← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

Ch 7

(နတ်ဓားထိန်းချုပ်ခြင်းသိုင်း)

ရက်အနည်းငယ်ကြာပြီးနောက် လုယန် ဂူထဲမှာ ကြာပန်းပုံ တရားထိုင်နေခဲ့သည်။ သူ့ညာဘက်လက်ကို အသုံးပြုပြီး လက်ကွက်ဖော်ပြီးသည်နှင့် လက်ချောင်းထိပ်မှာ ချီစွမ်းအင်ကို စုစည်းစေလိုက်ကာ.. ထိုစွမ်းအင်ကို အဖြူရောင်ဓားပျံတစ်ချောင်းအဖြစ် ပြောင်းလဲစေလိုက်သည်။

ထိုအဖြူရောင်ဓား၏ လှုပ်ရှားမှုက ပတ်ဝန်းကျင်ကိုပင် ပဲ့တင်ထပ်စေ၏။

“သွားတော့”

လုယန် လက်ဖျောက်တစ်ချက် တီးလိုက်သည်နှင့် ထိုဓားရှည်က မီတာပေါင်းများစွာ ရှည်လျားသော ဓားစွမ်းအင်အဖြစ် အရှေ့ကိုပြေးထွက်သွားသည်။

“အင်း..မဆိုးဘူး”

လုယန် အနည်းငယ် ပြုံးလိုက်ပြီး လက်ကိုနောက်တစ်ကြိမ် ပြန်လှုပ်ရှားကာ ဓားစွမ်းအင်ကို နှစ်ပိုင်းခွဲကြည့်လိုက်သည်။

နောက်တစ်စက္ကန့်မှာ လုယန်ရဲ့ပုံရိပ်က မူလနေရာကပျောက်သွားပြီး နောက်ထပ်ဓားစွမ်းအင်ရှိတဲနေရာကို ရောက်သွားတော့သည်။

လက်ကွက်ဖော်လိုက်သည်နှင့် လုယန်တစ်ယောက် ဓားစွမ်းအင်တွေကြား ပေါ့ပါးစွာ ကူးလူးသွားလာနေနိုင်သောကြောင့် စိတ်လှုပ်ရှားစွာ ပြောလိုက်တော့၏။

“မိုက်လိုက်တဲ့ နတ်ဓားထိန်းချုပ်ခြင်းသိုင်းပဲ”

ဒီသိုင်းကတော်တော်လေး ရိုးရှင်းပါသည်.. ဓားစွမ်းအင်ကို အရင်ဆုံးဖော်ထုတ်ရပြီး၊ ထို့နောက် စွမ်းအင်ကို နှစ်ပိုင်းခွဲကာ နှစ်ခုထဲက တစ်ခုထဲကို ကူးပြောင်းနိုင်သည်။

စွမ်းအင်ပိုမြင့်လေလေ၊ ပိုမိုမြန်ဆန်လေလေပင်။

ကျောက်စိမ်းဓားအိမ်တော် ဂိုဏ်းခေါင်းဆောင်သာ လှုပ်ရှားလို့ကတော့ သူ့ထိုင်ခုံမှာ ထိုင်နေရင်းကနေ ဟိုးမိုင်ပေါင်းသောင်းချီအဝေးက ရန်သူ့ခေါင်းကိုတောင် ဖြတ်ပစ်လို့ရလောက်သည်။

ပြီးတော့ ဒါက ဓားသိုင်းရဲ့ အခြေခံလေးသာဖြစ်သေးသည်။

တကယ့်အဆင့်မြင့်ကျင့်စဥ်တွေဆိုရင် နတ်မိုးကြိုးလောက်နီးနီး ကြမ်းသော ဓားစွမ်းအင်တွေကို ဖန်တီးနိုင်၏။ ဒါပေမဲ့ အဲ့ဒါတွေက လုယန် အလွယ်တကူ ထိလို့ရသော သိုင်းတွေတော့မဟုတ်ပေ။

ထိုသိုင်းတွေကို သူ မပြောနှင့်၊ ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ တရားဝင်တပည့်ဖြစ်တဲ့ ယွင်မြောင်ချင်းလဲ သိမှာမဟုတ်ဘူး။

ထို့အပြင် နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို အပြီးပြည့်စုံဆုံးအဆင့်ထိဆိုရင်.. အခုလို အမှတ် ၁၀၀၀ ထဲနဲ့ ဘယ်ဝယ်လို့ရမှာလဲ။ အမှတ် ၁၀၀၀၀ တောင် လောက်မှာမဟုတ်ဘူး။

“ဟမ့်၊ အသုံးကိုမကျဘူး”

ထိုအချိန်မှာပဲ အနောက်ဘက်က ခပ်စူးစူး အသံတစ်ခုကို လုယန် ကြားလိုက်ရပြန်သည်။

လုယန် လှည့်ကြည့်လိုက်သည်နှင့် သူ့ကို ရွံရှာစွာကြည့်နေသော ယွင်မြောင်ချင်းကို မြင်လို​က်ရသည်။

ရက်တစ်ချို့ ကုန်ဆုံးပြီးနော​က်မှာ လုယန် သူမအကြောင်းကို အတော်အသင့်တော့ နားလည်လာပြီပင်။

သူမနာမည်က ယွင်​မြောင်ချင်းဖြစ်ပြီး ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက် ဖြစ်သည်။ နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို လေ့ကျင့်နေတာဖြစ်ပြီး သူမက ချီသန့်စင်ခြင်း အဆင့်ခြောက်ကိုတောင် ရောက်နေပြီပင်။

လုယန် သူမကိုကြည့်ပြီး သိချင်စွာ မေးလိုက်သည်။

“ကျုပ်အသုံးပြုတာ မှား​နေလို့လား”

ယွင်​မြောင်ချင်းက ချက်ချင်းပဲ ခေါင်းကိုဟိုဘက်လှည့်သွားတော့သည်။

“ကျွန်မ ဘာကိစ္စပြောပြရမှာလဲ..နတ်ဆိုးကောင်။ ရှင် ကျွန်မရဲ့ ဓားသိုင်းကို ယူသွားရင်တောင်မှ ရှင့်ပုံစံကအခုလို ကြောင်လက်သည်းထုတ်ပြနေရုံပဲ ရှိမှာI

“အဲ့လောက်ကြီး လုပ်ဖို့လိုလို့လားဟ”

လုယန် သူမအရှေ့ထိ လျှောက်သွားလိုက်ပြီးမှ ကူကယ်ရာမဲ့စွာ ဆက်ပြောလိုက်သည်။

“မင်းတကယ် မပြောဘူးလား၊ ဘာလဲ ကျုပ်ကို ပြန်စစေချင်တာလား”

ယွင်မြောင်ချင်းရဲ့နူးညံ့သောမျက်နှာ​က ရုတ်ချည်းနီစွေးသွားလေကာ.. လှပသော မျက်ဝန်းအိမ်တို့ကလည်း အနည်းငယ် ယောက်ယက်ခတ်သွားသည်။ သို့သော် သူမက ချက်ချင်းထိန်းချုပ်လိုက်ပြီး လုယန်ကို အမုန်းတွေအပြည့်နဲ့ စိုက်ကြည့်လိုက်တော့၏။

“အဲ့လောက်နတ်ဆိုးသိုင်းလေးနဲ့ ကျွန်မက နာခံသွားမယ် ထင်နေလား”

“ မင်းဘယ်လိုပဲပြောပြော၊တစ်ခါတော့ နာခံပြီးပြီလေ.. မှတ်မိတယ်မလား”

လုယန်က သူမလည်ပင်းက အနီရောင်အမှတ်ကို လက်ညိုးထိုးပြလိုက်ပြီးမှ ဆက်ပြောသည်။

“ဟုတ်တယ်မလားလို့”

ယွင်မြောင်ချင်းရဲ့ နှုတ်ခမ်းတွေ တင်းတင်းစေ့သွားတော့၏။

“အဲ့ဒါ.. အဲ့ဒါက ကျွန်မအားနည်းနေတုန်း ရှင်အခွင့်အရေးယူခဲ့တာ”

ထို့နောက် သူမက လည်ပင်းမှာဆွဲထားသော ကျောက်စိမ်းဆွဲကြိုးကို တင်းနေအောင် ဆုပ်ကိုင်လိုက်သည်။

အဖြူရောင်ဓားပုံစံရှိသော ထိုဆွဲသီးက လုယန်ရဲ့ကျောက်စိမ်းပြားလိုမျိုး ကျောက်စိမ်းဓားအိမ်တော်ရဲ့ တပည့်သင်္ကေတ ဖြစ်ပေလိမ့်မည်။

“ကျွန်မက ကျောက်စိမ်းဓားအိမ်တော်ရဲ့ တပည့်ဖြစ်ပြီး နတ်ဆိုးဂိုဏ်းနဲ့ မွေးရာပါ ရန်သူဖြစ်တယ်.. ဒါက သေတဲ့အထိ မပြောင်းလဲမဲ့ အမှန်တရားပဲ”

“ ကျောက်စိမ်းဓားအိမ်တော်အပေါ်မှာထားတဲ့ ကျွန်မရဲ့သစ္စာတရားက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူး”

“ကျွန်မရဲ့လက်နက်ကို ကျိန်ဆိုလိုက်တယ်”

ထို့နောက်သူမက အံတင်းတင်းကြိတ်လိုက်ပြီး လုယန်ကို ပြတ်သားစွာ မော့ကြည့်လိုက်လေ၏။

ထိုသို့ဖြင့် နော​က်တစ်ရက်ကုန်ဆုံးသွားခဲ့သည်။

လုယန် ဂူထဲမှာပဲ တရားထိုင်နေခဲ့ပြီး ကောင်းကင်ဘုံကိုအာရုံပြုရင်း ကျင့်ကြံနေလိုက်သည်။

အချိန်အကြာကြီးနေပြီးနောက်မှာ သူလေးလံစွာ သက်ပြင်းချလိုက်၏။ တစ်ချိန်ထဲမှာပဲ ယွင်မြောင်ချင်းကလည်း သူမရဲ့သွယ်လျတဲ့ လည်ပင်းကို မော့ကြည့်လာပြီး သက်တောင့်သက်သာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ တကယ်တော့ ရှင်က နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို ကျွမ်းနေပါပြီ၊.. တစ်ခြားက အပြင်ပိုင်းပြဿနာတွေပဲ”

ယွင်မြောင်ချင်းက အနည်းငယ်ရဲနေသော မျက်နှာနဲ့ အားနည်းစွာပြောလာ၏။

လုယန်ကြောင့် သူမကပိုမိုနာခံလာခဲ့ပြီး အခု လုယန်ရဲ့မေးခွန်းထုတ်သော အကြည့်ကို မြင်တာနဲ့ သူမကအေးစက်စွာ နှာမှုတ်လိုက်သော်လည်း ဆက်ရှင်းပြလာသည်။

“ကျွန်မတို့ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ တပည့်တွေက ချီသန့်စင်ခြင်းအဆင့်ကို ရောက်တာနဲ့ ဂိုဏ်းရဲ့လျှို့ဝှက်လမ်းစဥ်အရ ဝတ္ထုပစ္စည်းရဲ့သတ္ထုဓာတ််ကို ဆန့်ထုတ်ပြီး အပြင်ဆေးဝါးတစ်ချို့နဲ့ ပေါင်းစပ်သန့်စင်ရတယ်၊ အဲ့လိုကနေ ဓားဆေးလုံးကိုလုပ်ရတာပေါ့”

“ဒီနတ်ဓားထိန်းချုပ်ခြင်းသိုင်းက ဓားဆေးလုံးကိုသုံးပေးဖို့ လိုအပ်တယ်ရှင့်၊ အသုံးပြုတဲ့ ဓားဆေးလုံးရဲ့ အဆင့်မြင့်လေလေ၊ ဓားစွမ်းအင်ကလည်း ပိုသန်မာလေလေပဲ”

လုယန် ထိုမှသာ သဘောပေါက်သွားသည်။

သူက လက်ရှိမှာ ဓားစွမ်းအင်ကို နှစ်ဆင့်ပဲ ဖြာထွက်စေနိုင်သည့်အတွက် သူ့ရဲ့လှုပ်ရှားမှုက ကန့်သတ်ချက်ရှိနေကာ.. တိုက်ခိုက်နိုင်စွမ်း မပြင်းထန်ပေ။

ဓားဆေးလုံးစားလိုက်ရင်တော့ သူ့ရဲ့စွမ်းအင်ထုတ်လွှတ်မှုက နှစ်ဆဖြစ်သွားပြီး.. ဓားစွမ်းအင်တွေကြားထဲ ကူးလူးသွားလာရင်း ရန်သူကို ချောင်ခိုတိုက်ခိုက်လို့ရသွားလိမ့်မည်။

တကယ့်တိုက်ပွဲအစစ်မှာဆိုရင် ဓားစွမ်းအင်တွေကို ရန်သူရဲ့ပတ်ပတ်လည်မှာ ဝန်းရံစေလိုက်တာနဲ့ ရန်သူက အရှေ့ကကာရင်.. သူကအနောက်ကိုသွားပြီး တိုက်ခိုက်လို့ရသည်။ ရန်သူက အစွမ်းထက်လွန်းပြီး သူ့တိုက်ကွက်အကုန်လုံးကို ခုခံနိုင်ရင်တောင်မှ အချိန်တန်ရင် မောပန်းသွားပေလိမ့်မည်။

ရန်သူဘက်က အမှားတစ်ချက်လုပ်တာနဲ့ သူသာသေကွင်းသေကွက်ကို တစ်ချက်ထဲ တိုက်ခိုက်လိုက်ရင် ရန်သူလဲ ပွဲသိမ်းသွားမှာပဲ။

“ဒါကြောင့် ကျွန်မတို့ ကျောက်စိမ်းတော်ဓားအိမ်တော်ဂိုဏ်းရဲ့ တပည့်တွေက အနီးကပ်တိုက်ခိုက်မှုမှာ ထိပ်တန်းဖြစ်နေတာပဲ”

သူမက မျက်နှာကိုမော်ချီရင်း ဂုဏ်ယူစွာ ပြောလိုက်သည်။

သို့သော် ရုတ်တရက် ရောက်ချလာသော လုယန်ကြောင့် သူမမျက်နှာပေါ်က ဂုဏ်ယူမှုတွေ ရုတ်ချည်းပျောက်ကွယ်သွားပြီး ထိုအစားရှက်ရွံ့မှုတွေ ဝန်းရံလာကာ.. မနေနိုင်စွာပင် ညည်းလိုက်သေး၏။

ယွင်​မြောင်ချင်းက သူမရဲ့လှပတဲ့မျက်လုံးတွေကို တင်းကျပ်စွာပိတ်ထားပြီး တိတ်တဆိတ် စောင့်နေလိုက်သည်။ သို့သော် ဘာမှဆက်မလှုပ်ရှားလာတဲ့ လုယန်ကြောင့် သူမအနေခက်စွာ တွန့်လိမ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့၏။

“နတ်ဆိုးကောင်၊ ရှင်…”

လုယန် မတ်တပ်ရပ်လိုက်ပြီး အင်္ကျီကိုပြုပြင်လိုက်တော့သည်။

“ဒီတော့ ပြဿနာက ဓားဆေးလုံးပေါ့လေ၊ ရပြီ..ကျုပ်အခု ဆေးဖော်နည်းလဲ သိသွားပြီဆိုတော့ မင်းလဲနားလိုက်တော့”

“အယ်”

ယွင်မြောင်ချင်း, “.....”

ရုတ်တရက် အဖြစ်အပျက်များကြောင့် သူမမျက်နှာက လွန်စွာရှုတ်ထွေးလာတော့သည်။

..ဒီလူသူမကို လာနောက်နေတာလား၊ ဒီလိုပြီးသွားတာလား..

..နှစ်ကိုယ်တွဲကျင့်ကြံမှုကကော..

သို့သော် သူမချက်ချင်း သတိပြန်ကပ်လိုက်ပြီး လည်ပင်းက ဓားဆွဲသီးကို တင်းနေအောင် ဆုပ်ကိုင်လိုက်တော့သည်။

“မဟုတ်ဘူး၊ ဒါကကိစ္စကောင်းပဲ။ ငါက ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ တရားဝင်တပည့်ပဲ”

……

“ငါ အမှတ်ရအောင်လုပ်မှ ဖြစ်တော့မယ်”

ဂူထဲမှထွက်လာရင်း လုယန် စတင်စဥ်းစားတော့သည်။

“ငါ့မှာလက်ရှိအမှတ်ငါးဆယ်ပဲရှိသေးတယ်၊ အမှတ်ရအောင်မလုပ်ဘူးဆိုရင် ဒီလဂူငှားခပေးပြီး နောက်လအတွက် ပေးစရာ မရှိတော့ဘူး. အဲ့လိုဆို ဖျော်ဖြေရေးခန်းမကို ပြန်ရွှေ့ရလိမ့်မယ်”

ဒီရှေးဦးသူတော်စင်ဂိုဏ်းမှာ တာဝန်တွေလုပ်ရုံသာမက၊ ကိုယ်ပိုင်ပစ္စည်းတွေ ရောင်းချပြီးလည်း အမှတ်ရှာလို့ရသည်။

“ဒါပေမဲ့ ငါ့လို နော​က်ခံမရှိ၊ အရည်အချင်းမရှိ၊ သန်မာမှုမရှိတဲ့ တပည့်တစ်ယောက်က အလုပ်ကောင်းရဖို့အတွက် အဆက်အသွယ်လဲ မရှိဘူး။ ငါ့ရဲ့ကိုယ်ပိုင်ပစ္စည်းကလဲ သုံးစားမရတော့ ရောင်းမရပြန်ဘူး။ ဒါဆို ငါ့မှာတာဝန်တွေလုပ်ဖို့ပဲ ရွေးစရာရှိတော့တယ်။ အဲ့လိုသေလောက်အောင် အလုပ်လုပ်မှပဲ ဒီဂိုဏ်းမှာ ရှင်သန်နိုင်လိမ့်မယ်”

လုယန် တွေးမိလေလေ၊ ဒေါသထွက်လေလေပင်။

သူက မသေမျိုးတစ်ယောက်အဖြစ် ကျင့်ကြံနေတာကိုတောင်မှ ခွေးလိုနွားလိုမျိုး ကုန်းရုန်းပြီး အလုပ်လုပ်နေရသည်တဲ့လား။

…….

Ch 8

(အလုပ်ကြိုးစားခြင်း)

“ကောင်းပြီလေ..ငါအလုပ်ကြိုးစားတာပေါ့”

လုယန် လျင်မြန်စွာပဲ စိတ်တင်းလိုက်တော့သည်။

“အဆိုးဆုံးဖြစ်လာလဲ ငါ့ကိုယ်ငါသတ်သေပြီး ပြန်စတင်လိုက်လို့ရတယ်။ ဒါပေမဲ့ သက်တမ်းတစ်ရာစာအုပ်က ကန့်သတ်ချက်တော့ရှိတယ်.. ဒီတိုင်းကြီးအသေခံနေရင် ဖြုန်းတီးရာ ကျသွားမယ်”

ရှေးဦးသူတော်စင်ဂိုဏ်းရဲ့ တရားဝင်တပည့်တစ်ယောက် ဖြစ်လာရင်တောင်မှ သူ့မှာဒီဂိုဏ်းနဲ့ ပတ်သတ်ပြီး အတွေ့အကြုံနည်းပါးသေးသည်။ ထို့အပြင် အပြင်က ကျင့်ကြံရေးလောကဆိုသည်မှာလည်း သူ မကူးပြောင်ခင်က စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးရုံလောက်ပဲ။

ထို့ကြောင့် ဒီဘဝကိုအသစ်ပြန်စပြီး အတွေ့အကြုံတွေ စုဆောင်းချင်ရင်တောင် သူ အနည်းငယ်တော့ ရှင်သန်နေထိုင်ဖို့ လိုအပ်ပါသေး၏။

ကောင်းကင်ပြုပြင်တောင်ကြီးမှာ ဂူတွေမရေမတွက်နိုင်အောင် ရှိသော်လည်း မျက်စိထဲထင်းနေအောင် ဝင်လာမှာက နေရာ နှစ်နေရာပဲရှိသည်။ တစ်ခုက တောင်ထွတ်ခေါင်းဆောင် နေထိုင်တဲ့ အဆောက်အဦးဖြစ်ပြီး နောက်တစ်ခုက ရှည်လျားတဲ့ တာဝါတိုင်ကြီးပဲ။

အထပ်ကိုးထပ်ပါဝင်တဲ့ ထိုတာဝါတိုင်အဆောက်အဦးမှာ ဂိုဏ်းတာဝန်အများစုကို ခွဲဝေပေးလေသည်။

လုယန် အထဲကိုရောက်တာနဲ့ မေးလိုက်တော့၏။

“ဂိုဏ်းတူအကို၊ ဂိုဏ်းတာဝန်တွေကို ဘယ်နေရာမှာ လက်ခံလို့ရနိုင်မလဲဗျ”

“မင်းကလား..”

ထိုငယ်ရွယ်ပုံပေါက်သော တပည့်က လုယန်ကို သာမာန်လိုလှည့်ကြည့်လိုက်ပါသော်လည်း .. လုယန်၏ ချောမောသော မျက်နှာကြောင့် ခဏမျှ ​ကြောင်အမ်းသွားခဲ့ပြီးနောက် မျက်လုံးများ တောက်ပသွားတော့သည်။

ချက်ချင်းပဲ ထိုသူက ဖော်ရွေစွာပြုံးပြလာတော့၏။

“ဂိုဏ်းတူအကိုဆိုပြီး ယဥ်ကျေးမနေပါနဲ့၊ အကို့ရဲ့နာမည်က ကျောက်ရှဟယ်.. ဒီနေရာရဲ့ တာဝန်ခံပဲ။ မင်းကတပည့်အသစ်ပဲ ဖြစ်ရမယ်.. အကိုမင်းကိုတစ်ခါမှ မတွေ့ဖူးသေးဘူးဆိုတော့”

“ကျွန်တော့်နာမည်က လုယန်ပါ၊ ဂိုဏ်းတူအကို”

လုယန် လျင်မြန်စွာ အရိုအသေပေးလိုက်ပြီး ခါးမှာချိတ်ထားသော ကျောက်စိမ်းပြားကို အသက်သွင်းလိုက်သည်။

ကျောက်စိမ်းပြားကို စစ်ဆေးပြီးတာနှင့် ကျောက်ရှဟယ်၏ အပြုံးကာ ပိုမိုဝင်းပသွားလေကာ

“မဆိုးဘူးမဆိုးဘူး.. ညီလေးလုက အရည်အချင်းရှိတာပဲ။ အထင်ကြီးဖို့ ကောင်းပါပေတယ်”

သို့သော် ကျောက်ရှဟယ်၏ အကြည့်ကြီးက လုယန်ကို အနည်းငယ် မသက်မသာဖြစ်လာစေလေ၏။

ထိုအချိန်မှာပဲ ကျောက်ရှဟယ်က ရုတ်တရက် ပြောလာသည်။

“ဂိုဏ်းတူညီလေးလုက တာဝန်လာရှာတာဆိုတော့ အတော်ပဲ။ အကို့မှာ အရမ်းသင့်တော်တဲ့တာဝန်တစ်ခု ရှိတယ်.. အင်း၊ ဘယ်လိုပြောရမလဲ။ အရမ်းကို ချမ်းသာစေမဲ့ တာဝန်ပေါ့ကွာ။ ဒီတာဝန်သာ အလုပ်ဖြစ်ရင် ညီလေးလုရဲ့ အနာဂတ်လမ်းကြောင်းက လုံးဝချောမွေ့သွားမှာ”

“တကယ်လား”

လုယန် အပေါ်ယံမှာ စိတ်ဝင်စားဟန် ပြနေ ခဲ့သော်လည်း သူ့နှလုံးသားက ပိုမို​သတိကြီးလာခဲ့သည်။

“ သေချာပေါက်ပေါ့ကွာ”

ကျောက်ရှဟယ်က အပြုံးတစ်ခုနဲ့ ကောင်းကင်ပြုပြင်တောင်ထွတ်၏ ထိပ်ပိုင်းကို လက်ညိုးထိုးပြလိုက်ပြီးမှ ဆက်ပြောသည်။

“လက်ရှိတောင်ထွတ်ခေါင်းဆောင်က သူ့သမီးအတွက် သမက်ရှာနေတာ၊ ညီလေးလုရဲ့ ရုပ်ရှည်က တော်တော်လေး ကြည့်ကောင်းတော့..”

လုယန်, “.....”

…ငါက ကြိုးကြိုးစားစားအလုပ်လုပ်ပြီး ကောင်းမွန်တဲ့ဘဝကိုရှင်သန်ဖို့ ဆုံးဖြတ်ပြီး ဒီနေရာကိုလာတော့လဲ မင်းတို့ကငါ့ကို မိန်းမ ထမိန်နား ခိုစားစေချင်ပြန်တာလား..

“ဘာလဲ..မင်းက မလိုချင်ဘူးလား”

လုယန်၏ တောင့်တင်းနေသော မျက်နှာကြောင့် ကျောက်ရှဟယ်က ပိုပြီးစိတ်အားထက်သန်စွာ ဖိတ်ခေါ်ပါတော့သည်။

“ဒါက အဆုံးမရှိတဲ့အနာဂတ်နော်၊ မင်း တောင်ထွတ်သခင်ရဲ့ ဂူထဲဝင်နိုင်တာနဲ့ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို တန်းရော​က်သွားမှာ၊ အဆုံးမရှိတဲ့ အကဲဖြတ်အမှတ်တွေ..ကျင့်စဥ်တွေ၊ အရင်းအမြစ်တွေဆိုတာ မင်းအလိုရှိသလောက် ရလာလိမ့်မယ်။ ဒီတစ်လှမ်းကြိုးစားလိုက်တာနဲ့ အနှစ်ခြောက်ဆယ်လောက် နှပ်နေရုံပဲ”

သို့သော် လုယန်တစ်ယောက် အတောင့်လိုက် ရပ်နေဆဲပင်။

အကယ်လို့ ဒီကိစ္စက သာမာန်မိန်းမထမိန်နား ခိုစားရုံကိစ္စလောက်ဆိုရင် လုယန် အများကြီး တွေး​နေမှာမဟုတ်ဘူး။

ဒါပေမဲ့ ဒါက ဘယ်လိုနေရာမလို့လဲ။ ဒီနေရာက ရှေးဦးသူတော်စင်နတ်ဆိုးဂိုဏ်းပဲ။

လျိုရှင်း၏ အတိတ်ဘဝ အတွေ့အကြုံကို ပြန်တွေးလိုက်ရင်.. သူကဘယ်လိုလုပ် ကျောက်ရှဟယ်၏ သမက်ခေါ်တာဝန်ကို ယုံကြည်ပေးနိုင်တော့မှာလဲ။

ဒီကိစ္စက မူမမှန်ပေ။

လုယန် ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်တော့၏။

“ဂိုဏ်းတူအကို ဒီလိုပါ၊ ကျွန်တော်က သမက်မဖြစ်ချင်တာမဟုတ်ဘူး.. ကျွန်တော့်မှာ ပြောလို့မရတဲ့ အခက်အခဲတစ်ခု ရှိနေတယ်”

ကျောက်ရှဟယ် အံံ့သြသွားတော့၏။

“ပြောလို့မရတဲ့ အခက်အခဲဟုတ်လား”

“အမှန်တိုင်းပြောရရင်ဗျာ”

လုယန်က အနည်းငယ် ရှက်ရွံ့စွာလှမ်းကြည့်လိုက်ပြီးမှ ဆက်ပြောသည်။

“ ကျွန်တော့်မှာ ကလာသားရောဂါကူးခံထားရလို့..”

ချက်ချင်းပင် ကျောက်ရှဟယ်၏ မျက်နှာကြီး မည်းမှောင်သွားတော့သည်။

ကလာသားရောဂါရှိတာက ပြဿနာမဟုတ်ပေ.. သူတောင်.ကုသပေးလိုက်လို့ ရသည်။

ဒါပေမဲ့ ဒါကိုထုတ်ပြောလိုက်တဲ့ အကြောင်းအရင်း.. အဲ့ဒါကမှ တကယ့် ပြဿနာဖြစ်လေ၏။

“အိုး သနားစရာပဲ”

ကျောက်ရှဟယ် ခေါင်းယမ်းလိုက်တော့၏။

တောင်ထွတ်ခေါင်းဆောင်က ကိုယ့်ကိုယ်ကို ကာလသားရောဂါစွဲအောင်အထိ အသုံးမကျလွန်းသော ရုပ်လေးပဲရှိသည့်ကောင်ကို သူ့သမီးနဲ့ ဘယ်တော့မှ သဘောတူလိမ့်မည် မဟုတ်ပေ။

လုယန်ကလည်း လေးစားစွာ ပြောလိုက်သည်။

“စိတ်ပူပေးလို့ကျေးဇူးပါဗျာဂိုဏ်းတူအကို”

လုယန်၏ ရိုကျိုး​သော အမူအရာကြောင့် ကျောက်ရှဟယ်၏ မျက်နှာ​က အနည်းငယ်.ပြန်လည်နူးညံ့သွားလေကာ

“ဒါဆိုရင် အကိုမင်းအတွက် တာဝန်ကောင်းတစ်ခု ရွေးပေးမယ်”

“မင်း.ဘယ်လိုတာဝန်မျိုးလိုချင်လဲ”

“အမှတ်အများကြီးရပြီး လုံခြုံတာမျိုးပေါ့ဗျာ”

ကျောက်ရှဟယ်၏ အပြုံးက ထိုစကားကို မျှော်လင့်နေသည့်နှယ် တစ်ချက်မှ ယိမ်းယိုင်မသွားချေ.. ဘယ်လိုပဲဆိုဆို ဒါက တပည့်အသစ်တိုင်း ပြောခဲ့ဖူးတဲ့စကားပဲ။

“အကို့မှာတကယ်ပဲ ရှိတယ်”

သူက လုယန်ကို ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်ပြီး ဆက်ပြောသည်။

“ဒီယင်ယန်မသေမျိုးပန်းကို ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးက သွေးနဲ့ ချီစွမ်းအင် အားဖြည့်ပေးမှ ကြီးထွားစေတာ၊ အခုကောင်းကင်ပြုပြင်တောင်ထွတ်က ဒီပန်းကို ဈေးအမြင့်ဆုံးပေးပြီးဝယ်နေတယ်။ တစ်ပွင့်ကို အမှတ်၁၅၀ ရမှာနော်”

“ဒီတာဝန်ကို တောင်ထွတ်ခေါင်းဆောင်ပေးထားတာပဲ။ ပန်းဘယ်လောက်ရရ၊ ယူမှာတဲ့ အကန့်အသတ်မရှိဘူး။ ပြီးဒီအတွက်လဲ အများကြီးလေ့လာစရာမလိုဘူးရယ်.. ဘာလို့ဆို ဒီယင်ယန်မသေမျိုးပန်းက တော်တော်လေး အကြမ်းခံတယ်။ မင်းရဲ့ဂူထဲမှာ စိုက်ထားလိုက်၊ လွယ်လွယ်မသေဘူး”

လုယန် ပထမတော့ မြောပါသွားပေမဲ့ ခဏအကြာမှာ ခေါင်းယမ်းလိုက်တော့သည်။

“ဘာဖြစ်လို့လဲ” ကျောက်ရှဟယ်က မျက်မှောင်ကြုတ်ဖြင့် မေးလိုက်တာပင်။

လုယန် ခါးသက်စွာ ရှင်း​ပြလိုက်လေ၏။

“အကြံပေးတာတော့ ကျေးဇူးပါ ဂိုဏ်းတူအကိုကျောက်၊ ဒါပေမဲ့ ဒီလဂူငှားခကို ကျွန်တော်ပေးရအုံးမှာ.. ဘယ်လိုလုပ် အမှတ်ရှိတော့မှာလဲ”

“အော် အဲ့လိုလား”

ကျောက်ရှဟယ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြောသည်။

“အကိုလဲ ဒီအခြေအနေကိုကျော်ဖြတ်လာရတော့ နားလည်ပေးနိုင်ပါတယ်။ ကဲဒါဆို အကို ကူညီပေးမယ်ကွာ”

“မင်းရဲ့ကျောက်စိမ်းပြား ပေးလိုက်”

သူက လက်ကမ်းလာလေ၏။

လုယန် နာခံစွာပဲ ကျောက်စိမ်းပြားပေးလိုက်သည်။ ခဏအကြာမှာ ကျောက်စိမ်းပြားထဲရောက်လာသော အမှတ်ငါးရာကြောင့် ချက်ချင်းပင် မှင်သက်သွားတော့၏။

ကျောက်ရှဟယ်က အနည်းငယ်ပြုံးလိုက်ရင်းမှ ရှင်းပြလာသည်။

“ဒါက မြစ်သုံးသွယ်အဖွဲ့က မင်းကိုပေးတဲ့ သီးသန့်အမှတ်တွေပဲ.. မင်းကြိုက်တဲ့အချိန် သုံးလို့ရတယ်။ ဒါနဲ့ပန်းမျိုးစေ့ သွားဝယ်လိုက်တော့”

လုယန် မျက်မှောင်ကြုတ်သွားပြီး..

“ဂိုဏ်းတူအကိုကျောက်၊ ဒါကလည်း ကျင့်စဥ်ဝယ်ရတဲ့ အကြွေးလိုပဲမလား။ ဒါဆိုကျွန်တော် အတိုးတွေနဲ့ ဘယ်လို…”

“မြစ်သုံးသွယ်အဖွဲ့က ရှေးဦးသူတော်စင်ဂိုဏ်းမှာ တော်တော်လေး အရေးပါတာကွ၊ ဒီကနေအမှတ်ချေးရင် မင်းတစ်လတိတိ အတိုးပေးဖို့မလိုဘူး။ ဒီလောက်ဆို အရမ်းသက်သာနေတာမဟုတ်ဘူးလား”

“မင်းက ပန်းမျိုးစေ့ မဝယ်ချင်တော့ဘူးလား”

ကျောက်ရှဟယ်က ကြင်နာစွာဖြင့် ဆက်ဖြောင်းဖျလေ၏။

“ဒီမြစ်သုံးသွယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဂိုဏ်းတူအကိုတစ်ယောက်က ပန်းမျိုးစေ့တွေ ရောင်းနေတယ်။ အကိုသူ့ကို မင်းအတွက် စကားကောင်းပြောပေးထားမှာပါ… မင်းလဲ သက်သက်သာသာ ဝယ်လို့ရတာပေါ့”

“ဒီလောက်ကောင်းတဲ့ကိစ္စ ရှိသေးတာလား” လုယန် အပျော်လွန်သွားလေ၏။

ကျောက်ရှဟယ်လည်း ပျော်ရွှင်စွာ ရယ်မောလိုက်တော့သည်။

“ဒါကမင်းနဲ့အကိုက ရေစက်ရှိသလို ခံစားနေရလို့ပဲပေါ့..ဒီလိုကိစ္စကို အကိုတစ်ခြားသူတွေဆို ပြောတောင်ပြောပြတာ မဟုတ်ဘူး”

ကျောက်ရှဟယ်က နောက်ထပ်ကျောက်စိမ်းပြားတစ်ခုကိုပါ ကမ်းပေးလာပြန်၏။

“ဒါက အကိုပြောတဲ့ ဂိုဏ်းတူအကိုရဲ့ ဆက်သွယ်ရေးကျောက်ပြားပဲ။ ကံကောင်းပါစေ ညီလေးလု”

“ ကျေးဇူးပဲဗျာ ဂိုဏ်းတူအကိုကျောက်”

လုယန်တစ်ယောက် အဆုံးမရှိအောင် ကျေးဇူးတင်နေတော့သည်။

သို့သော် လုယန် ကျောပေးလိုက်တာနှင့် ကျောက်ရှဟယ်၏ နှုတ်ခမ်းက မြေခွေးဆန်ဆန် ကွေးတက်သွားလေပြီး နောင်ထပ်သားကောင်ကို ရှာဖွေလေတော့သည်။

လုယန်ကလည်း ကျောက်ရှဟယ် မိတ်ဆက်ပေးသော ထိုဂိုဏ်းတူအကိုကို အလောတကြီး မရှာဖွေပါချေ။ ထိုအစား ဂူကို ပြန်သွားပြီး အရင်ဆုံး စတင်တွက်ချက်ပါတော့၏။

“အမှတ်ငါးရာနဲ့ဆိုရင် ပန်းမျိုးစေ့ဆယ်စေ့ ရတယ်။ သူ့ရဲ့အတိုးက ဂိုဏ်းရဲ့အတိုးနဲ့အတူတူပဲ”

“အဲ့ဒီပန်းတွေကို ကြီးလာအောင်ဆိုရင် ငါနေ့တိုင်း ညနောက်ကျတဲ့အထိအိပ်၊ မနက်ဆို အစောကြီးထ.. ရေတွေလောင်း၊ သွေးတွေပေးနဲ့ တစ်နှစ်လောက် အသေအလဲ ကြိုးစားမှရမှာ။ အဲ့ဒါမှ အမှတ်၁၅၀၀ ရလာမယ်”

“ဂူငှားခပေးလိုက်ရင် ငါ့မှာ အမှတ် ၁၁၄၀ ကျန်မယ်”

“အဲ့ဒီကနေမှ ငါ့ရဲ့ကျင့်စဥ်ဝယ်ထားတဲ့ အတိုးနဲ့အကြွေးကိုပေးတာ​က ၄၆၀ မှတ်ဆိုတော့ ကျန်မှာက ၆၈၀ပဲ ရှိတော့မှာကွာ၊ အဲ့ဒါကိုမှ အကြွေး ၅၀၀နဲ့ အဲ့အတွက် ၁၈၀ ပြန်ပေး.. ကောင်းရော၊ ဘာကျန်သေးလို့လဲ”

“ဘယ်မှာလဲ ငါ့အမှတ်တွေ..”

လုယန် အချိန်တစ်ချို့ကြာသည်အထိ လက်ဖဝါးကြီးကိုပဲ ဗလာဖြစ်စွာ စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလေတော့၏။

“ကောင်းလိုက်တာ၊ အပိုအကျန်အဖြစ် နည်းနည်းတောင် မချန်ပေးထားဘူး.. နတ်ဆိုးဂိုဏ်းဖြစ်နေတာ မအံ့သြတော့ပါဘူး”

ရှေးဦးသူတော်စင်ဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် အစပိုင်းမှာ အကြွေးယူရလိမ့်မည်.. ဒါဆိုရင်တော့ ဂုဏ်ယူပါတယ်၊ သင်က ဂိုဏ်းရဲ့ ချိန်းကြိုးကြီးမှာ ချည်နှောင်မိသွားပါပြီ။

တာဝန်တွေလုပ်ပြီး အမှတ်တွေရလာရင်တောင်မှ အကြွေးနဲ့အတိုး​ကို ပြန်ဆပ်ရလို့ ဘာမှ ကျန်မှာမဟုတ်ဘူး။ အသေအလဲ ခြိုးချန်ချွေတာမှ နေထိုင်စရိတ်ရလိမ့်မည်။

အပိုအမှတ်လိုချင်ရင် အပိုတာဝန်တွေ အများကြီးလုပ်ပဲ။

ဒီလိုမှမဟုတ်ရင် ဂိုဏ်းရဲ့ချိန်းကြိုးကြီးက လှုပ်ရှားလာပြီး တပည့်တစ်ယောက်၏ ဘဝကို ဖျက်ဆီးပစ်လိုက်ကာ.. အကြွေးနွံ နစ်စေလိမ့်မည်။

မုဆိုးမသွားရာ မိုးလိုက်ရွာ ဆိုသလိုမျိုးပေါ့..

ဒီတော့ ရှင်းရှင်းလေးပြောရရင်.. ဒီဂိုဏ်းကြီးက တပည့်အသစ်လေးတွေကို အကြွေးနွံနစ်စေပြီး သေလောက်အောင် အလုပ်လုပ်စေချင်တာပဲ။ သူတို့တွေရဲ့ အလုပ်ကြိုးစားမှုကို အမြတ်ထုတ်ပြီး ဒီဂိုဏ်းကြီးကို ကြီးပွားတိုးတက်စေတာပေါ့။

“တရိစ္ဆာန်တွေ”

လုယန် မနေနိုင်စွာ ဆဲရေးလိုက်ပြီးမှ ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်လိုက်ရပါ၏။

“ငါကဂိုဏ်းအတွက် အလုပ်လုပ်တယ်၊ ဂိုဏ်းကငါ့ကိုအမှတ်ပေးတယ်၊ အဲ့အမှတ်နဲ့ ကျင့်စင်တွေဝယ်ပြီး သန်မာအောင်လုပ်လို့ရတယ်။ ဒါက ကိုယ်တိုင်လှုပ်ရှားရတဲ့ စနစ်ကြီးဖြစ်ပြီးတော့ ငါကအလယ်ကလူသားတစ်ယောက်ပဲ”

သို့သော် ထိုအချိန်မှာပဲ လုယန်တစ်ယောက် ကျောက်ရှဟယ် သူ့ကျောက်စိမ်းပြားထဲကို အကြွေးမှတ် ၅၀၀ ထည့်ပေးချိန်က နွေးထွေးစွာ ပြုံးပြနေပုံကို ပြန်မြင်ယောင်မိလိုက်သည်။

“မင်းဘက်က အရင်စလာမှာတော့ ငါ့ကိုရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့”

“ငါသေချာပေါက် အကုန်လုံးကို လက်တုံ့ပြန်မှာ”

ထိုသို့ပြောလိုက်သော်လည်း တပည့်တစ်ယောက်၏ ကြမ်းတမ်းလွန်းသော ဘဝကြောင့် လုယန် စိတ်ဓာတ်အကြီးအကျယ် ကျလာပါတော့သည်။ သူ့နှလုံးသားထဲမှာ အမည်မသိမီးတောက်တစ်ခု တောက်လောင်လာ၏။

“နတ်ဆိုးဂိုဏ်းရဲ့လိမ်ညာမှုလား”

ထိုအချိန်မှာပဲ လိုက်ကာစလေး မလာတာနှင့်အတူ.. လုယန်၏ဆဲရေးသံကိုကြား၍ စပ်စုစွာကြည့်လာသော ယွင်မြောင်ချင်းကို မြင်လိုက်ရသည်။

…….

All Chapters