← Chapters

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း (၅၂၉) - အင်ပါယာ နန်းတော် ဆီသို့ ဦးတည်ခြင်း (အပိုင်း - ၂)

နှစ်ဖက်စလုံးသည် အကဲစမ်းမှုများကို ပြုလုပ်ခဲ့ပြီး၊ မိမိတို့၏ အစွမ်းအစများကိုပင် ထုတ်ဖော်ပြသရန် ကြိုးပမ်းခဲ့ကြလေပြီ။

သို့သော်ငြားလည်း၊ ရှီ မိသားစု ဘိုးဘေးကြီး အပါအဝင် ထိုသုံးပါး၏ အရှိန်အဝါ ပြသမှုကြီးမှာ တာအိုရုပ်သေး ကို လုံးဝ လွှမ်းမိုး ဖိနှိပ်နိုင်ခြင်း မရှိခဲ့ချေ။

ဆန့်ကျင်ဘက် အနေဖြင့်...

ထိုသုံးဦးစလုံးမှာ လုံးဝ အရှက်ကွဲမတတ် အခြေအနေဆိုး ကြီးနှင့်ပင် ရင်ဆိုင်လိုက်ကြရသည်။

'သေစမ်း... ငါတို့ သုံးယောက်ပေါင်း ဖိတာတောင် မရပါလား။ ဒီကောင် ဘာတွေများ စားထားလို့ ဒီလောက် မာနေတာလဲ။'

တာအိုရုပ်သေး သည် ရှီ မိသားစု ဘိုးဘေးကြီး ကို ကြည့်ကာ ပြောလိုက်၏။

"တာအိုမိတ်ဆွေ ရှီ ရဲ့ နာမည်ကို ငါ အခုထိ မသိရသေးဘူးပဲ"

ရှီ မိသားစု ဘိုးဘေးကြီး မှာ ဆွံ့အသွားသည်။ သူ၏ ရင်ထဲတွင် ဒေါသများ ပွက်လောရိုက် သွားရသည်။

'လခွမ်း... သူက ဟွမ်လင်း ကျွန်း ကိုတောင် သိမ်းပိုက်ထားပြီးပြီလေ။ ဒီအနီးအနား တစ်ဝိုက်မှာ ငါ့နာမည် ကိုတောင် မသိဘူး ဟုတ်လား။ ဒီကောင် ဘယ်ချောင် ကများ ထွက်လာတာလဲ။ တမင် သက်သက် ငါ့ကို အထင်သေးအောင် ပြောနေတာလား။'

ရှီ မိသားစု ဘိုးဘေးကြီး သည် လက်ဖက်ရည် ပန်းကန်လုံးလေး ကို ကောက်ကိုင်လိုက်ပြီး၊ ရင်ထဲမှ ဒေါသများကို ငြိမ်းအေးသွားစေရန် ဝိညာဉ် လက်ဖက်ရည် ကို တစ်ကျိုက်တည်း မော့သောက် လိုက်၏။ ထို့နောက် သူက ပြောလိုက်၏။

"ရှီချုံး ပါ... တာအိုမိတ်ဆွေ... ငါ့ကို တာအိုဆရာ မုရီ လို့ပဲ ခေါ်နိုင်ပါတယ်"

သူသည် တာအိုရုပ်သေး ကို လေးနက် တည်ကြည်စွာ စိုက်ကြည့်လိုက်ပြီး မေးလိုက်၏။

"ဒါနဲ့ တာအိုမိတ်ဆွေ ကရော... ဘယ်သူများလဲ"

တာအိုရုပ်သေး သည် ခပ်ဟဟ ရယ်မောလိုက်၏။

"မိတ်ဆွေ တို့ သုံးယောက် နဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ငါက တာအိုဆရာ အရိပ်နီ ပါ"

ဘေးဘက်တွင် ရှိနေသော အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့သည် မျက်မှောင် အနည်းငယ် ကြုံ့သွားကြပြီး၊ သူတို့ဘာသာ တိတ်ဆိတ်စွာ စဉ်းစား တွေးတော နေမိကြသည်။

'တာအိုဆရာ အရိပ်နီ တဲ့လား... ဒီနာမည် ကို တစ်ခါမှ မကြားဖူးပါဘူး။ အနည်းဆုံးတော့ ဒီ ချင်းရွှမ် ကျွန်းစု နယ်နိမိတ် ထဲမှာတော့ ဒီနာမည် မျိုး မရှိဘူး။ ဘယ်က ကောင်လဲ ဟ။'

ရှီ မိသားစု ၏ ဘိုးဘေးကြီး ဖြစ်သော တာအိုဆရာ မုရီ သည်လည်း မျက်မှောင် အနည်းငယ် ကြုံ့သွားသည်။ သူသည် တာအိုရုပ်သေး ကို ကြည့်ကာ မေးလိုက်၏။

"တာအိုမိတ်ဆွေ က ကုန်းမြေမကြီး ဘက်က လာတာလား"

တာအိုရုပ်သေး သည် ခေါင်းကို ညင်သာစွာ ညိတ်လိုက်၏။

"မှန်ပါတယ်။ ငါ က ပိုးစာပင် နယ်မြေ၊ ကုန်းယွဲ့ အင်မော်တယ် မြို့တော် က တာအိုဆရာ အရိပ်နီ ပဲ"

အရှင်သခင်ကြီး မုယွင် သည် တာအိုရုပ်သေး ကို စိုက်ကြည့်ကာ၊ အေးစက်စွာ လှောင်ပြောင် နှာမှုတ် လိုက်၏။

"တာအိုဆရာ အရိပ်နီ... မင်း တော်တော် သတ္တိကောင်းတာပဲ။ ကုန်းမြေမကြီး ကနေ ထွက်လာပြီး ငါတို့ ချင်းရွှမ် ကျွန်းစု ရဲ့ ကျင့်ကြံခြင်း လောက ထဲကို ဝင်လာရဲရုံ သာမကဘူး... ဟွမ်လင်း ကျွန်း ကိုပါ ဝင်လုရဲသေးတယ် ပေါ့လေ"

'ဒီကောင် ကုန်းတွင်းပိုင်း ကနေ လာပြီး ငါတို့ ပင်လယ်ပြင် မှာ လာဗိုလ်ကျနေတာပဲ။ တော်တော် အတင့်ရဲတဲ့ ကောင်။'

တာအိုရုပ်သေး သည် သူ့အား ခပ်ပေါ့ပေါ့ပင် တစ်ချက် စောင်းငဲ့ကြည့်လိုက်ပြီး၊ ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်၏။

"လွန်ခဲ့တဲ့ အနှစ် ဆယ်ကျော် လောက်က... ဟွမ်လင်း ကျွန်း ရဲ့ ဘိုးဘေးကြီး ဟွမ်ချန်လုံ ဟာ ကုန်းယွဲ့ အင်မော်တယ် မြို့တော် ကို လာပြီး ပြဿနာ လာရှာခဲ့တယ်။ ဒါပေမဲ့... သူ က ဒီ ကျွန်းသခင် ရဲ့ လက်ချက် နဲ့ အဲဒီမှာပဲ အပြီးတိုင် အိပ်စက် သွားခဲ့ရတယ်"

"အခု ဟွမ်လင်း ကျွန်း က ဒီ ကျွန်းသခင် ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ။ အဲဒီ ကိစ္စ နဲ့ ပတ်သက်ပြီး ဘာ ပြဿနာ ရှိလို့လဲ"

"ဒါမှမဟုတ် မင်း က ကန့်ကွက်ချင်နေလို့လား"

အရှင်သခင်ကြီး မုယွင် မှာ ဆွံ့အ သွားသည်။ သူ အကြီးအကျယ် ဒေါသ ထွက်ချင်သွားသော်ငြားလည်း၊ ယခုလေးတင် တာအိုရုပ်သေး ပြသသွားခဲ့သော ကြောက်မက်ဖွယ် စွမ်းအား များကို ပြန်လည် သတိရလိုက်မိသောအခါ... သူ၏ ဒေါသများကို ဝမ်းဗိုက်ထဲသို့ ပြန်လည် မြိုချ လိုက်ရတော့၏။

'သောက်ကျိုးနည်း... ငါ ဒေါသထွက်လို့လည်း ဘာလုပ်လို့ရမှာလဲ။ ခုနကတင် သူ့အကာအကွယ်ကိုတောင် ငါတို့ မဖောက်နိုင်ခဲ့တာ။ ချရင် ငါပဲ အသေနာမှာ။ စိတ်လျှော့ မုယွင်... စိတ်လျှော့။'

သူ ကန့်ကွက်ချင်တာပေါ့။

ဒါပေမဲ့... သူ ဘယ်လို လုပ်ပြီး ထုတ်ပြောရဲမှာလဲ။

သူသည် တာအိုဆရာ မုရီ နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့ရှိရာသို့ လှည့်ကြည့် လိုက်၏။

ဤခရီးစဉ် တွင်၊ သူတို့သည် ဟွမ်လင်း ကျွန်း အတွင်းသို့ အတူတကွ အတင်းအဓမ္မ ဝင်ရောက်လာခဲ့ကြပြီး၊ လူများကို စေလွှတ်ကာ ဟွမ်လင်း တောင်တန်း ဆီသို့ ဖိအားပေး ချဉ်းကပ် လာခဲ့ကြခြင်း ဖြစ်သည်။ တာအိုရုပ်သေး ၏ အစစ်အမှန် အခြေခံ အုတ်မြစ် ကို စမ်းသပ် အကဲခတ်လိုသော ရည်ရွယ်ချက် အပြင်... သူ့ထံမှ ရှင်းလင်းချက် တစ်ခု တောင်းဆိုရန် အတွက်လည်း ရည်ရွယ် ထားခဲ့ကြ၏။

သူတို့သည် ဟွမ်လင်း ကျွန်း ကို မျက်စိကျ စောင့်ကြည့် နေခဲ့ကြသည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်ပြီး၊ ရွှေဥ ဥသော ငန်းကြီး တစ်ကောင် အလား ဖြစ်နေသည့် ဟွမ်လင်း ကျွန်း ကို သိမ်းပိုက်နိုင်ရန် အစီအစဉ် များ ကြိုတင် ဆွဲထားခဲ့ကြသည်။

သို့သော် သူတို့ စတင် မလှုပ်ရှားနိုင်မီလေး တွင်ပင်၊ တာအိုရုပ်သေး ၏ ကြားဖြတ် လုယူခြင်း နှင့် လက်ဦးမှု ရယူခြင်း ကို ခံလိုက်ကြရသည်။ သူတို့ အနေဖြင့် ဤကိစ္စကို ဘယ်လိုလုပ်ပြီး သည်းခံ ခွင့်လွှတ် နိုင်ပါမည်နည်း။

'ငါတို့ အကြာကြီး အကွက်ချထားတဲ့ ဟာကို... ဒီကောင် က ဖြတ်စားသွားတယ်။ အသင့်စား ခံလိုက်ရတာကို ဘယ်သူ က ကျေနပ်မှာလဲ။'

တာအိုဆရာ မုရီ ၏ မျက်လုံးများမှာ စူးရှသွားပြီး၊ တာအိုရုပ်သေး ကို စိုက်ကြည့်ကာ ပြောလိုက်၏။

"ဒီ ပင်လယ်ပြင် ဒေသ တွေမှာ ငါတို့ အားလုံး အတွက် ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်း တွေ ဆိုတာ ရှိတယ်။ မင်း က ကုန်းမြေမကြီး ရဲ့ ပိုးစာပင် နယ်မြေ ကနေ လာတာ ဆိုတော့... ငါတို့ရဲ့ ကိစ္စတွေ ထဲကို ဘာလို့ လာပြီး ဝင်စွက်ဖက် ရတာလဲ"

"ငါတို့ သုံးယောက် က ဟွမ်လင်း ကျွန်း ကို သိမ်းပိုက်ဖို့ နှစ်ပေါင်း များစွာ အကြံအစည် တွေ ဆွဲထားခဲ့တာ။ ဟွမ်ချန်လုံ ဒုက္ခရောက်သွားတဲ့ ကိစ္စ ရဲ့ နောက်ကွယ်မှာတောင် ငါတို့ရဲ့ အကွက်ချမှု တွေ ပါသေးတယ်။ အခုကျမှ မင်း က ဒီ ကျွန်း ကို မင်းပိုင်တယ် လို့ လာပြောနေတာ... ဒါက လုံးဝ (လုံးဝ) လက်ခံနိုင်စရာ မရှိဘူး"

ထိုအခါ၊ တာအိုရုပ်သေး သည် ရယ်မောလိုက်ပြီး၊ တာအိုဆရာ မုရီ ကို ကြည့်ကာ မေးလိုက်၏။

"ဒါဆို... တာအိုမိတ်ဆွေ မုရီ က ဘယ်လို အကြံပြုချင်လို့လဲ"

တာအိုဆရာ မုရီ က ပြောသည်။

"ဟွမ် မိသားစု ကို ဖမ်းဆီးပြီး၊ ဟွမ်လင်း ကျွန်း ကို နှစ်ဝက်လောက် သိမ်းပိုက်ထားပြီးပြီ ဆိုတော့... ဟွမ်လင်း ကျွန်း ကုန်သွယ်ရေး အသင်း ရဲ့ အရင်းအမြစ် တွေ အကုန်လုံး က မင်း လက်ထဲကို ရောက်သွားလောက်ပြီပေါ့"

"အဲဒီ ကိစ္စ အတွက် ငါတို့ ဘာမှ မပြောလိုဘူး... အဲဒါကို မင်း အတွက် နစ်နာကြေး အနေနဲ့ သတ်မှတ်ပေးလိုက်မယ်"

"မင်း ရဲ့ လူတွေကို ခေါ်ပြီး ဟွမ်လင်း ကျွန်း ကနေ ထွက်သွားပေးမယ် ဆိုရင်... ငါတို့ အနေနဲ့ ဘာမှ မဖြစ်ခဲ့သလို သဘောထားပေးလို့ ရပါတယ်"

"အဲဒီလိုမှ မဟုတ်ရင်တော့... ဒီ ပင်လယ်ပြင် နယ်နိမိတ် ထဲမှာ မင်း တစ်ယောက်တည်း ရပ်တည်ဖို့ ဆိုတာ ဘယ်လောက် ခက်ခဲလဲ ဆိုတာ မင်း သိသင့်တယ်။ မင်း ဟွမ်လင်း ကျွန်း ကို သိမ်းထားရင်တောင်... မင်း အတွက် ဘာအကျိုးအမြတ် မှ သိပ်ထွက်လာမှာ မဟုတ်ဘူး"

"ကျွန်း သေးသေးလေး တစ်ကျွန်း အတွက် နဲ့ ချင်းရွှမ် ကျွန်းစု က အင်အားစု တွေ အကုန်လုံး ကို ရန်သူ လုပ်ရတာ... လုံးဝ မတန်ဘူး။ မင်း ကိုယ့် သေတွင်း ကိုယ် တူးနေတာပဲ"

"အခု အချိန်မှာ မင်း လူတွေကို ခေါ်ပြီး ထွက်သွားတာ ပိုကောင်းလိမ့်မယ်။ အဲဒီလို ဆိုရင်... ငါတို့ အိမ်တော် သုံးခုဆီကနေ မျက်နှာသာပေးမှု တချို့ကိုတောင်.. ရနိုင်သေးတယ်"

"ဒီကနေ့ ကစပြီး... ငါတို့ အနေနဲ့ တာအိုမိတ်ဆွေ နဲ့ မိတ်ဆွေ ကောင်း တွေ အဖြစ် ပူးပေါင်း ဆောင်ရွက်သွားလို့ ရတာပဲ။ ဒီလို အဆိုပြုချက် မျိုး ကို မင်း က ဘာလို့ ငြင်းပယ် ရမှာလဲ"

'ငါတို့က အလျှော့ပေးပြီး ပြောနေတာနော်။ အချိုသပ်တုန်း လေး ယူလိုက်တာ ကောင်းမယ်။ အေး... မင်းသာ ထွက်သွားပေးရင်တော့ ပြီးတာပါပဲ။'

တာအိုရုပ်သေး သည် ခေါင်းကို ညင်သာစွာ ညိတ်လိုက်၏။

"ဒါပေမဲ့... ဒီ ကျွန်းသခင် ရဲ့ အမြင်မှာတော့... မင်းရဲ့ စကားတွေကို အရှင်သခင်ကြီး မုယွင် နဲ့ အရှင်သခင်ကြီး ထိုက်ယွမ် တို့က သဘောတူချင်မှ တူလိမ့်မယ် လို့ ထင်နေတယ်"

ဘေးဘက်တွင် ရပ်နေကြသော အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် နောက်တစ်စက္ကန့် တွင်မူ၊ တာအိုရုပ်သေး သည် သူတို့ နှစ်ဦး ရှိရာသို့ လှည့်ကြည့် လိုက်တော့၏။

တစ်ချိန်တည်းမှာပင်၊ တာအိုရုပ်သေး သည် လက်တစ်ဖက် ကို ဆန့်ထုတ်ကာ... သူ၏ ရှေ့တွင် အတုအယောင် စာလုံး နှစ်လုံး ကို ရေးဆွဲ ပုံဖော် လိုက်၏။

'ယင် '

"ဝီ..."

ထို အင်မော်တယ် စာလုံး နှစ်လုံး ထွက်ပေါ်လာသည့် အခိုက်အတန့် တွင်၊ ၎င်းတို့ ထံမှ ထုတ်လွှတ် နေသော အရှိန်အဝါ များသည် တာအိုဆရာ မုရီ၊ အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့၏ မျက်နှာ အမူအရာ များကို ရုတ်ချည်း ပျက်ယွင်း သွားစေခဲ့သည်။

တာအိုရုပ်သေး သည် သူ၏ လက်ကို ပေါ့ပေါ့ပါးပါး တစ်ချက် ဝှေ့ယမ်း လိုက်ရာ... ရေးဆွဲထားသော ထို အင်မော်တယ် စာလုံး နှစ်လုံး သည် အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့ ရှိရာသို့ ရုတ်တရက် လွင့်ပျံ သွားလေတော့၏။

ဤ မြင်ကွင်းကို မြင်လိုက်ရသောအခါ၊ အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့မှာ အကြီးအကျယ် ဒေါသ ထွက်သွားကြပြီး၊ သူတို့၏ အရှိန်အဝါ များမှာ မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲ ထွက်ပေါ်လာသည်။

"မင်း... ဘယ်လိုတောင် အတင့်ရဲ ရတာလဲ"

လူတစ်ဦး ၏ မူလဝိညာဉ် မန္တန်စွမ်းအား များသည် လျင်မြန်စွာ စုစည်း သွားပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် လေးလံလှသော ရေ လှံရှည် ကြီး တစ်လက် အသွင်ပြောင်း ကာ... အင်မော်တယ် စာလုံး ကို ဝင်ရောက် တိုက်ခိုက် လိုက်၏။

အခြား လူတစ်ဦး ကမူ သူ၏ ရှေ့တွင် မရေမတွက်နိုင်သော ရေစက်လေး များကို စုစည်း လိုက်သည်။ နောက်တစ်စက္ကန့် တွင်... ထို ရေစက်လေး များသည် ထက်မြက်လှသော ဓားသွားများ အဖြစ်သို့ ပြောင်းလဲ သွားကာ တာအိုရုပ်သေး ရှိရာသို့ ပိုင်းဖြတ် တိုက်ခိုက် လာတော့၏။

သို့သော်ငြားလည်း။

ထို အင်မော်တယ် စာလုံး နှစ်လုံး သည် ထိုလူ နှစ်ဦး၏ တာအို မန္တန်စွမ်းအား တိုက်ခိုက်မှု များကို လုံးဝ ဂရုမစိုက်ဘဲ... အတုအယောင် တည်ရှိမှု တစ်ခု အလား၊ သူတို့၏ မန္တန်စွမ်းအား များကို ဖောက်ထွင်း ဖြတ်ကျော် သွား၏။ မည်သည့် ထိခိုက် ပျက်စီးမှု မျှ မရှိဘဲ... မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ နှစ်ဦး ၏ နဖူး အလယ်တည့်တည့် သို့ ဝင်ရောက် သွားတော့၏။

"ဝီ..."

မျက်စိတစ်မှိတ် အတွင်းမှာပင်၊ သူတို့ နှစ်ဦးစလုံး သည် သူတို့၏ စိတ်အာရုံ များ ထဲတွင် ဆူညံစွာ မြည်ဟည်း သွားသည်ကို ခံစားလိုက်ရပြီး၊ ခေါင်းများ မူးဝေသွား၏။ ချာချာလည် နေသော ထို ခံစားချက် ကြီးက သူတို့ကို အမှောင်ကမ္ဘာ ကြီး တစ်ခု ထဲသို့ ပြုတ်ကျ သွားသကဲ့သို့ ခံစားလိုက်ရစေသည်။

သူတို့၏ အာရုံခံစားမှု များ အားလုံး ပျောက်ဆုံး သွားပြီး၊ မျက်စိလည် လမ်းမှား ဖြစ်သွားကာ... အလင်းရောင် အရိပ်အယောင် လေး တစ်ခု ကိုမျှ မမြင်တွေ့ ရတော့ချေ။

"ဒါ... ဒါ ဘာ တာအို မန္တန်စွမ်းအား ကြီးလဲ"

"ငါ... ငါ ဘာဖြစ်သွားတာလဲ။ ငါ့ ခန္ဓာကိုယ် ဘယ်ရောက်သွားပြီလဲ။ ငါ့ မန္တန်စွမ်းအား တွေ ဘယ်ရောက်သွားပြီလဲ။ ငါ့ အာရုံခြောက်ပါး ကရော... ဘာလို့ ငါ ဘာကိုမှ အာရုံခံ လို့ မရတော့တာလဲ။ ငါ့ကို အပြင် ပေးထွက်စမ်း"

သူတို့ နှစ်ဦးစလုံး မှာ အကြီးအကျယ် ထိတ်လန့် ကြောက်ရွံ့ သွားကြပြီး၊ သူတို့၏ အသိစိတ် များမှာ ပြင်းထန်စွာ လှိုင်းထ လှုပ်ရှား လာကာ... ဤ အမှောင်ကမ္ဘာ ကြီးကို ရိုက်ခတ် ထိုးဖောက်ရန် ကြိုးစား နေကြ၏။

အပြင်ဘက် တွင်မူ၊

သူတို့၏ မျက်နှာ အမူအရာများ မှာ ရုတ်တရက် ဗလာကျင်း သွားပြီး၊ သူတို့၏ ခန္ဓာကိုယ် ပတ်လည်တွင် စုစည်းထားသော မန္တန် အရှိန်အဝါ များမှာလည်း အပိုင်းပိုင်း အစစ ပြိုကွဲ ပျံ့နှံ့ သွားသည်။

သူတို့ ယခုလေးတင် ထုတ်ဖော် အသုံးပြု ခဲ့သော တာအို မန္တန်စွမ်းအား များမှာလည်း... တာအိုရုပ်သေး ၏ ကိုယ်ပေါ်သို့ မရောက်မီလေး တွင်ပင် လုံးဝ ပြိုကျ ပျက်စီး သွားခဲ့လေတော့၏။

အခန်း (၅၃၀) - အင်ပါယာ နန်းတော် ဆီသို့ ဦးတည်ခြင်း (အပိုင်း - ၃)

တာအိုဆရာ မုရီ ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး၊ သူ၏ မန္တန်စွမ်းအား များကို အလျင်အမြန် စုစည်းကာ ခုခံ ကာကွယ်ရန် ပြင်လိုက်၏။ သို့သော် တာအို ရုပ်သေး က လက်တစ်ချက် ဝှေ့ယမ်း လိုက်သည့် အခိုက်အတန့် တွင်၊ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် မှာ ပြင်းထန်စွာ လှိုင်းထ သွားတော့၏။

နောက်တစ်စက္ကန့် တွင်၊

တာအိုဆရာ မုရီ သည် ဟွမ် မိသားစု ၏ မိသားစု ခန်းမဆောင်ကြီး နောက်ဖေး ခြံဝင်း ထဲမှနေ၍ ဟွမ်လင်း တောင်တန်း ၏ အပြင်ဘက်ရှိ... သူတို့ ရှီ မိသားစု ၏ စစ်သင်္ဘောကြီး ပေါ်သို့ ရုတ်တရက် ချက်ချင်း ရောက်ရှိ သွားသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိလိုက်ရသည်။

ထို အတွေ့အကြုံ က တာအိုဆရာ မုရီ ၏ ကျောရိုး တစ်လျှောက် စိမ့်တက်သွားစေပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး ကြက်သီးမွေးညင်းများ ထောင်မတ် သွားကာ... ချွေးစေးများ ပေါက်တီးပေါက်ပေါက် ကျဆင်း လာစေသည်။ သူသည် ဘာစကား တစ်ခွန်းမျှ မဟနိုင်တော့ဘဲ၊ ထိုနေရာတွင်ပင် ဆွံ့အ မှင်သက်စွာ ရပ်နေမိလေတော့၏။

တာအိုဆရာ မုရီ တစ်ယောက် အခြေအနေကို နားလည် သဘောပေါက်ရန် ကြိုးစားနေဆဲ အချိန်လေး တွင်ပင်၊ အနက်ရောင် ပုံရိပ် နှစ်ခု သည် ဟွမ် မိသားစု ၏ နယ်မြေ အတွင်းမှ အပြင်သို့ အရှိန်ပြင်းပြင်းဖြင့် ပစ်ပေါက် ခံလိုက်ရသည်။ ကြယ်ပျံ နှစ်စင်း အလား လေထဲတွင် လွင့်ပျံ လာသော ထို ပုံရိပ် နှစ်ခု သည်... အမည်မသိ အနက်ရောင် မှော်စွမ်းအား တစ်ခု ၏ ချုပ်နှောင်မှု ကြောင့် လုံးဝ (လုံးဝ) ခုခံနိုင်စွမ်း မရှိတော့ဘဲ... အောက်ဘက်ရှိ တောင်ကုန်း နှစ်ခု ဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက် ထိုးကျ သွားတော့၏။

"ဝုန်း..."

လောကကြီး တစ်ခုလုံး တုန်လှုပ် သွားပြီး၊ တောင်ကုန်း နှစ်ခုစလုံး မှာ အလယ်ဗဟို မှနေ၍ အပိုင်းပိုင်း အစစ ကွဲအက် ပြိုကျ သွား၏။

အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် များဖြင့် တောင်ကုန်း များကို ဖောက်ထွင်း ဝင်ရောက် သွားခဲ့ကြပြီး၊ တောင်ကုန်း တစ်ခုစီ ၏ ထက်ဝက်ခန့် မှာ သူတို့၏ ရိုက်ခတ်မှု ကြောင့် ပြိုကျ ပျက်စီး သွားခဲ့ရသည်။

သူတို့ သည် တောင်ကုန်း များ၏ အနောက်ဘက်ရှိ မြေကြီး အောက် အနက်ပိုင်း ထိတိုင်အောင် ထိုးဖောက် ဝင်ရောက် သွားခဲ့ကြ၏။

မြေကြီး အောက် အနက်ပိုင်း သို့ ရောက်ရှိသွားပြီး အချိန် အတန်ကြာမှသာ... အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့သည် သူတို့၏ ခန္ဓာကိုယ် များကို ချုပ်နှောင်ထားသော မှော် အတားအဆီး များနှင့် သူတို့၏ ဒန်တျန် ပေါ်တွင် ခတ်နှိပ်ထားသော 'ယင်' ဟူသည့် အင်မော်တယ် စာလုံး ၏ အာနိသင် မှ ရုန်းထွက် လွတ်မြောက် နိုင်ခဲ့ကြသည်။ သူတို့ သည် မြေအောက် မှနေ၍ အလျင်အမြန် ခုန်ထွက် လာကြပြီး၊ သူတို့၏ အရှိန်အဝါ များမှာ အနည်းငယ် ကမောက်ကမ ဖြစ်နေကာ... ပါးစပ် ထောင့်စွန်းများ မှလည်း သွေးများ စီးကျ နေ၏။ သူတို့၏ အသွင်အပြင် မှာ အလွန်တရာ သနားစရာ ကောင်းလောက်အောင် စုတ်ပြတ်သတ် နေတော့၏။

ဤအခိုက်အတန့် တွင်၊ သူတို့၏ မျက်ဝန်းများ ထဲ၌ ဖုံးကွယ်၍ မရနိုင်သော အကြောက်တရား များ နှင့် ထိတ်လန့် ပျာယာခတ်မှု များ အထင်းသား ပေါ်လွင် နေ၏။

သူတို့ နှစ်ဦးစလုံး ချိပ်ပိတ် ခံလိုက်ရပြီး ဟွမ် မိသားစု ၏ နယ်မြေ ထဲမှ လွှင့်ပစ် ခံလိုက်ရသည့် အချိန်လေး တွင်... သေမင်း ၏ အရိပ်အယောင် ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

'သေစမ်း... တကယ့်ကို သေမင်း နဲ့ လက်တစ်ကမ်း အလိုပဲ။ ငါတို့ နှစ်ယောက်စလုံး သေပြီ လို့တောင် ထင်လိုက်တာ။'

သူတို့ နှစ်ဦးစလုံး သည် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းသော အသက်အန္တရာယ် ခြိမ်းခြောက်မှု မျိုးကို နောက်ဆုံး အကြိမ် ဘယ်အချိန်က ခံစားခဲ့ရဖူးသလဲ ဆိုသည်ကိုပင် ပြန်လည် မမှတ်မိနိုင်လောက်အောင် ဖြစ်နေကြလေပြီ။

တိတ်ဆိတ် ငြိမ်သက် သွား၏။

တာအိုဆရာ မုရီ ရုတ်တရက်ကြီး စစ်သင်္ဘော ပေါ်သို့ ပြန်ရောက်လာသည်ကို လည်းကောင်း၊ အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့ နှစ်ဦးစလုံး ဟွမ် မိသားစု ၏ နယ်မြေ ထဲမှ အပြင်သို့ ပစ်ပေါက် ခံလိုက်ရပြီး တောင်ကုန်း နှစ်ခုကို ဖောက်ထွင်း ဝင်ရောက် သွားသည်ကို လည်းကောင်း မြင်လိုက်ရသော အခါ...

အထက် ကောင်းကင်ယံ ရှိ စစ်သင်္ဘောကြီး ခြောက်စင်း ပေါ်တွင် အသင့် စောင့်ဆိုင်း နေကြသော အင်အားစု သုံးခု မှ ကျင့်ကြံသူ အားလုံး မှာ... လုံးဝ ဆွံ့အ မှင်သက် သွားကြတော့၏။

'ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ။'

'ငါတို့ရဲ့ အကြီးအကဲ သုံးယောက်စလုံး က ဘယ်လို လုပ်ပြီး ဒီလောက် သနားစရာ ကောင်းတဲ့ ပုံစံ နဲ့ အပြင် ရောက်လာရတာလဲ။'

ထိုအခိုက်အတန့် တွင်၊ ဟွမ် မိသားစု ၏ နယ်မြေ အတွင်းမှ အလွန်တရာ အေးဆေး တည်ငြိမ်လှသော အသံ တစ်သံ ထွက်ပေါ်လာသည်။ တာအို ရုပ်သေး က ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

"မင်းတို့ သုံးယောက်စလုံး ရဲ့ မိသားစု တွေ က တော်တော်လေး အင်အား တောင့်တင်း တာပဲ။ အခုလိုမျိုး လူတွေ အများကြီး ခေါ်ပြီး ငါ့ဆီကို အလည်လာတဲ့ အတွက်... ငါ တကယ် ဝမ်းသာပါတယ်"

"ဒါပေမဲ့... နောက်တစ်ခါ လာလည်ရင်တော့... ဒီထက် ပိုပြီး တိတ်တိတ်ဆိတ်ဆိတ် လာဖို့ မျှော်လင့်ပါတယ်"

"အဲဒီလိုမှ မဟုတ်ဘဲ ငါ ဒေါသ ထွက်လာပြီ ဆိုရင်တော့... မင်းတို့ရဲ့ ကျွန်းလေး တွေဆီကို လမ်းလျှောက် ထွက်လာမိလိမ့်မယ်"

"အထူးသဖြင့် မင်းပဲ၊ တာအိုမိတ်ဆွေ ရှီ... ကိုယ့် သေတွင်း ကိုယ် မတူးပါနဲ့"

"ကဲ... ငါ အချိန် အတန်ကြာ တံခါးပိတ် ကျင့်ကြံတော့မယ်။ မင်းတို့ရဲ့ အင်အားစု တွေကို ဒီကျွန်း ပေါ်ကနေ အပြီးတိုင် ရုပ်သိမ်း သွားဖို့ အတွက်... အချိန် လဝက် ပေးလိုက်မယ်"

"ကံကောင်းပါစေ"

တာအိုဆရာ မုရီ၊ အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် : "......"

ခဏအကြာတွင်၊ တာအိုဆရာ မုရီ သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး... သူ၏ ရင်ထဲတွင် ပွက်လောရိုက် နေသော အံ့အားသင့် ထိတ်လန့်မှု များကို ဖြည်းညင်းစွာ ဖိနှိပ် ချုပ်တည်း လိုက်၏။

နောက်ဆုံးတွင်တော့... ယခင်က သူ၏ လမ်းကြောင်း ကို ပိတ်ဆို့ တားဆီးခဲ့သော မျက်စိဖြင့် မမြင်နိုင်သည့် အတားအဆီး ကြီး မှာ အမှန်တကယ် ဘာကြီးလဲ ဆိုတာကို သူ သဘောပေါက် သွားခဲ့တော့၏။

'ခုနက ငါ့ကို ဟွမ် မိသားစု ရဲ့ နယ်မြေ ထဲကနေ အပြင်ကို လွှင့်ပစ်လိုက်တဲ့ စွမ်းအား က... ဟင်းလင်းပြင် စွမ်းအား ကြီး လား။'

'ပိုးစာပင် နယ်မြေ က တာအိုဆရာ အရိပ်နီ... သူက တကယ်ကြီး ဟင်းလင်းပြင် စွမ်းအား ကို ထိန်းချုပ် အသုံးပြု နိုင်တာလား။'

တာအိုဆရာ မုရီ သည် တွေဝေ ငေးမော သွားပြီး၊ သူ၏ စိတ်အာရုံ များကို ပြန်လည် တည်ငြိမ် စေရန် အတွက် သက်ပြင်း များကို တိတ်ဆိတ်စွာ အကြိမ်ကြိမ် ရှူထုတ် နေမိသည်။

'ဒါကြောင့် ကိုး...'

'ဒါကြောင့်များ... မူလဝိညာဉ် အဆင့် (၁) လောက်ပဲ ရှိတဲ့ ကောင် က... ငါ့ရဲ့ လမ်းကြောင်း ကို မျက်စိနဲ့ မမြင်ရတဲ့ အတားအဆီး ကြီး နဲ့ အလွယ်တကူ ပိတ်ဆို့ နိုင်ခဲ့တာကိုး။'

ထိုသူ ပြသ သွားခဲ့သော စွမ်းအား များမှာ တကယ့်ကို အံ့မခန်း ပင် ဖြစ်သည်။

ကြောက်မက်ဖွယ် ကောင်းလှသော ဟင်းလင်းပြင် စွမ်းအား များကို ထိန်းချုပ် နိုင်စွမ်း။

ထိုအချက်ကို သဘောပေါက် သွားသောအခါ၊ တာအိုဆရာ မုရီ ၏ မျက်ဝန်းများ ထဲတွင် ကြောက်ရွံ့ ရိုသေမှု၊ ထိတ်လန့်မှု၊ တုန်လှုပ်မှု နှင့်... ဟွမ် မိသားစု ၏ နယ်မြေ ရှိရာသို့ နောက်ကြောင်းပြန် လှည့်ကြည့် ရန်ပင် တွန့်ဆုတ် နေသော အရိပ်အယောင် များ ထွက်ပေါ် လာသည်။

'ဟွမ် မိသားစု က ဘာမှ ပြန်မခုခံ နိုင်ဘဲ သိမ်းပိုက် ခံလိုက်ရတာ... ဒီ ဟင်းလင်းပြင် စွမ်းအား ကြောင့် ဖြစ်ရမယ် မလား။'

‘စတုတ္ထအဆင့် တောင်တန်း ကာကွယ်ရေး အခင်းအကျင်း ကြီး ရှိနေရင်တောင်မှ... အဲဒီ လူကို ဘယ်လိုမှ တားဆီး နိုင်ခဲ့မှာ မဟုတ်ဘူး။

ဟွမ် မိသားစု အဲဒီလို ခံလိုက်ရသလိုပဲ...

သူတို့ ရှီ မိသားစု လည်း အလားတူ ခံရနိုင်တာပဲလေ။

ဆိုလိုတာက... တာအိုဆရာ အရိပ်နီ က သူတို့ ရှီ မိသားစု ကို အချိန်မရွေး လာရောက် တိုက်ခိုက် နိုင်ပေမဲ့... သူ နဲ့ သူ့ရဲ့ မိသားစု ကတော့ အတွင်း ထဲမှာ ရှိနေတဲ့ တာအိုဆရာ အရိပ်နီ ကို ဘာမှ ပြန်လုပ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။

ဟင်းလင်းပြင် စွမ်းအား... ဒီလောက် အစွမ်းထက် တဲ့ စွမ်းအား ကြီး ကို... နည်းနည်းလေး ပဲ ဖြစ်ဖြစ် ပိုင်ဆိုင် ထားတယ် ဆိုရင်တောင်... အဲဒါက သူ လုံးဝ (လုံးဝ) သွားပြီး မရန်စ ရဲတဲ့ အရာ မျိုးပဲ’

"ဟူး..."

တာအိုဆရာ မုရီ သည် သက်ပြင်းရှည် ကြီး တစ်ချက်ကို မှုတ်ထုတ် လိုက်ပြီး၊ သူ၏ ခေါင်းကို လှည့်ကာ... ယခုတိုင်အောင် အသိစိတ် လွတ်နေဆဲ ဖြစ်ပြီး ကြောက်လန့်တကြား ဆွံ့အ နေကြသော အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့ကို တစ်ချက် လှမ်းကြည့် လိုက်၏။ သူသည် ဘာစကား တစ်ခွန်းမျှ ထပ်မပြောတော့ဘဲ၊ နောက်သို့ လှည့်ကာ စစ်သင်္ဘော ၏ အခန်း အတွင်းသို့ ပြန်ဝင် သွားသည်။ ထို့နောက် ရှီ မိသားစု ၏ စစ်သင်္ဘောကြီး နှစ်စင်း ကို ထိုနေရာမှ အမြန်ဆုံး ဆုတ်ခွာ ထွက်ပြေးရန် အမိန့်ပေး လိုက်တော့၏။

တာအိုဆရာ မုရီ နှင့် ရှီ မိသားစု ၏ စစ်သင်္ဘောကြီး နှစ်စင်း အလျင်စလို ဆုတ်ခွာ သွားသည်ကို မြင်လိုက်ရမှသာ... အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့သည် သူတို့၏ အသိစိတ် များကို တဖြည်းဖြည်း ပြန်လည် စုစည်း နိုင်ကြသည်။

သူတို့ နှစ်ဦးစလုံး မှာ တစ်ဆက်ဆက် တုန်ယင် နေကြပြီး၊ ဟွမ် မိသားစု ၏ ဘိုးဘေး နယ်မြေ ကို အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့စွာ ဖြင့် လှမ်းကြည့် လိုက်ကြသည်။

သူတို့ နှစ်ဦးစလုံး သည် ခါးကို ညွှတ်ကာ... တုန်ယင် နေသော လေသံ ဖြင့် ပြိုင်တူ အော်ဟစ် ပြောဆို လိုက်ကြသည်။

"တာအိုမိတ်ဆွေ အရိပ်နီ... အခုလို သက်ညှာ ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ"

ဟွမ် မိသားစု ၏ ဘိုးဘေး နယ်မြေ အတွင်းမှ မည်သည့် တုံ့ပြန်မှု မျှ ထွက်ပေါ် မလာခဲ့ချေ။

သို့သော်ငြားလည်း၊ အရှင်သခင်ကြီး မုယွင် နှင့် အရှင်သခင်ကြီး ထိုက်ယွမ် တို့သည် နည်းနည်းလေး မျှပင် မကျေမနပ် ဖြစ်ရဲသော အရိပ်အယောင် မျိုး မပြဝံ့ကြချေ။ သူတို့သည် သူတို့ ခေါ်ဆောင် လာခဲ့သော စစ်သင်္ဘောကြီး များ ပေါ်သို့ အလျင်အမြန် ပြန်တက် သွားကြပြီး... သင်္ဘော များကို ချက်ချင်း ထွက်ခွာရန် အမိန့်ပေး လိုက်ကြတော့၏။

ဟွမ် မိသားစု ၏ နယ်မြေ အတွင်း၌မူ၊

တာအို ရုပ်သေး သည် အဝေးသို့ နက်ရှိုင်းစွာ ငေးကြည့် နေရင်း၊ လက်ဖက်ရည် အိုး နှင့် ပန်းကန်လုံး များ ကဲ့သို့သော ပစ္စည်း များကို ဖြည်းညင်းစွာ သိမ်းဆည်း နေသည်။ သူသည် ပျာယာခတ်စွာ ထွက်ပြေး သွားကြသော စစ်သင်္ဘောကြီး ခြောက်စင်း ကို ကြည့်ကာ စိတ်ထဲမှ တွေးလိုက်၏။

'ဒီလောက် ဆိုရင်တော့... သူတို့တွေ ဟွမ်လင်း ကျွန်း ကို ထပ်ပြီး လာစမ်းရဲကြတော့မှာ မဟုတ်ပါဘူး။'

‘မုဖုန်း ကုန်သွယ်ရေး အသင်း နဲ့ ထိုက်ယွမ် ကုန်သွယ်ရေး အသင်း တို့က ဖြေရှင်းရတာ သိပ်မခက်ပါဘူး။

ရှီကျဲ့ ကျွန်း က ရှီ မိသားစု ရဲ့ ရှေးဟောင်း ကျင့်ကြံသူ ကတော့ နည်းနည်း အစွမ်းထက်ပြီး၊ မူလဝိညာဉ် အဆင့် (၂) ကို ရောက်နေပြီ ဆိုပေမဲ့...

သူ့ကို ကိုင်တွယ်ရတာ လည်း သိပ်ပြီး ခက်ခဲတဲ့ ကိစ္စ တော့ မဟုတ်ပါဘူး။

ဒီတစ်ခါ အစွမ်းအစ နည်းနည်း ထုတ်ပြလိုက်တာ က... ဒီသုံးကောင်လုံး ကို အသေအလဲ ကြောက်သွားအောင် လုပ်ဖို့ လုံလောက် နေပါပြီ။

သူတို့ သုံးယောက်စလုံး ကို ဒီမှာ အပြီးအပိုင် ရှင်းပစ် ဖို့ ကိစ္စ ကတော့…’

အစတုန်း ကတော့ တာအို ရုပ်သေး ၏ စိတ်ထဲတွင် ထိုအတွေး မျိုး ဝင်လာခဲ့သေးသော်လည်း၊ ချက်ချင်းပင် ပြန်လည် ပယ်ဖျက် လိုက်၏။

‘တကယ်လို့ သူ က သာ ဒီသုံးယောက် ကို အပြီး ရှင်းပစ်လိုက်မယ် ဆိုရင်... နောက်ထပ် မုဖုန်း ကုန်သွယ်ရေး အသင်း၊ ထိုက်ယွမ် ကုန်သွယ်ရေး အသင်း နဲ့ ရှီကျဲ့ ကျွန်း တို့ကိုပါ ဆက်ပြီး သွားသိမ်းပိုက် နေရဦးမှာ မဟုတ်လား..

သူ၊ ကုန်းမြေမကြီး ပေါ်က ပိုးစာပင် နယ်မြေ ကနေ လာတဲ့ 'အပြင်လူ' တစ်ယောက် က... ချင်းရွှမ် ကျွန်းစု ရဲ့ ကျင့်ကြံခြင်း နယ်နိမိတ် ထဲကို အခုမှ ခြေချခါစ ရှိသေးတာ။ အဲဒါကို ဟွမ်လင်း ကျွန်း လို အင်အားစု တွေကို တစ်ခုပြီး တစ်ခု ဆက်တိုက် သိမ်းပိုက် နေမယ် ဆိုရင်…’

'ငါ က ငြိမ်ငြိမ်လေး နေချင်တာလေ... ပြဿနာ တွေ အများကြီး အရှာခံ နေရမှာပေါ့။'

‘တကယ်လို့ ငါက သာ အတင်းအဓမ္မ ဆက်လုပ် နေမယ် ဆိုရင်... ချင်းရွှမ် ကျွန်းစု က တခြား အင်အားစု တွေက သူ့ကို သတိထား လာကြလိမ့်မယ်။ ဒါမှမဟုတ် သူတို့ အချင်းချင်း ပူးပေါင်းပြီး ငါ့ကို ချင်းရွှမ် ကျွန်းစု ပင်လယ်ပြင် ဒေသ ကနေ မောင်းထုတ်ဖို့ ကြိုးစား လာကြလိမ့်မယ်။

အဲဒီလို ဖြစ်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စ မှ မဟုတ်တာ။

ငါ့ဆီမှာ အစွမ်းအစ တချို့ ရှိနေတာ မှန်ပေမဲ့... ချင်းရွှမ် ကျွန်းစု တစ်ခုလုံး မှာ ထင်တိုင်းကျဲ သောင်းကျန်း ဖို့ ဆိုရင်တော့...နည်းနည်း လိုနေသေးတယ်’

ထို့ကြောင့် သေချာ စဉ်းစား တွေးတော ပြီးနောက်...ယခု လုပ်နေသော အတိုင်းလေး ပဲ ဆက်လုပ်တာ အကောင်းဆုံး ပါပင်။

‘အစွမ်းအစ နည်းနည်း ထုတ်ပြလိုက်မယ်။ ဟွမ်လင်း ကျွန်း ကို သိမ်းပိုက် ထိန်းချုပ် နိုင်စွမ်း ရှိတယ် ဆိုတာ သက်သေပြမယ်။ ပြီးတော့ မုဖုန်း ကုန်သွယ်ရေး အသင်း လို ကြီးမားတဲ့ အင်အားစု သုံးခု ကို ကြောက်လန့် နောက်ဆုတ် သွားအောင် လုပ်လိုက်မယ်။

အဲဒီလို လုပ်လိုက်ရင်... ဆူညံသံ တွေ အများကြီး မထွက်တော့ဘူး။ တခြား ချင်းရွှမ် ကျွန်းစု က အင်အားစု တွေရဲ့ အာရုံစိုက်မှု ကို မခံရတော့သလို... သူတို့ရဲ့ အငြိုးအတေး တွေကိုလည်း ရှောင်လွှဲ နိုင်သွားလိမ့်မယ်’

တာအို ရုပ်သေး သည် စိတ်ထဲမှ တိတ်ဆိတ်စွာ တွက်ချက်လိုက်၏။

'ဒီလောက် ဆိုရင်တော့... ငါ ဟွမ်လင်း ကျွန်း ပေါ်မှာ အေးအေးချမ်းချမ်း နေလို့ ရသွားလောက်ပါပြီ။ ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း ရဲ့ အင်အား ကို တဖြည်းဖြည်း ကြီးထွား လာအောင် လုပ်မယ်... ချင်းရွှမ် ကျွန်းစု နဲ့ ဖူလင်း ပင်လယ်ပြင် ကျင့်ကြံခြင်း လောက တစ်ခုလုံး ဆီကနေ အရင်းအမြစ် တွေ စုဆောင်းမယ်... အနားယူမယ်... ပြီးတော့ ဒီ ရုပ်သေး ခန္ဓာကိုယ် ကို အဆင့်မြှင့်တင်မယ်။'

‘လောလောဆယ် မှာ အရေးကြီးဆုံး က... ဟွမ်လင်း ကျွန်း ကို တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ထိန်းထားဖို့ နဲ့...ငါ့ရဲ့ ကိုယ်ပိုင် အစွမ်းအစ တွေကို မြှင့်တင်ဖို့ ပဲ။

ဒီ တာအို ရုပ်သေး ကြီး က သာ စတုတ္ထအဆင့် အမြင့်ပိုင်း စွမ်းအား အပြည့်အဝ ကို ပြန်လည် ရရှိသွားတဲ့ အချိန်ကျရင်... ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး ဆိုရင်တောင် ဘာများ အရေးစိုက်စရာ လိုတော့မှာလဲ။

မူလဝိညာဉ် အလယ်အလတ် အဆင့် ဆိုရင်တောင်... သူ က အနိုင်မတိုက်နိုင်ရင်တောင်မှ အလွယ်တကူ ပြန်လည် ခုခံပြီး လွတ်မြောက် သွားနိုင်စွမ်း ရှိနေပြီလေ။

အဲဒီ အချိန်ကျရင်... သတိထား ရမယ့် ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး က မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ကလွဲရင်... ကျန်တဲ့ ဘယ်သူ က မှ မတားဆီး နိုင်တော့ဘူး’

‘လာပြီး တိုက်ခိုက် ရဲတယ် ပေါ့လေ။

ဒါဆိုရင်တော့ ငါ့ရဲ့ လက်တုံ့ပြန်မှု တွေကို ခံစားဖို့သာ ပြင်ထားပေတော့။

အဲဒီ အချိန်ကျရင်တော့... ငါက ချင်းရွှမ် ကျွန်းစု မှာ တကယ့်ကို အခိုင်အမာ ခြေကုပ် ယူနိုင်သွားပြီ ဖြစ်လိမ့်မယ်’

*

မုဖုန်း ကုန်သွယ်ရေး အသင်း၊ ထိုက်ယွမ် ကုန်သွယ်ရေး အသင်း နဲ့ ရှီကျဲ့ ကျွန်း က ရှီ မိသားစု တို့ ဟွမ်လင်း ကျွန်း မှ ပျာယာခတ်စွာ ဆုတ်ခွာ ထွက်ပြေး သွားကြပြီးနောက်... ဟွမ်လင်း ကျွန်း ပေါ်ရှိ အဓိက ကျင့်ကြံခြင်း မိသားစု ကြီး နှစ်ခု ဖြစ်သော လျူ မိသားစု နှင့် မင် မိသားစု တို့၏ ခေါင်းဆောင်များ နှင့် ဘိုးဘေးကြီး များ သည်... တာအိုဆရာ အရိပ်နီ ကို လာရောက် ဖူးတွေ့ရန် အတွက် ဟွမ်လင်း တောင်တန်း သို့ ရိုသေ ကျိုးနွံစွာဖြင့် ရောက်ရှိ လာကြ၏။

သို့သော်ငြားလည်း၊ သူတို့ သည် တာအို ရုပ်သေး ကို မျက်မြင်တွေ့ခွင့် ပင် မရခဲ့ကြဘဲ... နောက်ဆုံးတွင် တာအိုဆရာ နဂါးနက် နှင့်သာ တွေ့ဆုံ ခွင့် ရခဲ့ကြသည်။

သူတို့ သည် တာအိုဆရာ အရိပ်နီ ၏ အုပ်ချုပ်မှု အောက်တွင် အညံ့ခံ ဝင်ရောက်မည့် အကြောင်းကို တာအိုဆရာ နဂါးနက် မှတစ်ဆင့် သဝဏ်လွှာ ပါးလိုက်ကြ၏။

တာအိုဆရာ နဂါးနက် သည် သူတို့ မိသားစု တွင် ရှိသမျှသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူ များ အားလုံးကို ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း တွင် အလုပ်အကျွေး ပြုရန် အတင်းအဓမ္မ ခေါ်ယူ စုဆောင်း လိုက်၏။ တစ်ချိန်တည်း မှာပင်... မိသားစု နှစ်ခုစလုံး ကို ကြီးကြပ် ကွပ်ကဲရန် နှင့် မျိုးဆက်သစ် ခေါင်းဆောင်များ ကို ပျိုးထောင်ရန် အတွက် အခြားသူ များကို တာဝန် ပေးအပ် လိုက်၏။

ဟွမ်၊ ကျင်း၊ လျူ နှင့် မင် မိသားစု တို့ သည် ကျွန်းပေါ်တွင် အတူတကွ ပူးတွဲ နေထိုင် ကြရမည် ဖြစ်သည်။

တာအိုဆရာ နဂါးနက် သည် မည်သည့် မိသားစု ကိုမျှ ဟွမ်လင်း ကျွန်း သို့မဟုတ် ကုန်သွယ်ရေး အသင်း အပေါ်တွင် တစ်ဦးတည်း ကြီးစိုး လွှမ်းမိုးခွင့် ပေးမည် မဟုတ်ချေ။

ဟွမ်လင်း ကျွန်း ၏ အခြေအနေ များ အလုံးစုံ တည်ငြိမ် သွားပြီးနောက်၊ တာအို ရုပ်သေး သည် တာအိုဆရာ နဂါးနက် ကို ပိုးစာပင် နယ်မြေ သို့ ပြန်လည် စေလွှတ်ကာ... ကုန်းယွဲ့ ကုန်သွယ်ရေး အသင်း ၏ ချင်းရွှမ် ကျွန်းစု ကျင့်ကြံခြင်း နယ်နိမိတ် အတွင်းရှိ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ် များကို ကြီးကြပ် ကွပ်ကဲရန် အတွက် ကောင်းယွမ်ယွမ် ကို သွားရောက် ခေါ်ဆောင် စေခဲ့သည်။

တစ်ချိန်တည်း မှာပင်... တာအို ရုပ်သေး သည် ဟွမ်လင်း ကျွန်း မှ တိတ်တဆိတ် ထွက်ခွာ လာခဲ့ပြီး၊ နေရာရွှေ့ပြောင်း အခင်းအကျင်း ကို ရှာဖွေရန် အတွက် ချင်းရွှမ် ကျွန်း ဆီသို့ ဦးတည် ထွက်ခွာ လာခဲ့သည်။

သူ၏ အစီအစဉ် မှာ ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး ၏ နေရာရွှေ့ပြောင်း အခင်းအကျင်း ကို အသုံးပြု၍ ပိုင်လင်း ကျွန်း သို့ သွားရောက်ရန် ဖြစ်ပါ၏။ ထိုမှတစ်ဆင့် ပိုင်လင်း ကျွန်း ပေါ်ရှိ ဧရာမ နေရာရွှေ့ပြောင်း အခင်းအကျင်း ကြီး ကို အသုံးပြုကာ မြေကမ္ဘာအင်မော်တယ် နယ်မြေ သို့ ပြန်လည် သွားရောက်ရန်ပင်။

အခန်း (၅၃၁) - ထိုက်ရွှီ မဟာမိတ် အဖွဲ့ ၏ ခေါင်းဆောင် လား (အပိုင်း - ၁)

အဆုံးအစမရှိ ကျယ်ပြန့်လှသော ပင်လယ်ပြင်ကြီး သည် အချိန်နှင့်အမျှ အဆက်မပြတ် ပြောင်းလဲ နေတတ်သည်။ တစ်ခဏတာမျှ နေရောင်ခြည်များ တောက်ပကာ ပူပြင်း နေသော်ငြားလည်း၊ နောက်တစ်ခဏ တွင်မူ ကောင်းကင် တစ်ခုလုံး မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်း သွားပြီး... လေပြင်း မုန်တိုင်းကြီးများ ကောင်းကင်ယံ ထက်တွင် ရုတ်တရက် ဆောင့်အောင့် တိုက်ခတ် လာတတ်သည်။

တာအို ရုပ်သေး သည် သူ၏ ယာဉ်ပျံ ကို မောင်းနှင်ကာ ချင်းရွှမ် ကျွန်း ဆီသို့ ဦးတည် ရွက်လွှင့် လာခဲ့သည်။ လမ်းခရီး တစ်လျှောက်တွင် ပင်လယ်ပြင် မုန်တိုင်း များနှင့် အကြိမ်ကြိမ် ကြုံတွေ့ ခဲ့ရပြီး၊ ပင်လယ် သားရဲများ နှင့် ပျံသန်းနိုင်သော မိစ္ဆာကောင် အုပ်စု ခြောက်စု ခန့်ကိုလည်း ဖြတ်ကျော် ခဲ့ရသည်။ ထို့အပြင် ပင်လယ် မိစ္ဆာ အုပ်စု ဆယ်စု ကျော်ခန့် ၏ ရှိနေမှုကို အာရုံခံ မိခဲ့သလို၊ တတိယအဆင့် ကို ကျော်လွန်နေသော ပင်လယ် မျိုးနွယ်စု များ၏ ရှိနေမှုကိုလည်း နှစ်ကြိမ်တိုင်တိုင် သတိပြု အာရုံခံ မိခဲ့၏။

'ဟူး... တော်သေးလို့ပေါ့။ ငါသာ 'ယင်' အင်မော်တယ် စာလုံး ကနေ ဟင်းလင်းပြင် တာအို ပညာရပ် ကို နားလည် သဘောပေါက် မထားခဲ့ရင်... ဒီ ပင်လယ်ပြင်ကြီး ထဲမှာ ဘယ်ကောင်တွေရဲ့ အစာ သွားဖြစ်နေမလဲ မသိဘူး။'

ကံကောင်းထောက်မစွာဖြင့်၊ တာအို ရုပ်သေး သည် သူ၏ အရှိန်အဝါ များနှင့် သွားလာ လှုပ်ရှားမှု များကို ဖုံးကွယ်ရန် အတွက် ထို ဟင်းလင်းပြင် တာအို ပညာရပ် ကို အပြည့်အဝ အသုံးပြုနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ဒဏ္ဍာရီလာ ချင်းရွှမ် ကျွန်းစု ၏ အလယ်ဗဟို တွင် တည်ရှိသော ချင်းရွှမ် ကျွန်း သို့ မည်သည့် အန္တရာယ်၊ မည်သည့် ပြဿနာ မျှ မရှိဘဲ အေးချမ်း ချောမွေ့စွာ ဆိုက်ရောက် လာခဲ့ခြင်း ပင် ဖြစ်သည်။

ချင်းရွှမ် ကျွန်း ၏ အပြင်ဘက် ဆိပ်ကမ်း ဒေသ တွင်မူ ချင်းလင်း အင်မော်တယ် မြို့တော် တည်ရှိ၏။

တာအို ရုပ်သေး သည် အဖြူရောင် ဆံပင်များ နှင့် ရွှေအမြုတေ အစောပိုင်း အဆင့် သာမန် ကျင့်ကြံသူ အဖိုးအို တစ်ဦး အဖြစ် ရုပ်ဖျက် လိုက်သည်။... ချင်းလင်း အင်မော်တယ် မြို့တော် ရှိ တည်းခိုခန်း တစ်ခု တွင် ယာယီ တည်းခို နေထိုင် လိုက်၏။

'ဒီလို အဖိုးကြီး ရုပ်ဖမ်းထားမှပဲ အေးဆေး နေရမှာလေ။ သောက်ရုပ်ချောချော နဲ့ သွားသွားလာလာ လုပ်နေရင် ပြဿနာ တွေက အလိုလို လာရှာဦးမယ်။'

တည်းခိုခန်း အခန်း အတွင်း၌၊ တာအို ရုပ်သေး သည် ရွှေပုစဉ်း နည်းစနစ် ကို အသက်သွင်း လိုက်ရာ... သူ၏ စိတ်အာရုံ အတွင်းရှိ နတ်ဘုရား ဝိညာဉ် သည် အတောင်ပံ နှစ်ဖက် ပါရှိသော ရွှေရောင် ပုစဉ်း တစ်ကောင် အဖြစ်သို့ အသွင်ပြောင်း သွား၏။

သူ၏ မျက်ဝန်းများ ထဲတွင် မျက်စိကျိန်းမတတ် တောက်ပလှသော ရွှေရောင် နတ်ဘုရား အလင်းတန်း များ ထွက်ပေါ်လာလေသည်။ သူ၏ နတ်ဘုရား ဝိညာဉ် ၏ အကြည့်များ သည် ဟင်းလင်းပြင် နှင့် အတားအဆီး အားလုံးကို ဖောက်ထွင်း ကျော်လွန်ကာ... ချင်းလင်း အင်မော်တယ် မြို့တော် နှင့် ချင်းရွှမ် ကျွန်း ပေါ်ရှိ အခြားသော နေရာ ဒေသများ အားလုံးကို စူးစမ်း ကြည့်ရှု နေတော့၏။

ချင်းလင်း အင်မော်တယ် မြို့တော် သည် ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး ၏ ပိုင်နက် အောက်တွင် ရှိသော ဆိပ်ကမ်း မြို့တော် တစ်ခု ဖြစ်ပြီး၊ ၎င်းကို ဂိုဏ်း ၏ အပြင်ဘက် ဒေသ အဖြစ် သတ်မှတ် ထားကြသည်။

ဟွမ်လင်း ကျွန်း မှ ဟွမ် မိသားစု ၏ ခေါင်းဆောင် ဖြစ်သူ ဟွမ်ဖူ ၏ ပြောပြချက် အရ ဆိုလျှင်... ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး ၏ နေရာရွှေ့ပြောင်း အခင်းအကျင်း မှာ ဂိုဏ်း ၏ တောင်တံခါး အတွင်း၌ တည်ရှိနေခြင်း မဟုတ်ဘဲ၊ ဤ ချင်းလင်း အင်မော်တယ် မြို့တော် အတွင်း၌ တည်ရှိနေခြင်း ပင်။

ဤသို့ ပြုလုပ်ထားခြင်း အားဖြင့်၊ ၎င်းသည် ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး မှ ကျင့်ကြံသူ များကို အလုပ်အကျွေး ပြုရုံ သာမက... ချင်းရွှမ် ကျွန်း သို့ လာရောက် လည်ပတ်ကြသော အခြား ပြင်ပ မှ ဧည့်သည်များ အတွက်ပါ ဝန်ဆောင်မှု ပေးနိုင်၏။

ပထမ အချက် အနေဖြင့်၊ ဤအရာက ချင်းရွှမ် ကျွန်း ၏ စည်ကား သိုက်မြိုက်မှု ကို ပိုမို အားကောင်း စေပြီး၊ ဖူလင်း ပင်လယ်ပြင် ဒေသ ရှိ အခြားသော ကျွန်းကြီးများ နှင့်ပါ ဆက်သွယ်မှု များကို တည်ဆောက် ပေးနိုင်သည်။ ဒုတိယ အချက် အနေဖြင့်၊ သူတို့သည် နေရာရွှေ့ပြောင်း အခင်းအကျင်း ကို အသုံးချကာ အရင်းအမြစ် အချို့ကို အခကြေးငွေ အဖြစ် ရှာဖွေ စုဆောင်း နိုင်သဖြင့်... တကယ့်ကို အကျိုးအမြတ် များလှသော လုပ်ရပ် တစ်ခု ပင် ဖြစ်၏။

ယခုအခါ တွင်မူ၊ တာအို ရုပ်သေး သည် ထို နေရာရွှေ့ပြောင်း အခင်းအကျင်း ၏ တည်နေရာ ကို တိတ်တဆိတ် စူးစမ်း ထောက်လှမ်း နေလေပြီ။

သူသည် ချင်းလင်း အင်မော်တယ် မြို့တော် ၏ အလယ်ဗဟို ဒေသ... ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး ၏ အခြေစိုက် စခန်း တည်ရှိရာ အရပ် ဆီသို့ စူးစိုက် ကြည့်ရှု လိုက်၏။

ထို အင်မော်တယ် နန်းတော် ၏ အနက်ပိုင်း တွင်၊ နေရာရွှေ့ပြောင်း အခင်းအကျင်း ၏ စင်မြင့် ကြီးကို သူ ရှင်းလင်းစွာ မြင်တွေ့ လိုက်ရသည်။

'အင်း... ဖီးနစ် နယ်မြေ ရဲ့ ဖီးနစ် အင်မော်တယ် တောင်ကြား အပျက်အစီး ထဲမှာ တွေ့ခဲ့ရတဲ့ ယဇ်ပလ္လင် နဲ့တော့ သိပ်ပြီး ကွာခြားမှု မရှိပါဘူး။ ဒါပေမဲ့ အရွယ်အစား ကတော့ အဲဒီထက် တစ်ဝက်လောက် သေးနေတယ်။'

ဤ ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး ၏ နေရာရွှေ့ပြောင်း အခင်းအကျင်း သည်... အကွာအဝေး ကန့်သတ်ချက် ရှိသော အသေးစား နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခု အဖြစ်သာ သတ်မှတ်၍ ရနိုင်သည်။

'ဒီ နေရာရွှေ့ပြောင်း အခင်းအကျင်း ကို သုံးဖို့ အတွက် ကုန်ကျစရိတ် က ဘယ်လောက်များ ရှိမလဲ မသိဘူး။'

တာအို ရုပ်သေး သည် နေရာရွှေ့ပြောင်း အခင်းအကျင်း ကို တွေ့လိုက်ရသောအခါ၊ ရင်ထဲတွင် သက်ပြင်း တစ်ချက်ကို အလိုအလျောက် မှုတ်ထုတ် လိုက်မိ၏။ ဤ နေရာရွှေ့ပြောင်း အခင်းအကျင်း ရှိနေသရွေ့... ပိုင်လင်း ကျွန်း သို့ သွားမည့် သူ၏ ခရီးစဉ် မှာ အများကြီး ပိုမို လွယ်ကူ အဆင်ပြေ သွားမည် ဖြစ်သည်။

နောင်တစ်ချိန် တွင်... မြေကမ္ဘာအင်မော်တယ် နယ်မြေ နှင့် ဖူလင်း ပင်လယ်ပြင် ဒေသ အကြား သွားလာရန် အတွက် သူ၏ ထံတွင် ဖြတ်လမ်း တစ်ခု ရှိနေတော့မည် မဟုတ်ပါလော။

ခေတ္တမျှ စဉ်းစား တွေးတော ပြီးနောက်။

တာအို ရုပ်သေး သည် တည်းခိုခန်း ပိုင်ရှင် ထံမှ နေရာရွှေ့ပြောင်း အခင်းအကျင်း ၏ အသုံးပြုခ ကုန်ကျစရိတ် ကို သွားရောက် စုံစမ်းရန် အတွက် အခန်း ထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ် မှာပင်... သူ၏ ရွှေပုစဉ်း နည်းစနစ် ၏ အမြင်အာရုံ ထဲသို့ အလွန် ရင်းနှီး ကျွမ်းဝင် နေသော ပုံရိပ် တစ်ခု လုံးဝ မမျှော်လင့်ဘဲ ဝင်ရောက် လာခဲ့၏။

ထိုလူ သည် ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး မှ လူအုပ်ကြီး တစ်ခု နှင့် အတူ နေရာရွှေ့ပြောင်း အခင်းအကျင်း ရှိရာ အရပ်ဆီသို့ လျှောက်လှမ်း လာနေသည်ကို မြင်တွေ့ ရပြီး၊ နေရာရွှေ့ပြောင်း အခင်းအကျင်း ၏ အပြင်ဘက် တွင် ရပ်တန့် သွားကြသည်။

တာအို ရုပ်သေး ၏ မျက်လုံးအိမ် များမှာ ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင် သွားတော့၏။

"သူ... ဟုတ်နေတာလား"

'ဟင်... ဒီကောင်. ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ ငါ မျက်စိများ မှားနေတာလား။ မဖြစ်နိုင်ဘူး... ငါ့ရဲ့ အာရုံ က လုံးဝ မမှားနိုင်ဘူး။'

ဟိုးဘက် တွင်မူ၊

အစိမ်းရောင် ဝတ်ရုံ နှင့် လူ တစ်ဦး သည် ရယ်မောလျက် ပြောလိုက်၏။

"တာအိုမိတ်ဆွေ ထိုက်ရွှီ... ဒီတစ်ခေါက် အကြီးအကဲ ဟွမ်ချန် ကိုယ်တိုင် ကိုယ်ကျ လာရောက် လည်ပတ်တာ က... တကယ့်ကို ကြီးမားတဲ့ ကိစ္စကြီး တစ်ခု ပါပဲ။ ကြည့်ရတာ... ခင်ဗျား တို့ နဲ့ ရွှမ်ထျန်း ဂိုဏ်း အကြား က ဆက်ဆံရေး က တစ်နေ့တခြား ပိုပိုပြီး ကောင်းမွန် လာနေတဲ့ ပုံပဲ"

အဖြူရောင် ဝတ်ရုံ ကို ဝတ်ဆင်ထားသော... ခန့်ညား တည်ကြည်သည့် မျက်နှာ အသွင်အပြင် နှင့် အေးစက်စက် အရိပ်အယောင် အချို့ ပါဝင်သော လူလတ်ပိုင်း အရွယ် လူတစ်ဦး သည် ခပ်ဟဟ ပြုံးလိုက်ပြီး ပြန်ဖြေသည်။

"အဆင်ပြေပါတယ်။ တာအိုမိတ်ဆွေ ချင်းရွှမ် ရဲ့ အကူအညီ ကြောင့်သာ အခုလို အဆင်ပြေ သွားရတာပါ။ တကယ်လို့သာ ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး ရဲ့ နေရာရွှေ့ပြောင်း အခင်းအကျင်း သာ မရှိခဲ့ဘူး ဆိုရင်... ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ရွှမ်ထျန်း ဂိုဏ်း ကို သွားရောက် လည်ပတ်ဖို့ ဆိုတာ ကျွန်တော်တို့ အတွက် ဒီလောက် လွယ်ကူခဲ့မှာ မဟုတ်ပါဘူး"

ထို အစိမ်းရောင် ဝတ်ရုံ နှင့် လူမှာ အခြားသူ မဟုတ်ဘဲ၊ ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး ၏ ဂိုဏ်းချုပ် ပင် ဖြစ်၏။

တာအို ရုပ်သေး သည် သူ၏ ရွှေပုစဉ်း နည်းစနစ် မှတစ်ဆင့် ထိုလူ နှစ်ဦး ကို အလွန်အမင်း စူးစိုက် သတိထားကာ စောင့်ကြည့် နေသည်။

,

ချင်းရွှမ် ဂိုဏ်းချုပ် သည် အဖြူရောင် ဝတ်ရုံ နှင့် လူ ကို ကြည့်ကာ ရုတ်တရက် မေးလိုက်၏။

"တာအိုမိတ်ဆွေ ထိုက်ရွှီ နေထိုင်တဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ မှာ... ရှေးဟောင်း ခေတ် က အင်မော်တယ် ဂိုဏ်း တွေရဲ့ အပျက်အစီး အမွေအနှစ် တွေ အများကြီး ကျန်ရှိနေသေးတယ် ဆိုတာ ဟုတ်ပါသလား"

အဖြူရောင် ဝတ်ရုံ နှင့် လူ သည် သူ၏ မျက်ခုံး ကို အနည်းငယ် ပင့်လိုက်ပြီးနောက်... သူ၏ ရင်ထဲတွင် တိတ်တဆိတ် ရယ်မော လိုက်၏။

'ဟဲဟဲ... မင်း ငါ့အကွက် ထဲ ဝင်လာပြီပေါ့လေ။ ငါ ချင်းရွှမ် ကျွန်း ပေါ်မှာ စောင့်နေတဲ့ အချိန် အတွင်း တမင် သတင်းတွေ လွှင့်ထားခဲ့တာကို... မင်းက အငမ်းမရ လာဟပ်ပြီပဲ။'

ယခု ချင်းရွှမ် ဂိုဏ်းချုပ် က ဤကိစ္စကို ထုတ်ဖော် မေးမြန်း လာခြင်းမှာ၊ သူ အတိအကျ မျှော်လင့် စောင့်စား နေခဲ့သော ရလဒ် ပင် ဖြစ်သည်။

သို့သော် ဤအခိုက်အတန့် တွင်၊ သူသည် မျက်မှောင် အနည်းငယ် ကြုံ့လိုက်ပြီး... အချိန် အတန်ကြာ တွန့်ဆုတ် နေဟန် ပြုကာ သက်ပြင်း တစ်ချက်ကို ဖွဖွလေး ချလိုက်၏။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏။

"တာအိုမိတ်ဆွေ ချင်းရွှမ် က တကယ်ပဲ သတင်း အချက်အလက် ကြွယ်ဝ တာပါပဲ။ အဲဒီ သတင်း က တကယ် အမှန် ပါပဲ"

"ဒါပေမဲ့... အဲဒီ အပျက်အစီး နေရာတွေ က အခုမှ စပြီး ထွက်ပေါ် လာရုံပဲ ရှိပါသေးတယ်။ အဲဒါတွေကို အင်အားစု အမျိုးမျိုး က ဝင်ရောက် သိမ်းပိုက် ထိန်းချုပ် ထားကြပါပြီ။ အဲဒီ အမွေအနှစ် အပျက်အစီး တွေ အားလုံးမှာ ကိုယ်ပိုင် ပိုင်ရှင် တွေ ရှိနေကြပါပြီ"

"ဟားဟားဟား"

ချင်းရွှမ် ဂိုဏ်းချုပ် သည် အားရပါးရ ရယ်လိုက်ပြီး ပြောသည်။

"တာအိုမိတ်ဆွေ ထိုက်ရွှီ နေထိုင်တဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ အခြေအနေ ကို ကျွန်တော် နည်းနည်းပါးပါး တော့ လေ့လာ နားလည် ထားပါတယ်။ အဲဒီမှာ ရှိတဲ့ အင်အားစု တွေ က သာမန် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တချို့ လောက်ထက် မပိုပါဘူး... မူလဝိညာဉ် အလယ်အလတ် အဆင့် အရှင်သခင်ကြီး တစ်ပါး တောင် မရှိဘူး မလား"

"အဲဒီလို အင်အားစု လောက်လေး တွေ က ပိုင်ဆိုင်ထားတယ် ဆိုရင်တောင်... ဘာများ အရေးစိုက်စရာ ရှိလို့လဲ"

'ဒီကောင်တွေ က အကောင်ပလောင်လေး တွေပါ။ မူလဝိညာဉ် အလယ်အလတ် အဆင့် တောင် မရှိတဲ့ အမှိုက်ကောင် တွေ ကများ... ငါတို့ ချင်းရွှမ် ဂိုဏ်း နဲ့ လာယှဉ်ချင်သေးတယ်။ အဲဒီ ရှေးဟောင်း အမွေအနှစ် တွေ က ငါ့အတွက်ပဲ ဖြစ်ရမယ်။'

ချင်းရွှမ် ဂိုဏ်းချုပ် သည် ရယ်မောရင်း ခေါင်းကို ခါယမ်း လိုက်၏။ သူ၏ အမြင်တွင် ထိုကဲ့သို့သော အင်အားစု များမှာ... မုဖုန်း ကုန်သွယ်ရေး အသင်း နှင့် ထိုက်ယွမ် ကုန်သွယ်ရေး အသင်း တို့ကဲ့သို့ အင်အားစု ငယ်လေးများ ထက် လုံးဝ ပိုမို ကြီးမား နေခြင်း မရှိချေ။

သူတို့ကို အောက်ခြေသိမ်း အစေခံ လေးများ ဟု မခေါ်ဆိုနိုင်သော်ငြားလည်း၊ အကယ်၍ ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး က သာ မုဖုန်း ကုန်သွယ်ရေး အသင်း သို့မဟုတ် ထိုက်ယွမ် ကုန်သွယ်ရေး အသင်း တို့ကဲ့သို့ အင်အားစု များကို ပစ်မှတ်ထား တိုက်ခိုက်မည် ဆိုပါက... ထို 'အင်အားစု ငယ်' လေးများ မှာ အောက်ခြေသိမ်း အစေခံ လေးများ နှင့် သိပ်ပြီး ကွာခြားမှု ရှိမည် မဟုတ်ချေ။

သူတို့ နောက်ကွယ်က မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဘိုးဘေး တွေ သာ ထွက်မပြေးဘူး ဆိုလျှင်... ဘာမှ ပူပန်စရာ အကြောင်း မရှိပါ။

ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး အတွက်တော့... ရှေးဟောင်း အင်မော်တယ် ဂိုဏ်းကြီး များ ထံမှ ကျန်ရစ် ခဲ့သော အမွေအနှစ် များမှာ မြေကမ္ဘာအင်မော်တယ် နယ်မြေ မှ အင်အားစု ငယ်လေးများ ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ် များထက် များစွာ ပိုမို တန်ဖိုး ကြီးမား နေသည်မှာ ယုံမှား သံသယ ဖြစ်ဖွယ် မရှိချေ။ ထို့ကြောင့် ဤကဲ့သို့သော အန္တရာယ် မျိုးမှာ ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး အနေဖြင့် တစ်ခေါက်လောက် သွားရောက် စွန့်စား ရင်ဆိုင် ရန် အတွက် လုံးဝ တန်န်ဖိုး ရှိလှပေသည်။

ဒါပေါ့လေ။

အရေးအကြီးဆုံး အချက် ကတော့... သူတို့၏ ရှေ့တွင် ရှိနေသော ဤ တာအိုမိတ်ဆွေ သည် ရွှမ်ထျန်း ဂိုဏ်း ၏ အကြီးအကဲ ကို ကိုယ်တိုင် ကိုယ်ကျ ဖိတ်ခေါ်နိုင်ခဲ့ခြင်း ၏ နောက်ကွယ်မှ အကြောင်းရင်း အစစ်အမှန် ကို ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး က ရှာဖွေ တွေ့ရှိ သွားခဲ့သောကြောင့် ပင် ဖြစ်သည်။ ထို ရှေးဟောင်း အပျက်အစီး များ ထဲမှ မှော်လက်နက် အများအပြား ထွက်ပေါ် လာခဲ့သည် မဟုတ်ပါလော။

မှော်လက်နက်ပင်။

ဖူလင်း ပင်လယ်ပြင် ဒေသ တွင်... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အများအပြား မှာ မှော်လက်နက် တစ်ခုလေး ကိုမျှ ပိုင်ဆိုင် ထားခြင်း မရှိကြချေ။

'သေစမ်း... မှော်လက်နက် တဲ့လား။ ငါ့လို ချင်းရွှမ် ဂိုဏ်းချုပ်ကြီး တောင် အကြမ်းဖျင်း မှော်လက်နက် အဆင့်ပဲ ရှိတဲ့ လက်နက် တစ်ခုပဲ ရှိသေးတာ... သူတို့ဆီမှာ အဲဒီလောက် အများကြီး ထွက်တယ်ပေါ့လေ။'

ဤ ချင်းရွှမ် ဂိုဏ်းချုပ် ကိုယ်တိုင် ပင်လျှင်၊ လက်ရှိ အချိန်တွင် အကြမ်းဖျင်း ပုံစံ မျှသာ ရှိသေးသော မှော်လက်နက် တစ်ခု ကိုသာ ပိုင်ဆိုင် ထားသည်။

All Chapters