← Chapters

အခန်း (၇၂၇-၇၂၈)

Vol. 73 Ch. 727-728

အခန်း (၇၂၇-၇၂၈)

Vol. 73 Ch. 727-728

အခန်း (၇၂၇) - သံယောဇဉ်အကျိုးမျှော် ၊ ကျောက်စိမ်းဧကရာဇ် ၊ သရဲဖမ်းခြင်း

ဝေ့ရှန်း၏ အတွေးအခေါ်မှာ ဤမျှအထိ ထူးဆန်းလိမ့်မည်ဟု လီယန်ချူး မထင်မှတ်ထားပေ။ သူ သေချာပြန်စဉ်းစားကြည့်လိုက်သောအခါ အမှန်တကယ်ပင် ထိုသို့ပင် ဖြစ်နေသည်။

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများတွင်လည်း ဤကဲ့သို့ပင် ရန်ဖြစ်ရင်းနှင့် သံယောဇဉ်တွယ်ကြသည် မဟုတ်ပါလား။

သို့သော် လီယန်ချူးက ခေတ္တစဉ်းစားပြီးနောက် ပြန်လည်မေးမြန်းလိုက်သည်။

"မှတ်မိသွားတာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ မင်းမှာ သူ့ရဲ့ ဆက်သွယ်ဖို့လိပ်စာ ရှိလို့လား"

ဝေ့ရှန်းမှာ ခေတ္တမျှ မှင်တက်သွားရင်း

"ဆက်သွယ်ဖို့လိပ်စာ လီတာအိုဆရာ စကားပြောတာကတော့ တကယ်ကို စိတ်ဝင်စားစရာပဲဗျာ။ လောကထဲက လူတွေဆိုတာ ရေစက်ရှိရင် ပြန်ဆုံကြမှာပါပဲ၊ ကျွန်တော်ကလည်း အမှတ်တမဲ့နဲ့ ရေစက်ကောင်းတစ်ခု ဖန်တီးလိုက်တာပါ"

ဤစကားကို ပြောပြီးနောက် သူသည် လက်ဖက်ရည်ကို အသာအယာ တစ်ငုံသောက်လိုက်ရာ သူ၏ မျက်ဝန်းများမှာ လောကကို နားလည်သွားသည့်ဟန်ဖြင့် တည်ငြိမ်သွားတော့သည်။ ဤသည်ကပင် လူတစ်ယောက်၏ အဆင့်အတန်းကို ရုတ်တရက် မြင့်တက်သွားစေသယောင် ရှိပေသည်။

"လာပါ ငါ မင်းကို တစ်ခွက်လောက် တိုက်ပါရစေ"

လီယန်ချူးက လက်ဖက်ရည်ခွက်ကို မြှောက်လိုက်သည်။

ဝေ့ရှန်းက ပြုံးလိုက်ပြီး နှစ်ယောက်သား ခွက်ချင်း တိုက်လိုက်ကြသည်။

"ဝမ်အစ်ကို... မင်းမှာ တစ်စုံတစ်ရာ စိတ်မအေးဖြစ်စရာ ရှိနေတာလား။ ပြောပြစမ်းပါဦး... လူတွေ ပျော်ရအောင်... အဲ... မဟုတ်ပါဘူး၊ မင်းရဲ့ ဝေဒနာတွေကို ခွဲဝေခံစားပေးနိုင်အောင်လို့ပါ"

ဝေ့ရှန်းသည် မှိုင်တွေနေသော ဝမ်ကျိုးကို ကြည့်၍ မေးလိုက်သည်။

ဝမ်ကျိုးက သက်ပြင်းတစ်ချက် ချလိုက်သည်။ စောစောက သူသည် စိတ်အပန်းဖြေရန် လမ်းပေါ်တွင် လျှောက်သွားနေစဉ် ထိုကိုယ်လုံးထွားထွားနှင့် သူဌေးသားကို တွေ့ခဲ့ပြီး ထိုသူက သူ့ကို စကားများစွာ လာပြောခဲ့ခြင်း ဖြစ်သည်။ ဝမ်ကျိုးမှာ ဤလူက မည်သူနည်းဟု စဉ်းစားရင်းပင် အချိန်အတော်ကြာအောင် ကြောင်တောင်တောင် ဖြစ်နေခဲ့ရသည်။

ရလဒ်အနေဖြင့် ကြာလာသောအခါမှသာ ဤလူမှာ သူ့ကို လုံးဝမသိဘဲ လာရောက်မိတ်ဖွဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ဤလူ၏ အပြောအဆိုမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသလို၊ ဘေးရှိ တာအိုဆရာလေးမှာလည်း သာမန်လူ မဟုတ်ကြောင်း ခံစားမိသည်။ ထို့ကြောင့် ဝမ်ကျိုးသည်လည်း ဤနေရာတွင် ထိုင်၍ စကားပြောနေမိခြင်း ဖြစ်သည်။

ဝေ့ရှန်း၏ မေးခွန်းကို ကြားသောအခါ ဝမ်ကျိုးသည် လက်ထဲမှ လက်ဖက်ရည်ကို ပြင်းထန်သော အရက်ကြမ်းတစ်ခွက်ကဲ့သို့ တစ်ငုံတည်း မော့ချလိုက်ပြီးနောက်

"ဟူး... ပြောရရင်တော့ ရှည်တယ်ဗျာ"

ဝေ့ရှန်း၏ မျက်လုံးများမှာ ကောလာဟလ နားထောင်ချင်သော အမူအရာဖြင့် ဝင်းခနဲ ဖြစ်သွားကာ

"ပြောပါဦး၊ ဘာဖြစ်လို့လဲ"

"ကျွန်တော့်အိမ်မှာ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေလို့ပါ"

ဝမ်ကျိုး၏ ပထမဆုံး စကားတစ်ခွန်းကပင် ဝေ့ရှန်း၏ စိတ်ဝင်စားမှုကို အပြည့်အဝ ဆွဲဆောင်လိုက်တော့သည်။

"ကျွန်တော့်အဖေက ရုတ်တရက်ကြီး ရူးသွားသလိုမျိုး ဖြစ်နေတာ။ တစ်ခါတလေကျရင် သူက အသံတစာစာနဲ့ ဇာတ်သမားတွေလို ကပြအော်ဟစ်နေတတ်တယ်။

တစ်ခါတလေကျရင်လည်း ကလေးလေးလိုမျိုး လူတွေကို ဖက်ပြီး နို့စို့ချင်တယ်လို့ ပြောနေတတ်ပြန်တယ်။ နောက်ပြီး မှန်ကိုလည်း ခဏခဏ ကြည့်နေတတ်သေးတယ်... အတိုချုပ်ပြောရရင် တကယ်ကို ထူးဆန်းနေတာပါပဲ တစ်အိမ်လုံးမှာလည်း ဖရိုဖရဲတွေ ဖြစ်ကုန်ပြီ၊ အခုတော့ သူ့ကို အိမ်ထဲမှာပဲ ပိတ်ထားရတယ်၊သမားတော် တွေ အများကြီး ပင့်လာပေမဲ့လည်း ဘာမှ မထူးခြားဘူး"

ဝမ်ကျိုးက ညည်းတွားပြောဆိုသည်။

ဝေ့ရှန်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြန်ကာ

"မဖြစ်နိုင်တာ မင်းအိမ်မှာ သရဲခြောက်နေတာ မဟုတ်ဘူးလား "

လီယန်ချူးက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူတစ်ပါးအိမ်မှာ သရဲခြောက်နေတာကို မင်းက ဘာဖြစ်လို့ အဲဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။

ယခုမှာ နေခင်းကြောင်တောင် အချိန်ဖြစ်သော်လည်း ဝမ်ကျိုးသည် ပတ်ဝန်းကျင်ကို တစ်ချက် လှည့်ပတ်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ပြန်သည်။

"ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ အိမ်ကလူတွေလည်း အဲဒီလိုပဲ ယူဆကြတယ်။ ဒါပေမဲ့ နာမည်ကြီး ဘုန်းကြီးတွေ၊ တာအိုဆရာတွေ အများကြီး ပင့်ခဲ့ပေမဲ့ ဘာမှ မထူးခြားဘူး။

ကျွန်တော့်အဖေကတော့ အရင်အတိုင်းပါပဲ။ သူက ကိုယ့်ကိုယ်ကိုယ် ကျောက်စိမ်းဧကရာဇ် လို့တောင် ပြောပြီး လူတွေကို ရှိခိုးခိုင်းနေတာ။ ဘုန်းကြီးတွေကိုတောင် နတ်ရေစင် သောက်ဖို့ ခိုင်းသေးတယ် "

"အဲဒီ နတ်ရေစင်ဆိုတာက... အဲဒါက သူ့ရဲ့ ဆီး (ကျင်ငယ်ရည်) တွေဗျ အဲဒီဘုန်းကြီးက မသောက်တော့ ကျွန်တော့်အဖေက ရုတ်တရက်ကြီး အသံအက်အက်ကြီးနဲ့ သူက ဘယ်က စစ်သူကြီးကြီးပါဆိုပြီး လူကို ထိုးကြိတ်ဖို့ လုပ်တော့တာပဲ။ အဲဒီလူကို ပြန်လွှတ်ဖို့အတွက် ငွေတွေ အများကြီး လျော်ပေးလိုက်ရတယ်"

ဝမ်ကျိုးက ဝမ်းနည်းပက်လက် ပြောပြနေသည်။

ဝေ့ရှန်းက ပို၍ စိတ်ဝင်စားလာကာ

"သေချာပြီ မင်းအဖေကတော့ မကောင်းဆိုးဝါး ပူးကပ်ခံနေရတာ ၈၀ ရာခိုင်နှုန်း သေချာတယ် "

ဝမ်ကျိုးက သက်ပြင်းချရင်း မျက်နှာမှာ ညှိုးငယ်နေရှာသည်။

"ဝမ်အစ်ကို... ငါ မင်းကို ပြောရဦးမယ်၊ လီတာအိုဆရာက ဒီမှာ ထိုင်နေတာပဲ၊ မင်းက ဘာလို့ သူ့ကို မပင့်တာလဲ"

ဟု ဝေ့ရှန်းက ရုတ်တရက် ပြောလိုက်သည်။

ထိုအခါမှ ဝမ်ကျိုးမှာ သတိဝင်လာပြီး လီယန်ချူးကို ကြည့်လိုက်သည်။ တစ်စုံတစ်ခု ပြောရန် ကြိုးစားသော်လည်း စကားလုံးများမှာ နှုတ်ခမ်းဖျားတွင်ပင် ရပ်တန့်နေခဲ့သည်။

"လီတာအိုဆရာက အရမ်း ငယ်သေးတယ်ဗျာ။ ကျွန်တော့်အိမ်မှာ ဘုန်းကြီးတွေ၊ တာအိုဆရာတွေ အများကြီး ပင့်ခဲ့တာတောင် ဘာမှ မထူးခြားခဲ့ဘူး။ အခုလည်း ကျွန်တော့်ညီက မြို့တော်ကို လူသွားပင့်ထားတယ်၊ ဒီအချိန်ဆိုရင် ရောက်တောင် ရောက်နေလောက်ပြီ"

"မင်းညီပင့်တာက မင်းညီကိစ္စလေ၊ ဒါက မင်းရဲ့ မိဘအပေါ် ထားတဲ့ သားသမီးဝတ်တရားပဲ။ လီတာအိုဆရာကို ခေါ်ပြီး ကြည့်ခိုင်းလိုက်ပါ၊ တကယ်လို့ မရဘူးဆိုရင်လည်း နောက်မှ တခြားဟာ စဉ်းစားတာပေါ့"

ဝေ့ရှန်းက တိုက်တွန်းသည်။

လီယန်ချူးက ဝေ့ရှန်းကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို မော့သောက်လိုက်သည်။ မင်းလေးကတော့ စီစဉ်ပေးလိုက်တာ တကယ့်ကို ကွက်တိပါပဲလား။

ဝေ့ရှန်း၏ စကားက ဝမ်ကျိုး၏ စိတ်ကို ထိမှန်သွားပုံရသည်။ သူသည် ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်ကာ လီယန်ချူးကို ပြောလိုက်သည်။

"လီတာအိုဆရာ... ဒီကိစ္စမှာ ကျွန်တော့်ကို ကူညီပေးနိုင်မလားခင်ဗျာ"

လီယန်ချူးက ဝမ်ကျိုးကို တစ်ချက်ကြည့်၊ ဝေ့ရှန်းကို တစ်ချက်ကြည့်လိုက်သည်။ မူလက ဤကဲ့သို့ အပိုအလုပ်တွေကို သူ ဝင်မပါချင်သော်လည်း ကြုံလာပြီဆိုမှတော့ တစ်ချက်လောက် ကြည့်ပေးလိုက်တာလည်း ဘာမှ မခက်ခဲပေ။

"ငါ့မှာလည်း လုပ်စရာ အလုပ်တွေ ရှိသေးတယ်၊ မင်းအိမ်ကို လိုက်ပြီး ဒီကိစ္စကို ကိုင်တွယ်ပေးမယ်ဆိုရင် ငါ့ရဲ့ အာရုံတွေက ပြန့်လွင့်သွားမှာ..."

ဝမ်ကျိုးမှာ ရိုးသားသော လူငယ်ဖြစ်သဖြင့် ဤစကားကို ကြားသောအခါ သက်ပြင်းချလိုက်မိသည်။ သူသည် မိသားစုအတွင်း၌ အနေရခက်သော အခြေအနေတွင် ရှိနေသူ ဖြစ်သည်။ သူသည် အိမ်ဦးအစ သားကြီး ဖြစ်သော်လည်း သူ၏ မိခင်မှာ လွန်ခဲ့သော နှစ်များစွာကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ဖခင်ဖြစ်သူမှာ ဒုတိယမယား ကို ထပ်မံ လက်ထပ်ခဲ့ပြီး သားတစ်ဦး ထပ်မံ ထွန်းကားခဲ့သည်။ ထိုသားမှာ ယခု မြို့တော်သို့ လူသွားပင့်သော သူ၏ ညီပင်ဖြစ်သည်။

မိခင်မရှိသော သားတစ်ယောက်၏ ဘဝမှာ အလွန်ပင် အနေရခက်လှသည်။ ဖခင်ဖြစ်သူမှာ သူ့အပေါ်တွင် အလွန် တင်းကျပ်သော်လည်း သားငယ်အပေါ်တွင်မူ အလွန် အလိုလိုက်လှသည်။ ထို့အပြင် မယားငယ်ဖြစ်သူ၏ မိသားစုမှာလည်း အင်အား တောင့်တင်းလှသည်။

ထို့ကြောင့် ဝမ်ကျိုးသည် အလွန်ပင် ကြိုးစားသော်လည်း အနေရခက်သော အခြေအနေမှ မရုန်းထွက်နိုင်ခဲ့ပေ။

သူသည် ဤကိစ္စကို အခွင့်ကောင်းယူ၍ သူ၏ အဆင့်အတန်းကို ပြောင်းလဲချင်သလို၊ ဖခင်ဖြစ်သူကို ကယ်တင်ချင်သော စိတ်ရင်းလည်း ရှိလှသည်။ သို့သော် လီတာအိုဆရာနှင့်မှာ အမှတ်မထမဲ့ ဆုံတွေ့ခြင်းသာ ဖြစ်ပြီး မည်သည့် ရင်းနှီးမှုမှလည်း မရှိပေ။

"တာအိုဆရာမှာ အလုပ်ရှိတယ်ဆိုရင်လည်း... ဟူး... ကျွန်တော်က ဘယ်လိုလုပ် အနှောင့်အယှက် ပေးနိုင်ပါ့မလဲ"

လီတာအိုဆရာသည် ဝမ်ကျိုးက သူ့ကို နားလည်မှု လွဲသွားသည်ကို မြင်သောအခါ ခေါင်းကို ခါယမ်းရင်း ပြုံး၍ ပြောလိုက်သည်။

"ငါ ပြောတာက... ဒီကိစ္စအတွက် ငွေပိုပေးရမယ် လို့ ပြောတာပါ"

ဝမ်ကျိုး - "..."

ဤသို့ဖြင့် သုံးယောက်သား ဝမ်အိမ်တော်သို့ အမြန်ဆုံး ထွက်ခွာခဲ့ကြသည်။ ဝေ့ရှန်းမှာ သာမန် သူဌေးသားတစ်ဦး ဖြစ်သော်လည်း နတ်၊ သရဲ၊ မိစ္ဆာ ကိစ္စရပ်များကို အလွန်ပင် စိတ်ဝင်စားသူဖြစ်သည်။

သူသည် ယခင်ကလည်း နတ်ဘုရားလမ်းစဉ်ကို လိုက်စားရန် ငွေအမြောက်အမြား အသုံးစပြုခဲ့ဖူးသော်လည်း လူလိမ်များနှင့်သာ တိုးခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ မိသားစုမှာ ကြွယ်ဝချမ်းသာသဖြင့် ထိုကိစ္စဖြစ်ပြီးနောက် ဖခင်ဖြစ်သူ၏ အရိုက်အနှက် ခံလိုက်ရရုံမှတစ်ပါး အခြား ဆုံးရှုံးမှုကြီးကြီးမားမား မရှိခဲ့ပေ။

သို့သော် ထိုအချိန်မှစ၍ သူ၏ အိမ်သားများက သူ့ကို ကျင့်ကြံခြင်းလမ်းစဉ် လိုက်စားရန် လုံးဝ ခွင့်မပြုတော့ပေ။ သို့သော်လည်း ဝေ့ရှန်းမှာမူ ဤကဲ့သို့သော ထူးခြားဆန်းပြားသည့် ကိစ္စရပ်များကို စိတ်ဝင်စားဆဲဖြစ်ရာ ဤခရီးကို လိုက်ပါလာခြင်းပင်။

ဝမ်အိမ်တော်သို့ ရောက်ရှိလာသောအခါ လီယန်ချူးသည် အားနည်းသော ယင်စွမ်းအား တစ်ချို့ကို ခံစားလိုက်ရသည်။ အိမ်ရှေ့တံခါးဝသို့ ရောက်ရုံမျှဖြင့်ပင် ထိုအငွေ့အသက်များ ထွက်ပေါ်နေခြင်းမှာ ဝမ်အိမ်တော်တွင် သရဲခြောက်နေသည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ဝမ်ကျိုး၏ ပြောစကားများအရ ဝမ်ကျိုးအဖေတွင် ပူးကပ်နေသော သရဲမှာ မကောင်းဆိုးဝါး အယုတ်တမာ မျိုး မဟုတ်ဘဲ အလွန်အမင်း ရန်လိုမှုလည်း မရှိကြောင်း သူ သုံးသပ်လိုက်သည်။ သို့မဟုတ်ပါက ထိုဘုန်းကြီးမှာ ဆီးသောက်ရုံဖြင့် ပြီးသွားမည် မဟုတ်ပေ။

သရဲတစ်ကောင် ဒုက္ခပေးနေသည်ကို တွေ့ပါက လက်လွတ်စပယ် သတ်ဖြတ်လိုက်ပြီး ဝင်ငွေအပိုလေး ရှာလိုက်ရုံပါပဲ၊ အင်း... ရေစက်ကောင်းတစ်ခု ဖန်တီးလိုက်တာပေါ့။

ဝေ့ရှန်းသည်လည်း အတူပါလာပြီး သူ ပြန်မသွားသေးပေ။ ဤလူမှာ တကယ်ကို ထူးခြားသူ ဖြစ်သည်။ စောစောက ပညာတတ်လူငယ်နှင့် အစေခံအဘိုးအိုတို့ကို ထိုမျှအထိ ဆဲရေးခဲ့သော်လည်း အသတ်မခံရခြင်းမှာပင် သူ၏ ကံဇာတာ အလွန်ကောင်းလှသည်ဟု ဆိုရမည်။

လီယန်ချူးသည် စောစောက ဝိညာဥ်မျက်စိအတတ်ကို အသုံးမပြုခဲ့သော်လည်း ထိုနှစ်ဦးမှာ ကျင့်ကြံသူများ ဖြစ်ကြောင်းနှင့် အရှိန်အဝါ မနည်းကြောင်းကို ခံစားမိသည်။

ထို့အပြင် သူတို့ကိုယ်ပေါ်တွင် အရှိန်အဝါကို ဖုံးကွယ်ထားသော မှော်ရတနာများလည်း ပါရှိနိုင်သည်။ ထိုမျှအထိ အစွမ်းထက်သူများ ဖြစ်ပါလျက် ဝေ့ရှန်းကို အပြစ်မပေးခဲ့ခြင်းမှာ ၎င်းတို့မှာ တရားသောလမ်းစဉ်ကို လိုက်စားသူများ ဖြစ်နိုင်ကြောင်း လီယန်ချူး တွေးမိသည်။

လီယန်ချူးသည် အတွေးကို ရုပ်သိမ်းလိုက်ပြီး အိမ်အတွင်းသို့ ဝင်သွားကြရာ အိမ်ထိန်းတစ်ဦးက အမြန်ဆုံး ကြိုဆိုလိုက်သည်။

"သခင်လေး ပြန်ရောက်လာပြီလား"

ဝမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး

"ညီလေး ပြန်မရောက်သေးဘူးလား"

အိမ်ထိန်းက ပြန်ဖြေသည်

"မရောက်သေးပါဘူး၊ ဒါပေမဲ့ အချိန်အရဆိုရင်တော့ ရောက်ခါနီးပါပြီ"

ထို့နောက် ဝမ်ကျိုးသည် သရဲဖမ်းရန် ခေါ်ဆောင်လာသော လီယန်ချူးနှင့် မိတ်ဆက်ပေးလိုက်သည်။

"ဒါက လီတာအိုဆရာပါ၊ အဖေရဲ့ မကောင်းဆိုးဝါးကို ဖယ်ရှားပေးဖို့ ဖိတ်ခေါ်လာတာပါ။ ဒါကတော့ ဝေ့ရှန်း ဝေ့သခင်လေး၊ ကျွန်တော့်ရဲ့ မိတ်ဆွေပါ"

အိမ်ထိန်းသည် လီယန်ချူးကို တစ်ချက်ကြည့်လိုက်ပြီးနောက်

"သခင်လေး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"

၎င်းတို့ သုံးဦးသည် ဧည့်ခန်းမဆောင်သို့ ရောက်ရှိလာသောအခါ ခေါင်းတွင် ရွှေဆံထိုးများ ဆင်ယင်ထားပြီး အဝတ်အစား ခန့်ညားလှပသော အမျိုးသမီးကြီးတစ်ဦး လမ်းလျှောက်လာသည်ကို တွေ့ရသည်။ ထိုအမျိုးသမီးမှာ ခန္ဓာကိုယ် အချိုးအစားကို အလွန်ထိန်းသိမ်းထားပြီး ရုပ်ရည်အလွန်လှပသော အမျိုးသမီးငယ် တစ်ဦးပင် ဖြစ်သည်။

သူမမှာ ဝမ်ကျိုး၏ ဒေါ်လေး (မယားငယ်) ပင် ဖြစ်သည်။

"ဒါက အိမ်တော်သခင်ကြီးရဲ့ မကောင်းဆိုးဝါးကို နှိမ်နင်းပေးဖို့ မင်းဖိတ်လာတဲ့ တာအိုဆရာလား"

ဝမ်ကျိုးက ရိုသေစွာ ဖြေကြားလိုက်သည်

"ဟုတ်ပါတယ်"

သူ့စိတ်ထဲတွင်မူ ရုတ်တရက် နောင်တရမိသွားသည်။ သူ၏ ဒေါ်လေးမှာ အလွန်ပင် ဉာဏ်များပြီး အစွမ်းထက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။

မိမိအနေဖြင့် မည်သည့်နောက်ခံမှန်း မသိရသော ဤတာအိုဆရာလေးကို စွန့်စားခေါ်လာခဲ့မိရာ၊ အကယ်၍သာ မအောင်မြင်ခဲ့ပါက မိမိ၏ အခြေအနေမှာ ပို၍ ဆိုးရွားသွားနိုင်ပေသည်။

ထိုလှပသော အမျိုးသမီး၏ မျက်လုံးများမှာ အေးစက်လှသဖြင့် သူမသည် ပေါင်းသင်းရလွယ်သောသူ မဟုတ်ကြောင်း သိသာလှပေသည်။

သူမသည် ဝေ့ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီယန်ချူးကို အကဲခတ်လိုက်သည်။ သူမ၏ မျက်ဝန်းအိမ်တွင် အေးစက်သော အငွေ့အသက်များ ရှိနေသော်လည်း လီယန်ချူးကို မြင်လိုက်ရသည့် ခဏတွင်မူ သူမက ရုတ်တရက် ပြောလိုက်သည်။

"အလို"

"ဒီတာအိုဆရာလေးက တကယ့်ကို ခန့်ညား... ကြည့်ရတာ တစ်စုံတစ်ရာသော အစွမ်းအစ ရှိမယ့်ပုံပဲ"

ထိုအလှပိုင်ရှင် အမျိုးသမီးမှာ စကားကို ရုတ်တရက် ပြောင်းလိုက်ပြီး လီယန်ချူးကို စူးစိုက်သော မျက်လုံးများဖြင့် ကြည့်လိုက်လေတော့သည်။

လီယန်ချူး - "..."

အခန်း (၇၂၈) - နှစ်တစ်ထောင် မြွေမိစ္ဆာ ၊ ဝမ်ဆုန်းတာအိုဆရာ ၊ အော်... မင်းကိုး

ဝမ်ကျိုး၏ ဒေါ်လေး ချန်ရှီ သည် တကယ်တော့ သဘောထားကောင်းသူတစ်ယောက် မဟုတ်ပေ။ လွန်ခဲ့သော နှစ်များစွာကတည်း သူမသည် မိမိ၏ သားငယ်ကိုသာ မိသားစုအမွေ ဆက်ခံစေချင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အပြင်ပန်းတွင်မူ ချစ်ချစ်ခင်ခင်ရှိကြသော မိသားစုတစ်ခုအသွင် ဖန်တီးထားလေသည်။

ယခုအခါ လီယန်ချူး ရောက်ရှိလာခြင်းကြောင့်သော်လည်းကောင်း၊ သို့မဟုတ် အလွန်အမင်း ခန့်ညားလွန်းလှသော လီယန်ချူး၏ မျက်နှာက အခြေအနေကို ပြေလျော့သွားစေခြင်းကြောင့်သော်လည်းကောင်း၊ ချန်ရှီ၏ စကားထဲတွင် အပ်ဖြင့်ထိုးသကဲ့သို့ နာကျင်စေသော အငွေ့အသက်မျိုးကို လီယန်ချူး မခံစားရပေ။

သို့သော်လည်း ထိုအမျိုးသမီးက ဝမ်ကျိုးကို ကြည့်လိုက်သည့် တစ်ချက်တစ်ချက်တွင်မူ အေးစက်မှုနှင့် ရန်လိုမှု အနည်းငယ် ကိန်းအောင်းနေသည်ကို တွေ့ရသည်။

လီယန်ချူးသည် ဝိညာဉ်မျက်စိအတတ် တွင် ကျွမ်းကျင်သူဖြစ်ရာ တစ်ချက်ကြည့်ရုံဖြင့် ဤအမျိုးသမီးမှာ စိတ်သဘောထား ကျဉ်းမြောင်းပြီး သူတစ်ပါးကို မကြည်ဖြူတတ်သူဖြစ်ကြောင်း သိလိုက်သည်။

သို့သော် သူမ၏ ကိုယ်ပေါ်မှ သန့်စင်သော အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် သူမ၏ ဘိုးဘေးများမှာ ကုသိုလ်ကံကောင်းခဲ့သူများဖြစ်ပြီး သူမကိုယ်တိုင်မှာလည်း ယခုဘဝတွင် စည်းစိမ်ချမ်းသာ ခံစားရမည့်သူ ဖြစ်ကြောင်း မြင်နေရသည်။

"အမေ... ကျွန်တော် ပြန်လာပြီ"

ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံကို နားထောင်ရုံဖြင့်ပင် အသံပိုင်ရှင်မှာ လွတ်လပ်ပေါ့ပါးပြီး ထင်ရာစိုင်းတတ်သော လူငယ်တစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။

လီယန်ချူး လှည့်ကြည့်လိုက်ရာ အသက် (၁၅)၊ (၁၆) နှစ်ခန့်ရှိသော လူငယ်တစ်ဦးသည် တာအိုဆရာတစ်ဦးကို ခေါ်ဆောင်၍ ရောက်ရှိလာသည်ကို တွေ့ရသည်။

ထိုလူငယ်မှာ အဝတ်အစား ခန့်ညားလှပပြီး ဝမ်ကျိုးထက်ပင် ပို၍ မြင့်မြတ်သောအသွင်နှင့် မောက်မာသောအသွင် ဆောင်နေသည်။ သူ၏ မျက်လုံးများမှာလည်း အလွန် ထောင်လွှားလှပြီး အစ်ကိုဖြစ်သူကို တွေ့သည့်အခါ အသာအယာ စောင်းငဲ့ကြည့်ရုံသာ ကြည့်လိုက်သည်။

ထိုလူငယ်၏ နောက်မှ လိုက်ပါလာသော တာအိုဆရာမှာမူ အသက် (၅၀) ခန့်ရှိပြီး မုတ်ဆိတ်ရှည် သုံးစုရှိကာ လက်ထဲတွင် ယပ်တောင် ကို ကိုင်ထားပြီး ကျောတွင် မက်မွန်သားဓား တစ်လက်ကို လွယ်ထားသည်။

ကြည့်ရုံဖြင့်ပင် တာအိုနတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်လှသော အသွင်ရှိပေသည်။

ထိုတာအိုဆရာ၏ နောက်တွင်လည်း မျက်နှာလှလှနှင့် လူငယ် တာအိုသာမဏေ (၂) ပါး ပါရှိပြီး ၎င်းတို့မှာလည်း အရှိန်အဝါ ထူးခြားလှရာ နာမည်ကြီး ဂိုဏ်းကြီးများမှ တပည့်များ ဖြစ်ကြောင်း သိသာလှပေသည်။

"ဘာတွေ ဆူညံနေတာလဲ ဧည့်သည်တွေ ရှိနေတယ်၊ အော်ဟစ်မနေနဲ့"

ဟု ချန်ရှီက ခပ်တိုးတိုး ငေါက်လိုက်သည်။

"အမေ... ကျွန်တော် မြို့တော်က လမင်းဝင်းပကျောင်းတော် ရဲ့ ကျောင်းထိုင် ဝမ်ဆုန်းတာအိုဆရာ ကို ပင့်လာတာပါ။ ဒါက တကယ့်ကို အစွမ်းထက်တဲ့ နတ်ဘုရားစစ်စစ်ပဲ"

ဟု လူငယ်က ရယ်မောကာ ပြောလိုက်သည်။

လမင်းဝင်းပကျောင်းတော်မှာ မြို့တော်တွင် အလွန်ကျော်ကြားသော ကျောင်းတော်ဖြစ်ပြီး ကျောင်းထိုင် ဝမ်ဆုန်းတာအိုဆရာ၏ မိစ္ဆာနှိမ်နင်းသော သတင်းများမှာ လူထုကြားတွင် ပျံ့နှံ့နေသဖြင့် လမ်းဘေးက လူလိမ်လူညာမျိုး မဟုတ်ပေ။

"ဝမ်ဆုန်းတာအိုဆရာကို တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မ ဂါရဝပြုပါတယ်"

ချန်ရှီက နူးညံ့စွာ ပြောလိုက်သည်။

ဝမ်ဆုန်းတာအိုဆရာမှာ တည်ငြိမ်လှပြီး သူ၏ မျက်လုံးများထဲတွင် အရှိန်အဝါများ တောက်ပနေကာ လောကပြင်ပမှ ပညာရှင်တစ်ဦးကဲ့သို့ပင် ဖြစ်သည်။ သူက အသာအယာသာ ခေါင်းညိတ်ပြလိုက်သည်။

"အမေ... ဒါက ဘယ်သူတွေလဲ"

လူငယ်က လီယန်ချူးနှင့် ဝေ့ရှန်းကို လက်ညှိုးထိုးကာ မေးလိုက်သည်။

ထိုလူငယ်၏ အမည်မှာ ဝမ်ချန်ယဲ့ ဖြစ်သည်။ သူ၏ အမည်ကို ကြည့်ရုံဖြင့်ပင် မိဘဘိုးဘေးများက သူ့အပေါ်တွင် အမွေဆက်ခံသူအဖြစ် မည်မျှ မျှော်လင့်ချက် ထားကြောင်း သိသာလှသည်။

လီယန်ချူးသည် ထိုလူငယ်ကို မြင်လိုက်ပြီး သူ၏ ရန်လိုသော အပြောအဆိုကို ကြားလိုက်ရသည့်အခါ စိတ်ထဲတွင် စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားသည်။

တောက်ကျင်းမြို့ တစ်မြို့လုံးက ဒေါ်လေးချင်း က သူ့ရဲ့ သားငယ်ကို အမွေဆက်ခံစေချင်နေမှန်း သိကြတယ်။

(သီရိဂေဟာ/Story of Minglan မှ တင်စားချက်)။

"ဒါက လီတာအိုဆရာလေ၊ မင်းအစ်ကိုက မင်းအဖေရဲ့ သရဲကို ဖမ်းပေးဖို့ ပင့်လာတာ"

ချန်ရှီက လေသံအေးအေးဖြင့် ပြောလိုက်သည်။

"ဟက် လမ်းဘေးက လူလိမ်တွေတော့ မဟုတ်ပါဘူးနော်။ ကြည့်ရတဲ့ အသက်အရွယ်အရဆိုရင် အစ်ကိုကြီးက ဘယ်တောအရပ်က လူကို သွားခေါ်လာတာလဲ မသိဘူး"

ဝမ်ချန်ယဲ့က လှောင်ပြောင်သလို ရယ်လိုက်သည်။

"လျှောက်မပြောနဲ့၊ ဒါက မင်းအစ်ကိုရဲ့ စေတနာပဲ။ မင်းက ဧည့်သည်အပေါ် ဘာလို့ အဲဒီလို ဆက်ဆံရတာလဲ"

ချန်ရှီက ဟန်ဆောင်ပန်ဆောင် ငေါက်လိုက်ပြန်သည်။

ဝမ်ချန်ယဲ့မှာ အပြောအဆိုခံရလွန်းသဖြင့် ထုံနေသော လူငယ်တစ်ဦး ဖြစ်ရာ မိခင်၏ အရှိန်အဝါကြောင့် အေးစက်စွာ ပြုံးလိုက်ပြီးနောက် အောက်တန်းကျသော စကားများကို ဆက်မပြောတော့ပေ။

လီယန်ချူးကမူ အသာအယာ ပြုံးလိုက်ရုံသာ ရှိသည်။ အသက် (၁၅)၊ (၁၆) နှစ်အရွယ် ကလေးတစ်ယောက်၊ မုတ်ဆိတ်တောင် မပေါက်သေးတဲ့ ကောင်လေးကို သူက ဘာလို့ ဒေါသထွက်နေပါတော့မည်နည်း။

"ဝမ်ဆုန်းတာအိုဆရာက အစွမ်းထက်တဲ့သူဗျ၊ အရင်က နှစ်တစ်ထောင် မြွေမိစ္ဆာကြီး ကိုတောင် သတ်ခဲ့ဖူးတယ်။ အဲဒီမြွေမိစ္ဆာက ကိုယ်လုံးတင် ပေတစ်ထောင်လောက် ရှိတာ၊ သူ လှုပ်ရှားလိုက်ရင် မြေကြီးတောင် တုန်ဟိန်းသွားတာ။ ဝမ်ဆုန်းတာအိုဆရာလို ပညာရှင်မျိုးကမှ သတ်နိုင်တာ"

ဝမ်ချန်ယဲ့က ဂုဏ်ယူစွာ ကြုံးဝါးလိုက်သည်။

ဝမ်ဆုန်းတာအိုဆရာ၏ မျက်မှောင်မှာ မသိမသာ အနည်းငယ် ကြုတ်သွားသည်။

ဟင်

နှစ်တစ်ထောင် မြွေမိစ္ဆာ ဟုတ်လား

လီယန်ချူးသည်လည်း ဝမ်ချန်ယဲ့၏ စကားကြောင့် စိတ်ဝင်စားသွားမိသည်။ နှစ်တစ်ထောင် မြွေမိစ္ဆာဆိုသည်မှာ ကျင့်စဉ်အဆင့် မနိမ့်လှပေ။ ထို့ကြောင့် ဤဝမ်ဆုန်းတာအိုဆရာမှာ အစွမ်းအစ အနည်းငယ် ရှိနိုင်ပေသည်။

ဝမ်ချန်ယဲ့သည် ထိုကဲ့သို့သော ပညာရှင်ကြီးကို ပင့်လာနိုင်သဖြင့် စိတ်ထဲတွင် အလွန် ဂုဏ်ယူနေပြီး၊ အစ်ကိုဖြစ်သူက တာအိုဆရာ ငယ်ငယ်လေးတစ်ဦးကို ခေါ်လာသည်ကို မြင်သည့်အခါ ပို၍ပင် လှောင်ပြောင်ချင်နေတော့သည်။

ဝမ်ကျိုးမှာမူ စိတ်ထဲတွင် စိုးရိမ်ပူပန်နေမိသည်။ မိခင်မရှိသော ကလေးတစ်ယောက်အဖြစ် ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာရသဖြင့် ဝမ်ကျိုး၏ စိတ်မှာ အလွန် သတိကြီးပြီး ထိခိုက်လွယ်လှသည်။ ယခုအခါ သူသည် အပ်ပေါ်တွင် ထိုင်နေရသကဲ့သို့ အနေခက်လှသော ခံစားချက်မျိုး ဖြစ်နေရသည်။

ဝမ်ချန်ယဲ့က လီယန်ချူးကို အထင်သေးစွာ ကြည့်နေစဉ် ဘေးနားရှိ ဝေ့ရှန်းမှာမူ သည်းမခံနိုင်တော့ပေ။ သူသည် မျက်လုံးများကို ပြူးလျက် ပြန်လည် ဆဲရေးရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူ၏ နားထဲသို့ အသံတစ်ခု ရောက်ရှိလာသည်။

"မင်းက... လီတာအိုဆရာ မဟုတ်လား"

လမင်းဝင်းပကျောင်းတော်၏ ကျောင်းထိုင် ဝမ်ဆုန်းတာအိုဆရာမှာ အံ့ဩတကြီး ဟစ်အော်လိုက်ခြင်း ဖြစ်သည်။

စောစောက သူသည် လီယန်ချူးကို မြင်မြင်ချင်း တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားရသဖြင့် အသေအချာ စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ သူ၏ စိတ်ထဲတွင် ထိတ်လန့်သွားတော့သည်။

လီယန်ချူးသည် ဝမ်ဆုန်းတာအိုဆရာကို အကဲခတ်ကြည့်လိုက်သော်လည်း မျက်မှောင်ကြုတ်သွားမိသည်။

"မင်း ငါ့ကို သိလို့လား"

သူ အကြာကြီး စဉ်းစားကြည့်သော်လည်း ဤဝမ်ဆုန်းတာအိုဆရာမှာ မည်သူဖြစ်ကြောင်း လုံးဝ အမှတ်ရခြင်း မရှိပေ။

ဝမ်ဆုန်းတာအိုဆရာသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး ရှေ့သို့ အပြေးအလွှား လာလိုက်ကာ

"တွေ့ဖူးတာပေါ့ တွေ့ဖူးတာပေါ့ အရင်က အရှေ့တောအုပ်ပြည်နယ် မှာ ဆရာကြီးက ယန်ဝိညာဉ် ကို သတ်တုန်းက ကျွန်တော် အောက်မှာ ရှိနေခဲ့တာပါ။ ဆရာကြီးရဲ့ အရှိန်အဝါက တကယ့်ကို လောကမှာ အနှိုင်းမဲ့ပါပဲ၊ တကယ်ကို ကြည်ညိုစရာ ကောင်းလှပါတယ် "

ဝမ်ဆုန်းတာအိုဆရာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးများမှာ ဝင်းလက်လာပြီး အသက်ရှူသံများပင် ပြင်းထန်လာတော့သည်။

"အရှေ့တောအုပ်ပြည်နယ်လား မင်းပြောတာ ချင်းမင်းသား သောင်းကျန်းတုန်းကလား"

လီယန်ချူးက မေးလိုက်သည်။ ဘာဖြစ်လို့ သူသည် ဤလူကို လုံးဝ အမှတ်မရပါသနည်း။

"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ "

"ဒီတာအိုဆရာမှာ မျက်စိမွဲခဲ့လို့ ဆရာကြီးကို ချက်ချင်း မမှတ်မိခဲ့တာ ခွင့်လွှတ်ပါ။ အဲဒီတုန်းက ကျွန်တော်က ချင်းဖုန်းလင် စစ်တပ်ထဲမှာ ရှိနေခဲ့တာပါ။ ဆရာကြီးရဲ့ လောကကို လွှမ်းမိုးနိုင်တဲ့ အစွမ်းကို ကျွန်တော် မြင်ဖူးပါတယ် "

"ဒီနေ့လို ရှောက်ယန်ခရိုင်လို နေရာလေးမှာ ဆရာကြီးနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါဟာ ကျွန်တော့်ရဲ့ ဘဝသုံးပါးစာ ကုသိုလ်ကြောင့်ပဲ ဖြစ်ရမယ် "

ဝမ်ဆုန်းတာအိုဆရာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံးပင် တုန်ယင်နေတော့သည်။ သူ၏ တပည့် တာအိုသာမဏေ (၂) ပါးမှာလည်း အံ့အားသင့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ဆရာမှာ ပုံမှန်အားဖြင့် တည်ငြိမ်လှသူဖြစ်ပါလျက် အဘယ်ကြောင့် ဤမျှအထိ ပျာယာခတ်နေရပါသနည်း။ ထို့အပြင် ဤတာအိုဆရာ ငယ်ငယ်လေးကို ဆရာကြီး ဟုပင် ခေါ်ဝေါ်နေပါလား။

"မင်းက နည်းနည်းတော့ ပိုနေပြီထင်တယ်..."ာ

လီယန်ချူးက ပြုံးလိုက်ရင်း

"တာအိုဆရာက အရှေ့တောအုပ်ပြည်နယ်ကို သွားပြီး ကူညီခဲ့တယ်ဆိုရင် ဒါဟာလည်း ရဲရင့်တဲ့ စိတ်နှလုံးရှိလို့ပါပဲ၊ တကယ်ကို လေးစားစရာ ကောင်းပါတယ် "

ထိုစဉ်က ကျူးကုန်းကျိန်းရင် မြို့ကို သတ်ဖြတ်သည့် ကိစ္စမှာ တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။ ထို့ကြောင့် စိတ်ဓာတ်ထက်သန်သော ကျင့်ကြံသူ အများအပြားမှာ အရှေ့တောအုပ်ပြည်နယ်သို့ လာရောက်ကာ အစိုးရစစ်တပ်ကို ကူညီပြီး မိစ္ဆာနှိမ်နင်းရန် ကြိုးစားခဲ့ကြသည်။

လီယန်ချူး ရောက်သွားသည့်အချိန်မှာ ချင်းမင်းသား၏ စစ်တပ်က ချင်းဖုန်းလင်ကို အပြင်းအထန် တိုက်ခိုက်နေချိန် ဖြစ်သည်။ သူသည် လူတစ်ကိုယ်၊ ဓားတစ်လက်တည်းဖြင့် ချင်းမင်းသား၏ စစ်တပ်နှင့် မိစ္ဆာများ၏ တိုက်ခိုက်မှုကို ဟန့်တားခဲ့သည်။

ထိုညက သူသည် ယန်ဝိညာဉ် အဆင့်ရှိသူ (၂) ဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့ရာ ကျင့်ကြံသူများအတွက်မူ အလွန်ပင် ထိတ်လန့်စရာ ကောင်းခဲ့သည်။ သို့သော် ထိုစဉ်က ဝမ်ဆုန်းမှာ ကျင့်ကြံသူများစွာထဲမှ တစ်ဦးသာ ဖြစ်ပြီး ထိပ်တန်းအဆင့်တွင်လည်း မပါဝင်သဖြင့် လီယန်ချူးက သတိမထားမိခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လီယန်ချူးနှင့် ဆက်သွယ်သူများမှာ တရားရုံးတော်ချုပ်မှ ရွှီထျန်းနန် သို့မဟုတ် ကျင်းကွမ်းဘုရားကျောင်းမှ ကျောင်းထိုင် ဝူရှဲ့ ကဲ့သို့သော ယန်ဝိညာဉ်အဆင့် ပညာရှင်ကြီးများသာ ဖြစ်သည်။

သို့သော်လည်း ဤတာအိုဆရာမှာ အရှေ့တောအုပ်ပြည်နယ်တွင် သွားရောက် ကူညီခဲ့သူဖြစ်ရာ စိတ်ဓာတ်ကောင်းသူတစ်ဦး ဖြစ်ရမည်ဟု ယူဆသဖြင့် လီယန်ချူးကလည်း ယဉ်ကျေးစွာ ပြောဆိုလိုက်ခြင်းပင်။

မှန်ပေသည်၊ လီယန်ချူး၏ စကားကို ကြားရသည့်အခါ ဝမ်ဆုန်းမှာ ပျော်လွန်းသဖြင့် ပျံတက်မတတ် ဖြစ်သွားကာ မျက်နှာမှာ ဝင်းပလာပြီး ဆယ်နှစ်ခန့်ပင် ငယ်သွားသယောင် ရှိပေသည်။

ဤလီတာအိုဆရာကတော့ တကယ့်ကို ထူးခြားတဲ့သူပဲ စကားပြောတာလည်း အရမ်းနားဝင်ချိုတာပဲ။

"ဒီနေ့ လီတာအိုဆရာနဲ့ ပြန်ဆုံရတာဟာ တကယ်ကို ကံကောင်းခြင်း လက်ဆောင်ပါပဲ ဆရာကြီး ဒီကို လာတာကလည်း သရဲဖမ်းဖို့ပဲလား"

ဝမ်ဆုန်းက မေးလိုက်သည်။

"ဝမ်ကျိုး ဝမ်သခင်လေးက ဖိတ်လို့ လာခဲ့တာပါ။ ကျင့်ကြံသူဆိုတာ မိစ္ဆာနှိမ်နင်းဖို့ တာဝန်ရှိတာမို့ ဘာဖြစ်တာလဲဆိုတာ လာကြည့်ပေးတာပါ"

လီယန်ချူးက ဝမ်ကျိုး၏ နာမည်ကိုပါ ထည့်ပြောပေးလိုက်သည်။

"ကောင်းပါပြီ... ကောင်းပါပြီ၊ ဒါမျိုးကိုး။ လီတာအိုဆရာ ဒီမှာရှိနေမှန်း သိရင် ကျွန်တော် ဒီကို လာစရာတောင် မလိုတော့ဘူးပေါ့"

ဝမ်ဆုန်းက မုတ်ဆိတ်ကို သပ်ရင်း ရယ်မောကာ ပြောလိုက်သည်။

"..." ဝမ်ချန်ယဲ့။

သူ နားထောင်ရင်းနှင့် အခြေအနေမှာ တစ်မျိုးကြီး ဖြစ်လာသည်ကို သတိပြုမိလိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်လာကာ အသက်ရှူသံများပင် ပြင်းထန်လာတော့သည်။

ဤဝမ်ဆုန်းတာအိုဆရာမှာ ကျန်းနန်ပြည်နယ် မြို့တော်တွင် အလွန်ကျော်ကြားသော ပညာရှင်ကြီး ဖြစ်သည်။

သို့သော် သူ၏ စကားအရဆိုလျှင် ထိုတာအိုဆရာ ငယ်ငယ်လေးက ပိုပြီး အစွမ်းထက်နေသလား။

All Chapters