← Chapters

အခန်း (၆၈၇-၆၈၈)

Vol. 35 Ch. 687-688

အခန်း (၆၈၇-၆၈၈)

Vol. 35 Ch. 687-688

အပိုင်း(၆၈၇) လင်းယွီကျွန်းမှ လူများနှင့် ပြန်လည်တွေ့ဆုံခြင်း

လူနှစ်ယောက်က တောင်ကြားလမ်းကို ကွေ့ပတ်သွားကာ ပိုမြင့်သောနေရာဆီသို့ အလျင်အမြန် ကူးခတ်သွားကြသည်။

သိပ်မကြာခင်မှာပင် ယဲ့နန်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အလောတကြီး ပြောလိုက်သည် "ဆရာလင်း... အဲ့ဒီနေရာပဲ"

သူက မျက်နှာချင်းဆိုင် မလှမ်းမကမ်းရှိ ကျောက်တုံးများ စုပုံနေသော တောင်စောင်းတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

ထိုတောင်စောင်းပေါ်တွင် ပင်လယ်ရေမှော်များ ထူထပ်စွာ ပေါက်ရောက်နေပြီး သန္တာကျောက်တန်းများလည်း အစီအရီ ရှိနေသည်ကို တွေ့လိုက်ရသည်။

အထဲတွင် ပြိုကျနေသော ကျောက်တုံးများနှင့် အက်ကွဲနေသော ကျောက်ဆောင်များကို သိသိသာသာ မြင်တွေ့နေရသဖြင့် ဤနေရာတွင် အလွန်ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း သိသာထင်ရှားနေသည်။

ယဲ့နန်က ထိုနေရာကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည် "အဲ့ဒီတုန်းက ကျွန်တော်တို့ လိပ်ကြီးဆီကနေ ထွက်ပြေးလာတော့ ကျွန်းသခင်မက ကျွန်တော်တို့ကို ဒီနေရာကို အရင်ဆုံး ခေါ်လာခဲ့တာ"

"ဒါပေမဲ့ ဒီကိုရောက်ရောက်ချင်းပဲ သန္ဓေပြောင်း ငါးမိစ္ဆာတစ်ကောင်ရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတယ်"

"အဲ့ဒီငါးမိစ္ဆာက ကျောက်တုံးနဲ့တူပြီး ကျောက်ငါးနဲ့ ဆင်တူတယ်... ဒါပေမဲ့ သူ့အရွယ်အစားက ကျောက်ငါးထက် အဆပေါင်းများစွာ ပိုကြီးပြီး အနည်းဆုံး ပေ(၄၀) ကျော်လောက် ရှိတယ်"

"အဲ့ဒီတုန်းက သူက ကျောက်ဆောင်နံဘေးမှာ ဝပ်နေပြီး ဘယ်လိုမှ ခွဲခြားမရအောင် ရုပ်ဖျက်ထားတာ... ကျွန်တော်တို့ထဲက တစ်ယောက်က သူ့ကိုယ်ပေါ်ကို မတော်တဆ တက်နင်းမိသွားတော့ သူက တစ်ကိုက်တည်းနဲ့ မြိုချပစ်လိုက်တယ်"

ထိုအချိန်က ကြောက်မက်ဖွယ် မြင်ကွင်းကို ပြောပြနေရင်း ယဲ့နန်၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်နေဆဲ ဖြစ်သည့် အရိပ်အယောင်များ ပေါ်လွင်လာသည်။

"အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ" လင်းယွမ်က မေးလိုက်သည်။

"ကျွန်းသခင်မလင်းအာက အဲ့ဒီမိစ္ဆာကို ထိန်းချုပ်ချင်တာ... ဒါပေမဲ့ အဲ့ဒီသန္ဓေပြောင်းမိစ္ဆာရဲ့ စိတ်စွမ်းအင်က အရမ်းမြင့်နေလိမ့်မယ်လို့ မထင်ထားမိဘူး"

"ကျွန်းသခင်မက သူ့ကို ပထမဆုံးအကြိမ် ဝိညာဉ်ထိန်းချုပ်တဲ့ အစွမ်းသုံးလိုက်တာနဲ့ ချက်ချင်း ပြန်ရိုက်ခတ်ခံလိုက်ရတယ်"

"ကံကောင်းလို့ ဒေါက်တာကျန်း အချိန်မီ ဝင်ကယ်လိုက်လို့... နောက်တော့ ကျွန်းသခင်မလေးက သူ့အစွမ်းနဲ့ ကျွန်တော်တို့ကို ဒီနေရာကနေ မြေအောက်ကို ချက်ချင်း ပုန်းအောင်းခိုင်းလိုက်တာပဲ"

လင်းယွမ်က ထိုစကားကို ကြားလိုက်ရချိန်တွင် ချက်ချင်း မေးလိုက်သည် "မြေအောက်ကို ဝင်သွားတယ်ဆိုရင် မင်းတို့က မြေအောက်ထဲမှာ ဘယ်လိုလုပ် စခန်းချနေထိုင်ခဲ့ကြတာလဲ"

"ဒီကနေ မြေအောက်ကို ဝင်သွားတာ သိပ်မနက်ခင်မှာပဲ အသားဓာတ်ပါတဲ့ အရာဝတ္ထုတွေကို တွေ့လိုက်ရတယ်... ကျွန်တော်တို့ ဆက်ပြီး အောက်ကို ဆင်းလို့မရတော့ဘူး... အဲ့ဒါနဲ့ ကျွန်းသခင်မလေးက ကျွန်တော်တို့ကို အနီးအနားမှာ တစ်ပတ်လောက် ထပ်ရှာခိုင်းပြီးတော့မှ ချောက်နက်ကျွန်းအတွင်းပိုင်းကို သွားလို့ရတဲ့ သွေးကြောလမ်းကြောင်း အဝင်ဝတစ်ခုကို တွေ့သွားတာ"

"အဲ့ဒီ သွေးကြောလမ်းကြောင်း အဝင်ဝကို မင်း မှတ်မိသေးလား"

"မှတ်မိပါတယ်... အရင်က ကျွန်တော်တို့ အဲ့ဒီအဝင်ဝကနေ အဝင်အထွက် လုပ်ခဲ့ကြတာဆိုတော့ ကျွန်တော့် မှတ်ဉာဏ်ထဲမှာ အတော်လေး စွဲထင်နေတယ်" ဟု ယဲ့နန်က အလျင်အမြန် ပြောလိုက်သည်။

လင်းယွမ်က ပြောလိုက်သည် "ငါ မင်းကို မြေလျှိုးအစွမ်းနဲ့ ခေါ်သွားမယ်... မင်း လမ်းပြပေး"

"ဟုတ်ကဲ့ပါ"

ထို့နောက် လူနှစ်ယောက်က မြေလျှိုးအစွမ်းကို အသုံးပြုကာ မြေအောက်သို့ တစ်ဖန် ပြန်လည်ဝင်ရောက်သွားကြသည်။

ထိုမြေလွှာက သိပ်မနက်လှဘဲ ပေ(၄၀)ခန့် အကွာတွင် ကျွန်း၏ သွေးသားဖွဲ့စည်းပုံ အလွှာဆီသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း လင်းယွမ် ခံစားလိုက်ရသည်။

"ဆရာလင်း... အဲ့ဒီတုန်းက သတ္တုလိုမျိုး ဖွဲ့စည်းထားတဲ့ အလွှာတစ်ခုအနီးမှာ အဝင်ဝကို တွေ့ခဲ့တာလို့ ကျွန်တော် မှတ်မိတယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

သတ္တုပစ္စည်းနဲ့ ဖွဲ့စည်းထားတဲ့ သွေးသားအလွှာလား

သူက ယဲ့နန်ကို ခေါ်ကာ အနီးအနားရှိ မြေအောက်တွင် စတင်ရှာဖွေလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် ယဲ့နန် ပြောခဲ့သော အဝင်ဝကို လင်းယွမ် ရှာတွေ့သွားခဲ့သည်။

ထိုအဝင်ဝသည် အချင်း ပေ(၂၀)ခန့်ရှိသော တွင်းဝတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

တွင်းဝအတွင်း၌ ရွှံ့နွံများဖြင့် ပိတ်ဆို့နေပြီး မြေဓာတ် အစွမ်းပိုင်ရှင်သာ မဟုတ်လျှင် ဤနေရာမှ ဝင်ရောက်ရန် အလွန်ခက်ခဲပေလိမ့်မည်။

တွင်းဝအပြင်ဘက်သည်လည်း ပြိုကျနေပြီ ဖြစ်ရာ လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ယဲ့နန်ကို ခေါ်ကာ မြေလွှာအပေါ်ဘက်ဆီသို့ အလျင်အမြန် လျှိုးတက်သွားခဲ့သည်။

ရေထဲသို့ ပြန်ရောက်လာချိန်တွင် လင်းယွမ်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ဤနေရာသည် သာမန် ကျောက်ဆောင် သန္တာကျောက်တန်းတစ်ခုသာ ဖြစ်သော်လည်း သူ၏ ခြေအောက်ရှိ နေရာသည် သိသာထင်ရှားလှသော ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ်၏ မှတ်ဉာဏ်ထဲတွင် မြင်ကွင်းတစ်ခုက လျင်မြန်စွာ ဖြတ်ပြေးသွားသည်။

ဤချောက်နက်ကျွန်း ဧရာမသားရဲကြီး အသက်ရှင်နေစဉ်က တစ်စုံတစ်ရာ၏ ထိုးဖောက်ဝင်ရောက်ခြင်းကို ခံခဲ့ရပြီး ဤဒဏ်ရာမျိုး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ရမည်... ထို့ကြောင့်သာ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ဦးတည်နေသော သွေးကြောလမ်းကြောင်းက ပေါ်ထွက်လာခြင်း ဖြစ်ပေမည်။

ဤသားရဲကြီးသည် အသက်မသေခင်က တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရပြီး ဤအဝင်ဝသည် အပြင်ဘက်မှ အားတစ်ခုဖြင့် ထိုးဖောက်ခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်း လင်းယွမ် ခန့်မှန်းမိလိုက်သည်။

သေဆုံးသွားပြီးနောက်တွင် လေပေါ်ကျွန်းအဖြစ် ပြောင်းလဲသွားကာ နှစ်ကာလကြာရှည်လာသောအခါ အလောင်းပေါ်တွင် သဲနှင့် ရွှံ့များ အမြောက်အမြား စုပုံလာခဲ့သည်... နောက်ဆုံးတွင် ဝန်ပိလာသဖြင့် လေပေါ်ကျွန်းမှ ရေပေါ်ကျွန်းအဖြစ်သို့ ပြောင်းလဲသွားပြီး ရေပေါ်ကျွန်းမှတစ်ဆင့် ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားကာ ချောက်နက်ကျွန်းအဖြစ် ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်သာ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

ထို့နောက် လင်းယွမ်က ယဲ့နန်ကို ခေါ်ကာ မြေအောက်သို့ တစ်ဖန် ပြန်လည်ဆင်းသက်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူတို့က ထိုတွင်းဝကို တိုက်ရိုက် ဖြတ်သန်းသွားကာ သွေးကြောလမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြသည်။

"ဟူး... နောက်ဆုံးတော့ ရောက်လာပြီပဲ"

ရွှံ့နွံများကို ဖြတ်သန်းပြီးနောက် လူနှစ်ယောက်က ကျယ်ဝန်းသော လမ်းကြောင်းတစ်ခုအတွင်းသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြသည်။

လမ်းကြောင်း၏ တစ်ဖက်တစ်ချက်စီတွင် အနီရင့်ရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး သရဲကားများထဲမှ ကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်တစ်ခုအလား ခံစားရစေသည်။

သူတို့၏ အနောက်ဘက်တွင် အပေါ်မှ ပြိုကျလာသော စိုစွတ်နေသည့် ရွှံ့နွံများက လမ်းကြောင်းတစ်ခုလုံးကို ပြည့်နှက်နေသည်။

မြေလျှိုးအစွမ်း ကျွမ်းကျင်သော အစွမ်းပိုင်ရှင်သာ မဟုတ်လျှင် အပြင်ဘက်မှ ဝင်ရောက်လာရန် လုံးဝ မဖြစ်နိုင်ပေ။

လင်းယွမ်က ဘေးရှိ ယဲ့နန်ကို ပြောလိုက်သည် "ဒီနေရာကို မင်း ရင်းနှီးတယ်မလား... နောက်ဆက်သွားရမယ့် လမ်းကို မင်းပဲ ပြပေး"

"ဟုတ်ကဲ့... ကျွန်တော့်နောက်က လိုက်ခဲ့ပါ"

ယဲ့နန်က အရှေ့မှနေ၍ လျင်မြန်စွာ လမ်းပြပေးလိုက်သည်။

ဤသွေးကြောလမ်းကြောင်းသည် ရှုပ်ထွေးပွေလီနေပြီး ပေ(၁၀၀)ခန့်မျှသာ သွားရသေးသော်လည်း ကြီးငယ်မဟူသော လမ်းဆုံလမ်းခွများ ပေါ်ထွက်လာသည်။

ယဲ့နန်က လမ်းဆုံသို့ ရောက်သောအခါ ခေါင်းငုံ့ကာ ကြည့်လိုက်ပြီး ပြောလိုက်သည် "ဆရာလင်း... ဟိုမှာကြည့်... အဲ့ဒါက အရင်က ကျွန်တော်တို့ ဝင်လာတုန်းက လမ်းမပျောက်အောင် ချန်ထားခဲ့တဲ့ လမ်းညွှန်အမှတ်အသားပဲ"

သွေးကြောလမ်းကြောင်း၏ လမ်းဆုံတွင် မီးကျွမ်းနေသော အနက်ရောင် မြားခေါင်းပုံစံ အမှတ်အသားတစ်ခု ရှိနေသည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရသည်။

အသွင်အပြင်အရ မီးဖြင့် မီးရှို့ကာ ဖန်တီးထားခြင်း ဖြစ်ဟန်တူသည်။

လင်းယွမ်က ပြုံးကာ ပြောလိုက်သည် "မဆိုးပါဘူး... အဲ့ဒီ လမ်းညွှန်အမှတ်အသားနောက်ကို လိုက်သွားရင် မင်းတို့ ကျွန်းသခင်မတို့ကို အမြန်ဆုံး ရှာတွေ့နိုင်မှာပါ"

ယဲ့နန်၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ပြည့်နှက်သွားပြီး ပြောလိုက်သည် "ကျွန်းသခင်မတို့ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပါပဲ"

ထို့နောက် ယဲ့နန်က တစ်လမ်းလုံး ဦးဆောင်ကာ ဧရာမ သွေးကြောလမ်းကြောင်းကြီးအတွင်း လှည့်ပတ်သွားလာခဲ့သည်။

သိပ်မကြာခင်မှာပင် အရှေ့ဘက်ရှိ အတော်လေး ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။

သွေးကြောလမ်းကြောင်းတစ်ခုလုံးကလည်း ချက်ချင်းပင် ကျယ်ဝန်းလာသည်။

ယဲ့နန်က တိုးတိတ်သော အသံဖြင့် ပြောလိုက်သည် "ဆရာလင်း... သတိထားနော်... ဒီနေရာက အန္တရာယ်များတဲ့ နေရာတစ်ခုပဲ... ဒီမှာ သန္ဓေပြောင်း သတ္တဝါတစ်အုပ် နေထိုင်ကြတယ်"

လင်းယွမ်က မေးလိုက်သည် "ဘယ်လိုမျိုး သန္ဓေပြောင်း သတ္တဝါတွေလဲ"

"အမွေးထူထူနဲ့ ဘောလုံးပုံစံမျိုး သန္ဓေပြောင်း သတ္တဝါတွေပဲ... ဒါပေမဲ့ သူတို့ကိုယ်ပေါ်ကနေ အချွဲအရည် အများကြီး ထုတ်လွှတ်နိုင်တယ်... အဲ့ဒီအရည်တွေက ပြင်းထန်ပြီး တိုက်စားတတ်တဲ့ အာနိသင် ရှိတယ်"

"ဒါတင်မကသေးဘူး... ကိုယ့်ကိုယ်ကိုယ် ပေါက်ကွဲစေတဲ့ နည်းလမ်းနဲ့လည်း တိုက်စားတတ်တဲ့ အရည် အများကြီးကို ချက်ချင်း ပန်းထွက်စေနိုင်တယ်"

"ကျွန်တော်တို့ အဲ့ဒီတုန်းက ဒီနေရာမှာ အတော်လေး အထိနာခဲ့တာ"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြကာ ပြောလိုက်သည်။ "သွားရအောင်... အတူတူ သွားကြည့်ကြတာပေါ့"

ထိုသို့ပြောပြီးသည်နှင့် သူက အရိပ်အစွမ်းကို တိုက်ရိုက် အသက်သွင်းလိုက်ပြီး လူနှစ်ယောက်၏ ခန္ဓာကိုယ်ကို အရိပ်အဖြစ် ပြောင်းလဲကာ လျင်မြန်စွာ တိတ်တဆိတ် သွားလာခဲ့သည်။

သိပ်မကြာခင်မှာပင် ဤကျယ်ဝန်းသော နေရာအတွင်းသို့ ဝင်ရောက်သွားကြသည်။

နေရာတစ်ခုလုံး၏ အတိုင်းအတာသည် အလွန်ကြီးမားပြီး အောက်ဘက်သို့ ပေ(၁၀၀)ကျော်ခန့် ချိုင့်ဝင်နေကာ အတွင်းပိုင်း၌ စေးပျစ်သော အရည်များ အမြောက်အမြား စုပုံနေပြီး ကြီးမားလှသော ကန်ကြီးတစ်ခုအဖြစ် ဖြစ်တည်နေသည်။

ရေကန်ထဲတွင် ယဲ့နန် ပြောပြခဲ့သော အမွေးထူထူ မိစ္ဆာကောင်များက ပြည့်နှက်နေပြီး ရေကူးကာ လူးလှိမ့်နေကြသည်။

ထိုရေကန်ထဲတွင် အရိုးစုအချို့က တစ်ခါတစ်ရံ ပေါ်လာလိုက် နစ်သွားလိုက် ဖြစ်နေသည်ကို လင်းယွမ် သတိထားမိလိုက်ရာ အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။

"ဆရာလင်း... သေချာ သတိထားပါ... ဒီအရည်တွေက ပြင်းထန်တဲ့ တိုက်စားတတ်တဲ့ အာနိသင် ရှိတယ်... အောက်ကို ပြုတ်ကျသွားတာနဲ့ ချက်ချင်း အရိုးစုအဖြစ် ပြောင်းသွားလိမ့်မယ်" ဟု ယဲ့နန်က အလျင်အမြန် သတိပေးလိုက်သည်။

လင်းယွမ်က ပြောလိုက်သည် "အရိပ်အခြေအနေမှာ ဒါတွေက မင်းနဲ့ငါ့ကို ဒုက္ခမပေးနိုင်ပါဘူး... စိတ်ချပါ"

သူက ယဲ့နန်ကို ခေါ်ကာ အရိပ်ထဲမှတစ်ဆင့် ရေကန်မျက်နှာပြင်ပေါ်သို့ တိုက်ရိုက် ဝင်ရောက်သွားပြီး ဤရေကန်ကြီးကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့သည်။

ပတ်ဝန်းကျင်၌ ရှည်လျားသော အနက်ရောင် တိုင်လုံးများက အစီအရီ ပေါ်ထွက်လာပြီး အရွက်မရှိသော သစ်ပင်စည်များအလား ထူထပ်စွာ ရှိနေသည်။

လင်းယွမ်က အရင်က မြူခိုးမြို့တော်တွင် ရှိစဉ်က ဆင်တူသော အရာများကို မြင်တွေ့ခဲ့ရသည်ကို ရုတ်တရက် သတိရသွားသည်။

သူသည် အတွေ့အကြုံမရှိသူ တစ်ယောက် မဟုတ်တော့ပေ... ဤနေရာသည် ချောက်နက်ကျွန်း အလောင်းကြီး၏ အတွင်းပိုင်းရှိ အစာအိမ်နေရာ ဖြစ်နိုင်ခြေ များကြောင်း ယခုအခါ သူ ခန့်မှန်းမိသွားပြီ ဖြစ်သည်။

ဤအထဲမှ အရည်များသည် ကျန်ရစ်နေသော အစာအိမ်ရည်များ ဖြစ်နိုင်ပေသည်။

ထိုထူထပ်နေသော သစ်ပင်စည်များသည် အစာအိမ်နံရံပေါ်ရှိ အမွေးအမှင်များ ဖြစ်နိုင်ခြေ များပေသည်။

ထိုပေါ်လာလိုက် နစ်သွားလိုက် ဖြစ်နေသော အရိုးစုများသည် မတော်တဆ ပြုတ်ကျသွားပြီး အစာချေဖျက်ခံလိုက်ရသည့် ကပ်ပါးမိစ္ဆာများ ဖြစ်ပေလိမ့်မည်။

အစာအိမ် ရေကန်တစ်ခုလုံးက သိပ်မကြီးမားလှဘဲ ပေ(၁၀၀၀)ခန့်ပင် မပြည့်ပေ။

သို့သော် ယဲ့နန်က သတိပေးလိုက်သည် "ဆရာလင်း... တိုက်ရိုက် ဖြတ်သွားစရာ မလိုဘူး... အဲ့ဒီတုန်းက ကျွန်တော်တို့က ဘေးဘက်က တွင်းဝတစ်ခုကနေ သွေးကြောလမ်းကြောင်း အသစ်တစ်ခုထဲကို ဝင်သွားခဲ့တာ"

ထိုစကားကို ကြားသောအခါ လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ကြည့်လိုက်ရာ ပတ်ပတ်လည်တွင် သွေးကြောလမ်းကြောင်း အတော်များများ ရှိနေသေးသည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရသည်။

သူက ယဲ့နန်ကို ခေါ်ကာ ဘေးဘက်ရှိ လမ်းကြောင်းတစ်ခုအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

ထိုလမ်းကြောင်း အဝင်ဝတွင် မြားခေါင်းပုံစံ အမှတ်အသားကို ထပ်မံ တွေ့ရှိလိုက်ရသည်။

လူနှစ်ယောက်က အထဲသို့ ဝင်ရောက်သွားကာ ဆက်လက်၍ ရှေ့သို့ တိုးသွားကြပြီး ကျယ်ဝန်းကြီးမားသော သွေးကြောလမ်းကြောင်းများကို ဖြတ်သန်းသွားလေရာ အရှေ့ဘက်ရှိ လမ်းက ပို၍ပို၍ ကျယ်ဝန်းလာသည်။

သိပ်မကြာခင်မှာပင် ဧရာမ နေရာကြီးတစ်ခုက လူနှစ်ယောက်၏ အရှေ့တွင် ပေါ်ထွက်လာသည်။

"ဆရာလင်း... မြန်မြန် ကြည့်ပါဦး... ဒီနေရာပဲ... ကျွန်တော်တို့ ဒီနေရာမှာ နေထိုင်ခဲ့ကြတာ"

ယဲ့နန်က ဤနေရာ၏ မလှမ်းမကမ်းကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်ရာ အသားနံရံများကြားရှိ နေရာတစ်ခုတွင် တဲများကဲ့သို့သော အသုံးအဆောင်များ စုပုံနေသည်ကို မြင်တွေ့လိုက်ရသည်။

ဒါတင်မကသေးဘဲ ထိုအနီးအနားတွင် ကင်းလှည့်နေသော လူရိပ်အချို့လည်း ရှိနေသည်။

အပြင်ဘက် ဧရိယာတွင်လည်း ပတ်ဝန်းကျင်ကို သတိထား စောင့်ကြည့်နေသော လျှို့ဝှက်ကင်းစောင့်အချို့ ရှိနေသည်။

ယဲ့နန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် "အားလုံး ရှိနေသေးတယ်... ကြည့်ရတာ ဘာအန္တရာယ်မှ မကြုံခဲ့ရဘူးထင်တယ်"

လင်းယွမ်က သူ့ကို ခေါ်ကာ အရိပ်ထဲမှ ချက်ချင်း ထွက်လာခဲ့သည်။

ယဲ့နန်က စခန်းချထားသော နေရာဆီသို့ မစောင့်ဆိုင်းနိုင်တော့ဘဲ ပြေးသွားကာ အော်ဟစ်လိုက်သည် "ကျွန်းသခင်မ... ဒေါက်တာကျန်း... ခေါင်းဆောင်လင်းဟယ်... ကျွန်တော် ပြန်ရောက်ပြီ... ကျွန်တော် ပြန်ရောက်လာပြီ"

သူ၏ အော်ဟစ်သံကြောင့် ဤဘက်တွင် စခန်းချနေသော လူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။

ထိုအခါ လူရိပ်အတော်များများက အလျင်အမြန် ပြေးလာကြသည်။

"ယဲ့နန်ရဲ့ အသံလား... မင်းလား... ယဲ့နန်လား"

"တကယ်ပဲ ယဲ့နန်လား... သူတို့ ထွက်သွားတာတောင် ဆယ်ရက်လောက် ရှိနေပြီမလား"

"မင်းတို့ နားထောင်ကြည့်... တကယ်ပဲ ယဲ့နန်ရဲ့ အသံပဲ"

"မြန်မြန်... မြန်မြန် သွားကြည့်ရအောင်"

လူအများအပြားက ဝိုင်းအုံလာကြပြီး သိပ်မကြာခင်မှာပင် လူတစ်ယောက်က မီးတိုင်ကို မြှောက်ကိုင်လိုက်ရာ ယဲ့နန်ကို ရှင်းလင်းစွာ မြင်တွေ့သွားကြသည်။

"ယဲ့နန်... တကယ်ပဲ ယဲ့နန်ပါလား"

"ခေါင်းဆောင်လျို... အစ်ကိုဝမ်... တကယ်ပဲ ယဲ့နန်ဗျ"

"မြန်မြန်... ကျွန်းသခင်မတို့ကို မြန်မြန် သွားသတင်းပို့ကြ"

ယဲ့နန်လည်း ရင်းနှီးကျွမ်းဝင်နေသော မိတ်ဆွေများကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာပြီး သူတို့ကို ဖက်ကာ ငိုကြွေးလိုက်တော့သည်။

လူတိုင်းက ဤအချိန်ကာလအတွင်း ဘာတွေဖြစ်ခဲ့သလဲဟု ယဲ့နန်ကို တရစပ် ဝိုင်းမေးကြလေသည်။

ယဲ့နန် ပြန်မဖြေရသေးခင်မှာပင် အလောတကြီး ပြေးလာသော ခြေသံအချို့ကို ကြားလိုက်ရသည်။

ရွှေရောင် သရဖူကို ဆောင်းထားပြီး အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသော ဝမ်လင်းအာက သူမ၏ ဘေးတွင် ရွှေဝါရောင် ဆံပင်နှင့် ကျန်းဇီယန်၊ ချစ်စရာကောင်းသော ဝမ်ယွိအာ၊ ထို့ပြင် အရပ်မြင့်မြင့်နှင့် လူငယ်တစ်ယောက်တို့ ပါဝင်ကာ အလောတကြီး လျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ပထမဆုံး စကားစပြောသူမှာ ထိုလူငယ်ဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေဟန်များ ပေါ်လွင်နေကာ ရှေ့သို့ တိုးသွားပြီး ယဲ့နန်ကို ဖက်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် "ရှောင်နန်... တကယ်ပဲ မင်းကိုး... မင်း အသက်ရှင်နေသေးတာပဲ"

ယဲ့နန်လည်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ နီရဲသွားကာ အော်ပြောလိုက်သည် "ခေါင်းဆောင်လင်း... ကျွန်တော်... အီးဟီး... ညီအစ်ကိုတွေ အားလုံး သေကုန်ပြီ... ကျွန်တော်ရယ်၊ အစ်ကိုချိုင်းရယ်၊ ကျိုးဖူးကွေ့ရယ်လောက်ပဲ ကျန်တော့တာ"

အရင်က သူငယ်ချင်းများကို မြင်တွေ့လိုက်ရသောအခါ ယဲ့နန်သည် ဤအချိန်ကာလအတွင်း ခံစားခဲ့ရသော ဝမ်းနည်းပူဆွေးမှုများကို ဆက်၍ မထိန်းထားနိုင်တော့ဘဲ အသံထွက်ကာ ငိုကြွေးလိုက်တော့သည်။

လင်းဟယ်က အလျင်အမြန် ပြောလိုက်သည် "ဘာတွေ ဖြစ်ခဲ့တာလဲ... မင်းတို့ အစားအစာ ထွက်ရှာကြတာ... ဘာလို့ ထွက်သွားပြီးကတည်းက ပြန်မလာကြတော့တာလဲ"

ထိုအချိန်တွင် ဝမ်လင်းအာလည်း လျှောက်လာပြီး မေးလိုက်သည် "ယဲ့နန်... နင်တို့ ဘာတွေ ဖြစ်ခဲ့တာလဲ"

ယဲ့နန်က ဝမ်းနည်းမှုကို အောင့်အည်းထားလိုက်ပြီး ရှိုက်ကာ ပြောလိုက်သည် "ကျွန်းသခင်မ... ပြီးခဲ့တဲ့အကြိမ် ကျွန်တော်တို့ ထွက်သွားပြီးတဲ့နောက် တွင်းဝကနေ ဆက်တိုက် သွားလိုက်တာ ရှေးဟောင်းသင်္ချိုင်းတစ်ခုထဲ ရောက်သွားပြီးတော့ ငါးလူသား တစ်အုပ်နဲ့ သွားဆုံခဲ့တယ်"

"အဲ့ဒီ ငါးလူသားတွေက အရမ်း အစွမ်းထက်တယ်... ကျွန်တော်တို့ကို ဖမ်းသွားပြီးတော့ မြေအောက်ထောင်ထဲမှာ အကျဉ်းချထားတာ... ကံကောင်းလို့ ဆရာလင်း ကယ်တာနဲ့ ကြုံလိုက်လို့ ကျွန်တော်နဲ့ အစ်ကိုချိုင်းတို့ အသက်ရှင်ရက် ပြန်လာပြီး ခင်ဗျားတို့ကို ပြန်တွေ့ခွင့်ရတာ"

ဝမ်လင်းအာက ချက်ချင်း မျက်လုံးပြူးသွားပြီး အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည် "ဘယ်သူ... နင်တို့ ဘယ်သူနဲ့ တွေ့ခဲ့တယ်"

"ဆရာလင်းလေ... ထိုက်ယန်တောင်က ဆရာလင်း"

ဝမ်လင်းအာက ချက်ချင်း ဝမ်းသာသွားပြီး ဘေးရှိ ကျန်းဇီယန်နှင့် ဝမ်ယွိအာတို့ကလည်း ထပ်တူ ဝမ်းမြောက်သွားကြသည်။

"နင် ဆရာလင်းကို တွေ့ခဲ့တာလား"

"အစ်ကိုယဲ့နန်... အစ်ကိုက ကျွန်မတို့ အခုဖြစ်နေတဲ့ အခြေအနေကို ဆရာလင်းကို မပြောပြခဲ့ဘူးလား... သူက ကျွန်မတို့ကို လာကယ်မယ်လို့ မပြောဘူးလား" ဟု ဝမ်ယွိအာက အလျင်အမြန် မေးလိုက်သည်။

ကျန်းဇီယန်ကလည်း အလျင်အမြန် မေးလိုက်သည် "နေပါဦး... နင်က ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

ဒီနေရာက ရေအောက် ချောက်နက်ကျွန်းဖြစ်ပြီး ယဲ့နန်က မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် တစ်ယောက်သာ ဖြစ်ရာ ဘယ်လိုလုပ် ပြန်ရောက်လာတာလဲဆိုသည်ကို ထိုအခါမှသာ သူမ သတိပြုမိသွားသည်။

ဝမ်လင်းအာလည်း သတိပြုမိသွားသော်လည်း သူမ မေးခွန်းထုတ်ရန် အချိန်မရလိုက်ခင်မှာပင် ယဲ့နန်၏ အနောက်ဘက် မလှမ်းမကမ်းရှိ အရိပ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ရောက်လာသူက ပြုံးကာ ပြောလိုက်သည် "အားလုံးပဲ... မတွေ့ရတာ ကြာပြီနော်"

လင်းယွမ်က အပြုံးမျက်နှာဖြင့် လူအားလုံးကို ကြည့်နေသည်ကို မြင်လိုက်ရသည်။

ထိုခဏတွင် လင်းယွီကျွန်းမှ လူအားလုံး၏ မျက်နှာပေါ်၌ အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ထွက်ပေါ်လာကြသည်။

ဝမ်လင်းအာမှာမူ မျက်လုံးများပင် နီရဲသွားပြီး ရုတ်တရက် စိတ်အေးချမ်းသွားသည့် ခံစားချက်မျိုး ခံစားလိုက်ရတော့သည်။

ဆက်ရန်...

အပိုင်း (၆၈၈) အံ့အားသင့်သွားသော လင်းယွီကျွန်းသူကျွန်းသားများ

"အစ်ကိုလင်း"

ဝမ်လင်းအာက ဝမ်းသာအားရဖြစ်သွားပြီး မျက်ရည်များပင် ရုတ်တရက် ဝဲတက်လာသည်။

လွန်ခဲ့သောရက်များအတွင်း သူမတို့အား တစ်စုံတစ်ယောက် လာရောက်ကယ်တင်မည့်အချိန်ကို သူမ မည်မျှလောက် မျှော်လင့်တောင့်တနေခဲ့သည်ကို ဘုရားသာ သိပေလိမ့်မည်။

သူမ တစ်ယောက်တည်းဆိုလျှင်တော့ ဤနေရာမှ အလွယ်တကူ ထွက်ခွာသွားနိုင်ပေသည်။

သို့သော် သူတို့တွင် လူများလွန်းနေပြီး ခေါင်းဆောင်တစ်ယောက်အနေဖြင့် လူတိုင်းအတွက် တာဝန်ယူပေးရန် လိုအပ်နေသည်။

သူမက လူအားလုံးကို ကယ်တင်၍ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားချင်ခဲ့သည်။

သို့သော် အပြင်သို့ ထွက်လိုက်သည်နှင့် ချောက်နက်ကျွန်းပေါ်ရှိ ကြောက်မက်ဖွယ် သန္ဓေပြောင်း သတ္တဝါများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

သူမတို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း ဤချောက်နက်ကျွန်း၏ အတွင်းပိုင်းမှပင် မထွက်နိုင်ခဲ့ဘဲ အန္တရာယ်များနှင့် အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသည်။

သူမ၏ စိတ်ဖိစီးမှုက အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။

လင်းယွမ်ကို မြင်လိုက်ရသည့် အခိုက်အတန့်တွင်တော့ သူမ ရုတ်တရက် စိတ်အေးသွားသကဲ့သို့ ခံစားလိုက်ရ၏။

လင်းယွမ်၏ စွမ်းဆောင်ရည်က သူမထက် အများကြီး သာလွန်နေပြီး သူကသာ သူမတို့ကို လာရောက်ကယ်တင်နိုင်မည့် တစ်ဦးတည်းသောသူအဖြစ် သူမ ယုံကြည်ထားခဲ့သည်။

သူ တကယ် ရောက်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

သူမတို့ ဤနေရာတွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့ပြီး မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေချိန်တွင် သူ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမက အဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်မို့ ရင်ထဲမှ စိတ်လှုပ်ရှားမှုနှင့် ခံစားချက်များကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး ချက်ချင်း ရှေ့သို့တက်ကာ လှိုက်လှဲစွာ လက်ကမ်းပေးရင်း ဝမ်းသာအားရ ပြောလိုက်သည်။

"အစ်ကိုလင်း... အစ်ကို ဒီနေရာကို တကယ် ရောက်လာမယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး"

လင်းယွမ်က သူမနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး ပြုံးလျက် ပြန်ပြောသည်။

"အစတုန်းက မင်းတို့ ထိုက်ယန်တောင်ကနေ ထွက်သွားပြီး ရေပေါ်ကျွန်းကို သွားရှာကြတုန်းက ငါတောင် စိတ်ပူနေခဲ့သေးတာ"

"နောက်ပိုင်း ငါ လင်ကျန်းမြစ်ဝကို သီးသန့် သွားကြည့်ခဲ့သေးတယ်... အဲ့ဒီရေပေါ်ကျွန်းနားမှာ မင်းတို့ကို မတွေ့ရတော့ တစ်ခုခု ဖြစ်ပြီဆိုတာ ငါ သိလိုက်တယ်"

"လူလွှတ်ပြီး အကြာကြီး ရှာခိုင်းခဲ့ပေမဲ့ မင်းတို့သတင်းကို မရခဲ့ဘူး... မင်းတို့ ဒီကို ရောက်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

ဝမ်လင်းအာက ခါးသီးစွာ ပြုံးလိုက်သည်။

"လိပ်ကြီးက ရုတ်တရက် အထိန်းအကွပ်မဲ့သွားလိမ့်မယ်လို့ ကျွန်မလည်း ထင်မထားဘူးလေ... တကယ်တော့ ကျွန်မရဲ့ သားရဲထိန်းချုပ်အစွမ်းက အရမ်းနိမ့်နေသေးလို့ပါ... လိပ်ကြီးလို သတ္တဝါမျိုးကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ဘူး"

လင်းယွမ်ကလည်း သက်ပြင်းချလိုက်သည်။ အစတုန်းက ဝမ်လင်းအာနှင့် လိပ်ကြီးတို့၏ ပူးပေါင်းဆောင်ရွက်မှုပုံစံက တကယ်တမ်းတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်ပုံ ပေါက်နေခဲ့သည်။

လိပ်ကြီးက ၎င်း၏ကျောပေါ်ရှိ သန္ဓေပြောင်း ခရုခွံများ၊ ပိုလျှံနေသော ကျောက်တုံးများနှင့် မြေစာများကို ရှင်းလင်းပေးပြီး ကိုယ်အလေးချိန် လျှော့ချပေးရန် ဝမ်လင်းအာတို့ လူစုကို လိုအပ်ပေသည်။

ဝမ်လင်းအာကလည်း အသက်ရှင်ရပ်တည်ရန် နေရာတစ်ခုအဖြစ် လိပ်ကြီး၏ ခန္ဓာကိုယ်ကို နေထိုင်စရာ ယာဉ်တစ်စီးသဖွယ် လိုအပ်သည်။

သို့သော် နှစ်ဖက်စလုံးက တစ်ဦးကိုတစ်ဦး ထိန်းချုပ်ထားသည့် ပုံစံမျိုးမဟုတ်ဘဲ ကိုယ်ပိုင်လွတ်လပ်ခွင့် အသီးသီး ရှိနေကြသည်။

ယင်းက ပြဿနာတစ်ခုကို လွယ်ကူစွာ ဖြစ်ပေါ်စေနိုင်သည်။ ဆိုလိုသည်မှာ သူတို့၏ ဆန္ဒများ အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်လာသည့်အခါ လိပ်ကြီးက အလွယ်တကူ အထိန်းအကွပ်မဲ့သွားနိုင်ပြီး သူမ၏ အလိုဆန္ဒအတိုင်း လိုက်နာတော့မည် မဟုတ်ပေ။

ဥပမာအားဖြင့် ဤတစ်ကြိမ်တွင် လိပ်ကြီးက သူမ၏ အမိန့်ကို မနာခံတော့သည်မှာ ထင်ရှားပြီး ဤချောက်နက်ကျွန်းရှိရာသို့ အလိုအလျောက် ရေငုပ်ဆင်းလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် ယခုလို အဖြစ်ဆိုးကြီး ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ထိုအရာက လင်းယွမ်ကိုလည်း သတိပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ လုံးဝ သေချာမှု မရှိသည့် အခြေအနေမျိုးတွင် အခြားတစ်ဖက်ထံသို့ မိမိအသက်ကို အလွယ်တကူ ပုံမအပ်သင့်ပေ။

လင်းယွမ်က ဤအချိန်အတောအတွင်း သူမတို့ကို အမြဲတမ်း ရှာဖွေနေခဲ့ကြောင်းနှင့် လင်ကျန်းမြစ်အောက်ပိုင်း မြစ်ဝရှိ ရေပေါ်ကျွန်းဘက်သို့ပင် ကိုယ်တိုင် သွားရောက်ရှာဖွေခဲ့ကြောင်း သိလိုက်ရသောအခါ လင်းယွီကျွန်းသူကျွန်းသားများအားလုံး အလွန် ဝမ်းသာပီတိဖြစ်သွားကြပြီး လင်းယွမ်ကို တခဲနက် ကျေးဇူးတင်စကား ဆိုကြတော့သည်။

နှစ်ဖက် အပြန်အလှန် နှုတ်ဆက်စကား ပြောကြပြီးနောက် လင်းယွီကျွန်းမှ လူများ၏ စိတ်အခြေအနေမှာ အတော်လေး တည်ငြိမ်သွားသည်။

ဝမ်လင်းအာက ဝမ်ယွိအာ၊ ကျန်းဇီယန်၊ လင်းဟယ် တို့အဖွဲ့ကို ခေါ်ကာ လင်းယွမ်အား မလှမ်းမကမ်းရှိ တဲတစ်လုံးဆီသို့ ဖိတ်ခေါ်၍ ဆွေးနွေးတိုင်ပင်ရန် ခေါ်ဆောင်သွားသည်။

တဲထဲသို့ ရောက်သောအခါ ဝမ်ယွိအာက စကားစလိုက်သည်။

"ကိုကြီးလင်းယွမ်... ခုနက အစ်ကိုယဲ့နန် သေချာ မပြောပြလိုက်ရဘူး... ကိုကြီးတို့ ဘယ်လို ဆုံခဲ့ကြတာလဲ"

ယဲ့နန်က သူ့ကို လင်းယွမ် မည်သို့ ကယ်တင်ခဲ့ကြောင်း အဖြစ်အပျက်ကို ကိုယ်တိုင် ရှင်းပြလိုက်ပြီး တစ်ချိန်တည်းမှာပင် ရှေးဟောင်းသင်္ချိုင်းဂူထဲတွင် ငါးလူသားများနှင့် ရေသူမ သန္ဓေပြောင်း သတ္တဝါ အများအပြား ရှိနေကြောင်းကိုပါ ပြောပြလိုက်သည်။

ထိုအရာများကို ကြားလိုက်ရသဖြင့် ဝမ်လင်းအာက သံသယဖြင့် မေးလိုက်သည်။

"ငါးလူသားတွေနဲ့ ရေသူမတွေ ဟုတ်လား... အဲ့ဒါက အသွင်ပြောင်းတဲ့ အစွမ်းပိုင်ရှင်တွေ မဟုတ်ဘူးလား"

ယဲ့နန်က ခေါင်းခါပြလိုက်သည်။ "လုံးဝ မဟုတ်ဘူး... သူတို့က လူသားတွေ မဟုတ်ဘူးဆိုတာ ကျွန်တော် ခံစားသိရှိနိုင်တယ်... ဒါပေမဲ့ ဉာဏ်ရည်ဉာဏ်သွေးတော့ ရှိကြတယ်"

"အဲ့ဒီသတ္တဝါတွေက တခြား ရေနေသတ္တဝါတွေဆီကနေ သန္ဓေပြောင်း ဆင့်ကဲပြောင်းလဲလာတာ ဖြစ်နိုင်တယ်လို့ ဆရာလင်းက သံသယရှိနေတယ်"

"ဘာ... တခြား ရေနေသတ္တဝါတွေက ငါးလူသားနဲ့ ရေသူမတွေအဖြစ် ဆင့်ကဲပြောင်းလဲနိုင်တယ် ဟုတ်လား" ဘေးဘက်ရှိ လင်းဟယ်က အံ့အားသင့်သွားသည်။

လူတိုင်း၏ မသိစိတ်ထဲတွင်တော့ ငါးလူသားများနှင့် ရေသူမများအဖြစ် ပြောင်းလဲသွားခြင်းမျိုးက လူသားများနှင့် ဆက်စပ်နေသည့် စွမ်းရည်ဖြစ်ပြီး လူသားများသာ ပိုင်ဆိုင်သင့်သည်ဟု ထင်မြင်ထားကြသည်။

ယခုလိုမျိုး သတင်းကို ရုတ်တရက် ကြားလိုက်ရသည့်အခါ အလွန်ပင် အံ့အားသင့်စရာ ကောင်းနေခဲ့သည်။

ဘေးဘက်မှ ကျန်းဇီယန်က ထိုစကားကို ကြားသောအခါ ရုတ်တရက် အတွေးပေါက်သွားသကဲ့သို့ ဖြစ်သွားပြီး သူမမျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

"ဒါက ဖြစ်နိုင်ချေ ရှိတယ်... ဇီဝဗေဒ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါဝင်တဲ့ မျိုးရိုးဗီဇတွေက တကယ်တော့ တစ်ခြား သက်ရှိတွေနဲ့ တော်တော်များများ တူညီနေကြတာပဲ"

"ရေသူမတွေနဲ့ ငါးလူသားတွေရဲ့ သန္ဓေပြောင်း မျိုးရိုးဗီဇတွေက... လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက သီးခြား မျိုးရိုးဗီဇတွေ သန္ဓေပြောင်း ဆင့်ကဲပြောင်းလဲရာကနေ ဖြစ်ပေါ်လာတာ ဖြစ်ရမယ်"

"ဒီမျိုးရိုးဗီဇ အစိတ်အပိုင်းက တခြားသက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ရှိနေနိုင်တယ်လေ"

"ဒီရေဘေးကြီးထဲမှာ ကျွန်မတို့ လူသားတွေတင် ဆင့်ကဲပြောင်းလဲနေတာ မဟုတ်ဘူး... တခြား သက်ရှိတွေကလည်း လျင်လျင်မြန်မြန် ဆင့်ကဲပြောင်းလဲနေကြတာပဲ... သူတို့ထဲမှာလည်း ဒီလိုမျိုး မျိုးရိုးဗီဇတွေ အသက်ဝင်လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

လူအုပ်ထဲတွင် သူမက ဇီဝဆေးပညာ ပါရဂူတစ်ဦး ဖြစ်ပြီး ဗိုင်းရပ်စ်များနှင့် မျိုးရိုးဗီဇ ကဲ့သို့သော နယ်ပယ်များတွင် နက်နဲသော ကျွမ်းကျင်မှု ရှိသူ ဖြစ်သည်။

ဤသီအိုရီကို တင်ပြလိုက်သည့်အခါ လူတိုင်းက သဘောပေါက်သွားကြပြီး ဆန်းသစ်နေသည်ဟု ခံစားလိုက်ရသည်။

သို့သော် လင်းယွမ်က ဤကိစ္စနှင့် ပတ်သက်၍ အစောကတည်းက ခန့်မှန်းထားပြီးဖြစ်ရာ အံ့သြတုန်လှုပ်ခြင်း မရှိခဲ့ပေ။

ဝမ်လင်းအာက မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "ဒါဆို သူတို့က အဲ့ဒီ ရှေးဟောင်းသင်္ချိုင်းဂူကို အသိုက်အဖြစ် အသုံးပြုနေကြတာပေါ့"

ယဲ့နန်က ခေါင်းညိတ်လိုက်သည်။ "ဖြစ်နိုင်တယ်... တခြားနေရာတွေမှာ အဲ့ဒီလောက်များတဲ့ ငါးလူသားတွေနဲ့ ရေသူမတွေကို ကျွန်တော် မတွေ့ခဲ့ရဘူး... အဲ့ဒီသင်္ချိုင်းဂူထဲနဲ့ သင်္ချိုင်းဂူအပေါ်က ပြတိုက်ထဲမှာပဲ အများကြီး ရှိနေတာ"

"ပြီးတော့ သူတို့က ကျွန်တော်တို့ကို ဖမ်းမိပြီးတဲ့နောက် ချက်ချင်း သတ်မပစ်ကြဘူး... အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း ကျွန်တော်တို့ထဲက လူတွေကို မြေအောက်အကျဉ်းထောင်ထဲကနေ ဖမ်းခေါ်သွားတတ်တယ်... အတိအကျ ဘယ်ကို ခေါ်သွားလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိရဘူး"

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဒီငါးလူသားတွေက သာမန်မဟုတ်ဘူး... အဲ့ဒီ ရှေးဟောင်းသင်္ချိုင်းဂူမှာလည်း ပြဿနာကြီးကြီးမားမား ရှိနေတယ်"

"ဘာလို့လဲ"

"အစ်ကိုလင်း... အစ်ကို တစ်ခုခု သိထားလို့လား" ဝမ်လင်းအာနှင့် အခြားသူများက လင်းယွမ်ကို အလျင်အမြန် လှမ်းကြည့်လိုက်ကြသည်။

လင်းယွမ်က ရှေးဟောင်းသင်္ချိုင်းဂူထဲတွင် သူ ကြုံတွေ့ခဲ့ရသည့် ကိစ္စများကို တစ်ခေါက် ပြန်ပြောပြလိုက်သည်။

ဝမ်လင်းအာက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ရှေးဟောင်းသင်္ချိုင်းဂူထဲမှာ ယဇ်ပလ္လင် ရှိတယ် ဟုတ်လား"

ကျန်းဇီယန်ကလည်း မယုံကြည်နိုင်ဖြစ်သွားပြီး ပြောလိုက်သည်။ "မဖြစ်နိုင်တာ... သူတို့က သန့်စင်တဲ့ သန္ဓေပြောင်း သတ္တဝါတွေကနေ ဆင့်ကဲပြောင်းလဲလာတာဆိုရင်တောင်... ငါးလူသားတွေနဲ့ ရေသူမတွေ ဖြစ်လာတာက မျိုးရိုးဗီဇ တစ်စိတ်တစ်ပိုင်းက လူတွေနဲ့ တူညီနေလို့ ဒီလိုတူညီတဲ့ လက္ခဏာတွေ ရှိလာတာလေ"

"ဒါပေမဲ့ ယဇ်ပလ္လင်ဆိုတဲ့ ယဉ်ကျေးမှုမျိုးက... လူသားယဉ်ကျေးမှု သမိုင်းမှာပဲ ရှိတဲ့ အရာဆိုတာ ထင်ရှားနေတယ်... သူတို့မှာ ဘယ်လိုလုပ်ပြီး ဒီလိုယစ်ပူဇော်တဲ့အရာမျိုး ရှိနေရတာလဲ"

လင်းယွမ်ကလည်း ထိုအချက်ကို စဉ်းစား၍မရနိုင်ပေ။

သူက လေးနက်သော အသံဖြင့် ဆက်ပြောသည်။ "ဒါကြောင့်မလို့ ဒီရှေးဟောင်းသင်္ချိုင်းဂူမှာ ပြဿနာကြီးကြီးမားမား ရှိနိုင်တယ်လို့ ငါ ထင်တာ... ဒီငါးလူသားတွေနဲ့ ရေသူမတွေ အဲ့ဒီမှာ စုဝေးနေကြတာက တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး"

"အစ်ကိုလင်း... အစ်ကိုက အဲ့ဒီနေရာကို သွားပြီး စူးစမ်းချင်နေတာလား"

ဝမ်လင်းအာက လင်းယွမ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း ရိပ်မိသွားပြီး လင်းယွမ်၏ အတွေးကို ခန့်မှန်းမိသွားသည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "အဲ့ဒီလိုမျိုး စိတ်ကူးတော့ ရှိတယ်"

"ဒါပေမဲ့ ဒီကိစ္စက သိပ်မလောပါဘူး... အခု ချောက်နက်ကျွန်းထဲကို ရောက်လာမှတော့ ချက်ချင်းပြန်ထွက်သွားစရာမလိုဘူးလေ"

သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီချောက်နက်ကျွန်းက တကယ်တမ်း ဘာလဲဆိုတာ မင်းတို့ သိကြလား"

ဝမ်လင်းအာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နားမလည်စွာဖြင့် ခေါင်းခါပြလိုက်ကြသည်။

လင်းယွမ်က ရှင်းပြလိုက်သည်။ "တကယ်တော့ ဒီချောက်နက်ကျွန်းဆိုတာက ရေပေါ်ကျွန်းနဲ့ အတူတူပါပဲ... သူ့ရဲ့ မူလပုံစံက ရေပေါ်ကျွန်းတစ်ခုခုပဲ ဖြစ်ရမယ်... အလေးချိန်ကို မခံနိုင်တော့တဲ့အဆုံး ရေအောက်ကို နစ်မြုပ်သွားခဲ့တာပဲ"

"ဒါကြောင့်မလို့ အခုလို ချောက်နက်ကျွန်း ဖြစ်လာခဲ့တာပေါ့"

"ဒီနေရာက အရင်တုန်းက ရေပေါ်ကျွန်းတစ်ခု ဖြစ်ခဲ့တာလို့ အစ်ကို ဆိုလိုချင်တာလား"

ဝမ်လင်းအာနှင့် အခြားသူများ အလွန်အံ့အားသင့်သွားကြသည်။ ထိုအချက်ကို သူတို့ ထင်မထားခဲ့သည်မှာ သိသာပေသည်။

လင်းယွမ်က သူတို့ကို အံ့အားသင့်သွားစေမည့် သတင်းတစ်ခုကို ထပ်မံ ပြောပြလိုက်ပြန်သည်။

"ဒါတင်မကသေးဘူး... တကယ်တော့ အခု ငါတို့ ကြုံတွေ့နေရတဲ့ ရေပေါ်ကျွန်း အားလုံးက ကောင်းကင်ပေါ်မှာရှိတဲ့ လေပေါ်ကျွန်းတွေကနေ ပြုတ်ကျလာပြီးမှ ဖြစ်ပေါ်လာတာပဲ"

"စစ်တပ်ရဲ့ လေ့လာစောင့်ကြည့်မှု တွေ့ရှိချက်တွေအရ... လေပေါ်ကျွန်း၊ ရေပေါ်ကျွန်း၊ ချောက်နက်ကျွန်း တွေဆိုတာ တကယ်တော့... ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးတချို့ရဲ့ အလောင်းကောင်တွေကနေ ဖြစ်ပေါ်လာတာပဲ"

"ဒါကြောင့်မလို့ သူတို့မှာ ဦးနှောက်အမြူတေ၊ နှလုံးအမြူတေ စတဲ့ ထူးဆန်းတဲ့ ဖွဲ့စည်းပုံတွေ အပြင်... သွေးကြောလမ်းကြောင်းတွေ၊ ဦးနှောက်ရေကန်၊ နှလုံးခန်း စတာတွေ ရှိနေရတာပေါ့... တကယ်တော့ အဲ့ဒါတွေက ဧရာမ အလောင်းကောင်ကြီးရဲ့ အတွင်းပိုင်း ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေ သက်သက်ပါပဲ"

"ဘုရားရေ"

"ရေပေါ်ကျွန်းက ဧရာမ အလောင်းကောင်ကြီး တစ်ခု ဟုတ်လား"

"ဘယ်လို သတ္တဝါမျိုးကများ ဒီလောက်ကြီးမားတဲ့ ခန္ဓာကိုယ်ကြီး ရှိနေရတာလဲ"

"ဆရာလင်း... ဒီအဆိုတွေက ယုံကြည်ရပါ့မလား"

"ဆရာလင်း... စစ်တပ်က တိမ်တိုက်တွေအပေါ်က အခြေအနေကို စုံစမ်းသိရှိထားပြီးပြီလား"

...

လင်းယွမ်၏ ဤစကားများက ကျောက်ခဲတစ်လုံးက လှိုင်းလုံးပေါင်းထောင်ချီကို ရိုက်ခတ်သွားစေသကဲ့သို့ တဲထဲရှိ လူအားလုံးကို ရုတ်တရက် အသက်ရှူမှားသွားစေခဲ့ပြီး တစ်ယောက်တစ်ပေါက်နှင့် အလျင်အမြန် မေးခွန်းထုတ်လာကြတော့သည်။

လင်းယွမ်ကလည်း ဖုံးကွယ်မထားတော့ဘဲ စစ်တပ်၏ ကောင်းကင်ချောက်နက်ထဲတွင် သူ ကြုံတွေ့ခဲ့ရသည်များကို တစ်ခေါက် ပြန်ပြောပြလိုက်သည်။

ထို့နောက် သူက ဆက်ပြောသည်။ "အားလုံးကို ပွင့်ပွင့်လင်းလင်း... ပြောရရင် စစ်တပ်က အခုဆို တိမ်တိုက်တွေအပေါ်က လေပေါ်ကျွန်းရဲ့ အခြေအနေကို စူးစမ်းလေ့လာဖို့ ကြိုးစားနေကြပြီ"

"အနာဂတ်မှာ ကုန်းမြေတွေ ရေလွှမ်းမိုးခံရပြီး ရေပေါ်ကျွန်းတွေမှာလည်း ရှင်သန်လို့ မရတော့ဘူးဆိုရင်... လူသားတွေက လေပေါ်ကျွန်းတွေဆီကို ဝင်ရောက်နိုင်ဖို့ နည်းလမ်းရှာကြလိမ့်မယ်"

"ပြီးတော့ ဒီလိုစူးစမ်းလေ့လာမှုမျိုးကို ကွမ်ဖူ စစ်ဒေသကပဲ လုပ်နေတာ မဟုတ်ဘူး... တစ်ကမ္ဘာလုံး နေရာအနှံ့အပြားမှာ နည်းပညာအဆင့်အတန်း တစ်ခုရှိတဲ့ အဖွဲ့အစည်းမှန်သမျှက... စူးစမ်းလေ့လာဖို့ ကြိုးစားနေကြမှာ သေချာတယ်"

လင်းယွမ်၏ တွေးလုံးထဲတွင် စစ်တပ်စခန်းအတွင်းရှိ ဒရုန်းများဖြင့် စူးစမ်းထောက်လှမ်းထားသော တိမ်တိုက်များအထက်မှ မြင်ကွင်းပုံရိပ်များ ပေါ်လာသည်။

အဆုံးအစမဲ့ ကောင်းကင်ယံအထက်တွင် ဧရာမ အလောင်းကောင် လေပေါ်ကျွန်း အမြောက်အမြားက လေဟာနယ်ထဲ၌ ပေါလောပေါ်နေကြပြီး တိမ်တိုက်များက နတ်ပြည်ဘုံနန်းတစ်ခုအလား လွင့်မျောနေကြသည်။

ထိုစဉ်က မြင်ကွင်းများတွင် ထိုလေပေါ်ကျွန်းများပေါ်၌ ပျံသန်းရေးယာဉ်များ ပျံသန်းစူးစမ်းနေသည်ကို ရိုက်ကူးထားနိုင်ခဲ့ကြောင်း လင်းယွမ် မှတ်မိနေသေးသည်။

ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးတစ်ကောင်၏ ဆွဲဖြဲဖျက်ဆီးခြင်းကို ခံခဲ့ရသော်လည်း အဖွဲ့အစည်းများ သို့မဟုတ် အင်အားစုများက တိမ်တိုက်များအထက်သို့ ကြိုတင်၍ ဝင်ရောက်နိုင်နေပြီ ဆိုသည်ကို ယင်းက လုံလောက်စွာ သက်သေပြနေသည်။

ထိုသို့သော နည်းပညာက ကွမ်ဖူ စစ်ဒေသကို အများကြီး ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ အလယ်ပိုင်းရှိ အမြင့်ပိုင်းဒေသများ သို့မဟုတ် အနောက်မြောက်ဘက်ရှိ ပိုမိုမြင့်မားသော မြေမျက်နှာသွင်ပြင်များမှ လူသားအင်အားစုများ၏ စူးစမ်းလေ့လာမှုများ ဖြစ်နိုင်ကြောင်း လင်းယွမ် သံသယရှိနေသည်။

ဤအရေးကြီးသော သတင်းကြီးက ဗုံးတစ်လုံးအလား ဝမ်လင်းအာတို့၏ နှလုံးသား နက်ရှိုင်းရာထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားစေပြီး တစ်ခဏမျှ အားလုံးကို တိတ်ဆိတ်သွားစေကာ သူတို့၏ ခေါင်းထဲတွင် အတွေးမျိုးစုံ လည်ပတ်သွားစေသည်။

ဤသတင်းက အမှန်တကယ်ကို ပေါက်ကွဲအား ပြင်းထန်လွန်းလှသည်။

အချိန်အတန်ကြာပြီးနောက် တစ်ချိန်က ရုပ်ဝါဒကို အခိုင်အမာ ယုံကြည်ခဲ့သူ ကျန်းဇီယန်ပင်လျှင် မနေနိုင်ဘဲ ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။ "ဒါက ငါသိခဲ့တဲ့ ကမ္ဘာမြေကြီးရော ဟုတ်သေးရဲ့လား"

ဝမ်လင်းအာက သူမကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ "မဟုတ်တော့တာ ကြာပါပြီ... ရေဘေးကြီး ဖြစ်လာတယ်... သန္ဓေပြောင်း သတ္တဝါတွေ ပေါ်လာတယ်... လူသားတွေမှာလည်း အစွမ်းတွေ ရှိလာကြပြီလေ"

ကျန်းဇီယန်က ခေါင်းအနည်းငယ် ခါပြလိုက်သည်။ "အဲ့ဒါတွေကို သိပ္ပံပညာနဲ့ ရှင်းပြလို့ ရသေးတယ်... ဒါပေမဲ့ လေပေါ်ကျွန်းတွေရယ်... မြို့တစ်မြို့စာလောက် ကြီးမားတဲ့ ဧရာမ အလောင်းကောင်ကြီးတွေရယ် ဆိုတာကတော့ ငါ့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို အမှန်တကယ် ကျော်လွန်နေပြီ"

"အဲ့ဒါတွေက တကယ်သာဆိုရင် ဒီအလောင်းကောင်ကြီးတွေက ဘယ်ကနေ ရောက်လာတာလဲ... ဘယ်လိုလုပ်ပြီး ကမ္ဘာမြေရဲ့ ကောင်းကင်ယံထက်မှာ ရုတ်တရက် ပေါ်လာရတာလဲ"

သူမ၏ ထိုမေးခွန်းက လူတိုင်း၏ ရင်ထဲမှ သံသယလည်း ဖြစ်ပေသည်။

လင်းယွမ်က သက်ပြင်းချလိုက်သည်။ "ဒီပြဿနာက ဒီရေဘေးကြီးနဲ့ သက်ဆိုင်နေလိမ့်မယ်လို့ ငါ ထင်တယ်... ဒီပြဿနာကို သေချာ ရှင်းရှင်းလင်းလင်း သိချင်ရင် တိမ်တိုက်တွေအပေါ်ကို ကိုယ်တိုင်သွားပြီး ကမ္ဘာမြေပြင်ကနေ ခုန်ထွက်ပြီး စကြဝဠာ ကြယ်တာရာတွေကို စောင့်ကြည့်လေ့လာမှသာ သိနိုင်လိမ့်မယ်"

လင်းယွမ်၏ တွေးလုံးထဲတွင် ကောင်းကင်ယံကို ဖြတ်သန်းသွားသည့် ဧရာမ ငွေရောင်နဂါးငွေ့တန်းကြီးနှင့် ထိုရေစီးကြောင်းအထက်မှ အဆက်မပြတ် စီးဆင်းကျလာသော ရေလုံးကြီးများကို ပြန်လည် မြင်ယောင်လာသည်။

ထိုရေစီးကြောင်းများကသာ ဤရေဘေးကြီး၏ အခြေခံ မြစ်ဖျားခံရာပင် ဖြစ်သည်။

သို့သော် ထိုရေစီးကြောင်းများက အတိအကျ ဘယ်နေရာမှ စီးဆင်းလာသနည်း ဆိုသည်ကို မည်သူမျှ မသိကြပေ။

သိချင်ပါက ကမ္ဘာမြေပြင်မှ ထွက်ခွာပြီး ကြယ်တာရာများရှိရာသို့ သွားကာ ဤငွေရောင်နဂါးငွေ့တန်း၏ မြစ်ဖျားခံရာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့နိုင်မှသာ ဖြစ်မည်။

သူ ရုတ်တရက် တွေးမိလိုက်သည်မှာ ရေခဲနတ်ဘုရားမ လင်ယွီရုံက သူမသည် မသေနိုင်ကြောင်းနှင့် ဤကမ္ဘာပျက်မည့် ရေဘေးကြီးအတွင်း ကြယ်တာရာများဆီသို့ ထွက်သွားမည်ဟု ကျိန်ဆိုခဲ့ဖူးသည်။

သူမလည်း ဤရေဘေးကြီး နောက်ကွယ်ရှိ အမှန်တရားကို စုံစမ်းချင်နေသည်မှာ သေချာပေသည်။

လင်ယွီရုံ ပြန်လည် နိုးထလာခဲ့သည့် သံသရာ အကြိမ်အနည်းငယ်အတွင်း သူမ အစွမ်းထက်ဆုံးအချိန်တွင် ကောင်းကင်ယံအထက်ရှိ လေပေါ်ကျွန်းများဆီသို့ ဝင်ရောက်နိုင်ခဲ့ခြင်း ရှိမရှိ ဆိုသည်ကိုတော့ သူ မသိနိုင်ပေ။

ချက်ချင်းပင် လင်းယွမ်က ခေါင်းခါလိုက်သည်။ သူ တွေးတာ အနည်းငယ် လွန်သွားပြီ ဖြစ်သည်။

အခုလောလောဆယ် လက်ရှိအခြေအနေကိုသာ အာရုံစိုက်ထားသင့်သည်။

လင်းယွမ်က လူအုပ်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ "အဲ့ဒါတွေ အားလုံးက အနာဂတ်ကိစ္စတွေပါ... အခုလောလောဆယ် ဒီချောက်နက်ကျွန်းက တစ်ချိန်တုန်းက ရေပေါ်ကျွန်း ဖြစ်ခဲ့တယ်ဆိုတာ ငါတို့ သိပြီးသွားပြီဆိုတော့ သူ့မှာ ဦးနှောက်အမြူတေနဲ့ နှလုံးအမြူတေ သေချာပေါက် ရှိရမယ်"

"အားလုံးပဲ... ဒါက တစ်ချိန်တုန်းက ရေပေါ်ကျွန်းတစ်ခု ဖြစ်ခဲ့မှတော့ ဒီမှာ သယံဇာတ အရင်းအမြစ် အများကြီး ရှိနေနိုင်တယ်... ငါတို့ ဒီကို ရောက်နေမှတော့ မထွက်သွားခင် ဒီအရင်းအမြစ်တွေကို တတ်နိုင်သမျှ များများ ရယူသွားသင့်တယ်"

ထိုစကားထွက်လာသည်နှင့် လူတိုင်း၏ မျက်လုံးများက အသီးသီး တောက်ပသွားကြတော့သည်။

ဆက်ရန်...

All Chapters