← Chapters

ကောင်းကင်ရေတွင်း ပွင့်လာခြင်း

Vol. 40 Ch. 394

ကောင်းကင်ရေတွင်း ပွင့်လာခြင်း

Vol. 40 Ch. 394

ယခင်က ရွှေရောင်အမြုတေတွင် နဂါးနှင့်ကျားသာ ရှိခဲ့သည်။

ယခုတော့ ရွှေနဂါး၏ ဘေးကပ်လျက်တွင် အူတက်မတတ် ရယ်မောနေသော တောဝက် တစ်ကောင် ရှိနေ၏။

ထိုတောဝက်က တန်ခန်းဆိုသည်မှာ အသေအချာပင်။

သွေးပယင်းတောင်သခင်နှင့် ယှဉ်လိုက်လျှင် သူ့ပုံစံက လေးနက်မှု၊ ရိုသေလေးစားမှု လုံးဝ မရှိနေပေ။

ချန်ဟွိုက်အန်က ရွှေရောင်အမြုတေ အတွင်းသို့ လှမ်းကြည့်လိုက်ရာ ရှေးကာလက မြင်ကွင်းတစ်ခုကို ဝေဝါးဝါး မြင်လိုက်ရသည်။ မိစ္ဆာတစ်သောင်း အရိုအသေ ပေးနေကြခြင်းပင်။ တန်ခန်းက အမှန်တကယ်ပင် ဘိုးဘေးနဂါးကြီး၏ဘေးနား ရပ်နေပြီး လူအုပ်ထဲမှ ရယ်စရာကောင်းသော မိစ္ဆာတစ်ကောင်ကို လက်ညှိုးထိုးကာ အားပါးတရ ရယ်မောနေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

ကံဆိုးသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါများ ဆင်းသက်လာကတည်းက ထိုမြင်ကွင်းမျိုး လုံးဝ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်နိုင်၏။

ချန်ဟွိုက်အန်က နေရာလွတ်မှ ထွက်လာခဲ့သည်။ လီချင်းရန်က အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်နေခဲ့သည်။ ဆရာဖြစ်သူ ထွက်လာသည်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူက အလျင်စလို ချဉ်းကပ်လာခဲ့သည်။

"ဆရာ၊ စကားပြောတာ ဘယ်လိုနေလဲ။"

လီချင်းရန်က ချန်ဟွိုက်အန်၏ အနောက်ဘက်သို့ ကြည့်လိုက်သော်လည်း မိစ္ဆာ၏ အရိပ်အယောင်ကို မတွေ့ရပေ။ "တန်ခန်းရော ဘယ်မှာလဲ။"

"တန်ခန်းလား။" ချန်ဟွိုက်အန်က အလိုအလျောက်ပင် သူ၏ ဒန်တျန်း အတွင်းသို့ လှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "သူက ဒီမိစ္ဆာချိပ်ပိတ်မျှော်စင်ရဲ့ ပိုင်ရှင်လေ။ ငါတို့ ပစ္စည်းလွှဲပြောင်းရေးကိစ္စ ဆွေးနွေးပြီးတော့ သူ ပြန်သွားပြီ။"

မိမိ၏ တာဝန်ကို သိရှိလိုက်ကတည်းက ရှေ့ဆက်ရမည့်လမ်းသည် အခက်အခဲများနှင့် အန္တရာယ်များသာ ဖြစ်ကြောင်း ချန်ဟွိုက်အန် သိထားခဲ့သည်။

အချိန် ကုန်ဆုံးလာနေလေပြီ။ တက်လှမ်းသူများက မိစ္ဆာချိပ်ပိတ်မျှော်စင်ကို ဆက်လက် တိုက်ခိုက်ပြီး ကောင်းကင်ရေတွင်းကို ဖွင့်ရန် ကြိုးစားကြလိမ့်မည်။

ထို့ပြင် သူက ကျန်နေသော မျှော်စင်(၈)ခုကို ဝင်ပြီး အထဲရှိ မြင့်မြတ်သားရဲများနှင့် တွေ့ဆုံရပေဦးမည်။

ဒီလုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ ငါ သတိကြီးကြီးထားပြီး လျှောက်လှမ်းရမယ်။ အထူးသဖြင့် တက်လှမ်းသူတွေဘက်က သံသယမဝင်စေဖို့အတွက် ဂိုဏ်းရဲ့ ဆင့်ခေါ်မိန့် အသုံးပြုတာမျိုး ရှောင်ရမယ်။

လုံးဝ လိုအပ်လာတာမျိုး မဟုတ်ရင် စုချီနျန်နဲ့ တခြားသူတွေကို ထပ်ပြီး ဆင့်ခေါ်လို့ မရဘူး။

ကျန်းမုန့်ချူးလိုမျိုး ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဆင့်က လူတစ်ယောက်လို အလွန်အမင်း စွမ်းအားကြီးမားတဲ့ အင်အားစုတွေက အရမ်း အန္တရာယ်များလွန်းတယ်။

တကယ်လို့ တက်လှမ်းသူတွေရဲ့ နောက်ကွယ်က အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သတ္တဝါတွေသာ ဒီလို စွမ်းအားမျိုးကို သတိထားမိပြီးတော့ ငါ့ဆီကို ခြေရာခံမိသွားရင်၊ ဘိုးဘေးနဂါးကြီးရဲ့ အစီအစဉ် တစ်ခုလုံး မစတင်ခင်မှာတင် ပြိုလဲသွားလိမ့်မယ်။

ငါ ဒီအန္တရာယ်တွေကို ကာကွယ်ဖို့ အနေနဲ့ လီချင်းရန်ကို အသိမပေးဘဲ ဖုံးကွယ်ထားခဲ့တာ။

တကယ်လို့ မီးခိုးရောင် ချီစွမ်းအင်က သူ့ဆီကိုပါ ကူးစက်သွားရင် ငါက သူမကို ဒုက္ခပေးသလို ဖြစ်မသွားဘူးလား။

"ဪ၊ နားလည်ပါပြီ။" လီချင်းရန်က သူ့ကို လုံးဝ သံသယမဝင်ခဲ့ပေ။ သူက ဆရာဖြစ်သူကို စူးစမ်းလိုစိတ်များဖြင့် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။

"ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ။" ချန်ဟွိုက်အန်က မေးလိုက်သည်။

"ဆရာ၊ ဆရာ ပြောင်းလဲသွားပြီ" လီချင်းရန်က မေးစေ့ကို တွေးတောနေရင်း ပွတ်သပ်လိုက်သည်။ "အခုဆို ဆရာက ဓားတစ်လက်လိုမျိုး ခံစားနေရတယ်။"

"ကျွန်မတို့ ချင်းယွန်ဘုံမှာတုန်းကဆို ဆရာ့ရဲ့ ကိုယ်ပွားကတောင် အဲဒီလို ခံစားချက်မျိုး ပေးခဲ့တာ။ ဒါပေမဲ့ အခု ဆရာ့ရဲ့ တကယ့်ခန္ဓာကိုယ်က အရမ်းကို ပိုအားကောင်းနေတယ်။ ဆရာက ဒါကြောင့် တကယ့်အစစ်အမှန် ဖြစ်နေတာပဲ။" သူ၏မျက်လုံးများ တောက်ပသွားပြီး ချန်ဟွိုက်အန်၏ လက်မောင်းကို ဖက်တွယ်ကာ လေးစား အားကျစွာဖြင့် ပြောလိုက်သည်၊

"ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက ဆရာ့ရဲ့ ကျင့်စဉ်ကို ဖိနှိပ်ထားလို့ ဆရာက ရွှေရောင်အနှစ်စာရ အဆင့်မှာပဲ ရှိနေရင်တောင်မှ ဓားပညာအပေါ် ဒီလောက် နက်ရှိုင်းတဲ့ နားလည်မှုကို ပြသနိုင်သေးတယ်ဆိုတော့ ဒါက အံ့ဩစရာပဲ။"

"အင်း..." ချန်ဟွိုက်အန် တစ်ခဏမျှ ရပ်တန့်သွားသည်။

သူ ဓားလမ်းစဉ်ကို ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့ကြောင်း ပြောပြတော့မည် ဖြစ်သော်လည်း ယခုအခါ သူ ရှင်းပြနေရန်ပင် မလိုအပ်တော့ပေ။

စိတ်ကူးယဉ်ဆန်တဲ့ တပည့်တစ်ယောက် ရှိတာက သိပ်ကောင်းတာပဲ။ လှည့်စားဖို့အတွက် အများကြီး ကြိုးစားနေစရာ မလိုတော့ဘူး။

တစ်ချိန်တည်းမှာပင် ဤကမ္ဘာ၏ ဝင်စားခြင်း ကိစ္စများကို လီချင်းရန် မရိပ်မိအောင် ကိုင်တွယ်ဖြေရှင်းရန် သူ ပိုပြီး ယုံကြည်မှု ရှိလာခဲ့သည်။

တစ်နေ့နေ့တွင် သူ ချင်းယွန်ဘုံကို ဆင်းသက်၍ မရတော့လျှင်ပင် လီချင်းရန်က သူ့ဘာသာ ယုတ္တိရှိ‌သော ရှင်းပြချက်တစ်ခုကို ဖန်တီးပေးလိမ့်မည်။

တန်ခန်း မိစ္ဆာချိပ်ပိတ်မျှော်စင်၏ ကိုးထပ်မြောက်အတွင်းသို့ လုံးဝ ပျောက်ကွယ် သွားပြီးနောက်…

ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ရှေ့တွင် တံခါးအသစ်တစ်ချပ် ပေါ်လာခဲ့သည်။

ထိုတံခါးက နေထွက်သော တောင်ထွတ်အပေါ် တည့်တည့်တွင် တည်ရှိသည်။ ချန်ဟွိုက်အန်က လီချင်းရန်ကိုခေါ်ပြီး ဖြတ်သွားလိုက်ရာ ၎င်းက မျှော်စင်အပြင်ဘက်ကို ရောက်သွားခြင်း မဟုတ်ကြောင်း တွေ့လိုက်ရ၏။ ထိုအစား သူတို့က တကယ့် စစ်မှန်သော မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲ ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။

လေထုထဲတွင် မီးလောင်ထားသော အမွေးအမှင်နံ့များ ပြည့်နှက်နေပြီး၊ သူတို့၏ ပတ်ပတ်လည်တွင် မတူညီသော စွမ်းအားအဆင့်များ ရှိ‌နေသည့် မိစ္ဆာအုပ်စုများ သိပ်သည်းစွာ ရှိနေသည်။

တစ်ချိန်တည်းမှာပင် ချန်ဟွိုက်အန်က စစ်မှန်သော ကောင်းကင်ရေတွင်းကို မြင်လိုက်ရသည့်အပြင် ၎င်း၏ ပတ်ပတ်လည်တွင် မိစ္ဆာများ၏ တိုက်ခိုက်ခြင်းကို ခံနေရသော တက်လှမ်းသူများကိုပါ မြင်တွေ့လိုက်ရသည်။

၎င်းက ကောင်းကင်ယံကို တည့်တည့် ပန်းထွက်နေသော စိတ်ဝိညာဉ်ချီစွမ်းအင်များ ပြည့်နေသည့် ဧရာမ ရေတွင်းကြီးတစ်ခုဖြစ်ပြီး အနည်းဆုံး ပေတစ်ရာခန့် ကျယ်ဝန်း၏။

၎င်းမှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်ချီစွမ်းအင်မှာ အလွန် သိပ်သည်းလွန်းသဖြင့် ချင်းယွန်ဘုံရှိ ဂိုဏ်းများအတွင်းမှ မြင့်မြတ်နယ်မြေများနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။

ရေတွင်းဝ၏ အထက်တွင် လွင့်မျောနေသည်မှာ ဧရာမ ကျောက်စိမ်းဖြူ ကျောက်တိုင်ကြီး တစ်ခုဖြစ်ပြီး အဖြူရောင် အမွေးများနှင့် ကျားအစင်းများရှိသော ဧရာမ မျောက်ဝံကြီးကို ထွင်းထုထားသည်။ ထိုကျောက်တိုင်ကြီးကြောင့်သာ စိတ်ဝိညာဉ် ချီစွမ်းအင်များကို မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲ ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်၏။

စိတ်ဝိညာဉ်ချီစွမ်းအင်များက ကျောက်တိုင်ကို ရိုက်ခတ်သွားတိုင်း ၎င်းတို့က စိတ်ဝိညာဉ် အရည်အဖြစ် အရည်ပျော်ပြီး ရေတွင်းထဲသို့ ပြန်လည် စီးဆင်းသွားသည်။

"ဒါ တန်ခန်းပြောတဲ့ အောက်ပိုင်း ကိုးထပ်ပဲ ဖြစ်ရမယ်။ ဒါဆို ရေတွင်းကို ဖိနှိပ်ထားတာ တန်ခန်း မဟုတ်ဘဲ အောက်ထပ်က ကြမ်းကြုတ်သားရဲ ကျူးယန်ပဲ..." ချန်ဟွိုက်အန်က ကျောက်စိမ်းဖြူ ကျောက်တိုင်ကြီးကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို တွန့်လိုက်သည်။

မျှော်စင်ထဲ မဝင်ခင်က မိစ္ဆာချိပ်ပိတ်မျှော်စင်တွင် အထပ်ခွဲခြားမှုများ ရှိလိမ့်မည်ဟု သူ ယူဆထားခဲ့သည်။

စစ်ဆေးရေးဂိတ်များကို ဖြတ်ကျော်ရသလိုမျိုး အထပ်တိုင်းကို ခေါင်းဆောင်အဆင့် မိစ္ဆာတစ်ကောင်က စောင့်ကြပ်နေပြီး၊ အထပ်မြင့်လေလေ ပိုသန်မာပြီး ပိုများပြား လေလေ ဖြစ်မယ် ဟူ၍ပင်။ သို့သော် ယခုတော့ တန်ခန်း၏ ထိန်းချုပ်မှုအောက်ရှိ မျှော်စင်က ဖရိုဖရဲဖြစ်နေသော နေရာလွတ်တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်ကို သူ သဘောပေါက်လိုက်၏။

၎င်းမှာ ဝမ်ရှိုယီ လွှတ်လိုက်သော အယောက်နှစ်ဆယ်စီပါသည့် တက်လှမ်းသူ နှစ်ဖွဲ့က အဘယ်ကြောင့် ထိုမျှ ကွဲပြားခြားနားသော ရလဒ်များ ရခဲ့ကြောင်းကို ရှင်းပြနေသည်။

တစ်ယောက်ယောက်က လုံခြုံသောနေရာကို ရောက်သွားမလား သို့မှမဟုတ် အန္တရာယ်နေရာကို ရောက်သွားမလား ဆိုသည်က လုံးဝ ကျပန်း ဖြစ်သည်။ တန်ခန်းက တိုက်ရိုက် ဝင်မစွက်ဖက်ဘူး ဆိုရင်ပေါ့။

ပထမအဖွဲ့က အန္တရာယ်ထဲကို ချက်ချင်း ရောက်မသွားခြင်း ဖြစ်နိုင်၏။

ဒုတိယအဖွဲ့ကတော့ ကံမကောင်းခဲ့။ မိစ္ဆာအသိုက်ထဲကို တည့်တည့် ပြုတ်ကျသွားပြီး အပိုင်းပိုင်း ဆွဲဖြဲခံလိုက်ရသည်မှာ သေချာသည်။

"ဆရာ၊ ကျောက်ရင်းနဲ့ တခြားသူတွေ အန္တရာယ်ရှိနေပြီ။ ကျွန်မတို့ သွားရမယ်။"

လီချင်းရန်က ဝန်းရံခံထားရသော တက်လှမ်းသူများထဲတွင် ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့ကို မြင်တွေ့လိုက်သည်။ သူက ချန်ဟွိုက်အန်ကို ကောင်းကင်ရေတွင်း ရှိရာသို့ အလျင်စလို ဆွဲခေါ်သွားခဲ့သည်။

သူတို့ ဖြတ်သွားသော နေရာတိုင်းတွင် မိစ္ဆာများက လမ်းဖယ်ပေးကြ၏။ မြန်မြန် မရွှေ့နိုင်သောကောင်များကတော့ လီချင်းရန်၏ဓားနှင့် အခုတ်ခံလိုက်ရသည်။

တက်လှမ်းသူများက ရန်သူများဖြစ်ပြီး မိစ္ဆာများက မဟာမိတ် တစ်ပိုင်းများ ဖြစ်သည်။ ချန်ဟွိုက်အန်သည် အစကတည်းက တက်လှမ်းသူများကို ကူညီပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သို့သော် သူက သူ၏ကိုယ်ပိုင်လူများကိုတော့ ဤအတိုင်း ပစ်ထားခဲ့မည် မဟုတ်။

သို့သော် သူနှင့် လီချင်းရန်တို့ ရောက်ရှိလာပြီး မိစ္ဆာများရှေ့တွင် ရပ်လိုက်သည့် အခိုက်အတန့်တွင်…

မိစ္ဆာများအားလုံး တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြသည်။

ကောင်းကင်ရေတွင်း၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် တိတ်ဆိတ်မှု လွှမ်းမိုးသွား၏။

မိစ္ဆာများက ဒီရေကျသလို အပြင်ဘက် ပတ်လည်သို့ ဆုတ်ခွာသွားကြပြီး နောက်ဆုံးတွင် မီတာဒါဇင်ပေါင်းများစွာ အကွာ၌ ရပ်တန့်သွားကြသည်။

သူတို့က ရှုပ်ထွေးသော အမူအရာများဖြင့် စိုက်ကြည့်နေကြပြီး ၎င်းက ချန်ဟွိုက်အန်၏ ရင်ထဲတွင် ရောထွေးနေသော ခံစားချက်များကို ဖြစ်ပေါ်စေခဲ့သည်။

"မိစ္ဆာတွေ... ရပ်သွားပြီလား။ ဘာတွေဖြစ်နေတာလဲ။"

"ဘယ်သူ ဂရုစိုက်မလဲ။ ဒါ ငါတို့ အခွင့်အရေးပဲ။"

ပြင်းထန်သော ဖိအားအောက်တွင် အသက်လုရှူနေရသော တက်လှမ်းသူများက တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။

သို့သော် သူတို့ မည်သည့် မှော်ပညာ သို့မဟုတ် လက်နက်များကို အသုံးပြုသည်ဖြစ်စေ၊ မိစ္ဆာများက လှုပ်မသွားကြပေ။ သူတို့က ထိုနေရာတွင် ရပ်နေပြီး အတိုက်ခံနေကြသည်။

သူတို့၏ မျက်လုံးများတွင် မျှော်လင့်ချက်၊ ပြတ်သားမှုနှင့် ဝေဝါးသော ထုံထိုင်းမှုများ ပါဝင်နေ၏။

တန်ခန်းက ၎င်း၏ ဝိညာဉ်အနှစ်သာရကို စတေးလိုက်ချိန်တွင် မိစ္ဆာများက နဂါးဝိညာဉ် ရွေးချယ်ထားသူမှာ မည်သူဖြစ်ကြောင်း သိရှိနေပြီ ဖြစ်သည်။

သူတို့က နဂါးဝိညာဉ် ရွေးချယ်ထားသူကို ဘယ်လိုလုပ်ပြီး အန္တရာယ် ပေးနိုင်မှာလဲ။

သို့သော် သူတို့က သူ့ကို မတိုက်ခိုက်ဘဲ တက်လှမ်းသူများကိုသာ တိုက်ခိုက်နေလျှင် ချန်ဟွိုက်အန်၏ အဆင့်အတန်းကို ဖော်ထုတ်လိုက်သလို ဖြစ်သွားလိမ့်မည်။

ထို့ပြင် ထိုအခိုက်အတန့်တွင် ချန်ဟွိုက်အန် ကိုယ်တိုင်လည်း သူတို့ကို ကာကွယ်ပေးရန် လှုပ်ရှား၍ မရနိုင်ပေ။

သူတို့ ထိုအတိုင်းသာ ရပ်နေလျှင် တက်လှမ်းသူများ၏ သတ်ဖြတ်ခြင်းကိုသာ ခံရပေလိမ့်မည်။

ကျောက်ရင်းတို့လို လူများနှင့် သူ၏ကိုယ်ပိုင်တပည့် လီချင်းရန်၏ လက်ချက်ဖြင့်ပင်။

နဂါးဝိညာဉ် ရွေးချယ်ခံထားသူက ပုန်းကွယ်နေရမည်။

ချန်ဟွိုက်အန်နှင့် မိစ္ဆာများအားလုံးက ၎င်းကို နားလည်ထားကြ၏။

ထို့ကြောင့် နောက်ဆုံး မိစ္ဆာတစ်ကောင် ကျန်သည်အထိ ဤနေရာ၌ သေသွားရမည် ဆိုလျှင်ပင် သူတို့က ထိုလျှို့ဝှက်ချက်ကို အဆုံးအထိ ကာကွယ်ပေးရမည် ဖြစ်သည်။

လီချင်းရန်သည် မူလက တက်လှမ်းသူများနှင့် ပူးပေါင်း၍ မိစ္ဆာများ၏ အင်အားကို လျှော့ချရန် စီစဉ်ထားခဲ့သည်။ သို့သော် သူ၏ဆရာ မလှုပ်ရှားသည်ကို မြင်သောအခါ သူလည်း ဓားကို ပြန်သိမ်းလိုက်ပြီး ချန်ဟွိုက်အန်၏ ဘေးနားတွင် ရပ်ကာ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။

ဆရာ မလှုပ်ရင် ငါလည်း မလှုပ်ဘူး။ လှုပ်ရှားဖို့ မပြောသရွေ့ပေါ့။

ကံကောင်းထောက်မစွာဖြင့် ဤနာကျင်ဖွယ်ကောင်းသော အခိုက်အတန့်မှာ ကြာကြာ မခံခဲ့ပေ။

ဝုန်း…

မိုးကြိုးသံလို ဟိန်းဟောက်သံကြီးတစ်ခု ကောင်းကင်ရေတွင်းထဲမှ ပေါက်ကွဲထွက် လာခဲ့သည်။

ထိုအသံကြောင့် မိစ္ဆာများ လန့်သွားပြီး တက်လှမ်းသူများလည်း ရပ်တန့်သွားခဲ့ရ၏။

လူတိုင်းက ရေတွင်းဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ရေတွင်းကို ဖိနှိပ်ထားသော ကျောက်တိုင်၊ ကျူးယန်၏ ကျောက်တိုင် အပိုင်းပိုင်းအစစ ကွဲအက်သွားပြီး ရေတွင်းထဲသို့ ပြုတ်ကျသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

အချိန်အကြာကြီး ဖိနှိပ်ခံထားရသော စိတ်ဝိညာဉ်ချီစွမ်းအင်များက ပထမဆုံးအကြိမ် ကောင်းကင်ယံသို့ ပန်းထွက်သွားပြီး မိစ္ဆာချိပ်ပိတ်မျှော်စင်၏ အမိုးကို ဖောက်ထွက်ကာ အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်သို့ တည့်တည့် ပစ်လွှတ်လိုက်တော့သည်။

All Chapters