← Chapters

အခန်း (၆၈၁-၆၈၂)

Vol. 35 Ch. 681-682

အခန်း (၆၈၁-၆၈၂)

Vol. 35 Ch. 681-682

အပိုင်း (၆၈၁) မြို့ကို အစီအရင်အဖြစ် အသုံးပြုခြင်း

"လင်ယွီရုံ..."

လင်းယွမ်က သူ၏ မှတ်ဉာဏ်များထဲတွင် ရှာဖွေကြည့်လိုက်သော်လည်း ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို လုံးဝ မှတ်မိခြင်း မရှိပေ။

သို့သော်လည်း ဤမိန်းမ ပြောသွားသည့် စကားများက သူ့ကို တုန်လှုပ်သွားစေသည်။

သူမက ရှေးဟောင်းခေတ်ကာလကတည်းက တည်ရှိနေခဲ့တာလား။

ဘယ်လိုလူကများ ဒီလောက် အသက်ရှည်ရှည် နေနိုင်မှာလဲ။

လင်းယွမ်က မယုံကြည်ပေ။

"မဖြစ်နိုင်ဘူး... ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ဒီလောက် အသက်ရှည်ရှည် နေနိုင်မှာလဲ"

"အသိဉာဏ် ကင်းမဲ့လိုက်တာ"

ရေခဲနတ်ဘုရားမ လင်ယွီရုံက အေးစက်စက် ပြုံးလိုက်ပြီး "နင် ဘာနားလည်လို့လဲ... ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူတိုင်းက ကမ္ဘာကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းတွေ ရှိကြတယ်"

"ငါတို့က မွေးဖွားလာကတည်းက သာမန်မဟုတ်ဘူး... မိုးနဲ့မြေက နတ်ဘုရားအစွမ်းတွေကို ပေးသနားထားတယ်... အခုခေတ် နင်တို့ရဲ့ အသုံးအနှုန်းနဲ့ ပြောရရင် ငါတို့ရဲ့ အစွမ်းတွေက ကောင်းကင်ဘုံက ပေးသနားထားတာတွေချည်းပဲ"

"ရေလွှမ်းမိုးမှုကြီးက ကမ္ဘာကြီးကို ဖျက်ဆီးပစ်ပေမဲ့ ငါတို့မှာ အသက်ရှင်သန်နိုင်မယ့် နည်းလမ်း အမြဲတမ်း ရှိနေတယ်... ဒီရေလွှမ်းမိုးမှုတွေရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး အထပ်ထပ်အခါခါ ဖြစ်ပေါ်နေတဲ့ ဒီကပ်ဘေးဆိုးကြီးကို ဖြေရှင်းနိုင်တယ်"

"အသက်ရှည်ရှည်နေဖို့က ခက်တယ်လို့ နင် ထင်နေတာလား... ဟားဟားဟား မှားသွားပြီ... အခက်ဆုံးက ကမ္ဘာကြီး ပျက်စီးရတဲ့ ဒီသံသရာထဲကနေ ခုန်ထွက်နိုင်ဖို့ပဲ"

လင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ချက်ချင်းပင် ထပ်မေးလိုက်သည်။ "ရေလွှမ်းမိုးပြီး ကမ္ဘာကြီး ပျက်စီးတာက သံသရာလည်နေတာလား"

လင်ယွီရုံက လှောင်ပြုံးပြုံးလိုက်ပြီး "ဒီရေလွှမ်းမိုးပြီး ကမ္ဘာကြီး ပျက်စီးတာက ပထမဆုံးအကြိမ်လို့ နင် ထင်နေတာလား"

"သမိုင်းတစ်လျှောက်မှာ ဒီလိုမျိုး ရေလွှမ်းမိုးပြီး ကမ္ဘာကြီး ပျက်စီးတာက အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ"

လင်းယွမ်၏ မျက်နှာသွင်ပြင်က သိသိသာသာ ပြောင်းလဲသွားသည်။ သမိုင်းဝင် ဒဏ္ဍာရီလာ ဇာတ်လမ်းများထဲမှ ရေလွှမ်းမိုးမှု ကပ်ဘေးကြီးသည် ဒဏ္ဍာရီ သက်သက် မဟုတ်နိုင်ကြောင်း သူ စောစောပိုင်းကတည်းက ခန့်မှန်းမိခဲ့သော်လည်း ယခုမူ အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် အသက်ရှင်နေသော လူတစ်ယောက်က ထိုအရာများမှာ အမှန်တကယ် ဖြစ်ကြောင်း ရုတ်တရက် လာပြောပြနေပေသည်။

ထို့အပြင် ဤလူက ထိုခေတ်ကာလကတည်းက ယနေ့တိုင် အသက်ရှင် ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော အမှန်တရားသည် လူကို အမှန်တကယ်ပင် မယုံနိုင်စရာ ဖြစ်စေသည်။

လင်းယွမ်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူ၏ စိတ်ထဲမှ အံ့သြတုန်လှုပ်နေသော ခံစားချက်များကို အတင်းအဓမ္မ ဖိနှိပ်လိုက်သည်။

သူက လင်ယွီရုံကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။ "ခင်ဗျားတို့က ဘယ်လိုလုပ်ပြီး ဒီလောက် အသက်ရှည်ရှည် နေနိုင်တာလဲ"

လင်ယွီရုံက လက်ကို ဆန့်ထုတ်လိုက်ရာ ရေခဲပြာရောင် သင်္ကေတတစ်ခုက သူမ၏ လက်ဖဝါးထဲတွင် ပေါ်လာသည်။

သူမက ခပ်ဖွဖွ ပြုံးလိုက်ပြီး "ဒီအရာကို နင့်ခန္ဓာကိုယ်ထဲ ထည့်ခွင့်ပြုရင် ဘယ်လိုနည်းနဲ့ ထာဝရ အသက်ရှင်နိုင်မလဲဆိုတာ ငါ နင့်ကို ပြောပြမယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ သူမကို အေးစက်စက် အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး "ဟက်... ချန်ယွင်တောက်ကလည်း ခင်ဗျားရဲ့ ဒီလိုလှည့်စားတာကို ခံခဲ့ရတာလား"

လင်ယွီရုံက ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။ "သူလား... သူက အရည်အချင်း မပြည့်မီပါဘူး"

"ဒါပေမဲ့ နင်ကတော့ မတူဘူး... နင်က တစ်ချိန်တည်းမှာ နတ်ဘုရားအစွမ်း အမျိုးမျိုးကို ပိုင်ဆိုင်ထားပြီး နတ်သားရဲ အမျိုးမျိုးအဖြစ် အသွင်ပြောင်းနိုင်တယ်... နင့်ရဲ့ အလားအလာက အရမ်းကြီးမားတယ်... နင့်ကို ငါ အထင်ကြီးတယ်"

"ငါ့နောက်ကို လိုက်ပြီး... ငါ့ကို သခင်အဖြစ် သတ်မှတ်လိုက်... နင် ဒီကမ္ဘာကနေ ထွက်သွားနိုင်အောင် ငါ ခေါ်သွားပေးမယ်... ပြီးတော့ ဒီအဆုံးအစမဲ့ ရေလွှမ်းမိုးမှုကြီးနောက်ကွယ်က အမှန်တရားကို အတူတူ ရှာဖွေကြတာပေါ့"

လင်းယွမ်က မနေနိုင်ဘဲ လှောင်ပြုံး ပြုံးလိုက်သည်။ "ခင်ဗျားကို သခင်အဖြစ် သတ်မှတ်ရမယ်... ဟက်... ခင်ဗျားပြောစကားအရဆိုရင် ရေလွှမ်းမိုးမှုကြောင့် ကမ္ဘာကြီး ပျက်စီးတာက အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးပြီ... ခင်ဗျားသာ ဒီကမ္ဘာကနေ တကယ် ထွက်သွားနိုင်ပြီး ရေလွှမ်းမိုးရတဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်မယ်ဆိုရင် ခင်ဗျားက ဘာလို့ အခုဒီမှာ ရှိနေသေးတာလဲ"

"တမင် မထွက်သွားချင်လို့တော့ မဟုတ်ဘူးမလား... ဟက်"

လင်းယွမ်၏ ထိုလှောင်ပြုံးလေးက ထက်မြက်သော မြှားတစ်စင်းကဲ့သို့ လင်ယွီရုံ၏ နှလုံးသားကို တိုက်ရိုက် ထိုးဖောက်သွားသဖြင့် သူမ၏ မျက်နှာက ချက်ချင်းပင် အလွန်တရာ အကျည်းတန်သွားတော့သည်။

သို့သော်လည်း သူမက ချက်ချင်းပင် ပြန်လည် ပြုံးရွှင်လာပြီး လက်ကောက်ဝတ်ကို တစ်ချက်လှည့်ကာ ထိုရေခဲပြာရောင် သင်္ကေတကို သိမ်းဆည်းလိုက်ပြီး ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး... ဒီနေ့ နင် ထွက်သွားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့"

သူမက လက်ကောက်ဝတ်ကို ညင်သာစွာ တစ်ချက် ဝှေ့ယမ်းလိုက်သည်။

"ဝှစ်"

ကောင်းကင်ယံတွင် ရေခဲပြာရောင် သင်္ကေတပေါင်း မြောက်မြားစွာ လင်းလက်လာပြီး ရေခဲနန်းတော်တစ်ခုလုံးမှ အလွန်ပြင်းထန်သော အအေးဓာတ်များ ဖြာထွက်လာသည်။

ဤရေခဲနန်းတော်သည် အပြင်ပန်းကြည့်လျှင် နန်းတော်တစ်ခုနှင့် တူသော်လည်း လက်တွေ့တွင်မူ ၎င်းသည် ဧရာမ သင်္ကေတအစီအရင်ကြီးတစ်ခု ဖြစ်နေပေသည်။

စောစောက စကားပြောနေသည့် အချိန်လေးအတွင်းမှာပင် သူမက ဤအစီအရင်ကြီးကို တိတ်တဆိတ် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်၏ မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားသည်။ ယခုတစ်ကြိမ် ဤဧရာမ အစီအရင်ကြီးသည် စောစောက ရေခဲသလင်း နန်းတော်ထဲတွင်သာ ကန့်သတ်ထားခြင်း မဟုတ်ဘဲ အပြင်ဘက်ရင်ပြင်မှ စတင်ကာ တိုက်ရိုက် ဝိုင်းရံထားခြင်း ဖြစ်သည်။

ယခုအခါတွင် ဤမြို့တစ်မြို့နှင့်တူသော အဆောက်အအုံတစ်ခုလုံးသည် ဤရေခဲအကာအရံအတွင်း၌ ရစ်ပတ်ဖုံးလွှမ်းခံထားရသည်။

ထို့အပြင် ဤရေခဲပြာရောင် အကာအရံပေါ်တွင် စီးဆင်းနေသည်က သန့်စင်သော သန္ဓေပြောင်းစွမ်းအင်များ မဟုတ်ဘဲ သင်္ကေတ တစ်ခုပြီးတစ်ခု ဖြစ်နေသည်။

ဤအရာက လင်းယွမ် ယခင်က ကြုံတွေ့ခဲ့ဖူးသော အကာအရံများစွာနှင့် လုံးဝ မတူညီပေ။

"သင်္ကေတ အစီအရင်"

လင်ယွီရုံ၏ ခန္ဓာကိုယ်က လေထဲသို့ ပျံတက်သွားပြီး သူမ၏ တစ်ကိုယ်လုံးမှ အလွန်အေးစက်သော ဖိနှိပ်မှုအရှိန်အဝါများ ဖြာထွက်လာသည်။

သူမ၏ ခန္ဓာကိုယ်တွင်လည်း ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

ရေခဲကဲ့သို့ ဖြူဖွေးပြီး ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လှပသည့် ခြေတံရှည်များပေါ်တွင် ယခုအခါ အကြေးခွံ အမြောက်အမြား ပေါ်လာပြီး အကြေးခွံချပ်ဝတ်အဖြစ် ပြောင်းလဲသွားသည်။

လက်နှင့် ခြေထောက် အစိတ်အပိုင်းများတွင်လည်း အကြေးခွံချပ်ဝတ် အလွှာတစ်ခု ဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ်တွင်မူ သံချပ်ကာ အလွှာတစ်ခု ထပ်မံ ဖုံးလွှမ်းသွားသည်။

သူမ တစ်ကိုယ်လုံးကို ကြည့်လိုက်လျှင် အလွန်လေးလံသော ငါးအကြေးခွံ သံချပ်ကာကြီးကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

ကိုယ်ကျပ် သံချပ်ကာက သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော်လည်း မျက်နှာပြင် တစ်ခုတည်းကသာ ပြောင်းလဲမှု မရှိပေ။

သို့သော် သူမ၏ ခေါင်းပေါ်တွင် ဆောင်းထားသော သရဖူက ယခုအခါတွင် ရေခဲပြာရောင် အလင်းတန်းများ ဖြာထွက်နေသည်။

သူမက လက်နှစ်ဖက်ကို ဖြန့်ကြက်လိုက်ကာ ကောင်းကင်နှင့် မြေကြီးကို ပွေ့ဖက်ထားသကဲ့သို့ ဖြစ်နေပြီး ပါးစပ်မှလည်း ရွတ်ဆိုနေသည်။ "ကောင်းကင်သလင်းကျောက်ကို လမ်းပြအဖြစ်ထား... မြေကြောများမှ ခြင်ဆီများကို စုစည်း... မြောက်လေရိုင်း၏ အမိန့်ပေးချက်... ထာဝရကပ်ဘေး ရေခဲဖုန်မှုန့်"

"ဝုန်း"

လေဟာနယ်ထဲတွင် ထိုသင်္ကေတများက ဟိန်းယံတုန်ခါနေပြီး သူမ၏ အသံအနိမ့်အမြင့်အတိုင်း ခုန်ပေါက်လှုပ်ရှားနေပုံရသည်။

ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်များက ချက်ချင်း ပန်းထွက်လာပြီး လင်းယွမ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာသည်။

ထိုအအေးဓာတ်က အလွန်တရာ အံ့မခန်းဖြစ်ပြီး ဝိညာဉ်နှင့် စိတ်ကိုပင် အေးခဲသွားစေနိုင်သည်။

လင်းယွမ်၏ ရင်ထဲတွင် အံ့သြတုန်လှုပ်သွားသည်။ "သင်္ကေတ အစီအရင်ကို ဒီလိုတောင် သုံးလို့ရသေးတာလား"

"ဒါက အစီအရင်နဲ့ သူ့ရဲ့ကိုယ်ပိုင် အစွမ်းကို ပေါင်းစပ်... တူညီတဲ့ ပဲ့တင်ရိုက်ခတ်မှုတစ်မျိုးကို ဖန်တီး... ပတ်ဝန်းကျင်က ရေခဲဓာတ် စွမ်းအင်တွေကို ဆွဲယူပြီး... ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲလိုက်တာပဲ"

"ဒီတိုက်ခိုက်မှုထဲမှာ ပါဝင်တဲ့ ဝိညာဉ်ကို အေးခဲစေနိုင်တဲ့ စွမ်းအားက... တစ်ဖက်လူရဲ့ စိတ်စွမ်းအင်သက်သက် မဟုတ်ဘဲ... မိုးနဲ့မြေရဲ့ စိတ်ဆန္ဒတွေပါ ကိန်းအောင်းနေတယ်"

လင်းယွမ်၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ယခင်က သူ အစွမ်းများကို အသုံးပြုခဲ့သည့် နည်းလမ်းများက ကလေးကစားစရာတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

ဤလင်ယွီရုံ အသုံးပြုလိုက်သော အစွမ်းသည် အစွမ်းတစ်မျိုးနှင့်ပင် မတူတော့ဘဲ မှော်ပညာတစ်ခုလိုပင် ဖြစ်နေသည်။

မိုးနှင့်မြေ သဘာဝ နိယာမများနှင့် လိုက်လျောညီထွေဖြစ်နေပြီး သူမက မိုးနှင့်မြေ၏ တန်ခိုးစွမ်းအားများကို ကိုင်ဆောင်ကာ သူ့ကို ဖိချေရန် ကြိုးစားနေသည်။

တောက်... လင်းယွမ်မှာ သူ ကိုယ်တိုင် ကမ္ဘာမြေပေါ်တွင် ရှိနေသေးရဲ့လားဟုပင် ထင်ယောင်ထင်မှား ဖြစ်သွားသည်။

ဒါက ကပ်ဘေးဆိုက်ပြီး ပျက်စီးနေတဲ့ ကမ္ဘာကြီးရော ဟုတ်သေးရဲ့လား။

ဒါက ရှင်းရှ သိုင်းလောက ဒဏ္ဍာရီဆန်ဆန်တွေတောင် ဖြစ်လာတော့မည်ထင်သည်။

လင်းယွမ်က စိတ်ထဲမှ ညည်းညူလိုက်သော်လည်း သူ၏ လက်များကမူ အချိန်ဆွဲမနေရဲပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ဖက်လူနှင့် ခွန်အားပြိုင်ရန် အမှန်တကယ်ပင် မလိုအပ်တော့ပေ။

သူ၏ ခန္ဓာကိုယ်က လေထဲသို့ ရုတ်တရက် ပျံတက်သွားပြီး ကောင်းကင်တစ်ခွင် သွေးမြူများအဖြစ် ပြောင်းလဲသွားသည်ကိုသာ မြင်လိုက်ရသည်။

"ထွက်ပြေးချင်တာလား"

လင်ယွီရုံက အေးစက်စက် ပြုံးလိုက်ပြီး လက်ချောင်းများဖြင့် ထူးဆန်းသော လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်ရာ ချက်ချင်းပင် မိုးနှင့်မြေမှ အအေးဓာတ်များကို ဆွဲယူကာ လင်းယွမ်ထံသို့ ရူးသွပ်စွာ တိုက်ခိုက်လာသည်။

သွေးမြူများထဲမှ ရုတ်တရက် "ဝုန်း" ဟူသော အသံတစ်ချက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်တစ်ခုက အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။

ထိုမီးတောက်က ဥက္ကာခဲတစ်ခုကဲ့သို့ "အုန်း" ဟူသော အသံနှင့်အတူ ပေါက်ကွဲသွားသည်။

တိုက်ရိုက် ပေါက်ကွဲသွားပြီး ကောင်းကင်တစ်ခွင် မီးလှိုင်းများအဖြစ် ပြောင်းလဲသွားကာ အရှေ့ဘက်ရှိ ရေခဲအအေးဓာတ် အားလုံးကို ရူးသွပ်စွာ ဖျက်ဆီးပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အအေးဓာတ်လှိုင်းလုံးကြီးများ အားလုံး စုတ်ဖြဲခံလိုက်ရပြီး ထိုရေခဲပြာရောင် အကာအရံကြီးသည်လည်း လိုက်ပါ တုန်ခါဟိန်းယံလာသည်။

အကာအရံ အတွင်းပိုင်းရှိ ရေခဲပြာရောင် သင်္ကေတ အများအပြားမှာ ရူးသွပ်စွာ တုန်ခါနေပြီး ဤမီးတောက်၏ ရိုက်ခတ်မှုကို ကာကွယ်နေကြသည်။

လင်ယွီရုံ၏ မျက်နှာက ပြောင်းလဲသွားပြီး အံ့သြတကြီးဖြင့် ရေရွတ်လိုက်သည်။ "မီးဓာတ်ပါလား"

လင်းယွမ်တွင် ပဉ္စမမြောက် အစွမ်းတစ်ခု ရှိနေသေးသည်ကို သူမ မျှော်လင့်မထားခဲ့ပေ။

ထို့အပြင် ၎င်းသည် ရေခဲဓာတ်ကို နှိမ်နင်းနိုင်သော မီးဓာတ် အစွမ်းဖြစ်နေသည်။

ပြင်းထန်သော ပေါက်ကွဲသံများကြားတွင် ထိုကြောက်မက်ဖွယ်ကောင်းသော ရေခဲပြာရောင် အကာအရံကြီးသည် "ခွပ်" ဟူသော အသံနှင့်အတူ အက်ကွဲသွားသည်။

သို့သော် လင်ယွီရုံက ချက်ချင်းပင် လက်ဟန်သင်္ကေတကို ပြုလုပ်လိုက်ပြီး ပါးစပ်မှလည်း အော်ဟစ်လိုက်သည်။ "ဖိနှိပ်လိုက်စမ်း"

"ဝေါ"

များပြားလှသော အအေးဓာတ် သင်္ကေတများက အက်ကွဲကြောင်းဆီသို့ ရူးသွပ်စွာ ပျံသန်းသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မူလက အက်ကွဲနေသော နေရာသည် ယခုအခါ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာသည်။

လင်းယွမ်က တောင်ပံနှစ်ဖက်ကို လှုပ်ခတ်ကာ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ် လျှပ်စီးမီးတောက်များထဲတွင် အမှုန်လေးများက အဆက်မပြတ် တိုက်မိပြီး ပေါက်ကွဲကာ ပြင်းထန်သော ဟိန်းယံသံများနှင့် အပူချိန်မြင့်မားလာစေသော်လည်း ၎င်းကို စုတ်ဖြဲ ဖျက်ဆီးပစ်ရန် မစွမ်းသာသေးပေ။

ရဲရဲတောက် မီးလင်းယုန် အခြေအနေတွင် လင်းယွမ်က ရုတ်တရက် သူ၏ ခြေသည်းနှစ်ဖက်ဖြင့် ဧရာမ အထုပ်ကြီးတစ်ခုကို ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။

"ဝှစ်"

ထိုအထုပ်ကြီးက "ဝုန်း" ဟူသော အသံတစ်ချက်နှင့်အတူ အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော အက်ကွဲကြောင်းနေရာသို့ ကျရောက်သွားသည်။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီးက ချက်ချင်း ထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အရှေ့ဘက်ရှိ အကာအရံသည် နောက်ဆုံးတွင် ဧရာမ အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားသည်။

"ဝှစ်"

လင်းယွမ်က ဤအခွင့်အရေးကို အသုံးချကာ တောင်ပံနှစ်ဖက်ကို ပြင်းထန်စွာ ခတ်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ပေသုံးရာကျော်ခန့် တိုက်ရိုက် ပျံသန်းကာ ဤအကာအရံထဲမှ ထွက်လာပြီး ကောင်းကင်သို့ တစ်ရှိန်ထိုး ပျံတက်သွားသည်။

ကောင်းကင်ယံထက်တွင် ဧရာမ ရဲရဲတောက် မီးလင်းယုန်ကြီးက တောင်ပံနှစ်ဖက်ကို ဖြန့်ကြက်ထားရာ တောင်ပံအလျားမှာ ပေတစ်ရာ့သုံးဆယ်ကျော်အထိ ရှည်လျားလှသည်။

ကောင်းကင်တစ်ခွင် မီးတောက်များ လောင်ကျွမ်းနေပြီး လင်းယွမ်က ခေါင်းငုံ့ကာ ဤမြူခိုးမြို့တော် ရေပေါ်ကျွန်းကို ငုံ့ကြည့်လိုက်သည်။

ယခုအချိန်တွင် သူ အထက်သို့ ပျံတက်သွားသည်နှင့်အမျှ ဤဧရာမ ရေခဲမြို့တော်ကြီးသည် သေးငယ်သွားပြီ ဖြစ်သည်။

မူလက မြို့တစ်မြို့လုံးကို ဖုံးလွှမ်းထားသော ထိုအကာအရံသည် မြင့်မားသော ကောင်းကင်မှ ကြည့်လိုက်လျှင် ဧရာမ သင်္ကေတ ပုံစံကြီးတစ်ခု ဖြစ်နေပေသည်။

ယခုအချိန်အထိမှသာ လင်းယွမ်က ရုတ်တရက် နားလည်သဘောပေါက်သွားတော့သည်။

"သူက ဒီမြို့ကို တည်ဆောက်ထားတာ သာမန် မြို့တစ်မြို့အနေနဲ့ မဟုတ်ဘဲ သင်္ကေတ အစီအရင်ကို မြို့တစ်မြို့ပုံစံအဖြစ် တည်ဆောက်ထားတာပဲ"

"မြို့က သင်္ကေတပဲ... သင်္ကေတက မြို့ပဲ"

"အဲ့ဒီထဲကို တစ်ခါ ကျသွားတာနဲ့ သင်္ကေတ အစီအရင်ရဲ့ ပိတ်လှောင်တာကို သေချာပေါက် ခံရမှာပဲ"

"တောက်... နှစ်သောင်းချီ အသက်ရှင်နေတဲ့ ဒီမိစ္ဆာအိုကြီးတွေရဲ့ နည်းလမ်းတွေက တကယ်ကို ထူးဆန်းလွန်းတယ်... အစွမ်းကို အသုံးပြုတာရော... သင်္ကေတကို ထိန်းချုပ်တာရော အားလုံးက အခုခေတ်က အစွမ်းပိုင်ရှင်တွေထက် လုံးဝ သာနေတာပဲ"

လင်းယွမ်၏ ခန္ဓာကိုယ်က မြူခိုးမြို့တော် ရေပေါ်ကျွန်းနှင့် အဆက်မပြတ် ဝေးကွာသွားသည်။

မျက်နှာချင်းဆိုင် အမှန်တကယ် တိုက်ခိုက်ရမည်ဆိုလျှင် သူကိုယ်တိုင် တစ်ဖက်လူကို ရှုံးနိမ့်မည်မဟုတ်ကြောင်း သူ ခံစားမိနေပြီ ဖြစ်သည်။

သို့သော်လည်း ဤမြူခိုးမြို့တော်တွင် ယခုအခါ တစ်ဖက်လူက မိုးမြေပိုက်ကွန်များကို ဖြန့်ကြက်ထားပြီး အစီအရင်များနှင့် တစ်သားတည်း ဖြစ်နေသဖြင့် အမှန်တကယ်ပင် ထူးဆန်းကာ ခန့်မှန်းရခက်လှသည်။

ဤနေရာတွင် တစ်ဖက်လူနှင့် တိုက်ခိုက်ပါက သူသည် မြေပြင်အနေအထားအရ အသာစီး မရနိုင်ဘဲ အနိုင်ရရန် ခက်ခဲရုံသာမက ခြေချော်လက်ချော်ဖြစ်ကာ တစ်ဖက်လူ၏ ဖမ်းချုပ်ခြင်းကိုပင် ခံရနိုင်သည်။

ရဲရဲတောက် မီးလင်းယုန်က လေထဲတွင် ပျံသန်းနေပြီး တောင်ပံနှစ်ဖက်ကို အဆက်မပြတ် ခတ်နေသည်။

လေဟာနယ် လျှပ်စီးမီးတောက်များက လေဟာနယ်ကို ဖြတ်သန်းသွားသော သက်တံရှည်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး ဟိန်းယံသော အသံကြီးများက အဆက်မပြတ် ပေါက်ကွဲနေသည်။

ထိုအအေးဓာတ်လှိုင်းကြီးက ချက်ချင်း ပြိုကွဲသွားပြီး အကာအရံကမူ အဆက်မပြတ် ပြန်လည် ပြုပြင်ဖြည့်တင်းနေသည်။

"တော်သေးတယ် စောစောက မီးစုန်း သင်္ကေတ ဗုံးကို သုံးလိုက်လို့... မဟုတ်ရင် ဒီအစီအရင်ရဲ့ ပြန်ကောင်းလာတဲ့ အမြန်နှုန်းနဲ့ဆိုရင် ငါ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး"

လင်းယွမ်က တောင်ပံနှစ်ဖက်ကို ရုပ်သိမ်းလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ် အံ့သြချီးကျူးမိသည်။

ဤသင်္ကေတ အစီအရင်က အမှန်တကယ်ပင် အစွမ်းထက်လှသည်။ သူ အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ဖောက်ထွက်ရန်ပင် ခက်ခဲလုနီးပါး ဖြစ်ခဲ့သည်။

စောစောက အတွင်းထဲမှ ထွက်လာစဉ် သူ ပစ်ပေါက်လိုက်သောအရာမှာ ယခင်က လန်ယွဲ့ဟွာတို့ အသုံးပြုခဲ့သော မီးစုန်းသင်္ကေတဗုံးပင် ဖြစ်သည်။

ဗုံး၏ အစွမ်းနှင့် ရဲရဲတောက် မီးလင်းယုန်၏ လေဟာနယ် လျှပ်စီးမီးတောက် အစွမ်းတို့ ပေါင်းစပ်လိုက်ရာ အမှန်တကယ်ပင် မျက်စိတစ်မှိတ်အတွင်း အကာအရံကို စုတ်ဖြဲပစ်နိုင်ခဲ့ပြီး သူ့ကို ထွက်ပြေးလွတ်မြောက်လာရန် ကူညီပေးနိုင်ခဲ့သည်။

ယခုအခါ အပြင်ဘက်မှနေ၍ ဤအကာအရံကို အတင်းအဓမ္မ တိုက်ခိုက်မည်ဆိုပါက မီးစုန်း သင်္ကေတဗုံး၏ အကူအညီကို မမှီခိုဘဲနှင့် ဖျက်စီးနိုင်မည်မဟုတ်ပေ။

လင်းယွမ်က တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး တစ်ဖက်လူ၏ ကာကွယ်မှု အတိုင်းအတာကို စမ်းသပ်ကြည့်လိုက်သည်။ လက်ရှိအခြေအနေအရ သူ၏ တိုက်ခိုက်နိုင်စွမ်းဖြင့် ဖောက်ထွက်နိုင်ရန်မှာ အလွန် ခက်ခဲလှသည်။

"ဂျစ်"

လင်းယွမ် ရပ်တန့်လိုက်သည်နှင့်တပြိုင်နက် အကာအရံက ကွဲအက်သွားပြီး လင်ယွီရုံက ပျံသန်းထွက်လာသည်ကို မြင်လိုက်ရသည်။

ယခုအချိန်တွင် သူမ၏ မျက်နှာက မှိုင်းညို့နေပြီး လင်းယွမ်ကို စူးစိုက်ကြည့်နေသည်။

"ဓာတ်ငါးမျိုးပါတဲ့ နတ်ဘုရားအစွမ်းတွေ... နင်က တကယ်တော့ ဘယ်သူလဲ... ဘာလို့ ဒီလောက်များပြားတဲ့ နတ်ဘုရားအစွမ်းတွေကို ပိုင်ဆိုင်ထားရတာလဲ"

သူမက ဤစွမ်းရည်များကို အစွမ်းဟု ခေါ်ဆိုရန် အလေ့အကျင့် မရှိသည့်ပုံရပြီး သူမတို့ခေတ်က အခေါ်အဝေါ်ကိုသာ အသုံးပြုနေသည်။

နတ်ဘုရားအစွမ်း။

လင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ "ခင်ဗျားကရော... ခင်ဗျားက ဘယ်သူလဲ... ရှေးဟောင်းခေတ်ကတည်းက အခုထိ အသက်ရှင်နေပြီး အခုလည်း ရေပေါ်ကျွန်းတစ်ခုကို သိမ်းပိုက်ထားသေးတယ်... ပြီးတော့ ဒီလောက်ကြီးမားတဲ့ သင်္ကေတ နန်းတော်ကြီးကို တည်ဆောက်ထားတာ ခင်ဗျား ဘာလုပ်ချင်လို့လဲ"

သူတို့နှစ်ယောက်လုံးက တစ်ဖက်လူ၏ မေးခွန်းကို ဖြေကြားခြင်း မရှိကြပေ။ ဤသည်က တစ်ဖက်လူ၏ လျှို့ဝှက်ချက်များနှင့် သက်ဆိုင်နေသည်မှာ သိသာထင်ရှားလှသည်။

ယခုတစ်ကြိမ် တိုက်ခိုက်မှုတွင် နှစ်ဖက်လုံးက အင်အားချင်း မျှတနေပုံရပြီး မည်သူကမျှ အသာစီး မရခဲ့ပေ။

လင်ယွီရုံက စိတ်ထဲတွင် တိတ်တဆိတ် တွက်ချက်လိုက်သည်။ သူမက ယခုမှ နိုးထလာခြင်းဖြစ်ပြီး စွမ်းအားများ အပြည့်အဝ ပြန်လည် မကောင်းမွန်သေးပေ။

သို့သော်လည်း သူမကို အချိန်တစ်ခုသာ ပေးမည်ဆိုလျှင် ပြန့်ကျဲနေသော မျိုးရိုးဗီဇ စွမ်းအင်များကို စုပ်ယူပြီးသည်နှင့် အနှေးနှင့်အမြန် သူမ၏ အမြင့်ဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် မျက်စိရှေ့မှ ဤကောင်လေး မည်မျှပင် အစွမ်းထက်နေစေကာမူ သူမအတွက်တော့ ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်ပေမည်။

လင်းယွမ်ဘက်တွင်လည်း စိတ်ထဲ၌ သူ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိနေသည်။

"၂၀ ရာခိုင်နှုန်းရှိတဲ့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်နဲ့တော့... ဒီရှေးဟောင်းခေတ် အစွမ်းပိုင်ရှင်ကို အနိုင်ယူဖို့ မလုံလောက်သေးဘူး"

"ငါ အမှတ်တွေ အများကြီး လိုအပ်သေးတယ်... ပြီးတော့ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို မြန်မြန်ဆန်ဆန် မြှင့်တင်ဖို့ အချိန်ပို လိုအပ်တယ်"

သူတို့နှစ်ယောက်လုံးက လက်ရှိအခြေအနေကို နားလည်သဘောပေါက်သွားကြသကဲ့သို့ တိတ်တဆိတ် နားလည်မှုဖြင့် ထပ်မံ၍ မတိုက်ခိုက်ကြတော့ပေ။

"နင့်မှာ အစွမ်းနည်းနည်း ရှိတယ်ဆိုတာကို ငါ ဝန်ခံတယ်... နင်နဲ့ငါ့ကြားမှာလည်း ကြီးမားတဲ့ ရန်ငြိုးရန်စတွေ မရှိပါဘူး... အဲ့ဒီအစား ငါတို့ သဘောတူညီချက် တစ်ခုလောက် လုပ်ကြရင် ဘယ်လိုလဲ"

လင်ယွီရုံက ရုတ်တရက် စကားကို လမ်းကြောင်းပြောင်းလိုက်ပြီး သူမ၏ အေးစက်စက် မျက်နှာပေါ်တွင် တွေ့ရခဲသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

လင်းယွမ်၏ ရင်ထဲတွင် ချက်ချင်းပင် ဒိတ်ခနဲ ဖြစ်သွားသည်။

အမြဲတမ်း မျက်နှာကို ခပ်တည်တည် ထားတတ်သော မိန်းမတစ်ယောက်က ရုတ်တရက် သင့်ကို ပြုံးပြလာပြီး သဘောတူညီချက် လုပ်ချင်သည်ဟု ပြောလာခြင်း ဖြစ်သည်။

ဤစကားကို ဆယ်ပုံ ကိုးပုံလောက်က ယုံကြည်၍ မရနိုင်ပေ။

ဆက်ရန်...

အပိုင်း(၆၈၂) အရိုးစာချုပ်

"လှည့်ကွက်တစ်ခုခုတော့ ရှိနေပြီ"

ယင်းက လင်းယွမ်၏ ပထမဆုံးသော တုံ့ပြန်မှုပင် ဖြစ်သည်။

ချက်ချင်းပင် သူ၏စိတ်ထဲ၌ အတွေးတစ်ချက် ဖြတ်ပြေးသွားသည်... တစ်ဖက်လူ၏ လှည့်ကွက်များကို မကြောက်ရွံ့ဘဲ သူမ၏စကားများမှတစ်ဆင့် အခြားသော သတင်းအချက်အလက်အချို့ကို စုံစမ်းနိုင်ကောင်း စုံစမ်းနိုင်ပေလိမ့်မည်။

"အော်... ခင်ဗျားက ကျွန်တော်နဲ့ သဘောတူညီချက် လုပ်ချင်တယ်ပေါ့... ဘာသဘောတူညီချက်လဲ"

လင်ယွီရုံက အနည်းငယ် ပြုံးလိုက်ပြီး "နင့်ရဲ့အစွမ်းက မဆိုးပါဘူး... ငါ့မှာ ပင်လယ်အောက်ခြေအနက်ထဲ ပုန်းအောင်းနေတဲ့ မဟာရန်သူတော်တစ်ယောက် ရှိတယ်... ဒီရက်ပိုင်းအတွင်းမှာ သူလည်း တဖြည်းဖြည်း ပြန်လည်နိုးထလာနေပြီဆိုတာကို ငါ အာရုံခံမိတယ်"

"တကယ်လို့ နင်သာ သူ့ကိုသတ်ဖို့ ငါ့ကို ကူညီပေးနိုင်မယ်ဆိုရင် သူ့ဆီကရမယ့် အကျိုးအမြတ်အားလုံးကို နင်ရစေရမယ်... ဒါ့အပြင် ငါ နင့်ကို ထာဝရအသက်ရှင်နိုင်တဲ့ နည်းလမ်းကိုပါ သင်ပေးဦးမယ်"

လင်းယွမ်က ရုတ်တရက် စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။

တကယ်တော့ သူ့ကို လက်မရွံ့လူသတ်သမားအဖြစ် အသုံးချချင်နေခြင်းပင်။

သူက တိုက်ရိုက် မငြင်းပယ်ဘဲ စိတ်ဝင်စားသွားဟန်ဖြင့် "ခင်ဗျားရဲ့ မဟာရန်သူဆိုတော့ သူလည်း ရှေးခေတ်က အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်နေမလား"

"ခင်ဗျားတောင် ဒီလောက်အစွမ်းထက်နေတာ... ခင်ဗျားရဲ့ ရန်သူဆိုတော့ သူ့အစွမ်းကလည်း သာမန်တော့ မဟုတ်လောက်ဘူးထင်တယ်"

လင်ယွီရုံက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ဒါပေါ့... သူ့ရဲ့အစွမ်းက ငါ့ထက် မနိမ့်ဘူး... ဒါပေမဲ့ သူကံမကောင်းတာက ရေဓာတ်အစွမ်း နိုးထလာတာပဲ... ဒါကြောင့် ငါ့ရဲ့အောက်မှာပဲ ရှိနေရတာ"

"ဒါပေမဲ့ သူက အရမ်းကောက်ကျစ်တယ်... အချိန်အကြာကြီး ပင်လယ်အောက်မှာပဲ ပုန်းအောင်းနေတာ... ငါတို့ကတော့ ဒီရေဘေးကြီးကို အောင်နိုင်ပြီး ဒီစကြဝဠာထဲကနေ ထွက်သွားချင်ကြတာ"

"သူကတော့ ရေဘေး ကမ္ဘာကြီးနဲ့ အံဝင်ခွင်ကျဖြစ်အောင် သူ့ကိုယ်သူ ပြောင်းလဲပစ်ခဲ့တယ်... ပြီးတော့ ဒီကမ္ဘာမှာပဲ နတ်ဘုရားတစ်ပါးလို ဆက်ပြီး စံမြန်းသွားဖို့ ဆန္ဒရှိနေတယ်"

လင်းယွမ်၏စိတ်ထဲ၌ အနည်းငယ် လှုပ်ရှားသွားပြီး ချက်ချင်း မေးလိုက်သည် "ဒီလိုဆိုတော့ ပိုမကောင်းဘူးလား... ရေလွှမ်းမိုးမှု ကမ္ဘာကြီးထဲမှာ ဆက်ပြီး အသက်ရှင်နေထိုင်လို့ရနေမှတော့ ဘာဖြစ်လို့ ဒီကမ္ဘာကြီးကနေ စွန့်စားပြီး ထွက်သွားချင်ရတာလဲ"

လင်ယွီရုံက လင်းယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒီရေဘေးကြီး ဘယ်ကရောက်လာလဲ နင် စိတ်မဝင်စားဘူးလား... ငါတို့ရဲ့ ဒီလိုအစွမ်းတွေက ဘယ်ကနေ ရလာသလဲဆိုတာကို နင် သိချင်စိတ်မရှိဘူးလား"

"အဲ့ဒီရေဘေးထဲက အဆုံးမရှိတဲ့ သန္ဓေပြောင်း သတ္တဝါတွေကရော ဘယ်ကနေ ရောက်လာတာလဲ... ရာစုနှစ်အနည်းငယ် ကြာတိုင်း ဒီလိုရေလွှမ်းမိုးမှု ကပ်ဘေးကြီး သံသရာ လည်ပတ်နေပြီး မျိုးစိတ်အသစ်တွေ မွေးဖွားလာခဲ့တယ်"

"ကောင်းကင်ပြင်ရဲ့ အပြင်ဘက်မှာ ဘာတွေရှိနေလဲဆိုတာ နင် သိမချင်ဘူးလား... ပိုပြီးအစွမ်းထက်တဲ့ အစွမ်းတွေကို နင် မရှာဖွေချင်ဘူးလား"

လင်းယွမ်က "ခင်ဗျားက ထာဝရအသက်ရှင်နိုင်နေပြီပဲ... ဘာဖြစ်လို့ ဒီအရာတွေအတွက် ခေါင်းရှုပ်ခံနေရဦးမှာလဲ"

လင်ယွီရုံ၏စကားများ ရပ်တန့်သွားပြီးနောက် ခေါင်းခါလိုက်သည် "ငါ့ရဲ့ ဒီထာဝရအသက်ရှင်ခြင်း နည်းလမ်းက အစစ်အမှန် ထာဝရအသက်ရှင်တာမျိုး မဟုတ်ဘူး"

"ဘာဖြစ်လို့လဲ" လင်းယွမ်က ချက်ချင်း ဆက်မေးလိုက်သည်။

သို့သော် လင်ယွီရုံက ဆက်မပြောတော့ဘဲ "တကယ်လို့ နင်သာ သဘောတူမယ်ဆိုရင် ငါ ထာဝရအသက်ရှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ပြောပြနိုင်တယ်... အခုအချိန်မှာတော့ ငါ ပြောမှာမဟုတ်ဘူး"

လင်းယွမ်က "ကျွန်တော် သဘောတူလိုက်တယ်ဆိုရင်ရော ခင်ဗျားက ယုံမှာမို့လား"

လင်ယွီရုံက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သူမ၏လက်ထဲမှ အပြာရောင် အရိုးကတ်ပြားတစ်ခု လွင့်ပျံထွက်လာပြီး "ဒါက အရိုးစာချုပ်ပဲ... ဒီအထဲမှာ အကြောင်းအကျိုး သင်္ကေတ ပါဝင်တယ်... အရိုးစာချုပ်ရှေ့မှာ သစ္စာဆိုလိုက်မယ်ဆိုရင်တော့ နင့်ကို ငါ ယုံကြည်သွားပြီ"

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားပြီး ထိုအရိုးကတ်ပြားကို လှမ်းကြည့်လိုက်သည်။

ထိုအရိုးကတ်ပြားပေါ်၌ သိပ်သည်းရှုပ်ထွေးလှသော အပြာရောင် သင်္ကေတများ လည်ပတ်နေသည်ကို သူ တွေ့လိုက်ရသည်။

လင်းယွမ်၏ မျက်ဝန်းအစုံထဲ၌ လျှို့ဝှက်နက်နဲသော အလင်းတန်းများ ဖြတ်ပြေးသွားသည်။

အသံတိတ် တိတ်ဆိတ်စွာဖြင့် ထိခိုက်မှု လွှဲပြောင်းခြင်း အစွမ်းကို သုံးလိုက်ပြီ ဖြစ်သည်။

အကြောင်းအကျိုး သင်္ကေတ အမျိုးအစား အစွမ်းတစ်ခု ဖြစ်သည့် ထိခိုက်မှု လွှဲပြောင်းခြင်း ကြောင့် လင်းယွမ်က သူ၏ စိတ်စွမ်းအင်ကို အသုံးပြုကာ ဤအခြေအနေအောက်၌ အကြောင်းအကျိုး သင်္ကေတ တည်ရှိနေမှုကို ယာယီအားဖြင့် အာရုံခံနိုင်ပေသည်။

သူ၏ စိတ်စွမ်းအင် စွက်ဖက်မှုအောက်တွင် ထိုအရိုးကတ်ပြားပေါ်၌ အကြောင်းအကျိုး သင်္ကေတ မျဉ်းကြောင်းများ ယှက်နွယ်နေသည်ကို တကယ်ပင် သူ အာရုံခံမိလိုက်သည်။

တစ်ကြိမ် သစ္စာဆိုလိုက်သည်နှင့် ချက်ချင်းပင် အကြောင်းအကျိုး သင်္ကေတ၏ ချည်နှောင်မှုကို ခံရမည်မှာ သေချာလှပေသည်။

လင်းယွမ်၏ မျက်ဝန်းများ အနည်းငယ် တလက်လက် ဖြစ်သွားပြီး "ကျွန်တော်က ခင်ဗျားကို ဘယ်လိုယုံရမှာလဲ... ခင်ဗျားရဲ့ ဒီအရိုးကတ်ပြားက တခြားလူသတ်လက်နက် တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

"ဒါက လွယ်ပါတယ်... နင် တစ်ယောက်ယောက်ကို ရှာပြီး စမ်းကြည့်လိုက်ရင် သိမှာပေါ့"

ထိုသို့ပြောရင်း လင်ယွီရုံက လက်လှမ်းကာ အရိုးကတ်ပြားကို လင်းယွမ်ထံသို့ ပစ်ပေးလိုက်သည်။

လင်းယွမ်က တိုက်ရိုက်ဖမ်းမယူဘဲ စိတ်အဝေးထိန်းအစွမ်းဖြင့် အရိုးကတ်ပြားကို မိမိနှင့် ပေအနည်းငယ်အကွာတွင် လွင့်ပျံနေစေရန် လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။

လင်ယွီရုံက လှောင်ပြုံး ပြုံးလိုက်ပြီး "နင့်ရဲ့အစွမ်းက ငါ့ထက်လဲမနိမ့်ဘဲနဲ့ ဒီလောက်တောင် သတ္တိကြောင်နေရသလား"

လင်းယွမ်က သူမကို ဂရုမစိုက်ဘဲ အေးစက်စက် လေသံဖြင့် "ခင်ဗျားကလည်း ဒီလောက်အစွမ်းထက်နေရဲ့နဲ့ ကျွန်တော့်ကို အစီအရင်တွေချပြီး ခိုးတိုက်ဖို့ လုပ်ခဲ့သေးတာပဲ မဟုတ်လား"

ဤစကားကြောင့် လင်ယွီရုံမှာ ရုတ်တရက် ဆွံ့အသွားပြီး အေးစက်စက် နှာခေါင်းရှုံ့ရုံသာ တတ်နိုင်တော့သည်။

"နင် စိတ်စွမ်းအင်ကို သုံးပြီး ဒီအရိုးကတ်ပြားကို လှုံ့ဆော်လိုက်တာနဲ့ ကတ်ပြားထဲက အရိုးစာချုပ် အသက်ဝင်လာလိမ့်မယ်"

"အရိုးစာချုပ်ရှေ့မှာ သစ္စာဆိုဖို့ လူတစ်ယောက်ကို ရှာလိုက်... ပြီးရင် သူ့ကို သစ္စာဖောက်ခိုင်းလိုက်... အဲ့ဒီအခါကျရင် နင် အာနိသင်ကို မြင်တွေ့ရလိမ့်မယ်"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်... ဤသည်က မဆိုးလှသော နည်းလမ်းတစ်ခုပင်။

သို့သော် သူ၌ ပို၍ ရိုးရှင်းသော နည်းလမ်းတစ်ခု ရှိနေသေးသည်။

ထိုစဉ် သူ၏မျက်ဝန်းအစုံ၌ အလင်းတန်းများ လက်လာပြီး မျက်လုံးထဲတွင် သင်္ကေတများ မှိန်ဖျော့ဖျော့ လင်းလက်လာသည်။

သူက သန္ဓေပြောင်းစွမ်းအင် စစ်ဆေးခြင်း အစွမ်း ကို တိုက်ရိုက် သက်ဝင်လှုပ်ရှားစေလိုက်ခြင်းပင်။

ဝေဝါးသော သတင်းအချက်အလက်တစ်ခုက သူ၏ စိတ်ပင်လယ်ထဲသို့ စီးဝင်လာသည်။

"ပစ္စည်း အကဲဖြတ်ခြင်း... မိုးကြိုးကြိုးကြာ တိမ်တိုက်အရိုး..."

"အဓိက အရည်အသွေး... စိတ်စွမ်းအင် အမျိုးအစား... ဒုတိယ အရည်အသွေး... ခန္ဓာကိုယ်ကြံ့ခိုင်မှု..."

"အစွမ်း အမျိုးအစား... အကြောင်းအကျိုး သင်္ကေတ အမျိုးအစား..."

ဤသတင်းအချက်အလက်များက အလွန်ဝေဝါးနေသော်လည်း ဤအရိုးစာချုပ်ကတ်ပြားသည် အကြောင်းအကျိုး သင်္ကေတ အမျိုးအစား ပစ္စည်းတစ်ခု ဖြစ်ကြောင်းကိုမူ အခြေခံအားဖြင့် ခွဲခြားသိမြင်နိုင်ပေသည်။

သန္ဓေပြောင်းစွမ်းအင် စစ်ဆေးခြင်း အစွမ်းက ယင်းအပေါ်ရှိ သင်္ကေတ အစွမ်းများကို အကြောင်းအကျိုး သင်္ကေတ အမျိုးအစား အစွမ်းများအဖြစ် တိုက်ရိုက် စုစည်းသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ပို၍ အသေးစိတ်ကျသော သတင်းအချက်အလက်များကိုမူ လင်းယွမ် မရရှိနိုင်သေးပေ။

သန္ဓေပြောင်းစွမ်းအင် စစ်ဆေးခြင်း အစွမ်း၏ အဆင့်က နိမ့်လွန်းနေသဖြင့် ဤအဆင့်ရှိ ပစ္စည်းများကို အကဲမဖြတ်နိုင်ခြင်းလော သို့မဟုတ် အကဲဖြတ်အစွမ်းက ပေးစွမ်းနိုင်သော သတင်းအချက်အလက်များက ဤမျှသာလော ဆိုသည်ကိုကား သူ မသိပေ။

လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီး အရိုးကတ်ပြားကို သိမ်းဆည်းကာ "ကျွန်တော် စဉ်းစားဖို့ အချိန်လိုတယ်... ခင်ဗျားရဲ့ အဲ့ဒီရန်သူအကြောင်း ကျွန်တော့်ကို အရင်ပြောပြပါဦး"

လင်ယွီရုံက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "နင် ရှင်းရှင်းလင်းလင်း စဉ်းစားပြီးမှ ငါနဲ့ ပြန်ပြောကြတာပေါ့"

လင်းယွမ်က ချက်ချင်းပင် "ကောင်းပြီလေ... အဲ့ဒါဆိုလည်း ကျွန်တော် သေချာစဉ်းစားပြီးမှပဲ ပြန်ပြောကြတာပေါ့... သွားခွင့်ပြုပါဦး"

သူ ဆက်၍ စကားမများတော့ဘဲ ကိုယ်နေဟန်ထား တစ်ချက်လှုပ်ရှားလိုက်ရာ ရဲရဲတောက် မီးလင်းယုန်က တိုက်ရိုက် တောင်ပံခတ်၍ ပျံသန်းသွားပြီး ကောင်းကင်ယံ၌ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

လင်ယွီရုံက လင်းယွမ် ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း မျက်ဝန်းများ အရောင်လက်သွားကာ ရုတ်တရက် ပြုံးလိုက်သည်။

"ငါးတော့ ချိတ်မှာ ငြိသွားပြီ"

ထိုအချိန်တွင် သူမ၏ဘေး၌ လူရိပ်တစ်ခု ပေါ်လာသည်... အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အစောပိုင်းက ရေခဲသလင်းနန်းတော်ထဲတွင် ရေခဲပိတ်လှောင်ခံထားရသည့် အမျိုးသားတစ်ဦးပင် ဖြစ်သည်။

သူက ပါးစပ်ဟကာ မေးလိုက်သည်။ "သခင်မ... ဒီလူက အရိုးစာချုပ်ကို တကယ် သုံးပါ့မလား"

လင်ယွီရုံက အေးစက်စက် လေသံဖြင့် "သူက ရေဘေးကမ္ဘာကြီးရဲ့ အမှန်တရားကို စိတ်ဝင်စားနေသရွေ့... ငါတို့လို ရှေးခေတ်က လူသားတွေကို စိတ်ဝင်စားနေသရွေ့... ဒီကိစ္စမှာ ဝင်ပါဖို့ သူ သေချာပေါက် နည်းလမ်းရှာမှာပဲ"

"ငါ သူ့ကိုပေးခဲ့တဲ့ အရိုးစာချုပ်က ဘာပြဿနာမှ မရှိဘူး... သူ ဒီအတိုင်း ယုံကြည်သွားလိမ့်မယ်"

"ကျွန်တော် နားမလည်လို့... သူ့ကို အရှင်ချွမ်ခူးဆီ ဘာလို့ခေါ်သွားမှာလဲ... အရှင်ချွမ်ခူးက အခုဆို ပြန်လည်နိုးထလာပြီး အစွမ်းတွေ ပြန်စုစည်းနေတဲ့ အချိန်ရောက်နေလောက်ပြီ မဟုတ်လား... ဒီလူက အရှင်ချွမ်ခူးရဲ့ ကျင့်စဉ်တိုးတက်မှုကို အနှောက်အယှက်မဖြစ်နိုင်ဘူးလား"

"ငါ တစ်ယောက်တည်းနဲ့ ဒီလူကို အနိုင်ရဖို့က အရမ်းခက်တယ်... ချွမ်ခူးကို ရှာတွေ့ရင် ငါတို့ နှစ်ယောက်ပေါင်းပြီး အင်အားတွေ ပေါင်းစည်းလိုက်မယ်ဆိုရင်တော့ ဒီလူကို ငါ့အတွက် အသုံးတော်ခံဖြစ်အောင် သေချာပေါက် အနိုင်ယူနိုင်လိမ့်မယ်"

"ဒါ့အပြင် ငါ့ရဲ့ ရည်ရွယ်ချက်က အစကတည်းက ဒီလူ မဟုတ်ဘူး"

လင်ယွီရုံက ဖွဖွလေး ရယ်မောလိုက်ပြီး ဆက်မပြောတော့ချေ။

...

လင်းယွမ်က လမ်းတစ်လျှောက်လုံး ကောင်းကင်ယံ၌ မီးတောက်မီးလျှံများ တောက်ပလျက် မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းဆယ်ချီအထိ ပျံသန်းလာခဲ့ရာ ရှေ့နားရှိ တွင်းနက်အရိပ်ရေပေါ်ကျွန်းကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

သူ၏ကိုယ်နေဟန်ထား တစ်ချက်လှုပ်ရှားသွားပြီး လူသားအသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။

တွင်းနက်အရိပ်ရေပေါ်ကျွန်းထက်သို့ ဆင်းသက်လိုက်ပြီး ကျွန်းပေါ်ရှိ အငွေ့အသက်များကို အာရုံခံလိုက်သည်။

ရေခဲမြေရိုင်း နဂါပိုးဟပ်ကြောင့် ဖြစ်ပေါ်လာသော ရေခဲအေးခဲမှု အငွေ့အသက်များက ပြယ်လွင့်သွားခဲ့ပြီ ဖြစ်သည်။

တွင်းနက်အရိပ်ရေပေါ်ကျွန်းပေါ်ရှိ အမှောင်ဓာတ် စွမ်းအင်များမှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။

ကျွန်းအတွင်းသို့ ဝင်ရောက်သွားချိန်တွင် ဖန်ဆန်းမြို့လေးမှာ ပြန်လည်တည်ဆောက်ပြီးနေပြီ ဖြစ်ကာ ပျက်စီးသွားသော အိမ်များနှင့် အခြားအဆောက်အအုံများအားလုံးကို အသစ်ပြန်လည် တည်ဆောက်ထားပြီး ဖြစ်သည်။

ထို့အပြင် ချိုင့်ခွက်နေသော မြေပြင်မှာလည်း အသစ်ပြန်လည် ညှိထားပြီး ဖြစ်သည်။

သန္ဓေပြောင်း နေကြာပန်းမှာလည်း သက်စောင့်စွမ်းအင် ပြန်လည်ရရှိလာခဲ့ပြီး ဖန်ဆန်းမြို့လေး၏ အကာအရံမှာလည်း အသစ်ပြန်လည် ချထားပြီး ဖြစ်သည်။

"ဆရာလင်း ပြန်လာပြီ"

လင်းယွမ်ကို မြင်သည်နှင့် လူအများက လျင်မြန်စွာ ရှေ့ထွက်၍ နှုတ်ဆက်ကြသည်။

ဟန်ရှန်းမန်၊ ဝူယင်၊ ကျန်းဖန်တို့ အုပ်စုက ပထမဆုံးအချိန်၌ပင် ထွက်၍ ကြိုဆိုကြသည်။

လင်းယွမ်က သူတို့ကို ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး "ငါ ဒီတစ်ခေါက် လူတချို့ ခေါ်လာတယ်... ဒီလူတွေကို မင်းတို့နဲ့ အပ်ထားခဲ့မယ်... ဖန်ဆန်းမြို့လေးရဲ့ အကျယ်အဝန်းကို ချဲ့ထွင်လိုက်ပါ"

ထိုသို့ပြောရင်း သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြူခိုးမြို့တော်မှ ဖမ်းခေါ်လာသူ အားလုံးကို ထုတ်ပေးလိုက်သည်။

ဤလူအများစုက ပေချန်ကျွန်းနှင့် ယန်ပေါင်ရှန်းတို့မှ လာကြသူများဖြစ်ပြီး ထိုအထဲတွင် ရင်းနှီးကျွမ်းဝင်သူဟောင်း ထန်ရှင်းအန်လည်း ပါဝင်ပေသည်။

ဤလူများ လွတ်လပ်ခွင့် ပြန်လည်ရရှိသွားကြသဖြင့် ရုတ်တရက် လင်းယွမ်အပေါ် အလွန်အမင်း ကျေးဇူးတင်သွားကြကာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် ရှိခိုးကြတော့သည်။

လင်းယွမ်က အစောကတည်းက အသားကျနေပြီဖြစ်ရာ ဤလူများကို နှစ်သိမ့်ပြီးနောက် သူတို့ကို နေရာထိုင်ခင်းများ စီစဉ်ပေးရန် ဝူယင်တို့အဖွဲ့အား လွှဲပြောင်းပေးလိုက်သည်။

ဟန်ရှန်းမန်က "အဲ့ဒီ မြူခိုးမြို့တော်က အခြေအနေ ဘယ်လိုရှိလဲ... ချန်ယွင်တောက်ကို ရှင် သတ်လိုက်ပြီလား"

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး လေးနက်သော မျက်နှာအမူအရာဖြင့် "ချန်ယွင်တောက်ကတော့ သေသွားပြီ... ဒါပေမဲ့ ကျွန်တော် သတ်လိုက်တာတော့ မဟုတ်ဘူး"

"ဘာ... သေသွားပြီ... ဘယ်သူက သတ်လိုက်တာလဲ"

"လင်ယွီရုံလို့ခေါ်တဲ့ မိန်းမတစ်ယောက်ပဲ"

ဟန်ရှန်းမန် အံ့အားသင့်သွားပြီး မယုံကြည်နိုင်သလိုမျိုးဖြင့် "မိန်းမ... ဘယ်လိုမိန်းမမို့လို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"

"ဒီမိန်းမရဲ့ နောက်ခံက သေးသေးမွှားမွှားတော့ မဟုတ်ဘူး... ရေခဲပင်လယ် သခင်မလို့ သူ့ကိုယ်သူ သမုတ်ထားတယ်... မြောက်ပိုင်းပင်လယ် ရေခဲနန်းတော်မှာ အချိန်အကြာကြီး နေထိုင်ခဲ့တယ်... သူ့နာမည်က လင်ယွီရုံတဲ့... သူပြောပုံအရဆိုရင် သူက ရှေးခေတ်ကတည်းကနေ ဒီနေ့အထိ အသက်ရှင်သန်နေခဲ့ပြီး ထာဝရအသက်ရှင်ခြင်း လျှို့ဝှက်ချက်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုတယ်"

"ဘာ"

ဟန်ရှန်းမန်၏ မျက်နှာပေါ်တွင် နောက်တစ်ကြိမ် တုန်လှုပ်ချောက်ချားသွားသော အမူအရာများ ပေါ်လာပြန်သည်။

ဤသတင်းက တကယ်ကိုပင် လူကို မယုံကြည်နိုင်အောင် ဖြစ်စေပေသည်။

ဤရေလွှမ်းမိုးမှု ကပ်ဘေးကမ္ဘာပျက်နေ့ကြီးကပင် လူတိုင်း၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ယခုတွင် ရှေးခေတ်ကတည်းက အသက်ရှင်သန်လာခဲ့သော အစွမ်းပိုင်ရှင်တစ်ယောက် ထွက်ပေါ်လာခဲ့သည်တဲ့လား။

"ရှေးခေတ်ကတည်းက အစွမ်းပိုင်ရှင်တွေ ရှိနေခဲ့တာလား" ကျန်းဖန်က မနေနိုင်ဘဲ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

"ဆရာလင်း... သူပြောတာ တစ်ကယ်ဖြစ်နိုင်ပါ့မလား" ဝူယင်ကလည်း မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "သူ့ရဲ့ အပြုအမူနဲ့ အနေအထိုင်တွေကို ကြည့်ရတာ ငါတို့ခေတ်က လူတစ်ယောက်နဲ့တော့ တကယ်ကို မတူဘူး"

"ဒါက ဟန်ဆောင်ထားလို့ ရတာပဲ မဟုတ်ဘူးလား" ဟန်ရှန်းမန်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

လင်းယွမ်က "အပြုအမူနဲ့ အနေအထိုင်တွေကိုတော့ ဟန်ဆောင်လို့ ရချင်ရလိမ့်မယ်... ဒါပေမဲ့ သင်္ကေတ ပညာရပ်တွေကတော့ လူကို လိမ်လို့မရဘူး"

"သူက သန္ဓေပြောင်းအစွမ်းသင်္ကေတ အသုံးပြုပုံ နည်းလမ်း အမြောက်အမြားကို ပိုင်ဆိုင်ထားတယ်... သင်္ကေတ အစီအရင်တွေကို အသုံးပြုတဲ့ နည်းလမ်းတွေကိုလည်း တော်တော်များများ သိထားတယ်... သင်္ကေတ မြို့တော်တစ်ခုကိုတောင် တိုက်ရိုက် တည်ဆောက်ထားနိုင်သေးတာ"

"မြို့တော်ကို သင်္ကေတ အစီအရင်အဖြစ် သုံးထားပြီး မြို့ထဲဝင်လိုက်တာနဲ့ အစီအရင်ထဲ ဝင်သွားသလိုပဲ... ဒီတစ်ခေါက် ငါတောင် အထဲမှာ ဒုက္ခနည်းနည်း ရောက်ခဲ့သေးတယ်... ဒါကြောင့် သူ ပြောတာက အတုအယောင်လို့ ငါတော့ မထင်ဘူး"

နောက်တစ်ချက်က လင်းယွမ်အနေဖြင့် အရည်အသွေး အစွမ်းများစွာကို ဖော်ထုတ်ပြခဲ့သော်လည်း ဤမိန်းမက အံ့အားသင့်ရုံသာ အံ့အားသင့်သွားပြီး တုန်လှုပ်ချောက်ချားသွားခြင်း မရှိပေ။

လင်းယွမ်ကဲ့သို့ မွေးရာပါ အရည်အချင်းထူးများ ပိုင်ဆိုင်ထားသူများကို သူမ မြင်ဖူးသကဲ့သို့ပင်... ထို့ကြောင့် လင်းယွမ်ကို သတ်ပစ်ချင်ခြင်း မဟုတ်ဘဲ အလျင်အမြန်ပင် သူမ၏အောက်၌ အညံ့ခံလာစေရန် လုပ်ဆောင်ချင်နေခြင်း ဖြစ်သည်။

လင်းယွမ်၏စကားများကြောင့် နေရာတွင် ရှိနေသူအချို့မှာ အနည်းငယ် တိတ်ဆိတ်သွားကြသည်။

"တကယ်လို့ တကယ်သာဆိုရင် အဲ့ဒီလူက ရှေးခေတ်ကနေ ဒီနေ့အထိ အသက်ရှင်နိုင်အောင် ဘယ်လိုလုပ်ခဲ့တာလဲ" ဝူယင်က တီးတိုးရေရွတ်ကာ မေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "သေချာတော့ မသိဘူး... ဒါပေမဲ့ သူ့ပြောစကားအရဆိုရင် ရှေးခေတ်က အစွမ်းပိုင်ရှင် တော်တော်များများ အခုထိ အသက်ရှင်နေနိုင်သေးတဲ့ပုံပဲ"

"သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းမျိုးစုံကို သုံးပြီးတော့ အချိန်ကာလရဲ့ တိုက်စားမှုကို ရှောင်လွှဲခဲ့ကြတယ်... အခုအချိန်အထိ တောင့်ခံထားတာက နောက်ထပ် ရေလွှမ်းမိုးမှု ကပ်ဘေးကြီးရောက်လာမယ့်နေ့ကို စောင့်ဆိုင်းနေတာနဲ့တောင် တူနေသေးတယ်"

"ဘယ်လို... နောက်ထပ် ရေလွှမ်းမိုးမှု ကပ်ဘေးကြီးရောက်လာမယ့်နေ့ဆိုတော့... တခြား ကပ်ဘေးနေ့တွေ ရှိနေသေးတာလား" ဟန်ရှန်းမန်က အဓိကအချက်ကို လျင်မြန်စွာ ဖမ်းဆုပ်မိသွားပြီး အလျင်အမြန် မေးလိုက်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး "သူ့ရဲ့ ဖွင့်ဟချက်အရဆိုရင် ရေဘေးကြီးဖြစ်ပြီး ကမ္ဘာကြီး ပျက်စီးတာက ပထမဆုံးအကြိမ် မဟုတ်ဘူးတဲ့... လူသားတွေရဲ့ ရှေးခေတ်မှာတည်းက ဒီလို ရေဘေးကြီးကြောင့် ကမ္ဘာပျက်တဲ့ အခြေအနေမျိုး ပေါ်ပေါက်ခဲ့ဖူးတယ်တဲ့"

"ငါတို့ရဲ့ နတ်ဘုရား ဒဏ္ဍာရီပုံပြင်တွေထဲမှာရော... နိုင်ငံတကာက နတ်ဘုရား ဒဏ္ဍာရီပုံပြင်တွေထဲမှာပါ... ရေလွှမ်းမိုးမှုနဲ့ ကမ္ဘာကြီး ပျက်စီးခဲ့တဲ့ မှတ်တမ်းတွေ ရှိတယ်"

"ဆရာလင်း ပြောချင်တာက မီးနတ်ဘုရား ကျူးရုံနဲ့ ရေနတ်ဘုရား ကုန်ကုန်းတို့ရဲ့ တိုက်ပွဲကြောင့်... ကောင်းကင်ဒေါက်တိုင်ကြီး ပြိုကျပြီး... ကောင်းကင်မြစ်ကြီး လျှံကျလာတဲ့ ပုံပြင်ကို ပြောတာလား" ကျန်းဖန်က အံ့သြတကြီး မေးလိုက်သည်။

"အနောက်နိုင်ငံတွေက နတ်ဘုရားတွေရဲ့ ရေလွှမ်းမိုးမှုနဲ့ ကမ္ဘာကြီး ပျက်စီးတာ... ဒဏ္ဍာရီလာ နောဧသင်္ဘော ..." ဟန်ရှန်းမန်က နိုင်ငံတကာ ဒဏ္ဍာရီများကို ချက်ချင်း ထုတ်ဖော်ပြောဆိုလိုက်ရာ အသံများမှာ ပို၍ ဝေဝါးသွားတော့သည်။

"ရှီး..."

ဝူယင်က လေအေးတစ်ချက်ကို စုပ်သွင်းလိုက်ပြီး တစ်ခဏမျှ ခေါင်းတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ကြီးမားသော ရေလွှမ်းမိုးမှုနှင့် ကမ္ဘာပျက်စီးခြင်း... နတ်ဘုရား ဒဏ္ဍာရီပုံပြင်တွေ...

ဤအရာနှစ်ခုကြားတွင် တကယ်ပင် အစောကတည်းက ဆက်စပ်မှု ရှိနေခဲ့သည်တဲ့လား။

လူသားတွေက တကယ်တော့ ကမ္ဘာပျက်သံသရာကို ဘယ်နှစ်ကြိမ်တောင် ဖြတ်သန်းခဲ့ကြပြီလဲ။

လင်းယွမ်က သူတို့တစ်ယောက်ချင်းစီမှာ အသိစိတ်လွတ်သွားကြပြီး ဤသတင်းကြောင့် တုန်လှုပ်ချောက်ချားကာ စကားတစ်ခွန်းမှ မပြောနိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူက မနေနိုင်ဘဲ ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး "ရေလွှမ်းမိုးမှုနဲ့ ကမ္ဘာပျက်တာတင် မဟုတ်ဘူး... ရှေးခေတ်က နတ်ဘုရား ဒဏ္ဍာရီပုံပြင်တွေကလည်း အဲ့ဒီခေတ်က အစွမ်းပိုင်ရှင်တွေ ဖန်တီးခဲ့တဲ့ အကျိုးဆက်တွေ ဖြစ်နေနိုင်တယ်"

"နတ်ဘုရားတွေ... အင်မော်တယ်တွေ... ဒဏ္ဍာရီတွေထဲက တန်ခိုးကြီးတဲ့ သူတွေအားလုံးကလည်း အစွမ်းပိုင်ရှင်တွေနဲ့ ဆက်စပ်နေလောက်တယ်"

"အခု ငါတို့အတွက် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် မြန်မြန်ဆန်ဆန် တိုးတက်အောင် လုပ်ဖို့ပဲ... ဒါမှ ဒီရေဘေးကြီးထဲမှာ အသက်ရှင်နိုင်မယ့် အရည်အချင်းရှိလာမှာ"

ဆက်ရန်...

All Chapters