးလျားလျား စိတ်အေးသွားရခြင်း ဖြစ်သည်။

အာဏာအပေါ် မည်သည့် လောဘရမ္မက်မျှ မရှိသော ရုပ်သေးမဟာမိတ် တစ်ဦးသည် ကောင်းကင်ဘုံမှ ပေးသနားလိုက်သော လက်ဆောင်တစ်ခုပင် မဟုတ်လော။

" ကတိအတိုင်းပဲ..."

ရှောင်နီရှန်း ထရပ်လိုက်သည်။ သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုကြီးသည် အခြေခံအားဖြင့် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

သူမသည် တံခါးဝသို့ လျှောက်သွားပြီး တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ နောက်ပြန်လှည့်ကာ သူမ၏ ရိုးသားမှုကို အရင် ချပြလိုက်သည်။

"ဒါနဲ့... မင်းကို သတိပေးလိုက်ဦးမယ်…”

All Chapters