← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း(၁၆၇)

ရှောင်ရှန်းသည် အနီးကပ်ကြည့်ရှုလိုက်ရာ သူ၏ မျက်လုံးအိမ်မှာ ရုတ်တရက် ကျုံ့ဝင်သွားသည်။

ထိုမြေပုံပေါ်တွင် ရေးဆွဲထားသည်မှာ ခွေယှက်နေသော ရွှေရောင်နဂါးကြီးပင် ဖြစ်ပြီး၊ ၎င်း၏ ပုံသဏ္ဌာန်မှာ မြို့တော်၏ မြေမျက်နှာသွင်ပြင်နှင့် အတိအကျ ကိုက်ညီနေသည်။

နဂါးကြီး၏ကိုယ်ပေါ်တွင် အမှတ်အသားပြုထားသော အမည်းစက်များ ရှိနေပြီး ၊ ၎င်းတို့၏ တည်နေရာနှင့် ပုံစံများမှာ သူ အိပ်မက်ထဲတွင် မြင်ခဲ့ရသည်နှင့် တစ်ထပ်တည်းကျနေသည်။

"ဒါဟာ ကျွန်မတို့ ဆေးဘုရင်ချိုင့်ဝှမ်းရဲ့ ဘိုးဘေးတွေ ရေးဆွဲထားတဲ့ နဂါးသွေးကြောမြေပုံပဲ”

စူးဝမ်ချင်းက သူမ၏ လက်ချောင်းဖြင့် ထိုအမည်းစက်များကို ထောက်ပြကာ အေးစက်သောအသံဖြင့် ပြောကြားလိုက်သည်။

"ဒီအစီအရင်ကို 'ခုနှစ်ကြယ် ဝိညာဉ်ချုပ်နှောင်သံမှို'လို့ ခေါ်ပြီး အတော်လေး ဆိုးရွားတဲ့ အစီအရင်တစ်ခုပဲ ၊ တိုင်းပြည်ရဲ့ အရေးပါတဲ့ အမတ်တွေ ဒါမှမဟုတ် တော်ဝင်ဆွေမျိုးတွေရဲ့ အသက်စွမ်းအင်ကို အသုံးပြုပြီး နဂါးသွေးကြောရဲ့ အဓိကနေရာတွေထဲကို အဆိပ်သင့်တဲ့ သံမှိုတွေကို ရိုက်သွင်းတာပဲ"

" သံမှိုခုနစ်ခုစလုံး ဝင်သွားပြီး အစီအရင် ပြည့်စုံသွားပြီဆိုရင် သာရှနဂါးသွေးကြောဟာ လုံးဝညစ်ညမ်းသွားပြီး မကောင်းဆိုးဝါးနဂါးအဖြစ် ပြောင်းလဲသွားလိမ့်မယ်”

“အဲ့ဒီအချိန်ကျရင် မြို့တော်တစ်ခုလုံးဟာ တစ္ဆေမြို့ဖြစ်လာပြီး တိုင်းပြည် ရဲ့ ကံကြမ္မာတွေကိုလည်း ဒီအစီအရင်နောက်ကွယ်က လူတွေက အကုန်ခိုးယူသွားကြလိမ့်မယ်”

သူမသည် ရှောင်ရှန်းကို မော့ကြည့်လိုက်သည်။

"ရှင့်ရဲ့ ဝိညာဉ် ခန္ဓာကိုယ်ထဲကနေ ထွက်ခွာပြီး မြင်လိုက်ရတာက သူတို့တွေ ခြောက်ခုမြောက် သံမှိုကို ရိုက်သွင်းနေတာပဲ ၊ အချိန်က သိပ်မကျန်တော့ဘူး”

သက်သေ အထောက်အထား ခိုင်လုံပြီး ယုတ္တိရှိနေသဖြင့် ရှောင်ရှန်းအနေဖြင့် ယုံကြည်ရန်မှတပါး အခြားမရှိတော့ချေ။ သို့သော် သူ၏ ယုံကြည်မှုနှင့် သူ၏ သဘောထားမှာ မတူညီသော ပြဿနာသာဖြစ်သည်။

ရှောင်ရှန်းသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ လက်ပိုက်လိုက်ပြီး ဘာကိုမျှ ဂရုမစိုက်သည့်ဟန်ဖြင့် ဆိုလိုက်သည်။

"ဟုတ်ပြီ၊ ငါ နားလည်သွားပြီ… မင်းတို့ နှစ်ယောက်က တစ်ယောက်က လူကောင်းလုပ်ပြီး တစ်ယောက်က လူဆိုးလုပ်နေတာပဲ"

"ခမည်းတော်က ခြိမ်းခြောက်တယ်၊ မင်းကတော့ ဆွဲဆောင်စည်းရုံးတယ်.. အလကားရတဲ့ အလုပ်သမားတစ်ယောက်ဆိုပြီး မင်းတို့အတွက် အသက်ပေးခိုင်းနေတာ မဟုတ်လား “

“မြေပုံတွေပါ အသင့်ပြင်ထားတာဆိုတော့.. ဒီဇာတ်လမ်းက အတော်လေး နက်နဲလွန်းတာပဲ"

သူသည် နှုတ်ခမ်းမဲ့လိုက်ပြီး ပြန်ပြောလေသည်။

"တောင်းပန်ပါတယ်၊ ငါ မပါဝင်နိုင်ဘူး..ဒီကိစ္စက အရမ်းကြီးမားလွန်းတယ်၊ ငါ မလုပ်နိုင်သလို တာဝန်လည်း မယူနိုင်ဘူး”

“မင်းတို့ ဆေးဘုရင်ချိုင့်ဝှမ်းက ဒီလောက်တော်တာပဲ၊ ကိုယ့်ဘာသာကိုယ်ပဲ သွားလုပ်ကြပါလား”

စူးဝမ်ချင်းသည် ရှောင်ရှန်း၏ ခေါင်းမာသော အပြုအမူကို ကြည့်ရင်း ပုံမှန်အားဖြင့် အမူအရာကင်းမဲ့နေသည့် သူမ၏ မျက်နှာ‌မှာ ဒေါသကြောင့် ပြုံးလိုက်မိသည်။

ထိုအပြုံးမှာ ခပ်ဖျော့ဖျော့ပင် ဖြစ်သော်လည်း ၊ အေးခဲနေသော ကန်ရေပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသကဲ့သို့ အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။

"အရှင့်သား..."

သူမက ပြန်ပြောသည်။

" ကြည့်ရတာ ဆင်ခြင်တုံတရားနဲ့ ပြောပြလို့ မရတော့တဲ့ပုံပဲ"

စကားဆုံးသည်နှင့် သူမ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။

ရှောင်ရှန်းသည် သူ၏ မျက်စိရှေ့တွင် ငွေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရသည်။ ၎င်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက် တောင့်တင်းသွားပြီး ထူးဆန်းသော ထုံကျင်မှုတစ်ခုက ခန္ဓာကိုယ်တစ်လျှောက် ချက်ချင်းဆိုသလို ပျံ့နှံ့သွားသည်။

သူသည် လက်ကို မြှောက်ချင်သော်လည်း လက်ချောင်းများကို မလှုပ်ရှားနိုင်ပေ။ ပါးစပ်ဟ၍ စကားပြောချင်သော်လည်း လျှာမှာ တောင့်တင်းနေပြန်သည်။ သူသည် သစ်သားရုပ်ထုတစ်ခုအလား နေရာတွင် မတ်မတ်ကြီး ရပ်နေရပြီး မျက်လုံးများကိုသာ ကြောက်လန့်တကြားဖြင့် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နိုင်တော့သည်။

"မင်း..."

သူသည် လည်ချောင်းထဲမှ အသံတစ်ခုကို ညှစ်ထုတ်နိုင်ခဲ့သည်။

စူးဝမ်ချင်းသည် သူ၏ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာပြီး သူမ၏ သွယ်လျသော လက်ချောင်းနှစ်ချောင်းဖြင့် သူ၏ နဖူးကို ညင်သာစွာ တွန်းလိုက်သည်။

ရှောင်ရှန်းသည် မတ်တတ်ရပ်နေသည့် အနေအထားအတိုင်းပင် "ဒုန်း" ဟူသော အသံနှင့်အတူ နောက်သို့ တည့်တည့်ကြီး လဲကျသွားပြီး မြေပြင်ပေါ်တွင် ဖုန်မှုန့်များ ထောင်းထောင်းထသွားသည်။

သူ၏ ပါးစပ်သရမ်းမှုနှင့် လုပ်ဆောင်နိုင်စွမ်းသည် ဤမျှအထိ အရှုံးကြီးရှုံးခဲ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သူ၏ ခမည်းတော် ပြောခဲ့သည့် "မင်းမှာ ရွေးချယ်စရာ မရှိဘူး" ဟူသော စကား၏ အဓိပ္ပာယ်ကို ယခုမှသာ သူ နားလည်တော့သည်။

ဤနူးညံ့သိမ်မွေ့သည်ဟု ထင်ရသော အမျိုးသမီး၏ ရှေ့မှောက်တွင် သူ ဂုဏ်ယူနေသည့် "ငါးဆားနယ်တစ်ကောင်လို ပျင်းရိခြင်း" ဝါဒနှင့် ပါးစပ်သရမ်းခြင်းတို့မှာ တစ်စက္ကန့်စာမျှပင် ခံနိုင်ရည်မရှိခဲ့ပေ။

သူသည် အေးစက်သော မြေပြင်ပေါ်တွင် လဲလျောင်းရင်း စူးဝမ်ချင်းသည် သူ့ကို အပေါ်စီးမှ ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ အကြည့်မှာ မနာခံသော ကိရိယာတစ်ခုကို ငုံ့ကြည့်နေသည့်အလား။

ထိုအချိန်တွင် အသက်ရှင်သန်လိုစိတ်သည် အခြားစိတ်ဆန္ဒများထက် ပို၍ ကြီးထွားလာခဲ့သည်။

သူသည် အသနားခံလိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ပြီး အသံကို ညှစ်ထုတ်ကာ ပြောလိုက်ရသည်။

"...ယုံပါပြီ... ယုံပါပြီ... သူရဲကောင်းမလေး... အသက်ချမ်းသာပေးပါ... စကား အေးအေးလူလူ ပြောကြရအောင်လား..."

စူးဝမ်ချင်းသည် ရှောင်ရှန်းတစ်ယောက် နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်ကို မြင်ပြီးမှသာ သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

"အရင်ကတည်းက ဒီလိုလုပ်လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ"

သူမသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ရှောင်ရှန်း၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားပြီး ထုံကျင်နေသည့် ခံစားချက်များမှာလည်း တဖြည်းဖြည်း လျော့ပါးသွားကာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

All Chapters