ချင်အာ
Vol. 20 Ch. 192
မြင်းလှည်းမောင်းသူသည် ထိုအသံကို ကြားသည်နှင့် မြင်းလှည်းကို လမ်းဘေးသို့ အမြန် ကပ်လိုက်၏။
သို့သော်လည်း ပုံမှန်အားဖြင့် အလွန် လိမ္မာလှသော မြင်းနက်ကြီးမှာမူ ယနေ့တွင် ဘာဖြစ်သည် မသိ၊ သူ၏ ခြေခွာများမှာ မြေပြင်ပေါ်တွင် သံမှိုစွဲထားသည့်အလား မည်သို့မျှ မရွေ့လျားဘဲ ရှိနေတော့၏။
အနောက်ဘက်တွင်မူ ကုန်းမင်းကြီး၏ အိမ်တော်မှ မြင်းလှည်းမှာ စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေပုံ ရပေသည်။ အခြေအနေကို ကြည့်ရှုနေသော လူတစ်ဦးသည် မျက်နှာကြီး သုန်မှုန်လျက် ပြေးလာကာ ငေါက်လိုက်လေသည်။
“ဘာဖြစ်နေတာလဲဟင်... လူကုံထံတွေ ခရီးသွားရင် ရှောင်ရမှန်း မသိဘူးလားဟင်... လူကြီးမင်း မြို့ထဲဝင်တာကို နှောင့်နှေးအောင် လုပ်ရင်တော့... နင် အသက်ရှင်မှာ မဟုတ်ဘူးနော်...”
မြင်းလှည်းမောင်းသူသည် မြင်းလှည်းပေါ်မှ ခုန်ဆင်းကာ ခေါင်းကို တွင်တွင်ညိတ်လျက် အရိုအသေ ပေးနေမိ၏။ သူသည် မြင်းကို အသေအလဲ ဆွဲသော်လည်း မြင်းမှာမူ လုံးဝ မလှုပ်ရှားဘဲ ခက်ခက်ခဲခဲ ကြိုးစားသော်လည်း တစ်လှမ်းမျှပင် မရွေ့ချေ။
မြင်းလှည်းမောင်းသူမှာ စိုးရိမ်လွန်းသဖြင့် ချွေးများပင် ပြန်နေချေပြီ။
အခြေအနေကို ကြည့်ရှုသူသည်လည်း စိတ်မရှည်တော့ဘဲ ဆဲဆိုနေတော့၏။ သို့သော်လည်း မြင်းနက်ကြီးမှာမူ မလှုပ်ရှားသည်မှာ အမှန် ပင်။ ထိုသူသည်လည်း မြင်းလှည်းမောင်းသူနှင့်အတူ ဝိုင်း၍ ဆွဲကြလေသည်။
ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်တွင်မှ မြင်းနက်ကြီးမှာ တစ်လှမ်းမျှ ရွေ့သွား၏။
“ဘာတွေ ဖြစ်နေတာလဲဟင်... ငါ့မေမေ မြို့ထဲဝင်ဖို့ စောင့်နေတာကို မသိကြဘူးလားဟင်...”
ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် ၁၃ နှစ် ၁၄ နှစ်ခန့် ရှိပုံရသော ချောမောသောမျက်နှာရှိသည့် လူငယ်လေး တစ်ဦးသည် မြင်းဖြူတစ်စီးကို စီးလျက် ရှေ့သို့ ထွက်လာလေသည်။ သူ၏ မျက်နှာပေါ်မှ စိတ်ပျက်နေသော အမူအရာမှာ သိသာလှပေသည်။
“ဒုတိယသခင်လေး... ဒီမြင်းက...”
မြင်းလှည်းမောင်းသူသည် ဘေးတွင် ရပ်နေပြီး ထိုကဲ့သို့သော လူကုံထံများကို ကြောက်လန့်သဖြင့် ခေါင်းပင် မဖော်ရဲဘဲ ရှိနေရှာ၏။
ဒုတိယသခင်လေးမှာမူ နည်းနည်းလေးမှ ငဲ့ညှာခြင်း မရှိဘဲ ငေါက်လိုက်လေသည်။
“အသုံးမကျတဲ့ အကောင်တွေ...”
ထိုသို့ ပြောပြီးနောက် ဒုတိယသခင်လေးသည် လူတိုင်း သတိမထားမိခင်မှာပင် မြင်းကို နှင်တံဖြင့် အရှိန်အဟုန်ဖြင့် ရိုက်နှက်လိုက်လေတော့သည်။
“နားမထောင်တဲ့ တိရစ္ဆာန်ကိုတော့ ရိုက်ရမှာပဲလေ...”
ဒုတိယသခင်လေးက ကောက်ကျစ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
မြင်းကြီးသည် ရုတ်တရက် အရိုက်ခံလိုက်ရသဖြင့် လန့်သွားပြီး ခြေဦးတည့်ရာ ပြေးလေတော့ရာ မြင်းလှည်းမှာလည်း ဘယ်ညာ ယိမ်းခါနေတော့၏။
“မြင်းလှည်းထဲမှာ လူရှိသေးတယ်ဗျို့...”
မြင်းလှည်းမောင်းသူက အော်ဟစ်လိုက်သည်။
ဒုတိယသခင်လေးမှာမူ ဘာမှ မကြားသကဲ့သို့ နောက်ထပ် တစ်ချက် ထပ်မံ ရိုက်လိုက်ပြန်၏။
ယခုတစ်ကြိမ် နှင်တံချက်မှာ မြင်းကိုသာမက နှင်တံအမြီးမှာ မြင်းလှည်းမောင်းသူ၏ မျက်နှာကိုပါ ဝေ့ယမ်းသွားသဖြင့် သွေးစလေးပင် ထွက်လာခဲ့ချေပြီ။
မြင်းလှည်းမောင်းသူသည် နာကျင်လွန်းသဖြင့် မျက်နှာကို အုပ်ကာ အော်ဟစ်နေမိ၏။
“တိရစ္ဆာန်ကိုတောင် ယဉ်ပါးအောင် မလုပ်နိုင်တဲ့ အမှိုက်ကောင်...”
ဒုတိယသခင်လေးက ကျိန်ဆဲလိုက်လေသည်။
လမ်းဘေး ဝဲယာရှိ လူများမှာ ပထမတစ်ချက် ရိုက်လိုက်ကတည်းက ဘေးသို့ အမြန် ရှောင်ခဲ့ကြကုန်၏။ ယခုအခါ မြင်းလှည်းမောင်းသူပါ အရိုက်ခံရသည်ကို မြင်သောအခါ လူတိုင်း၏ ရင်ထဲတွင် တွေးမိသည်မှာ သူ တမင် လုပ်တာပဲ ဟူ၍ ပင်။
ဒုတိယသခင်လေးသည် ထိုမျှနှင့် အားမရသေးဘဲ၊ လက်ထဲမှ နှင်တံကို ထပ်မံ၍မြှောက်လိုက်ပြန်သည်။
“ချင်အာ... တော်သင့်ပြီနော်...”
ကိုကိုရှန်၏ အသံမှာ ရှေ့ဘက်မှ ထွက်ပေါ်လာလေသည်။ သူသည် အရှေ့မြင်းလှည်းပေါ်တွင် ထိုင်နေခြင်း ပင်။ သူသည် အစကတော့ ဤနေရာတွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို မသိခဲ့ပေ။ သူနှင့် ကုမင်တာ့ တို့မှာ သတင်းကြား၍ ရောက်လာချိန်တွင်မူ ဤကဲ့သို့သော စိတ်ပျက်စရာကောင်းလှသော မြင်ကွင်းကို တွေ့လိုက်ရခြင်း ပင် ဖြစ်ချေသည်။
ဒုတိယသခင်လေးသည် ထိုအသံကို ကြားသည်နှင့် ခေါင်းလှည့်ကာ ကိုကိုရှန်အား စိုက်ကြည့်လိုက်၏။
“မဆိုင်တာ လာမပြောနဲ့...”
ချင်အာသည် ကိုကိုရှန်အား အလေးမထားဘဲ လက်ထဲမှ နှင်တံကို ထပ်မံ မြှောက်လိုက်ဆဲ ပင်။
ကိုကိုရှန်သည် စိုးရိမ်တကြီးဖြင့် တားဆီးရန် ပြေးဝင်သွားသော်လည်း တခြားသူများကို ကာကွယ်လိုစိတ် ပြင်းပြနေသော ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့က ဦးသွားခဲ့ချေပြီ။
ထိုနှစ်ဦး တားဆီးရန် ပြေးဝင်သွားသော်လည်း ချင်အာ ၏ နှင်တံချက်မှာ သူတို့ဆီသို့ ရောက်ရှိလာလေတော့သည်။
ကိုကိုရှန်က အော်ဟစ်လိုက်၏။
“ချင်အာ... မင်း လမ်းပေါ်မှာ အစိုးရ အရာရှိတွေကို ဘယ်လိုများ ရိုက်ရဲရတာလဲဟင်...”
ချင်အာသည် ထိုစကားကို ကြားမှသာ လက်ကို ရပ်လိုက်ပြီး သူ၏ အကြည့်မှာ ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့ဆီသို့ ကျရောက်သွားလေသည်။
“ဒီမှာ ရှိနေတဲ့ ဦးလေးစွန်းက အခုတင် အစိုးရစာမေးပွဲမှာ ဒုတိယ ရထားသူလေ... ဧကရာဇ်မင်းမြတ် ကတောင် သူ့ကို ဟန်လင်းကျောင်းတော်မှာ ရာထူး ပေးထားတာနော်... ဒီမှာ ရှိနေတဲ့ ဦးေကုကလည်း မြို့တော်မှာ စာမေးပွဲ ဖြေဖို့ လာတဲ့သူပဲလေ... ချင်အာ... မင်းကတော့ တကယ့်ကို ရဲတင်းလွန်းတာပဲနော်...”
ကိုကိုရှန်က အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်လေသည်။
စွန်းကျားရှင်း နှင့် ကုမင်တာ့ တို့မှာ နှင်တံချက် တစ်ချက်စီ ခံလိုက်ရသော်လည်း ယခုအခါ ဆောင်းရာသီ ဖြစ်သဖြင့် အဝတ်အစားများမှာ ထူထဲလှပေသည်။ နှင်တံမှာ အထူဆုံးနေရာသို့ ကျရောက်သွားသဖြင့် သူတို့ ကိုယ်ခန္ဓာတွင် နာကျင်မှု သိပ်မရှိလှပေ။
နှင်တံ ရပ်သွားသည်နှင့် မြင်းများလည်း ငြိမ်သွားပြီး မြင်းလှည်းမှာလည်း ထပ်မံ၍ လှုပ်ခါခြင်း မရှိတော့ပေ။
ထိုအချိန်မှာပင် မြင်းလှည်းထဲရှိ နျိုနျိုသည် လိုက်ကာကို မ ကာ ခေါင်းလေး ပြူထွက်လာပြီး မျက်လုံးဝိုင်းကြီးများဖြင့် ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့အား လှမ်းကြည့်လိုက်လေသည်။
သို့သော်လည်း စွန်းကျားရှင်းမှာမူ ပါးနပ်သူ ဖြစ်ပေသည်။ နျိုနျို၏ ပုံစံကို မြင်လိုက်ရုံနှင့် မြင်းလှည်းထဲရှိ လူများ ဘာမှမဖြစ်ကြောင်း သိလိုက်ရ၏။ သူသည် ကုမင်တာ့အား ချက်ချင်းပင် ဆွဲလိုက်ပြီး နှစ်ဦးစလုံးမှာ တကိုယ်လုံး တုန်ယင်လျက် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လဲကျသွားကာ အော်ဟစ် ငိုညည်းကြလေတော့သည်။
“ဒီလို လူရှုပ်လူပွေက လမ်းပေါ်မှာ အစိုးရ အရာရှိကို ရိုက်နေတာကို... ဘာလို့ ဘယ်သူမှ မတားကြတာလဲဟင်...”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
ချင်အာမှာမူ မြင်းပေါ်တွင် မောက်မာစွာ ထိုင်နေဆဲ ပင်၊ ထိုစကားကို ကြားသောအခါ ခေါင်းလှည့်ကာ နှင်တံဖြင့် ညွှန်ပြလျက် ဒေါသတကြီး ပြောလိုက်၏။
“ဘယ်သူ ပြောတာလဲ... ထွက်ခဲ့စမ်း...”
“ကိုကို...”
နျိုနျို နှင့် အရပ်ချင်း အတူတူခန့် ရှိသော အစေခံမများ ဝန်းရံထားသည့် ကောင်မလေး တစ်ဦးသည် ချင်အာ ထံသို့ လျှောက်လာခဲ့လေသည်။
သူမသည် မျက်နှာဖုံး ဝတ်ဆင်ထားသဖြင့် သူမ၏ မျက်နှာကို သေချာ မမြင်ရသော်လည်း သူမ၏ အမူအရာများမှာ မြင့်မြတ်လှသော အရှိန်အဝါများ ရှိနေသည်မှာ သိသာလှပေသည်။
“ကိုကို... မေမေ့ရဲ့ ခေါင်းကိုက်တာ သက်သာသွားပြီဆိုတော့... မြို့ထဲကို အသည်းအသန် ဝင်ဖို့ မလိုတော့ဘူးလေ...”
ထိုကောင်မလေးက အသံကို မြှင့်၍ ပြောလိုက်သည်။
သူမ ထိုသို့ ပြောလိုက်ခြင်းမှာ ချင်အာ မြို့ထဲဝင်ရန် အလောတကြီး ဖြစ်နေခြင်းမှာ မိခင်၏ ကျန်းမာရေးအတွက် စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ ဤသည်မှာ ကျေးဇူးသိတတ်မှု တစ်ခုဖြစ်ပြီး အနိုင်ကျင့်ခြင်း မဟုတ်ကြောင်း အခြားသူများအား သိစေရန် ပင် ဖြစ်ချေသည်။
သို့သော်လည်း ချင်အာမှာမူ မောက်မာလွန်းသဖြင့် အူတူတူနှင့် ပြန်မေးလိုက်၏။
“မေမေက ဘယ်တုန်းက ခေါင်းကိုက်လို့လဲဟင်...”
ထိုကောင်မလေးမှာမူ သက်ပြင်းချလိုက်မိပြီး အလွန်ပင် ပင်ပန်းနေဟန် ရှိတော့၏။
သို့သော်လည်း သူမသည် ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့ထံသို့ လျှောက်သွားကာ အရိုအသေ ပေးလိုက်လေသည်။
“လူကြီးမင်းတို့ နှစ်ဦးကို တောင်းပန်ပါတယ်ရှင့်... ကျွန်မ ကိုကိုက အမြဲတမ်း စိတ်တိုတတ်တဲ့သူလေ... ဒီနေ့လည်း မေမေ့အတွက် စိုးရိမ်နေလို့ အမှားလုပ်မိတာ ဖြစ်မှာပါ... ကျွန်မကပဲ ကိုကို့ရဲ့ မရည်ရွယ်ဘဲ လုပ်မိတဲ့ အမှားအတွက် အစား တောင်းပန်ပါရစေနော်...”
ထိုကောင်မလေးသည် ချင်အာ၏ အမှားကို မိခင်အတွက် စိုးရိမ်ခြင်းဟူသော အကြောင်းပြချက်ဖြင့် အတင်း ဖုံးကွယ်ပေးနေတော့၏။
အမှန်အတိုင်း ပြောရလျှင် သူမ၏ စကားလုံးများမှာ အလွန်ပင် ယဉ်ကျေးပျူငှာလှပေသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူမသည် တဖက်လူကို အကျပ်ရိုက်စေခဲ့၏။
စွန်းကျားရှင်းသည် အရာရှိလောကထဲသို့ ဝင်ရောက်နေသူ ဖြစ်သလို ကုမင်တာ့သည်လည်း နောင်တွင် အရာရှိ ဖြစ်လာမည့်သူ မဟုတ်ပါလား။ ထိုနှစ်ဦးစလုံးမှာ သိက္ခာကို တန်ဖိုးထားကြသူများ ပင်။ သူတို့သည် ထိုကောင်မလေးထက် အသက် များစွာ ကြီးသူများ ဖြစ်ရာ လူအများရှေ့တွင် သူမအား ခွင့်မလွှတ်ပါက သဘောထားသေးသိမ်သည်ဟု အပြောခံရမည် ဖြစ်သလို နောင်တွင်လည်း အရာရှိလောကတွင် နာမည်ပျက်နိုင်သည်။
သို့သော်လည်း ဒီအတိုင်း ခွင့်လွှတ်လိုက်ရမည် ဆိုပါကလည်း မခံချင်စိတ် ဖြစ်မိကြပြန်သည်။
နျိုနျိုသည် မြင်းလှည်းထဲမှ တကိုယ်လုံး ပြူထွက်လာပြီး ကိုကိုရှန် ထံသို့ လက်လှမ်းပြလိုက်ရာ ကိုကိုရှန်က သူမ နှင့် အားကျောက် တို့ကို ပွေ့ချီကာ အောက်သို့ ချပေးလိုက်လေသည်။
“မမပြောတာ မှားနေပြီနော်... မမရဲ့ အစ်ကိုက မရည်ရွယ်ဘဲ လုပ်တာ မဟုတ်ဘူးလေ... သူက တမင် လုပ်တာပါ... ကိုကိုရှန် က တားတာတောင်မှ အဆဲခံရသေးတာလေ... သူက တမင်တကာ လူကို ရိုက်ချင်နေတာပဲလေ...”
နျိုနျိုက အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်လေသည်။
ကုမင်တာ့ နှင့် စွန်းကျားရှင်း တို့သည် သမီးဖြစ်သူ၏ သတ္တိရှိလှသော ပုံစံလေးကို ကြည့်ပြီး တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြကာ ပြိုင်တူပင် ဝမ်းသာသွားကြကုန်၏။
လူကြီးများအနေဖြင့် ရှေ့ထွက်ရန် မသင့်သော်လည်း နျိုနျိုလေးက ရှေ့ထွက်ပြောခြင်းမှာ ဘာမှ မဖြစ်ပေ။ ကလေးချင်း ပြောဆိုခြင်း ဖြစ်သဖြင့် အခြားသူများ၏ အနိုင်ကျင့်ခြင်းကိုလည်း ခံရမည် မဟုတ်ပေ။
ချင်ကျင့်ရှုသည် နျိုနျိုလေး ထိုသို့ ပြောလိုက်သည်ကို ကြားသောအခါ မျက်လုံးထဲတွင် စိတ်ပျက်မှုများ ဖြတ်သန်းသွားရပြီး ပြောလိုက်သည်။
“ကျွန်မ ကိုကိုက စိတ်တိုတတ်ပြီး မေမေ့အတွက် စိုးရိမ်နေလို့ အမှားလုပ်မိတာပါ... တို့ အိမ်တော်ကနေ ဆေးဖိုးအဖြစ် ငွေတုံး တစ်ရာ ပေးပါ့မယ်နော်...”
နျိုနျိုသည် ထိုစကားကို ကြားသော်လည်း တစ်စက်မှ မပျော်ရွှင်ခဲ့ပေ။ သူမက ပြန်ပြောလိုက်၏။
“ကိုကို့ရဲ့ အစ်ကိုက အခုထိ သူမှားမှန်း မသိသေးဘူးလေ... အခုထိလည်း မောက်မာနေတုန်းပဲ... သမီးက ကလေးပဲ ရှိသေးပေမဲ့... အမှားလုပ်ရင် တောင်းပန်ရမယ် ဆိုတာကိုတော့ သိပါတယ်နော်...”
ချင်ကျင့်ရှုသည် ထိုစကားကြောင့် ပို၍ပင် စိတ်ပျက်သွားရရှာသည်။ သူမ၏ ခေါင်းမာလှသော ကိုကို့ အကြောင်းကို သူမ ကောင်းစွာ သိရှိထားသည်။ သူသာ တောင်းပန်ချင်စိတ် ရှိလျှင် ယခုအချိန်အထိ မြင်းပေါ်က မဆင်းဘဲ နေမည်မဟုတ်ချေ။
“ညီမလေး.. ဒီလူတွေကို ဘာလို့ စကားတွေ အကြာကြီး ပြောနေရတာလဲဟင်... သူတို့က ငွေ တစ်ရာဆိုတာ နည်းတယ်လို့ ထင်နေတာ မဟုတ်လား... ငွေ သုံးရာ ပေးလိုက်စမ်းပါ... သူတောင်းစားတွေကို ပေးလိုက်တယ်လို့ပဲ သဘောထားလိုက်မယ်လေ...”
ချင်အာက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေတော့သည်။