← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း(၂၀၇)

ယခင်ကတည်းက ယစ်မူးစွာဖြင့် ရှိနေခဲ့သော ပြည်သူများသည်ပင် ကြောက်စရာ‌ အကောင်းဆုံး အိပ်မက်ဆိုးထဲတွင် ပိတ်မိနေသကဲ့သို့ အလွန်အမင်းနာကျင်သည့် အမူအရာများ ဖြစ်ပေါ်လာကြသည်။

“မိစ္ဆာကောင်"

ချင်ချန်းသည် အသင့်ပြင်ဆင်ထားကာ မိစ္ဆာကောင်ကို မြင်သည်နှင့် ကျယ်လောင်စွာ အော်ဟစ်ကာ ဓားကို ဆွဲထုတ်လိုက်သည်။

သွေးနီရောင်ဓားအလင်းတန်းသည် ပြင်းထန်သော စစ်မြေပြင်၏ အငွေ့အသက်များကို ဆောင်ကျဉ်းလျက် အိပ်မက်ဆိုးမိစ္ဆာ၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။

ဤဓားချက်မှာ သူ၏ ဘဝတစ်သက်တာ ကျင့်ကြံမှုများနှင့် စစ်သည်တော်တစ်ဦး၏ ရဲစွမ်းသတ္တိကို စုစည်းထားခြင်းဖြစ်ပြီး တောင်နှင့် ကျောက်တောင်များကိုပင် ခွဲပစ်နိုင်စွမ်းရှိသည်။

သို့သော် ဓားအလင်းသည် မိစ္ဆာကောင်၏ ခန္ဓာကိုယ်ကို အနည်းငယ်မျှ ထိခိုက်မှုမရှိဘဲ ဖောက်ထွင်းဝင်ရောက်သွားသည်။

“ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက မထိရောက်ဘူးလား"

ချင်ချန်း၏ စိတ်ထဲတွင် လေးလံသွားသည်။

အိပ်မက်ဆိုးမိစ္ဆာသည် ချင်ချန်းကို ဂရုမစိုက်ဘဲ သူ့ကို စော်ကားရဲသည့် ရှောင်ရှန်းကိုသာ စူးစိုက်ကြည့်နေသည်။

ဟိန်းဟောက်သံနှင့်အတူ ၊ သူ၏ ဧရာမခန္ဓာကိုယ်ကြီးသည် အနက်ရောင်အရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရှောင်ရှန်းထံ တည့်တည့် ပြေးဝင်လာသည်။

ပုပ်သိုးသိုး အနံ့က အာရုံငါးပါးကို မွှေနှောက်ဝင်ရောက်လာပြီး ၊ ဆွေးမြေ့ပျက်စီးခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းတို့ ရောနှောနေသော အနံ့ဆိုးသည် လူကို အန်ချင်စိတ်ပင် ဖြစ်ပေါ်စေသည်။

စူးဝမ်ချင်းသည် ငွေအပ်ကို ပစ်လွှတ်ရန် အသင့် ဖြစ်နေပြီး၊ ချင်ချန်းမှာ ကိုယ့်အတွင်းအားကို ထိခိုက်ခံ၍ အန္တရာယ်ကို ရင်ဆိုင်ဖို့ အသင့်ရှိနေခဲ့သော်လည်း အရာအားလုံးသည် မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့သည်။

ဤကဲ့သို့ အရေးကြီးဆုံးအချိန်တွင် ရှောင်ရှန်းသည် အလိုအလျောက် တုံ့ပြန်လိုက်၏။

သူသည် ထိုမိစ္ဆာကောင်၏ ရုပ်သွင်ကို ကြည့်ပြီး အလွန် ရွံရှာသွားသည်။

တစ်ကိုယ်လုံး ပြည်တည်နာများ၊ စီးကျနေသော ပြည်ရည်များ၊ ထွက်လာသော အနံ့ဆိုးများက လူကို အကြိမ်ကြိမ် နှိပ်စက်သည်ထက် ပိုဆိုးသည်။

သူ၏ မသိစိတ်မှ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိပြီး နှာခေါင်းကို ပိတ်ကာ ရွံရှာမှုအပြည့်ဖြင့် ကျိန်ဆဲလိုက်သည်။

“ ဒီလောက်တောင် ရုပ်ဆိုးတာ လူတွေကို ကြောက်အောင် လာခြောက်မနေဘဲ ကိုယ့်အိမ်မက်ထဲကို လစ်လိုက်တော့"

ရွံ့ရှာလွန်းသဖြင့် အော်ပြောလိုက်သော စကားတစ်ခွန်းသာ ဖြစ်သည်။

သို့သော် “အိပ်မက်ထဲကို လစ်လိုက်တော့” ဟူသော စကားသုံးခွန်း ထွက်သွားသည်နှင့် ၊ ရှောင်ရှန်း၏ ခန္ဓာကိုယ်ထဲတွင် သူကိုယ်တိုင်ပင် မေ့လျော့နေခဲ့သော အလိုအလျောက် လည်ပတ်နေတတ်သည့် "မဟာအိပ်မက်ကျမ်း" သည် ထိုစကားလုံးများကြောင့် သက်ဝင်လာခဲ့သည်။

မိစ္ဆာတစ်ကောင်၏ အာဏာစက်ထက် ပို၍ ရှေးကျပြီး ပို၍ တန်ခိုးကြီးမားသော နိယာမစွမ်းအားတစ်ခုသည် သူ၏ စကားသံနှင့်အတူ အမှန်တကယ်ပင် ရောက်ရှိလာလေ၏။

ချင်ချန်း၏ ဓားချက်တောင် မထိခိုက်နိုင်သော ထိုအိပ်မက်ဆိုး မိစ္ဆာမှာ တစ်ဝက်တစ်ပျက်ဖြင့် လေထဲတွင် ရပ်တန့်သွားသည်။

ချက်ချင်းဆိုသလို ထိုမိစ္ဆာကောင်မှာ အပူတပြင်း အော်ဟစ်လိုက်လေ၏။ ထိုအော်သံမှာ ဟိန်းဟောက်သံ မဟုတ်တော့ဘဲ ကြောက်ရွံ့မှုနှင့် နာကျင်မှုများ ပြည့်နှက်နေသည့် အသံသာ ဖြစ်သည်။

အိမ်မက်ဆိုးမိစ္ဆာ၏ ပါးစပ်မှ စစ်မှန်သော ခံစားချက်များ ပါဝင်သည့် အော်ဟစ်သံတစ်ခုသည် ပထမဆုံးအကြိမ် အဖြစ် ထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ပေါက်ဖွားလာသော ကြောက်ရွံ့မှုမျိုးဖြစ်သည်။

လူအများက သူ့ကို အိပ်မက်ဆိုးဟု ခေါ်ဆိုကြသည်။ သူသည် အိပ်မက်ဆိုးများကို ဖန်တီးကာ ကြောက်ရွံ့မှုများကို စားသုံးခြင်းဖြင့် အသက်ရှင်သန်သည့် အိပ်မက်ကမ္ဘာ၏ အရှင်သခင်ဖြစ်သည်။

ဤအခိုက်အတန့်တွင် မမြင်နိုင်သော လက်ကြီးတစ်စုံက ၎င်း၏ ဝိညာဉ်ကို ဆုပ်ကိုင်ထားပြီး ၊ လက်တွေ့ကမ္ဘာမှ ဆွဲထုတ်ကာ ဘယ်တော့မှ နိုးမလာနိုင်သည့် ထာဝရအိပ်မက်ဆိုး၏ ချောက်နက်ထဲသို့ ဆွဲခေါ်သွားသကဲ့သို့ပင်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် အိပ်မက်ဖန်တီးသူ မဟုတ်တော့ဘဲ အကျဉ်းသားတစ်ယောက် ဖြစ်သွားခဲ့သည်။

“ဒုန်း! ဒုန်း! ဒုန်း!”

တံခါးကို အရှိန်ပြင်းစွာ ခေါက်လိုက်သည်။

အိပ်မက်ဆိုး မိစ္ဆာသည် ရုတ်တရက် နိုးလာပြီး ၊ သူသည် သစ်သားထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေကြောင်း တွေ့လိုက်ရသည်။

သူ့မျက်စိရှေ့တွင် အစိုးရစာရွက်စာတမ်းများ တောင်လိုပုံအောနေ၏။ ဝါးလိပ်တစ်ခုချင်းစီတွင် နီညိုရောင်မင်နှင့် “ပျင်းရိခြင်း၏ အပြစ်” ဟူသော စာလုံးကြီးလေးလုံးကို ရေးသားထားသည်။

သူ့ကိုယ်သူ ငုံ့ကြည့်မိလိုက်သည်။ ပြည်ရည်များ စီးကျကာ ပြည်တည်နာများဖြင့် ပြည့်နှက်နေသော မိစ္ဆာခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး အဆင့်ကိုး အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော အရာရှိတစ်ဦး ဖြစ်နေသည်။ ဝတ်စုံကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်ထားသဖြင့် သူ့ကို နေရခက်စေသည်။

“မုန့်စန်းအာ ဘာတွေငေးနေတာလဲ၊ သတ်မှတ်ချိန်မတိုင်ခင် ဒီ"အုပ်ချုပ်ရေးနှင့် တိုးတက်မှုကြား မလွဲမသွေဆက်စပ်မှု" စာအုပ် အတွဲသုံးရာကို ကူးရေးပြီး စစ်သူကြီးအိမ်တော်ကို ပို့ရမယ်လေ ၊ နှောင့်နှေးခဲ့ရင် အရာရှိချုပ် လီလူကြီးမင်းကို မင်းဟာမင်း သွားရှင်းပြတော့"

ဘေးမှ အေးစက်သော အသံတစ်ခု ထွက်လာသည်။

အိပ်မက်ဆိုး မိစ္ဆာသည် အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ရာ ဘေးခုံတွင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားပြီး သံမဏိကဲ့သို့ ခိုင်မာသော မျက်နှာပိုင်ရှင်ဖြစ်သည့် လုပ်ဖော်ကိုင်ဖက် ချင်ချန်းမှာ ခေါင်းပင်မဖော်နိုင်ဘဲ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရသည်။

ခန်းမ၏ အပေါ်ဘက်တွင် ဧရာမ ပန်းချီကားကြီးတစ်ချပ်ကို ချိတ်ဆွဲထားသည်။ ပန်းချီကားထဲရှိ လူမှာ နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး အလွန်ပင် ခန့်ညားထည်ဝါလှသည်။

ထိုသူမှာ သာရှမင်းဆက် ဧကရာဇ်မင်း ရှောင်ယွမ်၏ တည်ထောင်သူ ဘိုးဘေးဧကရာဇ်မင်းကြီးပင် ဖြစ်သည်။ ဘိုးဘေး၏ မျက်လုံးများမှာ အသက်ဝင်လာသကဲ့သို့ သူ့ကို စူးစိုက်ကြည့်နေပြီး “မင်း ထပ်ပြီး ပျင်းရိကြည့်စမ်း” ဟူသော ဖိအားများကို ပေးစွမ်းနေသည်။

'ဒါ ဘယ်လိုတောင် ငရဲမျိုးလဲ...'

အိပ်မက်ဆိုး မိစ္ဆာ၏ ဝိညာဉ်သည် အသားကုန် အော်ဟစ်နေသည်။ သူသည် ရုန်းကန်ချင်သည်၊ စွမ်းအားများကို ထုတ်လွှတ်ကာ ပေါက်ကွဲလိုက်ချင်သည်။

သို့သော် ကိုယ်ခန္ဓာမှာ အဆုံးမရှိသော ပင်ပန်းမှုများနှင့် မပြီးဆုံးနိုင်သော အလုပ်တာဝန်များသာ ရှိနေသည်။

All Chapters