Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း(၁၂၀) အိမ်ရှေ့စံ၏ “နိုးထခြင်း” နှင့် ဧကရာဇ်၏ “အရေးပေးခြင်း”

သူ၏ အနီးကပ်မိန်းမစိုးလေး ရှောင်သယ့်ဇီသည် ကုတင်ဘေးသို့ မျက်နှာငယ်လေးဖြင့် ပြေးဝင်လာပြီး မျက်ရည်များ ကျလို့နေသည်။

“အရှင့်သား…… အရှင့်သား နောက်ဆုံးတော့ နိုးလာပြီ၊ ကျွန်တော်မျိုး အရှင့်သားကို နောက်ဘယ်တော့မှ မမြင်ရတော့ဘူးလို့ ထင်နေတာ……”

ရှောင်ရှန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး မေးမြန်းလိုကိသည်။

“ဘာလို့ ငိုချင်းချနေတာလဲ ငါ အကောင်းကြီး ရှိနေတာပဲ မဟုတ်လား ၊ ဒါက ဘယ်နေရာလဲ”

“ဒါက အရှင်မင်းကြီးရဲ့ အိပ်ဆောင်ဖြစ်တဲ့ ချန်ယွမ်နန်းဆောင်ပါ”

ရှောင်သယ့်ဇီသည် ရှိုက်ကြီးတငင် ငိုရင်း ဒဏ္ဍာရီတစ်ခုကို ပြောပြနေသည့်အလား ကြည်ညိုလေးစားသော လေသံဖြင့် ရှောင်ရှန်း သတိမေ့သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို အမြန်ပင် ပြောပြလေတော့သည်။

သူ၏ ပြောပြချက်အရ ယမန်နေ့ညက ပွဲတော်တွင် အိမ်ရှေ့စံမင်းသားသည် အကွက်စေ့စေ့ဖြင့် ရန်သူ၏ခြေလှမ်းကို ကြိုတင်သိမြင်ခဲ့သည်။

လုပ်ကြံသူ ထွက်ပေါ်လာသည့် ထိုအခိုက်အတန့်မှာပင် မိမိ၏ အသက်အန္တရာယ်ကို ပဓာနမထားဘဲ တောင်ကုန်းပေါ်မှ ဆင်းသက်လာသည့် ကျားသစ်တစ်ကောင်ပမာ လုပ်ကြံသူထံသို့ ရဲရဲဝံ့ဝံ့ ပြေးဝင်သွားခဲ့သည်။

သူ၏ အရှိန်အဟုန်သည် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှပြီး၊ ရဲမက်ပေါင်းများစွာ ရှိနေသည့်ကြားမှ မကောင်းကြံစည်နေသည့် ရှန်မိဖုရားကြီးကို တိတိကျကျ ဝင်တိုက်ကာ ကြံစည်မှုကြီး နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖော်ထုတ်နိုင်ခဲ့သည်။

နောက်ဆုံးတွင်မူ အိမ်ရှေ့စံမင်းသားသည် တိုင်းပြည်နှင့် လူမျိုးကို ကာကွယ်ရန် မိစ္ဆာအင်အားစုများနှင့် ယှဉ်ပြိုင်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်ကာ သတိမေ့မြောသွားရသည်။

ရှောင်သယ့်ဇီမှာ အားပါးတရ ရှင်းပြနေရှာသည်။

“အရှင့်သား၊ အခု နန်းတော်တစ်ခုလုံး သတင်းတွေ ပျံ့နှံ့နေပြီ ၊ အရှင့်သားဟာ စာပေနတ်ဘုရား စစ်နတိဘုရား တိုင်းပြည်ရဲ့ ထောက်တိုင်တဲ့”

ရှောင်ရှန်း တစ်ယောက် ထိုစကားများကို နားထောင်ရင်း နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ခါလာရသည်။

‘ အကွက်စေ့စေ့ ကြိုတင်သိမြင်တာ ဟုတ်လား ကိုယ့်ဟာကို နောကဆုတ်တာ ခြေချော်ပြီး လဲကျသွားတာလေ’

မိစ္ဆာအတတ် ယှဉ်ပြိုင်မှုနှင့် ပတ်သတ်၍ ၊ ထိုအချိန်က သူ့စိတ်ထဲတွင် ရှိခဲ့သည့် တစ်ခုတည်းသော အတွေးမှာ “အမေရေ၊ သေတော့မှာပဲ” ဟူ၍သာ ဖြစ်ပြီး မျက်စိရှေ့ မှောင်မိုက်သွားကာ ဘာမှမသိတော့ချေ။

‘ ခုလည်း ဘယ်လိုလုပ်ပြီး အကျိုးဆောင်ရပြန်တာလဲ’

သူ့ရင်ထဲတွင်မူ အော်ဟစ်ငိုကြွေးနေမိသော်လည်း မျက်နှာကိုမူ ဟန်မပျက် ထိန်းထားရရှာသည်။

သူ မည်သို့ ရှင်းပြရမည်ကို တွေးတောနေစဉ်မှာပင် တည်ငြိမ်သော ခြေသံတစ်ခု က အဝေးမှနေ၍ နီးကပ်လာခဲ့သည်။

ဧကရာဇ် ရှောင်ယွမ်သည် သာမန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြည်းညင်းစွာ လျှောက်လာကာ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။

“နိုးပြီလား”

သူ၏လေသံသည် မှန်းဆရခက်ပြီး၊ ထိုမျက်ဝန်းများက ယခင်နေ့ရက်များကကဲ့သို့ ဝေဝါးမနေတော့ဘဲ အောက်ခြေမမြင်ရသည့် ရှေးဟောင်းရေတွင်းပမာ စူးစိုက်ကြည့်နေပြီး သူ့ကို အတွင်းရောအပြင်ပါ ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။

ရှောင်ရှန်းမှာ ထိုကဲ့သို့ အကြည့်ခံလိုက်ရသဖြင့် စိတ်ထဲတွင် ထိတ်လန့်သွားကာ အိပ်ရာပေါ်မှ အမြန်ဆင်းလျက် ဂါရဝပြုလိုက်သည်။

“သားတော်…… သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်”

“မလိုဘူး”

ရှောင်ယွမ်သည် လက်‌ကို ဝှေ့ယမ်းလိုက်ပြီး သူ၏ အကြည့်က ရှောင်ရှန်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအနက်ရောင် ကျောက်လေး၏ ထောင့်စွန်းတစ်ခုမှာ ကွဲအက်နေခဲ့ပြီ ဖြစ်သည်။

“မင်းက ကိုယ့်အသက်ကို စွန့်ပြီး ကယ်တင်ခဲ့တာပဲ ၊ မင်းပြော ဘာဆုလာဘ်ကို အလိုရှိလဲ”

‘လာပြန်ပြီ၊ ဒီအတိုင်းကြီးပဲ…’

ရှောင်ရှန်း၏ ရင်ထဲတွင် အချက်ပေးခေါင်းလောင်းသံများ မြည်ဟီးသွားသည်။

' ဆုလာဘ် ဟုတ်လား ၊ သူ အခုအကြောက်ဆုံးက ဆုလာဘ်ပဲ ...'

ဤအကျိုးဆောင်မှုကြီးသည် ကြီးမားလွန်းလှသဖြင့် “နန်းချခံရမည့်” အန္တိမပန်းတိုင်ကြီးနှင့် ပိုပို၍ ဝေးကွာသွားသည်ဟုပင် ခံစားလိုက်ရသည်။

' မဖြစ်ဘူး၊ တွေဝေမနေဘဲ လုပ်မှရတော့မယ်...'

သူသည် အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး ၊ အားနည်းခြင်း၊ ကြောက်ရွံ့ခြင်းများဖြင့် ရောယှက်နေသော မျက်နှာအမူအရာကို လုပ်ယူကာ ခန္ဓာကိုယ်ကိုလည်း အချိန်ကိုက် ယိုင်နဲ့ပြလျက် ကုတင်ဘေးကို လှမ်းမီလိုက်သည်။

“ခမည်းတော်…… သားတော် ဆုလာဘ် မလိုချင်ပါဘူး"

သူသည် အားအင်ချည်းနဲ့စွာ ပြောဆိုလိုက်သည်။