← Chapters

အခန်း (၁၇၃၃-၁၇၃၄)

Vol. 174 Ch. 1733-1734

အခန်း (၁၇၃၃-၁၇၃၄)

Vol. 174 Ch. 1733-1734

အခန်း (၁၇၃၃) - စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှု

လင်ချန်သည် ပတ်ဝန်းကျင်မှ မြင်ကွင်းကို ကြည့်ရင်း မှင်တက်နေမိကာ တစ်ကိုယ်လုံး ထုံကျင်ကိုက်ခဲမတတ် ခံစားလိုက်ရသည်။

ယင်စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်နေသော ဝိညာဉ်စစ်သည် တစ်သန်းကျော်သည် သူ၏ အနီးအနားတွင် ထိုသို့ပင် ပေါ်ပေါက်လာခဲ့သည်။ သူနှင့် အနီးဆုံးရှိ ဝိညာဉ်စစ်သည်မှာ သူနှင့် တစ်လံ ပင် မဝေးတော့ချေ။

ထိုသူ၏ မျက်လုံးများထဲတွင် ပြောင်ချော်ချော် အရိပ်အယောင်များကို မြင်လိုက်ရသဖြင့် ဤဝိညာဉ်စစ်သည် အုပ်စုကြီးသည် ဤနေရာတွင် မည်မျှကြာအောင် ပုန်းအောင်းနေခဲ့သည်ကို သူ ခန့်မှန်းကြည့်နိုင်သည်။

"တကယ်ပဲ... ခုနက တိုက်ခတ်ခဲ့တဲ့ ယင်လေတွေက သူတို့ကြောင့်ကိုး။ အမလေး... ငါ ဒီလောက် အန္တရာယ်များတဲ့ နေရာမှာ ရောက်နေခဲ့တာလား..."

လင်ချန်က စိတ်ထဲမှ ကျိတ်၍ ဆဲဆိုနေမိသော်လည်း၊ ဝိညာဉ်စစ်သည်များ၏ အာရုံစိုက်မှုကို မရရှိစေရန် ယခုအခါ လှုပ်ပင်မလှုပ်ရဲဘဲ ငြိမ်နေရသည်။

ဖားထျန်း၊ ယွန်းဖူ၊ ကျွေ့မုန့် နှင့် ဖေးရှီ တည်းဟူသော အရှင်မြတ်လေးပါး ဦးဆောင်သည့် ဝိညာဉ်စစ်သည် တစ်သန်းသည် ဟင်းလင်းပြင်တွင် တည်ရှိနေကြသည်။ မလှုပ်မယှက် ရပ်နေကြသော်လည်း ထိုသူတို့ဆီမှ ထွက်ပေါ်နေသော မမြင်ရသည့် ဖိအားများကြောင့် အနီးနားရှိ ကျင့်ကြံသူများမှာ ရင်ဘတ်ပေါ်တွင် ကျောက်တုံးကြီးတစ်ခု ဖိထားသကဲ့သို့ အသက်ရှူပင် ကျပ်လာကြသည်။

အစိမ်းနုရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားမှာမူ သစ်ပင်အောက်တွင် လက်ဖက်ရည်ကို ဆက်လက် သောက်သုံးနေဆဲ ဖြစ်သည်။ သူက ခေါင်းမော့၍ တစ်ချက် ဝေ့ကြည့်လိုက်ရုံမျှသာ ပြုလုပ်ပြီးနောက် ဘာမှမဖြစ်သကဲ့သို့ပင် လက်ဖက်ရည်ကို ဆက်လက် သောက်နေတော့သည်။

မင်ဝမ်ကြယ်မှ ဒေသခံ ကျင့်ကြံသူများမှာမူ ဤမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်နေကြသည်။ အထူးသဖြင့် အဆင့် ၆ ကျင့်ကြံသူများသည် ဖားထျန်းတို့ လေးယောက်၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာ အဆင့် ၆ ထက် များစွာသာလွန်နေသည်ကို ချက်ချင်း ခံစားမိလိုက်ကြသည်။

ဒါဟာ... အနည်းဆုံးတော့ သူတို့လေးယောက်ဟာ အဆင့် ၇ ယင်မသေမျိုးတွေ၊ ဒါမှမဟုတ် ရှေးဟောင်းမသေမျိုးတွေနဲ့ အဆင့်တူတဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ ဖြစ်ရမယ်။

"တာတေထျန်းကျွင်းက အဆင့် ၇ ရှေးဟောင်းမသေမျိုးပဲ ရှိသေးတာကို... ဒီလောက် အစွမ်းထက်တဲ့ အင်အားစုကြီးကို အလွယ်တကူ စေခိုင်းနိုင်တာလား။ မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ အင်အားက တကယ်ကို တွက်ဆလို့ မရအောင် နက်နဲတာပဲ..."

"ထိုက်ချန်းနယ်မြေကြီး အသိမ်းပိုက်ခံရဖို့ကတော့ အဖြေထွက်သွားပြီ..."

လူအုပ်ကြီးက တာတေထျန်းကျွင်းကို ကြည့်သည့် အကြည့်များမှာ ပိုမို၍ ရိုသေကြောက်ရွံ့မှုများ ပြည့်နှက်လာသည်။

တာတေထျန်းကျွင်းက ဖန့်ချန်ကို တစ်ချက်ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ဆိုလိုက်သည်။

"ငါ့ဆီမှာ အဆင့် ၈ ယင်မသေမျိုး လေးယောက် ရှိတယ်။ မင်းဘေးမှာတော့ အများဆုံး တစ်ယောက်ပဲ ရှိနိုင်တာဆိုတော့... မင်းက ငါတို့နှစ်ယောက် လက်ထဲကနေ လူတွေကို လုယူသွားနိုင်သေးတယ်လို့ ထင်နေတုန်းပဲလား "

"နံပါတ် ၉ တော့ သွားပြီ"

ကျိရှန့်သည် မီးဝိညာဉ်အဆိပ်၏ နာကျင်မှုကို အံတုရင်း ကောင်းကင်ယံမှ မြင်ကွင်းကို ကြည့်ကာ မျက်နှာပျက်သွားပြီး မျက်လုံးထဲတွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ပေါ်လာသည်။

အဆင့် ၈ ယင်မသေမျိုး... ဒီလိုပုဂ္ဂိုလ်မျိုး တစ်ယောက်တည်း ပေါ်လာရင်တောင် ဒီနေ့ အခြေအနေကို ပြောင်းလဲပစ်နိုင်တာ၊ အခုတော့ လေးယောက်တောင်လား။

"အဆင့် ၈ ယင်မသေမျိုးတွေလား..."

မင်ဝမ်ကြယ်မှ ကျင့်ကြံသူများသည် ထိုစကားကို ကြားသောအခါ ရိုသေကြောက်ရွံ့မှုများအပြင် ထိတ်လန့်တုန်လှုပ်မှုများပါ တိုးလာတော့သည်။ သူတို့သည် တာတေထျန်းကျွင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တကယ်ပင် ကြောက်ရွံ့နေကြပြီ ဖြစ်သည်။ သူတို့၏ အသိပညာအရ ဆိုလျှင် ဒဏ္ဍာရီလာ အဆင့် ၉ ပုဂ္ဂိုလ်ကြီးများမှလွဲ၍ မည်သူက ဤကဲ့သို့သော အင်အားစုကြီးကို ထိန်းချုပ်နိုင်မည်နည်း။

"ဒီယင်မသေမျိုးတွေအပြင်... မင်းမှာ တခြား ဘာဝှက်ဖဲတွေ ကျန်သေးလဲ "

ဖန့်ချန်က စဉ်းစားဆင်ခြင်ဟန်ဖြင့် မေးလိုက်သည်။

"သူ ဘာတွေ ပြောနေတာလဲ"

လင်ချန်က စိတ်ထဲမှ အံ့ဩနေမိသည်။ ဝိညာဉ်စစ်သည် တစ်သန်းနဲ့ အဆင့် ၈ ယင်မသေမျိုး လေးယောက် ပေါ်လာတာတောင် မလုံလောက်သေးလို့လား ဘာဝှက်ဖဲတွေ ထပ်လိုချင်နေတာလဲ။

တာတေထျန်းကျွင်းက ရယ်မောလိုက်ပြီး

"မင်း နောက်ထပ် ဘာဝှက်ဖဲတွေ မြင်ချင်သေးလို့လဲ ဒါတွေနဲ့တင် မလုံလောက်သေးဘူးလား "

"အများကြီး လိုသေးတယ်"

ဖန့်ချန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"တကယ်လို့ မင်းမှာ တခြား ဝှက်ဖဲတွေ မရှိတော့ဘူးဆိုရင်တော့ လူတွေကို ငါ ခေါ်သွားမယ်၊ မင်းနဲ့ ဒီနတ်ဆိုးမျိုးနွယ်က မိတ်ဆွေကတော့ နေခဲ့ရလိမ့်မယ်"

ယွမ်ယန်သန့်စင်သူက မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။

"ဝမ်ယဲ့... မင်း ခုနက ဘာပြောလိုက်လဲဆိုတာ ကိုယ့်ဘာကိုယ် ပြန်ကြားရဲ့လား အဆင့် ၈ ယင်မသေမျိုး လေးယောက် ရှိနေတာတောင် မင်းကို မတားနိုင်ဘူးလို့ ထင်နေတာလား "

တာတေထျန်းကျွင်းက ပြုံးလျက်

"ထားလိုက်ပါတော့... အရှင်မြတ် လေးပါး၊ သူ့ကို ဖမ်းလိုက်ကြစို့"

ရှန့်နင်၏ အမူအရာမှာ အလွန်အမင်း သတိရှိသွားပြီး ကောင်းကင်ယံမှ အရှင်မြတ်လေးပါးကို စိုက်ကြည့်နေမိသည်။ ကျင့်ကြံသူ အသီးသီးကလည်း စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြ၏။

သို့သော်...

ခဏကြာသည်အထိ ကောင်းကင်ယံမှ ဝိညာဉ်စစ်သည်များမှာ တုပ်တုပ်မျှ မလှုပ်ကြချေ။

တာတေထျန်းကျွင်းက မျက်မှောင်ကြုတ်လိုက်ကာ အေးဆေးစွာ ဆိုသည်။

"လေးယောက်စလုံး... ကျုပ်တို့ မလာခင်ကတည်းက သဘောတူထားပြီးသားပဲ၊ ဒီကိစ္စမှာ ခင်ဗျားတို့ ကူညီပေးသင့်တယ်"

ထိုလေးယောက်က ဘာမှ ပြန်မဖြေကြသေးချေ။

"သူတို့ကို ဖမ်းလိုက်တော့"

ဖန့်ချန်က အေးဆေးစွာ အမိန့်ပေးလိုက်သည်။

ထိုခဏချင်းမှာပင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လှန်သွားသကဲ့သို့ပင်

အရှင်မြတ် လေးပါး ဦးဆောင်သော ဝိညာဉ်စစ်သည် တစ်သန်းကျော်သည် ကောင်းကင်ယံမှ ဒရဟော ဆင်းသက်လာကြပြီး လောကကြီးကို ဖျက်ဆီးပစ်နိုင်သော အရှိန်အဝါများဖြင့် တိုက်ခိုက်လာကြတော့သည်။

တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့မှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ ဖားထျန်းအရှင်မြတ်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ဝူဖာ ကျောင်းထိုင်ဘုန်းကြီးနှင့် မင်ဝမ်ကြယ်မှ ဒေသခံ အင်အားကြီး ပုဂ္ဂိုလ်များကိုမူ ယွန်းဖူအရှင်မြတ်က ကိုယ်တိုင် ကိုင်တွယ် နှိမ်နင်းလိုက်သည်။

တရားရွတ်ဆိုနေသည့် ဘုန်းကြီး ၃၀၀ ကိုမူ ကျွေ့မုန့်အရှင်မြတ်က ဒေါသဖြေစရာအဖြစ် သတ်မှတ်လိုက်ပြီး သူမ၏လူများဖြင့် တစ်ခဏအတွင်း အပြတ်ရှင်းပစ်လိုက်တော့သည်။

မီးဝိညာဉ်ချိုင့်ဝှမ်း၏ အခြေအနေတစ်ခုလုံးသည် ငါးစက္ကန့်ပင် မပြည့်သော အချိန်အတွင်း အလုံးစုံ ပြောင်းပြန်လှန်သွားခဲ့ပြီ။

မျက်ဝန်းအစုံတိုင်းတွင် ထိတ်လန့်မှု၊ အံ့ဩမှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ သစ်ပင်အောက်တွင် လက်ဖက်ရည် သောက်နေသော သက်လတ်ပိုင်း အမျိုးသားသည် ထိုအခါမှသာ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ခေါင်းမော့ကြည့်လာသည်။ သို့သော် သူ လှုပ်ရှားခြင်း မရှိသေးချေ။

ကျိရှန့်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မိမိကိုယ်မိမိ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်နေမိသည်။

"ကျိ... ကျိရှန့်... မင်းတို့ ကျွယ်မင်နန်းတော်က ဒီဒုတိယအမာခံက တကယ်တော့ ဘယ်သူလဲဗျ"

ဘေးနားရှိ အမာခံတပည့်တစ်ဦးက အားနည်းသော အသံဖြင့် မေးလိုက်သည်။ သူ အားနည်းနေသော်လည်း အသံထဲတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ အခြေအနေကြီး တစ်ခုလုံး ပြောင်းလဲသွားပြီဖြစ်ကြောင်း လူတိုင်း သဘောပေါက်လိုက်ကြပြီ ဖြစ်သည်။ ယနေ့ သူတို့ သေရတော့မည် မဟုတ်ရုံသာမက၊ သုံ့ပန်းဘဝမှပါ လွတ်မြောက်နိုင်တော့မည်။

"ငါ... ငါလည်း သေချာ မသိဘူး..."

ကျိရှန့်က တိုးတိုးလေး ညည်းတွားလိုက်သည်။

ဒီလူက ဝမ်ယဲ့မှ မဟုတ်တာ... နံပါတ် ၉ ပဲလေ...

မင်ဝမ်ကြယ်မှ ကျင့်ကြံသူများနှင့် ဝူဖာ ကျောင်းထိုင်ဘုန်းကြီးတို့မှာ အသက်မသေကြသော်လည်း ယွန်းဖူအရှင်မြတ်၏ ကျင့်ကြံမှုနှင့် ခန္ဓာကိုယ်ကို ချုပ်နှောင်ခြင်း ခံထားရသဖြင့် သစ်သားရုပ်များကဲ့သို့ ဖြစ်နေကြပြီး မျက်လုံးများသာ လှုပ်ရှားနိုင်တော့သည်။ သူတို့၏ မျက်လုံးများထဲတွင်လည်း ထိတ်လန့်တုန်လှုပ်မှုနှင့် ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေသည်။

တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့မှာလည်း ထိုအခါမှသာ အသိပြန်ဝင်လာကြသည်။ သူတို့၏ မျက်နှာပေါ်မှ အောင်နိုင်သူ အမူအရာများမှာ ပျောက်ကွယ်သွားပြီး အံ့ဩတုန်လှုပ်မှုများဖြင့် အစားထိုးဝင်ရောက်လာသည်။

"ဖားထျန်းအရှင်မြတ်... ခင်ဗျားတို့ မော်ထျန်းဌာနက... ကျုပ်တို့မျိုးနွယ်နဲ့ ထားရှိတဲ့ ပဋိညာဉ်ကို ဖောက်ဖျက်တာလား "

တာတေထျန်းကျွင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အရှင်မြတ် လေးပါးကို စိုက်ကြည့်ကာ မေးလိုက်သည်။

ယွမ်ယန်သန့်စင်သူ၏ မျက်နှာမှာ အုံ့မှိုင်းသွားသော်လည်း သူမ ထိတ်လန့်တုန်လှုပ်ခြင်း မရှိသေးချေ။ အကြောင်းမှာ သူမတွင် နောက်ဆုံး ဝှက်ဖဲတစ်ချပ် ကျန်ရှိနေသေးသောကြောင့် ဖြစ်သည်။ ထိုဖဲချပ်ကို ထုတ်လိုက်သည်နှင့် ယနေ့ အခြေအနေမှာ ချက်ချင်း ပြန်လည် ပြောင်းလဲသွားလိမ့်မည်။

သူမ ယခု သိချင်နေသည်မှာ မော်ထျန်းဌာန ဘာဖြစ်သွားသနည်း ဆိုသည်ကိုပင်။ တကယ်လို့ မော်ထျန်းဌာနက လူသားမျိုးနွယ်ဘက်ကို ရုတ်တရက် ကူးပြောင်းသွားခဲ့လျှင် အများကြီး ပြန်လည် စဉ်းစားရပေတော့မည်။

ဖားထျန်းအရှင်မြတ်သည် တာတေထျန်းကျွင်း၏ မေးခွန်းကို အဖတ်ပင် မလုပ်ချေ။ ထိုအချိန်တွင် ဝိညာဉ်စစ်သည်များသည် ကျောက်တိုင်ပေါ်မှ အမာခံတပည့်များကို တစ်ယောက်ပြီးတစ်ယောက် ဖြုတ်ချပေးနေကြပြီး ဖန့်ချန်၏ အနားသို့ ပို့ဆောင်ပေးနေကြသည်။

"အရင်ဆုံး ဒဏ်ရာတွေကို ကုသကြပါဦး"

ဖန့်ချန်က ကျိရှန့်ကို ခပ်ဖွဖွ ခေါင်းညိတ်ပြပြီးနောက် အမိန့်ပေးလိုက်သည်။ ကျိရှန့်တို့ အုပ်စုသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း မျက်လုံးမှိတ်ကာ ဒဏ်ရာများကို ကုသရန် ပြင်ဆင်လိုက်ကြတော့သည်။

"အရှင်... ဒီလူတွေကို သတ်မလား၊ ချန်ထားမလား ဆိုတာ အမိန့်အတိုင်းပါပဲ"

ယွန်းဖူအရှင်မြတ်က သူ၏ ရှေ့မှောက်ရှိ ဝူဖာ ကျောင်းထိုင်ဘုန်းကြီးနှင့် မင်ဝမ်ကြယ်မှ ကျင့်ကြံသူများကို ကြည့်ကာ ပြုံးရွှင်စွာ မေးလိုက်သည်။

"အမိတာဘ..."

ဝူဖာ ကျောင်းထိုင်ဘုန်းကြီး၏ ပါးစပ်မှာ လှုပ်ရှားနိုင်သေးသဖြင့် ဘုရားအမည်ကို အရင်ရွတ်လိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း၊ ဖန့်ချန်က ခေါင်းညိတ်ပြလိုက်သည်ကို မြင်လိုက်ရသည်။

"အကုန်သတ်လိုက်တော့... ဒီဘုန်းကြီးရဲ့ ရှေးဟောင်းမသေမျိုးမှတ်တမ်း ကိုတော့ ငါ့ကို ပေးဖို့ မှတ်ထားဦး"

ယွန်းဖူအရှင်မြတ်သည် ထိုစကားကို ကြားသည်နှင့် ပြုံးလိုက်ပြီး လက်တစ်ဖက်ဖြင့် ဝူဖာ ကျောင်းထိုင်ဘုန်းကြီး၏ ရင်ဘတ်ကို ထိုးဖောက်ကာ သူ၏ ကိုယ်တွင်းမှ ရှေးဟောင်းမသေမျိုးမှတ်တမ်း ကို အရှင်လတ်လတ် ဆွဲထုတ်ယူလိုက်သည်။

ဝူဖာ ကျောင်းထိုင်ဘုန်းကြီးမှာ မျက်နှာပြာနှမ်းသွားကာ သက်စောင့်အားများ လွင့်စင်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ပြာများအဖြစ်သို့ ပြောင်းလဲကာ လွင့်ပျံသွားတော့သည်။

ထို့နောက် ယွန်းဖူအရှင်မြတ်သည် လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ မင်ဝမ်ကြယ်မှ ဒေသခံ အင်အားကြီး ပုဂ္ဂိုလ်များကိုလည်း တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်တော့သည်။ သူသည် လက်ထဲမှ ရှေးဟောင်းမသေမျိုးမှတ်တမ်းကို ကိုင်ဆောင်လျက် ဖန့်ချန်၏ ရှေ့မှောက်သို့ ရောက်လာသည်။

ဖန့်ချန်က ၎င်းကို ယူလိုက်ပြီး ရှန့်နင်ထံသို့ ကမ်းပေးလိုက်သည်။

"စီနီယာရှန့်... ခင်ဗျားရဲ့ အခြေခံက လုံလောက်နေပြီပဲ၊ ဒီနေရာမှာပဲ အဆင့် ၇ ရှေးဟောင်းမသေမျိုး အဖြစ်ကို တက်လှမ်းလိုက်တော့"

ရှန့်နင်သည် လက်ထဲသို့ ရောက်လာသော ရှေးဟောင်းမသေမျိုးမှတ်တမ်း ကို ကြည့်ကာ မှင်တက်နေမိသည်။ ခုနကတင် သေရတော့မည့် အခြေအနေမှ မျက်စိတစ်မှိတ်အတွင်းမှာပင် အကုန်လုံး ပြောင်းပြန်လှန်သွားရုံသာမက ရှေးဟောင်းမသေမျိုးမှတ်တမ်း တစ်စောင်ကိုပင် ရရှိလိုက်သေးသည်။

မင်ဝမ်ကြယ်မှ ကျန်ရှိနေသော ကျင့်ကြံသူများသည် ခြေဖဝါးမှသည် ဦးခေါင်းအထိ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ မင်ဝမ်ကြယ်၏ အစောင့်အရှောက်၊ ခူတုဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းကြီး ဝူဖာ... သည် ဤကဲ့သို့ပင် အသတ်ခံလိုက်ရပြီး သူ၏ ရှေးဟောင်းမသေမျိုးမှတ်တမ်း မှာလည်း သူတစ်ပါးလက်ထဲသို့ ရောက်သွားခဲ့ပြီ...။

လူတိုင်းသည် စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို ယခုမှ အမှန်တကယ် ခံစားလိုက်ရတော့သည်။

အခန်း (၁၇၃၄) - ဒီနေ့ ငါက သက်သတ်လွတ် စားနေတာမို့လို့

မီးဝိညာဉ်ချိုင့်ဝှမ်း၏ အခြေအနေ အပြောင်းအလဲသည် အချို့အတွက် ဝမ်းသာစရာ ဖြစ်သော်လည်း အချို့အတွက်မူ ပူဆွေးစရာ ဖြစ်သွားခဲ့သည်။

ယွန်းဖူအရှင်မြတ်၏ လက်ချက်ဖြင့် အတူတကွ သတ်ဖြတ်ခြင်းခံလိုက်ရသော ဒေသခံအင်အားကြီး ပုဂ္ဂိုလ်များမှာ မိစ္ဆာမဟာမိတ်အဖွဲ့ထံသို့ စိတ်ရောကိုယ်ပါ ပုံအပ်ထားကြသူများ ဖြစ်သည်။ သူတို့သည် ယနေ့ အခမ်းအနားသို့ သူတို့၏ မျိုးဆက်သစ် လူငယ်များကိုပါ ခေါ်ဆောင်လာခဲ့ကြသည်။

ထိုလူငယ်များမှာမူ ယခုအခါ ကြောင်တောင်တောင် ဖြစ်နေကြပြီး တစ်ကိုယ်လုံး ရေခဲကျင်းထဲသို့ ကျသွားသကဲ့သို့ အေးစိမ့်ကာ ထွက်ပေါ်လာသော အသက်ရှူငွေ့များပင် လျှံထွက်နေသည့်အလား ခံစားနေရသည်။

သို့သော် အစအဆုံး မိစ္ဆာမဟာမိတ်အဖွဲ့ကို စိတ်ထဲမှ အသိအမှတ်မပြုလိုကြသော ကျင့်ကြံသူများမှာမူ ယခုအခါ အတိုင်းမသိ ဝမ်းသာအားရ ဖြစ်နေကြပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေကြသည်။

"ကျွယ်မင်နန်းတော်က ဝမ်ယဲ့လား... တကယ်ကို အစီအစဉ် ကောင်းလှချည်လား"

ယွမ်ယန်သန့်စင်သူက ရုတ်တရက် စကားဆိုလာသည်။

"နင် မော်ထျန်းဌာနနဲ့ ဘယ်လို ဆက်သွယ်ခဲ့လဲ၊ သူတို့ နင့်ဘက်က ရပ်တည်ပေးလာအောင် ဘယ်လို အပေးအယူမျိုးတွေ လုပ်ခဲ့လဲဆိုတာ ငါ သိချင်မိတယ်"

"ဘာအပေးအယူမှ မလိုပါဘူး၊ မော်ထျန်းဌာနက အမှားနဲ့ အမှန်ကို ခွဲခြားသိမြင်လို့ပါ။ မင်းတို့ လုပ်နေတာတွေက မှားနေတော့ မော်ထျန်းဌာနက အမှားကို ပြင်ဆင်ပေးဖို့ ငါတို့ဘက်က ကူညီပေးရုံပါပဲ"

ဖန့်ချန်က ပြုံး၍ ဖြေလိုက်သည်။

"အမှားနဲ့ အမှန် ဟုတ်လား"

တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့မှာ ခဏမျှ မှင်တက်သွားကြသည်။

တာတေထျန်းကျွင်းက ရုတ်တရက် ရယ်မောလိုက်ပြီး

"ဒီလို အကြောင်းပြချက်မျိုးက မော်ထျန်းဌာနလို နေရာမျိုးမှာ အသုံးမဝင်ဘူး။ မော်ထျန်းဌာနက ကျုပ်တို့ကို ပြန်တိုက်ဖို့ ဘက်ပြောင်းလာတာဟာ ခင်ဗျားတို့ ကျွယ်မင်နန်းတော်က သူတို့ ငြင်းပယ်လို့မရတဲ့ အဖိုးအခတစ်ခုခု ပေးလိုက်လို့ပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား "

ဖန့်ချန်သည် တာတေထျန်းကျွင်းကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။

"မင်း ပြောတာ မှန်ပါတယ်၊ ငါတို့ ကျွယ်မင်နန်းတော်က မော်ထျန်းဌာန ငြင်းလို့မရတဲ့ အဖိုးအခကို တကယ်ပဲ ပေးခဲ့တယ်"

"..."

တာတေထျန်းကျွင်းသည် ဖန့်ချန်၏ မျက်နှာအမူအရာမှတစ်ဆင့် တစ်စုံတစ်ခုကို ရိပ်မိရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုသို့ မေးခွန်းထုတ်ခြင်းဖြင့် မှန်ကန်သော ဆုံးဖြတ်ချက်ကို ရယူလိုသော်လည်း တစ်ဖက်လူ၏ အဖြေမှာ သူ့ကို လမ်းစပျောက်သွားစေသည်။

မော်ထျန်းဌာနက တကယ်ပဲ စိတ်ဝိညာဥ်နယ်မြေ၊ နတ်ဘုရားဘုရင်နယ်မြေတို့နဲ့ ပူးပေါင်းသွားတာလား။

တကယ်လို့သာ ဟုတ်နေရင် ဒါဟာ မိစ္ဆာမျိုးနွယ်တွေအတွက် အရမ်း အရေးကြီးတဲ့ ကိစ္စဖြစ်သွားပြီ။ သူ ချက်ချင်း သတင်းပို့ရလိမ့်မယ်။

ဒါပေမဲ့ တကယ်လို့ မဟုတ်ခဲ့ရင်ကော ဒါက နောင်ကျရင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်သွားနိုင်မလား။

"ထားလိုက်ပါတော့... တိုက်ရိုက်ပဲ ဖမ်းဆီးပြီး အကျိုးအကြောင်း မေးမြန်းတာက ပိုကောင်းပါလိမ့်မယ်"

တာတေထျန်းကျွင်းက ခေါင်းခါယမ်းလိုက်ပြီး ယွမ်ယန်သန့်စင်သူကို လှည့်ကြည့်လိုက်သည်။

"ယွမ်ယန်သန့်စင်သူ... အဲဒီပုဂ္ဂိုလ်ကြီးကို လှုပ်ရှားခိုင်းလိုက်ပါတော့၊ မြန်မြန်ဆန်ဆန်ပဲ အပြတ်ရှင်းလိုက်ကြရအောင်။ ဒီနေ့ ကိစ္စတွေက ငါတို့ ထင်ထားတာထက် အများကြီး လွဲချော်ကုန်ပြီ၊ အသေအချာ ပြန်စီစဉ်ဖို့ လိုလိမ့်မယ်"

အဲဒီပုဂ္ဂိုလ်ကြီး

လူအုပ်ကြီးမှာ ထိတ်လန့်သွားကြသည်။ ဒီလူနှစ်ယောက်ဆီမှာ နောက်ထပ် ဝှက်ဖဲ ကျန်သေးတာလား။

ယွန်းဖူအရှင်မြတ်၏ မျက်နှာထား ပြောင်းလဲသွားပြီး အေးစက်သော အကြည့်များဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ဖားထျန်းအရှင်မြတ်သည်လည်း ပတ်ဝန်းကျင် အခြေအနေကို သတိကြီးစွာ စောင့်ကြည့်နေ၏။

"ကောင်းပြီလေ"

ယွမ်ယန်သန့်စင်သူက ခေါင်းညိတ်ပြလိုက်ပြီး အကြည့်များက အစိမ်းနုရောင် ဝတ်စုံနှင့် သက်လတ်ပိုင်း အမျိုးသားပေါ်သို့ ကျရောက်သွားသည်။

"စီနီယာ တောက်ထျန်း... ကျေးဇူးပြုပြီး ကူညီပေးပါဦး"

"တောက်ထျန်း"

ဖားထျန်းတို့ လေးယောက်မှာ မျက်မှောင်ကြုတ်သွားကြသည်။ ဒီဘွဲ့အမည်က သူတို့အတွက် အရမ်းကို သူစိမ်းဆန်လှသည်။ တစ်ဖက်လူက ထိုက်ချန်းနယ်မြေက ကျင့်ကြံသူ မဟုတ်တာလည်း ဖြစ်နိုင်သည်။

သို့သော် ဟင်းလင်းပြင်ထဲရှိ လင်ချန်မှာမူ တောက်ထျန်း ဆိုသည့် အမည်ကို ကြားသည်နှင့် မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။

ထိုအချိန်တွင် အစိမ်းနုရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်သည် သစ်ပင်အောက်မှ ထရပ်လိုက်သည်။ သူက တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူကို လက်ညှိုးထိုးပြကာ ဖန့်ချန်ကို ပြုံး၍ ဆိုလိုက်သည်။

"ညီလေး... မင်းရဲ့လူတွေကို အဖမ်းအဆီးတွေ လွှတ်ပေးဖို့ ပြောလိုက်ပါ။ ဒီနေ့ ငါက သက်သတ်လွတ် စားနေတာမို့လို့ သတ်ဖြတ်တာတွေ မလုပ်ချင်ဘူး။ ငါ့ကို အာပတ်ဖြေအောင် (အကျင့်ပျက်အောင်) မလုပ်ပါနဲ့"

"စကားကတော့ အကြီးကြီးပဲ၊ သတ်ဖြတ်မှု မလုပ်ချင်ဘူး ဟုတ်လား အခြေအနေကိုလည်း ကြည့်ဦးလေ"

ယွန်းဖူအရှင်မြတ်က မျက်လုံးမှေးကြည့်ကာ တစ်ဖက်လူကို အကဲခတ်လိုက်သည်။

"မဟန်ဘူး"

ဖားထျန်းအရှင်မြတ်က ရုတ်တရက် သတိကြီးစွာ ဆိုလာသည်။

"ဒီလူ့ဆီက အရှိန်အဝါက မသေမျိုးလမ်းစဉ် မဟုတ်ဘူး၊ နတ်ဘုရားလမ်းစဉ် ပဲ"

"နတ်ဘုရားလမ်းစဥ် မင်း သေချာလို့လား"

ယွန်းဖူအရှင်မြတ် မျက်နှာ ပျက်သွားသည်။

ကျွေ့မုန့်နှင့် ဖေးရှီတို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် လေးနက်မှုများ အရိပ်ထင်လာသည်။ နတ်ဘုရားလမ်းစဥ်ဆိုသည်မှာ လူ့လောက ကိုးနယ်မြေ၏ ပင်မလမ်းစဉ် မဟုတ်တော့သည်မှာ ကြာပြီဖြစ်သော်လည်း... ထိုအချက်ကြောင့်ပင် ယခုအချိန်တွင် နတ်ဘုရားလမ်းစဥ်ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်လာခြင်းမှာ တစ်ဖက်လူ၏ လက်နက်များက မည်သို့မျှ အားနည်းလိမ့်မည် မဟုတ်ကြောင်း ဖော်ပြနေသည်။

"ငါ သေချာတယ်၊ ငါ နတ်ဘုရားလမ်းစဥ် ကျင့်ကြံသူတွေနဲ့ ထိတွေ့ဖူးတယ်၊ ဒီအနံ့အသက်က လုံးဝ မမှားနိုင်ဘူး"

ဖားထျန်းအရှင်မြတ်က ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။

"အရှင်... ဒီလူက ကိုင်တွယ်ရ ခက်နိုင်ပါတယ်။ နတ်လမ်းစဥ်ဂိုဏ်း ရဲ့ နတ်ဘုရားစာရင်း ကနေ ဘွဲ့နှင်းခံထားရတဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ နတ်ဘုရားလမ်းစဥ် နယ်ပယ်ထဲကို ကူးပြောင်းသွားကြပြီး ကျင့်ကြံမှုက တစ်ဝက်လောက် ပိုပြီး တိုးတက်သွားတတ်တယ်လို့ ကြားဖူးတယ်"

သူက ယွမ်ယန်သန့်စင်သူကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"ဒီအမျိုးသမီးက နတ်လမ်းစဥ်ဂိုဏ်းက ကျင့်ကြံသူပဲ၊ ဒါကြောင့် သူမကို ကာကွယ်ပေးနေတဲ့ ပုဂ္ဂိုလ်ကြီးကလည်း အဲဂိုဏ်းကပဲ ဖြစ်ရမယ်"

"ကျင့်ကြံမှုက တစ်ဝက်လောက် တိုးသွားတယ် ဟုတ်လား ဒါဆို မင်းဆိုလိုတာက..."

ယွန်းဖူတို့ အုပ်စု၏ မျက်နှာများမှာ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်။ ယခင်က သူတို့သည် နတ်လမ်းစဥ်ဂိုဏ်း ၏ နတ်ဘုရားလက်နတ် အကြောင်းကို ကြားဖူးရုံသာ ရှိပြီး အသေးစိတ် မသိကြချေ။ ယခု ဖားထျန်း၏ စကားကို ကြားမှသာ ကျင့်ကြံမှု တစ်ဝက်တိုးခြင်း၏ အဓိပ္ပာယ်ကို သဘောပေါက်သွားကြသည်။

"တောက်ထျန်း... ဒီနာမည်ကလည်း ရင်းနှီးနေသလိုပဲ၊ နတ်ဘုရားဘုရင်နယ်မြေက ချင်းမင်ဓားပြကြီး တစ်ယောက်ရဲ့ နာမည်နဲ့ တူနေတယ်"

ဖားထျန်းအရှင်မြတ်သည် သက်လတ်ပိုင်း အမျိုးသားကို စိုက်ကြည့်နေသည်။

"ဒီချင်းမင်ဓားပြကြီးရဲ့ လက်အောက်မှာ နယ်မြေရှာဖွေရေးအဖွဲ့ တစ်ခု ရှိတယ်၊ ရှေးဟောင်းတားမြစ်နယ်မြေတွေမှာ တစ်နှစ်ပတ်လုံး သွားလာနေပြီး လုယက်သတ်ဖြတ်တာတွေ အကုန်လုပ်တဲ့သူပဲ။ သူ့ရဲ့ ရှေးဟောင်းမသေမျိုးမှတ်တမ်းတောင် ခိုးယူထားတာလို့ ကြားတယ်"

လူအုပ်ကြီးမှာ မှင်တက်သွားကြသည်။ အခု ရှေ့က ယဉ်ကျေးသိမ်မွေ့တဲ့ အစိမ်းနုရောင် ဝတ်စုံနဲ့ ပုဂ္ဂိုလ်က ဒီလောက် ရက်စက်တဲ့ ချင်းမင်ဓားပြကြီး ဖြစ်နေတာလား။

"မှန်တယ်... နတ်ဘုရားဘုရင်နယ်မြေမှာ တောက်ထျန်းဆိုတဲ့ ချင်းမင်ဓားပြကြီး တစ်ယောက် ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ သူက တစ်ခါမှာ ရှေးဦးနဂါးနတ်ဘုရားနန်းတော် ကို သွားစော်ကားမိလို့ ရာစုနှစ်ချီပြီး လိုက်လံသတ်ဖြတ်တာ ခံခဲ့ရတယ်၊ နောက်ဆုံးတော့ ပျောက်ချင်းမလှ ပျောက်သွားတာပဲ"

နတ်ဘုရားဘုရင်နယ်မြေမှ အမာခံတပည့်တစ်ဦးက အားနည်းစွာဖြင့် မျက်လုံးဖွင့်ကြည့်ကာ တောက်ထျန်းကို စိုက်ကြည့်နေသည်။

"ဒီချင်းမင်ဓားပြကြီးက နတ်လမ်းစဥ်ဂိုဏ်းမှာ ခိုလှုံသွားလိမ့်မယ်လို့ မထင်ထားမိဘူး"

"မှန်တာပေါ့... ငါ့ကို ရှေးဦးနဂါးနတ်ဘုရားနန်းတော်က ရာစုနှစ်ချီပြီး လိုက်သတ်နေလို့ နောက်ဆုံးတော့ မတတ်သာဘဲ နတ်လမ်းစဥ်ဂိုဏ်းမှာ အကူအညီ တောင်းခဲ့ရတာပဲ။ နောက်ဆုံးတော့ နတ်လမ်းစဥ်ဂိုဏ်းမှာက ငါ့ကို လက်ခံခဲ့ပြီး နတ်ဘုရားလက်နက်ကနေ နတ်ဘုရားအဖြစ် ဘွဲ့နှင်းခံကာ နတ်ဘုရားလမ်းစဥ်ကို ကူးပြောင်းကျင့်ကြံခဲ့ရတယ်။

နတ်ဘုရားအဖြစ် မသတ်မှတ်ခံရခင်ကတည်းက ငါက အဆင့် ၈ ရှေးဟောင်းမသေမျိုး ဖြစ်နေခဲ့တာ၊ ဘွဲ့နှင်းခံရပြီး ကျင့်ကြံမှု တစ်ဝက်တိုးသွားတော့ တွက်ကြည့်မယ်ဆိုရင်... အဆင့် ၉ တစ်ပိုင်း ပေါ့လေ"

တောက်ထျန်းက နူးညံ့စွာ ပြုံးလိုက်သည်

"ဒါကြောင့် ဒီနေ့ အခြေအနေက ဘယ်လောက်ပဲ ဆိုးဆိုး၊ ဘယ်လောက်ပဲ ပျက်စီးနေပါစေ၊ ငါကတော့ ပြန်လှည့်နိုင်စွမ်း ရှိပါတယ်။ မင်းတို့အားလုံး ဒါကို သိသွားပြီဆိုရင်တော့ ငါ့ကို စကားအရှည်ကြီး မပြောခိုင်းပါနဲ့တော့၊ ဒီလူနှစ်ယောက်ကို ငါ့ဆီကိုပဲ လွှတ်ပေးလိုက်ပါတော့"

"အဆင့်... အဆင့် ၉ တစ်ပိုင်း ဟုတ်လား "

လူတိုင်း၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။ ယနေ့ အဆင့် ၈ ပုဂ္ဂိုလ်ကြီးတွေ ပေါ်လာတာတောင် အတော်လေး အံ့ဩစရာ ကောင်းနေပြီဆိုရင်၊ အခု အဆင့် ၉ တစ်ပိုင်းဆိုတာ လူ့လောက ကိုးနယ်မြေရဲ့ ထိပ်တန်း အင်အားနဲ့ အရမ်းကို နီးစပ်နေပြီ! ဒါက သူတို့တစ်သက်မှာ လူကိုယ်တိုင် မြင်တွေ့ရဖို့ မလွယ်ကူတဲ့ ပုဂ္ဂိုလ်မျိုးပဲ။

"တောက်ထျန်းက နတ်လမ်းစဥ်ဂိုဏ်းမှာ နတ်ဘုရားဘွဲ့ ခံယူလိုက်တာလား အဆင့် ၉ တစ်ပိုင်းတောင် ဖြစ်သွားတယ် ဟုတ်လား အရှက်မရှိလိုက်တာ"

ဟင်းလင်းပြင်ထဲမှ လင်ချန်မှာ ထိုစကားကို ကြားသည်နှင့် အသက်ရှူပင် မှားသွားတော့သည်။

"မင်း မလှုပ်ရှားခင်မှာပဲ ငါ သူတို့ကို သတ်ပစ်နိုင်တယ်။ အဆင့် ၉ တစ်ပိုင်းဆိုတာ တကယ့် အဆင့် ၉ မဟုတ်သေးဘူး"

ဖားထျန်းအရှင်မြတ်က အေးစက်စွာ ဆိုလိုက်သည်။ သူ၏ဘေးမှ တာတေထျန်းကျွင်းနှင့် ယွမ်ယန်သန့်စင်သူတို့မှာ ထိုစကားကြောင့် မျက်နှာပျက်သွားကြသည်။

"သူတို့ သေသွားလည်း ငါ့ရဲ့ မွေးညှင်းတစ်ပင်တောင် ကျွတ်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့သေသွားရင် တစ်ကမ္ဘာလုံးက မင်ဝမ်ကြယ်ကို သူတို့နဲ့အတူ အသုဘပို့ခိုင်းလိုက်မယ်၊ အဲဒီထဲမှာ မင်းတို့လည်း ပါတာပဲလေ၊ ဘာလို့ အဲဒီလောက်အထိ လုပ်ချင်နေရတာလဲ "

တောက်ထျန်းက ခေါင်းခါယမ်းလိုက်သည်။

"မင်ဝမ်ကြယ် တစ်ခုလုံးကို အသုဘပို့မယ် ဟုတ်လား မထင်ပါဘူးကွာ..."

ယွန်းဖူအရှင်မြတ်က ဖန့်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

"အရှင်... ကြည့်ရတာ ဒီအဆင့် ၉ တစ်ပိုင်းကပဲ ဒီနေ့ ကျုပ်တို့အတွက် အကြီးမားဆုံး ဆုလာဘ် ဖြစ်လိမ့်မယ် ထင်တယ်၊ ဒီလိုလူတစ်ယောက်ကို သတ်ရတာ အဆင့် ၈ ဆယ်ယောက် သတ်ရတာနဲ့ တူတူပဲဗျ"

"..."

တောက်ထျန်းက သက်ပြင်းတစ်ချက် ချလိုက်သည်

"ကြည့်ရတာ... ဒီနေ့ ငါ သက်သတ်လွတ် စားလို့ မရတော့ဘူး ထင်တယ်"

"နေဦး... မင်း ဆက်ပြီး သက်သတ်လွတ်ပဲ စားနေလိုက်ပါ"

ဖန့်ချန်က ယင်ဘူးကို ထုတ်ယူကာ တစ်ချက် ခါလိုက်သည်။

ချင်းဟယ် ပေါ်လာသည်နှင့် သူမ၏ အကြည့်မှာ တောက်ထျန်း၏ဆီသို့ ချက်ချင်း ရောက်ရှိသွားသည်။

"အဆင့် ၉ တော့ မဟုတ်ဘူး၊ ဒါပေမဲ့ အဆင့် ၈ လည်း မဟုတ်ပြန်ဘူး... ဖန့်သခင်လေး၊ ဒီလူ့ဆီက အရှိန်အဝါက နည်းနည်း ထူးဆန်းနေတယ်နော်"

ချင်းဟယ် က စပ်စုလိုသောလေသံဖြင့် ပြောလိုက်သည်။

တောက်ထျန်းမှာမူ ချင်းဟယ် ပေါ်လာသည့် ခဏချင်းမှာပင် တစ်ကိုယ်လုံး လျှပ်စစ်စီးသကဲ့သို့ တုန်ရင်သွားပြီး ခြေထောက်နှစ်ဖက်လုံး သေမင်းတံခါးဝထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

"ဖန့်သခင်လေး... ဒီလူကို အရှင်လိုချင်တာလား၊ အသေလား"

"အရှင်ပဲ ထားလိုက်ပါ"

"ဒါဆိုရင်တော့ ကောင်းပြီလေ"

ချင်းဟယ်က စိတ်အေးသွားဟန်ဖြင့် တောက်ထျန်းကို လက်ညှိုးဖြင့် အသာအယာ တို့လိုက်သည်။

"နေဦး"

တောက်ထျန်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပျံတက်ရန် ပြင်လိုက်သော်လည်း၊ ယင်စွမ်းအင်တစ်ခု၏ ချုပ်နှောင်ခြင်းကို တိုက်ရိုက် ခံလိုက်ရကာ ဖင်ထိုင်လျက်သား ပြန်ကျလာတော့သည်။

All Chapters