အခန်း (၇၂၉-၇၃၀)
Vol. 73 Ch. 729-730
အခန်း (၇၂၉) - အရူးအမူး အားပေးသူ ၊ ဂိုဏ်းမှတ်တမ်း ၊ ဒီတာအိုဆရာလေးကတော့ ခံရတော့မှာပဲ ၊ သရဲပူးခြင်း
အစမှအဆုံးတိုင် လီယန်ချူးသည် ဝမ်ချန်ယဲ့ကို တစ်ချက်ကလေးပင် လှည့်မကြည့်ခဲ့ပေ။ မုတ်ဆိတ်မွေးတောင် မပေါက်သေးသည့် ကောင်လေး၊ အလိုလိုက်ခံထားရသည့် သူဌေးသားလေးတစ်ဦးမျှသာ မဟုတ်ပါလား။
သို့သော် ဝမ်ချန်ယဲ့မှာမူ ဝမ်ဆုန်းတာအိုဆရာ၏ အပြုအမူကြောင့် ထိတ်လန့်တုန်လှုပ်နေရပြီဖြစ်သည်။
ဝမ်ဆုန်းတာအိုဆရာကဲ့သို့သော ပညာရှင်ကြီးကပင် ဤမျှအထိ အရိုအသေပေးနေရသည့် တာအိုဆရာကို မိမိက စောစောက အော်ဟစ်ငေါက်ငမ်းခဲ့မိသည်။
ဝမ်ချန်ယဲ့၏ နဖူးမှ ချွေးစေးများမှာ တစိမ့်စိမ့် စီးကျလာတော့သည်။ ဝေ့ရှန်းနှင့် ဝမ်ကျိုးတို့မှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် အံ့ဩရိပ်များ အပြည့်ရှိနေကြသည်။
လမ်းကြုံဆုံတွေ့ပြီး လက်ဖက်ရည်ဆိုင်မှာ စကားလက်ဆုံကျခဲ့တဲ့ ဒီခန့်ညားတဲ့ လီတာအိုဆရာက ဒီလောက်အထိ နောက်ခံအင်အားကြီးမားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
အားလုံးသည် ဝမ်အိမ်တော်သခင်ကြီးကို မကောင်းဆိုးဝါး ဖယ်ရှားပေးရန်အတွက် နောက်ဖေးဝင်းသို့ အတူတကွ လာခဲ့ကြသည်။
ဝမ်ဆုန်းတာအိုဆရာသည် လီယန်ချူး၏ဘေးတွင် စိတ်အားထက်သန်စွာ ကပ်လိုက်လာပြီး ပါးစပ်မှလည်း တတွတ်တွတ် မရပ်မနား ပြောဆိုနေတော့သည်။ ဤသည်မှာ တည်ငြိမ်လှသော တာအိုပညာရှင်ကြီးတစ်ဦး၏ အသွင်နှင့် လုံးဝ မအပ်စပ်တော့ပေ။
သို့သော် ဝမ်ဆုန်းတာအိုဆရာကမူ ဤသာမန်လူသားတွေကို ရှင်းပြနေရန် စိတ်မဝင်စားပါ။
ကျင့်ကြံခြင်းလောကတွင် ယန်ဝိညာဉ် အဆင့်ဆိုသည်မှာ ကျော်ဖြတ်ရန် မလွယ်ကူသည့် အဟန့်အတားကြီးတစ်ခု ဖြစ်သည်။ ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိပါက အသက်တမ်း (၅၀၀) ရှည်စေပြီး၊ တတိယအဆင့် ကို ကျော်ဖြတ်နိုင်ခြင်းမှာ ကံကြမ္မာ၏ ချုပ်နှောင်မှုကို ချိုးဖျက်နိုင်ခြင်းပင် ဖြစ်သည်။
သာမန်လူတွေရဲ့ အမြင်မှာတော့ ဒါဟာ နတ်ဘုရားပါပဲ လူတစ်ကိုယ်တည်းနဲ့ တောင်တွေကို ဖြိုချနိုင်တယ်၊ မြို့တွေကို ဖျက်ဆီးနိုင်တယ်၊ ကောင်းကင်မှာ ပျံသန်းနိုင်တယ်။
သို့သော် ဤမျှအထိ အစွမ်းထက်သော တည်ရှိမှုမျိုးကို ယခုရှေ့က တာအိုဆရာငယ်လေးက (၂) ဦးတောင် ဆက်တိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ဆုန်းတာအိုဆရာ ကျင့်ကြံစကတည်းက သူ၏ ရည်မှန်းချက်မှာ ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိရန် ဖြစ်သော်လည်း မည်သည့် ယန်ဝိညာဉ် ပညာရှင်မှ အသတ်ခံရသည်ကို သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။
ယန်ဝိညာဉ်ကို ဖျက်ဆီးရန် ခက်ခဲသည်မှာ ကျင့်ကြံခြင်းလောက၏ အများသဘောတူ ယူဆချက်ဖြစ်ရာ၊ တစ်ဦးကို သတ်ဖြတ်နိုင်ခြင်းမှာပင် ကောင်းကင်ပြိုမတတ် အရေးကြီးသော ကိစ္စဖြစ်သည်။
ထိုနေ့က ယန်ဝိညာဉ် (၂) ပါး ပေါ်လာသည့်အချိန်တွင် အရှေ့တောအုပ်ပြည်နယ် စစ်တပ်အတွင်းရှိ ကျင့်ကြံသူအားလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။
ထိုစဉ်က ကောင်းကင်ယံတစ်ခုလုံး ဖုံးလွှမ်းသွားသည့် မိစ္ဆာတပ်ဖွဲ့များ၊ နောက်မှ ပေါ်လာသည့် မိစ္ဆာဘုရင်ကြီးများ၏ အရှိန်အဝါမှာ လူကို မျှော်လင့်ချက် ကင်းမဲ့စေလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
သို့သော်လည်း ထိုအခြေအနေအရပ်ရပ်ကို ဤတာအိုဆရာငယ်လေးက ပြောင်းပြန်လှန်ပစ်ခဲ့သည်။ လမ်းမှာရှိသမျှ ရန်သူမှန်သမျှကို ဟင်းသီးဟင်းရွက် လှီးဖြတ်သလို အလွယ်တကူ နှိမ်နင်းသွားခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင်လည်း လီယန်ချူး၏လက်ချက်ဖြင့် ယန်ဝိညာဉ်အဆင့် ပညာရှင် အချို့ ထပ်မံ သေဆုံးခဲ့သေးကြောင်း သတင်းများ ကြားခဲ့ရသည်။
သူတို့မျက်လုံးထဲတွင် လီယန်ချူး၏ ပုံရိပ်မှာ စိတ်ကူးကြည့်၍ မရနိုင်လောက်အောင် မြင့်မားနေပြီဖြစ်ရာ "နတ်မင်း" ဟု ခေါ်ဆိုလျှင်ပင် မမှားနိုင်ပေ။
ယနေ့ လီယန်ချူးနှင့် ဆုံရခြင်းမှာ သူ၏ ကံကောင်းခြင်းပင် ဖြစ်သည်။ အပြင်မှာ ကြွားစရာလည်း ရပြီမဟုတ်ပါလား။
"ငါ လီတာအိုဆရာနဲ့အတူ သရဲဖမ်းဖူးတယ်၊ အဲဒီတုန်းက သူက အခုလောက် အဆင့်မမြင့်သေးဘူး၊ ငါတို့ စစ်မြေပြင်မှာ ပုခုံးချင်းယှဉ်ပြီး တိုက်ခဲ့ကြတာ "
ဒါဟာ ဂိုဏ်းရဲ့ သမိုင်းမှတ်တမ်းမှာ ထည့်သွင်းရမယ့် ကိစ္စပဲ၊ မျိုးဆက် ရှစ်ဆက်လောက်အထိ ကြွားလို့ရတယ်။ ဒီလိုကိစ္စမျိုးကို ဝမ်ဆုန်းတာအိုဆရာက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလဲ။
သို့သော် သူ အနည်းငယ် ထူးဆန်းနေသည်မှာ... စောစောက လီတာအိုဆရာကို မြင်မြင်ချင်း ဘာလို့ ချက်ချင်း မမှတ်မိတာလဲ ဆိုတာပါပဲ။
သူ တော်တော်ကြာအောင် စဉ်းစားကြည့်သော်လည်း ချက်ချင်း မမှတ်မိခဲ့ခြင်းမှာ အကျိုးအကြောင်း မဆီလျော်သလို ခံစားရသည်။
သူ မသိသည်မှာ လီယန်ချူး၏ အမှောင်ဖုံးကွယ်ခြင်းအတတ် ကြောင့် ဖြစ်ကြောင်းပင်။ အကယ်၍သာ သူသည် ယင်ဝိညာဉ် အဆင့် ကျင့်ကြံသူ စစ်စစ် မဟုတ်ခဲ့လျှင် လီယန်ချူး၏ မျက်နှာကိုပင် မှတ်မိနိုင်လိမ့်မည် မဟုတ်ပေ။
ယခုအခါတွင်မူ သူတို့အဖွဲ့သည် နောက်ဖေးဝင်းသို့ ရောက်ရှိလာကြပြီဖြစ်ရာ ဝမ်ကျိုးတို့၏ စိတ်မှာ ပို၍ တင်းကျပ်လာသည်။ သာမန်လူတွေအတွက်တော့ သရဲတစ္ဆေ၊ မိစ္ဆာဆိုသည်မှာ အလွန် ကြောက်စရာ ကောင်းသည် မဟုတ်ပါလား။
ဝမ်အိမ်တော်သခင်ကြီး၏ အမူအရာမှာ သရဲပူးနေသည်နှင့် အတိအကျပင် တူနေသည်။ တစ်ခါတလေ မိန်းမတစ်ယောက်လို၊ တစ်ခါတလေ လူကြမ်းကြီးတစ်ယောက်လို အမူအရာတွေက မြန်မြန်ဆန်ဆန် ပြောင်းလဲနေခြင်းမှာ ကျောချမ်းစရာ ကောင်းလှသည်။
ဝမ်ဆုန်းတာအိုဆရာနှင့် လီတာအိုဆရာတို့ မည်မျှအထိ အစွမ်းထက်ကြောင်းလည်း သူတို့ အသေအချာ မသိကြပေ။
ယခင်ကလည်း အစွမ်းထက်သည်ဆိုသည့် ဆရာများစွာ လာခဲ့ဖူးသော်လည်း မိစ္ဆာကို မနိုင်ဘဲ ပြန်အနှိမ်ခံခဲ့ရသဖြင့် သူတို့ စိတ်ပူနေကြခြင်း ဖြစ်သည်။
ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် ယင်စွမ်းအားများမှာ ပို၍ပင် ပြင်းထန်လာတော့သည်။ သံကြိုး၊ ကြိုးအထပ်ထပ်နှင့် ချည်နှောင်ထားသည့်ကြားမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဆံပင်ဖရိုဖရဲ၊ မျက်လုံးများ အရောင်မရှိဘဲ တံခါးကို တွန်းဖွင့်ကာ ဝင်းထဲသို့ ပြေးထွက်လာသည်။
"အဖေ" ဝမ်ကျိုးက အလန့်တကြား အော်လိုက်သည်။
သူတို့သည် ဖခင်ဖြစ်သူ ဒဏ်ရာမရအောင်၊ ထင်ရာစိုင်းမလုပ်နိုင်အောင် ကလေးလက်မောင်းခန့်ရှိသော ကြိုးအထူကြီးများဖြင့် အခန်းထဲတွင် ချည်နှောင်ထားခဲ့ခြင်း ဖြစ်သည်။ ဤမျှအထိ ခိုင်ခံ့သော ကြိုးများကို ဘယ်လိုလုပ်ပြီး ရုန်းထွက်နိုင်ခဲ့ပါသနည်း။
ဝမ်သခင်ကြီးသည် ယခုအခါ မျက်နှာတွင် ညှို့ဓာတ်အပြည့်နှင့် အမူအရာပြကာ နူးညံ့စွာ ပြုံး၍ ပြောလိုက်သည်။
"အဝေးက ဧည့်သည်တော်တွေ ရောက်လာတာပဲ၊ ကျွန်မ ဂါရဝပြုပါတယ်ရှင် "
ဝမ်းဗိုက်ရွှဲရွှဲနှင့် လူလတ်ပိုင်း အရွယ် သူဌေးကြီးတစ်ဦးက ဤကဲ့သို့သော ပုံစံဖြစ်နေခြင်းမှာ... တကယ်ကို ကြည့်ရဆိုးလှပြီး လူကို ပြေးကန်ချင်စရာ ကောင်းလှသည်။ ဝမ်ဆုန်းတာအိုဆရာက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ကိုယ်ပေါ်မှ အစွမ်းထက်သော အရှိန်အဝါ အချို့ကို ထုတ်ဖော်လိုက်သည်။
လီယန်ချူး ဤနေရာမှာ ရှိနေသဖြင့် သူသည် ဇွတ်အတင်း ဝင်မလုပ်သေးပေ။ ဝမ်ဆုန်းတာအိုဆရာမှာ နှစ်တစ်ထောင် မြွေမိစ္ဆာကို မသတ်ခဲ့ဖူးသော်လည်း မိစ္ဆာနှိမ်နင်းရာတွင် အတွေ့အကြုံရှိသော တာအိုဆရာ ဖြစ်သည်။ သူ၏ အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် ဝမ်သခင်ကြီး၏ ကိုယ်မှာ တုန်ခါသွားတော့သည်။
"အလိုလေး နွားနားရွက် (တာအိုဆရာကို လှောင်သောစကား) ကြီးရယ် ကျွန်မကို လန့်အောင် လုပ်လိုက်တာပဲ "
သူသည် ထိုသို့ပြောရင်း နောက်သို့ ဆုတ်သွားသည်။ ဝမ်ဆုန်းတာအိုဆရာက ထိုသူကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း
"မိစ္ဆာ မင်း သေရတော့မှာကိုတောင် မသိသေးဘူးလား ဝမ်သခင်ကြီးရဲ့ ကိုယ်ပေါ်ကနေ အခုချက်ချင်း ထွက်သွားစမ်း "
ဝမ်သခင်ကြီးက ညုတုတု ပြုံးလိုက်ရင်း
"ကျွန်မက... မထွက်ချင်ဘူးရှင့်"
"..." ဝမ်ဆုန်းတာအိုဆရာ။
လီယန်ချူးသည် သူ၏ မျက်ဝန်းများတွင် ဖန်ဆင်းထားသော အစွမ်းကို သွင်းလိုက်ပြီး ဝိညာဉ်မျက်စိအတတ် ဖြင့် ကြည့်လိုက်သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ဝမ်သခင်ကြီး၏ ကိုယ်ပေါ်မှ ယန်စွမ်းအား မှာ အဆုံးစွန်အထိ အားနည်းနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူ၏ ကိုယ်ပေါ်တွင် ဝေဝါးနေသော အရိပ်မည်းတစ်ခုလည်း ရှိနေသေးသည်။
ဝမ်သခင်ကြီးသည် အခန်းထဲတွင် ဟိုဟိုဒီဒီ ပြေးလွှားနေပြီး သူ၏ ကိုယ်နေဟန်ထားမှာ ဇာတ်သမားတစ်ဦးကဲ့သို့ပင် ဖြစ်သည်။
"မိစ္ဆာ လီတာအိုဆရာ ဒီမှာ ရှိနေတာတောင် ဝမ်သခင်ကြီးရဲ့ ကိုယ်ကို ဖိစီးထားရဲသေးတယ်လား"
ဝမ်ဆုန်းတာအိုဆရာက ဒေါသတကြီး ဟောက်လိုက်သည်။ ထိုအသံထဲတွင် တာအိုဂါထာများ၏ အစွမ်းပါဝင်ရာ ဟန့်တားနှိမ်နင်းသော အာနိသင် ရှိလှသည်။
ဝမ်သခင်ကြီး၏ ကိုယ်မှာ တုန်ခါသွားပြန်ပြီး ပါးစပ်မှ နောက်ထပ် အသံတစ်မျိုး ထွက်ပေါ်လာပြန်သည်။
"လျှောက်မလုပ်နဲ့၊ ဒီတာအိုအိုကြီးက အရမ်းကြမ်းတယ်၊ မြန်မြန် ထွက်ပြေးရအောင်"
ဤအသံမှာ အဘိုးအိုတစ်ဦး၏ အသံ ဖြစ်သည်။
"ကောင်းပြီ ငါ လုပ်မယ်"
ရုတ်တရက် အသံဩဩ လူကြမ်းကြီးတစ်ဦး၏ အသံ ထွက်ပေါ်လာပြီး ဝမ်သခင်ကြီး၏ မျက်လုံးများမှာ ချက်ချင်း ပြောင်းလဲသွားကာ လူသတ်ငွေ့များဖြင့် ပြည့်နှက်သွားတော့သည်။ နွဲ့နွဲ့နှောင်းနှောင်း ကိုယ်နေဟန်ထားမှာလည်း ချက်ချင်းပင် မတ်တပ်ရပ်လျက် တည်ငြိမ်သွားသည်။
ယခုအချိန်တွင် သူတို့အဖွဲ့၏ တည်နေရာမှာ ဤသို့ဖြစ်သည်။
လီယန်ချူးနှင့် ဝမ်ဆုန်းတာအိုဆရာတို့က ရှေ့ဆုံးတွင် ရှိနေပြီး၊ ဝမ်ဆုန်းသည် လီယန်ချူး၏ ညာဘက်နောက် တစ်လှမ်းအကွာတွင် ရှိနေသည်။ ကျန်ရှိသော သူများမှာမူ အဝေးတစ်နေရာမှ လှမ်းကြည့်နေကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဝိညာဉ်ပူးကပ်နေသော ဝမ်သခင်ကြီးသည် ဝမ်ဆုန်းတာအိုဆရာကို စိုးရိမ်တကြီး တစ်ချက်ကြည့်လိုက်ပြီးနောက်... သူ၏ အကြည့်မှာ စိမ်းပြာရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခေါင်းတွင် သစ်သားဆံထိုး စိုက်ထားသည့် ခန့်ညားချောမောသော လူငယ်လေး လီယန်ချူး ဆီသို့ ကျရောက်သွားတော့သည်။
ဒီလောက် ချောပြီး ဒီလောက် ငယ်နေတာ၊ သေချာပေါက် တပည့်လေးပဲ ဖြစ်ရမယ်။
သူ့ကိုပဲ ပစ်မှတ်ထားမယ်
လီယန်ချူးသည် အမှောင်ဖုံးကွယ်ခြင်းအတတ် ကို အသုံးပြုထားသဖြင့် သူ၏ အရှိန်အဝါမှာ သာမန်လူသားတစ်ဦးနှင့် မခြားဘဲ အလွန်ချောမောနေသည်မှတစ်ပါး ထူးခြားမှု မရှိပေ။
ဝမ်သခင်ကြီးက ဒေါသတကြီး ဟောက်လိုက်သည်
"တာအိုဆရာလေး မင်း ငါ့ရှေ့က ဖယ်စမ်း "
ထို့နောက် သူ၏ လှုပ်ရှားမှုမှာ တောထဲက မျောက်ဝံတစ်ကောင်ကဲ့သို့ အလွန် လျင်မြန်လှပြီး ခဏအတွင်းမှာပင် လီယန်ချူး၏ ရှေ့သို့ ရောက်ရှိလာတော့သည်။
ဟင်
လီယန်ချူး၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။
ဝမ်ဆုန်းတာအိုဆရာလည်း ခဏမျှ ကြောင်သွားမိသည်။ ဤသရဲက ဤမျှအထိ သတ္တိကောင်းနေပါလား။
ဖုန်း
လီယန်ချူးက လက်ဝါးတစ်ချက်ဖြင့် ဝမ်သခင်ကြီး၏ ကိုယ်ကို ရိုက်ထုတ်လိုက်သည်။ ထိုလက်ဝါးရိုက်သံကို ကြားရသည့် ဝမ်ကျိုးမှာ ရင်တထိတ်ထိတ် ဖြစ်သွားရသည်။
ငါ့အဖေ... သေသွားပြီလား မသိဘူး
လီယန်ချူး၏ လက်ဝါးချက် ထိမှန်သွားသည်နှင့် ဝမ်သခင်ကြီး၏ ကိုယ်မှာ ပျော့ခွေကျသွားတော့သည်။ သို့သော် ဝမ်ဆုန်းတာအိုဆရာ၏ မျက်လုံးထဲတွင်မူ ဝမ်သခင်ကြီး၏ ကျောနောက်မှနေ၍ အမည်းရောင် အခိုးအငွေ့ပေါင်း ရာနှင့်ချီ၍ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
"အနန္တတန်ခိုးရှင် တာအိုနတ်မင်းကြီး... အမေ့ "
ဤမိစ္ဆာမှာ သေချင်ဇောနဲ့ လာတိုက်ခိုက်တာပဲဟု မှတ်ချက်ချရန် ပြင်နေသော ဝမ်ဆုန်းတာအိုဆရာမှာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
သရဲတွေ ဒီလောက်တောင် များနေတာလား
လီယန်ချူးလည်း မျက်မှောင်ကြုတ်သွားမိသည်။ ဤအရေအတွက်အရဆိုလျှင် အနည်းဆုံး သရဲအကောင်ရေ (၁၀၀) ကျော် ရှိနေသည်။ လူတစ်ယောက်ရဲ့ ကိုယ်ထဲမှာ သရဲတွေ ဒီလောက်အများကြီး ဘယ်လိုလုပ် ပူးကပ်နေနိုင်ရတာလဲ။
ခြံဝင်းအတွင်းတွင် ယင်လေပြင်းများ တိုက်ခတ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး အရောင်အဆင်း ကင်းမဲ့သွားသကဲ့သို့ ခံစားရကာ တံခါးနှင့် ပြတင်းပေါက်များမှာလည်း တဒုန်းဒုန်းနှင့် တုန်ခါနေတော့သည်။ အခြေအနေမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဝမ်မိသားစုဝင်များမှာ တစ်ကိုယ်လုံး တုန်ယင်နေကြပြီး၊ ဝေ့ရှန်းသည်လည်း တုန်ယင်နေသော်လည်း ထိုသူမှာ စိတ်လှုပ်ရှားနေသလား သို့မဟုတ် ကြောက်နေသလားဆိုသည်ကိုမူ ခွဲခြားမရပေ။ သာမန်မျက်စိဖြင့် ကြည့်လျှင်တော့ ဤသရဲများကို မြင်နိုင်မည် မဟုတ်ပေ။
ခဏအတွင်းမှာပင် ထိုသရဲများမှာ အရပ်မျက်နှာ အနှံ့သို့ ထွက်ပြေးရန် ပြင်လိုက်ကြတော့သည်။
အခန်း (၇၃၀) - သရဲတစ်ရာ ပေါ်ထွက်လာခြင်း ၊ ဒီလို အဆင့်နိမ့်ပွဲမျိုး တစ်ခါမှ မကစားဖူးဘူး ၊ ဝိညာဉ်ခေါ်အိတ် ၊ မင်းဘာသာမင်းပဲ စဉ်းစားတော့
လီယန်ချူးသည် မျက်မှောင်ကြုတ်သွားမိသည်။ အစောပိုင်းက သူသည် ဝိညာဉ်မျက်စိအတတ် ဖြင့် ဝမ်သခင်ကြီး၏ ကိုယ်ထဲကို ကြည့်လိုက်စဉ်က သရဲတစ်ကောင်တည်းသာ ရှိသည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
ဝမ်သခင်ကြီး၏ ပြောင်းလဲနေသော အမူအရာများနှင့် အနည်းငယ် ကွဲပြားနေသော်လည်း ၎င်းမှာ ဇာတ်ကွက်ခင်းရသည်ကို ဝါသနာပါသော သရဲ၊ သို့မဟုတ် သရုပ်ဆောင်လိုစိတ် ပြင်းထန်သော ဝိညာဉ်တစ်ခု ဖြစ်နိုင်သည်ဟု သူ ယူဆခဲ့သည်။
ဤကဲ့သို့သော ကိစ္စအသေးအမွှားလေးများအပေါ် လီယန်ချူးက သိပ်ပြီး အာရုံမစိုက်ခဲ့ပေ။
သို့သော် ယခုကြည့်ရသည်မှာ စောစောက ဝမ်သခင်ကြီး၏ ကိုယ်ထဲတွင် မြင်ခဲ့ရသော အရိပ်မည်းမှာ သရဲအကောင်ရေ တစ်ရာကျော် ထပ်တူကျကာ ပူးကပ်နေခြင်း ဖြစ်နေသည်။ ဤသရဲတစ်ရာသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးရန် ပြင်နေကြပြီဖြစ်သည်။
လီယန်ချူး အနည်းငယ် အခက်ကြုံသွားရသည်။ သတ်ပစ်ရန်မှာ အလွန်လွယ်ကူလှပေသည်။ ယန်မီး တစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ဤကဲ့သို့သော လေလွင့်သရဲ အကောင်တစ်ရာ မဆိုထားနှင့်၊ အဆင့်မြင့် အာဃာတသရဲ တစ်ရာပင်လျှင် ပြာအဖြစ် ကြွေလွင့်သွားပေလိမည်။
သို့သော် စောစောက ထိုသရဲများထံမှ ရန်လိုသော စိတ်ဆန္ဒမျိုးကို သူ မခံစားရပေ။ ထို့ပြင် ဤသရဲများသည် အလွန်အားနည်းလှပြီး မကောင်းသော အငွေ့အသက်များ၏ တိုက်စားခြင်းကို မခံရသေးသဖြင့် ပုံမှန်အတိုင်း စကားပြောဆို ဆက်သွယ်နိုင်သည့် အသိစိတ် ရှိနေကြသေးသည်။
အဓိကမှာ ထိုသရဲအုပ်ကြီး ဝမ်သခင်ကြီး၏ ကိုယ်ထဲသို့ အဘယ်ကြောင့် စုပြုံပူးကပ်နေရသနည်းဆိုသည့် အကြောင်းရင်းကို လီယန်ချူး စပ်စုချင်နေမိသည်။
ထို့ကြောင့် သူသည် ချက်ချင်း သတ်ဖြတ်ရန် မရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူသည် ကိုယ်ရောင်ဖျောက် အတတ် သို့မဟုတ်ကိုယ်လက်လှုပ်ရှားမှုကို တားဆီးသော အတတ် ကို တတ်မြောက်ထားသော်လည်း၊ တစ်ပြိုင်နက်တည်းတွင် သရဲအကောင်တစ်ရာကို တန့်သွားအောင် လုပ်ရန်မှာမူ သူ တစ်ခါမျှ မလုပ်ဖူးသေးပေ။
နှစ်တစ်ရာ သရဲဘုရင်တစ်ကောင်သည်ပင် သူ၏ တားဆီးမှုကို မလွတ်နိုင်သော်လည်း၊ အကောင်ရေ အလွန်များပြားနေသည့်အခါတွင်မူ အနည်းငယ် လက်ဝင်လှပေသည်။
တရားသူကြီးကလောင် တွင်လည်း ပြင်းထန်သော တံဆိပ်ခတ်နှိမ်နင်းခြင်း အစွမ်း ရှိသော်လည်း ၎င်းမှာ တစ်ဦးချင်း ပစ်မှတ်ထားရာတွင်သာ ထိရောက်လှသည်။
အခြားနည်းလမ်း မရှိတော့သဖြင့် လီယန်ချူးသည် တောက်ယန့် ဆီမှ လုယူထားသော ရှေးဦးမူလသံလိုက်တုံး ကို အသုံးပြုလိုက်ရတော့သည်။
သူသည် ကျင့်စဉ်စွမ်းအားကို သွင်းလိုက်ရာ ပတ်ဝန်းကျင်တွင် ပါးလွှာသော အကာအကွယ် အလွှာတစ်ခု ပေါ်ပေါက်လာသည်။ ဤသံလိုက်တုံးကို သူ အပြီးတိုင် သန့်စင်ထားခြင်း မရှိသေးသဖြင့် ရှေးဦးမူလ သံလိုက်စက်ကွင်း မဟာအခင်းအကျင်း ကို မဖန်တီးနိုင်သေးသော်လည်း၊ သရဲများ မထွက်ပြေးနိုင်အောင် အကာအကွယ်တစ်ခု ပြုလုပ်ရန်မှာမူ ယခုအဆင့်တွင် တတ်နိုင်သေးသည်။
"ဝမ်ဆုန်းတာအိုဆရာ... ဒီသရဲတစ်ရာကို သိမ်းဆည်းထားဖို့ ဘယ်လိုနည်းလမ်း ရှိမလဲ"
လီယန်ချူးက ဘေးနားရှိ လမင်းဝင်းပကျောင်းတော်၏ ကျောင်းထိုင်ကို လှည့်မေးလိုက်သည်။
ဝမ်ဆုန်းတာအိုဆရာက နားမလည်နိုင်သလို ပြန်မေးသည်၊
"လီတာအိုဆရာ... ဆရာကြီးက သရဲသိမ်းတဲ့ အတတ်ကို မတတ်ဘူးလား"
လီယန်ချူးက အသာအယာ ခေါင်းခါပြလိုက်ရင်း
"သရဲသတ်ဖို့ကတော့ လွယ်ပါတယ်၊ တစ်ကောင်နှစ်ကောင် သိမ်းဖို့လည်း ရပါတယ်၊ ဒါပေမဲ့ တစ်ပြိုင်နက်တည်း ဒီလောက်အများကြီး သိမ်းဖို့ကျတော့ နည်းလမ်းမရှိဘူး ဖြစ်နေတာ"
သူ့တွင် သန့်စင်သော ဖန်ပုလင်း နှင့် ယင်ယန်ဓာတ်နှစ်ပါး ပုလင်း ကဲ့သို့သော ရတနာထူးများ ရှိသော်လည်း၊ ဤသရဲများ၏ အငွေ့အသက် ခံနိုင်ရည်ကို ကြည့်ခြင်းအားဖြင့် ထိုပုလင်းများထဲ ထည့်လိုက်ပါက ချက်ချင်းပင် ချေဖျက်ခံလိုက်ရပေလိမည်။
၎င်းမှာ သူဖြစ်ချင်သော "ဖမ်းဆီးခြင်း" ဟူသည့် ရည်ရွယ်ချက်နှင့် လွဲချော်သွားပေလိမည်။
"ကျွန်တော် တတ်ပါတယ်"
ဝမ်ဆုန်းတာအိုဆရာသည် ဤစကားကို ပြောလိုက်ရသည့်အတွက် ဘာကြောင့်မှန်းမသိဘဲ စိတ်ထဲတွင် အလွန်ပင် ကြည်နူးသွားရသည်။ တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး ပျံတက်တော့မတတ်ပင်။
သူသည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး ခါးမှ အိတ်တစ်လုံးကို ဖြုတ်လိုက်ကာ
"ဟိတ် "
သူက ဂါထာကို ရွတ်ဆိုလိုက်ရာ ထိုအိတ်သည် ပျံထွက်သွားပြီး သရဲများကို တစ်ကောင်ပြီးတစ်ကောင် စုပ်ယူသိမ်းဆည်းလိုက်တော့သည်။ ကျိန်းယီ ဂိုဏ်း၏ အောက်တွင် သရဲမွေးမြူသော အတတ်ပညာများ ရှိရာ ဝမ်ဆုန်းတာအိုဆရာမှာလည်း ၎င်းကို အနည်းငယ် တတ်ကျွမ်းပုံရသည်။
မကြာမီမှာပင် ထိုလေလွင့်သရဲများအားလုံး သူ၏ ခါးပတ်မှ အိတ်ငယ်ထဲသို့ ရောက်ရှိသွားကြသည်။
ဤသရဲများသည် ကြောက်မက်ဖွယ်ကောင်းသော အာဃာတသရဲများ မဟုတ်ဘဲ သာမန် လေလွင့်သရဲများသာ ဖြစ်ကြသည်။
အရိုးသားဆုံး ပြောရလျှင် ထိုကဲ့သို့သော သရဲတစ်ကောင်သည် လူတစ်ယောက်ကို သတ်ရန်ပင် မလွယ်ကူလှပေ။
ထို့ကြောင့် ကျင့်ကြံသူများအတွက်မူ ၎င်းတို့ကို ဖမ်းဆီးရန်မှာ မခက်ခဲလှပေ။ လိုအပ်သည်မှာ အထူးဂါထာ သို့မဟုတ် မှော်လက်နက် သာ ဖြစ်သည်။
"တော်လိုက်တာဗျာ"
လီယန်ချူးက လက်မထောင်ကာ ချီးကျူးလိုက်သည်။
ထိုစကားကြောင့် ဝမ်ဆုန်းတာအိုဆရာ၏ မျက်လုံးများမှာ ထပ်မံ ဝင်းလက်လာပြန်သည်။ အဘိုးအိုကြီးမှာ တာအိုကျင့်စဉ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သော်လည်း ယနေ့တွင်မူ သူ၏ စိတ်တည်ငြိမ်မှုမှာ လှုပ်ခတ်နေရသည်။ သူတစ်ပါး၏ ချီးကျူးစကားကြောင့် ဂုဏ်ယူစိတ်များပင် ဖြစ်ပေါ်နေတော့သည်။
"ဒါက အတတ်ငယ်လေးပါ၊ ဒီအိတ်က ကျင့်စဉ်မြင့်တဲ့ မိစ္ဆာတွေကိုတော့ မနှိမ်နင်းနိုင်ပါဘူး၊ လီတာအိုဆရာကိုပဲ လက်ဆောင်ပေးပါရစေ"
ဝမ်ဆုန်းတာအိုဆရာက ပြုံးရွှင်စွာ ပြောလိုက်ပြီး သရဲဖမ်းအိတ်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
လီယန်ချူး တစ်ခဏမျှ ကြောင်သွားသည်။ ဝမ်ဆုန်းတာအိုဆရာက ဤမျှအထိ ဖော်ရွေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
"ကောင်းပါပြီ... ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဝမ်ဆုန်းတာအိုဆရာ"
လီယန်ချူးသည် ထိုအိတ်ကို လက်ခံလိုက်သည်။
ဝမ်ဆုန်းတာအိုဆရာ၏ ရှင်းပြချက်အရ ဤမှော်လက်နက်ကို ပြုလုပ်ရသည်မှာ မခက်ခဲလှပေ။ ဤအိတ်ထဲတွင် ကျိန်းယီ ဂိုဏ်း၏ အစီရင်စာလုံးများ ပါရှိပြီး ၎င်းကို ဝိညာဉ်ခေါ်အိတ် ဟု ခေါ်ဆိုသည်။
အသုံးပြုပုံမှာလည်း အလွန် လွယ်ကူလှသည်။ ဝမ်ဆုန်းတာအိုဆရာက သင်ပြပေးလိုက်သည့်အခါ လီယန်ချူးမှာ တစ်ကြိမ်တည်းနှင့် တတ်မြောက်သွားတော့သည်။
အလကားရသဖြင့် လီယန်ချူး စိတ်ထဲတွင် အားနာသလို ဖြစ်သွားကာ သူ၏ သ်ုလှောင်အိတ် ထဲမှ အသီးတစ်လုံးကို ထုတ်လိုက်သည်။ ထိုအသီးမှာ အလင်းရောင်များ တဖျတ်ဖျတ် လောက်မြိုက်နေပြီး အဖြူရောင် အလင်းတန်းလေးများ ထွက်ပေါ်နေသည်။
"ဝမ်ဆုန်းတာအိုဆရာရဲ့ ပစ္စည်းကို အလကားတော့ မယူပါရစေနဲ့၊ ဒီအသီးကို လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ပါရစေ"
ဝမ်ဆုန်းတာအိုဆရာက အသီးကို လှမ်းယူလိုက်ပြီးနောက်
"လီတာအိုဆရာက အရမ်းအားနာတတ်တာပဲ၊ ဒီ ဝိညာဉ်ခေါ်အိတ် ဆိုတာ သာမန် မှော်လက်နက်လေး တစ်ခုပါပဲ..."
ဝမ်ဆုန်းတာအိုဆရာ၏ စကားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် လက်ထဲမှ အသီးကို ကြည့်ကာ အံ့ဩတကြီး ဟစ်အော်လိုက်သည်။
"ပိုးစုန်းကြူးအသီး "
ဝမ်ဆုန်းတာအိုဆရာ၏ အသက်ရှူသံများမှာ ရုတ်တရက် ပြင်းထန်လာပြန်သည်။ အဘိုးအိုကြီးမှာ ယနေ့တွင် ရင်ဘတ်အောင့်ခြင်း (စိတ်လှုပ်ရှားခြင်း) အကြိမ်ပေါင်း များနေသဖြင့် ဘေးနားရှိ တာအိုသာမဏေလေးမှာ စိုးရိမ်နေရသည်။ သူ၏ ဆရာမှာ အသက်ရှူရပ်ပြီး လောကကြီးကို နှုတ်ဆက်သွားမည်ကို ကြောက်နေမိသည်။
"တာအိုဆရာက အမြင်စူးရှတာပဲ၊ ဒါ ပိုးစုန်းကြူးအသီးပါပဲ"
လီယန်ချူးက ပြုံးကာ ပြောလိုက်သည်။
ဝမ်ဆုန်းတာအိုဆရာ၏ မျက်နှာတွင် ဝမ်းသာရိပ်များ ဖုံးလွှမ်းသွားသည်။ ထို "ပိုးစုန်းကြူးအသီး" ဆိုသည်မှာ ရှားပါးလှသော ကောင်းကင်နှင့်မြေကြီး၏ ရတနာ ဖြစ်ပြီး၊ ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်သည့်အပြင် ဝိညာဉ်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်သည်။
ဤရတနာ၏ တန်ဖိုးမှာ ဝိညာဉ်ခေါ်အိတ်ထက် အဆပေါင်း ရာချီ၍ သာလွန်လှပေသည်။
"လီတာအိုဆရာ... ဒါကို ကျွန်တော် မယူဝံ့ပါဘူး၊ အရမ်း တန်ဖိုးကြီးလွန်းပါတယ် "
ဝမ်ဆုန်းတာအိုဆရာက ငြင်းဆန်ရန် ကြိုးစားသည်။
"အသီးတစ်လုံးပါပဲဗျာ၊ တာအိုဆရာ အားမနာပါနဲ့တော့"
လီယန်ချူးက ပြုံးကာ ပြောလိုက်သည်။
သူသည် ထိုဝမ်ဆုန်းတာအိုဆရာအပေါ်တွင် အထင်အမြင် ကောင်းသွားသည်။ တစ်ဖက်လူက ရှေ့ထွက်ပြီး မှော်လက်နက်ကို ရက်ရက်ရောရော ပေးလာသည့်အခါ သူကလည်း နှမြောတွန့်တိုမနေချင်ပေ။
ဝမ်ဆုန်းတာအိုဆရာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် သက်ပြင်းချကာ
"ဒါဆိုရင်တော့ ကျွန်တော် လက်ခံလိုက်ပါ့မယ်။ ဒီ ပိုးစုန်းကြူးအသီးက တန်ဖိုး အလွန်ကြီးမားတာပါ၊ လီတာအိုဆရာက ဒီလောက် အလွယ်တကူ ပေးလိုက်လိမ့်မယ်လို့ မထင်ထားဘူး"
လီယန်ချူးက ပြုံးရုံသာ ပြုံးပြလိုက်သည်။
"အားနာနေပြန်ပြီဗျာ"
ထိုအချိန်မှသာ ဝမ်မိသားစုဝင်များမှာ ခေါင်းလေးများ ပြူထွက်လာပြီး ဝမ်သခင်ကြီး၏ အခြေအနေကို လာရောက် ကြည့်ရှုကြတော့သည်။ ဝမ်သခင်ကြီးက ရုတ်တရက် ပြန်ထလာပြီး သူတို့ကို ဝိုင်းရိုက်မည်ကို ကြောက်နေကြသေးသည်။
လီယန်ချူးသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဝမ်သခင်ကြီး၏ လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်သည်။
သူသည် မည်သည့် ဂါထာကိုမျှ မရွတ်ဆိုဘဲ စစ်မှန်သော ဝိညာဉ်စွမ်းအား တစ်ခုကို တိုက်ရိုက် သွင်းပေးလိုက်သည်။ ဝမ်သခင်ကြီး၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းလာပြီး ခဏအတွင်းမှာပင် သတိပြန်လည်လာတော့သည်။
သူ၏ အကြည့်များမှာ ဝေဝါးနေပြီး ရှေ့တည့်တည့်တွင် အပြစ်ဆိုဖွယ်မရှိလောက်အောင် ချောမောလှပသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ဘေးနားတွင်လည်း သူ၏ နုပျိုသော ဇနီးငယ်လေး ( နောက်အိမ်ထောင်) ရှိနေသည်။
ဝမ်သခင်ကြီး၏ စိတ်ထဲတွင် "ဒိန်း" ကနဲ ဖြစ်သွားသည်။
"မိန်းမ... မင်း ငါ့ကို ဖောက်ပြန်နေတာတော့ မဟုတ်ပါဘူးနော် "
ဘေးနားရှိ ဒေါ်လေးချန်မှာ မျက်နှာနီသွားရပြီး
"ဘာတွေ လျှောက်ပြောနေတာလဲ ရှင်... ဒါက လီတာအိုဆရာလေ၊ ပြီးတော့ ဟိုဘက်က မြို့တော်က လမင်းဝင်းပကျောင်းတော်ရဲ့ ဝမ်ဆုန်းတာအိုဆရာ။ သူတို့က ရှင့်ဆီက သရဲတွေကို နှိမ်နင်းပေးဖို့ ရောက်လာကြတာ"
ဒေါ်လေးချန်က ဤသို့ ပြောလိုက်သည်။ အဓိကမှာ လီယန်ချူး မည်မျှပင် ချောနေပါစေ၊ သူသည် သားကြီး ဝမ်ကျိုး ပင့်လာသူ ဖြစ်နေသည်။
ထို့ကြောင့် မိမိ၏ သားအရင်း၏ ကုသိုလ်ကို ဖော်ပြရန်အတွက် ဝမ်ဆုန်းတာအိုဆရာ၏ ဂုဏ်သတင်းကိုပါ ထည့်ပြောလိုက်ခြင်း ဖြစ်သည်။
"အော်... အဲဒီလိုကိုး၊ ငါဖြင့် လန့်သွားတာပဲ။ ကျေးဇူးတင်ပါတယ် တာအိုဆရာတို့"
ဝမ်သခင်ကြီးသည် ဘာမှမဖြစ်ခဲ့သလိုမျိုး ချက်ချင်းပင် ထထိုင်လိုက်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
စောစောက လီယန်ချူး သွင်းပေးလိုက်သော ဝိညာဉ်စွမ်းအားမှာ တာအိုကျင့်စဉ်၏ စစ်မှန်သော အစွမ်းဖြစ်ရာ၊ ကိုယ်တွင်း အင်္ဂါများကို ပြန်လည် အားဖြည့်ပေးနိုင်သဖြင့် ဝမ်သခင်ကြီး၏ အားနည်းမှုများကို တစ်ခဏအတွင်း ပျောက်ကွယ်သွားစေခြင်း ဖြစ်သည်။
"ဝမ်သခင်ကြီး... အခုတော့ ဝိညာဉ်စွမ်းအားရဲ့ ကာကွယ်မှု ရှိနေလို့ စိတ်ကြည်လင်နေတာပါ။ ဒါပေမဲ့ အစာကောင်းကောင်းစားပြီး အနားယူဖို့တော့ လိုအပ်ပါသေးတယ်၊ စိတ်ဓာတ်ကို ပြန်လည် အားဖြည့်ရမှာမို့ပါ"
လီယန်ချူးက သတိပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် လီတာအိုဆရာ၊ စောစောက ကျွန်တော် ရိုင်းပြမိသွားတယ်"
ဝမ်သခင်ကြီးက တောင်းပန်လိုက်သည်။
လီယန်ချူးက လက်ယမ်းပြကာ စိတ်ထဲမထားကြောင်း ပြလိုက်ပြီးနောက်
"ဝမ်သခင်ကြီး... ခင်ဗျား အရင်က ဘယ်နေရာတွေကို သွားခဲ့ဖူးလဲ၊ ဒါမှမဟုတ် ရှေးဟောင်းပစ္စည်းတွေနဲ့ ထိတွေ့မိတာမျိုး၊ ထူးဆန်းတဲ့လူတွေနဲ့ တွေ့ခဲ့တာမျိုး ရှိလား"
ဝမ်သခင်ကြီးက ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းခါပြသည်။
"ကျွန်တော် အခုတော့ ခေါင်းကြည်နေပါပြီ၊ ထူးဆန်းတဲ့လူမျိုးတော့ မတွေ့ခဲ့ပါဘူး... မရှိပါဘူး၊ အဲဒီလိုမျိုး မရှိပါဘူး"
လီယန်ချူးသည် ဝမ်သခင်ကြီး၏ မျက်လုံးများ လှုပ်ခတ်နေသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ တစ်ဖက်လူက မပြောချင်လျှင် သူကလည်း အတင်းမမေးတော့ပေ။
"ကောင်းပါပြီ ဝမ်သခင်ကြီး။တကယ်လို့ တစ်ခုခု သတိရလာရင် ကျွန်တော့်ကို ပြောပြပါ။ မဟုတ်ရင်တော့ ဒီသရဲတစ်ရာ ပူးကပ်တဲ့ ဒုက္ခကို ခင်ဗျား နောက်တစ်ကြိမ် ထပ်ခံစားရပါလိမ့်မယ်"
ဝမ်သခင်ကြီး : "......"