← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

Ch 9

(ချမ်းသာခြင်းက လူတွေကို လမ်းမှားရောက်စေတယ်)

“နတ်ဆိုးကောင်၊ ရှင်စိတ်အခြေအနေ မကောင်းဘူးလား”

ယွင်မြောင်ချင်းက မျက်စိပိတ်အနားယူနေသော လုယန်ကိုကြည့်ကာ မေးလာ၏။

“နည်းနည်းပါ”

လုယန် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့အခက်အခဲတွေကို ပြောပြလိုက်တော့သည်။

“ဒီနတ်ဆိုးဂိုဏ်းက တပည့်တွေကို ဘယ်လိုတောင် ဆက်ဆဲနေတာလဲ..လူစိတ်ကို မရှိဘူး”

“နတ်ဆိုးကောင် ၊ရှင်ကအရည်အချင်းလဲ ရှိတဲ့သူပဲကို… ဘာကိစ္စ ဒီနတ်ဆိုးဂိုဏ်းမှာ အခုလို မမျှမတ ခံစားနေရမှာလဲ”

“ရှင်သာ ကျွန်မရဲ့ကိုယ်ပေါ်က အတားအဆီးကို ဖျက်ဆီးပြီး ဒီကနေထွက်ပြေးလို့ရအောင် ကူညီမယ်ဆိုရင် ကျွန်မရှင့်ကို ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်ခွင့်ရအောင်လို့ တောင်းဆိုပေးမယ်”

ယွင်မြောင်ချင်းက ဘယ်လိုပဲ သေလမ်းရှာချင်နေရင်တောင်မှ.. သူ စိတ်မဝင်စားပါချေ။

အခုလိုအရေးမသာတဲ့အချိန်မှာ လူတစ်ယောက်က ကိုယ့်အခြေအ​နေကိုယ် သိပြီး ပြုမူရမှာပေါ့.. သူအရင်ဦးဆုံး သန်မာအောင် လုပ်ရလိမ့်မည်။

အများကြီးစဥ်းစားပြီးနောက်မှာတော့ လုယန် ပန်းမျိုးစေ့ မဝယ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး ထိုအစား စွမ်းအင်တိုးဆေးလုံးဆယ်လုံး ဝယ်လိုက်တော့သည်။

“ဒီဘဝက တကယ်ကို လမ်းဆုံးကိုရောက်နေပြီပဲ”

“ထားပါ၊ ဘယ်လိုပဲဆိုဆို ငါက အကြွေးဆပ်ဖို့ အသေအလဲကြိုးစားဖို့ လုပ်နေတာမှမဟုတ်ပဲ.. အကြွေးဆပ်ဖို့ စိတ်ကူးကိုမရှိဘူး။ အကြွေးတောင်းချိန်ကျရင် ငါသေပေးလိုက်မယ်”

“ဒီအခွင့်အရေးမှာ ငါ့ကိုယ်ငါ အတတ်နိုင်ဆုံး တိုးတက်အောင်လုပ်ထားမှ တန်မှာ”

လုယန်က ဒီဘဝအတွက် ကျင့်ကြံမှုကို ရွေးချယ်ဖို့ရန်ပဲ ဆုံးဖြတ်ထားသည်.. ထို့ကြောင့် သူ အမြန်ဆုံး အဆင့်တက်အောင်.လုပ်ဖို့ လိုသည်ပင်။

“ငါ့ရဲ့ကျင့်ကြံဆင့်က အရမ်းနိမ့်နေခဲ့ရင်..လျိုရှင်း အနိုင်ကျင့်နေအုံးမယ်။ အနည်းဆုံးတော့ အစပိုင်းက လျိုရှင်းရဲ့ ကျင့်ကြံဆင့်ကို ရအောင်လုပ်တာ အကောင်းဆုံးပဲ”

“အနည်းဆုံးတော့ ချီသန့်စင်ခြင်းအလယ်အဆင့်ကို ရောက်နေပြီး ငါ့ကျင့်ကြံဆင့်အမှန်ကိုလဲ သေ​သေသပ်သပ် ဖုံးထားမှရမယ်။ ဒါမှ လျိုရှင်းကို ပြန်လှည့်စားနိုင်မှာ”

အခုမှသာ လုယန် ယုံကြည်ချက်ရှိရှိ ကြံစည်နိုင်တာ ဖြစ်သည်။

ချီသန့်စင်ခြင်းနယ်ပယ်မှာ အစောပိုင်းနယ်ပယ်၊ အလယ်နယ်ပယ်၊ နှောင်းပိုင်းနယ်ပယ်နဲ့ ပြည့်စုံခြင်းနယ်ပယ်ဆိုပြီး ဆယ်ဆင့် သတ်မှတ်ထားသည်။

အဆင့် ဆယ်ဆင့်ကြားမှာ အခက်အခဲ သိပ်မရှိဘဲ.. အစောပိုင်းနယ်ပယ်ကနေ အလယ်နယ်ပယ်.. စသဖြင့် နယ်ပယ်ကူးပြောင်းချိန်မှသာ အခက်အခဲရှိတာ ဖြစ်၏။

ထို့ကြောင့်ပဲ တပည့်အများစု အဆင့်မတက်နိုင်ကျတာပင်။

“ငါတွက်ချက်ရသလောက် စွမ်းအင်တိုးဆေးဆယ်လုံးလုံး စားလိုက်ရင် ချီသန့်စင်ခြင်း အဆင့်သုံးကို ရောက်သွားနိုင်တယ်။ ဒါက ဂိုဏ်းကတပည့်အများစု ရှိတဲ့အဆင့်ပဲ။.သူတို့တွေ မတရားကြိုးစားပြီး အတွေ့အကြုံတွေ စုဆောင်းကြတာတောင်မှ ချီသန့်စင်ခြင်းအဆင့်သုံးကနေ အဆင့်လေးကို မတက်နိုင်ဘဲ အစောပိုင်းနယ်ပယ်မှာ ပိတ်မိနေကြတာ”

ပုံမှန်ဆို လုယန်လည်း ထိုအဆင့်မှာ ပိတ်မိနေမှာဖြစ်သည်။

သို့ပေမဲ့ ဒီဘဝကတော့ မတူညီတော့ဘူး။

လုယန် ချက်ချင်းပဲ ဓားတစ်ချောင်းနှင့်တူသော အဖြူရောင် ချီစွမ်းအင်ကို ဆင့်ခေါ်လိုက်လေ၏။

အဖြူရောင်မူလချီစွမ်းအင်..

“လျိုရှင်းပြောသွားသလိုဆိုရင် ဒီမူလချီစွမ်းအင်က အဆင့်တက်တဲ့နေရာမှာ ကူညီပေးနိုင်တယ်။ အရင်ဘဝက သူနှောင်းပိုင်းနယ်ပယ်ကို အဆင့်တက်တာလဲ ဒီမူလချီစွမ်းအင်ကြောင့်ပဲ ဖြစ်ရမယ်”

လျိုရှင်းတောင်မှ အသုံးပြုနိုင်လေရာ… သူသုံးလိုက်လျှင်လည်း ချီသန့်စင်ခြင်းအလယ်အဆင့်ကို ရောက်နိုင်လိမ့်မည်ဟု ချီယွမ် အပိုင်တွက်လိုက်တော့သည်။

“ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကို ရောက်အောင်ကျင့်ကြံနိုင်ရင်တော့ ငါသေပျော်တယ်။ နောက်ဘဝကျ ဒီကျင့်ကြံမှုနဲ့ဆိုရင် ငါ့အတွက်အစကောင်းမှာပဲ”

မကြာခင်မှာပဲ စွမ်းအင်တိုးဆေးလုံးကို လာပို့ကြောင်း ဂူပေါက်ဝမှ အသံတစ်ချက် ကြားလိုက်ရသည်။

လုယန် တံခါးဖွင့်လိုက်ချိန်မှာ ယွင်မြောင်ချင်းထက် မလျော့သော လှပလွန်းသည့်မျက်နှာနဲ့ ဆွဲဆောင်မှုပိုရှိသော ကိုယ်လုံးကို ပိုင်ဆိုင်ထားသည့် မိန်းမလှတစ်ယောက်က ဗူးတစ်ဗူးကို ကိုင်ထားတာ မြင်လိုက်ရလေသည်။

“အမနာမည်က ချန်ချင်းပါ တွေ့ရတာဝမ်းသာပါတယ် ဂိုဏ်းတူမောင်လေးလု”

သူမက ကြင်နာစွာ ပြုံးပြလိုက်၏.. ထိုအပြုံးက မှော်အစွမ်းတစ်ချို့ပါဝင်နေသလိုမျိုး မြင်သူတကာ၏ နှလုံးသားကို လှုတ်ယမ်းသွားကာ.. သူမကို မနှစ်သက်ရမနေနိုင်အောင် ဖန်တီးနိုင်လေသည်။

“အမက အမိန့်နဲ့ မောင်လေးဆီကို ဆေးလုံးလာပို့ပေးတာ၊ မောင်လေးရဲ့ ကျောက်စိမ်းပြား ပြအုံး”

လုယန် ရိုးရှင်းစွာပဲ ကျောက်စိမ်းပြားကို ကမ်းပေးလိုက်သည်။

ချန်ချင်းက နူးညံ့စွာ ယူလိုက်ရင်းမှ ပြောလာ၏။

“မောင်လေး ဒီတစ်ခေါက်ဆေးလုံးတွေ အများကြီးဝယ်လိုက်တာ..ဘာလဲ ရုတ်တရက် ချမ်းသာသွားလို့လား”

“ဟမ်.. မဟုတ်တာဗျာ”

လုယန် ခါးသက်စွာ ပြန်ဖြေလိုက်ပါ၏။

“ကျွန်တော်က အကြွေးတွေအများကြီး ယူလိုက်လို့ပါ။ သန်မာအောင်လုပ်ချင်လို့ အကြွေးတွေနဲ့ ဆေးလုံးဝယ်လိုက်တာ”

“အော်..”

ချန်ချင်း​က ခေါင်းညိတ်လိုက်ပြီးမှ အလွန်စိတ်ပူနေသော မျက်နှာလေးနှင့် ဆက်ပြောသည်။

“မောင်လေး ဒီလောက်ကြီးကိုယ့်ကိုယ်ကို မပြောပါနဲ့ကွယ်၊ အမတို့အားလုံး အကြွေးရှိကြတာပဲ”

“ဒါပေမဲ့ အမကိုအပြစ်တော့မတင်နဲ့၊ မောင်လေး နည်းနည်းတော့ မနေတတ်သေးဘူး”

“ဗျာ”

လုယန်၏ စိတ်ဝင်စားလာပုံကြောင့် ချန်ချင်းက အပြုံးဖွဖွဖြင့် ရှင်းပြသည်။

“ဂိုဏ်းမှာ တာဝန်တွေကအများကြီးလေ… ဒီတာဝန်တွေလောက်နဲ့ အကြွေးတွေ ဘယ်ဆပ်နိုင်မှာလဲ”

“ဒီနတ်ဆိုးဂိုဏ်းမှာ တပည့်တစ်ယောက်က နတ်ဆိုးလမ်းစဥ်ကို ဘယ်လိုလျှောက်လှမ်းရမလဲ သိတာနဲ့ ချမ်းသာဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာမဟုတ်ဘူး”

“အမ အစက မောင်လေးကို မတော်တဆများ အရင်သခင်ကြီးတွေရဲ့ ဂူအဟောင်းတစ်ခု ရှာတွေ့ပြီး အဲ့ကနေ အမွေအနှစ်တွေ ရထားတယ် ထင်သွားတာ၊ ဒါကြောင့် အခုလို ဝယ်နိုင်တယ်ထင်ပြီး အမလဲ တဲ့တိုးမေးချလိုက်မိတယ်။ ဒီလိုဖြစ်မယ်လို့တော့ မထင်ထားဘူး”

“ဂူအဟောင်းဟုတ်လား”

လုယန်၏ မျက်နှာက မျက်လွှာချပြီး တည်ငြိမ်လွန်းနေသော်ငြား သူ့လေသံထဲက စိတ်ဝင်စားမှုတစ်ချို့ကို ဖုံးကွယ်လို့မရပါချေ။

“ကျွန်တော်က ဗဟုသုတမရှိတာမို့ ဂိုဏ်းတူအမ ရှင်းပြပေးနိုင်မလားဗျ”

“ဒီရှေးဦးသူတော်စင်ဂိုဏ်းကို ကောင်းကင်ယံတိမ်ပင်လယ်မှာ တည်ထောင်ခဲ့တယ်ဆိုတာ မောင်လေး ကြားဖူးလား”

ချန်ချင်းက ဆက်ရှင်းပြလိုက်၏။

“ဒီကောင်းကင်ယံတိမ်ပင်လယ်ကြီးမှာ အတွင်းတောင်ထွတ်လေးခုအပြင် ဂိုဏ်းရဲ့ အရင်အကြီးအကဲတွေ နေထိုင်ခဲ့ကြတဲ့ တောင်ထွတ်တွေအများကြီး ရှိသေးတယ်”

“ဒါပေမဲ့ ဒီရှည်လျားတဲ့ကျင့်ကြံရေးလမ်းစဥ်မှာ လူတွေ သေဆုံးရတာပဲလေ။ ဒီလိုနဲ့ အဲ့ဒီအကြီးအကဲတွေ သခင်ကြီးတွေ နေထိုင်ခဲ့တဲ့ ဂူတွေကမပျက်ဆီးပဲ ရှိနေသေးတာပေါ့။ အန္တရာယ်များတယ်ဆိုပေမဲ့ ဒီကောင်းကင်ယံတိမ်ပင်လယ်ထဲမှာ ရှိနေနိုင်မဲ့ ဂူအဟောင်းတစ်ခုချင်းစီက အခွင့်အ​ရေးတွေပဲ။ အမွေအနှစ်လေးတစ်ခု ရလိုက်ရင်တောင် အမတို့ အမှတ်တွေအများကြီးနဲ့ ပြန်လဲလို့ရတယ်”

“အမ မကြာခင်ကမှ ဂူအဟောင်းတစ်ခုရှာတွေ့ထားတာ မောင်လေး စိတ်ဝင်စားလား”

တကယ်လား.. ငါတော့မယုံပေါင်

လျိုရှင်းနှင့် တူလွန်းလှသော အပြုအမူလေးတွေကြောင့် လုယန် စိတ်ထဲမှ လှောင်ပြောင်လိုက်တော့၏။

ဒါကထောင်ချောက်ပဲ။

ဘာအခွင့်အရေးလဲ.. သေချာပေါက်ငါးစာချတာ။

ကြည့်ရတာ သူ့ရဲ့လှုပ်ရှားမှုကြောင့် ဖြစ်မည်။

တပည့်အသစ်လေးတစ်ယောက်က ရုတ်တရက် ဆေးလုံးတွေ အများကြီးဝယ်လိုက်တော့ သူတို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားပြီး အခုလို အပြင်ထုတ်ပြီး သတ်ဖို့ကြံစည်တာလဲ ဖြစ်နေနိုင်သည်။

လုယန်တစ်ယောက် ဝေခွဲရခက်နေသော မျက်နှာထားကို ဖော်ထုတ်လိုက်တော့သည်။

“ကျွန်တော် စဥ်းစားဖို့လိုသေးတယ်”

“အလျင်မလိုပါဘူး”

“အမအခု ပို့စရာရှိတာလဲ ပို့ပြီးသွားပြီ။ မောင်လေး စိတ်ဆုံးဖြတ်ပြီးရင် အမကို ဆက်သွယ်လိုက်ပေါ့”

“ကျွန်တော်ဆုံးဖြတ်ပြီးပြီ၊ မသွားဘူး”

လုပ်စရာမကျန်တော့မှန်း အတည်ပြုပြီးတာနဲ့ လုယန် ပြောစရာရှိတာပြောပစ်ခဲ့ပြီး ဆေးလုံးဗူးကို ဆွဲယူကာ တံခါးပိတ်ချလိုက်တော့သည်။ ချန်ချင်းကို တံခါးဝမှာ ပစ်ထားခဲ့လိုက်၏။

ချန်ချင်း, “.....”

ခဏအကြာမှာ ချန်ချင်းတစ်ယောက် သူမ၏ ပုလဲလို ဖြူဖွေးသောသွားဖြင့် နှုတ်ခမ်းကိုက်လိုက်ပြီး လူသတ်ချင်စိတ်အပြည့်နှင့် ပြောလိုက်တော့၏။

“အဲ့ဒီလုယန်.. ငါ့ကို ကစားရဲတယ်”

ချန်ချင်း ချက်ချင်း လှည့်ထွက်သွားပြီး နောက်ထပ် ဂူတစ်ခုရှိရာကို ဦးတည်လိုက်သည်။

ထိုဂူထဲမှာ တရားထိုင်ရင်း သူမကိုစောင့်နေဟန်ရသော အမျိုးသားတစ်ယောက်က သူမ၏ မည်းမှောင်နေသော မျက်နှာကိုမြင်တာနဲ့ မျက်မှောင်ကြုတ်သွားကာ မေးလာလေ၏။

“မ​အောင်မြင်ခဲ့ဘူးလား”

“အဲ့ဒီလူက.. အရမ်းသတိကြီးတယ်”

“ပြီး.. ဒီလူက အမှတ်တွေချေးပြီး ပန်းမျိုးစေ့မဝယ်ဘဲ ဆေးလုံးတွေ လာဝယ်နေတာ၊ ကြည့်ရတာ သူက အကြွေးပြန်ပေးဖို့ အစီအစဥ်မရှိနေဘူးနော်”

“အဲ့ဒီကောင်က နောက်ဘဝအထိ ဆွဲသွားလိမ့်မယ်”

သူမစကားတွေကြောင့် ကျောက်ရှဟယ်က အေးစက်စွာ မျက်နှာကိုမဲ့လိုက်ပြီး ပြန်ပြောလာသည်။

“မင်းသိလား၊ ဂိုဏ်းရဲ့တပည့်တိုင်းကို ဈေးသတ်မှတ်ပြီးသားဆိုတာ”

“ဂိုဏ်းကလေ.. ဘယ်တော့မှ တပည့်တစ်ယောက်ကို သူတို့တန်ကြေးထက် ပိုတဲ့အထိ ချေးပေးမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းက သူပိုင်ဆိုင်တာကို ပြန်ယူနိုင်တယ်။ အသား၊အတွင်းအင်္ဂါ၊ ဝိညာဥ်.. ဒီလောက်ဆိုရင်ကို အဲ့ကောင် အကြွေးဆပ်ဖို့ လုံလောက်တာထပ်ပိုနေပြီ”

“ဒီကောင်က ကျင့်ကြံဆင့်မြင့်ချင်တာတဲ့လား.. လုပ်ပါစေပေါ့”

“ကျင့်ကြံဆင့်မြင့်လေလေ၊ တန်ဖိုးပိုတက်လေလေပဲ”

ကျောက်ရှဟယ်၏ မျက်လုံးထဲမှာ ရက်စက်သောအရိပ်အငွေ့တွေ ထင်ဟပ်လာပြီး..

“အချိန်တန်ရင် ကိုယ်တို့က ပိုတောင်အမြတ်ရအုံးမှာ၊ ပြီးတော့ အခုဒီကောင်က ဆေးဆယ်လုံးတောင် ဝယ်ချလိုက်တာ၊ သူက ဆေးဆယ်လုံးလုံး စားနိုင်အောင်အထိ အသက်ရှင်မှာမလို့လား”

“ရှင်ဆိုလိုတာက..”

ကျောက်ရှဟယ် ခေါင်းညိတ်ပြလိုက်ပြီး အဓိပ္ပါယ်အပြည့်ဖြင့် ဆက်ပြောလိုက်သည်။

“ကိစ္စကောင်းတွေ အများကြီးရှိပါသေးတယ်”

ချန်ချင်း၏ မျက်ဝန်းလှလှလေးတွေလည်း ပြန်လည်တောက်ပသွားတော့သည်။

…….

Ch 10

(အမှောင်ညရဲ့လူသတ်သမား)

လုယန်သည် ဂူအတွင်းမှာ ကြာပန်းပုံထိုင်နေပြီး အဆင့်တက်ဖို့ ကြိုးစားနေခဲ့သည်.. စွမ်းအားတိုးဆေးလုံးများအပြင် ယွင်မြောင်ချင်း၏ အဆက်မပြတ် အားဖြည့်ပေးမှုကြောင့် သူ၏ ကျင့်ကြံမှုက လျင်မြန်စွာတိုးတက်လာခဲ့ပြီး အဆင့်တက်နိုင်တော့မှာပင်။

“ဝုန်း”

နောက်တစ်စက္ကန့်မှာပဲ သူ့၏အသိစိတ်ပင်လယ်ထဲကို အလုံးအရင်းလိုက် ဝင်လာသော စွမ်းအင်များကို လုယန် ခံစားလိုက်ရကာ.. ချီသန့်စင်ခြင်းအဆင့်နှစ်ကို ရောက်လာခဲ့သည်။

“ချီသန့်စင်ခြင်း အဆင့်လေး မတိုင်ခင်အထိ ငါ့အတွ​က်အခက်အခဲ ရှိအုံးမှာမဟုတ်ဘူး။ လုံလောက်တဲ့အရင်းအမြစ်နဲ့ အချိန်ပေးလိုက်ရင် ရသွားမှာပဲ.. ဒါပေမဲ့ ငါ့မှာ အချိန်အရမ်းမရှိဘူး”

ချန်ချင်း၏ ရောက်ရှိလာမှုက လုယန်၏နှလုံးသားကို ပိုသတိကြီးစေခဲ့သည်။

သူ၏ ဂူတစ်ခုလုံးကို မွှေနှောက်သောင်းကြမ်းခဲ့သည့် လျိုရှင်း၏ အတိတ်ဘဝက လုပ်ရပ်ကို သူအခုထိ မေ့မရသေးပေ။ လျိုရှင်းတောင် လုပ်နိုင်လျှင်.. ချန်ချင်းကကော မလုပ်နိုင်ပေဘူးလား။

ဒီဂူထဲမှာနေရတာက စိတ်မချရပါချေ။

“ငါ့ရဲ့သန်မာမှုနဲ့ ကျင့်ကြံဆင့်ကိုပဲ အားကိုးလို့ရမယ်”

လုယန် အံကြိတ်လိုက်ပြီး ဆေးလုံးအားလုံးကို ထုတ်သောက်လိုက်တော့သည်။ ထို့နောက်် ယွင်မြောင်ချင်းကိုပါ တစ်ခါထဲ ခေါ်လိုက်သည်။

အခုလို ဆေးလုံးတွေကိုဆက်တိုက်စားလိုက်တာက ဆေး၏ အကျိုးအာနိသင်ကို ၃၀ ရာခိုင်နှုန်းလောက် အားနည်းသွားစေသည့်အတွက် ဖြုန်းတီးသလို ဖြစ်နိုင်ပါသည်။ သို့ပေမဲ့ ဒါကအမြန်ဆုံး အဆင့်တက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းပင်။

လုယန်အတွက်တော့ သူ ချီသန့်စင်ခြင်းအဆင့်သုံးကိုသာ ရောက်နိုင်ပါက.. ဒီဆေးလုံးတွေသည် နည်းနည်းတောင် ဖြုန်းတီးခံရခြင်းမရှိဘဲ အကောင်းမွန်ဆုံး အသုံးချခံရသည်ဟုတောင် ပြောနိုင်ပါ၏။

ထိုသို့ဖြင့် မျက်စိတမှိတ်အတွင်းမှာပဲ အချိန်တွေကုန်ဆုံးသွားလိုက်တာ… သုံးရက် သုံးည ကြာသွားခဲ့သည်။

ဒီသုံးရက်လုံး လုယန်တစ်ယောက် မစားမသောက်ဘဲ ကျင့်ကြံနေခဲ့ပြီး.. သူ့ကြောင့် ယွင်မြောင်ချင်းပင် မေ့လဲလုနီးပါးရှိသည်။ နောက်ဆုံးတော့ ပါးလွာသော အတားအဆီးအနီးကို ရောက်လာသလို လုယန် ခံစားလိုက်ရတော့၏။

“ငါအောင်မြင်ပြီ”.

လုယန် ချက်ချင်းပဲ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ ပေါများလွန်းသော ချီစွမ်းအင်တွေက သူ့၏ဒျန်ထျန်ထဲမှာ အလွန်အားပြင်းသော မြစ်တစ်စင်းလို စီးဆင်းနေကြောင်း အာရုံခံမိသည့်တိုင်.. ထိုစွမ်းအင်များက ထပ်မတိုးနိုင်တော့သလို ပိတ်မိနေလေ၏။

“ဒါကနယ်ပယ်တွေကြားက အတားအဆီးပဲ”

ချီသန့်စင်ခြင်းအဆင့်လေး ​ဖြစ်ပြီး အလယ်နယ်ပယ်ကို ရောက်သွားတာနဲ့ သူက ရှေးဦးသူတော်စင်ဂိုဏ်း၏ တော်တော်လေး ထူးချွန်သော တပည့်တစ်ယောက် ဖြစ်လာတော့မှာပင်။

လုယန် ခဏလေးတောင် အချိန်မဆွဲရဲဘဲ မူလချီစွမ်းအင်ကို ချက်ချင်း ထုတ်ယူလိုက်သည်။

“ဆက်ကျင့်ကြံမယ်”

လုယန် သူ၏အတွင်းစွမ်းအင်နဲ့ မူလီချီစွမ်းအင်ကို ဝါးမြိုစေလိုက်ကာ စွမ်းအင်တွေအားလုံးကို ဒျန်ထျန်အတွင်း အတင်းအကျပ် ဝင်ရောက်စေလိုက်သည်။

မူလချီစွမ်းအင်တွေ ဝင်ရောက်လာသည်နှင့်အမျှ တောင်တစ်တောင်လို လေးလံလှသော အတားအဆီးက အားဖျော့လာတာကို သူခံစားနေရ၏။

နောက်ဆုံးတော့ ထိုအတားအဆီးက ရေခဲအရည်ပျော်ကျသလိုမျိုးကို ဖြည်းညှင်းစွာ ပျောက်ကွယ်သွားရသည်။

ထူပိန်းမည်းမှောင်နေသော လှိုဏ်ဂူထဲမှာ လုယန် မျက်လုံးဖွင့်ကြည့်လိုက်သည်။

သူ၏အကြည့်က အမှောင်ထုထဲက မီးတိုင်လို စူးရှနေလေ၏။

ရက်ပိုင်းအတွင်းမှာကို သူ၏သန်မာမှုက အများကြီးကွာခြားသွားခဲ့လေပြီ။

“အစောပိုင်းနယ်ပယ်နဲ့ယှဥ်ရင် ချီသန့်စင်ခြင်းအလယ်နယ်ပယ်က တော်တော်လေး ကွာခြားသွားတာပဲဟ”

ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကို ခံစားမိ၍ လုယန်တစ်ယောက် ပျော်ရွှင်နေတော့သည်။

“ချီသန့်စင်ခြင်း အစောပိုင်းနယ်ပယ်က မြစ်ငယ်လေးတစ်စင်းဆိုရင် အလယ်နယ်ပယ်က ပင်လယ်ပဲ..ပင်လယ်”

“ဆယ်ဆလောက်တောင် တက်သွားတာဆိုတော့ ဒါဆိုငါ့ကိုယ်ငါ ကျင့်ကြံသူလို့ ရဲရဲဝံ့ဝံ့ ပြောလို့ရသွားပြီ”

.

ချီသန့်စင်ခြင်းအစောပိုင်းနယ်ပယ်မှာ ချီစွမ်းအင်က အကန့်အသတ်ရှိသဖြင့် ပုံမှန်တိုက်ကွက်တစ်ခု သုံးဖို့အရေးကို မျက်နှာလိုက်ကြည့်နေရသည်။

အခုတော့ သူဘာကိုမှ စိတ်ပူစရာမလိုတော့ဘူး။ အသက်အနည်းငယ် ရှုရုံနဲ့ ပြန်ပြည့်လာမည့် ချီစွမ်းအင်များကြောင့် သူ့အနေနဲ့ တိုက်ကွက်တွေကို စိတ်တိုင်းကျ ထုတ်သုံးနိုင်လေပြီ။

“မဆိုးဘူး. မဆိုးဘူး”

လုယန် ခပ်ဖြည်းဖြည်း မတ်တပ်ထလိုက်ပြီး အဖြူရောင်ဓားတစ်ချောင်းကို ထုတ်ဖော်လိုက်သည်။ ထို့နောက်မှာ ထိုဓားစွမ်းအင်က ဆယ်ခုပြိုကွဲသွားလေပြီး လုယန်၏ ပုံရိပ်လဲ ဓားစွမ်းအင်တွေကြား သွားလာနေတော့သည်။

ဝူး..ဝူး

ဓားအစွမ်းတွေက ကြောက်ဖို့ကောင်းသော အရောင်အဝါကို ​ဖြစ်ပေါ်စေချိန်မှာ ချီစွမ်းအင်နဲ့ ဓားစွမ်းအင်ကို ပြီးပြည့်စုံစွာ ပေါင်းစပ်လိုက်နိုင်သော လုယန်က နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို လှပစွာ ပုံဖော်နေခဲ့သည်။

“ဒါတွေအားလုံးက လျိုရှင်းကို ကျေးဇူးတင်ရမယ်”

“ငါနဲ့အခုလို ကိုက်ညီတဲ့ မူလချီစွမ်းအင်ကြောင့်သာ မဟုတ်ရင် အဆင့်တက်နိုင်မှာမဟုတ်ဘူး။ ချီသန့်စင်ခြင်းအဆင့်သုံးမှာ သုံးနှစ်လောက် အေးဆေး အချိန်ဖြုန်းနေရမှာပဲ”

“ဒါကြောင့် လျိုရှင်းက အတွင်းတာအိုစာအုပ်ကိုပဲ အားကိုးနေတာ ဖြစ်မယ်”

“ဒါပေမဲ့ အဲ့ကောင်က စောက်ကျင့်ကောင်းတာမဟုတ်ဘူး။ အတွင်းတာအိုစာအုပ်အားကိုးနဲ့ လူတွေ လိုက်သတ်နေတာ.. အဲ့လိုမကောင်းတဲ့ သိုင်းက ငါနဲ့ပဲ ကိုက်ညီတယ်”

လုယန် ရုတ်ချည်း လောဘကြီးလာတော့သည်။

“အခုအချိန်မကျသေးဘူး.. နောက်ဘဝမှပေါ့၊ ငါ့မှာအချိန်တွေ ရှိပါသေးတယ်”

လုယန် အတွေးလွန်နေစဥ်မှာပဲ ရုတ်တရက် ခံစားလိုက်ရသော လှုပ်ရှားမှုကြောင့် မျက်ခုံးတစ်ဖက်ပင့်ကာ ဂူပေါက်ဝကို အကြည့်ပို့လိုက်တော့သည်။

“တစ်ယောက်ယောက် ရောက်နေတယ်”

လုယန်၏ မျက်လုံးထဲ အေးစက်စက် အလင်းတစ်ချို့ ဖြတ်ပြေးသွားကာ၊ အခုလို အရင်းအမြစ်ရှားပါးနေသည့်ကြားကနေ ဂူပေါက်ဝမှာ အာရုံနိုင်စွမ်း ထားထားခဲ့သည့် ကိုယ့်ကိုလည်း အနည်းငယ် ဂုဏ်ယူမိသွားသည်။

ထိုသို့မဟုတ်လျှင် သူ ဆက်လက်ကျင့်ကြံနေမိမှာ ဖြစ်ပြီး လုပ်ကြံသူတွေကြောင့် သေဆုံးသွားနိုင်ပါ၏။

“ဒါကငါ့အတွက် ကြိုတင်သတိပေးချက်ပဲ”

လုယန်ချက်ချင်းပဲ သူ့အရောင်အဝါကို ပိတ်သိမ်းလိုက်ကာ လူသတ်လိုစိတ်အပြည့်နဲ့ ထောင်ချောင်ထဲဝင်လာမဲ့ သားကောင်ကို စောင့်ဆိုင်းနေသော မုဆိုးတစ်ကောင်နှယ် စိတ်ရှည်စွာ စောင့်နေလိုက်သည်။

“ဖြတ်”

ထိုအချိန်မှာ ဂူတံခါးပေါက်ပွင့်သွားပြီး လူသုံးယောက်က တစ်ယောက်ချင်းအထဲဝင်လာခဲ့သည်။ အပေါ်အောက်အနက်ရောင်ဝတ်ထားပြီး မျက်နှာကိုပါ ဖုံးထားကြသော ထိုသုံးယောက်လုံးဆီကနေ ချီစွမ်းအင်တစ်စက်တောင် အာရုံခံလို့မရသည့်အတွက် လုယန်ပင် လေးစားသွားတော့၏။

သူသာ လောလောလတ်လတ် အဆင့်တက်ထားလို့ မဟုတ်ရင် ထိုသုံးယောက်လုံးကို သာမာန်လူတွေလို့ အထင်မှားသွားနိုင်ပါသည်။ သူတို့၏ ဖုံးကွယ်နိုင်စွမ်းက တကယ်ကို ကောင်းလွန်းလှသည်ပင်။

ထိုအချိန်မှာပဲ ခေါင်းဆောင်ဖြစ်ဟန်ရသူက လက်တစ်ဖက်နဲ့ အချက်ပြလိုက်သည့်အတွက် ကျန်နှစ်ယောက်က သဘောပေါက်စွာပဲ ဂူထဲကို တစ်ဖက်စီသွားပြီး ရှာဖွေကြတော့သည်။

ဝူး..ဝူး

နောက်တစ်စက္ကန့်မှာပဲ ရှေ့ဆုံးရောက်နေသော လုပ်ကြံသူခဗျာ မျက်လုံးထဲဓားအလင်းတစ်ချက် ဝင်လာတာကိုပဲ ရုတ်ချည်းမြင်လိုက်ရ၏။

“မကောင်းတော့ဘူး”

သူချက်ချင်း မျက်နှာပျက်သွားကာ.. ခုခံချိန်လည်း မရတော့သည့်အတွက် ဘေးဘက်ကိုလှိမ့်ချဖို့ ပြင်လိုက်သည်။ သို့ပေမဲ့ လူတစ်ယောက်က ဓားအလင်းထက် မြန်နိုင်ပါ့မလား။

ဇွတ်

ဓားအလင်းဖြတ်သွားရာ လမ်းကြောင်းမှာ သွေးစတွေပျံ့ကျဲသွားတော့သည်။

“ချီသန့်စင်ခြင်းအလယ်နယ်ပယ်လား”

ခေါင်းဆောင်ဖြစ်သူက မျက်လုံးတော်တော် စူးရှသည်ပင်။ ဓားအလင်း၏ ကြည်တောက်နေသော စွမ်းအင်ကိုကြည့်ရုံနဲ့ လုယန်၏ ကျင့်ကြံဆင့်ကို တိုက်ရိုက်မှန်းဆလိုက်နိုင်၏။

တစ်ချိန်ထဲမှာပဲ သူစိတ်ထဲမှာ ဒေါသတကြီး ဆဲရေးလိုက်တော့သည်။

ချန်ချင်းဆိုတဲ့ကောင်မ.. ပြောတော့ ဒီကောင်က တပည့်အသေးလေးဆို၊ သတ်လို့လွယ်တယ်ဆို..

ဒီလုယန်ဆိုတဲ့ကောင်က ချီသန့်စင်ခြင်းအလယ်နယ်ပယ်ကို ရောက်နေပြီး သူတို့သုံးယောက်လုံးကို အသာလေးသတ်ပစ်လိုက်လို့ရသည်။ ဒါကို သူတို့ကို လုပ်ကြံခိုင်းခဲ့တာလား..

မကောင်းဆိုးဝါးမ ချန်ချင်း

ထိုအချိန်မှာ ဓားအလင်းက သူ့အနားကိုပါ ရောက်လာတာမြင်လိုက်ရ၍ ထိုသူက လျင်မြန်စွာ လက်ကွက်ဖော်ပြီး အကာအကွယ်တစ်ခု ဖန်တီးလိုက်သည်။ တစ်ချိန်ထဲမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“နားလည်မှုလွဲတာပါ၊ ဒါတွေအားလုံး နားလည်မှုလွဲတာပါ”

“ဝုန်း”

လုယန် ဘာကိုမှ နားမထောင်ခဲ့ပေ။

ကန့်လန့်ဖြတ်ဝင်သွားသော ဓားအလင်းက ထိုသူ၏အကာအကွယ်ကို တိုက်ရိုက်ပဲ ထိုးဖောက်သွားသည်။

တစ်ချိန်ထဲမှာပဲ နောက်တစ်နေရာမှာ ချီစွမ်းအင်တွေ ရုတ်ချည်းစုဝေးသွားကာ ဧရာမလက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မီတာပေါင်းများစွာမြင့်သော ထိုလက်ဝါးက နောက်ထပ်အနက်ရောင်ဝတ်စုံနဲ့ လုပ်ကြံသူတစ်ယောက်ကို ဖမ်းဆုတ်လိုက်လေ၏။

ဗြိ

နောက်တစ်စက္ကန့်မှာ ဧရာမလက်ဝါးက ရုတ်တရက်လက်သီးစုပ်လိုက်လေရာ.. သွေးစတွေ အဘက်ဘက်ပျံ့ကျဲသွားပြီး ကျိုးကြေကုန်သော အရိုးများပင် အပြင်ကိုလွင့်ထွက်လာသည်။ လူကိုတော့ အစအနတောင် မမြင်ရတော့ပေ။

ရက်စက်လှသောမြင်ကွင်းက ခေါင်းဆောင်ဖြစ်သူကို ဒေါသတကြီးဖြစ်သွားစေသော်လည်း လုယန်တစ်ယောက် ကျေနပ်နေလေ၏။

“ ချီစွမ်းအင်ကလက်ဝါးက မိုက်လှချည်လား၊ ကျင့်ကြံဆင့်နယ်ပယ်တူရင် အဲ့လောက်မသိသာပေမဲ့ နိမ့်တဲ့ကောင်တွေကို တိုက်ရင် တော်တော်လေး အကျိုးထူးတာပဲ”

သူကပြောပြီးတာနဲ့ ပြန်လည်လှုပ်ရှားလိုက်၏။

ဆယ်ခုကျော်သော ဓားအလင်းတွေ ရုတ်ချည်းထွက်ပေါ်လာကာ.. အဘက်ဘက်က တိုက်ခိုက်​လိုက်သောကြောင့် ခေါင်းဆောင်အတွက် အသက်ရှုချိန်တောင် မရတော့ပေ။

အချိန်ခဏအတွင်းမှာပဲ ထိုသူ မောပန်းလာတော့သည်။ လုယန် အခွင့်အရေးကို အမိအရယူရင်း လွတ်နေတဲ့နေရာကို တိုက်ရိုက်တိုးဝင်လိုက်ကာ သေစေသော တိုက်ချက်တစ်ခုတည်းနှင့် သွေးတွေအများကြီး ဖြာထွက်စေလိုက်တော့သည်။

“ဟူး၊ အစောပိုင်းက တော်တော်လေး အန္တရာယ်များခဲ့တာပဲ”

လုယန် နောက်ဆုံးတော့ စိတ်သက်သာစွာ သက်ပြင်းချလိုက်တော့သည်။

မြေပြင်ပေါ်က သွေးတွေနဲ့အသားစတွေကို ကြည့်နေရင်း အစောပိုင်းက တိုက်ပွဲကို သူအနည်းငယ်ကြောက်ရွံ့စွာ ပြန်စဥ်းစားလိုက်တော့၏။

တကယ်တော့ ဒါကသူပထမဆုံး လူသတ်ခြင်းလို့ပြောလို့ရပါသည်။

သူအကြိမ်ကြိမ် လေ့ကျင့်ခဲ့ဖူးပေမဲ့ ဒါကပထမဆုံးလက်တွေ့ တိုက်ခိုက်ခြင်းပေ။

“အမှန်တိုင်းပြောရရင် ငါ့အတွေ့အကြုံက သူတို့လောက်မကောင်းဘူး။ ငါသာသူတို့နဲ့ ကျင့်ကြံဆင့်တူလို့ကတော့ သုံး​ယောက်မပြောနဲ့၊ တစ်ယောက်ထဲနဲ့တင် ချီးထွက်သွားမှာ”

“ဒါပေမဲ့ အခုလိုငါ့ရဲ့ပိုမြင့်တဲ့ ကျင့်ကြံဆင့်ကို သုံးပြီး နောက်ကွယ်ကနေ တစ်ယောက်ချင်းကို လူစုခွဲပြီးချောင်းတိုက်ရင် သူတို့ကို အလွယ်လေးသတ်လို့ရတယ်”

“ဒါကြောင့် လူကြီးတွေ ပြောကြတာကိုး.. အစွမ်းနဲ့မနိုင်နိုင်ရင် ဆဋ္ဌမအာရုံကိုအသုံးပြု။ ဆဋ္ဌမအာရုံကိုပါ အသုံးပြုလို့မရရင် နောက်ကွယ်က လှုပ်ရှားတဲ့”

လုယန် အကြိမ်ကြိမ် ပြန်စဥ်းစားလိုက်ပြီး အမှားရှိသည့်နေရာများကို နောက်တစ်ကြိမ်ကျမှ ပြင်ဆင်ဖို့ တွေးထားလိုက်တော့သည်။

All Chapters