← Chapters

အခန်း (၆၉၇-၆၉၈)

Vol. 35 Ch. 697-698

အခန်း (၆၉၇-၆၉၈)

Vol. 35 Ch. 697-698

အပိုင်း (၆၉၇) ယာဉ်ပျံပျက်စီးခြင်း

ဖေယွမ်ဟူ၏ စကားများက လူတိုင်းကို အမှန်တကယ်ပင် အံ့သြသွားစေခဲ့သည်။

တိမ်တိုက်များကိုဖြတ်သန်းပြီး ထိုကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးမိုးတိမ်များအထက်သို့ မည်သို့ရောက်ရှိနိုင်မည်ကို သူတို့က ခက်ခက်ခဲခဲ သုတေသနပြုလုပ်ခဲ့ရသော်လည်း ဤသို့ဖြစ်လာမည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

သို့ရာတွင် အဖွဲ့အစည်းတစ်ခုက ထိုကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးမိုးတိမ်များကို သူတို့ထက်စော၍ ဖောက်ထွက်နိုင်ခဲ့ရုံသာမက ထိုအပေါ်တွင် မြို့တစ်မြို့ကိုပင် တည်ဆောက်ထားခဲ့ပြီ ဖြစ်သည်။

သို့သော် အမှန်တကယ်ပင် ထိုမျှတောင့်တင်းသော အင်အားရှိသည့် အဖွဲ့အစည်းတစ်ခု ရှိနေပါက တစ်ဖက်လူက ရေလွှမ်းမိုးနေသော ကမ္ဘာကြီးမှ အသက်ရှင်ကျန်ရစ်သူများကို အဘယ်ကြောင့် လာရောက်မကယ်ဆယ်ခဲ့သနည်း။

အဘယ်ကြောင့် ကျန်ရစ်သူများကို မကယ်ဆယ်ဘဲ လူအားလုံး၏ အစွမ်းအစများကို စုစည်းကာ အင်အားတောင့်တင်းလာအောင် မလုပ်ဆောင်ခဲ့သနည်း။

ထို့အပြင် မည်သို့သော အဖွဲ့အစည်းကများ စစ်တပ်ထက်ပင် တိမ်တိုက်ဖောက်ထွက်ရေး နည်းပညာကို ပို၍မြန်မြန်ဆန်ဆန် သုတေသနပြုနိုင်ခဲ့သနည်း။

ထို့အပြင် တစ်ဖက်လူက သူတို့အပေါ် အဘယ်ကြောင့် ဤမျှ ကြီးမားသော ရန်ငြိုးများ ထားရှိနေသနည်း။

မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်သည်နှင့် စစ်တပ်၏ လေယာဉ်ပျံသန်းရေးယာဉ်ကို အဘယ်ကြောင့် တုံ့ဆိုင်းမှုမရှိဘဲ တိုက်ခိုက်ခဲ့သနည်း။

ကျန်းယွီကျန်းက "လေယာဉ်က ဘယ်လိုအနေအထားရှိလဲ" ဟု မေးလိုက်သည်။

ဖေယွမ်ဟူက တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ "ပေါက်ကွဲပျက်စီးသွားပါပြီ... အားလုံး ကျဆုံးသွားခဲ့ပြီ" ဟု ပြန်ဖြေလိုက်သည်။

"ဒိုင်း"

ဖုန်းကျန့်ကုန်းက စားပွဲကို လက်သီးဖြင့် ပြင်းထန်စွာ ထုချလိုက်သည်။

စတီးလ်သားဖြင့် ပြုလုပ်ထားသော ဤစားပွဲက သူ၏ ဒေါသတကြီး ထိုးချလိုက်သော လက်သီးချက်ကို မည်သို့မျှ မခံနိုင်ခဲ့ပေ။

ချက်ချင်းပင် အသံကျယ်ကြီး ထွက်ပေါ်လာကာ တိုက်ရိုက်ပင် ပြားချပ်သွားတော့သည်။

"ဒီခွေးကောင်တွေ... အားလုံးက လူတွေချည်းပဲကို ဘာအကြောင်းပြချက်မှ မရှိဘဲ ဘာလို့ လူသတ်ရတာလဲ"

သူက ကျန်းယွီကျန်းဘက်သို့ လှည့်ကြည့်ကာ ဒေါသတကြီးဖြင့် "ခေါင်းဆောင်ကြီး... ဒုတိယလေယာဉ်ကို ပြင်ဆင်လိုက်ပါ၊ ကျွန်တော် ကိုယ်တိုင် သွားမယ်" ဟု ပြောလိုက်သည်။

ကျန်းယွီကျန်းက လေးနက်သော အသံဖြင့် "မလောနဲ့... ငါတို့က ဟိုဘက်အကြောင်းကို ဘာမှမသိသေးဘူး" ဟု ပြောလိုက်သည်။

သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် "ဒီမုန်ယာအဖွဲ့က လျှပ်စီးမိုးတိမ်တွေကို ဖောက်ထွက်ပြီး ရေပေါ်ကျွန်းပေါ်မှာ စခန်းချနိုင်ပြီဆိုကတည်းက... ရေလွှမ်းမိုးနေတဲ့ ကမ္ဘာကြီးမှာလည်း သူတို့ရဲ့ စခန်းတွေ စောစောစီးစီး ရှိနေလောက်ပြီ" ဟု ဆက်ပြောသည်။

"အဲ့ဒါက နာမည်မရှိတဲ့ ခိုလှုံရေးစခန်း တစ်ခုတော့ လုံးဝ မဖြစ်နိုင်ဘူး"

"ငါတို့က ဟိုဘက်နဲ့ ဆက်သွယ်ဖို့ နည်းလမ်း ရှာရမယ်"

"သူ့အကြောင်း ကိုယ့်အကြောင်း သိမှသာ တုံ့ပြန်နိုင်လိမ့်မယ်"

ဘေးနားရှိ ကျန်းဝမ်ကျင်းက "ခေါင်းဆောင်ကြီး... ဒီလိုမျိုး အင်အားစုက ကုန်းအနိမ့်ပိုင်းတွေမှာတော့ လုံးဝ ပေါ်လာမှာ မဟုတ်ဘူး" ဟု ချက်ချင်း ဝင်ပြောလိုက်သည်။

"သူတို့ရဲ့ နည်းပညာအဆင့်အတန်းက ကျွန်မတို့ထက် အများကြီး သာလွန်နေတာ သိသာတယ်... သူတို့က ကျွန်မတို့ထက် ပိုမြင့်တဲ့ နေရာမှာရှိတဲ့ အင်အားစုတွေလို့ ကျွန်မ သံသယရှိတယ်"

"ဒီလိုနေရာမျိုးက အသက်ရှင်ကျန်ရစ်သူတွေမှပဲ လုံလောက်တဲ့ အခြေခံအဆောက်အအုံတွေ ရှိပြီးတော့... ခေတ်ဟောင်းနည်းပညာတွေကို သန္ဓေပြောင်းစွမ်းအင် နည်းပညာဆီကို အောင်အောင်မြင်မြင်ကူးပြောင်းနိုင်မှာ"

ကျန်းယွီကျန်းက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး "မင်းပြောတာ မှန်တယ်" ဟု ဆိုသည်။

"ဒီလိုဆိုရင် ငါတို့ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်မယ်... ပါမောက္ခဟွမ်ဘက်က ပိုပြီးကြီးမားတဲ့ ကွမ်ဖူ (၂) လေယာဉ် စီမံကိန်းကို ချက်ချင်း အရှိန်မြှင့်ပြီး သုတေသန လုပ်ခိုင်းလိုက်"

"နောက်တစ်ဖွဲ့က ဝမ်ကျင်း... မင်းက တာဝန်ယူပြီးတော့ မုန်ယာအဖွဲ့ရဲ့ နောက်ခံသမိုင်းကို ချက်ချင်း သွားစုံစမ်း... အနောက်မြောက်ဘက်က အမြင့်ပိုင်းနေရာတွေကို အဓိကထားပြီး စုံစမ်းပါ"

"ဟုတ်ကဲ့ပါ"

"ခေါင်းဆောင်ကြီး... ကျွန်တော်ကရော" ဟု ဖုန်းကျန့်ကုန်းက မေးလိုက်သည်။

ကျန်းယွီကျန်းက လေးနက်သော အသံဖြင့် "မင်းက ကောင်းကင်ချောက်နက်ကို ဆက်စောင့်ကြည့်နေရမယ်... အင်အားကြီးတဲ့ သန္ဓေပြောင်းသားရဲတွေ လာတိုက်ခိုက်မှာကို ကာကွယ်ရမယ်" ဟု ပြန်ပြောသည်။

ထိုအချိန်တွင် တိတ်ဆိတ်စွာ ဒဏ်ရာကုသနေသော ဖေယွမ်ဟူက ရုတ်တရက် နှုတ်ခမ်းလှုပ်ကာ "ခေါင်းဆောင်ကြီး... ထိုက်ယန်တောင်ဘက်ကရော" ဟု မေးလိုက်သည်။

ကျန်းယွီကျန်းက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး "လောလောဆယ်တော့ အဲ့ဒီဘက်ကို ဂရုစိုက်စရာ မလိုသေးဘူး" ဟု ပြန်ပြောသည်။

လူတိုင်းက နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် မိမိတို့ဘက်ကို အရင်ဆုံး ဂရုစိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

သို့သော် ခန်းမထဲရှိ စစ်တပ်၏ သုတေသနဌာနသို့ ယခုမှ ဝင်ရောက်လာသော လူငယ်တစ်ဦး၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားသည်ကိုမူ သူတို့ သတိမထားမိခဲ့ကြပေ။

...

ထိုက်ယန်တောင်တွင်မူ ကောင်းကင်ယံမှ နှင်းပွင့်များ ကျဆင်းနေပြီး မြောက်လေက ပြင်းထန်စွာ တိုက်ခတ်နေသည်။

အပြင်ဘက်တွင် ရေခဲများနှင့် နှင်းများ ဖုံးလွှမ်းနေသော်လည်း ထိုက်ယန်တောင်ရှိ အသက်ရှင်ကျန်ရစ်သူများ၏ ပူပြင်းလှသော စိတ်အားထက်သန်မှုကိုမူ မတားဆီးနိုင်သေးပေ။

ရေပေါ်တံတားဆိပ်ကမ်းဘက်တွင် ငါးဖမ်းစခန်းအသစ်တစ်ခု ဖွင့်လှစ်လိုက်ခြင်းက လူတိုင်းအတွက် သန္ဓေပြောင်းငါးများကို ဖမ်းဆီးနိုင်မည့် အခွင့်အလမ်း ပိုမိုများပြားလာခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ငါးဖမ်းစခန်းသည် မိန်တောင်နှင့် ထိုက်ယန်တောင် အစပ်တွင် တည်ရှိပြီး တောင်ကြားတွင် တည်ရှိနေသောကြောင့် လေနှင့် နှင်းအများအပြားကို ကာကွယ်ပေးထားကာ ဤနေရာသည် အပြင်ဘက်လောက် မချမ်းအေးပေ။

မည်သည့်တာဝန်မှ မရှိသော အစွမ်းပိုင်ရှင်များစွာက အမှတ်များ ရရှိရန်အတွက် ဤနေရာသို့ လာရောက်ကာ ငါးဖမ်းရသည်ကို နှစ်သက်ကြသည်။

ယခုအချိန်တွင် လမ်းပေါ်ရှိ လူကြီးလူငယ်များအားလုံးက ငါးဖမ်းပိုက်များကို လွယ်ထားကြပြီး ကိုယ်တိုင်ပြုလုပ်ထားသော ငါးဖမ်းကိရိယာများကို သယ်ဆောင်ကာ ငါးဖမ်းစခန်းသို့ ငါးဖမ်းရန် အပြန်အလှန် စကားပြောဆို ရယ်မောရင်း သွားနေကြသည်။

"လောင်ဝမ်... မနေ့က မင်း ငါးတွေ အများကြီးရတယ်ဆို... တစ်ယောက်တည်းနဲ့ အလေးချိန် ပေါင်နှစ်ရာကျော်တဲ့ ငါးကြီးကို ရလာတာလား"

လောင်ဝမ်ဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နှိမ့်ချစွာဖြင့် "ဟားဟား... လေးတော့ရော ဘာလုပ်ရမှာလဲ... သားသတ်ရုံဘက်က ငါးတွေကို အကောင်လိုက်ပဲ ဝယ်တာလေ" ဟု ပြန်ပြောလိုက်သည်။

"အဲ့ဒါလည်း တွက်ခြေကိုက်တာပဲလေ... အကောင်သေးတွေကို သားသတ်ရုံကို ရောင်းပြီး အကောင်ကြီးတွေကိုတော့ ကိုယ့်အိမ်မှာ ငါးခြောက်လုပ်... ရေခဲရိုက်ဖို့ ချန်ထားလိုက်ရင် ဒီဆောင်းရာသီအတွက် အသားစားဖို့ မလိုတော့ဘူးပေါ့"

လောင်ဝမ်က ရယ်မောရင်း "ငါးအသားက ဘာစားကောင်းလို့လဲ... ဆီလည်း မရှိဘူး... မိန်ဟွာဝက်ကမှ အရသာရှိတာ" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လူတိုင်းကလည်း ခေါင်းညိတ်လိုက်ကြပြီး "ဒါလည်း ဟုတ်တာပဲ... အသားဆိုတော့ ဝက်သုံးထပ်သားကမှ စားရတာ ပိုကောင်းတာကိုး" ဟု ခံစားချက်ဖြင့် ပြောလိုက်ကြသည်။

"မင်း အဲ့ဒီလိုပြောလိုက်တော့ ငါတောင် နေ့လယ်ကျရင် ပထမထပ်က စားသောက်ခန်းမကို သွားစားချင်စိတ် ပေါက်လာပြီ... အဲ့ဒီက စားဖိုမှူး ချက်တဲ့ ဝက်သုံးထပ်သားက တကယ့်ကို အရသာရှိတာ"

"ဟူး... ရေလွှမ်းမိုးမှု ကပ်ဘေးကြီးဖြစ်ကတည်းက အခုချိန်အထိ ငါတို့ ဝက်သုံးထပ်သား စားရမယ်လို့ ဘယ်သူက ထင်မှာလဲ... အရင်နှစ်ကဆိုရင် ငါတောင် အဆောက်အအုံထဲမှာ ပိတ်မိနေတုန်းပဲ... ဝက်သုံးထပ်သားကို မပြောနဲ့... ထမင်းတစ်စေ့ စားရရင်တောင် ကျေးဇူးတင်ရမယ့် အခြေအနေ"

"ဟုတ်ပါရဲ့... လင်းယွမ်တို့ကို ကျေးဇူးတင်ရမှာပါ... သူတို့သာ မရှိဘူးဆိုရင် ငါတို့လူတွေက တကယ်ကို အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး"

လူတစ်စုက အတိတ်က အခက်အခဲများကို ပြန်လည်အမှတ်ရကာ ချိုမြိန်မှုများကို ခံစားရင်း ငါးဖမ်းစခန်းသို့ အလျင်အမြန် ဝင်ရောက်သွားကြပြီး ယနေ့အတွက် သူတို့၏ ဘဝကို စတင်လိုက်ကြသည်။

သိသည့်အတိုင်းပင်... ဤသို့နေရသည့် ဘဝက အရင်တုန်းက အလုပ်သွားလုပ်ရတာထက် အမှန်တကယ်ကို ပိုကောင်းနေသည်။

ရေလွှမ်းမိုးမှု ကပ်ဘေးကြီး မဖြစ်ခင်တုန်းက အလုပ်သွားလုပ်ရသည့် သူတွေက စက်ရုပ်တွေလို ထုံထိုင်းနေခဲ့ကြပြီး ကုမ္ပဏီထဲ ဝင်သွားသည်နှင့် ကွန်ပျူတာရှေ့တွင် ထိုင်ပြီး တစ်နေ့လုံး အလုပ်လုပ်ရကာ အလုပ်ဆင်းချိန်တွင်တော့ နေကိုတောင် မမြင်ရဘဲ ညဘက်ရောက်နေပြီ ဖြစ်သည်။

နားနေချိန်တွေမှာလည်း လူတစ်ကိုယ်လုံးက ဘာမှ မလုပ်ချင်တော့ဘဲ ဖုန်းလေးပွတ်ပြီး နေချင်စိတ်သာ ရှိတော့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ် အချိန်ကုန်သွားတတ်သည်။

ထိုအချိန်က တကယ့်ကို အဓိပ္ပာယ်မရှိဟု ခံစားခဲ့ရသည်။

အခုတော့ ထမင်းစားဖို့ မပူရတော့သလို အားလပ်ချိန်ဆိုရင် အမဲလိုက်၊ ငါးဖမ်း လာလုပ်လို့ ရနေပြီဖြစ်ကာ အစားအသောက်က ကပ်ဘေးမတိုင်ခင်ကလောက် မပေါများပေမယ့်လည်း...

ဒါပေမဲ့ စားရတာ ကျန်းမာရေးနဲ့ ညီညွတ်သည်... အနည်းဆုံးတော့ ခဲဆိပ်သင့်တာမျိုး မဖြစ်နိုင်တော့ပေ။

ထို့ပြင် လူတွေ အလုပ်များလာသည့်အခါ ခံစားချက်က တကယ်ကို မတူတော့။

သေချာတာကတော့ ပိုအရေးကြီးတာက အစွမ်းဆိုသည့် ကျင့်စဉ်စနစ်ကြီး ရှိလာခြင်းပင် ဖြစ်သည်။

လူတိုင်းက ကြိုးစားပမ်းစား လေ့ကျင့်နိုင်ပြီး အထက်ကို တက်လှမ်းဖို့ လမ်းကြောင်းတစ်ခု ရှိလာခဲ့ချေပြီ။

ကိုယ်က ကြိုးစားသရွေ့ ကိုယ်လေ့ကျင့်ထားသည့် အစွမ်းက ပိုပိုပြီး စွမ်းအားကြီးလာမှာ ဖြစ်ပြီး မိမိအနေဖြင့် အထက်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ရှိလာမည်ပင်။

လင်းယွမ်တို့ကို ကြည့်လိုက်ပါဦး... မြေလျှိုး မိုးပျံနိုင်တာက လူတိုင်း၏ အိပ်မက်တစ်ခုလို ဖြစ်နေပြီလေ။

ထို့ကြောင့် တစ်ခါတလေ ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသည့်အခါ တခြားရှုထောင့်ကနေ ကြည့်လိုက်လျှင် ခံစားချက်က တကယ်ကို မတူတော့ပေ။

သေချာတာကတော့ လူလည်ကျပြီး အစားမက်ကာ အလုပ်လုပ်ဖို့ ပျင်းရိတဲ့ သူတွေလည်း ရှိကြသည်ပင်။

သို့သော် ယခုအချိန်က ကပ်ဘေးခေတ်ကြီးဖြစ်ပြီး ဒီလိုလူမျိုးတွေက သိပ်ကြာကြာ အသက်မရှင်နိုင်ကြချေ။

လင်းယွမ်နှင့် ဝမ်လင်းအာတို့ ပြန်ရောက်လာချိန်တွင် နေ့လယ်ခင်းပင် ရောက်နေပြီ ဖြစ်သည်။

ထိုက်ယန်တောင်သို့ ပြန်ရောက်သည်နှင့် လင်းယွမ်က ဝမ်လင်းအာတို့ကို ဦးလေးမာထံ သွားခိုင်းလိုက်ပြီး အဆောက်အအုံဌာနဘက်မှ သူတို့အတွက် နေထိုင်စရာ နေရာများကို စီစဉ်ပေးရန် တာဝန်ပေးလိုက်သည်။

သူကိုယ်တိုင်ကမူ အိမ်သို့ ချက်ချင်း ပြန်သွားခဲ့သည်။

ဧည့်ခန်းထဲတွင် ကိုယ်ဝန်ရှစ်လနီးပါး ရှိနေပြီဖြစ်သော ရန်မေက လင်းယာကို ဟင်းသီးဟင်းရွက်များ ရွေးချယ်ရာတွင် ကူညီပေးနေသည်။

လင်းယွမ်ကို မြင်လိုက်ရသောအခါ သူမက အံ့သြဝမ်းသာသွားသော အမူအရာကို မဖုံးကွယ်နိုင်တော့ပေ။

"မောင်လေး... ပြန်ရောက်ပြီလား"

လင်းယွမ်က ရန်မေကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်ပြီး ပြုံးလျက် သူမထံသို့ လျှောက်သွားလိုက်သည်။

ရန်မေက သူ၏ လက်မောင်းကို အလိုအလျောက် ဖက်တွယ်လိုက်ပြီး ဝမ်းသာအားရဖြင့် "အလုပ်တွေ အကုန်ပြီးသွားပြီလား" ဟု မေးလိုက်သည်။

လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်ပြကာ "တော်တော်များများ ပြီးသွားပါပြီ" ဟု ပြန်ဖြေသည်။

မလှမ်းမကမ်းတွင် ရပ်နေသော လင်းယာကလည်း နူးညံ့သောအသံဖြင့် "ပြန်ရောက်ပြီလား" ဟု မေးလိုက်သည်။

လင်းယွမ်က သူမကို ပြုံးပြလိုက်ပြီး "ခုတလော မင်း ပင်ပန်းသွားပြီ" ဟု ပြောလိုက်သည်။

လင်းယာက ခေါင်းခါယမ်းလိုက်ပြီး ယခင်က လန်ယွဲ့ဟွာတို့အဖွဲ့၏ လုပ်ရပ်များကို ပြန်လည်တွေးတောမိသောအခါ သူမ၏ စိတ်ထဲတွင် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် သူမက လန်ယွဲ့ဟွာကို လွှတ်ပေးခဲ့သောကြောင့် လန်ယွဲ့ဟွာက လက်စားချေရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ လင်းယွမ်တို့၏ အင်အားကသာ မတောင့်တင်းခဲ့ပါက လန်ယွဲ့ဟွာ၏ မီးစုန်း သင်္ကေတ ဗုံးများဖြင့် ထိုက်ယန်တောင်ကို အမှန်တကယ် ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူမ စိတ်ကူးကြည့်မိသည်။

ထိုအချိန်ရောက်လျှင် လူတိုင်းက ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသော အိမ်ရာများအားလုံး ဖျက်ဆီးခံရပေတော့မည်။

ထိုသို့ဆိုလျှင် သူမက တကယ့်ကို ကြီးလေးသော အပြစ်သားကြီး ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ထိုကိစ္စ ဖြစ်ပွားပြီးကတည်းက သူမက ရန်မေ၏ စားသောက်မှုကိစ္စများကို ပိုမို ဂရုတစိုက် တာဝန်ယူပေးခဲ့သည်။

သူမက သူမကျူးလွန်ခဲ့သော အမှားများအတွက် အနည်းငယ် ပြန်လည်ပေးဆပ်ချင်သော်လည်း လောလောဆယ်တွင် သူမ လုပ်နိုင်သည်မှာ ဤကိစ္စတစ်ခုသာ ရှိသည်။

လင်းယွမ်က သူမနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ရန်မေအား "အမမေ... ကျွန်တော်နဲ့ အိပ်ခန်းထဲ လိုက်ခဲ့ပါဦး... အမကို ပြောစရာ ရှိလို့" ဟု ပြောလိုက်သည်။

ရန်မေက အံ့သြသွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်ကာ "အင်း... ကောင်းပြီ" ဟု ပြန်ဖြေလိုက်သည်။

သူတို့နှစ်ယောက် အိပ်ခန်းထဲသို့ ပြန်ရောက်သွားသောအခါ လင်းယွမ်က သူမ၏ ဖောင်းမို့နေသော ဗိုက်ကလေးကို အရင်ဆုံး ပွတ်သပ်လိုက်ရာ သူ၏ စိတ်ထဲတွင် လှိုင်းဂယက်လေးများ ရိုက်ခတ်သွားသလို ခံစားလိုက်ရသည်။

ဒါက သူ၏ ကလေးလေးပင် ဖြစ်သည်။

ရန်မေ၏ မျက်နှာတွင်လည်း မေတ္တာတရားများ ပြည့်နှက်နေပြီး ပျော်ရွှင်သောအပြုံးတစ်ခု ပေါ်လွင်နေသည်။

"မောင်လေး... ဘာပြောစရာ ရှိလို့လဲ" ဟု သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။

လင်းယွမ်က ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး "အမ ခုတလော အစွမ်းကို လေ့ကျင့်သေးလား" ဟု မေးလိုက်သည်။

ရန်မေက ထိုစကားကို ကြားသောအခါ ခေါင်းခါယမ်းလိုက်ပြီး "မလေ့ကျင့်ပါဘူး... အစွမ်းကို လေ့ကျင့်ရင် ကလေးကို ထိခိုက်မှာ စိုးလို့ ဆက်မလေ့ကျင့်ရဲတော့ဘူး" ဟု ပြန်ဖြေသည်။

လင်းယွမ်က ခေါင်းကို အသာအယာ ညိတ်လိုက်သည်၊ ၎င်းက သူတို့၏ ပထမဆုံးကလေး ဖြစ်သောကြောင့် သတိထားသင့်သည်မှာ သဘာဝပင် ဖြစ်သည်။

လင်းယွမ်က ထပ်မေးလိုက်သည် "အမ အရင်တုန်းက အိပ်မက်မက်ရင် မိန်းမတစ်ယောက်ကို မက်တယ်ဆို... ပြီးတော့ ရေခဲဖုံးနေတဲ့ ကမ္ဘာကြီးကိုရော... အခုရော မက်သေးလား"

ရန်မေက ထိုစကားကို ကြားသောအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး "မက်တယ်... ပြီးတော့ ခုတလော ပိုပြီး ခဏခဏ မက်လာတယ်လို့ သတိထားမိတယ်" ဟု အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ဘာဖြစ်လို့လဲ... မောင်လေး တစ်ခုခု သိထားလို့လား... ကလေးကိုရော မထိခိုက်နိုင်ဘူးမလား"

ရန်မေက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

သူမ၏ ပထမဆုံး တုံ့ပြန်မှုက သူမ၏ ဘေးကင်းရေး မဟုတ်ဘဲ ကလေး၏ အခြေအနေကိုသာ ဖြစ်သည်။

လင်းယွမ်က သူမ၏ လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီး "စိတ်ချပါ... ကလေးကို ဘာမှ မထိခိုက်စေရပါဘူး... ကျွန်တော်က ဒီကိစ္စကို သတိရသွားလို့ပါ" ဟု ပြောလိုက်သည်။

"အမ ဘယ်အချိန်လောက်ကစပြီး ဒီလိုအိပ်မက်တွေ ပြန်မက်တာလဲ... အရင်တုန်းက ဒီလိုအိပ်မက်တွေ မမက်တာ ကြာပြီလို့ ကျွန်တော့်ကိုပြောဖူးတယ်မလား"

ရန်မေက အလျင်အမြန်ပင် "ပြန်မက်တာ တော်တော်ကြာပြီ... တစ်လကျော်လောက် ရှိပြီထင်တယ်" ဟု ပြန်ဖြေသည်။

လင်းယွမ်က ခေတ္တမျှ ပြန်လည်စဉ်းစားလိုက်သည်၊ တစ်လကျော်ဆိုလျှင် သူ ချန်ယွင်တောက်ကို လိုက်လံသတ်ဖြတ်ခဲ့သည့် အချိန်မဟုတ်ပါလား။

ချန်ယွင်တောက်က မြူခိုးမြို့တော်သို့ ပြန်သွားပြီး လင်ယွီရုံကို လွှတ်ပေးခဲ့သည်မှာလည်း ထိုအချိန်တွင် ဖြစ်ပုံရသည်။

လင်းယွမ်၏ မျက်လုံးထဲတွင် အုံ့မှိုင်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို မတားဆီးနိုင်ခဲ့ပေ။

ကြည့်ရသည်မှာ ရန်မေ ပထမဆုံး အစွမ်းနိုးထလာချိန်က ကံမကောင်းစွာဖြင့် လင်ယွီရုံ၏ မျိုးရိုးဗီဇအချက်အလက်များကို အမှန်တကယ် နိုးထလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဆိုလိုသည်မှာ ရန်မေ၏ ခန္ဓာကိုယ်ထဲတွင် လင်ယွီရုံ၏ စိတ်ဝိဉာဉ်အပိုင်းအစတချို့ ရှိနေနိုင်ပေသည်။

ထိုအကြောင်းကို တွေးမိသောအခါ လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တလက်လက် တောက်ပသွားသည်။

ရုတ်တရက် ကျင်းဖုန်းကို သတိရသွားသည်။

ကျင်းဖုန်းပင်လျှင် ဝင်စားခြင်း မအောင်မြင်ဘဲ ယင်ယွိ၏ ခန္ဓာကိုယ်ထဲတွင် ချိတ်ပိတ်ခံထားရသေးသည်ဆိုလျှင် ရန်မေအတွက်လည်း သေချာပေါက် ဒီလိုလမ်းကြောင်းမျိုး ရှိရပေမည်။

ထိုအကြောင်းကို တွေးမိသောအခါ လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။

ကယ်ဆယ်ရန် နည်းလမ်းရှိနေသရွေ့ အဆင်ပြေသည်။

နောက်မှ ကျင်းဖုန်းကို သေချာ ပြန်မေးကြည့်ပြီး ဒီလို ထာဝရအသက်ရှင်ခြင်း နည်းလမ်းကို ချိုးဖျက်ဖို့ နည်းလမ်း ရှိမရှိ ကြည့်ရမည်။

"အမ အရမ်းကြီး မတွေးပါနဲ့... စိတ်အေးအေးထားပြီး ကိုယ်ဝန်ကို ဂရုစိုက်ပါ... အလွန်ဆုံး နောက်ထပ် နှစ်လဆိုရင် ကလေးမွေးတော့မှာပဲ"

"ငါတို့ကလေးကို နာမည် ဘယ်လိုပေးရင် ကောင်းမလဲ" ဟု ရန်မေက သူမ၏ ဗိုက်ကလေးကို ပွတ်သပ်ရင်း မနေနိုင်ဘဲ မေးလိုက်သည်။

လင်းယွမ်က "အမ စဉ်းစားထားတာ ရှိလို့လား" ဟု မေးလိုက်သည်။

"မောင်လေးက အဖေပဲလေ... မောင်လေးပဲ ပေးလိုက်ပါ" ဟု ရန်မေက ပြောလိုက်သည်။

လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် "သူက ရေဘေးကြီးထဲမှာ မွေးဖွားလာတာဆိုတော့ အနာဂတ်မှာ ဒီရေလွှမ်းမိုးမှုကြီးနဲ့ ယှဉ်ပြိုင်ရဖို့ ကံပါလာပြီးသားပဲ... သူသာ ဒီရေလွှမ်းမိုးမှုကြီးထဲကနေ ရုန်းထွက်နိုင်ရင်တော့ ကောင်းမှာပဲ" ဟု ပြောလိုက်သည်။

"ကျွန်တော်တွေးမိတာက လင်းဟုန်လို့ နာမည်ပေးရင်ကော ဘယ်လိုလဲ"

ရန်မေက ထိုနာမည်ကို နှစ်ကြိမ်ခန့် ရွတ်ဆိုလိုက်သည် "လင်းဟုန်... လင်းဟုန်"

သူမက နှုတ်ခမ်းကို စေ့လိုက်ပြီး အပြုံးတစ်ခု ပေါ်လာကာ "ဟုတ်ပြီ... ဒါဆို လင်းဟုန်လို့ပဲ ခေါ်ကြတာပေါ့" ဟု ပြောလိုက်သည်။

"နောက်ထပ် အိမ်နာမည်လေးတစ်ခု ထပ်ပေးရအောင်... အရင်တုန်းက ရပ်ကွက်ထဲက ကလေးတွေဆိုရင် အိမ်နာမည်လေးတွေ ပေးကြတယ်လို့ မှတ်မိသေးတယ်" ဟု ရန်မေက ဆက်ပြောသည်။

လင်းယွမ်က ရယ်မောရင်း "အိမ်နာမည်ကိုတော့ အမပဲ ပေးလိုက်ပါ... အမက အမေပဲဟာ" ဟု ပြောလိုက်သည်။

ရန်မေက ချက်ချင်းပင် ရယ်မောလိုက်ပြီး "အမှန်တော့ အမ စောစောကတည်းက စဉ်းစားထားတာ တစ်ခုရှိတယ်... သုသုလို့ ခေါ်ရင်ကော ဘယ်လိုလဲ"

"ငါတို့ကလေးက သေချာပေါက် ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေမှာ"

သူမက ထိုစကားကို ပြောနေရင်း မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်ပြကာ "ကောင်းပြီ... ဒါဆို သုသုလို့ပဲ ခေါ်တာပေါ့"

ဗိုက်ထဲရှိ ကလေး၏ လိင်ကိုမူ လင်းယွမ်က စိတ်စွမ်းအင်ကို အသုံးပြု၍ စောစောကတည်းက စစ်ဆေးထားပြီး ဖြစ်သည်။

ယောကျာ်းလေးဖြစ်သောကြောင့် လင်းဟုန်ဟူသော ယောက်ျားဆန်သည့် နာမည်ကို ပေးခဲ့ခြင်းဖြစ်သည်။

စိတ်စွမ်းအင် ရှိသောကြောင့် သန္ဓေသား၏ အခြေအနေကို အချိန်မရွေး စစ်ဆေးနိုင်ပြီး ၎င်းက အာထရာဆောင်းရိုက်ခြင်းထက် အများကြီး ပိုမိုစွမ်းဆောင်နိုင်ရုံသာမက သန္ဓေသားအပေါ် ဓာတ်ရောင်ခြည် သက်ရောက်မှုလည်း မရှိပေ။

ယခုအခါ ဆေးဘက်ဆိုင်ရာဌာနတွင်လည်း အာထရာဆောင်းရိုက်သည့် လုပ်ငန်းစဉ်များအတွက် အထူးတာဝန်ယူရန် စိတ်စွမ်းအင် အစွမ်းပိုင်ရှင် အချို့ကို သီးသန့် ခန့်အပ်ထားသည်။

ဆက်ရန်...

အပိုင်း (၆၉၈) သတိထားမိခြင်း

စိတ်စွမ်းအင်ကို အာထရာဆောင်း အဖြစ် အသုံးပြုလာခဲ့သည်မှာ တစ်ရက်နှစ်ရက် မဟုတ်တော့ပေ။

ဆေးဘက်ဆိုင်ရာဌာနဘက်တွင် ထိုအကြံကို အစောဆုံး အဆိုပြုခဲ့သူမှာ ရန်ဆန်းမင် ဖြစ်သည်။

တိုင်းရင်းဆေးဆရာတစ်ဦး ဖြစ်သည့်တိုင်အောင် အချို့သော ကုသရခက်သည့် ရောဂါများနှင့် ရင်ဆိုင်ရချိန်တွင် လူနာ၏ ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေကို အာထရာဆောင်းဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်မှသာ သူ၏ ရောဂါရှာဖွေ သုံးသပ်ချက်ကို ပိုမို ခိုင်မာစွာ သက်သေပြနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဆေးဘက်ဆိုင်ရာဌာနက မကြာသေးမီကမှ အစွမ်းနိုးထလာကြသည့် စိတ်စွမ်းအင် အစွမ်းပိုင်ရှင် အသစ်များကို အမြဲလိုလို အလုပ်ခေါ်ယူလေ့ရှိသည်။

ထိုလူသစ်များက စိတ်စွမ်းအင် မပြင်းထန်ကြဘဲ မိမိတို့၏ ကိုယ်ပတ်ဝန်းကျင် သုံးပေမှ ခြောက်ပေခန့် အထိသာ စိတ်စွမ်းအင်ကို ဖြန့်ကြက်နိုင်စွမ်း ရှိကြသည်။

သို့သော် ထိုအတိုင်းအတာကပင် အာထရာဆောင်းအဖြစ် အသုံးပြုရန် လုံလောက်နေပြီ ဖြစ်သည်။

ဤအလုပ်ကို အထင်မသေးသင့်ပေ။ တကယ်တမ်းတွင် လူသစ်များစွာက ဤအလုပ်ကို လုပ်ချင်ကြသော်လည်း အဆက်အသွယ် မရှိကြချေ။

အကြောင်းရင်းမှာ ဆေးဘက်ဆိုင်ရာဌာနက ဤအလုပ်အတွက် ပေးအပ်သည့် အမှတ်မှာ မနည်းလှသည့်အပြင် အလုပ်ကလည်း လွယ်ကူသဖြင့် လုပ်ချင်သူ များပြားနေခြင်းပင် ဖြစ်သည်။

စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များစွာက အစောပိုင်းကာလများတွင် တိုက်ခိုက်ရေးစွမ်းရည် အလွန် အားနည်းကြသည်။

ခန္ဓာကိုယ်မှ သုံးပေခန့်သာ ကွာဝေးသည့် စိတ်စွမ်းအင်က ဘာလုပ်နိုင်မည်နည်း။

ပစ်မှတ်ကို အဝေးမှ လှမ်း၍ မတိုက်ခိုက်နိုင်သလို စိတ်အဝေးထိန်းအစွမ်းကလည်း ထိုအချိန်တွင် အလွန် အားနည်းနေသေးသည်။

ထို့ကြောင့် ဆေးဘက်ဆိုင်ရာဌာနတွင် အာထရာဆောင်းဆရာဝန် အလုပ်တစ်ခု ရရှိခြင်းက အလွန် မျက်နှာပွင့်ပြီး အလိုရှိသူ များပြားလှသည်။

လင်းယွမ်လည်း စိတ်စွမ်းအင် အာထရာဆောင်းဆရာဝန် အလုပ်က ဤမျှအထိ နာမည်ကြီး လူကြိုက်များနေမှန်း ယခုမှ ပထမဆုံးအကြိမ် သိလိုက်ရခြင်း ဖြစ်သည်။

ယခု ရန်မေက သူ့ကို ပြောပြမှသာ သူ နောက်ကျမှ သဘောပေါက်သွားပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။

"ဒီလ သွားစစ်ပြီးပြီလား" လင်းယွမ်က မေးလိုက်သည်။

ရန်မေက ပါးစပ်ကိုအုပ်ကာ ရယ်မောရင်း "အမ သွားစရာ ဘယ်လိုလုပ် လိုမှာလဲ... တုံယန်က နေ့တိုင်း ပြန်လာတာနဲ့ အမကို ကြည့်ပေးနေတာလေ" ဟု ပြန်ဖြေသည်။

လင်းယွမ်လည်း ရယ်မောလိုက်မိသည်။ ဤအချက်ကို သူ မေ့နေခဲ့ခြင်း ဖြစ်သည်။

အိမ်တွင် အသင့်ရှိနေသော စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ရှိနေပါလျက်နှင့် အနီးကိုထားပြီး အဝေးသို့ သွားရှာနေစရာ မလိုတော့ပေ။

သူတို့နှစ်ဦး ကလေးအကြောင်းကို ခဏဆက်ပြောဖြစ်ကြပြီးနောက် ရန်မေမှာ လူက သိပ်မလန်းသဖြင့် နားချင်နေပြီ ဖြစ်သည်။

လင်းယွမ်လည်း ထွက်မသွားတော့ဘဲ သူမအနားတွင် အဖော်လုပ်ပေးရင်း အိပ်ပျော်သွားသည်အထိ စောင့်ကြည့်နေလိုက်သည်။

ရန်မေ အိပ်မောကျသွားသည်နှင့် လင်းယွမ်၏ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်စက် အမူအရာတစ်ခု ပေါ်လာသည်။

သူ ချက်ချင်းပင် ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး သုမာရု ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားတော့သည်။

မြေပြင်ပေါ်တွင် 'T' ပုံသဏ္ဌာန် ရှိနေသော အရိုးစုကြီးက တိတ်ဆိတ်စွာ လဲလျောင်းနေသည်။

လင်းယွမ်က ထိုအရာရှေ့သို့ ရောက်သွားပြီး "ကျင်းဖုန်" ဟု လေးနက်သော အသံဖြင့် ခေါ်လိုက်သည်။

အရိုးစုကြီးက အနည်းငယ် တုန်ခါသွားပြီးနောက် ချက်ချင်းပင် ပုံသဏ္ဌာန်မဲ့သော စိတ်အသိတစ်ခု လှုပ်ရှားနိုးကြားလာကာ အရိုးစုတစ်ခုလုံး အနည်းငယ် လင်းလက်လာသည်။

"သခင်"

အရိုးစုအတွင်းမှ တုံ့ပြန်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ကျင်းဖုန်က လိမ္မာကျိုးနွံစွာ ထွက်ပေါ်လာကာ ၎င်း၏ စိတ်ဝိညာဉ် အသိစိတ်ကို ပြသလိုက်သည်။

၎င်း၏ စိတ်ဝိညာဉ် အသိစိတ်က အလွန် အားနည်းနေသဖြင့် ပုံသဏ္ဌာန်တစ်ခုကိုပင် ထိန်းသိမ်းမထားနိုင်ချေ။

ရုပ်အလောင်း၏ မျက်နှာပြင်ပေါ်တွင် အသိစိတ် အစုအဝေး တစ်ခုသာ လွင့်မျောနေသည်။

လင်းယွမ်က "ငါ မေးမယ်... ထာဝရရှင်သန်ခြင်း ကျင့်စဉ်ကို နှိမ်နင်းနိုင်တဲ့ နည်းလမ်း ဘာရှိလဲ" ဟု မေးလိုက်သည်။

"နှိမ်နင်းဖို့လား... သခင့်ရဲ့ ဆိုလိုရင်းကို ကျွန်တော် နားမလည်ဘူး"

"ငါ့အနားက လူတစ်ယောက် ပင်ကိုယ်အစွမ်း နိုးထလာတဲ့အချိန်မှာ တခြား ရွေးချယ်ခံတစ်ယောက်ရဲ့ စိတ်ဝိညာဉ် အသိစိတ်က ပေါ်လာခဲ့ဖူးတယ်"

"အဲ့ဒီလူ ပေါ်ထွက်လာတဲ့ အချိန်က ခဏလေးဆိုပေမဲ့ နောက်ပိုင်းမှာလည်း တစ်စတစ်စ ဆက်ပေါ်လာခဲ့တယ်... အဲ့ဒီ ရွေးချယ်ခံရဲ့ စိတ်ဝိညာဉ် အသိစိတ်ကို လုံးဝ ပျောက်ကွယ်သွားအောင် ဘယ်လို ဖျက်ဆီးပစ်ရမလဲ"

ထိုစကားကို ကြားသောအခါ ကျင်းဖုန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီး "သခင် ပြောတဲ့ ရွေးချယ်ခံဆိုတာ ရေခဲပင်လယ် သခင်မလား... အဲ့ဒီ လင်ယွီရုံကို ပြောတာလား" ဟု ပြန်မေးသည်။

လင်းယွမ် ဘာမှမပြောဘဲ ၎င်းကိုသာ စိုက်ကြည့်နေလိုက်သည်။

ကျင်းဖုန်လည်း များများမမေးသင့်မှန်း သိသွားသဖြင့် "သခင်... တစ်ဖက်လူရဲ့ စိတ်ဝိညာဉ် အသိစိတ်ကို နှိမ်နင်းချင်ရင် နည်းလမ်းကတော့ လွယ်ပါတယ်... အဲ့ဒါက ကိုယ့်ရဲ့ ကိုယ်ပိုင် စိတ်ဝိညာဉ် အသိစိတ်ကို အဆက်မပြတ် မြှင့်တင်ပြီးတော့ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ခွန်အားနဲ့ ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇ အနက်ရှိုင်းဆုံး နေရာမှာရှိတဲ့ မျိုးရိုးအမွေအနှစ် အချက်အလက်တွေကို ဖျက်ဆီးပစ်လိုက်ရုံပါပဲ" ဟု အလျင်အမြန် ရှင်းပြသည်။

"ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ တစ်ခုလောက် မေးပါရစေ... တစ်ဖက်လူက အခုထိ အိပ်မောကျနေတုန်းပဲလား... ဒါမှမဟုတ် တခြား နေရာတစ်နေရာမှာ နိုးထလာပြီးပြီလား"

လင်းယွမ် ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး "နိုးထနေပြီ... ဒါပေမဲ့ ငါ့သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ထဲမှာတော့ မဟုတ်ဘူး" ဟု ဖြေလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ကျင်းဖုန်က ချက်ချင်းပင် လေးနက်တည်ကြည်သွားပြီး "ဒါဆိုရင်တော့ သတိထားရတော့မယ်"

"တကယ်လို့ ဒီရေခဲပင်လယ် သခင်မက နိုးထလာခဲ့ပြီဆိုရင် သူ့ရဲ့ နောက်တစ်ဆင့် လုပ်မယ့် အလုပ်က... အရင်တုန်းက ဖြန့်ကျက်ထားခဲ့တဲ့ သူ့ရဲ့ မျိုးဆက်သွေးတွေကို ပြန်လည် စုဆောင်းဖို့ပဲ ဖြစ်လိမ့်မယ်"

"သခင့်ရဲ့ သူငယ်ချင်းကို သူ သေချာပေါက် ပစ်မှတ်ထားလာလိမ့်မယ်... သခင့် သူငယ်ချင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ရေခဲပင်လယ် သခင်မရဲ့ မျိုးဆက်သွေးတွေကို အမြန်ဆုံး ဖျက်ဆီးပစ်နိုင်မှ ဖြစ်လိမ့်မယ်"

"ဘယ်လို ဖျက်ဆီးပစ်ရမလဲ"

"အမြန်ဆုံး နတ်သားရဲမြေပုံ အဆင့်ကို ဝင်ရောက်ပြီးတော့ နတ်သားရဲအဖြစ် အသွင်ပြောင်းလိုက်ရုံနဲ့ တခြား အသိစိတ်တွေကို ဖျက်ဆီးပစ်နိုင်မှာပေါ့"

"နတ်သားရဲမြေပုံလား"

လင်းယွမ် ကြောင်သွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားသည်။ တစ်ဖက်လူ ပြောနေသည်မှာ မျိုးရိုးဗီဇမြေပုံ ဖြစ်ပေလိမ့်မည်။

သူ မနေနိုင်တော့ဘဲ "ကျင်းဖုန်... မင်းတို့ ခေတ်တုန်းက ရွေးချယ်ခံတွေရဲ့ အစွမ်းတွေကို ဘယ်လို ခွဲခြားသတ်မှတ်ထားတာလဲ" ဟု မေးလိုက်သည်။

"ကျင့်စဉ် အဆင့်တွေကို ပြောတာလား"

"အင်း"

"ကျွန်တော်တို့က ရွေးချယ်ခံတွေကို နိုးထခြင်းအဆင့်... ဝိညာဉ်မျိုးစေ့အဆင့်... သန့်စင်ကိုယ်ထည်အဆင့်... နတ်ကိုယ်ထည်အဆင့်ဆိုပြီး ခွဲခြားထားတယ်"

"အဲ့ဒီထဲမှာ သန့်စင်ကိုယ်ထည်အဆင့်က လူသားတွေရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ပြီး နတ်သားရဲမြေပုံအဖြစ် အသွင်ပြောင်းနိုင်တဲ့ အရေးကြီးဆုံး အဆင့်ပဲ"

"ဒီအဆင့်မှာ ကျွန်တော်တို့က ဝိညာဉ်မျိုးစေ့အဆင့်တုန်းက နိုးထလာခဲ့တဲ့ နတ်သားရဲမြေပုံအတိုင်း လေ့ကျင့်ကြပြီး... နောက်ဆုံးမှာ ခန္ဓာကိုယ်ကိုယ်တိုင်က နတ်သားရဲမြေပုံပေါ်က သန့်စင်ကိုယ်ထည်အဖြစ် ပြောင်းလဲနိုင်တဲ့အထိ ရောက်ရှိသွားတာပဲ"

"သန့်စင်ကိုယ်ထည် ဖွဲ့စည်းပြီးသွားရင်တော့ မိုးပေါ်ပျံတာဖြစ်ဖြစ်... မြေလျှိုးတာဖြစ်ဖြစ် အလွယ်လေး ဖြစ်သွားပြီ... သန့်စင်ကိုယ်ထည် အထွတ်အထိပ်ကို ရောက်သွားရင် သန့်စင်ကိုယ်ထည်နောက်က အဆင့်ဖြစ်တဲ့ နတ်ကိုယ်ထည်အဆင့်ကိုတောင် နိုးထနိုင်တယ်လို့ ဒဏ္ဍာရီတွေ ရှိတယ်"

"ဒါပေမဲ့ နတ်ကိုယ်ထည်အဆင့်ဆိုတာက မှန်းဆတွက်ချက်ထားကြတာပါ... တကယ့် နတ်ကိုယ်ထည်အဆင့်က ဘယ်လိုမျိုးလဲဆိုတာ ဘယ်သူမှ မသိကြဘူး"

"ရှေးဟောင်း မှတ်တမ်းတွေအရဆိုရင်... နတ်ကိုယ်ထည်အဆင့် ရွေးချယ်ခံက ဒီကမ္ဘာဂြိုဟ်ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး... ကျယ်ပြောလှတဲ့ ကြယ်တာရာတွေထဲကို ဝင်ရောက်နိုင်ပြီး... ရေလွှမ်းမိုးပြီး ကမ္ဘာကြီး ပျက်စီးရတဲ့ အကြောင်းရင်းမှန်ကို အပြီးတိုင် ရှာဖွေတွေ့ရှိနိုင်တယ်လို့ ဆိုတယ်"

လင်းယွမ်က ကျင်းဖုန်၏ စကားများကို နားထောင်ရင်း စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။

သူ့လက်ရှိ အခြေအနေနှင့် တိုက်ဆိုင်ကာ တွက်ဆကြည့်လိုက်သည်။

ကျင်းဖုန် ပြောသည့် နိုးထခြင်းအဆင့်ဆိုသည်မှာ အစွမ်းများ နိုးထလာသည့် ကာလဖြစ်ပြီး အဓိက အရည်အသွေးကြီး လေးခုက အဆက်မပြတ် တိုးတက်လာကာ အမှတ် ၅၀ ကို ကျော်လွန်သွားချိန်တွင် မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခြင်း ဖြစ်လောက်မည်။

ထိုအချိန်သည် ကျင်းဖုန် ပြောသော ဝိညာဉ်မျိုးစေ့အဆင့်ပင် ဖြစ်သည်။

သန့်စင်ကိုယ်ထည်အဆင့်နှင့် နတ်သားရဲမြေပုံ ဆိုသည်မှာမူ အစွမ်းပိုင်ရှင် တစ်ယောက်ချင်းစီက မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းပြီးနောက် ရရှိလာသည့် မျိုးရိုးဗီဇမြေပုံ ဖြစ်နိုင်ခြေ အများဆုံးပင်။

မျိုးရိုးဗီဇမြေပုံအတိုင်း ဆင့်ကဲပြောင်းလဲပြီး နောက်ဆုံးတွင် မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်းကို ပြုလုပ်ကာ မျိုးရိုးဗီဇမြေပုံပေါ်ရှိ ဧရာမသားရဲကြီးအဖြစ် အသွင်ပြောင်းခြင်း ဖြစ်သည်။

ဤအဆင့်မှာ သန့်စင်ကိုယ်ထည်အဆင့်ဟု ခေါ်ဆိုသော အဆင့်ပင် ဖြစ်သည်။

ဒါဆိုရင် နတ်ကိုယ်ထည်အဆင့်ကရော ဘာလဲ။

ဒီလို ကြည့်ရသလောက်ဆိုလျှင် ရှေးဟောင်းခေတ်ကာလက အစွမ်းပိုင်ရှင်များ၏ အစွမ်းအထက်ဆုံး အချိန်က မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း လုပ်ပြီးနောက်က ဧရာမသားရဲအဆင့်ပင် ဖြစ်ပေမည်။

နတ်ကိုယ်ထည်အဆင့်ဆိုသည်မှာ ရှေးဟောင်းခေတ် အစွမ်းပိုင်ရှင်များပင်လျှင် မြင်တွေ့ရခဲပေလိမ့်မည်။

"သန့်စင်ကိုယ်ထည် အထွတ်အထိပ်ဆိုတာက... မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း တိုးတက်မှုနှုန်းက ရာခိုင်နှုန်းပြည့် ရောက်သွားတဲ့ အချိန်ကို ပြောတာ ဖြစ်ရမယ်"

"အဲ့ဒီအချိန်ရောက်ရင် အစွမ်းပိုင်ရှင်တွေက မျိုးရိုးဗီဇမြေပုံက ဧရာမသားရဲရဲ့ စွမ်းအား ရာခိုင်နှုန်းပြည့်ကို အသုံးချနိုင်သွားပြီ ဖြစ်လိမ့်မယ်"

"အဲ့ဒီနောက်က အဆင့်က ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာကိုတော့ မသိသေးဘူး"

သူ ကျင်းဖုန်ဘက်သို့ ကြည့်ကာ "မင်းပြောတဲ့အတိုင်းဆိုရင်... ထာဝရရှင်သန်ခြင်း ကျင့်စဉ်ကို အသုံးပြုနိုင်ဖို့ ဘယ်လိုအဆင့်မျိုး ရောက်ဖို့ လိုအပ်သလဲ" ဟု မေးမြန်းလိုက်သည်။

ကျင်းဖုန်က "သန့်စင်ကိုယ်ထည် အထွတ်အထိပ် ရောက်မှပဲ ရမယ်" ဟု ဖြေသည်။

လင်းယွမ် ရင်ထဲတွင် အလွန် အံ့အားသင့်သွားပြီး "ဒါဆို မင်း အသက်ရှင်နေတုန်းက သန့်စင်ကိုယ်ထည် အထွတ်အထိပ် အဆင့်ကို ရောက်နေခဲ့ပြီပေါ့" ဟု ပြန်မေးလိုက်သည်။

ကျင်းဖုန် သက်ပြင်းချကာ "အားလုံးက အတိတ်က ကိစ္စတွေ ဖြစ်ကုန်ပါပြီ... အဲ့ဒီအချိန်တုန်းက သန့်စင်ကိုယ်ထည် အထွတ်အထိပ် ရောက်တဲ့သူ မများပေမဲ့ နည်းတော့မနည်းဘူး"

"သန့်စင်ကိုယ်ထည်ကို ပြီးမြောက်ဖို့က လွယ်ပေမဲ့ နတ်ကိုယ်ထည်အဆင့်ကတော့ ဝေးလွန်းလှပါတယ်... ဟူး"

လင်းယွမ် အလျင်အမြန် မေးလိုက်သည်။ "ဒါဆို ကိုယ့်ရဲ့မျိုးရိုးဗီဇထဲက ရှေးခေတ် အစွမ်းပိုင်ရှင်ရဲ့ စိတ်ဝိညာဉ် အသိစိတ်ကို ဖျက်ဆီးပစ်ဖို့ဆိုရင်... ဘယ်အဆင့်ရောက်မှ လုပ်နိုင်မှာလဲ"

"သန့်စင်ကိုယ်ထည်အဆင့် ရောက်ရင် ရပါပြီ"

ကျင်းဖုန်က ဆက်ပြောသည်။ "သန့်စင်ကိုယ်ထည်ကို စုစည်းလိုက်တာက ကိုယ့်ရဲ့ ကိုယ်ပိုင် မျိုးဆက်သွေး အခြေခံကို တည်ဆောက်လိုက်တာနဲ့ အတူတူပဲ... ဒါဆိုရင် အပြင်လူရဲ့ စိတ်ဝိညာဉ် အသိစိတ်က သန့်စင်ကိုယ်ထည်ထဲမှာ သီးခြား ဖြစ်သွားတော့တာပဲ"

"သန့်စင်ကိုယ်ထည်က အဆက်မပြတ် ကြီးထွားပြီး ပြီးပြည့်စုံလာတာနဲ့အမျှ... အဲ့ဒီ သီးခြား အသိစိတ်တွေက အဆက်မပြတ် ဖယ်ကြဉ်ခံရပြီး ပျက်စီးသွားလိမ့်မယ်"

"သန့်စင်ကိုယ်ထည် အထွတ်အထိပ် ရောက်သွားပြီးနောက် ဆက်လက်ပြီး နတ်ကိုယ်ထည်အဆင့်အထိ မြှင့်တင်ချင်တယ်ဆိုရင်တော့... တစ်ကိုယ်လုံးမှာရှိတဲ့ သီးခြား မျိုးဆက်သွေးတွေ အားလုံးကို ဖျက်ဆီးပစ်ရလိမ့်မယ်"

"ဒီလုပ်ငန်းစဉ်က အလွန် ရှုပ်ထွေးပြီး အချိန်အများကြီး ယူရတယ်... လူအများစုက ဒီအဆင့်မှာပဲ ပိတ်မိနေတတ်ကြတယ်"

လင်းယွမ်က ထိုသီးခြား မျိုးဆက်သွေးများကို ဖျက်ဆီးပစ်ရခြင်းနှင့် ပတ်သက်ပြီး အသေးစိတ် သေချာ မေးမြန်းလိုက်သည်။

ထို့နောက် မည်သို့ ဆိုလိုသည်ကို တဖြည်းဖြည်း နားလည်လာတော့သည်။

ယခုခေတ် လူများ၏ နားလည်မှုနှင့် ပြောင်းလဲပြောရလျှင် သီးခြား မျိုးဆက်သွေးများကို ဖျက်ဆီးခြင်းဆိုသည်မှာ တကယ်တမ်း၌ ခန္ဓာကိုယ်တွင်းရှိ မလိုအပ်သော မျိုးရိုးဗီဇများကို ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။

ထို့နောက် မျိုးရိုးဗီဇမြေပုံ တစ်ခါ ဖြစ်ပေါ်သွားသည်နှင့် သင့်တွင် ကိုယ်ပိုင် ကိုယ်ခံအားစနစ် တစ်ခု ရှိသွားသည်နှင့် အတူတူပင် ဖြစ်သည်။

မျိုးရိုးဗီဇမြေပုံဆိုသည့် ကိုယ်ခံအားစနစ်ကို အဆက်မပြတ် ပြီးပြည့်စုံအောင် လုပ်ဆောင်နေချိန်တွင် သင့်၏ ခုခံနိုင်စွမ်းကလည်း ပို၍ ပို၍ အားကောင်းလာမည် ဖြစ်သည်။

'ကိုယ်ခံအားစနစ်' လုံးဝ ပြီးပြည့်စုံသွားသောအခါ ခန္ဓာကိုယ်အတွင်းရှိ မလိုအပ်သော မျိုးရိုးဗီဇများကို သတ်ဖြတ်ပစ်ရမည့် အချိန်ပင် ဖြစ်သည်။

ထို့ကြောင့် ရန်မေ၏ ခန္ဓာကိုယ်ထဲရှိ လင်ယွီရုံ၏ စိတ်ဝိညာဉ် အသိစိတ်ကို ဖျက်ဆီးပစ်ချင်လျှင် နည်းလမ်း တစ်ခုတည်းသာ ရှိသည်။

ရန်မေကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ အမြန်ဆုံး ရောက်ရှိစေပြီး ကနဦး မျိုးရိုးဗီဇမြေပုံ တည်ဆောက်ခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်စေရန်ပင် ဖြစ်သည်။

မျိုးရိုးဗီဇမြေပုံ ပြီးမြောက်သွားသည်နှင့် သူမ၏ မျိုးရိုးဗီဇထဲတွင် ပုန်းအောင်းနေသည့် လင်ယွီရုံ၏ စိတ်ဝိညာဉ် အသိစိတ်မှာ သဘာဝအလျောက် ပျက်စီးသွားပေလိမ့်မည်။

"စိတ်ဝိညာဉ် အသိစိတ်ရဲ့ ပိုင်ရှင်က သူ့အသိစိတ် ရှိနေတဲ့ သူကို အချိန်တိုင်း အာရုံခံနိုင်လား"

လင်းယွမ် ရုတ်တရက် မေးခွန်းတစ်ခု စဉ်းစားမိသွားကာ ကျင်းဖုန်ကို အလျင်အမြန် မေးလိုက်သည်။

ကျင်းဖုန်က ခေါင်းအနည်းငယ် ငြိမ့်ကာ "မသဲမကွဲ အာရုံခံလို့ ရပါတယ်... အကွာအဝေး ပိုနီးလေ ပိုပြီး ရှင်းရှင်းလင်းလင်း အာရုံခံနိုင်လေပါပဲ"

"ဒီအသိစိတ်က မူလခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ... ရွေးချယ်ခံက တစ်ခါ နိုးထလာတာနဲ့ သူ့ရဲ့ အသိစိတ်ကို ပြန်လည် ရုပ်သိမ်းဖို့ ပထမဆုံး အနေနဲ့ နည်းလမ်းရှာလိမ့်မယ်... ဒါမှ သူ့ကိုယ်သူ မြန်မြန် အားကောင်းလာစေပြီး အထွတ်အထိပ် စွမ်းအားကို အမြန်ဆုံး ပြန်လည် ရရှိနိုင်မှာပေါ့"

"ဒါကြောင့် သခင့်ရဲ့ သူငယ်ချင်းကို အထူးသတိထားခိုင်းပါ... တစ်ဖက်လူက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"

လင်းယွမ်၏ အကြည့်များက အနည်းငယ် မှုန်မှိုင်းသွားသည်။

တစ်ချိန်တည်းမှာပင် သူ ကိစ္စတစ်ခုကို တွေးမိသွားသည်။ ယခင်က လင်ယွီရုံ၏ အသိစိတ်ကို ဖိနှိပ်ရန် ရန်မေက ထူးခြားသော နည်းလမ်းအချို့ကို အသုံးပြုခဲ့သည်။

အိပ်ခန်းတွင်း သာယာမှုများ ပြုလုပ်ချိန်တွင် ရန်မေ၏ ခန္ဓာကိုယ် အခြေအနေက သာမန်လူသာ ဖြစ်နေသေးသဖြင့် သူ၏ ပြင်းထန်သော အချစ်စစ်ဆင်ရေးကို ခံနိုင်ရည် မရှိခဲ့ချေ။

ထိုအချိန်တွင် ရန်မေက လင်ယွီရုံ၏ အသိစိတ်ကို ကိုယ်တိုင် ထွက်ပေါ်လာစေပြီး သူ့ဘက်မှ ထိုးစစ်ဆင်မှုများကို ခုခံစေခဲ့သည်။

ထိုအချက်ကို တွေးမိသောအခါ လင်းယွမ်၏ မျက်နှာအမူအရာက မနေနိုင်တော့ဘဲ အနည်းငယ် ထူးဆန်းသွားတော့သည်။

လင်ယွီရုံက သူ့ကို စတင်တွေ့ဆုံချိန်တွင် တစ်ဖက်လူ၏ စိတ်ခံစားချက်က အလွန် ထူးဆန်းနေပုံရသည်ကို သူ ရုတ်တရက် သတိရသွားသည်။

ထို 'နင်ပဲ' ဆိုသည့် အသံမှာ သူ့ကို သိနေရုံတင် မကဘဲ ရှက်ရွံ့ဒေါသထွက်မှု တစ်စွန်းတစ်စလည်း ပါဝင်နေခဲ့သည်။

ထိုအချက်ကို တွေးမိပြီး လင်းယွမ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ဒီလို ဇာတ်လမ်းမျိုး ရှိနေလိမ့်မည်ဟု ဘယ်သူက တွေးမိမည်နည်း။

ချက်ချင်းပင် သူ မျက်မှောင်ကြုတ်လိုက်သည်။ "လင်ယွီရုံက သေချာပေါက် အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး... အမမေရဲ့ ခန္ဓာကိုယ်ထဲမှာ သူ့ရဲ့ အသိစိတ် ရှိနေမယ်ဆိုရင် သူ သေချာပေါက် သူ့အသိစိတ်ကို ပြန်ယူဖို့ နည်းလမ်း ရှာလိမ့်မယ်"

"ဒါပေမဲ့ အမမေ အနားမှာ ငါ ရှိနေသရွေ့ သူ စိတ်ကူးယဉ်လို့တောင် မရစေရဘူး... နေဦး"

လင်းယွမ်၏ အတွေးက ထိုနေရာသို့ ရောက်သည်နှင့် ရုတ်တရက် သဘောပေါက်သွားသည်။

"သူက ငါနဲ့ မဟာမိတ်ဖွဲ့ပြီး သူ့ရဲ့ ရန်သူဟောင်းကို ရင်ဆိုင်ဖို့ ဖိတ်ခေါ်တာက... ငါ့ကို အဝေးရောက်သွားအောင် နည်းလမ်းရှာတာများလား"

"ငါ ထိုက်ယန်တောင်ကနေ ထွက်သွားတဲ့ အချိန်ကျမှ သူက အမမေကို ဖမ်းဖို့ လူလွှတ်မှာလား"

လင်းယွမ်၏ စိတ်ထဲတွင် ချက်ချင်း လေးနက်တည်ကြည်သွားသည်။ ဤရှေးခေတ်ကာလက အစွမ်းပိုင်ရှင်များမှာ တကယ်ကို ကောက်ကျစ်စဉ်းလဲသည့် လူအိုကြီးများပင် ဖြစ်သည်။

ကံကောင်း၍ သူ သတိထားပြီး အစကတည်းက သူ့ကို မယုံကြည်ခဲ့၍သာပင်... မဟုတ်လျှင် တစ်ဖက်လူ၏ လှည့်စားခြင်းကို အမှန်တကယ် ခံရတော့မည်။

လင်းယွမ်၏ မျက်လုံးများက တလက်လက် တောက်ပသွားသည်။ "ကြည့်ရတာ ဒီအတောအတွင်း ငါ ဘယ်မှ သွားလို့ မဖြစ်ဘူး... အမမေ မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်တဲ့အထိ အမမေနားမှာပဲ စောင့်နေတာ အကောင်းဆုံးပဲ"

"ဒါပေမဲ့ ငါက အမမေ အနားကနေ တစ်ချိန်လုံး မခွာဘူးဆိုရင်... လင်ယွီရုံက သေချာပေါက် ကြံရာမရဖြစ်ပြီး တခြား နည်းလမ်းတွေကို အသုံးပြုလာလိမ့်မယ်"

လင်းယွမ်၏ အကြည့်များက နက်ရှိုင်းသွားသည်။ လောကတွင် သူခိုးကို ရက်ပေါင်းထောင်ချီ ကာကွယ်နိုင်သည့် ထုံးစံ မရှိချေ။

ဤလင်ယွီရုံက အမမေကို တစ်ချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေမည်ဆိုလျှင် သူ ကိုယ်တိုင် အမမေကို ဤကဲ့သို့ တစ်ချိန်လုံး စောင့်ရှောက်နေရန်ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။

ဒီကိစ္စကို အပြီးအပြတ် ဖြေရှင်းနိုင်မယ့် နည်းလမ်း ဘာရှိမလဲ။

လင်းယွမ်က ကျင်းဖုန်ဘက်သို့ ကြည့်ကာ "ငါ့သူငယ်ချင်းကို မထိခိုက်စေဘဲ သူ့ရဲ့ မျိုးရိုးဗီဇထဲက စိတ်ဝိညာဉ် အသိစိတ်ကို ခွဲထုတ်ပစ်နိုင်မယ့် နည်းလမ်း ရှိလား" ဟု မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျင်းဖုန်က ခေါင်းအနည်းငယ် ခါယမ်းကာ "အဲ့ဒါက လုံးဝ မဖြစ်နိုင်သလောက်ပါပဲ... စိတ်ဝိညာဉ် အသိစိတ်က မရေမတွက်နိုင်တဲ့ မျိုးဆက်တွေရဲ့ အမွေဆက်ခံမှုတွေကတစ်ဆင့် သူ့ရဲ့ မျိုးဆက်သွေး အနက်ရှိုင်းဆုံးထဲကို ပေါင်းစပ်ဝင်ရောက်သွားခဲ့တာ ကြာပြီ"

"သန့်စင်ကိုယ်ထည်အဆင့်ကို တက်ရောက်ချိန်မှာ ခန္ဓာကိုယ်ကို ပြန်လည် ပုံသွင်းတဲ့နည်းကလွဲပြီး တခြား နည်းလမ်း မရှိပါဘူး"

လင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ ကြည့်ရသည်မှာ အမမေကို မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်အောင် လုပ်ပေးမှသာ ရတော့မည်။

ထို့နောက် လင်းယွမ်က ကျင်းဖုန်ကို ယခုခေတ် လူများ၏ အစွမ်းပိုင်ရှင်များ၏ အဆင့် ခွဲခြားသတ်မှတ်မှုများကို ရှင်းပြပေးလိုက်သည်။

ကျင်းဖုန်မှာ နားထောင်ရင်း အနည်းငယ် ခေါင်းရှုပ်သွားသည်။

သူ နားလည်ထားသည့် မျိုးဆက်သွေးကို ယခုခေတ် လူများက မျိုးရိုးဗီဇဟု ခေါ်ကြသည်။

သူ နားလည်ထားသည့် သန့်စင်ကိုယ်ထည်ကို ယခုခေတ် လူများက မျိုးရိုးဗီဇ ပြန်လည်ဖွဲ့စည်းပြီးနောက်က ဧရာမသားရဲ ပုံစံဟု နားလည်ထားကြသည်။

သူ နားလည်ထားသည့် နတ်သားရဲမြေပုံကို ယခုခေတ် လူများက မျိုးရိုးဗီဇမြေပုံဟု နားလည်ထားကြသည်။

ဤသဘောတရားများကို ရိုးရှင်းစွာ အစားထိုးလိုက်မည်ဆိုလျှင် ကျင်းဖုန် အနေဖြင့် အလျင်အမြန် သဘောပေါက် နားလည်နိုင်သေးသည်။

သူ သေချာ စဉ်းစားကြည့်ရာ ယခုခေတ် လူများ၏ ဤသီအိုရီက သူတို့ခေတ်ကထက် ပို၍ တိကျသေချာနေသည်ဟု ထင်ရသည်။

ဆက်ရန်...

All Chapters