အခန်း (၁၇၃၁-၁၇၃၂)
Vol. 174 Ch. 1731-1732
အခန်း (၁၇၃၁) - ရှာတွေ့ပြီ
"သူတို့ အောက်ဆင်းသွားတာ တစ်နာရီလောက် ရှိပြီမလား"
ယွန်းဖူအရှင်မြတ်က ဖားထျန်းအရှင်မြတ်၏ အနားသို့ ရုတ်တရက် တိုးကပ်သွားကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ခန့်မှန်းခြေတော့ ဟုတ်တယ်"
ဖားထျန်းအရှင်မြတ်က အသာအယာ ခေါင်းညိတ်ပြသည်။
"အချိန်ကလည်း တော်တော်ကြာနေပြီပဲ။ သူတို့ကများ အသက်ဆုံးရှုံးခံပြီးတော့တောင် သစွာရှိဖို့ ဆုံးဖြတ်ထားကြတာလား..."
ယွန်းဖူအရှင်မြတ်က မျက်မှောင်ကြုတ်လိုက်မိသည်။
"ကျွေ့မုန့်အရှင်မြတ် နဲ့ ဖေးရှီအရှင်မြတ် တို့က ဒီလောက်အထိတော့ မိုက်မဲမှာ မဟုတ်ပါဘူး"
"လူတိုင်းက မင်းလိုပဲ ထင်နေတာလား"
ဖားထျန်းအရှင်မြတ်က မရယ်ဘဲ မနေနိုင်တော့ချေ။
"ငါက ဘယ်လိုမလို့လဲ မင်းကရော ဘယ်လိုမလို့လဲမင်းက ငါ့ထက်တောင် ပိုပြီး အမြန်ဖောက်ပြန်ပြောင်းလဲသွားတာပဲကို"
ယွန်းဖူအရှင်မြတ်၏ အသံက လေးနက်သွားသည်
"ငါက ငရဲမင်းဆီမှာ အရင်ဆုံး ခိုလှုံခဲ့သလိုမျိုး လာမပြောနဲ့ဦး"
"ငါ ဘက်ပြောင်းတာက အခု မော်ထျန်းဌာန လုပ်နေတဲ့ လုပ်ရပ်တွေက ငါ့ရဲ့ ခံယူချက်တွေနဲ့ အကြီးအကျယ် ပဋိပက္ခဖြစ်နေလို့ပဲ၊ ဘက်ပြောင်းတာ သက်သက်မဟုတ်ဘူး"
ဖားထျန်းအရှင်မြတ်က အေးဆေးစွာ ဆိုသည်
"မင်းကတော့ မတူဘူးလေ၊ မင်းက သေမှာကြောက်လို့"
"ငါ... သေမှာကြောက်တော့ ဘာဖြစ်လဲ ဟဲဟဲ... ကျုပ်တို့လို အဆင့်ထိ ရောက်လာတဲ့သူတွေထဲမှာ ဘယ်သူက မသေချင်တာရှိလို့လဲ အဆင့် ၉ ပုဂ္ဂိုလ်ကြီးတွေဆိုရင် ကျုပ်တို့ထက်တောင် ပိုပြီး သေမှာကြောက်ကြဦးမယ်"
ယွန်းဖူအရှင်မြတ်က မိမိကိုယ်မိမိ ဆင်ခြေမပေးတော့ဘဲ သေမှာကြောက်သည်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တော့သည်။
ထိုသူနှစ်ဦး စကားပြောနေစဉ်မှာပင် ရုတ်တရက် ယင်လေပြင်းများ တိုက်ခတ်လာသည်။ တစ်ခဏအတွင်းမှာပင် ကျွေ့မုန့်အရှင်မြတ်နှင့် ဖေးရှီအရှင်မြတ်တို့သည် ဝိညာဉ်စစ်သည် ငါးသိန်းကျော်နှင့်အတူ ပြန်လည် ပေါ်လာကြသည်။ အရှင်မြတ်နှစ်ဦးသည် ယွန်းဖူနှင့် ဖားထျန်းတို့ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။
"မိတ်ဆွေနှစ်ယောက်... အခုတော့ ကျုပ်တို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားကြပြီပေါ့ ဟုတ်လား "
ယွန်းဖူအရှင်မြတ်က အခြေအနေကို စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"ဟုတ်တယ်"
ဖေးရှီအရှင်မြတ်က အေးစက်စက် ပြန်ဖြေသည်။
"ကျွန်မတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီဆိုပေမဲ့ နောက်ပိုင်းကျရင် ရှင်တို့နှစ်ယောက် ကျွန်မတို့နဲ့ လာစကားမပြောပါနဲ့ဦး"
ကျွေ့မုန့်အရှင်မြတ်က ဒေါသတကြီး ပြောလိုက်ပြီးနောက် ယွန်းဖူနှင့် ဖားထျန်းတို့ကို အမှန်ပင် လှည့်မကြည့်တော့ဘဲ ဖေးရှီအရှင်မြတ်နှင့်သာ စကားပြောနေတော့သည်။
ယွန်းဖူအရှင်မြတ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ မိမိကိုယ်မိမိ လှောင်ပြုံးပြုံးရင်း စကားဆက်မပြောတော့ချေ။ ထို့နောက်တွင် အရှင်မြတ်လေးပါးသည် ဝိညာဉ်စစ်သည် တစ်သန်းကျော်ကို ဦးဆောင်လျက် စောင့်ဆိုင်းနေကြပြန်သည်။ သို့သော် ယခုတစ်ခေါက် သူတို့ စောင့်ဆိုင်းနေသည့် ပုဂ္ဂိုလ်မှာမူ ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။
မီးဝိညာဉ်ချိုင့်ဝှမ်း အတွင်းသို့ ကျင့်ကြံသူများ ပိုမို ရောက်ရှိလာကြသည်။ မင်ဝမ်ကြယ် ပေါ်ရှိ အရှိန်အဝါရှိသော ပုဂ္ဂိုလ်ကြီးများအားလုံးနီးပါးသည် သူတို့၏ မျိုးဆက်သစ်များကို ခေါ်ဆောင်ကာ အခမ်းအနားကို လာရောက်ကြည့်ရှုကြသည်။
ယခုတစ်ခေါက် အခမ်းအနားမှာ ကြည့်ရှုရုံသက်သက် မဟုတ်တော့ဘဲ သစ္စာခံမှု ပြသခြင်းလည်း ဖြစ်သည်။ လာရောက်သူအားလုံးသည် မိစ္ဆာမဟာမိတ်အဖွဲ့ ကို အသိအမှတ်ပြုကြောင်း ပြသရာရောက်သည်။ တကယ်လို့ မလာခဲ့လျှင်လည်း နောင်တစ်ချိန်တွင် စာရင်းရှင်းခံရမည်ကို စိုးရိမ်ကြသည်။
နောင်နှစ်အနည်းငယ် ကြာလျှင် ကြီးကျယ်လှသော ထိုက်ချန်းနယ်မြေ တစ်ခုလုံးသည် မိစ္ဆာမဟာမိတ်အဖွဲ့၏ လက်အောက်သို့ ရောက်ရှိသွားပေတော့မည်။ ၎င်းသည် ထိုက်ချန်းနယ်မြေ သမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော အာဏာအပြောင်းအလဲ ဖြစ်သည်။
နေနက်အင်ပါယာ၊ ကျိုယုံမသေမျိုးဂိုဏ်း၊ ဝမ်သောက်မသေမျိုးဂိုဏ်း၊ တာဝေ့စာကြည့်တိုက် အစရှိသော ထိပ်တန်းအင်အားစုကြီးများအားလုံးသည် ဤလှိုင်းလုံးကြီးအတွင်း နစ်မြုပ်နေကြပြီး ဆုံးဖြတ်ချက်ချသူများဘဝမှ နယ်ရုပ်များဘဝသို့ ရောက်ရှိသွားကြရသည်။
ဟင်းလင်းပြင်အတွင်း၌ တာတေထျန်းကျွင်း နှင့် ယွမ်ယန်သန့်စင်သူ တို့၏ အနားတွင် ကျင့်ကြံသူများ ပိုမို စုဝေးလာကြသည်။ ထိုအထဲတွင် အဆင့် ၄၊ အဆင့် ၅ နှင့် အဆင့် ၆ ကျင့်ကြံသူများစွာ ပါဝင်ပြီး အားလုံးက ရိုသေကိုင်းညွှတ်စွာ ရပ်နေကြသည်။
"တာတေထျန်းကျွင်း... ကြည့်ရတာ ဒီနည်းလမ်းက အဲဒီလူကို မျှားထုတ်နိုင်မယ် မထင်ဘူး"
ယွမ်ယန်သန့်စင်သူက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီး စိတ်ပျက်သွားဟန်ဖြင့် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"တိုက်ရိုက်ပဲ အပြတ်ရှင်းလိုက်ရအောင်။ စိတ်ဝိညာဉ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေက အမာခံတွေကို ကွပ်မျက်လိုက်ပြီး ကျွန်မတို့ရဲ့ သဘောထားကို သူတို့ကို ပြလိုက်တာပေါ့"
"ယွမ်ယန်သန့်စင်သူ... မင်း ရှဲ့ကျစ်ဌာန အကြောင်း ကြားဖူးမှာပေါ့"
တာတေထျန်းကျွင်းက ပြုံးလျက်ပင် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။
"ရှဲ့ကျစ်ဌာန ကြားတော့ ကြားဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စိတ်ဝိညာဉ်နယ်မြေနဲ့ နတ်ဘုရားဘုရင်နယ်မြေတို့ ပူးပေါင်းပြီး တည်ထောင်ခဲ့တာ မဟုတ်လား။ ထိုက်ချန်းနယ်မြေဘက်က ပုဂ္ဂိုလ်တချို့လည်း အဲဒီထဲမှာ ပါဝင်နေတယ်လို့ ကြားတယ်"
ယွမ်ယန်သန့်စင်သူက စိတ်ဝင်စားသွားကာ
"ဒါဆို ကျွန်မတို့ ဒီကို လာတာက အဲဒီ ဝမ်ယဲ့ တစ်ယောက်တည်းအတွက် မဟုတ်ဘူးပေါ့ "
"ရှဲ့ကျစ်ဌာနမှာ အလွန် ထူးခြားဆန်းပြားတဲ့ ဝိညာဉ်ရတနာ တစ်ခု ရှိတယ်။ ငါရထားတဲ့ သတင်းအရ ဝမ်ယဲ့ကလည်း ရှဲ့ကျစ်ဌာနရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ မော်ထျန်းဌာနက လူတွေရော၊ ကျုပ်တို့ မိစ္ဆာမျိုးနွယ်တွေရော ရှဲ့ကျစ်ဌာနထဲမှာ လူတွေ ရှိနေကြတယ်။
ဒါပေမဲ့ ကျုပ်တို့လူတွေက အမြဲ စောင့်ကြည့်ခံနေရတော့ လက်ဖျားနဲ့တောင် မထိရဲကြဘူး။ ဒါကြောင့် ကျုပ်တို့ကပဲ ကိုယ်တိုင် ကိုင်တွယ်ရတော့မယ်။
တကယ်လို့ ဝမ်ယဲ့ ပေါ်လာရင် သူ့ဆီကနေ မျက်နှာဖုံးတစ်ခုကို ရနိုင်မယ့် အခွင့်အရေး ရှိတယ်။ အဲဒီမျက်နှာဖုံးက ရှဲ့ကျစ်ဌာနကို စိတ်ကြိုက် ဝင်ထွက်သွားလာခွင့် ရစေလိမ့်မယ်"
တာတေထျန်းကျွင်းက ဆက်ပြောသည်
"မင်းတို့ နတ်ဆိုးမျိုးနွယ်တွေထဲက တစ်ယောက်မှ ရှဲ့ကျစ်ဌာနရဲ့ ဖိတ်ခေါ်မှုကို မရခဲ့ကြဘူးဆိုပေမဲ့ မင်းလည်း ကြားဖူးမှာပါ။ ရှဲ့ကျစ်ဌာနထဲက ရှဲ့ကျစ်တွေဟာ နယ်ပယ်အသီးသီးက ပါရမီရှင်တွေဖြစ်ပြီး သူတို့ရဲ့ အဆင့်အတန်းက အရမ်း အရေးပါတယ်။ တကယ်လို့ ကျုပ်တို့ သူတို့ရဲ့ ထက်ဝက်လောက်ကို တစ်ပြိုင်နက်တည်း သတ်ပစ်လိုက်နိုင်ရင်ရော"
"ရှင်က အဲဒီလို ကြံစည်နေတာလား ကျွန်မတို့နှစ်ယောက်တည်းနဲ့လား"
ယွမ်ယန်သန့်စင်သူမှာ အံ့အားသင့်သွားရသည်
"ရှဲ့ကျစ်ဌာနရဲ့ နောက်ကွယ်မှာ အဆင့် ၉ ပုဂ္ဂိုလ်ကြီးတွေ အများကြီး ရှိနေတာကို ကျွန်မတို့က ဘယ်လို သတ်မှာလဲ "
"အခုက အခွင့်အရေးပဲ။ ဒီသုံးနှစ်အတွင်းမှာ ရှဲ့ကျစ်ဌာန နောက်ကွယ်က အဆင့် ၉ ပုဂ္ဂိုလ်ကြီးတွေက ပေါ့ပေါ့တန်တန် လှုပ်ရှားလို့ မရဘူး"
တာတေထျန်းကျွင်း၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ရှင်တို့ မိစ္ဆာမျိုးနွယ်တွေ ဘယ်လို သတင်းတွေ ရထားတာလဲ ကျွန်မတို့ ပူးပေါင်းနေကြတာပဲ၊ ဘာလို့ ဖုံးကွယ်ထားရတာလဲ "
ယွမ်ယန်သန့်စင်သူက မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး မကျေမနပ် ဖြစ်သွားသည်။
"ဒါက ငါတို့ ဖုံးကွယ်ချင်လို့ မဟုတ်ပါဘူး၊ ငါကိုယ်တိုင်လည်း ဒီကိုလာခါနီးမှ ဒီအမိန့်ကို ရခဲ့တာ"
တာတေထျန်းကျွင်းက ရှင်းပြသည်
"မင်းကို ဒီလိုပဲ ပြောပြမယ်။ မင်းနဲ့ငါ့အပြင် တခြားသူတွေကလည်း ရှဲ့ကျစ်ဌာနက ကျင့်ကြံသူတွေလို့ သံသယရှိရတဲ့သူတွေကို မျှားထုတ်နေကြတယ်။ ကျုပ်တို့ထဲက ဘယ်သူမဆို ရှဲ့ကျစ်ဌာနထဲကို ထိုးဖောက်ဝင်ရောက်နိုင်တာနဲ့ သူတို့ကို အထိနာအောင် လုပ်နိုင်လိမ့်မယ်။
ဒီနှစ်တွေမှာ ရှဲ့ကျစ်ဌာန ရှိနေတာက ငါတို့ကို အတော်လေး ဒုက္ခပေးခဲ့တယ်။ အဲဒီ ဝိညာဉ်ရတနာကို သူတို့လက်ထဲမှာ ဆက်မထားသင့်တော့ဘူး။ ငါတို့ရဲ့ ရည်ရွယ်ချက်က ရှဲ့ကျစ်ဌာနကို ဖျက်ဆီးပြီး အဲဒီရတနာကို လုယူဖို့ပဲ။
ဒါက ငါတို့နှစ်ဖက်လုံးရဲ့ ရည်မှန်းချက်အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။ ငါတို့မျိုးနွယ်က လူ့လောက ကိုးနယ်မြေမှာ အခြေချချင်သလို၊ မင်းတို့ကလည်း နတ်ဆိုးမျိုးနွယ်ရဲ့ ဂုဏ်ကျက်သရေကို ပြန်ရှာချင်ကြတာလေ။ ဒါကြောင့် ရှဲ့ကျစ်ဌာနဆိုတာ မရှိသင့်တော့ဘူး"
ယွမ်ယန်သန့်စင်သူမှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
"ဒါဆို ဘာလို့ အခုမှ ငါ့ကို ပြောပြတာလဲ လျှို့ဝှက်ထားလိုက်တာက ပိုမကောင်းဘူးလား"
"မင်းရဲ့ဘေးမှာ တိတ်တဆိတ် စောင့်ရှောက်ပေးနေတဲ့ အဲဒီ ရှင်းတောက် ပုဂ္ဂိုလ်ကြီးက ရှဲ့ကျစ်ဌာနကို တိုက်ခိုက်တဲ့နေရာမှာ ငါတို့နဲ့အတူ ပါဝင်စေချင်လို့ပါ"
တာတေထျန်းကျွင်းက ပြုံးလျက် ဆိုသည်။
"ဟဲဟဲ..."
ယွမ်ယန်သန့်စင်သူက အေးစက်စက် ရယ်မောလိုက်ပြီး ခဏအကြာတွင် တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အစိမ်းနုရောင် ဝတ်စုံဝတ်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သစ်ပင်အောက်တွင် လက်ဖက်ရည် ကျိုနေ၏။ ယွမ်ယန်သန့်စင်သူ၏ အကြည့်ကို သတိပြုမိသွားဟန်ဖြင့် ထိုသူက ခေါင်းမော့ကြည့်ကာ ပြုံးပြလိုက်သည်။
ယွမ်ယန်သန့်စင်သူက အကြည့်ကို ပြန်လွှဲလိုက်ပြီး တာတေထျန်းကျွင်းကို ကြည့်လိုက်သည်။
"ငါ့ဘေးမှာ ရှင်းတောက် ပုဂ္ဂိုလ်ကြီး စောင့်ရှောက်နေတယ်ဆိုတာ မင်း ဘယ်လို ဒီလောက် သေချာနေတာလဲ ရှိနေခဲ့ရင်တောင် အများဆုံး အဆင့် ၈ ပဲ ဖြစ်မှာပါ။ ဒီကိစ္စအတွက် ဘယ်လောက်တောင် အထောက်အကူ ဖြစ်မှာမလို့လဲ မော်ထျန်းဌာနက လာတဲ့သူတွေထဲမှာလည်း အဆင့် ၈ တွေ အများကြီး ပါတာပဲ၊ သူတို့ကို အကူအညီ တောင်းပါလား"
"မော်ထျန်းဌာနနဲ့ ငါတို့ရဲ့ ရည်ရွယ်ချက်က မတူဘူးလေ။ သူတို့က မင်းနဲ့ငါ့ရဲ့ ဘေးကင်းလုံခြုံရေးကိုပဲ စောင့်ရှောက်ပေးမှာ၊ ရှဲ့ကျစ်ဌာနထဲကိုတော့ ငါတို့အတွက် ဝင်တိုက်ပေးမှာ မဟုတ်ဘူး"
တာတေထျန်းကျွင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်ကို လှမ်းကြည့်လိုက်သည်။
ယွမ်ယန်သန့်စင်သူမှာ သူ၏ အကြည့်ကြောင့် ရင်ထဲတွင် အံ့အားသင့်သွားရသည်။
"ဒီစီနီယာက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက အဆင့် ၈ ဖြစ်နေခဲ့တာ။ အခု ရှင်းတောက် ပုဂ္ဂိုလ်ကြီး ဖြစ်လာပြီဆိုတော့ ဒဏ္ဍာရီထဲက အဆင့် ၉ တစ်ပိုင်း ဖြစ်နေလောက်ပြီ။ ဒီလောကမှာ အဆင့် ၉ တွေ ထွက်မလာသရွေ့ ဘယ်သူက သူ့ကို ယှဉ်နိုင်မှာလဲ သူသာ ရှဲ့ကျစ်ဌာနကို ငါတို့နဲ့အတူ လိုက်လာခဲ့ရင် ကျုပ်တို့ အကြီးအကျယ် အောင်မြင်မှာပဲ"
တာတေထျန်းကျွင်း၏ နှုတ်ခမ်းဖျားတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်လာသည်။
"မင်းတို့ မိစ္ဆာမျိုးနွယ်တွေက... တကယ်ပဲ သိတာတွေ များတာပဲ"
ယွမ်ယန်သန့်စင်သူ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။
တာတေထျန်းကျွင်းက ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ဆက်မပြောတော့ဘဲ ဝူဖာ ကျောင်းထိုင်ဘုန်းကြီး ကို တစ်စုံတစ်ခု တိုးတိုးလေး မှာကြားလိုက်သည်။ ကျောင်းထိုင်ဘုန်းကြီးက ခေါင်းညိတ်ပြပြီး အောက်ဘက်ရှိ ဘုန်းကြီး ၃၀၀ ကို တရားတော်များကို ပိုမို အားစိုက်ရွတ်ဖတ်ရန် အမိန့်ပေးလိုက်သည်။
တရားရွတ်သံများမှာ မီးဝိညာဉ်ချိုင့်ဝှမ်း တစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။
မီးဝိညာဉ်များ၏ အရှိန်မှာလည်း ပိုမို ပြင်းထန်လာရာ ကျိရှန့်တို့အုပ်စုမှာ နာကျင်စွာ အော်ဟစ်ရင်း ဆဲဆိုနေကြတော့သည်။
ဖန့်ချန်က သူ၏ မျက်လုံးများကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်သည်။ အေးစက်လှသော သူ၏ အကြည့်များမှာ တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့အပေါ်သို့ ကျရောက်သွား၏။
ထိုခဏ၌ပင်...
နှစ်ဦးသားမှာ တစ်စုံတစ်ခုကို သတိပြုမိသွားကြသည်။
"ရှာတွေ့ပြီ... ဟဲ"
အခန်း (၁၇၃၂) - ပိုင်ရှင်အစစ် ရောက်လာပြီ
တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့၏ အကြည့်များသည် ဖန့်ချန်၏အပေါ်သို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။
ဖန့်ချန်ကလည်း သူတို့ကို ပြန်လည်ကြည့်ရှုနေ၏။
နှစ်ဖက်စလုံးမှာ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ ဤသို့ပင် တစ်ဦးကိုတစ်ဦး တိတ်ဆိတ်စွာ အကဲခတ်နေကြသည်။
ရှန့်နင်သည် ဤအခြေအနေကို သတိပြုမိလိုက်ရာ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ ဤဖန့်အမာခံသည် ဘာကြောင့် ရုတ်တရက်ကြီး မိမိကိုယ်ကို ထုတ်ဖော်ပြသလိုက်ရသနည်းဆိုသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရသည်။
"ယွမ်ယန်သန့်စင်သူ... တစ်ခုခု ထူးခြားတာကို သတိထားမိလား"
တာတေထျန်းကျွင်းက ပြုံးလျက် မေးလိုက်သည်။
"သူ့ရဲ့ အရှိန်အဝါကတော့ အနည်းငယ် ထူးဆန်းနေတယ်၊ ဒါပေမဲ့ သူက အဆင့် ၇ ရှေးဟောင်းမသေမျိုး မဟုတ်တာတော့ သေချာတယ်"
ယွမ်ယန်သန့်စင်သူက ဖန့်ချန်ကို အကဲခတ်ရင်း
"ဒါကြောင့် သူက ယွီဖုန်းတို့အုပ်စုကို သတ်နိုင်ခဲ့တာဟာ သူ့ဘေးမှာရှိတဲ့ အဆင့် ၈ ယင်မသေမျိုးကြောင့်ပဲ ဖြစ်ရမယ်"
"တခြား ဝှက်ဖဲတွေလည်း ရှိကောင်းရှိနိုင်ပါသေးတယ်၊ ဒါပေမဲ့ ဒီနေ့ အခြေအနေနဲ့ဆိုရင်တော့ ဘာမှ အရေးမပါတော့ပါဘူး"
တာတေထျန်းကျွင်းက ရယ်မောလိုက်သည်။
ယွမ်ယန်သန့်စင်သူ၏ မျက်ဝန်းထဲတွင်လည်း လှောင်ပြုံးတစ်ခု ပေါ်လာသည်။
အမှန်ပင် အရေးမပါတော့ချေ။
မော်ထျန်းဌာနမှ အရှင်မြတ်လေးပါးနှင့် သူတို့ခေါ်လာသော ဝိညာဉ်စစ်သည် တစ်သန်းကို ထားလိုက်ဦး။ သူမဘေးတွင် စောင့်ရှောက်နေသော ရှင်းတောက် ပုဂ္ဂိုလ်ကြီး တစ်ယောက်တည်းနှင့်တင် ယနေ့ မင်ဝမ်ကြယ်ကို ထိန်းချုပ်ရန် လုံလောက်နေပြီဖြစ်သည်။
မည်သည့်အင်အားစုပင်ဖြစ်စေ၊ အဆင့် ၉ ပုဂ္ဂိုလ်ကြီး ကိုယ်တိုင် ကြွရောက်မလာသရွေ့ သူတို့အတွက်တော့ လေလွင့်နေသော တိမ်တိုက်များကဲ့သို့ပင် ဂရုစိုက်နေရန် မလိုချေ။
"ဝူဖာ ကျောင်းထိုင်ဘုန်းကြီး"
တာတေထျန်းကျွင်းက ရုတ်တရက် ခေါ်လိုက်သည်။
မင်ဝမ်ကြယ်မှ အင်အားကြီး ပုဂ္ဂိုလ်များအားလုံး၏ အကြည့်မှာ သူ၏ထံသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားသည်။ ဝူဖာ ကျောင်းထိုင်ဘုန်းကြီးသည် တာတေထျန်းကျွင်း၏ ရှေ့မှောက်သို့ ပျံသန်းလာကာ လက်အုပ်ချီလျက် ဘုရားအမည်ကို ရွတ်ဆိုလိုက်သည်။
"အမိတာဘ၊ တာတေထျန်းကျွင်းမှာ ဘာများ မိန့်ကြားစရာ ရှိပါသလဲ "
"ကျုပ်တို့ ရှာနေတဲ့လူ ရောက်လာပြီပဲ၊ ကျောင်းထိုင်ဘုန်းကြီးအနေနဲ့ သူ့ကို ဒီကို ဖိတ်ခေါ်ပေးပါဦး"
တာတေထျန်းကျွင်းက ဖန့်ချန်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ အပြုံးဖြင့် ဆိုလိုက်သည်။
ရှာနေတဲ့လူ ရောက်လာပြီလား
ကျွယ်မင်နန်းတော်ရဲ့ ဒုတိယအမာခံ ဝမ်ယဲ့လား
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားသွားကြသလို ရင်ထဲတွင်လည်း အံ့အားသင့်သွားရသည်။ ယနေ့ကဲ့သို့ အခြေအနေမျိုးကို သိပါလျက်နှင့် တစ်ဖက်လူက တကယ်ပဲ ပေါ်လာရဲသည်လား။
ဝူဖာ ကျောင်းထိုင်ဘုန်းကြီးသည် တာတေထျန်းကျွင်း၏ အကြည့်အတိုင်း လှမ်းကြည့်လိုက်ရာ ဖန့်ချန်ကို မြင်တွေ့သွားသည်။ သူက စဉ်းစားဆင်ခြင်လျက် ခေါင်းညိတ်ပြပြီးနောက် ကိုယ်ပေါ်တွင် ဗုဒ္ဓရောင်ခြည်များ တောက်ပလာကာ သင်္ကန်းစကို တစ်ချက်ဝေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ရှေ့မှောက်မှ ဖန့်ချန်၏ ရှေ့အထိ ရွှေရောင်အလင်းတံတားတစ်ခု သွယ်တန်းသွားတော့သည်။
"ကျွယ်မင်နန်းတော်က ဒါယကာ ဝမ်... တာတေထျန်းကျွင်းက ဒါယကာကို တွေ့ချင်နေတယ်၊ တံတားပေါ် တက်ခဲ့ပါဦး"
ဝု့ဖာ ကျောင်းထိုင်ဘုန်းကြီး၏ အသံမှာ မီးဝိညာဉ်ချိုင့်ဝှမ်း တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။
ကျွယ်မင်နန်းတော်
ချိုင့်ဝှမ်းအတွင်းရှိ ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး အကြည့်များအားလုံး ဖန့်ချန်၏အပေါ်သို့ ကျရောက်သွားသည်။ ကောင်းကင်ယံရှိ လင်ချန်မှာ သူ၏မျက်လုံးများကို ပွတ်သပ်ကြည့်ပြီးနောက် အေးစက်သော အသက်ရှူသံတစ်ချက် ထွက်လာသည်။ ထိုသူမှာ ပြီးခဲ့သည့်ရက်က ချင်းမင်နယ်စပ်တွင် သူနှင့်အတူ စကားတပြောပြော လိုက်ပါလာခဲ့သော မိတ်ဆွေဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။
"သူက ကျွယ်မင်နန်းတော်က ဝမ်ယဲ့ ဖြစ်နေတာလား"
ကျောက်တိုင် ၂၄ တိုင်ပေါ်ရှိ အမာခံတပည့်များသည် မျက်လုံးများကို ခက်ခဲစွာ ဖွင့်ကြည့်လိုက်ကြသည်။ ကျိရှန့်မှာ နာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်နေသော်လည်း ဝူဖာ ကျောင်းထိုင်ဘုန်းကြီး၏ စကားကို ကြားလိုက်ရသောအခါ ချက်ချင်း မျက်လုံးပွင့်လာသည်။
သူ ဖန့်ချန်ကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
"ဒါ ငါတို့ နံပါတ် ၉ မဟုတ်လား... သူ ဘာလို့ ဒီရောက်နေတာလဲ... ဒါဆိုရင်..."
သူ၏ မျက်နှာထားမှာ ထူးဆန်းသွားပြီး အခြေအနေ၏ 'အမှန်တရား' ကို တွေးမိသွားပုံရသည်။
"ဒီကောင်... ဘာလို့ ကိုယ်ထင်ပြလိုက်တာလဲ"
ကျိရှန့်၏ မျက်လုံးထဲတွင် ဝမ်းသာမှု အနည်းငယ် ပါသလို ဒေါသလည်း အနည်းငယ် ပါနေသည်။ သူက အားတင်း၍ ဖန့်ချန်ကို လှမ်းအော်လိုက်သည်။
"ဝမ်ယဲ့ စီနီယာ... အမြန် ပြေးတော့ ဒီနေရာက ကျော့ကွင်းဆင်ထားတာ၊ ကြာကြာမနေနဲ့ "
ပြောပြီးသည်နှင့် သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။ တစ်ဖက်လူသာ ယခုချက်ချင်း ထွက်သွားနိုင်ပါစေဟု သူ ဆုတောင်းနေမိသည်။ ဝမ်ယဲ့၏ ပါရမီက သာမန်မဟုတ်ရာ၊ သူကဲ့သို့ ဤနေရာတွင် အဖမ်းခံရခြင်းမျိုး မဖြစ်သင့်ချေ။ သူသာ ကောင်းကောင်း အသက်ရှင်နိုင်ပါက နောင်တွင် ကျွယ်မင်နန်းတော်၏ အမာခံ ဒေါက်တိုင်ကြီး ဖြစ်လာလိမ့်မည်။
တာတေထျန်းကျွင်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ကျိရှန့်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ အနားရှိ ခူတုဘုရားကျောင်းမှ ဘုန်းကြီးများသည် အဓိပ္ပာယ်ကို နားလည်သွားကာ တရားရွတ်ဆိုမှုကို ပိုမိုမြန်ဆန်အောင် ပြုလုပ်လိုက်ကြသည်။ ကျိရှန့်၏ ခန္ဓာကိုယ်ပေါ်ရှိ မီးဝိညာဉ်အဆိပ်မှာ ရုတ်တရက် ဆတိုး တိုးလာရာ သူသည် နာကျင်စွာဖြင့် ထပ်မံ အော်ဟစ်နေရပြန်သည်။
"ဖန့်အမာခံ... ကျွန်တော် ခင်ဗျား ထွက်ပြေးနိုင်အောင် ကူညီပေးပါ့မယ်"
ရှန့်နင်က သွားကို တင်းတင်းစေ့ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"နောင်တစ်ချိန်မှာတော့ ဖန့်အမာခံအနေနဲ့ တာရှန့်အင်ပါယာ ကို အနည်းနဲ့အများ စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်"
"စီနီယာရှန့်... မလွဲသာမရှောင်သာတဲ့ အခြေအနေမျိုးကလွဲရင် ကျွန်တော်က ဘယ်တော့မှ အနိုင်မရမယ့် တိုက်ပွဲကို မတိုက်ဘူးဗျ"
ဖန့်ချန်က ရုတ်တရက် ရယ်မောလိုက်ပြီးနောက် ရွှေရောင်တံတားပေါ်သို့ တက်ကာ တာတေထျန်းကျွင်းရှိရာဘက်သို့ လျှောက်လှမ်းသွားသည်။
ဘယ်တော့မှ အနိုင်မရမယ့် တိုက်ပွဲကို မတိုက်ဘူး
ရှန့်နင်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ရင်ထဲတွင် ဝမ်းသာသွားသည်။ ဒါဆို ကျွယ်မင်နန်းတော်မှာ တခြား ဝှက်ဖဲတွေ ရှိနေသေးတာလား။
ထိုသို့ တွေးမိသည်နှင့် သူသည် သက်ပြင်းချလိုက်နိုင်ပြီး ဖန့်ချန်၏ နောက်မှ ချက်ချင်း လိုက်ပါသွားတော့သည်။
ဤအခိုက်အတန့်တွင် မရေမတွက်နိုင်သော အကြည့်များသည် ဖန့်ချန်၏အပေါ်သို့ ကျရောက်နေသည်။
အချို့သော အကြည့်များမှာ စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်နေသည်။
အချို့မှာ ရန်လိုမုန်းတီးမှုများ။
အချို့မှာမူ ဝမ်းနည်းပူဆွေးမှုများ။
"ကျွယ်မင်နန်းတော်က ဒီလူက... ဘာလို့ ဒီလောက်အထိ စိတ်လိုက်မာန်ပါ လုပ်ရတာလဲ "
ကျောက်တိုင်ပေါ်တွင် ရိုက်နှက်ခံထားရသော အမာခံ အမျိုးသမီးတပည့်တစ်ဦးက မျက်မှောင်ကြုတ်လျက် ပြောသည်။
"သူ ဒီနေ့ ပေါ်လာတာဟာ ငါတို့ကြားထဲမှာ အလကားသက်သက် နောက်ထပ် လူတစ်ယောက် အသေတိုးတာပဲ ရှိမှာပါ၊ ဒါမျိုး မလုပ်သင့်ဘူး..."
အနားရှိ အမာခံတပည့်က တိုးတိုးလေး ညည်းတွားသည်။
လူတိုင်းက ထိုသို့ပင် တွေးနေကြသော်လည်း၊ ဖန့်ချန် ပေါ်လာခြင်းကြောင့် သူတို့၏ စိတ်ထဲတွင်တော့ အနည်းငယ် နေသာထိုင်သာ ရှိသွားကြသည်။
"နံပါတ် ၉ ကတော့... အလကားသက်သက် အသေခံတော့မှာပဲလား "
ကျိရှန့်က ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက်နေမိသည်။
ဖန့်ချန်သည် မြင့်မားသော နေရာသို့ ရောက်သောအခါ ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး အဝေးရှိ တာတေထျန်းကျွင်းကို လှမ်းကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။
"တာတေထျန်းကျွင်း... မင်း ဒီနေ့ ဒီလို အစီအစဉ်ကြီး ခင်းကျင်းထားတာဟာ ငါ့ကို မျှားထုတ်ချင်လို့ပဲ မဟုတ်လား။ အခု ငါ ရောက်လာပြီ၊ မင်းမှာ နောက်ထပ် ဘာလက်နက်တွေ ကျန်သေးလဲ "
"မင်းဆီက အရာတစ်ခုကို တောင်းချင်လို့ပါ။ တကယ်လို့ မင်း ပေးနိုင်မယ်ဆိုရင် မင်းရဲ့ အသက်ကိုတော့ ငါ ယူမယ်၊ ဒါပေမဲ့ သူတို့ရဲ့ အသက်တွေကိုတော့ လတ်တလော ချန်ထားပေးမယ်။ နောင်ကျရင် သုံ့ပန်းလဲလှယ်ဖို့အတွက် သုံးလို့ရတာပေါ့"
တာတေထျန်းကျွင်းက ပြုံးလျက် ဆိုသည်။
သူ၏ အကြည့်မှာ ဖန့်ချန်၏ ကိုယ်ပေါ်တွင် ဝေ့ဝဲနေပြီး ဖန့်ချန်၏ ကျင့်ကြံမှုကို အကဲခတ်နေပုံရသည်။ သို့သော် သူသည် ဖန့်ချန်၏ ကျင့်ကြံမှုကို ထိုးဖောက်မမြင်နိုင်ဘဲ ရှိနေသည်။ တစ်ခုတည်းသော သေချာသည့်အချက်မှာ ဖန့်ချန်၏ ကိုယ်ပေါ်တွင် ရှေးဟောင်းမသေမျိုး၏ အရှိန်အဝါ မရှိခြင်းပင်။ ထိုကဲ့သို့ အရှိန်အဝါမျိုးမှာ ရှေးဟောင်းမသေမျိုးအချင်းချင်း ရှေ့တွင် ဖုံးကွယ်ထားရန် မဖြစ်နိုင်သလောက်ပင်။
အရာတစ်ခုကို တောင်းချင်လို့
ဖန့်ချန်၏ စိတ်ထဲတွင် လှုပ်ခတ်သွားသည်။ တစ်ဖက်လူ၏ ကြံစည်မှုမှာ သူ ထင်ထားသည်နှင့် အနည်းငယ် ကွဲပြားနေပုံရသည်။
သူက စိတ်ရှည်စွာဖြင့်
"မင်း ငါ့ဆီက ဘာကို လိုချင်နေတာလဲ"
"ရှဲ့ကျစ်ဌာန ရဲ့ မျက်နှာဖုံး"
တာတေထျန်းကျွင်းက ပြုံးလျက် ဆိုလိုက်သည်။
ရှဲ့ကျစ်ဌာနရဲ့ မျက်နှာဖုံး
ဒါကြောင့်ကိုး။
ဖန့်ချန်မှာ သဘောပေါက်သွားပြီးနောက် ရယ်မောကာ
"မင်းတို့က ရှဲ့ကျစ်ဌာနကိုပါ မျက်စိကျနေတာလား၊ ကြည့်ရတာ မင်းတို့မှာ အပိုင်တွက်ထားတာ ရှိပုံရတယ် "
အခြေအနေအရဆိုလျှင် ရှဲ့ကျစ်ဌာန၏ နောက်ကွယ်မှ အဆင့် ၉ ပုဂ္ဂိုလ်ကြီးများမှာ တစ်စုံတစ်ခုသော ကိစ္စကြောင့် လှုပ်ရှားနိုင်ခြင်း မရှိကြသည်မှာ သေချာသလောက်ပင်။
တာတေထျန်းကျွင်းက ရယ်မောလိုက်ပြီး ဝူဖာ ကျောင်းထိုင်ဘုန်းကြီးကို တစ်ချက် ကြည့်လိုက်သည်။ ကျောင်းထိုင်ဘုန်းကြီးက ထိုဘုန်းကြီး ၃၀၀ ကို ခေါင်းညိတ်ပြလိုက်ရာ ဗုဒ္ဓကျမ်းစာ ရွတ်ဆိုသံများမှာ ချက်ချင်း ပိုမို ကျယ်လောင်လာတော့သည်။
စိတ်ဝိညာဉ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေတို့မှ အမာခံတပည့် ၂၄ ဦးမှာ မီးဝိညာဉ်အဆိပ်၏ အပြင်းအထန် လောင်မြိုက် ညှဉ်းဆဲမှုကို ခံနေကြရသည်။
"မင်း စဉ်းစားဖို့ အချိန်သိပ်မရှိတော့ဘူးနော်။ နောက်ထပ် တစ်နာရီအတွင်းမှာပဲ သူတို့တွေ အရှင်လတ်လတ် လောင်ကျွမ်းသေဆုံးသွားကြလိမ့်မယ်။ နောက်ဆုံးတော့ ဝင်စားဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး"
တာတေထျန်းကျွင်းက အေးဆေးစွာ ဆိုသည်။
"ငါ့ဘေးမှာ အဆင့် ၈ ယင်မသေမျိုး တစ်ယောက် စောင့်ရှောက်နေတယ်ဆိုတာ မင်း သိသင့်ပါတယ်။ တကယ်လို့ သူသာ လှုပ်ရှားလိုက်ရင် ဒီနေ့ မင်းလက်ထဲကနေ လူတွေကို လုယူသွားနိုင်မှာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ"
ဖန့်ချန်က အေးစက်စွာ ဆိုလိုက်သည်။
အဆင့် ၈ ယင်မသေမျိုး
လူအုပ်ကြီးမှာ အသက်ရှူမှားမတတ် ဖြစ်သွားကြသည်။
ကျွယ်မင်နန်းတော် ကျင့်ကြံသူ၏ ယနေ့ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသားဟု ထင်မှတ်ထားခဲ့ကြသော်လည်း၊ ဤစကားကို ကြားလိုက်ရသောအခါမှ တစ်ဖက်လူ ပေါ်လာရဲခြင်းမှာ အကြောင်းမဲ့မဟုတ်ကြောင်း သူတို့ နားလည်သွားကြသည်။ အဆင့် ၈ ပုဂ္ဂိုလ်ကြီး၏ စောင့်ရှောက်မှုကို ရရှိထားသည်ဆိုလျှင် ထိုသူ၏ အဆင့်အတန်းမှာ မည်မျှ မြင့်မားမည်ကို သာမန်လူများ ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
"အမာခံတပည့်ဆိုတာ မတူဘူးပဲ... လောကက အမာခံတွေဟာ ကျုပ်တို့လို သာမန်လူတွေထက် အများကြီး အဆင့်မြင့်တာပဲ"
မင်ဝမ်ကြယ်မှ ဒေသခံ ကျင့်ကြံသူတစ်ဦးက ရင်ထဲတွင် ကျိတ်၍ ချီးကျူးမိနေသည်။
"အဆင့် ၈ ယင်မသေမျိုးလား ငါ့ဆီမှာလည်း ရှိတာပဲလေ"
တာတေထျန်းကျွင်းက ခပ်ပြုံးပြုံးဖြင့် ဆိုကာ ဟင်းလင်းပြင်ကို လှည့်ကြည့်၍ လှမ်းအော်လိုက်သည်။
"မိတ်ဆွေ လေးယောက်... ပိုင်ရှင်အစစ် ရောက်လာပြီဗျ"
လူအုပ်ကြီးမှာ လန့်ဖျပ်သွားကြသည်။
ထို့နောက်တွင်တော့ လွင့်မျောနေသော တိမ်တိုက်များကြားမှ မရေမတွက်နိုင်သော လူရိပ်ပေါင်း တစ်သန်းကျော်သည် ခပ်ဖြည်းဖြည်းချင်း ကိုယ်ထင်ပြလာကြတော့သည်။
လူအုပ်ကြီး "ဟား (ရှော့စ်ဖြစ်သံ ) "
လင်ချန် "ဟား... ဟား... (အသက်ရှူမှားသံ) "