← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 20 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 20 Ch. 205-206

Chapter 205

~

အခန်း ၂၀၅ : ဂူဝူချန်း၏ နိဂုံး

~

​ကောင်းကင်မိုးကြိုးများ၏ စွမ်းအားက ကမ္ဘာမြေကို တုန်ဟည်းသွားစေပြီး ဝူချန်း စံအိမ်တော်တစ်ခုလုံးမှာလည်း ခရမ်းရောင် လျှပ်စီးတန်းများဖြင့် ပြည့်နှက်သွားတော့သည်။ ထိုလျှပ်စီးတန်းများထဲမှ သာမန်မျှသာရှိသော အမျှင်တန်းလေးတစ်ခုသည်ပင် သိုင်းဘုရင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ ကာကွယ်ရေးစွမ်းအင်ကို အလွယ်တကူ ဖြတ်တောက်နိုင်စွမ်း ရှိပေသည်။

​ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးအားရှိသည့် နတ်ဘုရားစွမ်းရည် ရှေ့မှောက်တွင် သားရဲအရှင်သခင်အဆင့်၏ အခိုင်ခန့်ဆုံးအကြေးခွံဖြင့် တည်ဆောက်ထားသော ရေနက်လှောင်အိမ်သည်ပင် အက်ကြောင်းများစွာ ထင်ကျန်ရစ်ပြီး ပြိုလဲလုနီးပါး ဖြစ်နေချေပြီ။

​[အဆင့် ၁ အရှင်သခင်၌ ရှိစဉ် မိမိ၏ ဖခင်အရင်းကို ထမင်းဝိုင်းတွင် စည်းကမ်းသင်ပေးနိုင်ခဲ့သဖြင့် စနစ်၏ စေတနာရမှတ် ၂၅၀၀၀ ရရှိပါသည် ]

​" ဟူး.. တကယ့်ကို လက်ဝင်တဲ့လူပဲ.. "

​ဂူချန်သည် ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရပ်တန့်နေပြီး သူ၏ အမည်းရောင် ဝတ်ရုံမှာ ဖုန်တစ်စပင် မစွန်းထင်ဘဲ သန့်ရှင်းနေဆဲ ဖြစ်သည်။ သူ၏ စွမ်းရည်များကို အထွတ်အထိပ်အထိ မြှင့်တင်ထားပြီး ပြိုင်ဘက်ကင်းသော နတ်ဘုရားလက်နက်၏ အကူအညီပါ ရှိနေသဖြင့် သာမန် အဆင့် ၈ သိုင်းသမားများသည် သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိကြချေ။

​ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ စိတ်အစွဲအလမ်း အကြွင်းအကျန်အချို့သာ သူ့အပေါ် လွှမ်းမိုးခြင်း မရှိခဲ့ပါက သူသည် ပထမဆုံး တိုက်ကွက်မှာပင် ဂူဝူချန်း၏ ခန္ဓာကိုယ်ကို အမှုန့်ပြုပစ်နိုင်ခဲ့ပေလိမ့်မည်။ သူသည် နိဗ္ဗာနအဆင့်တွင် ခန္ဓာကိုယ်ကို အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ထားခဲ့သော်လည်း သူ၏ နှလုံးသားမှာမူ ယခင်လူ၏ စိတ်ဆန္ဒ အကြွင်းအကျန်အချို့ကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ထိုအရာက ယခင်က တစ်ခါမှ ပေါ်မလာခဲ့သဖြင့် သူ သတိမထားမိခဲ့ပေ။

​ယခုအခါ ထိုလျှို့ဝှက်အန္တရာယ်ကို သူ သိရှိသွားပြီဖြစ်ရာ ဆက်လက် ထားရှိရန် ဆန္ဒမရှိတော့။ ဤကိစ္စ ပြီးဆုံးပါက သူ၏ နှလုံးသားကို အစားထိုးလဲလှယ်ရမည် ဖြစ်သည်။

​ဂူချန်သည် လက်ကို အသာအယာ မြှောက်လိုက်ရာ သေခြင်းတရား မျက်လုံးပွင့်လာပြီး ဂူဝူချန်း၏ ဝိညာဉ်ကို လိုက်လံ ရှာဖွေတော့သည်။ သို့သော် ခဏအကြာတွင် သူ ရပ်တန့်သွားသည်။ အကြောင်းမှာ ဤပတ်ဝန်းကျင်၌ ဂူဝူချန်း၏ ဝိညာဉ်ကို သူ ရှာမတွေ့သောကြောင့် ဖြစ်သည်။ ရေနက်လှောင်အိမ်မှာလည်း အက်ကွဲရုံသာ ရှိသေးပြီး လုံးဝ ပျက်စီးသွားခြင်း မရှိသေးသဖြင့် မည်သည့်ဝိညာဉ်မျှ အပြင်သို့ လွတ်မြောက်သွားနိုင်စွမ်း မရှိပေ။

​" မသေသေးဘူးလား.. "

​ဂူချန်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။ စဉ်းစားကြည့်လျှင်လည်း ထိုသူမှာ အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်သဖြင့် ဤမျှလွယ်ကူစွာ သေဆုံးလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှန်တရားကို သိရှိသွားပြီဖြစ်ရာ မည်သူကမျှ ဂူဝူချန်းကို ကယ်တင်နိုင်မည် မဟုတ်တော့။

​သူ၏ မျက်ဆန်နှစ်ထပ်မျက်ဝန်းမှာ ရုတ်တရက် ပွင့်လာပြီး ပြင်းထန်လှသော စိတ်စွမ်းအားများမှာ ဝူချန်း စံအိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မကြာမီမှာပင် မြေအောက် အတောင်တစ်ထောင်ခန့် အကွာ၌ သေလုမျောပါး ဖြစ်နေသည့် ဂူဝူချန်းကို သူ ရှာတွေ့သွားတော့သည်။

​ဤအချိန်တွင် ဂူဝူချန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်သွေးများမှာ အဆက်မပြတ် စီးကျနေပြီး ရင်ဘတ်မှာလည်း ချိုင့််ဝင်နေချေပြီ။ သူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေကာ မျက်နှာတစ်ခုလုံးလည်း မည်းမှောင်နေသဖြင့် နောက်တစ်စက္ကန့်တွင် သေဆုံးတော့မည့် အခြေအနေသို့ ရောက်ရှိနေလေ၏။ သို့သော်လည်း ဂူချန်၏ မျက်ဆန်နှစ်ထပ်မျက်ဝန်းနှင့် ပြင်းထန်သော စိတ်စွမ်းအားများကြောင့် တစ်စုံတစ်ခု ထူးခြားနေသည်ကို သူ သတိထားမိလိုက်သည်။

​၎င်းမှာ ဂူဝူချန်း၏ အရှိန်အဝါများ ကွယ်ပျောက်နေပြီး အရိုးများနှင့် အကြောများမှာလည်း ကျိုးကြေနေသော်လည်း သူ၏ နှလုံးသားမှာမူ ပြင်းထန်စွာ ခုန်နေဆဲ ဖြစ်သည်။ ကြောက်မက်ဖွယ် စွမ်းအင်အချို့ စုစည်းနေသကဲ့သို့ ရှိနေသည်။

​" ဒါ.. တကယ့်ကို ပုံစံခွက်အတိုင်းပဲ.. "

​ဂူချန်သည် ငြီးငွေ့စွာပင် တွေးလိုက်မိသည်။ ဤသည်မှာ ဒုတိယအဆင့် သို့ ကူးပြောင်းရန် ပြင်ဆင်နေခြင်း ဖြစ်ပေလိမ့်မည်။ သာမန် ဇာတ်လမ်းများအရဆိုလျှင် ကံတရား၏ သားတော် က ရန်သူကို အနိုင်ယူပြီးနောက် ရန်သူမှာ ပိုမို အစွမ်းထက်သည့် အဆင့်သို့ ကူးပြောင်းကာ ကံတရား၏ သားတော်ကို ပြန်လည် ရိုက်နှက်လေ့ ရှိသည်။ ထို့နောက်မှ ကံတရား၏ သားတော်က ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးကာ အဆင့်မြှင့်တင်မှုများ ပြန်လုပ်ရခြင်း ဖြစ်သည်။

​သို့ရာတွင် သူသည် ကံတရား၏ သားတော် မဟုတ်။ ရန်သူ အသွင်ပြောင်းသည်အထိ စောင့်နေသူမှာ လူမိုက်သာ ဖြစ်ပြီး ဉာဏ်ကောင်းသူမှာ ထိုဖြစ်စဉ်ကို အစကတည်းက ဖြတ်တောက်ရမည် ဖြစ်သည်။

​ဂူချန်က အသာ ပြုံးလိုက်ပြီး အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံကို တင်းတင်းဆုပ်ကိုင်ကာ ကမ္ဘာမြေ၏ စွမ်းအားများကို ထည့်သွင်းလိုက်ရာ လှံမှာ စိတ်လှုပ်ရှားစွာဖြင့် တုန်ခါလာတော့သည်။

​ပထမဆုံး မိစ္ဆာတံဆိပ်မှာ လင်းထိန်လာသည်။

​ဂူချန်က လှံကို ရှေ့သို့ ပြင်းထန်စွာ လွှဲရိုက်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် ကြယ်အလင်းတန်းများ ပြည့်နှက်နေသည့် အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။

​နတ်ဘုရားစွမ်းရည် - သွေးလမင်း မိစ္ဆာမျက်ဝန်းဖြင့် လိုက်လံခြင်း

​တိုက်ပွဲ စတင်ကတည်းက ဂူဝူချန်း၏ ခန္ဓာကိုယ်ပေါ်တွင် သွေးလမင်း အမှတ်အသား ထင်ကျန်ခဲ့ပြီး ဖြစ်သည်။ ယခု အသုံးပြုလိုက်သည့်အခါ ကံကြမ္မာ၏ နိယာမအရ သေချာပေါက် ထိမှန်မည် ဖြစ်သည်။ တစ်ဖက်လူ မည်သို့ပင် အသွင်ပြောင်းနေပါစေ ဤတိုက်ကွက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

​အစွန်းရှစ်ဖက်နတ်မိစ္ဆာလှံသည် ဟင်းလင်းပြင် အက်ကြောင်းထဲသို့ တိုးဝင်သွားပြီး မြေအောက် အတောင်တစ်ထောင်ရှိ ဂူဝူချန်း၏ နှလုံးသားဆီသို့ တည့်တည့် တိုးဝင်သွားသည်။ ဂူဝူချန်း၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တုန်ခါသွားပြီး ကြက်သွေးရောင်အလင်းတန်းတစ်ခုက ဖုံးလွှမ်းကာ မီတာထောင်ချီသော နေရာသို့ တစ်ခဏချင်း ရွှေ့ပြောင်းသွားသည်။ သို့သော်လည်း နတ်ဘုရားလှံမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ထိုနေရာသို့ ထပ်မံ ရောက်ရှိလာပြီး ဂူဝူချန်း၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားတော့သည်။

​စွပ်...

​အရိုးများ ကျိုးကြေသွားသည့် အသံနှင့်အတူ နတ်ဘုရားလှံသည် ဂူဝူချန်း၏ နှလုံးသားကို ဖောက်ထွက်သွားသည်။

​" အ... ငါ့ရဲ့ ချန်အာ... "

​သတိမေ့နေသည့် ဂူဝူချန်းမှာ မျက်လုံးများ ပွင့်လာပြီး သူ၏ ရွှေရောင်မျက်ဝန်းများမှ အလင်းတန်းများက မှောင်မည်းနေသည့် မြေအောက်ခန်းမကို လင်းထိန်သွားစေသည်။ သူသည် ညည်းညူသံတစ်ချက် ပြုလိုက်ပြီးနောက် မည်သည့် ရုန်းကန်မှုမျှ မလုပ်နိုင်တော့ဘဲ အသက်ဓာတ်များ လုံးဝ ကွယ်ပျောက်သွားတော့သည်။

​သူ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

​မျိုးဆက်တစ်ခု၏ သူရဲကောင်း၊ လူသားမျိုးနွယ်၏ လက်ရှိ အရှင်သခင် ကိုးဦးထဲမှ တစ်ဦး၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး သားရဲပေါင်း သန်းနှင့်ချီကို သတ်ဖြတ်ခဲ့သည့် မဟာဗိုလ်ချုပ်ကြီး၊ ဖခင်တစ်ဦးဖြစ်သူ ဂူဝူချန်း၏ ဘဝခရီးလမ်းမှာ ဤနေရာတွင်ပင် အဆုံးသတ်သွားခဲ့ရသည်။

​သူ သေဆုံးခါနီး အချိန်အထိ သူ၏ သားဖြစ်သူအကြောင်းကိုသာ စဉ်းစားနေခဲ့သည်။ သူသည် စစ်မြေပြင်တွင် မသေဆုံးဘဲ မိမိ၏ သားအရင်းဟု ထင်မှတ်ထားသူ၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။ သို့သော် ဤသည်မှာ လက်တွေ့ဘဝပင် ဖြစ်သည်။ မနက်ဖြန်နှင့် မတော်တဆမှု မည်သည့်အရာက အရင်လာမည်ကို မည်သူ ကြိုတင် သိနိုင်ပါမည်နည်း။

​ဂူချန်မှအပ သူ သေဆုံးသွားသည်ကို မည်သူမျှ မသိရှိကြပေ။ ၎င်းမှာ လေထဲသို့ လွင့်ပါသွားသော ငှက်မွှေးတစ်စကဲ့သို့ပင် ။

​[စနစ်မှ မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် မိမိ၏ အသက်ကို ရန်ရှာလာသူအား အပြစ်ပေးနိုင်ခဲ့သဖြင့် စေတနာရမှတ် ၁၃၁၄၅၂ ရရှိပါသည် ]

​ဂူချန်သည် အနက်ရောင်မိစ္ဆာမီးကို အသုံးပြု၍ ဂူဝူချန်း၏ ဝိညာဉ်ကို သန့်စင်လိုက်ပြီး သေခြင်းတရား မျက်လုံးဖြင့် မိမိ၏ ရုပ်သေးရုပ်အဖြစ် ပြုလုပ်လိုက်သည်။ ထို့နောက်မှ သူသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်တော့သည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာပင်...

​ဒုတ်.. ဒုတ်..

​သူ၏ ဘယ်ဘက်ရင်အုံမှ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါလာပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများနှင့် အကြောများကို ဆွဲဆန့်လိုက်သကဲ့သို့ ဖြစ်ကာ သွေးစအချို့ပင် ထွက်ပေါ်လာသည်။ ပြင်းထန်သော နာကျင်မှုကြောင့် ဂူချန်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။

​ယခင် ခန္ဓာကိုယ်ပိုင်ရှင်၏ စိတ်အစွဲအလမ်းမှာ ပေါက်ကွဲထွက်လာလေ၏။ မိမိ၏ ဖခင်အရင်းကို သတ်ဖြတ်လိုက်ခြင်းမှာ ထိုစိတ်အစွဲ၏ နောက်ဆုံးစည်းကို ကျော်ဖြတ်လိုက်ခြင်းဖြစ်ရာ အစွမ်းကုန် ပြန်လည် တိုက်ခိုက်နေခြင်း ဖြစ်သည်။

​" ချီးပဲ.. ငါ မင်းကို မျက်နှာသာ ပေးခဲ့ပြီးပြီကို.. "

​ဂူချန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ညာလက်ကို ဘယ်ဘက်ရင်အုံထဲသို့ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုးသွင်းလိုက်သည်။ ရင်ဘတ်အရိုး ကျိုးကြေသွားသည့် နာကျင်မှုကို အောင့်ခံရင်း နှလုံးသားကို ဆုပ်ကိုင်လိုက်၏။

​

​ထို့နောက် သူသည် ထိုနှလုံးသားကို ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ဆွဲထုတ်လိုက်ပြီး သူ၏ ရှေ့တွင် ကိုင်ထားလိုက်သည်။ ထို့နောက် မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ထိုနှလုံးသားကို ချေမွပစ်လိုက်တော့သည်။

​" အင့်... "

​ဂူချန်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသော်လည်း သူ၏ မျက်နှာတွင်မူ ပြုံးရိပ်တစ်ခု ရှိနေသည်။ သေလောက်သည့် ဒဏ်ရာမှာ သူ၏အတွက် စိုးရိမ်စရာ မဟုတ်ပေ။ သူ၏ စိတ်ကူးလိုက်ရုံဖြင့် ကောင်းကင်၊ မြေကြီးနှင့် လူသားဟူသော စွမ်းအင်သုံးရပ်မှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး အသက်ဝင်နေသော နှလုံးသားအသစ်တစ်ခုအဖြစ် ကူးပြောင်းသွားတော့သည်။

​ထိုစွမ်းအင်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း လုံးဝ ပြန်လည် ပြုပြင်ပေးလိုက်ပြီး ဂူဝူချန်းနှင့် တိုက်ခိုက်စဉ်က ကုန်ဆုံးသွားသော စွမ်းအားများကိုလည်း ချက်ချင်း ပြန်လည် ပြည့်ဝသွားစေသည်။ စွမ်းအင်သုံးရပ် ပြန်လည်ရောက်ရှိခြင်း အစွမ်းကြောင့် သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်သွားလျှင်တောင် အသစ်အတိုင်း ပြန်လည် ကောင်းမွန်လာနိုင်သဖြင့် နှလုံးသားတစ်လုံး ဆုံးရှုံးသွားခြင်းမှာ ဘာမှ မဟုတ်ပေ။

​သူ အနည်းငယ် ပြန်လည် ပြင်ဆင်ပြီးနောက် ပါးစပ်မှ သွေးများကို သုတ်လိုက်ကာ အစွန်းရှစ်ဖက်နတ်မိစ္ဆာလှံကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ကမ္ဘာမြေ၏ စွမ်းအားများကို အသုံးပြု၍ ဝူချန်း စံအိမ်တော်တစ်ခုလုံးကို သန့်ရှင်းရေး ပြုလုပ်လိုက်သည်။ သုံးစက္ကန့်အကြာတွင် ဝူချန်း စံအိမ်တော်မှာ မူလအခြေအနေအတိုင်း ပြန်လည် ဖြစ်ပေါ်သွားပြီး မည်သည့်အရာမျှ မဖြစ်ခဲ့သကဲ့သို့ တည်ရှိနေတော့သည်။

Chapter 206

~

အခန်း ၂၀၆ : ပြန်လည်မွေးဖွားလာသူနှင့် အချိန်ဂူ(နွေဦးဆောင်းဦး ပုစဥ်းရင်ကွဲ)

~

​အနောက်ဘက်မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ အမ်မာတာရက်စ်၏ နေအိမ်။

​ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေသည့် အခန်းတစ်ခုအတွင်း..

​" အား .."

​ပန်းရောင်ကုတင်ကြီးပေါ်တွင် လဲလျောင်းနေသည့် ဖုန့်ကျိုဟွမ်သည် ရုတ်တရက် ထထိုင်လိုက်ပြီး သူမ၏ လှပသောမျက်လုံးများမှာ ပြူးကျယ်နေကာ အသက်ကို အလူးအလဲ ရှူရှိုက်နေမိသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မှ သူမ သတိပြန်ဝင်လာပြီး မိမိ၏ ခန္ဓာကိုယ်နှင့် ရင်းနှီးနေသော ပတ်ဝန်းကျင်ကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ လက်ရှိအခြေအနေကို ချက်ချင်းပင် နားလည်သွားတော့သည်။

​သူမ အတိတ်သို့ ပြန်လည်ရောက်ရှိကာ ပြန်လည်မွေးဖွားလာလေပြီ။

​သို့သော်ငြား ယခုက မည်သည့်အချိန်နည်း။

​ဖုန့်ကျိုဟွမ်က ဘေးနားရှိ ဖုန်းကို အမြန်ဆွဲယူ၍ အချိန်ကို ကြည့်လိုက်သည်။

​နှစ် ၂၇၇ ဇွန်လ ၂၆ ရက်။

​သူမသည် ကံကြမ္မာအလှည့်အပြောင်း ဖြစ်စေမည့် စစ်ပွဲကြီး မတိုင်မီ တစ်လအလိုသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

​နောက်ထပ် ရက်အနည်းငယ်အကြာတွင် မဟာမိတ်အဖွဲ့မှ ဥက္ကဋ္ဌ လေးဦးသည် လူသားမျိုးနွယ်၏ အရှင်သခင် ရှစ်ဦးနှင့် ဇီဝစစ်သည် အချို့ ပူးပေါင်း၍ နတ်ဘုရားမီးတောက်ဂိုဏ်း ကို တိုက်ခိုက်ကြလိမ့်မည်။ ထိုတိုက်ပွဲအပြီးတွင် နတ်ဘုရားမီးတောက်ဂိုဏ်း ပျက်စီးသွားခဲ့သော်လည်း နှိမ်နင်းရန် သွားရောက်ခဲ့သည့် မဟာမိတ်တပ်ဖွဲ့များမှာ အကျအဆုံး အလွန်များပြားခဲ့ပြီး အသစ်တက်လာသည့် အရှင်သခင် တစ်ဦးဖြစ်သော ကြီးမြတ်သော မေတ္တာရှင် အရှင်သခင် တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

​မဟာမိတ်အဖွဲ့မှာ အထိနာခဲ့သော်လည်း လူသားအရှင်သခင် နှစ်ဦး ကျန်ရှိနေသေးသလို စူပါတာမီနယ် ၏ ဇီဝနည်းပညာများကြောင့် အခြေအနေကို အနည်းငယ် ထိန်းထားနိုင်ခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

​ထို အရှင်သခင်သည် သူ၏ ဖခင်ဖြစ်သူ ဂူဝူချန်းနှင့် ပူးပေါင်းကာ သူတို့၏ အစွမ်းဖြင့် မဟာမိတ်အဖွဲ့၏ အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့ကြသည်။ ထို့နောက် တစ်ခုလုံးကို ဒေသကြီးငါးခုအဖြစ် ခွဲခြမ်းစိတ်ဖြာကာ ကောင်းကင်ဘုံခုံရုံး ကို တည်ထောင်ခဲ့သည်။

​အခြားသော ဒေသလေးခု၏ အင်အားကို အားနည်းအောင် ပြုလုပ်ပြီးနောက် သူသည် စူပါတာမီနယ်ကို ရုတ်တရက် ဖျက်ဆီးပစ်ကာ ကောင်းကင်ပိတ်ဆို့မျှော်စင် ကို အတင်းအဓမ္မ သန့်စင်ပြီး သက်ရှိအားလုံး၏ ကံကြမ္မာကို စုပ်ယူ၍ ဧကရာဇ် ဖြစ်လာရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ဒေသလေးခုမှ သန်းနှင့်ချီသော လူသားများမှာ မတတ်သာဘဲ ပြန်လည်တိုက်ခိုက်ကြရာမှ ကံကြမ္မာစစ်ပွဲကြီး စတင်ခဲ့ခြင်း ဖြစ်သည်။

​ဖုန့်ကျိုဟွမ်သည် မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌ လေးဦးထဲမှ တစ်ဦးဖြစ်သည့် အမ်မာတာရက်စ်၏ မြေးမဖြစ်သဖြင့် သူမသည်လည်း ထိုစစ်ပွဲတွင် ပါဝင်ခဲ့ရသည်။ သို့သော် စစ်ပွဲမပြီးဆုံးမီမှာပင် သူမ ဦးဆောင်သည့် အဖွဲ့သည် ထို အရှင်သခင်၏ လှည့်စားမှုတာအိုလမ်းစဉ် ကိုယ်ပွား တစ်ခု၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရပြီး အဖွဲ့ဝင် သောင်းနှင့်ချီသော လူများမှာလည်း သနားစဖွယ် သေဆုံးခဲ့ကြရသည်။

​၎င်းမှာ စစ်မြေပြင်တစ်ခုသာ ရှိသေးပြီး ထိုကဲ့သို့သော နေရာပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့သည်။ ဖုန့်ကျိုဟွမ်၏ ခန့်မှန်းချက်အရ သေဆုံးသူဦးရေမှာ သန်း တစ်ရာကျော် သို့မဟုတ် ထိုထက်မက ပိုများနိုင်ပေသည်။

​သူမသည် စောစီးစွာ သေဆုံးခဲ့သဖြင့် နောက်ဆုံးရလဒ်ကို မသိရှိခဲ့ရသော်လည်း ထိုစဉ်က အခြေအနေအရ ဒေသလေးခုစလုံးမှာ အားနည်းနေခဲ့ပြီး ဗဟိုတိုက်ကြီး၏ ကောင်းကင်ဘုံခုံရုံးမှာမူ ထိပ်တန်းပညာရှင်များစွာနှင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ထို အရှင်သခင်တို့ကြောင့် အင်အားတောင့်တင်းနေခဲ့သည်။ ဒေသလေးခုမှ ဂိုဏ်းအသီးသီးက သူတို့၏ ဝှက်ဖဲများကို မည်သို့ပင် ထုတ်သုံးစေကာမူ ကောင်းကင်ဘုံခုံရုံးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

​ကံကြမ္မာစစ်ပွဲကြီး ရှုံးနိမ့်ပြီး ကောင်းကင်ပိတ်ဆို့မျှော်စင်ကို သန့်စင်ပြီးသည့်အခါ အပြင်ဘက်မှ စောင့်ဆိုင်းနေသော သားရဲမျိုးနွယ်များက တစ်ဟုန်ထိုး ကျူးကျော်ဝင်ရောက်လာကြလိမ့်မည်။ ထိုအခါ လူသားမဟာမိတ်အဖွဲ့တစ်ခုလုံးမှာ အဆုံးသတ်သွားရပေလိမ့်မည်။

'​မဖြစ်ဘူး ကြီးမြတ်သော မေတ္တာအရှင် အင်မော်တယ် အရှင်သခင်ကို အောင်မြင်ခွင့် ပေးလို့ မဖြစ်ဘူး..ငါသူ့ကို တားရမယ်..'

​ထိုစဉ်က မြင်ကွင်းကို တွေးမိသည့်အခါ ဖုန့်ကျိုဟွမ်၏ ရင်ထဲတွင် အေးစိမ့်သွားရသည်။ ထို အရှင်သခင်သည် ဧကရာဇ်ဖြစ်လာရန်အတွက် လူသားမဟာမိတ်အဖွဲ့တစ်ခုလုံးကို အာဟာရအဖြစ် အသုံးချခဲ့သည်မှာ လူထဲက တိရစ္ဆာန်ဟုပင် ခေါ်ဆို၍ ရနိုင်ပေသည်။ မဟုတ်သေး တိရစ္ဆာန်ထက်ပင် ပို၍ ဆိုးယုတ်လှသည်။

​'နေပါဦး ငါ ဘယ်လိုလုပ်ပြီး ပြန်လည်မွေးဖွားလာတာလဲ.. ဒါမှမဟုတ်...'

​ထိုအရာကို တွေးမိသည်နှင့် သူမသည် တစ်စုံတစ်ခုကို သတိရသွားပြီး မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်လိုက်ရာ သူမ၏ ဒန်တျန် အတွင်း၌ ပိုးကောင်လေး တစ်ကောင်ကို တွေ့ရှိလိုက်ရသည်။ ၎င်းမှာ နွေဦးဆောင်းဦး ပုစဥ်းရင်ကွဲ(အချိန်ဂူ ) လေး ဖြစ်သည်။

​ပိုးကောင်လေးမှာ သိပ်မကြီးဘဲ သစ်သားနှင့် သစ်ရွက်များဖြင့် ပြုလုပ်ထားသည့် လက်ရာမြောက်သော အနုပညာပစ္စည်းတစ်ခုနှင့် တူလှပေသည်။ ၎င်း၏ ဦးခေါင်းနှင့် ဝမ်းဗိုက်မှာ ညိုဝါရောင်ရှိပြီး မျက်နှာပြင်ပေါ်တွင် သစ်ပင်၏ နှစ်ပတ်ကွင်းများကဲ့သို့ အစင်းကြောင်းများ ပါရှိသဖြင့် အချိန်ကာလများစွာကို ဖြတ်သန်းလာသကဲ့သို့ ခံစားရစေသည်။

​ကျောပေါ်ရှိ အတောင်ပံများမှာ အလွန်ပင် ကျယ်ပြန့်ပြီး ကြည်လင်နေကာ သစ်ရွက်နှစ်ရွက် ထပ်ထားသကဲ့သို့ ရှိသည်။ အတောင်ပံနှစ်ဖက်စလုံးတွင် သစ်ရွက်များ၏ အကြောကဲ့သို့ ပုံစံများ ပါရှိသည်။ သို့သော် အသုံးပြုပြီးနောက်တွင်မူ သူ၏ ခန္ဓာကိုယ်မှာ သစ်သားခြောက်ကဲ့သို့ မှေးမှိန်သွားပြီး အတောင်ပံများမှာလည်း စိမ်းလန်းမှု မရှိတော့ဘဲ ညှိုးနွမ်းသော ဝါရောင်သန်းနေချေပြီ။

​ဤပုစဥ်းရင်ကွဲလေးက အချိန်ဂူ ပင် ဖြစ်သည်။

​ဖုန့်ကျိုဟွမ်က အလွန်ပင် ဝမ်းမြောက်သွားပြီး ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ ဤသည်က တကယ်ပင် အချိန်ဂူ ဖြစ်သည်။ အချိန်မြစ်အတွင်းသို့ ခြေလှမ်းလှမ်းနိုင်ပြီး အတိတ်နှင့် အနာဂတ်ကြား ကူးသန်းနိုင်သော ကမ္ဘာ့ရတနာ တစ်ခုပင် ။ ဤအရာက သူမကို ဤနေရာသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

​သို့သော် ထိုစဉ်က သူမသည် မပြည့်စုံသည့် ပစ္စည်းကိုသာ သန့်စင်ခဲ့ခြင်း ဖြစ်ရာ အဘယ်ကြောင့် ယခုအခါ ပြည့်စုံသည့်ပုံစံ ပေါ်လာသည်ကို သူမ နားမလည်နိုင်ပေ။ သို့သော် ထိုအကြောင်းကို စဉ်းစားရန် သူမတွင် အချိန်မရှိ။

​မဟာမိတ်အဖွဲ့မှ အရှင်သခင်များအားလုံး လျှို့ဝှက်စွာဖြင့် နတ်ဘုရားမီးတောက်ဂိုဏ်းကို နှိမ်နင်းရန် ထွက်ခွာမည့်နေ့မှာ သိပ်မဝေးတော့ကြောင်း သူမ မှတ်မိနေသည်။ သူမ ထင်မြင်ချက်အရဆိုလျှင် ကြီးမြတ်သော မေတ္တာရှင် အင်မော်တယ် အရှင်သခင်သည် ထိုစစ်ဆင်ရေးအတွင်း အခြားသော အရှင်သခင်များကို ထောင်ချောက်ဆင် သတ်ဖြတ်ရန် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ပေလိမ့်မည်။

​ထိုအချိန်ကျမှ လူသားမဟာမိတ်အဖွဲ့မှ ထိပ်တန်းအရှင်သခင်များအားလုံး သေဆုံးကုန်ကြမည်ဖြစ်ရာ ကြီးမြတ်သော မေတ္တာရှင် အင်မော်တယ် အရှင်သခင်ကို မည်သူမျှ ယှဉ်နိုင်တော့မည် မဟုတ်ပေ။ သူမ အနေဖြင့် ထိုစစ်ဆင်ရေးကို မဖြစ်မနေ တားဆီးရမည် ဖြစ်သလို မဟာမိတ်အဖွဲ့မှ ထိပ်တန်းပညာရှင်များကိုလည်း ကာကွယ်ရမည် ဖြစ်သည်။

​ထို့နောက်မှ သူမ၏ အဖွားဖြစ်သူနှင့် အခြားသော အရှင်သခင်များကို ဖျောင်းဖျပြီး ကြီးမြတ်သော မေတ္တာရှင်အင်မော်တယ် အရှင်သခင်နှင့် သူ၏ ဖခင်တို့ကို အတူတူ သုတ်သင်ကာ ဘေးအန္တရာယ်ကို ကာကွယ်ရချေမည် ။

​'ဒါပေမဲ့ အဲ့ အရှင်သခင်နဲ့ သူ့အဖေက နှစ်ယောက်စလုံး အရှင်သခင်တွေ ဖြစ်နေတာပဲ.. ဂူဝူချန်းဆိုရင် မဟာမိတ်အဖွဲ့အတွက် အများကြီး အမှုထမ်းခဲ့ပြီး အဆင့်အတန်းကလည်း အရမ်းမြင့်တယ် ..ငါ့ စကားတစ်ခွန်းတည်းနဲ့တော့ သူတို့က ယုံကြမှာ မဟုတ်ဘူး..'

​ထိုသို့ တွေးမိသည့်အခါ ဖုန့်ကျိုဟွမ်မှာ ခေါင်းခဲသွားရပြန်သည်။ ယခင်ကဆိုလျှင် ပြိုက်ဘက်ကင်း ပါရမီရှိသည့် ထိုလူငယ်နှင့် မဟာစစ်သူကြီး တစ်ဦးဖြစ်သည့် ဂူဝူချန်းတို့က ဤကဲ့သို့ ယုတ်မာသော အမှုများကို လုပ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားခဲ့ကြမည် မဟုတ်ပေ။ ထို့အပြင် ဤစစ်ဆင်ရေးမှာ ဥက္ကဋ္ဌ လေးဦးစလုံးက သဘောတူထားပြီး အပြည့်အစုံ ပြင်ဆင်ထားပြီး ဖြစ်သဖြင့် သူမ ဘာပြောပြော ရပ်တန့်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

​အမှန်စင်စစ် နတ်ဘုရားမီးတောက်ဂိုဏ်းမှာ မဟာမိတ်အဖွဲ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။ အဆုံးသတ်တွင်လည်း ထိုဂိုဏ်းမှာ ပျက်စီးသွားခဲ့ရသည် မဟုတ်ပါလော။ မဟာမိတ်အဖွဲ့က ကြီးမြတ်သော မေတ္တာရှင် အင်မော်တယ်အရှင်သခင်၏ အစီအစဉ်ကို လက်ခံခဲ့ခြင်းမှာ အရှေ့ဘက်မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဝူယုံ၏ တွက်ချက်မှုများကြောင့်လည်း ပါဝင်ပေသည်။

​'အချိန်ဂူရဲ့ လျှို့ဝှက်ချက်ကို ပြောပြလိုက်ရင်ကော..'

​ဖုန့်ကျိုဟွမ်၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး စဉ်းစားနေမိသည်။ သူမသည် အချိန်ဂူ၏ လျှို့ဝှက်ချက်ကို ပြောပြပြီး သူမကိုယ်သူမ ပြန်လည်မွေးဖွားလာသူဖြစ်ကြောင်း ကြေညာလိုက်ပါက သူမ၏ အဖွားနှင့် အခြားဥက္ကဋ္ဌများမှာ သူမကို ယုံကြည်ကြပေလိမ့်မည်။

​သို့သော် အချိန်ဂူမှာ ကမ္ဘာ့အံ့ဖွယ်ပစ္စည်း တစ်ခုဖြစ်ပြီး စိတ်ကူးမယဉ်နိုင်လောက်သော စွမ်းအားများ ရှိပေသည်။ ၎င်း၏ တန်ဖိုးမှာ နတ်ဘုရားလက်နက် ဖြစ်သည့် ကောင်းကင်ပိတ်ဆို့မျှော်စင်နှင့် ယှဉ်နိုင်သလို ထိုထက်ပင် သာလွန်နိုင်သေးသည်။ ထိုအရာကို မြင်တွေ့ပါက မည်သူမျှ စိတ်မလှုပ်ရှားဘဲ နေနိုင်မည် မဟုတ်ပေ။ မဟာမိတ်ဥက္ကဋ္ဌ လေးဦးစလုံးတွင် တစ်ကိုယ်ကောင်းစိတ် မရှိဟု မည်သူကမှ အာမမခံနိုင်ချေ။

​အနည်းဆုံးတော့ သူမတွင် အချိန်ဂူ ရှိနေသည့် လျှို့ဝှက်ချက် ပေါက်ကြားသွားပါက သူမသည် ထိုပိုးကောင်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားနိုင်ပေသည်။

'​ဒါပေမဲ့ ..ဒါပေမဲ..မဟာမိတ်အဖွဲ့တစ်ခုလုံးကို ကယ်တင်ဖို့နဲ့ ဒုက္ခပင်လယ်ကနေ လွတ်မြောက်ဖို့ဆိုရင် အချိန်ဂူကို ဆုံးရှုံးရမယ်ဆိုရင်တောင် ငါ လုပ်ရမှာပဲ..'

​ဖုန့်ကျိုဟွမ်သည် လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် သူမ၏ အဝတ်အစားများကို လဲလှယ်ကာ သူမ၏ အဖွားဖြစ်သူ အမ်မာတာရက်စ်ထံသို့ ထွက်ခွာသွားတော့သည်။ ပထမဆုံး အနေဖြင့် သူမ၏ အဖွားကို ဖျောင်းဖျပြီးနောက် အခြားသော အရှင်သခင်များနှင့် ပူးပေါင်းကာ ကြီးမြတ်သော မေတ္တာရှင် အင်မော်တယ် အရှင်သခင်ကို အတူတူ ကွပ်မျက်ရမည် ဖြစ်သည်။

All Chapters