← Chapters

သွေးကြွေးဆပ်ရန်လာခြင်း

Vol. 40 Ch. 397

သွေးကြွေးဆပ်ရန်လာခြင်း

Vol. 40 Ch. 397

"ငါ အကြိမ်တစ်ထောင်မက ပြောပြီးပြီ။ ဒီကျားမိစ္ဆာ နှစ်ကောင်က စီနီယာပိုင်တာလို့။ မင်းတို့ထဲက ဘယ်သူကမှ ဘာလို့ ငါပြောတာကို အလေးအနက် မထားကြတာလဲ။"

လူအုပ်ထဲတွင် ဝမ်ရှိုယီ၏ မျက်နှာက ဒေါသကြောင့် နီရဲနေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။

သူ၏အရှေ့တွင် ဒူးထောက်နေသူများမှာ တုန်ရီနေသော တက်လှမ်းသူ နှစ်ဦးဖြစ်သည်။ ကျားပေါက်လေးများကို စောင့်ကြပ်ရန် တာဝန်ပေးခံရသူ နှစ်ဦးပင်။

"ဘာတွေဖြစ်နေတာလဲ။"

ချန်ဟွိုက်အန်က လီချင်းရန်နှင့်အတူ လူအုပ်ထဲသို့ တိုးဝင်လာခဲ့သည်။

သူ ပထမဆုံး မြင်လိုက်ရသည်မှာ ဒေါသထွက်နေသော ဝမ်ရှိုယီ၊ ဖြူရော်နေသော မျက်နှာဖြင့် ဒူးထောက်နေသော တက်လှမ်းသူ နှစ်ဦးနှင့် မြေပြင်ပေါ်တွင် ပြုတ်ကျနေသော မိစ္ဆာချည်နှောင်ကြိုး နှစ်ချောင်းတို့ပင်…

တစ်ချိန်က ထိုနေရာတွင် ချည်နှောင်ထားခဲ့သော ကျားပေါက်လေးများကို လုံးဝ မတွေ့ရတော့ပေ။

"စီနီယာ၊ ကျွန်တော် တောင်းပန်ပါတယ်။"

ဝမ်ရှိုယီက ချန်ဟွိုက်အန်ထံသို့ လျှောက်လာသည်။ သူ၏ နှုတ်ခမ်းများ တွန့်လိမ်သွား ပြီးနောက် လက်ကို မြှောက်ကာ သူ့ကိုယ်သူ ပါးရိုက်လိုက်သည်။

ဖြန်း…

တီးတိုးပြောဆိုနေသော လူအုပ်ကြီး ချက်ချင်း တိတ်ဆိတ်သွားသည်။

ချန်ဟွိုက်အန်က မိမိ၏ ပခုံးပေါ်တွင် ပါ့ကျီ ဒေါသထွက်နေသည်ကိုပင် သတိမထား မိလိုက်ပေ။

ဒုတိယအချက် ရိုက်ရန် လက်ကို မြှောက်လိုက်သော ဝမ်ရှိုယီ၏လက်ကို သူက အလျင်အမြန် ဖမ်းဆုပ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်၊

"ညီလေးဝမ်၊ ဒီလိုလုပ်စရာ မလိုပါဘူး။ ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြ။ ငါတို့ အတူတူ ဖြေရှင်းကြတာပေါ့"

"စီနီယာ... စီနီယာ သဘောကျနေတဲ့ အဲဒီကျားမိစ္ဆာ နှစ်ကောင်ကို ကျွန်တော့်ရဲ့ စီနီယာအစ်ကိုက ယူသွားပြီ။ အရှင်မအတွက် မွေးနေ့လက်ဆောင်အနေနဲ့ ဝိညာဉ်အရက် ချက်ဖို့ သူတို့ရဲ့ နှလုံးသားတွေကို သုံးမယ်လို့ သူက ပြောသွားတယ်..."

ဝမ်ရှိုယီက လက်သီးများကို တင်းတင်းဆုပ်ထားပြီး ခြေချောင်းများ ကွေးကောက်နေကာ မြေကြီးထဲသို့ ဝင်ပုန်းချင်နေသည့်ပုံ ပေါက်နေသည်။

သူက ချက်ချင်း ကတိပေးလိုက်၏။

"စိတ်မပူပါနဲ့။ အဲဒီ ကျားမိစ္ဆာ နှစ်ကောင် မရှိတော့ပေမဲ့ စီနီယာ့ရဲ့ မိစ္ဆာနှိမ်နင်းသူဗျူရို တံခါးစောင့်ဖို့အတွက် တစ်ပုံစံတည်းတူတဲ့ နှစ်ကောင်ကို ကျွန်တော် သေချာပေါက် ရှာပေးပါ့မယ်…"

ချန်ဟွိုက်အန်က ဝမ်ရှိုယီ၏ လက်ကို ကိုင်ထားရင်း အနည်းငယ် တောင့်တင်းသွားသည်။

သူ၏ မျက်နှာအမူအရာကလည်း မှောင်မိုက်သွား၏။

ဝမ်ရှိုယီက ကျင့်စဉ်အဆင့်တူ မိစ္ဆာများကို ရှာဖွေနိုင်မည်ဆိုသည်ကို သူ သံသယမရှိပေ။

သို့သော် ၎င်းက အဓိကအချက် မဟုတ်ပေ။

အရေးကြီးသည်မှာ ကယ်တင်ပြီးသား ဖြစ်သော ထိုကျားပေါက်လေး နှစ်ကောင်မှာ ယခု လုယူခံလိုက်ရပြီ ဆိုသည်ပင်။

ကံကြမ္မာဆိုတာ ရှောင်လွှဲလို့မရဘူးလို့ လူတွေပြောတာ ဒါကို ဆိုလိုတာလား။

"မင်းရဲ့ စီနီယာအစ်ကိုဆီ ငါ့ကို ခေါ်သွားပေး…"

ချန်ဟွိုက်အန်၏ မျက်လုံးများ အေးစက်သွားသည်။

ငါ ချန်ဟွိုက်အန်က အဲဒီ “ကံကြမ္မာ” ဆိုတာ ပြောင်းလဲလို့မရဘူး ဆိုတာကို ကြည့်ချင်သေးတယ်။

"စီနီယာ၊ စီနီယာက..." ဝမ်ရှိုယီက နှုတ်ခမ်းကို ကိုက်ကာ တုံ့ဆိုင်းနေသည်။

မူလက ပြဿနာနည်းလေ ကောင်းလေဟု သူ တွေးထားခဲ့သည်။

ကျားပေါက်လေးများ မရှိတော့သော်လည်း သူ အစားထိုး ရှာပေး၍ ရပေသည်။

သူတို့ဘက်က အမှားတစ်ခု ဖြစ်ခဲ့သော်လည်း ပြဿနာ ကြီးကြီးမားမား မဟုတ်ပေ။

မည်သို့ဆိုစေ လီပုယီက သူ၏ရာထူးအဆင့်အတန်းနှင့် တန်းတူပင်။

ထိုတက်လှမ်းသူ နှစ်ယောက်တွင် ခုခံနိုင်စွမ်း မရှိပေ။ ၎င်းက နားလည်ပေးလို့ ရသည်။

သို့သော် ယခုတော့ ကျားပေါက်လေးများကို ယူသွားခြင်းက စီနီယာကို အမှန်တကယ် ဒေါသထွက်စေခဲ့ပုံရသည်။

သူ၏စီနီယာအစ်ကိုနှင့် ရင်ဆိုင်ခြင်းကသာ ယခုပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ကောင်း ဖြစ်နိုင်၏။

"ဘာလဲ။ မင်းရဲ့ စီနီယာအစ်ကိုဆီ မခေါ်သွားနိုင်ဘူးလား။"

ချန်ဟွိုက်အန်၏ လေသံတွင် သတ်ဖြတ်လိုသော အငွေ့အသက်နှင့် အေးစက်သော ဂရုမစိုက်မှုများ ရောယှက်နေသည်။

ဝမ်ရှိုယီက ခေါင်းပေါ်တွင် ဓားတစ်လက် တွဲလောင်းကျနေပြီး အောက်သို့ ကျဆင်းလာတော့မလို ခံစားနေရသည်။ ထိုကြက်သီးထဖွယ် ဓားအသိကြောင့် သူ တံတွေးမြိုချလိုက်မိသည်။

"ရပါတယ်…"

သူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"အခုချက်ချင်း ခေါ်သွားပေးမယ်။ ဒါပေမဲ့ ကျွန်တော် ကြိုပြောထားရမယ်... ကျွန်တော့် စီနီယာအစ်ကို ထွက်သွားတာ အတော်ကြာပြီ။ အဲဒီ ကျားပေါက်လေး နှစ်ကောင် သေသွားလောက်ပြီဆိုတာ အရမ်း သေချာတယ်။ အဲဒါကြောင့်…"

"လမ်းပြစမ်း…"

ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို ဆွဲထုတ်ပြီး ဓားပေါ်သို့ တက်လိုက်သည်။

၎င်းကိုမြင်သော် ဝမ်ရှိုယီ ထပ်ပြီး စကားမပြောတော့ပေ။

သူ့ကိုယ်ပိုင်ဓားဖြင့် ကောင်းကင်ယံသို့ တက်ကာ လမ်းပြလိုက်သည်။

ကြေးခွံနက်ဓားအတွင်းတွင် ကျန်းယိပိုင်၏ ဝိညာဉ်အကြွင်းအကျန်က ချန်ဟွိုက်အန်၏ ဓားအသိ အဘယ်ကြောင့် ရုတ်တရက် အလွန် သန့်စင်သွားရသနည်း၊ စစ်မှန်သော ဓားတာအို နားလည်သဘောပေါက်မှုအထိပင် ရောက်ရှိနေသနည်းဟု မေးခွန်းထုတ်ရန် ပြင်လိုက်သည်။

သို့သော် ချန်ဟွိုက်အန် စကားပြောရန် စိတ်မပါသည်ကို အာရုံခံမိသဖြင့် ပညာရှိစွာ နှုတ်ဆိတ်နေလိုက်သည်။

...

ဓားနက်ဂိုဏ်း။

ခွန်းလွန်အင်မော်တယ်နန်းတော်၏ အဓိက လက်အောက်ခံ ဂိုဏ်းတစ်ခုအနေဖြင့်၊ ၎င်းက ပင်မနန်းတော်မှ တပည့်များအတွက် ပုံမှန် နားခိုရာနေရာတစ်ခု ဖြစ်သည်။

လီပုယီက ဓားနက်ဂိုဏ်း၏ ပုံမှန် ဧည့်သည်တစ်ဦး ဖြစ်သည်။

ခွန်းလွန်အတွင်းတွင် သူက အရှင်မ၏ တိုက်ရိုက်တပည့် ဖြစ်သည်။

ဓားနက်ဂိုဏ်းတွင်မူ သူ၏ အဆင့်အတန်းက ဂိုဏ်းချုပ် သို့မဟုတ် အကြီးအကဲများနှင့် သိပ်မကွာခြားပေ။

"ဝိုး၊ အင်မော်တယ်လီ၊ အကြီးကြီး ရလာတာပဲ…"

"အဲဒီ ကျားမိစ္ဆာနှစ်ကောင်က တောက်ပြောင်တဲ့ အမွေးတွေနဲ့ အားကောင်းတဲ့ သွေးစွမ်းအင်တွေ ရှိတယ်။ သူတို့က သာမန် သားရဲတွေ မဟုတ်တာ သေချာတယ်။ အင်မော်တယ်လီ၊ သူတို့ကို ဘယ်ကနေ ဖမ်းလာတာလဲ…"

ဓားနက်ဂိုဏ်းမှ တပည့်များ၏ ချီးကျူးစကားများ အားလုံးကို လက်ခံရရှိသော လီပုယီက ကျေနပ်စွာ ပြုံးလိုက်သည်။

"သူတို့က မိစ္ဆာချိပ်ပိတ်မျှော်စင်ကကောင်တွေလေ။ အကောင်းစားတွေပဲ မဟုတ်လား။"

"အံ့ဩစရာ မရှိပါဘူး။ မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲက မိစ္ဆာတွေက သူတို့ရဲ့ ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ ရှေးဟောင်း သွေးမျိုးဆက်တွေ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။ စိတ်ဝိညာဉ်ချီစွမ်းအင် ပြန်နိုးထလာမှုကနေ ပေါက်ဖွားလာတဲ့ သာမန် သားရဲတွေထက် အများကြီး ပိုတန်ဖိုးရှိတယ်။ အခုတော့ သူတို့ကို ကိုယ်တိုင် မြင်လိုက်ရတာ နာမည်နဲ့ လိုက်ဖက်တာ အမှန်ပဲ။ တကယ့် ရတနာသိုက်ကြီးပဲ။"

"သေချာတာပေါ့…"

လီပုယီက လက်ခုပ်တီးလိုက်ပြီး ရုန်းကန်နေဆဲဖြစ်သော ကျားပေါက်လေး နှစ်ကောင်ကို ဂိုဏ်း၏ သိုင်းပြိုင်ကွင်း စင်မြင့်ပေါ်သို့ ပစ်ချလိုက်ကာ ဓားနက်ဂိုဏ်း အကြီးအကဲများကို လက်ယပ်ခေါ်လိုက်သည်။

"အရှင်မရဲ့ မွေးနေ့ပွဲက နောက်သုံးရက်နေရင် ရောက်တော့မယ်။ သူ့ရဲ့ တိုက်ရိုက်တပည့် တစ်ယောက်အနေနဲ့ ငါ့ရဲ့ ရိုးသားမှုကို ပြနိုင်မယ့် လက်ဆောင်တစ်ခု ပြင်ဆင်ရမယ်လေ။

သူက လောကကြီးမှာ ရှိသမျှ အရာအားလုံးကို မြင်ဖူးပြီးသားဆိုတော့၊ သူ့ကို သဘောကျစေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက စေတနာပါတဲ့ အရာတစ်ခုခုနဲ့ပဲ ရမယ်။ ဒါပေမဲ့ စေတနာပါတဲ့ အရာဆိုရင်တောင် ဖြစ်ကတတ်ဆန်း လုပ်လို့မရဘူး မဟုတ်လား။ ဒါကြောင့် ဒီကျားမိစ္ဆာ နှစ်ကောင်ရဲ့ နှလုံးသားတွေကို သုံးပြီး ဝိညာဉ်အရက် တစ်အိုး ချက်ဖို့ စီစဉ်ထားတယ်…"

ဓားနက်ဂိုဏ်းမှ တက်လှမ်းသူများသည် လီပုယီက မွေးနေ့ပွဲ ဖိတ်စာရထားသည့်အပေါ် မနာလိုဖြစ်ရုံသာမက သူတို့က ချက်ချင်းပင် မြှောက်ပင့်စကားများ ပြောဆိုလာကြသည်။

"အင်မော်တယ်လီ၊ ခင်ဗျားက ထက်မြက်ရုံတင် မကဘူး။ စဉ်းစားဉာဏ်လည်း အရမ်းရှိတာပဲ။ အရှင်မလို အတွေ့အကြုံရင့်ကျက်တဲ့ လူတစ်ယောက်တောင်မှ ခင်ဗျား ကိုယ်တိုင် ချက်ထားတဲ့ ဝိညာဉ်အရက်ကြောင့် စိတ်လှုပ်ရှားသွားမှာ သေချာတယ်။"

"အကြီးအကဲဝမ် ပြောတာ မှန်တယ်။ အင်မော်တယ်လီက ခွန်းလွန်အင်မော်တယ်န်းတော်ရဲ့ နောက်ထပ် ဂိုဏ်းချုပ် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်လို့ ကျွန်တော် ထင်တယ်။"

လီပုယီသည် သူတို့၏ ချီးကျူးမှုများတွင် သာယာနေသော်လည်း သူ၏ အဓိက တာဝန်ကို မမေ့ခဲ့ပေ။

သူက ကျားပေါက်လေး နှစ်ကောင်ကို ဓားနက်ဂိုဏ်း အကြီးအကဲများထံသို့ ခြေဖြင့် ကန်ပေးလိုက်ပြီး အမိန့်ပေးလိုက်သည်၊

"ဒီနှစ်ကောင်ကို ငါ့အတွက် ရှင်းပေး။ ငါ နှလုံးသားတွေ၊ အရိုးတွေ၊ အမြီးတွေနဲ့ သားရေတွေကို လိုချင်တယ်။ အသားတွေကိုတော့ မင်းတို့ ယူထားလိုက်။"

တက်လှမ်းသူများ အလွန် ဝမ်းသာသွားကြ၏။

ကျားသားဆိုသည်မှာ သာမန် အစားအစာ မဟုတ်ပေ။ ရွှေရောင်အနှစ်သာရအဆင့် အောက်မှ မည်သူမဆို စားသုံးလိုက်လျှင် ခိုင်မာတဲ့ သွေးစွမ်းအင်နှင့် သန်မာသော ခန္ဓာကိုယ်ကို ရရှိမည် ဖြစ်သည်။

လီပုယီက ထိုကဲ့သို့ နိမ့်ကျသော အလုပ်များနှင့် သူ့လက်ကို မညစ်ပတ်ချင်ပေ။

သူ၏အဆင့်အတန်းကို ညစ်နွမ်းစေမည်ဟု စိုးရိမ်၍ပင်။

သို့သော် သူတို့ကတော့ လုံးဝ စိတ်မဆိုးပေ။

လီပုယီအတွက် မိစ္ဆာနှစ်ကောင်ကို သတ်ပေးရခြင်းက မျှော်လင့်ထားပြီးသား ကိစ္စပင်။

ထို့အပြင် ဆုကြေးအနေဖြင့် ကျားသားကိုပါ ရမယ်ဖြစ်ရာ မည်သူက ငြင်းနိုင်မည်နည်း။

ထို့ကြောင့် ဓားနက်ဂိုဏ်း အကြီးအကဲများက ကျားပေါက်လေးများကို ဝမ်းသာအားရ သယ်သွားကြ၏။

လီပုယီကတော့ သူ့ကိုယ်သူ လုံးဝ ကျေနပ်နေပြီး သစ်ပင်အောက် ကုလားထိုင်ပေါ်တွင် အခန့်သား လှဲလျောင်းကာ နေ့လယ်ခင်း နေရောင်ခြည်ကို ခံယူနေသည်။

သူ့စိတ်တစ်ခုလုံးက အရှင်မ၏ စားသောက်ပွဲဆီကိုသာ ရောက်နေပြီး ဘယ်လို ထင်ပေါ် ကျော်ကြားအောင် လုပ်ရမလဲ၊ အကောင်းဆုံးက ဝမ်ရှိုယီကို လုံးဝ လွှမ်းမိုးသွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုသည်ကို တွေးနေ၏။

ဝမ်ရှိုယီအကြောင်း တွေးမိသည်နှင့် လီပုယီက ဒေါသကြောင့် အံကြိတ်လိုက်မိသည်။

ထို့ပြင် ထို C ပြည်နယ်က မိစ္ဆာနှိမ်နင်းသူဗျူရို အုပ်ချုပ်ရေးမှူးကောင်လည်း အတူတူပင်။

အခွင့်အရေးရရင် ငါ သေချာပေါက်...

ဂျိန်း..

ရုတ်တရက် ကောင်းကင်ယံတွင် လေနှင့် မိုးကြိုးသံများ ထွက်ပေါ်လာ၏။

၎င်းက ကျင့်ကြံသူတစ်ယောက် ဓားပျံနှင့် လေထုကို အရှိန်ပြင်းပြင်း ခွဲထွက်လာသော အသံပင်။

ဓားနက်ဂိုဏ်းအပေါ်မှ ဓားနှင့် ပျံသန်းခွင့် တားမြစ်ထာ၏။

ဂိုဏ်းပိုင်နက်ထဲ ရောက်သည်နှင့် မည်သူမဆို လမ်းလျှောက်ရပေမည်။

ထိုစည်းမျဉ်းက ဆူညံသံများကြောင့် တပည့်များ၏ ကျင့်ကြံခြင်းကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ထားရှိခြင်း ဖြစ်သည်။

စည်းကမ်းဖောက်ဖျက်သူ အနည်းအကျဉ်းကိုတော့ သည်းခံပေး၍ ရသော်လည်း လူတိုင်း တစ်နေကုန် ပျံသန်းနေကြမယ်ဆိုလျှင် ဆူညံသံ ညစ်ညမ်းမှုများသာ ဖြစ်ပေလိမ့်မည်။

သူ့လို အထူးအခွင့်အရေးများ ရှိသော လူတစ်ယောက်ပင် အရမ်းမြင့်မြင့် သို့မှမဟုတ် အရမ်းမြန်မြန် မပျံသန်းရဲပေ။

ထိုမျှလောက် ကြီးမားတဲ့ အနှောင့်အယှက်မျိုး ဖြစ်စေရန်မှာ ဝေလာဝေးပင်။

"ဘယ်ကောင်က ဒီလောက် သတ္တိရှိနေတာလဲ။"

လီပုယီ မျက်လုံးမှေးလိုက်ပြီး အဖြစ်အပျက်ကို ကြည့်ရန် မတ်တတ်ရပ်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ပုံရိပ်သုံးခုက သူ့ရှေ့တည့်တည့်တွင် ဓားများနှင့် ဆင်းသက်လာ၏။

သုံးယောက်စလုံးက ရင်းနှီးနေသော မျက်နှာများပင်။

ထိုကောင်မလေးက သူ့ကို ဓားတစ်ချက်တည်းနှင့် သတ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။

ကျန်နှစ်ယောက်က ဝမ်ရှိုယီနှင့်…

C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို အုပ်ချုပ်ရေးမှူးတို့ပင်။

သူတို့ကို မြင်လိုက်ရရုံနှင့်တင် ဒေါသများက သူ့ခေါင်းထဲ တည့်တည့် ထိုးတက်သွား၏။

သူ့မျက်နှာအမူအရာက မုန်တိုင်းထန်သလို ဖြစ်သွားသည်။

"မင်းတို့က ဓားနက်ဂိုဏ်းချုပ်ရဲ့ ပိုင်နက်ထဲကို ကျူးကျော်ရဲတယ်။ မင်းတို့ ကျူးလွန်နေတဲ့ ပြစ်မှုကို မင်းတို့ သိရဲ့လား။"

သူက ချက်ချင်းပင် စွပ်စွဲချက်ကြီး တစ်ခုကို သူတို့အပေါ် ပုံချလိုက်၏။

မမျှော်လင့်ဘဲ ဝမ်ရှိုယီက ပြန်တုံ့ပြန်ရန်ပင် ဂရုမစိုက်ခဲ့ပေ။

သူက လီပုယီ၏ မျက်နှာကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။

"လီပုယီ။ မင်းရဲ့ အရက်ကိုလည်း သောက်ဂရုမစိုက်ဘူး။"

All Chapters