← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

Ch 1

(သက်တမ်းတစ်ရာစာအုပ်)

ရှေးဦးသူတော်စင်ဂိုဏ်းအမည်ရ နတ်ဆိုးဂိုဏ်းတစ်ခု..

တိမ်စိုင်ဖြူဖြူတို့၏ လှပစွာဖြန့်ကျက်ထားပုံကြောင့် တိမ်ပင်လယ်သဖွယ် ဖြစ်နေသော ကောင်းကင်ကျယ်ထက်တွင် တောင်ထွတ်များစွာကို ခမ်းနားစွာ မြင်နေရသည်။ တိမ်စိုင်ဖြူတွေကြားထဲ ထိုတောင်ထွတ်များ၏ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပုံက စစ်တုရင်ခုံပေါ်က ကျားကွက်များနှယ်။

ထိုစစ်တုရင်ခုံ၏ အစွန်းဖျားတွင် သာမာန်တောင်များထက် သိသာစွာ ပိုနိမ့်သော တောင်တစ်တောင်ရှိလေပြီး.. ထိုတောင်ထိပ်ကား ပိုင်းဖြတ်ခံထားရသလိုမျိုး ပြားချပ်သော မျက်နှာပြင်ရှိ၏။

ထိုမျက်နှာပြင်ပေါ်မှာ လေသင်္ဘောများ အဝင်အထွက်ပြုနေကြကာ.. အစီအတန်းလိုက်ရှိနေသော အသစ်ခန့်အပ်ခံရသည့် တပည့်များလည်းရှိသည်။

လုယန်လည်း ထိုတပည့်များအတွင်း အပါအဝင်ပေ။

တကယ်တော့ သူက အခုမှ ကမ္ဘာကူးပြောင်းလာတာဖြစ်၏။ မျက်လုံးနှစ်လုံး ဖွင့်လိုက်သည်နှင့် ဒီခန္ဓာကိုယ်ထဲ ရောက်နေခဲ့ပြီး ခန္ဓာကိုယ်ထဲက မှတ်ဉာဏ်များအရ သူ့အခြေအနေက တော်တော်လေး ဆိုးရွားမှန်းတော့ သိနေသည်။

ထိုမှတ်ဉာဏ်အရ ပြောရပါလျှင်….

ရှေးဦးသူတော်စင်ဂိုဏ်း၏ လက်အောက်မှာ ချန်း နိုင်ငံ ရှိသည်..

ချန်းနိုင်ငံဘက်က ရှေးဦးသူတော်စင်ဂိုဏ်းကို သုံးနှစ်တစ်ကြိမ် တပည့်တွေ ဆက်သပြီး ဂိုဏ်းဘက်ကလည်း နိုင်ငံတော်၏ ရာသီဥတုသာယာရေးနှင့် တော်ဝင်မိသားစု တည်မြဲရေးကို ပြန်လည်စောင့်ရှောက်ပေးသည်။

တစ်ချက်ကြည့်လိုက်တာနှင့် ဒါက မသေမျိုးဂိုဏ်းထဲ ဝင်ရပြီး ထာဝရနုပျိုမှုနဲ့ ထာဝရရှင်သန်မှုကို ရနိုင်မဲ့ မဟာအခွင့်အရေးကြီးလို့ ထင်ရသည်မလား..

သို့ပေမဲ့ ချန်းနိုင်ငံ၏ ဂုဏ်သိက္ခာရှိသခင်လေး တစ်ကောင်တစ်မြီးတောင် ဒီနေရာမှာ တွေ့ရလိမ့်မည် မဟုတ်ချေ။ သူတို့တွေက လုယန် လိုမျိုး အောက်ခြေလူတန်းစားတွေကိုပဲ 'သွေးဓားစာခံ' အဖြစ် စေလွှတ်ကြတာပင်။

ရှေးဦးသူတော်စင်ဂိုဏ်းထဲကို သုံးနှစ်တစ်ကြိမ်တိုင်း တပည့်အသစ် ထောင်ချီပြီး စေလွှတ်နေတာတောင်မှ ဂိုဏ်း၏ တရားဝင်တပည့်အရေအတွက်က တိုးမလာဘဲ စေလွှတ်ခံလိုက်ရသည့် တပည့် အသစ်များသာ ဘယ်ကိုရောက်လို့ရောက်မှန်းမသိ ပျောက်သွားကြသည်.. မသိလျှင် ကျင့်ကြံရေးဂိုဏ်းထဲ ဝင်တာနှင့် မတူဘဲ အဆုံးမရှိသော အသူရာချောက်နက်ထဲ ခုန်ဆင်းလိုက်ရသလိုမျိုးပင်။

လုယန် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားသည်။

“ကျွတ်.. ငါ့ခန္ဓာကိုယ်ကလည်း အခေါင်းပေါက်ကြီးလိုမျိုး အားနည်းလိုက်တာ”

လုယန် အသာလေး ကိုယ့်လက်မောင်းကို ဆိတ်ကြည့်လိုက်သေး၏.. လက်မောင်းက ပျော့ဖတ်နေတာများ.. မာတဲ့နေရာ တစ်ခုတောင် မတွေ့ရပေ။

မတ်တပ်ထရပ်ဖို့ လုပ်ကြည့်လိုက်ချိန်မှာ ရင်ဘက်က ဆန်တက်လာသော နာကျင်မှုကြောင့် လုယန်၏ ခံစားချက်တွေ ပိုမိုဆိုးရွားလာတော့သည်။

“ဒီကိုယ်ရဲ့ မူရင်းပိုင်ရှင်က နေမကောင်းဘူးနဲ့တူပါတယ်.. ချီးပဲကွာ”

သူ၏ဖျားနာမှုက သာမာန်နေမကောင်းဖြစ်တာ မဟုတ်ဘဲ နာတာရှည်ရောဂါတစ်ခု ဖြစ်ပုံရပြီး.. ရက်ဘယ်လောက်မှ မကျန်တော့မှန်း နားလည်လိုက်သော​ကြောင့် လုယန် စိတ်တိုစွာ ကျိန်ဆဲတော့သည်။

ကမ္ဘာကူးပြောင်းလာပြီးပြီးချင်း ဈာန်လျှောရတော့မည့်အတွက် လုယန် အကြီးအကျယ် စိတ်ဓာတ်ကျနေချိန်မှာ..

သူ့အမြင်အာရုံထဲ အဖြူရောင်အလင်းတစ်ချက် ဝင်လာပြီး ထိုအလင်းက လေထဲမှာ ပျံ့ကျဲသွားကာ မျက်နှာပြင်တစ်ခု ဖြစ်သွားသည်။

(အမည်- လုယန်)

(သက်တမ်း- ၁၈ နှစ်)

(ကျင့်ကြံခြင်း- မရှိ)

( ပါရမီ- မရှိ)

( ကျင့်စဥ်- မရှိ)

(နတ်စွမ်းရည်- မရှိ)

(ရတနာ- မရှိ)

ထိုအချိန်မှာ မျက်စိရှေ့က ပုံရိပ်ယောင်မျက်နှာပြင်ကို ကြည့်ပြီး လုယန် ငိုချချင်စိတ်ပါ ပေါက်လာတော့သည်။

ကောင်းကင်ဘုံက အမြဲတမ်း လမ်းတစ်လမ်းချန်ပေးထားတတ်တယ်ဆိုတာ မကြားဖူးကြဘူးလား..

သူသာ ဆက်လက်လျှောက်လှမ်းနေမယ်ဆိုရင် သူ့ခြေထောက်အောက်မှာ လမ်းရှိနေမှာပဲ။

“စနစ်…ငါ့ကိုအမှတ်ထည့်ပေး”

သို့သော် လုယန်တစ်ယောက် ကြောင်ပျောက်လေပြီ..

သူဘယ်လောက်ရှာရှာ၊ မျက်နှာပြင်ထက်မှာ အပေါင်းသင်္ကေတနှင့်တူတာ ဘာမှမတွေ့ဘူး။

အပေါင်းမပြောနှင့် အနှုတ်တောင် ရှိမနေခဲ့ပေ။

“လုပ်စမ်းပါ စနစ်ရာ၊ ငါ့ရဲ့အမှတ်တိုးမဲ့ လုပ်ဆောင်ချက်က ဘယ်မှာလဲ”

အချိန်အကြာကြီး စိတ်တင်းကာ ရှာဖွေပြီးနောက်မှာ…. ဒီစနစ်စုတ်မှာ အမှတ်တိုးလို့ရမည့် လုပ်ဆောင်ချက်မရှိသော ခါးသက်သည့် အမှန်တရားကို လုယန် လ​က်ခံလိုက်ရတော့သည်။

တစ်နည်းပြောရလျှင် သူ အဆင့်တက်ချင်ပါက.. ကိုယ်တိုင် ကြိုးစားရမည် ဆိုတာပဲ။

လုယန်, “.....”

သောက်ကျိုးနည်း… စနစ်ကြီးပေးထားပေမဲ့ သူ့ကို အလုပ်ကြိုးစားချင်နေတာလား။

စနစ်ကို အသက်သွင်းပြီးတာတောင်မှ သူ့ကို အလုပ်ကြိုးစားစေချင်တယ်ပေါ့လေ။

ဒါဆိုဘာကိစ္စ စနစ်ကြီး လာပေးထားတာလဲ။

စနစ်..မင်းရဲ့အမေလဲ သေလိုက်..မင်းတို့တစ်မျိုးလုံး..

(သက်တမ်းတစ်ရာစာအုပ်၏ လက်ကျန်စာရွက်- ၁၀၀)

(သက်တမ်းတစ်ရာစာအုပ်- သေသွားလျှင် စမှတ်ကိုပြန်ရောက်ပြီး ဘဝသစ်ပြန်စနိုင်မည်)

(ဘဝသစ်ပြန်စချိန်မှာ သင်ကြိုက်ရာတစ်ခုကို ဆုလာဘ်အဖြစ် ရွေးယူနိုင်ပါသည်.. ရတနာ၊ ကျင့်ကြံရေး၊ သက်တမ်း.. သို့မဟုတ် ထိုသုံးခုလုံးကို စွန့်ပစ်ပြီး စွမ်းရည်အသစ်တစ်ခု ရယူလိုက်ပါ)

ဟဟ..ဖေကြီး အဆင်ပြေပြီကွ။

လုယန် ချက်ချင်း စိတ်လှုပ်ရှားလာပါတော့၏။

အကြိမ်တစ်ရာ ပြန်လည်မွေးဖွားခွင့်.. ဒါကဘယ်လောက်ကောင်းတဲ့ ကံတရားကြီးလဲ။

သူသာ အသုံးချတတ်မယ်ဆိုရင် တစ်ချက်တည်းနဲ့ ကောင်းကင်ဘုံကို တက်လှမ်းနိုင်မဲ့ အခွင့်အရေးကြီးပဲ။

“နာမည်အခေါ်ခံရတဲ့သူတွေ အရှေ့ထွက်ခဲ့”

ထိုအချိန်မှာပဲ အမဲရောင်ဝတ် ကျင့်ကြံသူတစ်ဦးရောက်လာခဲ့သည်။ ထိုသူက လက်ထဲမှာ စာရွက်တစ်ရွက်ကိုင်ထားပြီး ဘေးက ဖယောင်းတိုင်တစ်ခုကလည်း အလိုအလျောက် လေမှာပျံနေသေးသည်။ ထိုသူ၏ ပုံစံက ကြည့်လိုက်တာနှင့် ကောက်ကျစ်မှန်း သိသာလှ၏။

“အခုကစပြီး ကျုပ်ဘေးက ဒီအသက်မီးအိမ်ပေါ်ကို မင်းတို့ရဲ့သွေးတစ်စက် ချပြီး အသက်မီးတောက်ကို ထုတ်ဖော်ရမယ်။ ဒါဆိုရင် ရှေးဦးသူတောင်စင်ဂိုဏ်းရဲ့ တပည့်အသစ် တရားဝင်ဖြစ်လာပြီ”

ထိုစကားကိုကြားရပြီး ပျော်သွားသူ တစ်​ယောက်တောင် မရှိပါချေ။

တရားဝင်တပည့်အသစ် ဖြစ်လာခြင်းက ကျိန်စာတစ်ခုထက် ဆိုးရွားသော ကံကြမ္မာပဲဆိုသည့် ရှေးဦးသူတော်စင်ဂိုဏ်း၏ အပြင်က သတင်းများကို အကုန်လုံး ကြားဖူးထားသည်မလား။

သို့ပေမဲ့ အမဲရောင်ဝတ် ကျင့်ကြံသူက ဘယ်သူတွေ ဘယ်လိုတွေးနေပါစေ၊ တစ်ချက်ဂရုမစိုက်ဘဲ တစ်ယောက်ချင်းဆီ နာမည်ခေါ်လေ၏။

“ချန်းလျန်”

“ ရှိပါတယ်”

အမဲရောင်ဝတ် ကျင့်ကြံသူ၏ နာမည်ခေါ်သံ ကြားသည်နှင့် လုယန်ဘေးက နှုတ်ခမ်းစိုစို၊ သွားဖွေးဖွေးလေးတွေရှိသော အသက်ငယ်ငယ် ကောင်လေးတစ်ယောက် ချက်ချင်း ထသွားလိုက်သည်။

ထိုကောင်လေး၏ မျက်လုံးတွေက တောက်ပလွန်းလို့ စကားပြောနေသည်ဟုတောင် ထင်မှားရ၏။ ထို့အပြင် ပိုအရေးကြီးသည်မှာ ထိုကောင်လေး၏ နဖူးစပ်မှာ ရှိနေသည့် သာမာန်လူများပင် သတိထားမိလောက်အောင် ထင်ရှားသော စိတ်ဝိညာဥ်စွမ်းအင် အရှိန်အဝါ ရှိနေခြင်းပေ။

ရုပ်ရည်နှင့် ပြုမူပုံကို ကြည့်လိုက်တာနှင့် ထိုကောင်လေးက သာမာန်ကျောင်းတော်တွေ အလုအယက် တပည့်ခေါ်ရလောက်သည့် ပါရမီရှင် အမျိုးကောင်းသားတစ်ယောက်နှင့် တူသည်။

ထိုကောင်လေးကို မြင်သည်နှင့် အမဲရောင်ဝတ် ကျင့်ကြံသူ၏ မျက်နှာက သဘောကျရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်။

“ဘယ်လိုတောင် ကောင်းမွန်တဲ့ ကောင်လေးလဲ”

“ချီးကျူးတာကျေးဇူးပါ အကိုကြီး” ထိုကောင်လေးက အရိုအသေပေးရင်း လေးစားစွာဖြေကြားသည်.. နူးညံ့သည့် ထိုလေသံတိုးတိုးက ကြားရသူတိုင်းကို သဘောမကျရ မနေနိုင်အောင်ပင် ဖန်တီးသွား၏။

အမဲရောင်ဝတ် ကျင့်ကြံသူ ပိုမိုသဘောကျစွာ ပြုံးလိုက်လေသည်။

“အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်။ အကိုတို့ ရှေးဦးသူတော်စင်ဂိုဏ်းက ညီလေးတို့လို ပါရမီရှင်တွေ လိုအပ်နေတာ”

ထိုသူက ပြောပြီးသည်နှင့်မှတ်တမ်းစာရွက်ကို အနည်းငယ် ဖုန်ခါပြီး ချန်းလျန်၏နာမည်ကို သေချာမှတ်သားလိုက်သည်။

ဘုတ်

နောက်တစ်စက္ကန့်မှာ.. စိတ်ဝိညာဥ်စွမ်းအင်များ ပြည့်ဝနေသော ထိုကောင်လေးက အကြောင်းအရင်းမရှိ မြေပေါ်ပြုတ်ကျသွားလေ၏။ ထိုကောင်လေး၏ မျက်လုံးက အပေါ်ကို ဆန်တက်နေကာ အသက်မရှိတော့ပေ။

ထိုအချိန်မှာ အမဲရောင်ဝတ်ကျင့်ကြံသူက ပုံမှန်ဆို ဆက်ပြောလာသည်။

“သူ့ရဲ့အသားနဲ့သွေးကို ဆေးဖော်ခန်းမကိုပို့ပြီး၊ အရိုးနဲ့ဝိညာဥ်ကို ရတနာခန်းမကို လွှဲပေးလိုက်။ အော်ပြီးတော့.. အတွင်းအင်္ဂါတွေကို သားရဲထိန်းကျောင်းခန်းမဘက် ပို့ပေးလိုက်အုံး။ ဒီလိုထူးချွန်တဲ့ပါရမီရှင်ကို နည်းနည်းတောင် အလဟဿ မဖြစ်စေနဲ့”

ထိုသို့ဖြင့် အနီအနားက စီတန်းနေသော တပည့်အသစ်တွေအားလုံး ပြူးပြဲကာ ကြည့်လာတော့သည်။

ဒါကိုမြင်တော့ အမဲရောင်ဝတ် ကျင့်ကြံသူက ခပ်ဖွဖွ ရယ်မောလိုက်ကာ..

“မိတ်ဆွေတို့ အထင်မလွဲပါနဲ့”

“ကျုပ်တို့ဂိုဏ်းက တန်ဖိုးရှိမှုကို အမြဲတမ်း အလေးပေးတယ်.. အဲ့ဒါရဲ့ ဆိုလိုရင်းကလဲ ဂိုဏ်းဘက်ကို တပည့်တစ်ယောက်​​ ပေးလာတဲ့ တန်ဖိုးရှိမှုပဲ”

“အစောကကောင်လေး သေဆုံးသွားတာက သူက မွေးရာပါ ကောင်းမွန်တဲ့အရိုးနဲ့စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားလို့ဖြစ်တယ်.. သူ သေဆုံးပြီးမှပဲ ဂိုဏ်းကို အကောင်းမွန်ဆုံး တန်ဖိုးတွေ ပြန်ယူပေးနိုင်လိမ့်မယ်”

“ ဒါပေမဲ့ မိတ်ဆွေတို့လို သာမာန်သူတွေက စိတ်ပူဖို့မလိုပါဘူး၊ မိတ်ဆွေတို့က ရှင်သန်ပြီး ကျင့်ကြံမှပဲ ဂိုဏ်းအတွက် တန်ဖိုးရှိအောင် လုပ်ပေးနိုင်မှာလေ”

“နောက်တစ်ယောက်”

အမဲရောင်ဝတ် ကျင့်ကြံသူက နာမည်ဆက်ခေါ်တော့သည်။ တပည့်အသစ်တွေခဗျာ ကြောက်ရွံ့နေသော်လည်း အစောကကောင်လေးလို သေဆုံးရမည်စိုး၍ မနာခံဘဲ မနေရဲကြပေ။

“လုယန်”

“ရှိပါတယ်”

လုယန် ရှေ့တစ်လှမ်းတိုးရင်း လေးစားစွာ ဖြေကြားလိုက်သည်။

လုယန်၏ ချောမောသိမ်မွေ့သော မျက်နှာကြောင့် အမဲရောင်ဝတ်လူက အနည်းငယ် ကျေနပ်ရိပ်သန်းသွားပြီး.. နောက်တစ်စက္ကန့်မှာ သူ့အရိုးနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံကို စစ်ဆေးပါတော့သည်။

မကြာခင်မှာပဲ စိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်။

ကြည့်ရတာ လုယန်က ရုပ်ပဲရှိပြီး သုံးစားမရသော.. အလှပန်းအိုးတစ်ခု ဖြစ်နေဟန်ပင်။

“သူ့ကိုဖျော်ဖြေရေးခန်းမဘက် ပို့လိုက်”

လုယန် မေးခွန်းမထုတ်ရဲဘဲ လျှင်မြန်စွာ ဖြေကြားလိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက်မှာ လုယန်ကို ကျောက်စိမ်းပြားတစ်ခု ပေးလာကြသည်။ ကျောက်စိမ်းပြားက ဖောင်ထွင်းမြင်နိုင်လောက်အောင် ပါးလျပြီး အထဲမှ သူ့နာမည်နှင့်အတူ မီးတောက်သင်္ကေတတစ်ခုကို တွေ့ရသည်။

ထို့နောက်.. လုယန် သွားရမည့် ဖျော်ဖြေရေးခန်းမနှင့် သက်ဆိုင်သော (ယင်ယန်ပျော်ရွှင်ခြင်းတေးသွား) ကျမ်း တစ်ခုပါ ပေးလာခဲ့သည်။ ထိုသိုင်းက သူ့ကို ကျင့်ကြံရေးလမ်းကြောင်းပေါ် တင်ပေးနိုင်ပြီး ချီသန့်စင်ခြင်းအဆင့်ထဲ ဝင်ရောက်နိုင်မည်ဟု ဆို၏။

ထိုအချိန်မှာ လမ်းပြနေသော အဖိုးအိုက ပုံမှန်လို ရှင်းပြလာခဲ့သည်။

“မင်းရဲ့ကျောက်စိမ်းပြားထဲက မီးတောက်ကို အမြဲတမ်းသယ်သွားရမယ်။ ဂိုဏ်းအစီအမံတွေ စိတ်ဝိညာဥ်အပင်တွေနဲ့ ဝိညာဥ်သားရဲတွေက ကျောက်စိမ်းပြားကိုပဲ မှတ်မိတာ။ မင်း အဲ့ဒါမပါပဲ အပြင်ထွက်လို့ကတော့ သေမှာပဲ”

သိပ်မကြာခင်မှာပဲ လုယန်တို့အုပ်စု ခန်းမရှေ့ကို ရောက်လာခဲ့သည်။

ခန်းမရှေ့၌ ဆွဲဆောင်မှုရှိသော မိန်းမလှတစ်​​ယောက် ရပ်နေလေကာ.. သူမ၏ ရှည်လျားသော စကပ်ခွဲကြောင်းကြောင့် ဖြူဖွေးသော ပေါင်တံကို အထင်းသားမြင်နေရသည်။ သူမ၏ အကြည့်တိုင်းကလည်း ညို့ငင်မှု အပြည့်ပင်။

“ဂလု”

သူ့ဘေးက လူတစ်ယောက်၏ မထိန်းနိုင်စွာ တံတွေးမြိုချသံကိုပင် လုယန် ရှင်းလင်းစွာ ကြားလိုက်ရသည်။

သို့သော် ထိုမိန်းကလေးက နည်းနည်းတောင် ရှက်သွားဟန်မရှိချေ။ သူမက လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး ကျန်လက်တစ်ဖက်က စနောက်ဟန်ဖြင့် စကတ်စကို အပေါ်ပင် ပင့်တင်ပြလိုက်သေးသည်။

ဖြူဖွေးဖွေး ပေါင်တံထက်မှာ ယိမ်းနွဲ့နေသော ကျောက်စိမ်းပြားထက်၌ ယုစုကျန်း ဆိုသော နာမည်ကို မြင်နေရ၏။

“ဒါက ဖျော်ဖြေရေးခန်းမပဲ၊ ကျွန်မ ယုစုကျန်းက ရှင်တို့ရဲ့ ဂိုဏ်းတူအမပေါ့လေ”

နောက်တစ်စက္ကန့်မှာပဲ သူမ၏ စူးရဲစွာ ကျရောက်လာသော အကြည့်တောက်တောက်များကို လုယန် သတိထားမိလိုက်သည်။

“ဒီမောင်လေးက အရမ်းခန့်တာပဲ၊ မောင်လေးက ဒီဖျော်ဖြေရေးခန်းမနဲ့ပဲ သက်ဆိုင်တယ်”

ထို့နောက် ယုစုကျန်းက နူးညံ့စွာ ရယ်မောရင်းမှ သူမခါးကို ရေမြွေတစ်ကောင်လို လိမ်ကောက်လျှောက်လှမ်းရင်း လုယန်ရှိရာကို လှမ်းလာသည်.. လုယန်တစ်ယောက် အမြင်တွေပင် ဝေဝါးသွား၏။

“မောင်လေးက တကယ်ကြည့်ကောင်းတာပဲ၊ လာ..မမနဲ့လိုက်ခဲ့။ ဖျော်ဖြေရေးခန်းမနဲ့ မိတ်ဆက်ပေးမယ်”

လုယန် ချက်ချင်းပဲ လေးစားစွာ အရိုအသေပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအမယု”

“ဘာလို့ဒီလောက် ယဥ်ကျေးနေတာလဲ”

ယုစုကျန်းက ညုတုတု တစ်ချက်ကြည့်ပြီးတာနှင့် ချာခနဲ လှည့်သွားပြီး သူမတင်ပါးကို ဘယ်ညာယိမ်းကာ လျှောက်သွားလိုက်သည်.. ပတ်ဝန်းကျင်က လူတိုင်း၏အကြည့်ကို လောင်စာထည့်လိုက်သလိုပင်။

လုယန်ကတော့ အကြာကြီးမကြည့်ရဲစွာ အကြည့်ရုတ်လိုက်ပြီး တိတ်တဆိတ် အနောက်မှ လိုက်သွားလိုက်ပါသည်။

“မမတို့ ဂိုဏ်းမှာ အပြင်ဂိတ်နဲ့ အတွင်းဂိတ်ဆိုပြီး ခွဲထားတယ်။ အပြင်ဂိတ်မှာ ခန်းမလေးခုရှိတယ်.. ဆေးဖော်ခန်းမ၊ ရတနာခန်းမ၊ သားရဲထိန်းကျောင်းခန်းမနဲ့ ဖျော်ဖြေရေးခန်းမပေါ့လေ.. ဒီခန်းမလေးခုမှာ မောင်လေးတို့ အသစ်ရောက်လာတဲ့ တပည့်တွေကို တာဝန်ပေးတာပဲ”

“အပြင်ဂိတ်နဲ့ အတွင်းဂိတ်ရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပြီး ထောက်ခံချက်ရမှပဲ တရားဝင်တပည့် ဖြစ်လာနိုင်မှာ”

“မောင်လေး ဒီကိုရောက်လာတာ ကံကောင်းတယ်။ ကျန်တဲ့ခန်းမသုံးခုနဲ့ ယှဥ်ရင် ဒီနေရာက လုပ်စရာမများဘူး.. သက်သာတယ်ပေါ့ရှင်”

ထို့နောက် ယုစုကျန်းက ရုတ်တရက်ကြီး လုယန်၏ နားအနီးကိုတိုးကပ်ပြီးမှ ဆက်ပြောသည်။

“ ဒီမှာဘာတာဝန်ပေးလဲ မောင်လေး သိချင်လား”

နားအနီးက နွေးထွေးသော အသက်ရှုငွေ့နှင့်အတူ နှာခေါင်းထဲ တိုးဝင်လာသော ချိုမြမြ မွှေးရနံ့ကြောင့် လုယန် လှည့်ကြည့်လိုက်မိသည်နှင့် အလွန်နီးကပ်စွာရှိနေသော အသက်ရှုမှားလောက်အောင်.လှပသည့် မျက်နှာလှလှကို မြင်လိုက်ရ၏။

“ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး၊ ဂိုဏ်းတူအမ” လုယန် ခေါင်းအနည်းငယ် စောင်းကြည့်ကာ ပြောလိုက်သည်။

“နှစ်ယောက်တွဲ ကျင့်ကြံရတာလေ”

နူးညံ့ပျော့ပျောင်းသော ထိုအသံက ချစ်သူနှစ်ယောက်ကြားက ချိုမြိန်သော အချစ်စကားများလို သူ့နားထဲဝင်ရောက်လာပြီး.. စကားမဆုံးခင်မှာပဲ သူ့ခေါင်းအနောက်ကို တင်လိုက်သော လက်တစ်ဖက်ကိုပါ လုယန် ခံစားလိုက်ရသည်။

ထို့နောက် နူးညံ့သော ခပ်ထူထူနှုတ်ခမ်းပါးများကြောင့်…

လုယန် မနေနိုင်စွာ အသက်အောင့်လိုက်မိတော့သည်။

…….

Ch 2

(ကောင်းကင်ဘုံရဲ့လမ်းစဥ်အတိုင်း လိုက်ရတာ လွယ်သလောက် ကောင်းကင်ဘုံကို ဆန့်ကျင်ရတာ အရမ်းခက်တယ်)

ဒီအခြေအနေမှာ နောက်ဆုတ်ရမလား.. ရှေ့တိုးရမလားက တော်တော်လေး ဝေခွဲရခက်ပါ၏။

သို့ပေမဲ့ လုယန် ကိုယ့်ကိုယ်ကို အချိန်အကြာကြီး ဒုက္ခအရောက်မခံခဲ့ပေ။

ဘယ်လိုပဲဆိုဆို.. သူကဆုံးဖြတ်လို့ရတဲ့သူမှ မဟုတ်တာပဲ။

ထိုအချိန်မှာ ယုစုကျန်းက လက်ဦးမှုယူကာ လှုပ်ရှားနေပြီပင်။

“အဟမ်း” လုယန် အံကြိတ်လိုက်ပြီး အနည်းငယ် ရုန်းကာ ပြောလိုက်သည်။

“ဂိုဏ်းတူအမ.. ခဏလေးပါ၊ တစ်ခြားနေရာကို သွားကြရအောင်ပါ”

“မလိုဘူး”

လုယန်အတွက် အခွင့်မသာတော့ချေ။

သို့သော် သက်တမ်းတစ်ရာစာအုပ်ကို နောက်ခံအဖြစ် ရထားသေးကြောင်း တွေးမိသွားသည့်အတွက် လုယန် မရုန်းတော့ဘဲ ငြိမ်နေလိုက်တော့သည်။

ထိုသို့ဖြင့် နတ်ဆိုးဂိုဏ်း၏ စစ်မှန်သောနတ်ဆိုးမနှင့် အသက်ရှင်ဖို့ရန် အသည်းအသန်ရုန်းကန်နေရသော ကူးပြောင်းသူတို့ကြားမှာ ပြင်းထန်သော တိုက်ပွဲငယ်တစ်ခု စတင်လာသည်။

အမွှေးတိုင်တစ်ဝက်ခန့် အချိန်ကုန်ဆုံးပြီးနောက် ယုစုကျန်း အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်လေ၏။

“ဒါပဲလား”

“အသုံးမကျလိုက်တာ”

ယုစုကျန်းက ဒေါသတကြီးဆဲရေးလိုက်ကာ

“ရုပ်ကလေးချောသလောက် ယန်စွမ်းအင်က ရှိကိုမရှိဘူး”

“ မျက်နှာပဲရှိတဲ့ အသုံးမကျတဲ့ ယင်တစ်ကောင်ပဲ.. နင်က ယင်တစ်ကောင်”

ထိုအချိန်မှာ လုယန်၏မျက်နှာက ဖြူဖွေးနေလေရဲ့.. သူ့ခန္ဓာကိုယ်အတွင်းက အသက်ဓာတ်အားလုံးက အခုချိန်မှာ ယုစုကျန်း၏ ခန္ဓာကိုယ်အတွင်း စီးဝင်သွားလေရာ၊ နဂိုပိန်ခြောက်သော ခန္ဓာကိုယ်က ပိုတောင် ခြောက်ကပ်လာ၏။

“ယင်ယန်ပျော်ရွှင်ခြင်းတေးသွား ​ကြောင့်လား”

လုယန် ချက်ချင်းပဲ နားလည်သွားသည်.. သူတို့အစောပိုင်းက အသုံးပြုခဲ့သော ယင်ယန်ပျော်ရွှင်ခြင်းတေးသွားသိုင်းက တပည့်အသစ်တွေကို မျှော့ကောင်တွေလိုမျိုး အချင်းချင်း၏ အစွမ်းကို စုပ်ယူနိုင်ခွင့် ပေးတာဖြစ်ရပေမည်။ နောက်ဆုံးရှင်သန်သူကပဲ တစ်ဖက်သူ၏ အစွမ်းကို အပြည့်အဝစုပ်ယူနိုင်ပြီး ဂိုဏ်း၏ သာမာန်တပည့် တစ်ယောက် ဖြစ်လာမှာမျိုးပေါ့။

“ဂုဏ်ယူပါတယ် ဂိုဏ်းတူအမယု”

ထိုအချိန်မှာ ကပ်ဖားယပ်ဖား မျက်နှာများနှင့် တပည့်တစ်ချို့ ဝင်ရောက်လာကြသည်။

“ဒီလူကိုစုပ်ယူပြီးရင် အမ ချီသန့်စင်ခြင်းနယ်ပယ်ကို ဝင်နိုင်လောက်ပြီ”

“ချီသန့်စင်ခြင်းနယ်ပယ်ကို ရောက်တာနဲ့ တရားဝင်ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီပဲ”

“ဂိုဏ်းတူအမ၊ ကျုပ်တို့ကို သေချာလေး ဂရုစိုက်ပေးပါအုံး.. ဂိုဏ်းတူအမ အလိုရှိတိုင်း ကျုပ်တို့ အသင့်ရှိနေပါ့မယ်”

“ဟဟ” လုယန် ရုတ်တရက် ရယ်မောလိုက်တာပင်။

အသုံးမကျသော ဆေးဝါးလူသားတစ်ယောက်​၏ ရယ်သံက လူတွေ၏အာရုံကို ဆွဲဆောင်လိုက်နိုင်သည်.. ယုစုကျီ ချက်ချင်း လှည့်ကြည့်လာပြီး တုံးတိမေးလိုက်တော့သည်။

“နင် ဘာကိစ္စ ရယ်နေတာလဲ”

“ကျုပ်လား..သေချာပေါက် မင်းကို ရယ်နေတာလေ” လုယန် ရိုးသားစွာ ဖြေပေးလိုက်ပါ၏။

“ကျုပ်က အစက ဂိုဏ်းတူအမရဲ့ကျန်းမာရေးကို စိတ်ပူနေခဲ့တာ၊ အခု ကြည့်ရတာမလိုဘူးနဲ့တူပါတယ်”

“ငါ့ကျန်းမာရေးကို စိတ်ပူတယ်..” ယုစုကျန်း အနည်းငယ် ကြောင်သွားတော့သည်။

“အင်းလေ” လုယန် ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ ဆက်ပြောသည်။

“ကျုပ်ဂိုဏ်းထဲကို ရောက်မလာခင်က အပျော်အိမ်တွေအသွားလွန်ပြီး ကာလသား ရောဂါ ရနေခဲ့တာရယ်၊ အစကတော့ သတိပေးမလို့ပဲ။ ဒါပေမဲ့ ဂိုဏ်းတူအမက အရမ်းတွေ အလျင်လိုနေတော့ ကျုပ်လဲ မေ့သွားတယ်ဗျာ။ ဒါပေမဲ့ဘယ်လိုပဲဆိုဆို ဂိုဏ်းတူအမက ချီသန့်စင်ခြင်းနယ်ပယ်ကို ရောက်တော့မှာပဲဆိုတော့ မလိုတော့ဘူးမလား”

ယုစုကျန်း “...”

(ဒေါသထွက်နေသော ယုစုကျန်း လက်ချက်ဖြင့်သေဆုံးခြင်း)

(သက်တမ်းတစ်ရာစာအုပ် လက်ကျန်စာရွက်- ၉၉ ရွက်)

(ဘဝသစ်ပြန်စချိန်မှာ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ရတနာ၊ ကျင့်ကြံရေး၊ သက်တမ်း၊ သို့မဟုတ် အရာအားလုံး လျစ်လျူရှုပြီး စွမ်းရည်အသစ်ကို ရွေးချယ်လိုက်ပါ)

“နာမည်ခေါ်ခံရတဲ့သူတွေ အရှေ့ထွက်လာမယ်”

လုယန် မျက်လုံးဖွင့်လိုက်သည်နှင့် အမဲရောင်ဝတ် ကျင့်ကြံသူကို တွေ့လိုက်ရသည်။ ထိုမှပဲ ဂိုဏ်းထဲစဝင်ဝင်ချင်း လူသစ်စာရင်းပေးသည့်နေရာကို ပြန်ရောက်လာကြောင်း သူ သဘောပေါက်လိုက်၏။

အစောပိုင်းက အဖြစ်အပျက်များကို အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲပင်။ အိပ်မက်ကနေ ရုတ်တရက် နိုးလာသလိုမျိုးသာ သူခံစားရ၏။

အချိန်အကြာကြီး အတွေးလွန်နေပြီးမှပဲ လုယန် သတိပြန်ဝင်လာကာ… ချက်ချင်း ခံစားလိုက်မိတာက သက်တမ်းတစ်ရာစာအုပ်က အရမ်းအံ့သြဖို့ ကောင်းတယ်ဆိုတာပဲ။

လုယန် ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် ပြုလုပ်ပြီးသည်နှင့် မျက်နှာပြင်ပေါ်ကို အကြည့်ပြန်ပို့လိုက်သည်။

သူ တိုက်ရိုက်ပဲ ပထမသုံးခုကို ငြင်းလိုက်ပါတော့သည်။

ယုစုကျန်းဆီမှာ အသတ်မခံရခင်က သူ့ကျင့်ကြံမှုက စတောင်မစရသေးဘူးလေ.. ထို့ကြောင့် သူ့မှာ ရွေးစရာမရှိဘူး။

(အတိတ်ကာလဇာတ်ကြောင်းကို ပြန်ပြောပြပါမည်)

(ယုစုကျန်းက ချီသန့်စင်ခြင်းနယ်ပယ်ကို တကယ်အဆင့်တက်သွားခဲ့သည်.. သို့သော် ကံဆိုးစွာပဲ ကာလသားရောဂါ စွဲပြီး အိပ်ယာထဲ လဲသွားလိုက်တာ..ချီစွမ်းအင်တောင် ထုတ်မသုံးနိုင်ဘဲ နောက်ဆုံးမှာ သေဆုံးသွားသည်)

(ကောင်းကင်ဘုံရဲ့လမ်းစဥ်အတိုင်း လျှောက်ရတာ လွယ်ပေမဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကျင့်ကြံရတာက လွယ်ကူတဲ့အရာမှ မဟုတ်တာပဲ)

(ချီစွမ်းအင်သုံးရတဲ့ သိုင်းနဲ့ ကိုယ်ခံပညာဆိုတာ ယှဥ်ပြောလို့တောင်မရဘူး၊ ကျင့်ကြံသူနဲ့ သာမာန်လူသားက ကောင်းကင်နဲ့မြေကြီးလို ကွာခြားချက် ရှိသည်)

(ဒါကိုတောင်မှ သင်က သေမျိုးခန္ဓာကိုယ်နဲ့ နှစ်ကိုယ်တွဲကျင့်ကြံမှုကို အသုံးပြုပြီး ကျင့်ကြံသူတစ်ယောက်ကို သေဆုံးသည်အထိ တိုက်ခိုက်နိုင်ခဲ့သည်.. ကျင့်ကြံသူဖြစ်လာဖို့ လေးစားဖွယ်အရည်အချင်းကို ပိုင်ဆိုင်ထားတာပဲ)

(ထို့ကြောင့် အဖြူရောင်စွမ်းရည်ဖြစ်တဲ့ နှစ်ကိုယ်တွဲကျင့်ကြံရေးဝိဇ္ဇာစွမ်းရည်ကို ချီးမြှင့်လိုက်သည်)

(နှစ်ကိုယ်တွဲကျင့်ကြံရေးဝိဇ္ဇာ- နှစ်ကိုယ်တွဲကျင့်ကြံရေးအပေါ်မှာ သင့်နားလည်နိုင်စွမ်းက အရမ်းကိုမြင့်မားသွားတဲ့အတွက် ကျင့်ကြံမှုနယ်ပယ်တူ ဘယ်သိုင်းသမားကမှ သင့်ဆီက ယန်စွမ်းအင်ကို မစုပ်ယူနိုင်တော့ဘူး။ အတင်းအကျပ် စုပ်ယူဖို့ ကြိုးစားရင် သူတို့ပြန်ထိခိုက်ရလိမ့်မည်)

ချက်ချင်းပဲ မျက်နှာပြင်က ပြောင်းလဲသွားလေသည်။

(အမည်- လုယန်)

(သက်တမ်း- ၁၈ နှစ်)

(ကျင့်ကြံခြင်း- မရှိ)

( စွမ်းရည်- နှစ်ကိုယ်တွဲကျင့်ကြံရေးဝိဇ္ဇာ)

( ကျင့်စဥ်- ယင်ယန်ပျော်ရွှင်ခြင်းတေးသွား)

(နတ်စွမ်းရည်- မရှိ)

(ရတနာ- မရှိ)

(သက်တမ်းတစ်ရာစာအုပ်- စာရွက်၉၉ ရွက်)

လုယန် အသက်ကိုတစ်ဝကြီး ရှုရှိုက်လိုက်သည်။ သူ့သွေးကြောများမှတစ်ဆင့် ဒျန်ထျန်အတွင်းကို ချီစွမ်းအင်တွေ ဒလဟောစီးဝင်လာပြီး အင်အားကြီးသော နဂါးတစ်ကောင်..သို့မဟုတ် ကြောက်ဖို့ကောင်းသော ကျားတစ်ကောင်လို ပိုမိုတောင့်တင်းလာသည့် သူ့၏သန်မာမှုကို အာရုံခံမိလိုက်သည်။

“ကာလသားရောဂါက.. အရှင်းတော့မပျောက်သေးဘူးပဲ။ ဒါပေမဲ့ ငါပိုပြီးတောင့်ခံနိုင်လာပြီ”

ထို့နောက် လုယန် အသေးစိတ် စစ်ဆေးတော့သည်။

ရုပ်ပိုင်းဆိုင်ရာ သန်မာမှုအပြင် သူ၏ ယင်ယန်ပျော်ရွှင်မှုတေးသွားသိုင်းအပေါ်မှာ ရှိသော နားလည်မှုကလဲ တစ်ဆင့်မြင့်သွားလေ၏။

ထိုသို့ဖြင့် ဇာတ်ကြောင်းက နဂိုအတိုင်း ဆက်ခရီးဆက်လေတော့သည်။

သူ၏ချောမောသော ရုပ်ရည်ကြောင့် တစ်ခါထဲ ဖျော်ဖြေရေးခန်းမကို စေလွှတ်ခံရသည်.. အရင်လို အပေါက်ဝမှာ ယုစုကျန်း၏ မြင်မြင်ချင်း ရွေးချယ်ခြင်းကို ခံလိုက်ရသည်။

ယင်ယန်ပျော်ရွှင်ခြင်းသိုင်းက တစ်ဖက်သူ၏ ယင်စွမ်းအင်အပြင် ကျင့်ကြံမှုနှင့်ဆိုင်သော ဗဟုသုတကိုပါ စုပ်ယူနိုင်သောကြောင့် လုယန် အပျော်လွန်သွားတော့၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်..

အချိန်တွေကုန်လာတာနှင့်အမျှ ယုစုကျန်း၏ ပျော်ရွှင်နေသော မျက်နှာက ပထမ အကျဥ်းတန်လာသည်.. နောက်ဆုံးတော့ ကြောက်ရွံ့မှုအဖြစ် ပြောင်းသွားကာ ခန္ဓာကိုယ်မှာလဲ ပြောင်းလဲမှုတစ်ချို့ ကြုံတွေ့လာရ၏။

“တော်ပြီ..တော်ပြီ၊ ရပ်လိုက်ပါတော့”

“ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မ..”

လုယန်တစ်ယောက် ယုစုကျန်းကို မကြားသလို လုပ်နေကာ ယင်ယန်ပျော်ရွှင်ခြင်းတေးသွားကို ထပ်တလဲလဲ အသက်သွင်းပြီး ပိုမိုမြင့်မားလာသော နားလည်နိုင်စွမ်းကို တဝကြီး ခံစားနေလိုက်သည်။

ထိုအချိန်မှာပဲ သူပထမဆုံး ချီစွမ်းအင်ကို နီးနီးကပ်ကပ် ခံစားလိုက်ရလေသည်။

ထိုချီစွမ်းအင်က ယုစုကျန်း ခန္ဓာကိုယ်ထဲမှာ ရှိဟန်ပင်.. သူတို့၏ နီးကပ်နေသော အနေအထားကြောင့်သာ သူအာရုံခံမိတာ ဖြစ်သည်။

“ဒါငါ့အပိုင်ဖြစ်သင့်တယ်”

လုယန် တစ်ချက်တောင်မတွေဝေဘဲ ယင်ယန်ပျော်ရွှင်ခြင်းတေးသွားကို အပြည့်အသက်သွင်းရင်း ချီစွမ်းအင်တွေအားလုံးကို စုပ်ယူလိုက်သည်။

“မလုပ်နဲ့..”

ယုစုကျန်း၏ စိတ်ပျက်လက်ပျက် အော်သံကြီးအပြီးမှာပဲ.. သူမခေါင်းက တစ်ဖက်လည်သွားလေတော့သည်။

လုယန်တစ်ယောက် သူ့စိတ်ဝိညာဥ်နှင့်၊ အသွေးအသားတွေက ထိုချီစွမ်းအင်နဲ့ ပေါင်းစည်းလိုက်မှန်း သတိထားမိလိုက်ပြီး နောက်တစ်စက္ကန့်မှာ အလွန်အံ့သြဖွယ်ရာ သက်သာမှုတစ်ခုကို ကြုံတွေ့လိုက်ရသည်.. အဲ့ဒါက မမြင်ရသော တံခါးပေါက်တစ်ခု ပွင့်သွားသလိုမျိုးပဲ။

“ငါအဆင့်တက်ပြီ”

စိတ်ဝိညာဥ်နှင့် ချီစွမ်းအင်ကို ပေါင်းစပ်နိုင်လျှင် ချီသန့်စင်ခြင်း စတင်လေသည်။

ယုစုကျန်းက ရှေးဦးသူတော်စဥ်ဂိုဏ်း၏ တပည့်အဟောင်းဖြစ်ပြီး ချီသန့်စင်ခြင်းအဆင့်ကို ရောက်ခါနီးအခြေအ​နေမှာပဲ။

အရင်ဘဝတုန်းက သူမကသူ့ကို စုပ်ယူပြီး အဆင့်တက်ခဲ့ပေမဲ့ ​အကြာကြီးမနေရဘဲ ရောဂါစွဲပြီး သေသွားခဲ့ရသည်။

အခုဘဝမှာကျတော့ သူ့ဆီက စုပ်ယူခံရပြီး

ပိုင်ဆိုင်သမျှကို လုယန်ကို ပေးလိုက်ရလေ၏။

အခုကစပြီး သူက ချီသန့်စင်ခြင်းနယ်ပယ် အဆင့်တစ်ကျင့်ကြံမှုကို ရလာခဲ့ပြီ…

အခုလို အချိန်တိုအတွင်း အဆင့်တက်လိုက်ခြင်းက ကောင်းကင်ဘုံကို တစ်လှမ်းတည်းနှင့် တက်လိုက်ရသလိုမျိုး ကောင်းမွန်လှသည့် အခွင့်အရေးပင်။ ရိုးရှင်းသလို ထင်ရပေမဲ့ များစွာသော တပည့်အသစ်များအတွက် နှစ်ပေါင်းများစွာ အချိန်ယူရသော အရာကို အလွယ်တကူ ရလိုက်ခြင်းပါပေ။

“ကောင်းလိုက်တာ၊ ဒီကျေးဇူးကို တစ်သက်မမေ့ပါဘူး.. ဂိုဏ်းတူအမယု”

လုယန် မတ်တပ်ရပ်လိုက်ပြီးနောက် မြေပြင်ပေါ်က အသက်မဲ့နေပြီဖြစ်သော ယုစုကျန်းကို တစ်ချက်ကြည့်မိပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်လေသည်။

…….

All Chapters