အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
အခန်း (၅၃၈) - ရှေးဟောင်း သားရဲ ဥ (အပိုင်း - ၁)
အချိန်တိုလေး အတွင်းမှာပင်၊ စုယွီ သည် တာ့ယွဲ့ တောင်တန်း ၏ အလယ်ဗဟို ဒေသ သို့ ဝင်ရောက် သွားခဲ့ပြီး၊ ယခင် လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် ကောင်းကင် နယ်မြေ တည်ရှိခဲ့ရာ မြေအောက် ချောက်ကမ်းပါး အက်ကွဲကြောင်း ဆီသို့ တည့်တည့်မတ်မတ် ဦးတည် သွားသည်။
'ဟူး... အရင်တုန်းက ဒီနေရာကို ရင်တထိတ်ထိတ်နဲ့ လာခဲ့ရတာ။ အခုတော့လည်း အေးဆေး ဖြစ်နေပြီပဲ။'
ထိုအခိုက်အတန့် တွင်၊
မြေအောက် အက်ကွဲကြောင်း ကမ္ဘာလေး အတွင်း၌။
မြွေလိပ်အိုကြီး သည် မြေအောက် ရေကန်နက်ကြီး တစ်ခု အတွင်း၌ အေးအေးလူလူ တရားထိုင် နေသည်။ ဤ အိမ်ဟောင်းလေး မှ နောက်ဆုံး အကြိမ် ထွက်ခွာ သွားခဲ့ပြီး နောက်ပိုင်း၊ ၎င်းသည် အပြင်ဘက် တွင် ဆယ်စုနှစ်ပေါင်း များစွာ နေထိုင် ခဲ့ပြီးမှ ပြန်လည် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ထို ကာလများ အတွင်း၊ ၎င်းသည် အိမ် အဖြစ် နေထိုင်ရန် အခြားသော ဝိညာဉ် နယ်မြေ များကို ရှာဖွေ ခဲ့သော်ငြားလည်း၊ မည်သည့် နေရာကမျှ ဤ အိမ်ဟောင်းလေး လောက် သက်သောင့်သက်သာ ရှိပြီး နွေးထွေးမှု မပေးစွမ်း နိုင်ခဲ့ချေ။
ထို့ကြောင့်ပင်၊ လွန်ခဲ့သော ဆယ်နှစ်ကျော် ခန့်က၊ ၎င်းသည် ဤနေရာ သို့ သတိကြီးစွာ ဖြင့် ပြန်လည် ရောက်ရှိ လာခဲ့၏။ အိမ်ဟောင်းလေး ထဲတွင် ဆယ်နှစ်ကျော် ကြာ ပုန်းအောင်း နေခဲ့သော်ငြားလည်း၊ ယခင်က လူသား ကျင့်ကြံသူ ပြန်လည် ရောက်ရှိ လာခြင်းကို လုံးဝ မတွေ့ရှိခဲ့ရချေ။ ထို့ကြောင့် မြွေလိပ်အိုကြီး ၏ ရင်တွင်းမှ သတိထား စောင့်ကြပ် နေမှုများ မှာ အတော်လေး လျော့ကျ သွားခဲ့ပြီး၊ သက်ပြင်း တစ်ချက်ကို အေးအေးဆေးဆေး ချနိုင်ခဲ့လေပြီ။
'ဟင်း... ဟို သောက်ရူး လူသား ကျင့်ကြံသူ ကတော့ ပြန်ပေါ်မလာတော့ဘူး ထင်ပါတယ်။ သေများ သွားပြီလား မသိဘူး။ သေသွားရင် ပိုကောင်းတာပဲ... ငါလည်း အေးဆေး အိပ်လို့ ရတာပေါ့။'
"ရွှေနန်းတော် ကြီးပဲ ဖြစ်ဖြစ်၊ ဝက်ခြံ နွားခြံ ပဲ ဖြစ်ဖြစ်... ငါ့ရဲ့ လိပ်ခွံ အိမ်လေး လောက်တော့ ဘယ်နေရာ မှ ဇိမ်မကျပါဘူး ကွာ"
ဟု မြွေလိပ်အိုကြီး သည် သူ့ဘာသာ ငြီးတွား ရေရွတ် လိုက်၏။
ခေတ္တမျှ တရားထိုင် ပြီးနောက်၊ မြွေလိပ်အိုကြီး သည် မြေအောက် အက်ကွဲကြောင်း ကမ္ဘာလေး အတွင်းရှိ နေရာ တစ်ခု ဆီသို့ လှမ်းကြည့် လိုက်၏။
ယခင်က ဤနေရာ တွင် ရှိနေခဲ့ဖူးသော မိစ္ဆာဘုရင် လေးပါး။
ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် မှာ လူသား ကျင့်ကြံသူ ၏ ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကို ခံခဲ့ရပြီး၊ ကျားမည်းကြီး မှာလည်း ထွက်သွားပြီး ကတည်းက လုံးဝ ပြန်မလာတော့ချေ။ ၎င်း ပြန်ရောက် လာပြီးနောက် နှစ်အနည်းငယ် အကြာတွင် နွားမည်းအိုကြီး တစ်ကောင်တည်း သာ ဤနေရာ သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။
'ကြွက်စုတ်လေး ကတော့ ဟို လူသား ဖမ်းသွား ကတည်းက အရိုးတောင် ဆွေးနေလောက်ပြီ။ ကျားမည်းကြီး လည်း ဘယ်ချောင် သွားသေနေလဲ မသိဘူး။ ဒီ နွားမည်းအိုကြီး ပဲ အရှက်မရှိ ပြန်ရောက် လာတယ်။'
သို့သော်ငြားလည်း၊ မြွေလိပ်အိုကြီး ကို အလွန်တရာ အမြင်ကတ် ဒေါသ ထွက်စေခဲ့သည်မှာ... ထို သောက်နွားကြီး သည် ၎င်း၏ ငယ်ချစ်ဟောင်း ကိုပါ ခေါ်ဆောင် လာခဲ့ပြီး၊ တစ်နေ့ကုန် တစ်နေ့ခန်း မြေအောက် အက်ကွဲကြောင်း ကမ္ဘာလေး အတွင်း၌ ဆူညံ သောင်းကျန်း နေကြသဖြင့်၊ မြွေလိပ်အိုကြီး ၏ အေးချမ်းမှုကို အနှောင့်အယှက် ပေးနေကြခြင်းတည်း။
'သောက်နွားကြီး... သူ့ဟာမ သူ ခေါ်လာတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ နေ့ရော ညပါ တအုန်းအုန်း တဒိုင်းဒိုင်း နဲ့... အားနေရင် ပလူးပလဲ လုပ်နေကြတာ။ ငါ့လို တစ်ကောင်တည်း သမား ကို လာပြီး အားကျအောင် လုပ်နေတာလား မသိဘူး။ အမြင်ကို ကတ်တယ်။'
"ဆိတ်မဖြူလေး က... နွားမည်းကြီး ကို ဘယ်လိုလုပ် သဘောကျသွားတာလဲ မသိပါဘူး ကွာ။ မျက်စိများ ကန်းနေလား မသိဘူး"
မြွေလိပ်အိုကြီး က တီးတိုး ရေရွတ် လိုက်၏။
သူ၏ အာရုံခြောက်ပါး စလုံးကို ပိတ်ဆို့ ချိတ်ပိတ် လိုက်ပြီးနောက်၊ မြွေလိပ်အိုကြီး သည် ၎င်း၏ နှစ်ခြိုက်စွာ အိပ်စက်ခြင်း တရားထိုင်မှုကို ဆက်လက် ပြုလုပ်ရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့် တွင်ပင်၊ မြွေလိပ်အိုကြီး ၏ ခန္ဓာကိုယ်ကြီး မှာ ပြင်းထန်စွာ တုန်ယင် သွားပြီး၊ အလွန်တရာ ကြီးမားလှသော ဂနာမငြိမ် ဖြစ်မှုကြီး တစ်ခု သည် ၎င်း၏ နှလုံးသား ထဲတွင် ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ် လာသည်။ ဤ ဂနာမငြိမ် ဖြစ်မှုကြီး မှာ... ယခင်က ၎င်း အန္တရာယ် နှင့် ကြုံတွေ့ရတိုင်း ခံစားရလေ့ ရှိသော ကြိုတင် နိမိတ်ပြ ခံစားချက်များ ထက် အဆပေါင်း များစွာ ပိုမို ပြင်းထန် လွန်းလှပေသည်။
'ဟိုက်... သေပြီ။ ငါ့ ရင်ဘတ် ထဲက ဒိန်းကနဲ ဖြစ်သွားတယ်။ ဒီလို ခံစားချက် မျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ သေချာတယ်... ဒီတစ်ခါတော့ တကယ့်ကို သေမယ့် ကိန်းပဲ။'
၎င်းသည် မျက်လုံးကြီး များကို ရုတ်တရက် ပြူးကျယ်စွာ ဖွင့်လိုက်ပြီး၊ ယခုလေးတင် ချိတ်ပိတ် ထားခဲ့သော အာရုံခြောက်ပါး စလုံးကို ပြန်လည် ဖွင့်လှစ် လိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်၊ တာ့ယွဲ့ တောင်တန်း အပေါ်သို့ ကျဆင်း လာသော... အလွန်တရာ အေးစက် ကြက်သီးထဖွယ် ကောင်းလှသည့် မိစ္ဆာ အရှိန်အဝါ ကြီး တစ်ခု ကို ၎င်း အာရုံခံ လိုက်မိသည်။ ထို အရာကြီး မှာ စိတ်ကူးဖြင့် မှန်းဆ ၍ပင် မရနိုင်လောက်အောင် မြန်ဆန်လှသော အရှိန်နှုန်း ဖြင့် ၎င်းထံသို့ ချဉ်းကပ် လာနေသည်။
မြွေလိပ်အိုကြီး ၏ မျက်လုံးအိမ် များမှာ အပ်ပေါက် တစ်ပေါက်စာ ခန့် အထိ ပြင်းထန်စွာ ကျုံ့ဝင် သွားပြီး၊ လုံးဝ မယုံကြည်နိုင်စွာ ဖြင့် ရေရွတ် လိုက်၏။
"ဒါ... ဒါ ဘာကြီးလဲ။ မိစ္ဆာဘုရင် လား"
"ဒါပေမဲ့ ဒီ အရှိန်အဝါ ကြီး က လမင်းမည်း ကျား မျိုးနွယ်စု က မိစ္ဆာဘုရင် ရဲ့ အရှိန်အဝါ မျိုး လုံးဝ မဟုတ်ဘူး ကွ"
ပြေး... မြန်မြန် ပြေးမှ ရတော့မယ်’
‘
မြွေလိပ်အိုကြီး မှာ အကြောက်လွန် ပြီး ဝိညာဉ် လွင့်မတတ် ဖြစ်သွား ရသည်။ ခေတ္တမျှ ဆွံ့အ မှင်သက် သွားပြီးနောက်၊ ၎င်းသည် ရေကန်နက်ကြီး ထဲမှနေ၍ အလျင်စလို ခုန်ထွက်ကာ ထွက်ပြေး တော့၏။
'ပြေး... မြန်မြန်ပြေးမှ။ ဒီမှာ ဆက်နေရင် အသေဆိုး နဲ့ သေရလိမ့်မယ်။ ငါ့ အသက် က အရေးအကြီးဆုံးပဲ။'
ထွက်ပြေး နေစဉ် အတွင်းမှာပင်၊ ၎င်းသည် နွားမည်းအိုကြီး ရှိရာသို့ လှမ်း၍ အော်ဟစ် သတိပေးရန် မမေ့လျော့ ခဲ့ချေ။
"နွားကြီး... မြန်မြန် ပြေးဟေ့။ အပြင်က မိစ္ဆာဘုရင် တစ်ကောင် ရောက်လာပြီ ကွ"
"ဝုန်း..."
ထိုနေရာမှ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်လှသော မြေပြင် တုန်လှုပ်သံ ကြီး တစ်ခု ထွက်ပေါ် လာပြီး၊ ခဏအကြာ တွင် အနက်ရောင် တစ်ခု၊ အဖြူရောင် တစ်ခု ဖြစ်သော ပုံရိပ် နှစ်ခု သည် တောင်ကြား တစ်ခု အတွင်းမှ အရှိန်ပြင်းပြင်း ဖြင့် ပြေးထွက် လာကြ၏။
နွားမည်းအိုကြီး ၏ အသွင်အပြင် မှာ သိပ်ပြီး ပြောင်းလဲ သွားခြင်း မရှိလှချေ။ ပေပေါင်း ဆယ်နှင့်ချီ၍ ကြီးမားလှသော ၎င်း၏ ခန္ဓာကိုယ်ကြီး သည် တောင်တန်းများ အကြားတွင် အပြေးအလွှား သွားလာ နေသည်။ မြေကြီးကို နင်းချေ နေသော နွားခွာကြီးများ ကြောင့် မြေပြင်မှာ တသိမ့်သိမ့် တုန်ခါ နေပြီး၊ ၎င်း၏ အရေပြား မှာ အနက်ရောင် ပိုးသား အလား ချောမွေ့ တောက်ပ နေ၏။
၎င်း၏ ခေါင်းပေါ်ရှိ ဦးချိုကြီးများ မှာ အလွန်တရာ ကြီးမား ထွားကျိုင်းလှပြီး၊ အဆုံးအစမဲ့သော ရက်စက် ကြမ်းကြုတ်မှု များကို ထုတ်လွှတ် နေသည်။ ဦးချို ဖျားလေးများ မှာ တောက်ပ နေပြီး၊ ၎င်း၏ ကြမ်းတမ်းသော ခန့်ညား ထည်ဝါမှု ကို အပြည့်အဝ ပြသ နေ၏။
အတိတ် က၊ နွားမည်းအိုကြီး သည် ၎င်း၏ ငယ်ချစ်ဟောင်း အား သူ့ကို ဘာကြောင့် သဘောကျ ရသနည်း ဟု မေးမြန်း ခဲ့ဖူးသည်။ သူမ က သူ၏ တောင့်တင်း ခိုင်မာလှသော ခန္ဓာကိုယ်ကြီး နှင့် ခမ်းနားလှသော ဦးချိုကြီးများ ကို သဘောကျပြီး၊ မြင်မြင်ချင်း အချစ် နှင့် ချစ်ကျွမ်းဝင် ခဲ့ရခြင်း ဖြစ်ကြောင်း ပြန်ဖြေ ခဲ့၏။ သူမ ၏ အဆိုအရ... သူသည် နွားများ အားလုံး ထဲတွင် ထိပ်တန်း အဆင့်မီသော အကောင် ပင် ဖြစ်သည်။
'ဟဲဟဲ... ငါ့ရဲ့ ဒီ တောင့်တင်းတဲ့ ခန္ဓာကိုယ် ကြီးရယ်၊ ခန့်ညားတဲ့ ချိုကြီး တွေရယ် က မိန်းမ တွေကို အသေ ဆွဲဆောင် နိုင်တာပဲ။ ငါက နွားတွေ ထဲမှာတော့ မင်းသားလေး ပဲ။'
ထိုစကားကို ကြားလိုက်ရသောအခါ နွားမည်းအိုကြီး မှာ အတိုင်းမသိ ဝမ်းသာ ပီတိ ဖြစ်သွား ခဲ့ရသည်။ ကြည့်ရသည်မှာ ၎င်းသည် အတော်လေး ချောမော ခန့်ညားသော နွား တစ်ကောင် ဖြစ်ပုံရ၏။
သို့သော်ငြားလည်း ဤအခိုက်အတန့် တွင်မူ၊ နွားမည်းအိုကြီး နှင့် ၎င်း၏ ငယ်ချစ်ဟောင်း တို့မှာ အတော်လေး စုတ်ပြတ်သတ် နေကြပြီး၊ သူတို့၏ အိမ်ထဲမှ အပြေးအလွှား ထွက်လာကာ... အပေါ်သို့ တက်လာသော လမ်းတွင် မြွေလိပ်အိုကြီး နှင့် ပက်ပင်း တိုးမိကြသည်။ နွားမည်းအိုကြီး က ပျာယာခတ်စွာ ဖြင့် မေးလိုက်၏။
"ဒီ မိစ္ဆာဘုရင် က ဘယ်ကောင်လဲ ဟ... ဘယ်က လာတာလဲ"
"ငါတို့ အသက်ရှင် လာခဲ့တာ ဒီလောက်တောင် ကြာပြီ... လမင်းမည်း ကျား မျိုးနွယ်စု က မိစ္ဆာဘုရင် ကိုပဲ မြင်ဖူးတာ"
"ငါက ဘယ်လိုလုပ် သိမှာလဲ။ အသေသာ ပြေးတော့"
မြွေလိပ်အိုကြီး ၏ ထွက်ပြေး လွတ်မြောက်မှု မှာ လျင်မြန် လှသော်ငြားလည်း၊ မြေပြင်မှာ ၎င်း၏ ကျက်စားရာ နယ်မြေ မဟုတ်သဖြင့်... အချိန်တို အတွင်းမှာပင် နွားမည်းအိုကြီး ၏ အမီလိုက်ခြင်း ကို ခံလိုက်ရသည်။
'လခွမ်း... ဒီ နွားကြီး က ပြေးတာတော့ တော်တော် မြန်တယ်။ ငါ က ရေထဲမှာ ဆိုရင်တော့ သူ့ကို အသာလေး ဖြတ်ပြေး နိုင်တာ။ အခုတော့ သူက ငါ့ကို ကျော်သွားပြီ။'
သို့သော် ထို မိစ္ဆာကြီး သုံးကောင် သည် မြေပြင် အထက်သို့ ရောက်ရှိ လာသည့် အခိုက်အတန့် လေး တွင်ပင်... သူတို့ လမင်းမည်း ကျား မျိုးနွယ်စု ၏ နယ်မြေ ရှိရာ အရပ်ဆီသို့ ထွက်မပြေးနိုင်မီ လေး တွင်... ကြောက်မက်ဖွယ် မိစ္ဆာ အရှိန်အဝါ ကြီး တစ်ခု သည် သူတို့၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျဆင်း လာတော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်၊ မိစ္ဆာကြီး သုံးကောင်စလုံး ၏ ခြေထောက်များမှာ ခွေယိုင် သွားကြပြီး... မြေပြင် ပေါ်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျ သွားကြကာ၊ လုံးဝ ထိန်းချုပ်၍ မရနိုင်လောက်အောင် တဆက်ဆက် တုန်ယင် နေကြတော့၏။
'သွားပြီ... ခြေထောက်တွေ အကုန် ပျော့ခွေ သွားပြီ။ ငါတို့တော့ သေဖို့သာ ပြင်ထားရတော့မယ် ထင်တယ်။ ဒီလောက် အစွမ်းထက်တဲ့ အရှိန်အဝါ မျိုး တစ်ခါမှ မကြုံဖူးဘူး။'
မိစ္ဆာကြီး သုံးကောင်စလုံး သည် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့စွာ ဖြင့် အော်ဟစ် တောင်းပန် လိုက်ကြသည်။
"အသက် ချမ်းသာ ပေးပါ မိစ္ဆာဘုရင် ကြီး... ချမ်းသာ ပေးပါ ခင်ဗျာ"
အထက် ကောင်းကင်ယံ တွင်မူ၊
ဟွမ်ကျူး သည် ချောက်ကမ်းပါး အက်ကွဲကြောင်း ၏ အောက်ဘက် မြေပြင် ပေါ်တွင် ဝပ်တွား ခယ နေကြသော မိစ္ဆာဘုရင် သုံးကောင် ကို ခံစားချက် ကင်းမဲ့စွာ ဖြင့် တစ်ချက် လှမ်းကြည့် လိုက်၏။ သူမ သည် သူတို့ကို အရေးမပါသော ပုရွက်ဆိတ် လေးများ အလား လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှု ထားလိုက်၏။
သို့သော်ငြားလည်း၊ ဟွမ်ကျူး ၏ ကျောပေါ်တွင် ရပ်နေသော စုယွီ သည် နွားမည်းအိုကြီး နှင့် မြွေလိပ်အိုကြီး တို့ကို မြင်လိုက်ရသောအခါ၊ အနည်းငယ် အံ့အားသင့် သွားပြီး ခေတ္တမျှ ရပ်တန့် သွားသည်။
သူသည် ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ကို ထိန်းချုပ် ဖမ်းဆီးခဲ့ပြီး ကတည်းက... မြေအောက် အက်ကွဲကြောင်း ကမ္ဘာလေး တွင် မူလက ရှိနေခဲ့ကြသော မိစ္ဆာဘုရင် အုပ်စု ကြီးမှာ လုံးဝ ပျောက်ကွယ် သွားခဲ့ကြပြီး၊ ထိုအချိန် မှစ၍ ဆယ်စုနှစ်ပေါင်း များစွာတိုင်အောင် အချိန်များ ကုန်လွန် ခဲ့ပြီ ဖြစ်သည်။
ဆယ်စုနှစ်ပေါင်း များစွာ တိုင်အောင် သူတို့ကို မတွေ့မမြင် ခဲ့ရသဖြင့်၊ စုယွီ သည် သူတို့ ရှိနေခဲ့ကြောင်း ကိုပင် လုံးဝ မေ့လျော့ နေလုမတတ် ဖြစ်နေခဲ့တော့၏။ ယခုတစ်ကြိမ် တာ့ယွဲ့ တောင်တန်း သို့ ပြန်လည် ရောက်ရှိ လာချိန်တွင် သူတို့နှင့် ဤသို့ မမျှော်လင့်ဘဲ ပြန်လည် ဆုံတွေ့ ရလိမ့်မည် ဟု သူ လုံးဝ မထင်မှတ် ထားခဲ့ချေ။
'ဟင်... ဒီကောင်တွေ ပါလား။ ဟိုတုန်းက ငါ့ကို အသေ ခြောက်လှန့် ခဲ့တဲ့ ကောင်တွေ။ ဆယ်နှစ်ကျော် နေမှ ပြန်တွေ့ရတာ... သူတို့လည်း သနားစရာ ကောင်းလောက်အောင် ကြောက်နေကြပါလား။'
စုယွီ သည် ခေတ္တမျှ စဉ်းစား တွေးတော လိုက်ပြီးနောက်၊ သူ၏ မှော်လက်နက် စံအိမ် အတွင်းမှ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ကို အပြင်သို့ လွှတ်ပေး လိုက်၏။
၎င်းသည် ဟွမ်ကျူး ၏ ကျောပေါ်သို့ ရောက်ရှိ သွားသည့် အခိုက်အတန့် တွင်ပင်၊ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် မှာ အကြောက်လွန် ပြီး သေးပင် ထွက်ကျ မတတ် ဖြစ်သွားရသည်။ ၎င်းသည် ခရမ်းရောင် လွတ်မြောက်ခြင်း အလင်းတန်း တစ်ခု အဖြစ် ချက်ချင်း အသွင်ပြောင်း ကာ ထိုနေရာမှ အမြန်ဆုံး ထွက်ပြေး တော့၏။
'သေစမ်း... ဒါ ဘယ်က မိစ္ဆာ အိုကြီး လဲ။ အရှိန်အဝါ ကြီး က ငါ့ကို အသက်ရှူ လို့တောင် မရအောင် ဖိနှိပ်ထားတယ်။ သူ့ကျောပေါ် နေရဲပါ့မလား... ပြေးမှ ပြေးမှ။'
၎င်းမှာ သေးငယ်သော မိစ္ဆာလေး တစ်ကောင် မျှသာ ဖြစ်သဖြင့်၊ ဟွမ်ကျူး ၏ ကျောပေါ်တွင် ရပ်နေရန် လုံးဝ မဝံ့ရဲခဲ့ချေ။
သို့သော် စုယွီ က မြေပြင် ပေါ်ရှိ မိစ္ဆာဘုရင် သုံးကောင် ရှိရာသို့ လက်ညှိုး ထိုးပြ လိုက်သော အခါ၊ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ၏ မျက်လုံးများမှာ အရောင်များ လင်းလက် တောက်ပ သွားပြီး... အလျင်စလို အော်ဟစ် လိုက်၏။
"ဟာ... နွားမည်းအိုကြီး နဲ့ မြွေလိပ်အိုကြီး ပါလား"
"အယ်... ပြီးတော့ နွားမည်းအိုကြီး ရဲ့ ငယ်ချစ်ဟောင်း ဆိတ်မလေး ပါ ပါလာသေးတာပဲ"
အတိတ် အချိန် က၊ စုယွီ သည် မိစ္ဆာဘုရင် လေးပါး နှင့် စတင် ဆုံတွေ့ ခဲ့စဉ်က... ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ၏ ကျင့်ကြံခြင်း အဆင့်မှာ အနိမ့်ဆုံး ဖြစ်ပြီး၊ ရွှေအမြုတေ အဆင့် (၄) နှင့်သာ သီသီလေး ညီမျှ နေခဲ့သည်။
သို့သော် ယခုအခါ တွင်မူ၊ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ၏ ကျင့်ကြံခြင်း အဆင့်မှာ တတိယအဆင့် အမြင့်ပိုင်း သို့ပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်ပြီး၊ ရွှေအမြုတေ အဆင့် (၈) နှင့် ညီမျှ နေခဲ့တော့၏။
အောက်ဘက်တွင် ရှိနေကြသော မြွေလိပ်အိုကြီး၊ နွားမည်းအိုကြီး နှင့် ၎င်း၏ ငယ်ချစ်ဟောင်း ဝိညာဉ်ဆိတ်မ တို့နှင့် ပတ်သက်၍မူ၊ သူတို့၏ ကျင့်ကြံခြင်း အဆင့်များ မှာ သိပ်ပြီး ကြီးကြီးမားမား ပြောင်းလဲ သွားခြင်း မရှိလှချေ။
မြွေလိပ်အိုကြီး နှင့် နွားမည်းအိုကြီး တို့ နှစ်ကောင်စလုံး သည် တတိယအဆင့် အထွတ်အထိပ် တွင် ရှိနေကြပြီး၊ ဝိညာဉ်ဆိတ်မ မှာမူ တတိယအဆင့် အမြင့်ပိုင်း တွင် ရှိကာ ၎င်း၏ အရှိန်အဝါ မှာ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် နှင့် အကြမ်းဖျင်း အားဖြင့် ညီမျှ နေသည်။ တတိယအဆင့် အထွတ်အထိပ် ထက် အနည်းငယ်သာ နိမ့်ကျ နေသည်။
မူလက စုယွီ ၏ အတွေးထဲတွင် ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ကို ၎င်း၏ မိတ်ဆွေဟောင်း များ နှင့် ပြန်လည် ဆုံတွေ့ ခွင့် ပေးလိုက်ရန်သာ စဉ်းစား ထားခဲ့သည်။ သို့သော် နောက်တစ်စက္ကန့် တွင်... ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် က ဤကဲ့သို့ အကြံပြု လာလိမ့်မည် ဟု သူ လုံးဝ မထင်မှတ် ထားခဲ့ချေ။
"သခင်... ကျွန်တော်တို့ ကျန်တဲ့ ကောင်တွေကို ပါ တစ်ခါတည်း သိမ်းသွင်း ဖမ်းဆီး လိုက်ကြမလား ဟင်"
'ဟဲဟဲ... ဒီကောင်တွေကို အရင်တုန်းက ငါ့ကို အထင်သေးခဲ့ကြတာ။ အခုတော့ သခင်ကြီး ရဲ့ ကျေးဇူးနဲ့ သူတို့ကိုပါ ငါ့လို ကျွန် အဖြစ် သွတ်သွင်း လိုက်မယ်။ ငါ့အလှည့် ရောက်ပြီကွ။’
အခန်း (၅၃၉) - ရှေးဟောင်း သားရဲ ဥ (အပိုင်း - ၂)
"နွားမည်းအိုကြီး က သားရေထူတယ်၊ အသားမာတယ်။ တစ်ခုခု အန္တရာယ် ရှိလာရင် သူက အသေခံ ဒိုင်းကာ လုပ်ပေးလို့ ရတယ်လေ"
"မြွေလိပ်အိုကြီး ကလည်း ကျင့်ကြံခြင်း အစွမ်းအစ နည်းနည်း ရှိတယ်။ ဝိညာဉ် သားရဲ တွေရဲ့ သွေးကြော ပါတယ် လို့လည်း ပြောကြတယ်... အသက်ကလည်း တော်တော် ကြီးနေပြီ ဆိုတော့... စတုတ္ထအဆင့် မိစ္ဆာဘုရင် တောင် ဖြစ်လာနိုင်သေးတယ်"
ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် သည် အတိတ်က မိစ္ဆာဘုရင် ကြီး လေးပါး စလုံးကို စုဆောင်း သိမ်းသွင်းချင်သည့် ဆန္ဒ အမြဲတမ်း ရှိခဲ့သည်။
'ဟဲဟဲ... အရင်တုန်းက သခင်ကြီး က သိပ်မစွမ်းသေးလို့ ဒီကောင်တွေ လွတ်သွားတာ။ အခုတော့ သွားပြီသာ မှတ်... ငါကတော့ လုံးဝ သက်ညှာပေးမှာ မဟုတ်ဘူး။'
သို့သော်ငြားလည်း၊ အတိတ် အချိန် က စုယွီ ၏ အစွမ်းအစ မှာ လုံလောက်စွာ မကြီးမားခဲ့သလို... နွားမည်းအိုကြီး နှင့် အခြား မိစ္ဆာများ သည်လည်း အရိပ်အယောင် ပင် မကျန်အောင် ပျောက်ကွယ် သွားခဲ့ကြသည်။
ထို့ကြောင့် ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် မှာ အရှုံးပေး လက်လျှော့ လိုက်ရုံမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိခဲ့ချေ။
သို့သော် ယခုအခါ တွင်မူ... သူတို့ သည် လုံးဝ မမျှော်လင့်ဘဲ နောက်တစ်ကြိမ် ပြန်လည် ပက်ပင်း တိုးမိကြ ပြန်လေပြီ။ ၎င်းအနေဖြင့် ထိုကောင်များကို လုံးဝ (လုံးဝ) သက်ညှာပေးမည် မဟုတ်ချေ။
ကြွက် တစ်ကောင် ဘဝ ဖြင့် နေရသည်မှာ အနည်းငယ် ပျင်းစရာ ကောင်းလှပြီး၊ ထိုက်ရွှီ ခေါ် ငှက်ကြီး မှာလည်း အကျင့်စရိုက် ထူးဆန်းကာ ၎င်းနှင့် လုံးဝ တည့်လေ့ မရှိချေ။
'ငှက်စုတ် က ငါ့ကို အမြဲတမ်း နှိမ်တယ်။ ငါ့ဘက်ပါမယ့် ကောင်တွေ များများ စုထားမှ ရမယ်။'
မည်သို့ပင် ဖြစ်စေကာမူ၊ ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် သည် ဤ မိစ္ဆာဘုရင် များကို သိမ်းသွင်းရန် အတွက် စုယွီ ကို သေချာပေါက် ဖျောင်းဖျ နားချ ရမည် ဖြစ်သည်။
စုယွီ သည် မျက်မှောင် အနည်းငယ် ကြုံ့လိုက်ပြီး၊ အကြီးအကဲ ဟွမ်ကျူး ကို အောက်ဘက်ရှိ မြေအောက် ချောက်ကမ်းပါး အက်ကွဲကြောင်း အတွင်းသို့ ဆင်းသက်စေကာ... မြွေလိပ်အိုကြီး၊ နွားမည်းအိုကြီး နှင့် ဝိညာဉ်ဆိတ်မ တို့၏ ရှေ့ မလှမ်းမကမ်း တွင် ရပ်တန့် လိုက်၏။
ထိုအခိုက်အတန့် တွင်မှ မြွေလိပ်အိုကြီး နှင့် နွားမည်းအိုကြီး တို့သည် စုယွီ၊ လော့ချန်ယွီ နှင့် ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် တို့ကို သတိပြု မိသွားကြသည်။
နွားမည်းအိုကြီး ၏ မျက်လုံးများမှာ ပြူးကျယ် ထွက်သွားသည်။ ၎င်းသည် စုယွီ ကို မယုံကြည်နိုင်စွာ ဖြင့် စိုက်ကြည့် လိုက်ပြီး၊ ထို့နောက် ဘေးတွင် ရပ်နေသော... အနည်းငယ် အသွင်ပြောင်း နေသည့် ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ကိုပါ ထပ်မံ ကြည့်လိုက်၏။
မြွေလိပ်အိုကြီး မှာလည်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
'ဒီ... ဒီ မိစ္ဆာဘုရင် ကြီး က...'
'ဟိုတုန်းက လူသား ကျင့်ကြံသူ ခေါ်လာတာလား။'
'ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ။'
'သွားပြီ... ငါတို့တော့ သွားပါပြီ။ သူ ဘယ်လိုလုပ် ဒီကို ပြန်ရောက်လာတာလဲ။' နွားမည်းအိုကြီး ၏ ရင်ထဲတွင် အကြီးအကျယ် အော်ဟစ် ညည်းတွား နေမိပြီး၊ နောင်တ တရားများ တရဟော ဝင်ရောက် လာသည်။ အတိတ် က ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ဖမ်းဆီး ခံရစဉ်က... ၎င်းသည် စုယွီ နှင့် တိုက်ခိုက် ခဲ့ဖူးသည် မဟုတ်ပါလော။
ယခုမူ ၎င်းသည် စုယွီ နှင့် ထပ်မံ ပက်ပင်း တိုးမိပြန်တော့၏။
ထို့အပြင် စုယွီ သည် ယခုတစ်ကြိမ်တွင် ပြိုင်ဘက်ကင်း မိစ္ဆာဘုရင် ကြီး တစ်ပါးကိုပါ ခေါ်ဆောင် လာခဲ့သေးသည်။
'ငါတို့ ပြန်ခုခံဖို့ ဆိုတာ အိပ်မက် တောင် မက်လို့ မရတော့ဘူး။ သေချာပေါက် အသေပဲ။'
စုယွီ သည် နွားမည်းအိုကြီး၊ မြွေလိပ်အိုကြီး နှင့် ဝိညာဉ်ဆိတ်မ တို့ကို တစ်ချက် ဝေ့ကြည့် လိုက်၏။ မူလက သူသည် မည်သည့် သားရဲ ကိုမျှ ထပ်မံ သိမ်းသွင်းရန် အစီအစဉ် မရှိခဲ့ချေ။ သို့သော် သေချာ ပြန်လည် စဉ်းစား ကြည့်လိုက်သော အခါ... သူတို့ကို အိမ်မွေး တိရစ္ဆာန် အဖြစ် ယဉ်ပါးအောင် မလုပ်လျှင်တောင်မှ၊ မိသားစု နှင့် ချစ်ရသူ များကို ကာကွယ် စောင့်ရှောက်ရန် အတွက် ခိုင်းစေနိုင်မည် ဆိုပါက... အတော်လေး အသုံးဝင်နိုင်သေးသည် မဟုတ်ပါလော။
ထို့အပြင်...
သူသည် လိပ်ခန္ဓာကိုယ်၊ မြွေခေါင်း နှင့် မြွေအမြီး ပါရှိသော ထို ထူးဆန်းသည့် မိစ္ဆာဘုရင် ကို စူးစိုက် ကြည့်လိုက်၏။
'သူ့မှာ ဝိညာဉ် သားရဲ တွေရဲ့ သွေးကြော ပါတယ် လို့ ပြောတာပဲ။'
'သူ့ရဲ့ အနှစ်သာရ သွေး တွေကို သုံးပြီး ဝိညာဉ် ပြုစုပျိုးထောင်ရေး ဆေးလုံး ဖော်စပ်လို့ ရနိုင်မလား။'
အကယ်၍ ရနိုင်မည် ဆိုပါက... မြေမီး တောက်မျောက် နှင့် အကြေးခွံမည်း သိမ်းငှက် တို့ ကဲ့သို့သော သူ၏ သားရဲ များ သည်လည်း... တတိယအဆင့် မိစ္ဆာ သားရဲ များ အဖြစ်သို့ အောင်မြင်စွာ ကျော်ဖြတ် ဝင်ရောက် သွားနိုင်ပြီး၊ သူတို့၏ သက်တမ်း များကို ထပ်မံ ဆွဲဆန့် နိုင်မည် ဖြစ်သည်။
အဲဒီလိုမှ မဟုတ်ရင်တော့... သူတို့ က မိစ္ဆာ သားရဲ တွေ ဖြစ်နေရင်တောင်မှ... သူတို့ရဲ့ သက်တမ်း က ကုန်ဆုံးလုနီးပါး ဖြစ်နေပြီလေ။
စုယွီ သည် မိစ္ဆာဘုရင် သုံးကောင် ကို ကြည့်ကာ ပြောလိုက်၏။
"မင်းတို့ က စကားပြော တတ်တယ် ဆိုကတည်းက... ဝိညာဉ် အသိဉာဏ် ပွင့်နေတဲ့ သားရဲတွေ ဖြစ်ရမယ်。 ကောင်းကင်မိုးကြိုး ကြွက် က မင်းတို့ အရင်တုန်းက ခင်မင်ခဲ့ကြတဲ့ သံယောဇဉ် ကြောင့် မင်းတို့ အတွက် အသက်ချမ်းသာ ပေးဖို့ တောင်းဆို နေလို့... ငါ မင်းတို့ကို အသက်ရှင်ခွင့် ပေးမယ်"
"ဒါပေမဲ့... ဒီကနေ့ ကစပြီး မင်းတို့ သုံးကောင်စလုံး ငါ့အတွက် အလုပ်အကျွေး ပြုရမယ်"
"တကယ်လို့များ မင်းတို့ ရင်ထဲမှာ အကြံဆိုး တွေ၊ မကောင်းတဲ့ အတွေးတွေ ရှိနေမယ် ဆိုရင်တော့... ငါ ရက်စက်တယ် လို့ မပြောနဲ့"
ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် ၏ မျက်လုံးများမှာ လည်ချာ လှည့်ပတ် သွားပြီး၊ ၎င်းသည် မြွေလိပ်အိုကြီး နှင့် နွားမည်းအိုကြီး တို့၏ ဘေးသို့ ကပ်သွားကာ... လွန်ခဲ့သော နှစ်များ အတွင်း ၎င်း ရရှိခဲ့သော ခံစားခွင့် များ နှင့် အတွေ့အကြုံ များကို တီးတိုး ပြောပြ ဖျောင်းဖျ တော့၏။
အစပိုင်း တွင် နွားမည်းအိုကြီး နှင့် မြွေလိပ်အိုကြီး တို့မှာ အနည်းငယ် တွန့်ဆုတ် ငြင်းဆန် လိုစိတ် ရှိနေကြသော်ငြားလည်း... ကောင်းကင်မိုးကြိုး ကြွက် မိစ္ဆာဘုရင် လွန်ခဲ့သော နှစ်များ အတွင်း ရရှိခဲ့သည့် ရတနာ များ အကြောင်း နှင့် ၎င်း၏ သွေးကြော များ မည်သို့မည်ပုံ အသွင်ပြောင်းလဲ သွားခဲ့ကြောင်း များကို ကြားသိလိုက်ရသော အခါ... သူတို့၏ ရင်ထဲတွင် မနာလို အားကျစိတ် များ နှင့်အတူ အနည်းငယ် စိတ်ယိမ်းယိုင် သွားကြသည်။
အလွန်တရာ ရက်စက် ကြမ်းကြုတ်မည့်ပုံ ပေါက်နေသော အကြီးအကဲ ဟွမ်ကျူး ၏ ခြိမ်းခြောက်မှု လည်း ပါဝင် နေသဖြင့်၊ သူတို့သည် ချက်ချင်းပင် အညံ့ခံ လိုက်ကြတော့၏။
နွားမည်းအိုကြီး နှင့် မြွေလိပ်အိုကြီး တို့ နှစ်ကောင်စလုံး သည် သူတို့၏ ခေါင်းများကို ငုံ့ချလိုက်ကြပြီး၊ စုယွီ ၏ ရှေ့တွင် ဒူးထောက် ခစား ကာ ရိုသေ ကျိုးနွံစွာ ဖြင့် နှုတ်ဆက် လိုက်ကြသည်။
"သံချပ်ကာ နွားမည်း ပါ..."
"မြွေလိပ် ခေါင်းဆောင် ပါ... သခင်ကြီး ကို ဂါရဝပြု ပါတယ် ခင်ဗျာ"
နွားမည်းအိုကြီး ၏ ဘေးတွင် ရှိနေသော ဝိညာဉ်ဆိတ်မ လေး မှာလည်း၊ သူမ ၏ 'ယောကျ်ား' ဖြစ်သူ အညံ့ခံ သွားသည်ကို မြင်လိုက်ရသောအခါ... သူမ လည်း လိုက်ပါ၍ ခေါင်းငုံ့ အညံ့ခံ လိုက်၏။ သူမ ၏ အသံလေး မှာ ဆယ်ကျော်သက် မိန်းကလေး တစ်ဦး၏ အသံလေး အလား အလွန်တရာ သာယာ နားပျော်ဖွယ် ကောင်းလှပေသည်။
"ဝိညာဉ်ဆိတ်မ ပါ... သခင်ကြီး ကို ဂါရဝပြု ပါတယ် ရှင်"
'ငါ့ယောကျ်ား ခေါင်းငုံ့မှတော့ ငါလည်း ငုံ့ရမှာပေါ့။ မုဆိုးမ တော့ အဖြစ်မခံနိုင်ဘူး။'
စုယွီ သည် ဤ အခြေအနေကို အလွန် ကျေနပ် အားရသွားပြီး၊ ခေါင်း တစ်ချက် ညိတ်ပြ ကာ... သူ၏ ကိုယ်ပိုင် မှော်လက်နက် စံအိမ် ကို ထုတ်ယူ လိုက်၏။
"မင်းတို့ ကောင်တွေ... အထဲကို အရင် ဝင်သွားနှင့်ကြ"
သူသည် နွားမည်းအိုကြီး နှင့် အခြား မိစ္ဆာဘုရင် များကို သူ၏ မှော်လက်နက် စံအိမ် အတွင်းသို့ ဝင်ရောက် စေလိုက်၏။
ထို့နောက် စုယွီ သည် လော့ချန်ယွီ၊ အကြီးအကဲ ဟွမ်ကျူး တို့နှင့် အတူ မြေအောက် ကမ္ဘာလေး အတွင်းသို့ တိတ်တဆိတ် ဝင်ရောက် သွားကြသည်။
မှိုင်းညို့ နေသော မြေအောက် ကမ္ဘာလေး အတွင်း၌၊ မရေမတွက်နိုင်သော ဝိညာဉ် အပင်များ သည် အစိမ်းရောင် ဖျော့ဖျော့ အလင်းတန်း လေးများကို ထုတ်လွှတ်ကာ ဖူးပွင့် နေကြပြီး... ဤ ကမ္ဘာလေး တစ်ခုလုံး အကြွင်းမဲ့ အမှောင်ထု အတွင်းသို့ သက်ဆင်း မသွားစေရန် တားဆီး ပေးထားကြသည်။
သူတို့၏ ရှေ့တည့်တည့် တွင်မူ... မျက်စိကျိန်းမတတ် တောက်ပလှသော အခင်းအကျင်း အတားအဆီး ကြီး တစ်ခု သည် ဤ ထူးခြားသော ကမ္ဘာလေး အတွင်းသို့ တောက်ပသော အလင်းရောင် တစ်ခုကို ယူဆောင် လာပေးနေသည်။
အခင်းအကျင်း ကြီး ၏ အပြင်ဘက် သို့ ရောက်ရှိသွားသော အခါ၊ စုယွီ ၏ ရွှေအမြုတေ အဆင့် (၄) ၏ ကျင့်ကြံခြင်း စွမ်းအားများ သည် ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ် လာပြီး... သူ၏ မန္တန်စွမ်းအား များ ဒလဟော စီးထွက် လာသည် နှင့်အမျှ၊ စုယွီ ၏ ခန္ဓာကိုယ် ပတ်လည်တွင် ဟင်းလင်းပြင် လှိုင်းဂယက် များ စတင် ထွက်ပေါ် လာသည်။
လော့ချန်ယွီ နှင့် အကြီးအကဲ ဟွမ်ကျူး တို့မှာ စုယွီ ၏ ဟင်းလင်းပြင် စွမ်းအား များကို ပထမဆုံး အကြိမ် အဖြစ် မျက်မြင် ကိုယ်တွေ့ မြင်တွေ့ လိုက်ရခြင်း ပင် ဖြစ်သည်။
လော့ချန်ယွီ ၏ မျက်ဝန်းများ ထဲတွင် အံ့အားသင့်မှု အရိပ်အယောင် များ အထင်းသား ပေါ်လွင် လာသည်။
အကြီးအကဲ ဟွမ်ကျူး ၏ မျက်လုံးကြီး များမှာလည်း အံ့ဩ တုန်လှုပ်မှု ကြောင့် ပြူးကျယ် ထွက်သွားပြီး၊ အသံကုန် အော်ဟစ် လိုက်၏။
"ဟင်းလင်းပြင် စွမ်းအား ကြီး ပါလား"
စုယွီ က ပြောလိုက်၏။
"အကြီးအကဲ... ချန်ယွီ... ဘာမှ ပြန်မခုခံ ပါနဲ့။ ကျွန်တော် ခင်ဗျားတို့ နှစ်ယောက်စလုံး ကို အထဲ ခေါ်သွားပေးပါ့မယ်"
"ဝီ..."
ဟင်းလင်းပြင် စွမ်းအား ၏ ပြင်းထန်သော တုန်ခါမှု များနှင့် အတူ၊ မျက်စိတစ်မှိတ် အတွင်းမှာပင်... စုယွီ၊ လော့ချန်ယွီ နှင့် အကြီးအကဲ ဟွမ်ကျူး တို့၏ ရှေ့မှ မြင်ကွင်းကြီး မှာ လုံးဝ အသွင်ပြောင်း သွားတော့၏။ ထို ဟင်းလင်းပြင် ကွက်လပ် ကြီး အတွင်းသို့ ဝင်ရောက် သွားသည့် စက္ကန့်ပိုင်း လေး အတွင်းမှာပင်၊ လော့ချန်ယွီ နှင့် အကြီးအကဲ ဟွမ်ကျူး တို့ နှစ်ဦးစလုံး မှာ ထို အတွေ့အကြုံ ကြောင့် အကြီးအကျယ် ဆွံ့အ မှင်သက် သွားကြရသည်။
အထပ်ထပ် အခါခါ ကာရံ ထားသော အနက်ရောင် ကန့်လန့်ကာ ကြီးများ အလား၊ အဆုံးအစမဲ့သော ဟင်းလင်းပြင် စွမ်းအား ၏ အရှိန်အဝါ ကြီး သည် သူတို့ကို အရပ်မျက်နှာ အားလုံး မှနေ၍ ဖိနှိပ် ချဉ်းကပ် လာသည်။ ထို ဟင်းလင်းပြင် အရှိန်အဝါ ကြီး ၏ ရှေ့မှောက်တွင်... အကြီးအကဲ ဟွမ်ကျူး ပင်လျှင် အနည်းငယ် ဂနာမငြိမ် ဖြစ်လာပြီး အသက်ရှူ ရပ်မတတ် မွန်းကြပ်မှု ကို ခံစား လိုက်ရသည်။
'ဘုရား... ဘုရား... ဒီကောင်လေး က ဟင်းလင်းပြင် စွမ်းအား တွေကို တကယ်ကြီး ထိန်းချုပ် နိုင်နေတာပဲ။ ငါတောင် သေမလို ခံစားနေရပြီ။'
သို့သော် စုယွီ သည် သူ၏ ကိုယ်ပိုင် မန္တန်စွမ်းအား များကို အသုံးပြုကာ ဟင်းလင်းပြင် အကာအကွယ် အလွှာ တစ်ခုကို အတင်းအဓမ္မ ဖန်တီး ဖွင့်လှစ် လိုက်၏။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအား များသည် ဒီရေ လှိုင်းလုံးကြီးများ အလား ဒလဟော စီးထွက် လာပြီး... သူ တစ်ယောက်တည်း ဟင်းလင်းပြင် ထဲသို့ ဝင်ရောက် စဉ်ကထက် အဆပေါင်း များစွာ ပိုမို မြန်ဆန်သော အရှိန်နှုန်း ဖြင့် စွမ်းအင်များကို ဝါးမျို စားသုံး နေသည်။
ကံကောင်း ထောက်မစွာ ဖြင့်။
သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်မှာ လုံးဝ အားနည်း နေခြင်း မရှိတော့ဘဲ၊ သူသည် ဓာတ်ကြီးငါးပါး ကျင့်စဉ် ကို ကျင့်ကြံ နေသူ ဖြစ်သဖြင့်... သူ၏ မန္တန်စွမ်းအား များမှာ အလွန်တရာ သိပ်သည်း ကြွယ်ဝ နေသည်။
လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် ကောင်းကင် နယ်မြေ အတွင်းသို့ အောင်မြင်စွာ ဝင်ရောက် သွားနိုင်သည့် အချိန်တွင်... စုယွီ သည် သူ၏ မန္တန်စွမ်းအား စုစုပေါင်း ၏ သုံးပုံတစ်ပုံ အောက် ကိုသာ အသုံးပြု ခဲ့ရ၏။ ဤအဖြစ်မှာ သူသည် လော့ချန်ယွီ နှင့် ဟွမ်ကျူး တို့ကို ဟင်းလင်းပြင် အတွင်းသို့ တစ်ပါတည်း ခေါ်ဆောင် လာခဲ့ရသောကြောင့် ပင် ဖြစ်ပါသည်။
လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် နယ်မြေ အတွင်းသို့ ဝင်ရောက် သွားသော အခါ၊ ပတ်ဝန်းကျင် အခြေအနေ များမှာ ယခင် အတိုင်းပင် ဘာမှ ပြောင်းလဲမသွားချေ။ ကြွယ်ဝ သိပ်သည်း လှသော ကောင်းကင် နှင့် မြေကြီး ၏ ဝိညာဉ် စွမ်းအင်များ သည် လွင့်စင် ပျောက်ကွယ်ခြင်း မရှိသော မြူခိုးမြူငွေ့ များ အဖြစ်သို့ ပြောင်းလဲ နေကာ၊ မျက်နှာ ကို လာရောက် ရိုက်ခတ် နေပြီး... ကျယ်ပြန့်လှသော လျှို့ဝှက် နယ်မြေ ကြီး ၏ အထက် ကောင်းကင်ယံ တွင် ရစ်ဝဲ နေကြတော့၏။
အခန်း (၅၄၀) - ရှေးဟောင်း သားရဲ ဥ (အပိုင်း - ၃)
ခပ်ပါးပါး တိမ်လွှာများ ဖုံးလွှမ်းနေသော အဓိက တောင်ထွတ်ကြီးများကို စုယွီ ငေးကြည့်ရင်း အတွေးနယ်လွန်နေ၏။
'ဒီတစ်ခေါက်တော့ ဒီ လော့ယွဲ့ မဟာမိတ် အဖွဲ့ ရဲ့ လျှို့ဝှက် နယ်မြေ အပျက်အစီး တစ်ခုလုံးကို အမွေးအမျှင် မကျန်အောင် သေချာ ပြန်မွှေရမယ်။ ပြီးတော့ ဒီနေရာကြီး တစ်ခုလုံးကို ငါ့ လက်အောက် အပြည့်အဝ ရောက်အောင် လုပ်မယ့် နည်းလမ်း ရှာမှကို ဖြစ်တော့မယ်။ အဲဒီလိုမှ မလုပ်ရင်... ယွီခယ်အာ တို့ အတွက် ဒီနေရာကြီး က လှောင်ချိုင့်ကြီး တစ်ခု လို ဖြစ်နေတော့မှာ။ ငါ့ မိန်းမ ကို ထောင်ချ ထားသလို ဘယ်ဖြစ်မလဲ။'
သူသည် စိတ်ကို ပြန်လည် စုစည်းလိုက်ပြီးနောက်၊ လော့ချန်ယွီ၊ ဟွမ်ကျူး တို့နှင့်အတူ ချင်းယွဲ့ တောင်ထွတ် ဆီသို့ ခပ်သွက်သွက် လျှောက်လှမ်း သွားသည်။
ညနေခင်း အချိန်သို့ ရောက်သော်၊ ချင်းယွဲ့ တောင်ထွတ် ပေါ်တွင်၊
စုယွီ နှင့် လော့ချန်ယွီ တို့.. တာ့ယွဲ့ နန်းတော် သို့ ပြန်လည် ရောက်ရှိလာခြင်း အထိမ်းအမှတ် အဖြစ်... ယခုမှ ထွက်ပေါ်လာကြသော ယွီခယ်အာ၊ မာထျန်းလင်၊ စုချီ၊ လော့ချင်းယာ နှင့် အခြားသူများ အားလုံး စုဝေးကာ အလွန်တရာ ခမ်းနား ကြီးကျယ်လှသော ညစာစားပွဲ ကြီး တစ်ခုကို ကျင်းပ ခဲ့ကြသည်။
ညဉ့်နက် သန်းခေါင်ယံ အချိန် ရောက်မှသာ လူစုကွဲ သွားကြပြီး၊ သူတို့၏ သစ်သားအိမ် လေးများ ဆီသို့ အသီးသီး ပြန်သွား ခဲ့ကြသည်။
အချိန် အတန်ကြာ ကွဲကွာ နေခဲ့ပြီးမှ ပြန်လည် ဆုံတွေ့ ရခြင်း ဖြစ်သလို၊ ဒီည စားပွဲတွင် ဝိညာဉ် အရက်များ လည်း အတော်လေး သောက်ထား ခဲ့ကြသဖြင့်... စုယွီ နှင့် ယွီခယ်အာ တို့ နှစ်ဦးစလုံး မှာ အလွန်အမင်း စိတ်လှုပ်ရှား ရင်ခုန် နေခဲ့ကြသည်။
အနှစ် သုံးဆယ် နီးပါးခန့် အချိန်များ ကုန်လွန် ခဲ့တော့၏။
ယွီခယ်အာ ၏ အသွင်အပြင် မှာ အနည်းငယ် ပြောင်းလဲ သွားခဲ့ပြီး၊ ပိုမို ရင့်ကျက် တည်ငြိမ် လာကာ... အိမ်ထောင်ရှင် အမျိုးသမီး ငယ်လေး တစ်ဦး၏ အငွေ့အသက် နှင့် ဟန်ပန် အပြည့်အဝ ရှိနေလေပြီ။ ခါးတွင် ပန်းရောင် ခါးပတ်လေး စည်းနှောင် ထားသော အနီရင့်ရောင် ဂါဝန် ရှည်ကြီး ကို ဝတ်ဆင် ထားသည့် သူမ သည်... အတိတ် က ကလေးဆန်ဆန် ရုပ်သွင် မျိုး လုံးဝ မရှိတော့ဘဲ၊ ရင့်ကျက် ပြည့်ဖြိုးသော မိန်းမပျို တစ်ဦး၏ ဆွဲဆောင်မှု ရှိလှသော ခန္ဓာ ကို အထင်းသား ပေါ်လွင် စေသည်။
သို့သော်ငြားလည်း၊ သူမ ၏ မွေးရာပါ ပါရမီ ကန့်သတ်ချက် များ နှင့်... ဤ စတုတ္ထအဆင့် ဝိညာဉ် သွေးကြော ပတ်ဝန်းကျင် တွင် နှစ်ပေါင်းများစွာ ကျင့်ကြံ ခဲ့ရသော်လည်း၊ သူမ ၏ ကျင့်ကြံခြင်း အဆင့်မှာ ရွှေအမြုတေ အဆင့် (၂) တွင်သာ ရှိနေသေး၏။
ရွှေအမြုတေ အဆင့် (၃) သို့ ရောက်ရှိရန် အတွက် ခရီး အလှမ်းဝေး နေဆဲ ပင်။
အခြား တစ်ဖက် တွင်မူ၊ သူမ ၏ မိခင် ဖြစ်သူ လော့ချင်းယာ သည် တည်ငြိမ်စွာ တိုးတက် လာခဲ့ပြီး၊ ယခုအခါ ရွှေအမြုတေ အဆင့် (၃) သို့ပင် ရောက်ရှိခါနီးနေတော့၏။
စုချီ နှင့် ယွီချန်ချင်း တို့မှာမူ အခြေခံ တည်ဆောက်ခြင်း အဆင့် (၉) တွင်သာ တစ်ဆို့ နေကြဆဲ ဖြစ်ပြီး၊ ရွှေအမြုတေ အဆင့် သို့ ကျော်ဖြတ် ဝင်ရောက် နိုင်မည့် အခွင့်အရေး ကို မရှာဖွေ နိုင်သေးချေ။
အံ့အားသင့်စရာ အကောင်းဆုံး ကတော့... သူတို့ အားလုံး ထဲတွင် အသက် အငယ်ဆုံး ဖြစ်သော မာထျန်းလင် ပင်။ စုယွီ မျက်ခြည်ပြတ် နေခဲ့သော ဤ အနှစ် သုံးဆယ် နီးပါး အချိန် ကာလ အတွင်း... သူမ သည် ရွှေအမြုတေ အဆင့် သို့ အောင်မြင်စွာ တက်လှမ်း နိုင်ခဲ့ရုံ သာမက၊ ရွှေအမြုတေ အဆင့် (၃) သို့ပင် ရောက်ရှိ နေလေပြီ။
သူမ သည် လွန်ခဲ့သော ဆယ်နှစ်ကျော် ကတည်းက ရွှေအမြုတေ အဆင့် ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ဆယ်စုနှစ် တစ်ခု ကျော်လေး အတွင်း မှာပင် ရွှေအမြုတေ အဆင့် သုံးဆင့် ကို ဆက်တိုက် ဖောက်ထွင်း နိုင်ခဲ့ခြင်း ဖြစ်သည်။
'ဒီ ကောင်မလေး... တကယ့် ဘီလူးမလေး ပဲ။ သူမ ရဲ့ ဟွိုင်ယင် ဝိညာဉ် ခန္ဓာကိုယ် က တကယ်ကို ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက် လာတာပဲ။'
မာထျန်းလင် က သူမ သည် ယခုအခါ 'အလှည့် ငါးကြိမ် ရွှေအမြုတေ' ကို ပုံဖော် တည်ဆောက် နိုင်ခဲ့ပြီ ဖြစ်ကြောင်း စုယွီ ကို လျှို့ဝှက်စွာ ဖွင့်ဟ ပြောဆို ခဲ့၏။
ဤမျှလောက် တောင့်တင်း ခိုင်မာလှသော အခြေခံ အုတ်မြစ် က... မာထျန်းလင် ၏ အနာဂတ် တိုးတက်မှု မှာ မူလဝိညာဉ် အဆင့် ကိုပင် သေချာပေါက် ကျော်လွန် သွားလိမ့်မည် ဆိုသည်ကို အထင်းသား သက်သေပြ နေသည်။
'တကယ်လို့များ ကြားထဲမှာ မတော်တဆ တစ်ခုခု ဖြစ်ပြီး စောစောစီးစီး လဲမသေသွားဘူး ဆိုရင်ပေါ့လေ... ဒီကောင်မလေး အနာဂတ် ကတော့ အတောက်ပဆုံးပဲ။'
နှစ်ခြိုက်စွာ အိပ်မောကျ နေသော ယွီခယ်အာ ကို ငေးကြည့်ရင်း၊ စုယွီ သည် ရင်ထဲတွင် တိတ်တဆိတ် တွေးတော နေမိ၏။
'ငါတို့ နှစ်ယောက် အတူတူ ကျင့်ကြံလို့ ရမယ့် နှစ်ကိုယ်တူ ကျင့်ကြံခြင်း နည်းလမ်း တစ်ခုခုများ သွားရှာရရင် ကောင်းမလား။ အဲဒီလို လုပ်လိုက်ရင် ခယ်အာ ရဲ့ ကျင့်ကြံခြင်း အဆင့် က နည်းနည်းပါးပါး တိုးတက် လာနိုင်ပြီး၊ ရွှေအမြုတေ အဆင့် (၉) အထိတောင် ရောက်သွားနိုင်တယ်လေ။ အနည်းဆုံးတော့ အဲဒီ အဆင့် ရောက်သွားရင် သူမ အနေနဲ့ အနှစ် ငါးရာ လောက်တော့ အသက်ရှင် နိုင်သွားပြီ။'
'ဒါပေမဲ့... မူလဝိညာဉ် အဆင့် ကို ဆက်တက်ဖို့ ကိစ္စ ကတော့...'
စုယွီ မှာ သက်ပြင်းသာ ချနိုင်သည်။
မူလဝိညာဉ် ဖန်တီးရေး ဆေးလုံး များ ဆိုသည်မှာ... မူလဝိညာဉ် အဆင့် သို့ တက်လှမ်းရန် ပိတ်ဆို့မှု အကြပ်အတည်း နှင့် ရင်ဆိုင် နေရသော ကျင့်ကြံသူ များ အတွက်သာ မူလဝိညာဉ် ဖွဲ့တည်နိုင်ရန် အောင်မြင်နိုင်ခြေ ကို တိုးမြှင့် ပေးနိုင်စွမ်း ရှိပါ၏။
'တကယ်လို့ သူမ က မူလဝိညာဉ် အဆင့် ရဲ့ ပိတ်ဆို့မှု အကြပ်အတည်း အထိတောင် မရောက်နိုင်ဘူး ဆိုရင်တော့... မူလဝိညာဉ် အဆင့် ကို တက်ဖို့ ဆိုတာ လုံးဝ (လုံးဝ) မျှော်လင့်ချက် မရှိတော့ဘူးပဲ။'
အချိန် အတန်ကြာအောင် သေချာစွာ တွေးတော ပြီးနောက်၊ စုယွီ သည် သူ၏ ခေါင်းထဲမှ အတွေးများကို ဖိနှိပ် ချေဖျက် လိုက်၏။
သူ၏ စိတ်အာရုံ အတွင်း၌၊ သူသည် ရွှေပုစဉ်း နည်းစနစ် ကို ဝိညာဉ် ဖြင့် အသက်သွင်း လိုက်ရာ... မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ဝိညာဉ် မှာ ရွှေရောင် ပုစဉ်း တစ်ကောင် အဖြစ်သို့ အသွင်ပြောင်း သွားသည်။ သူ၏ မျက်ဝန်းများ ထဲမှ မျက်စိကျိန်းမတတ် တောက်ပလှသော ရွှေရောင် အလင်းတန်း များ စုစည်း သွားပြီး၊ လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် ကောင်းကင် နယ်မြေ အမွေအနှစ် အပျက်အစီး တစ်ခုလုံး ကို အနှံ့အပြား စူးစမ်း ကြည့်ရှု လိုက်၏။
'ဒီ လျှို့ဝှက် နယ်မြေ ကြီး ရဲ့ အဓိက အူတိုင် ကို ရှာတွေ့မှ... ဒီနေရာ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လို့ ရမှာ။ ဘယ်နား သွားပုန်းနေလဲ ရှာရမယ်။'
ရွှေပုစဉ်း နည်းစနစ် က ပေးစွမ်းသော ထူးခြား ဆန်းကြယ်လှသည့် အမြင်အာရုံ ဖြင့်၊ စုယွီ သည် ဟင်းလင်းပြင် နှင့် အခြားသော အတားအဆီး များ အားလုံးကို ဖောက်ထွင်း မြင်နိုင်စွမ်း ရှိနေသည်။ သူသည် ချင်းယွဲ့ တောင်ထွတ် တစ်ခုလုံး ကို ဦးစွာ ရှာဖွေ လိုက်သည်။ ချင်းယွဲ့ တောင်ထွတ် တွင် ဘာတစ်ခုမှ မကျန်ရစ်စေရန် သေချာအောင် စစ်ဆေး ပြီးနောက် မှသာ... သူ၏ အကြည့်များ ကို အခြားသော အဓိက တောင်ထွတ် များ ဆီသို့ ပြောင်းရွှေ့ လိုက်၏။
လျှို့ဝှက် ကောင်းကင် နယ်မြေ တစ်ခုလုံး မှာ ညဉ့်ယံ အမှောင်ထု အောက်တွင် လွှမ်းခြုံ နေပြီး၊ မှေးမှိန်သော လရောင်လေး များက တောင်ထွတ် တစ်ခုချင်းစီ အပေါ်သို့ ပိတ်ပါးလွှာ လေး တစ်ခု အလား ဖြာကျ နေသည်။
စုယွီ သည် အဓိက တောင်ထွတ် အသီးသီး ကို လည်းကောင်း၊ အင်မော်တယ် နန်းတော် များ ၏ အကြွင်းအကျန် များ နှင့် အပျက်အစီး များကို လည်းကောင်း အကြမ်းဖျင်း စူးစမ်း လေ့လာ လိုက်၏။ ထို့နောက် တောင်ကုန်း များ ၏ ကိုယ်ထည် များ နှင့် ၎င်းတို့ အတွင်း၌ ခိုအောင်း နေသော ဟင်းလင်းပြင် ကွက်လပ် များကိုပါ သေချာစွာ စစ်ဆေး လိုက်၏။
ဤအခိုက်အတန့် တွင်၊ စုယွီ သည် မျက်စိကျိန်းမတတ် တောက်ပလှသော အလင်းရောင် တစ်ခု ကို ရုတ်တရက် အာရုံခံ တွေ့ရှိ လိုက်၏။
ရွှေပုစဉ်း ၏ အံ့မခန်း အမြင်အာရုံ စွမ်းအား ဖြင့် ကြည့်နေလျှင်ပင်... ထို ခမ်းနား ကြီးကျယ်လှသော အလင်းရောင် ကြီး က သူ၏ အမြင်အာရုံ မျက်နှာပြင် တစ်ခုလုံး ကို ခေတ္တမျှ ဗလာကျင်း သွားစေခဲ့သည်။ သူ၏ မျက်လုံးများ ထို အလင်းရောင် နှင့် အကျွမ်းတဝင် ဖြစ်သွားချိန် မှသာ... ထိုအရာ ၏ အစစ်အမှန် သရုပ် ကို တဖြည်းဖြည်း မြင်တွေ့ လာရသည်။
၎င်း၏ အစစ်အမှန် အသွင်သဏ္ဌာန် ကို မြင်လိုက်ရသောအခါ၊ စုယွီ မှာ အံ့အားသင့်မှု ကြောင့် ထိုနေရာတွင်ပင် ရေခဲ ရိုက်ခံလိုက်ရသလို အေးခဲ သွားတော့၏။
‘အလို.. ဒါ ..ဘာကြီးလဲ’
‘ဥ တစ်လုံး လား’
လော့ယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် ကောင်းကင် နယ်မြေ အပျက်အစီး ၏ အဓိက တောင်ထွတ် များ အောက်၊ မြေကြီး အနက်ပိုင်း တွင်... တောက်ပနေသော လရောင် ဝိညာဉ် သတ္တုရိုင်း များ အထပ်ထပ် အခါခါ ရစ်ပတ် ဖုံးလွှမ်း ထားခံရသော... လျှို့ဝှက် ဆန်းကြယ်လှသည့် အမှတ်အသား ပုံစံ များစွာ ပါရှိသည်ြ အပြာရင့်ရောင် ဥကြီး တစ်လုံး ရှိနေလေသည်။