← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

Ch 29

(ကံကောင်းခြင်းက ကပ်ဘေးတွေ သယ်ဆောင်လာတယ်)

ကျောက်ရှဟယ်၏ စကားကြောင့် လုယန် ရေခဲချောက်ကမ်းပါးထဲ ပြုတ်ကျသွားသလိုမျိုး ခြောက်ခြားသွားသည်။

သူသည် လက်ရှိဘဝမှာပန်းလုံကျွန်းကို မသွားခဲ့ဘဲ အရင်ဘဝက မှတ်မိထားသည့် ကျင့်စဥ်အတိုင်း ကျင့်ကြံခဲ့တာဖြစ်သည်။ သို့ပေမဲ့ ပန်းလုံကျွန်းက အလိုလို ပျောက်ကွယ်သွားသည်တဲ့လား.. ကံတရားက ဒီလိုမျိုး အလုပ်လုပ်တာလား။

သူက နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို ကျင့်ကြံခဲ့၍ ကျောက်ရှဟယ်နှင့် ပန်းလုံကျွန်းကြားက ကံတရားကိုဝင်နှောက်ယှက်မိပြီး ပန်းလုံကျွန်းက ပျောက်ကွယ်သွားရသည်လား။

သိုင်းကျင့်စဥ်တွေက ကံတရားနှင့်သက်ဆိုင်ပြီး ပိုင်ရှင်ကို ကြိုတင်သတ်မှတ်ထားသည်။

ပန်းလုံကျွန်းအမွေအနှစ်က ကျောက်ရှဟယ်နှင့်သာ သက်ဆိုင်သည့်အတွက် သူသာ လုယူပြီး ကျင့်ကြံလိုက်လျှင် ကံတရားပြောင်းလဲပုံကို ခြေရာခံပြီး သူ့ကိုဖော်ထုတ်နိုင်သွားမည်။

လုယန် ဒေါသထွက်လွန်း၍ ရယ်မောလိုက်၏။

“ ဒီကမ္ဘာကြီးက သောက်ရမ်း သောက်မြင်ကပ်ဖို့ကောင်းတယ်”

အဆင့်မြင့်ကျင့်ကြံသူတွေက ကံတရားကို ကြိုတင်တွက်ချက်ပြီး အလားအလာရှိသူကိုပဲ တပည့်အဖြစ်ရွေးချယ်ကြသည်။ အကယ်၍ မတော်တဆတစ်ခုခုကြောင့် လွဲချော်သွားလျှင် ကံတရားကို ခြေရာခံပြီး ​ပိုင်ဆိုင်မှုကို ပြန်လုယူကြသည်။

ထိုသို့သော အခြေအနေမှာ သာမာန်သူတွေက ဘယ်လိုမျိုး ရှင်သန်ရတော့မလဲ။

သာမာန်သူတွေက ခေါင်းငုံ့ပြီး တရိစ္ဆာန်တွေလို အလုပ်အကျွေးပြုရမှာလား။

အခုချိန်ကိုပဲ ဥပမာပေးရလျှင် ကျောက်ရှဟယ် ရောက်လာခဲ့သော်လည်း တကယ့်တရားခံက ကျောက်ရှဟယ်အနောက်က ဆရာသခင် ဆိုသူဖြစ်သည်။

ထိုဆရာသခင်က အခြေခံတည်ထောင်ခြင်းနယ်ပယ် ဆရာကြီးတစ်ယောက် ဖြစ်နေမှာ မလွဲမသေပင်။

လုယန် ချက်ချင်းပဲ ဖေကံကောင်းကို စဥ်းစားမိလိုက်ကာ.. ဟိုးမိုင်တစ်သောင်းလောက် အဝေးကနေ သူ့ကို မျက်လုံးတစ်စုံက စောင့်ကြည့်နေသလိုမျိုး ခံစားလိုက်ရသည်။

“..ဘာလို့ငါ့ကို တွန်းအားပေးရတာလဲ”

လုယန်၏ နှလုံးသားထဲ ဒေါသမီးတောက်လေး အစပျိုးလာပြီး အကြံအစည်တစ်ခုကို တွေးမိသွားသည်။ သူ ချက်ချင်း ကျောက်ရှဟယ်ကို မော့ကြည့်လာကာ လှောင်ပြောင်ပြုံးပြလိုက်သည်။

ကျောက်ရှဟယ်၏ဘေးက လူတစ်ယောက်ကလည်း ချက်ချင်း ရှေ့ထွက်လာကာ

“ ဂိုဏ်းတူညီလေးကျောက် သတိထား”

အွတ်

သို့သော် ရုတ်တရက် ဝင်ရောက်လာသော ဓားအလင်းတစ်ချက်မှာ ကျောက်ရှဟယ်တစ်ယောက် သူ့အမြင်အာရုံ​တွေ ဝေဝါးသွားတာကိုပဲ ခံစားလိုက်ရပြီး အစောပိုင်းက သူ့၏ဒေါသတွေအားလုံး အေးစက်မှုအဖြစ် ပြောင်းလဲသွားလေ၏။

အစောပိုင်းက ကျောက်ရှဟယ်ကို သတိပေးရန် အရှေ့တိုးခဲ့သူမှာ ကျောက်ရှဟယ်၏ ဆရာတူအကိုဖြစ်သည်။ သူ့ထက် ဂိုဏ်းထဲဝင်လာတာ သုံးနှစ်စောပြီး နဂါးနဲ့ကျားရဲ့ယင်ယန်ဖြစ်စဥ်သိုင်းကို ကျင့်ကြံကာ နဂါးကျားချီစွမ်းအင်ကို အသုံးပြုသည်။ ချီသန့်စင်ခြင်းအလယ်နယ်ပယ် အဆင့်ခြောက်သာ ရှိသေးပေမဲ့ အဆင့်ငါးသန့်စင်သော နဂါးကျားချီစွမ်းအင်ကြောင့် ထင်ထားသည်ထက် ပိုမိုသန်မာသည်။

အခုတော့ ထိုဂိုဏ်းတူအကိုက သေဆုံးသွားလေပြီး.. ကြေးနီရောင်ဓားအလင်းမှာ ဝါးမြိုခံလိုက်ရကာ အရိုးအဖြစ် မြေပေါ်ပြုတ်ကျသွားတော့၏။

နောက်တစ်စက္ကန့်မှာ ထိုအရိုးစုကနေ စိတ်ဝိညာဥ်အလင်းတန်းတစ်ခု ထွက်လာသည်။

“ငါ့ကိုလွတ်မြောက်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်”

ထိုစိတ်ဝိညာဥ်အလင်းတန်းမှ ဝိညာဥ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး.. ထိုပုံရိပ်က လုယန်ဆီမှာ အသတ်ခံလိုက်ရလို့ ဒေါသထွက်နေသည့် အရိပ်အယောင် တစ်စက်မှမရှိကာ စိတ်သက်သာစွာ စကားတစ်ချို့ပြောပြီးနောက် ကျောက်ရှဟယ်ကို လှည့်ကြည့်လာသည်။

“ဂိုဏ်းတူညီလေးကျောက်၊ ငါဒီ​နေရာကို မလာခင်မှာ ဆရာသခင်က ငါ့ကိုပြောခဲ့တယ်။ ငါ့ရဲ့အခြေခံက မကောင်းမွန်တဲ့အပြင် ကံတရားကလည်း ခမ်းခြောက်နေတဲ့အတွက် ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်ဖို့ မဖြစ်နိုင်တဲ့အပြင် အခြေခံတည်ထောင်ခြင်းနယ်ပယ်က မျှော်လင့်လို့ကို မရဘူးလို့ ပြောခဲ့တယ်”

“ ဒါကြောင့် ငါဆရာ့ကို တောင်းဆိုခဲ့တဲ့အချိန်မှာ ဆရာက မင်းနဲ့အတူလိုက်လာပြီး မင်းအသက်ကို ကယ်ပေးဖို့​ပြောသွားတယ်။ ဒါဆိုရင် ငါတို့ရဲ့ ကံတရားက ဆက်နွယ်သွားပြီ။ မင်းက သုံးဘဝကျင့်ကြံထားမှုကြောင့် စုဆောင်ထားတဲ့ ကံတရားအရ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်စွမ်း သုံးဆယ်ရာခိုင်နှုန်းရှိတယ်။ ငါအခု ပြန်မွေးဖွားလာမယ်ဆိုရင် ငါ့ရဲ့ဘဝအသစ်မှာ မင်းကငါ့ကိုကူညီပေးရတော့မယ်”

ထိုအသံဆုံးသည်နှင့် စိတ်ဝိညာဥ်အလင်းတန်းက ကောင်းကင်ပေါ်ကို တက်သွားသည်။

ထိုမြင်ကွင်းကြောင့်လုယန်၏ မျက်လုံးတွေ ပိုအေးစက်သွားလေ၏။

“..ငါ့လက်ကို သုံးပြီးတော့ မင်းရဲ့တပည့်ကို ပြန်မွေးဖွားပြီး ဘဝသစ်ပြန်စစေတယ်လား။ ငါ့ကိုဘာမှ သုံးစားမရတဲ့ကောင်ထင်လို့ ငါ့ဆီကနေ ဆက်တိုက်အမြတ် ထုတ်နေတာလား”

လုယန် အကြည့်ပြောင်းလိုက်ချိန်မှာ ချီသန့်စင်ခြင်းအလယ်နယ်ပယ် အဆင့်ခြောက်ရှိသော တပည့်တွေ တစ်ယောက်ပြီးတစ်ယောက် ကျောက်ရှဟယ်အရှေ့မှာ ကာဆီးလိုက်ကြောင်း တွေ့လိုက်ရ၏။

ကျောက်ရှဟယ်ကလည်း အလွန်စိတ်လှုပ်ရှားနေ​သော မျက်နှာဖြင့် အော်ဟစ်လာသည်။

“ဂိုဏ်းတူအကိုတို့သာ ဒီသူခိုးကို သတ်ဖို့ကူညီပေးမယ်ဆိုရင် ကျုပ် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်တာနဲ့ ဂိုဏ်းတူအကိုတို့ကို ပြန်လည်မွေးဖွားစေပြီး ချီသန့်စင်ခြင်းပြီးပြည့်စုံနယ်ပယ်ကို ရောက်နိုင်အောင် ကူညီပါ့မယ်”

ထိုစကားကြောင့် တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်လိုက်လေကာ

“ ညီလေးကျောက်၊ စိတ်အေးအေးနေပါ”

“ ကံတရားဆိုတာ သက်ဆိုင်သူပဲ ပိုင်ဆိုင်နိုင်တယ်။ ဒီသူခိုးက ခွင့်လွှတ်ပေးလို့မရဘူး။ ဆရာရဲ့အကူအညီနဲ့ဆိုမှတော့ အကိုတို့ ဒီကောင့်ကို သေချာပေါက်နိုင်တယ်”

ထိုစကားကိုကြားသော အခါ လုယန် ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်တော့သည်။

“ အခုမင်းတို့ကကော ငါ့ဆီကနေ ပြန်ခိုးနေတာမဟုတ်ဘူးလား”

“ခေါင်းကြောမာတဲ့ကောင်” ခေါင်းဆောင်တပည့်က ခေါင်းယမ်းကာ ဝင်ပြောသည်။ ထိုသူက မျက်နှာကို မဲ့လိုက်ပြီးနောက်..

“ ငါ့နာမည်က လုယွမ်ချန်းပဲ။ မင်းက လက်မလျော့ချင်မှတော့ ငါ့ကိုအပြစ်မတင်ပေနဲ့”

လုယွမ်ချန်းက လက်နှစ်ဖက်ဖြင့် ချီစွမ်းအင်ကို စုဝေးလိုက်သည်။ သန့်စင်သော ချီစွမ်းအင်အရ ထိုသူက ချီစွမ်းအင်ခြင်းနှောင်းပိုင်းနယ်ပယ် အဆင့်ခုနှစ်ကို ရောက်နေပြီမှန်း သိသာလှသည်။

ထို့နောက် ထိုသူက ရွှေရောင်အလင်းတွေ ထွက်နေသော ကြေးမုံတစ်ခုကို ပျံဝဲစေပြီး နေလုံးရှေ့မှာ ပိတ်ကာလို​က်သည်။ ချက်ချင်းပဲ အလွန်လေးလံသော ဖိအားနှင့်အတူ ထွက်ပေါ်လာခဲ့သော ရွှေရောင်တိမ်စိုင်များသည် လုယန်ကို ဖိချလိုက်လေရဲ့..

ချ​က်ချင်းဆိုသလို လုယန်ထံကနေ ဓားအလင်းတစ်ခု ထိုးထွက်လာပြီး.. ထိုဓားအလင်းက တစ်ထောင်အဖြစ်ပြိုကွဲကာ ရွှေရောင်တိမ်စိုင်ကို ထိုးဖောက်ဖို့ ကြိုးစားလိုက်သည်။ သို့ပေမဲ့ ထိပ်တိုက်တွေ့နေတာတောင်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

“ မင်းက ဓားသမားဆိုတာ ဆရာကသိပြီးသားပဲ။ ငါတို့ကို ကြိုမပြင်ဆင်ထားဘူး ထင်နေသလား”

လုယွမ်ချန်းက ကျောက်ရှဟယ်ကို အပြုံးတစ်ခုဖြင့်လှည့်ကြည့်ပြီးမှ ဆက်ပြောသည်။

“ ညီလေးကျောက်၊ အကိုသူ့ကိုပိတ်ထားတယ်။ ဒီကောင် အခု ဓားအလင်းတွေကြား သွားလာနိုင်မှာ မဟုတ်ဘူး”

“ ဒီကောင့်ရဲ့ဓားပျံကို ချုပ်နှောင်ဖို့ ရတနာကို အသက်သွင်းလိုက်တော့.. ဒါဆိုရင် အကိုတို့အောင်မြင်ပြီ”

“ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအကို”

ကျောက်ရှဟယ် အရိုအသေပေးပြီးသည်နှင့် အချိန်မဆွဲရဲဘဲ ရွှေရောင်သံလိုက်ပုံရတနာတစ်ခုကို ထုတ်ယူကာ လုယန်၏ ဓားအလင်းရှိရာတည့်တည့်ကို ပျံဝဲစေလိုက်သည်။

“ဒါကြီးပဲလား”

သူ၏ ဒုတိယဘဝမှာတုန်းက ကျောက်ရှဟယ် ပန်းလုံကျွန်းအတွင်းမှာ တိုက်ခို​က်ဖို့ရန် အသုံးပြုခဲ့သော ရတနာကို လုယန် ချက်ချင်း မှတ်မိလိုက်သည်။

ကျောက်ရှဟယ်၏.စိတ်တိုင်းကျ လုပ်ခွင့်မပေးနိုင်ပါချေ။ သူ ချက်ချင်းပဲ ဓားအလင်းကို ရတနာအောက်ကနေ ပြန်လာစေကာ ပျောက်ကွယ်ခိုင်းလိုက်သည်။ ထို့နောက် ကျန်ဓားအလင်းတွေကို စုဝေးစေပြီး ကောင်းကင်သွေးနတ်ဆိုးအလင်းကို ကောင်းကင်အနှံ့ပျဲ့ကျဲစေကာ ကျော​က်ရှဟယ်ကို လွှမ်းခြုံပစ်လိုက်၏။

ကျောက်ရှဟယ် ကြောက်လန့်တကြား အော်ဟစ်ရင်း အနောက်ဆုတ်တော့သည်။

“ဂိုဏ်းတူအကိုတို့”

“ မကြောက်နဲ့၊ ဒီလောက်က သေခါနီးရုန်းကန်မှုလေးလို့ခေါ်တယ်”

လုယွမ်ချန်းက တည်ငြိမ်စွာ အော်ဟစ်လိုက်သည်။

“ ဂိုဏ်းတူညီလေးတို့ လှုပ်ရှားကြမယ်”

ချက်ချင်းပဲ ကောက်ကျစ်သော အပြုံးကိုယ်စီဖြင့် တပည်တွေ အရှေ့တက်လာကြကာ.. ကြေးနီရောင်အလင်းတန်းတွေ အပြည့်အဝ မကျရောက်ခင်မှာ ကိုယ့်ကိုယ်ကို စတေးလိုက်ကြပြန်၏။ ထိုခန္ဓာကိုယ်တွေမှ ထွက်လာသော သွေးအလင်းများက ကောင်းကင်သွေးနတ်ဆိုးအလင်းကို ချုပ်နှောင်လိုက်ကြသည်။

ကောင်းကင်သွေးနတ်ဆိုးအလင်းက သွေးအလင်းတွေကြားမှာ ပိတ်မိနေပြီး.. ပြန်ရုတ်သိမ်းတာတောင်မှ မအောင်မြင်တော့ပေ။ လုယန် ခြောက်ခြားလာတော့သည်။

ကျောက်ရှဟယ်နှင့် လုယွမ်ချန်းက သေချာ ပြင်ဆင်လာကြဟန်ပင်။

အထူးသဖြင့် လုယွမ်ချန်းက လုယန်၏ လျို့ဝှက်ချက်အများစုကို ဆရာဖြစ်သူဆီက သိခဲ့ရ၍ ကြိုတင်ပြင်ဆင်နိုင်ခဲ့သည်။

ထို့ကြောင့် သူက အကြံအစည်ဆွဲခဲ့သည်.. လုယန်၏ လျင်မြန်မှုကိုကန့်သတ်ပစ်ပြီး ကျောက်ရှဟယ်ဖြင့် ဓားအလင်းကို ထိန်းချုပ်စေမည်.. ထို့နောက် လုယန်၏ အကြီးဆုံးတိုက်ချက်ဖြစ်သော ကောင်းကင်သွေးနတ်ဆိုးအလင်းကို ဖောက်ခွဲမှုသွေးအလင်းဖြင့် ချုပ်နှောင်လို​က်မည်။

လုယန်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ အသတ်ခံရဖို့ စောင့်​နေရသည့် သားကောင်နှင့် ဘာမှကွာခြားမှာ မဟုတ်တော့ပေ။

“ မင်းရဲ့အကွက်တွေကုန်ပြီ”

လုယွမ်ချန်းက အောင်မြင်မှုအတွက် ပြုံးရွှင်စွာ ရွှေကြေးမုံကို လှုပ်ရှားစေလိုက်သည်။ ထောင်ချီသော ရွှေရောင်တိမ်စိုင်တွေက ပိုမိုသိပ်သည်းလာပြီး လုယန်ကို အသက်ရှင်လျက် သန့်စင်ဖို့ ကြိုးစားလိုက်ကြ၏။

လုယန် သက်ပြင်းတစ်ချက်သာ ချလိုက်တော့သည်။

“နောက်ခံရှိတဲ့ကောင်းကျိုးက ဒါပါလား”

သူ၏ လက်ရှိသန်မာမှုနှင့်ဆိုလျှင် ကျောက်ရှဟယ်နှင့် လုယွမ်ချန်းက သူ၏ ပြိုင်ဘက်ဖြစ်မလာနိုင်ပါချေ။ သို့ပေမဲ့ ရန်သူ၏ ပြင်ဆင်မှုက ပြီးပြည့်စုံလွန်းခဲ့ပြီး တိုက်ကွက်တိုင်းက သူ့အားနည်းချက်ကို ထိမှန်ခဲ့လေသည်။

ကျောက်ရှဟယ်၏ ဆန်းကြယ်သော ဆရာဆိုသူ၏ ကံတရားကို တွက်ချက်နိုင်စွမ်းကြောင့် အခုလို ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်းပေ။

လုယန် ဘယ်လိုမှ မစွမ်းသာတော့ချေ။

“ ကံကောင်းလို့.. ငါ့မှာဝှက်ဖဲတစ်ခုရှိသေးတယ်”

သွေးယန်ဓားက အရင်ဘဝက သူဖန်တီးခဲ့သော ရတနာတစ်ခုဖြစ်ပြီး သက်တမ်းတစ်ရာစာအုပ်မှတစ်ဆင့် ယူဆောင်လာခဲ့သောကြောင့် ဘယ်သူကမှ ဘယ်လိုမှ တွက်ချက်နိုင်မည် မဟုတ်ပေ။

ကျောက်ရှဟယ်၏ ဆရာက သူ၏ဓားသိုင်းကျွမ်းကျင်မှုနှင့် ကောင်းကင်သွေးနတ်ဆိုးအလင်းသိုင်းကို ကြိုတွက်ချက်နိုင်လျှင်တောင် သွေးယန်ဓားကို ခန့်မှန်းမိဖို့မဖြစ်နိုင်ဘူး။

လုယန် ချီစွမ်းအင်ကို လှုပ်ရှားခိုင်းလိုက်သည်။

ချွမ်..ချွမ်

သွေးယန်ဓား ပေါ်ထွက်လာသည်နှင့် ဓားပေါ်က အစီအမံပုံစံကွက်က အသက်ဝင်သွားပြီး ကောင်းကင်နှင့်မြေကြီးကြားမှာရှိသော အရာအားလုံးကို ပိတ်လှောင်လိုက်တော့သည်။

လုယန် အနှစ်နှစ်ဆယ်လုံး ဖန်တီးထားသော အစီအမံက မျက်စိတစ်မှိတ်အတွင်းမှာ အသက်ဝင်လာပါတော့၏။

…….

Ch 30

( ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကြီး).

လုယန်သည် အရင်ဘဝမှာတုန်းက အစီအမံတွေ များစွာ လေ့လာခဲ့ပြီး သွေးယန်ဓားအပေါ်မှာ သွေးလွှမ်းမိုးခြင်းဓားအစီအမံ ထားခဲ့သည်။

လုယန်၏ အစီအမံထဲမှာ အားသာချက် သုံးခုရှိသည်.. ပထမ အသက်သွင်းလိုက်သည်နှင့် ဓားချီစွမ်းအင်များက လှိုင်းလုံးတွေလို လွှမ်းမိုးပစ်နိုင်စွမ်းရှိပြီး ထိုလှိုင်းလုံးတွေကြားထဲမှာ ကောင်းကင်သွေးနတ်ဆိုးအလင်းကို ထောက်ပံ့ပေးထားသည်။ လုယန်က နောက်ဆုံးအနေဖြင့် အစီအမံမျက်လုံး ၃၆၀ ကို ထည့်ခဲ့သည့်အတွက် ကျင့်ကြံသူ ၃၆၀ သာ ရှိနေလျှင် အစီအမံအစွမ်းကို စွမ်းအင် တိုးမြှင့်နိုင်သည်။

တကယ်တော့လုယန်၏ အစီအစဥ်က ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ယူပြီးနောက်မှ စာလိပ်၏ မူရင်းဝိညာဥ်ကို အစီအမံမျက်လုံးတွေကို စီမံခိုင်းဖို့ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ နှစ်ခုစလုံးကို လွယ်ကူစွာ အသုံးပြုနိုင်သွားမည်။

သို့ပေမဲ့အခုတော့ အစီအမံကို သူကိုယ်တိုင် ထိန်းချုပ်လိုက်သည်။

“ဖွင့်စမ်း”

လုယန်အသက်သွင်းလိုက်သည်နှင့် သွေးယန်ဓားက တုန်လှုပ်လာကာ၊ ချီစွမ်းအင် လှိုင်းလုံးတွေကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်လှိုင်းလုံးများက အချိန်ခဏအတွင်းမှာ မျက်စိမြင်နိုင်သည့် အကွာအဝေး အဆုံးထိ ကြီးမားလာ၏။

လုယွမ်ချန်း၊ ကျောက်ရှဟယ်နှင့် ကျန်တဲ့သူတွေအားလုံး ထိုစွမ်းအင်လှိုင်းလုံးတွေကြားမှာ နစ်မြုပ်သွားသည်။ အဆုံးမရှိသော ချီစွမ်းအင်လှိုင်းကြီးတွေက အဆက်မပြတ် ရိုက်ချနေပြီး.. အားနည်းသော တပည့်များကတော့ ထိုစွမ်းအင်၏ ရိုက်စားမှုကြောင့် သွေးပန်းများအဖြစ် ပြောင်းလဲသွားကာ.. လှိုင်းလုံးတွေကြား လွင့်မြောသွားသည်။

လုယွမ်ချန်း ရုတ်ချည်း မျက်နှာပျက်သွားတော့၏။

“ မဖြစ်နိုင်ဘူး.. ဒီကောင်က အစီအမံကျွမ်းကျင်တယ်လို့ ဆရာပြောခဲ့ပေမဲ့ ငါသူ့ကို အစီအမံဖန်တီးဖို့ အချိန်မပေးခဲ့ပါဘူး။ ဘယ်လိုဖြစ်လို့ အစီအမံ ပေါ်လာရတာလဲ”

လုယွမ်ချန်း နားမလည်နိုင်ခဲ့ပေ။

သွေးယန်ဓားက အစီအမံလက်နက်တစ်ခု ဖြစ်သည့်အတွက် အတွေးတစ်ချက်ဖြင့်အစီအမံကို အသက်သွင်း၍ ရလေသည်။

အစီအမံပေါ်ပေါက်လာမည့်ကိစ္စကို လုယွမ်ချန်း.ဘယ်လိုမှ မမျှော်လင့်ထားမိဘူး။

အစီအမံဆိုတာ ကောင်းကင်နှင့်မြေကြီး၏ အစွမ်းကို အငှားယူရသည့် အံ့ဖွယ်ဖြစ်စဥ် ဖြစ်သည့်အတွက် အစီအမံကျင့်ကြံသူသည် ကျင့်ကြံမှုနယ်ပယ်တူနေလျှင်တောင်မှ အသာစီးရနိုင်သည်။ လုယွမ်ချန်းတစ်ယောက် ဘယ်လောက်ပဲ သန်မာပါစေ၊ အစီအမံကို မြင်လိုက်ရပြီးနောက် သူ၏ ယုံကြည်ချက်တွေ ပျောက်ကွယ်သွားရတော့၏။

..သူဒီနေ့ ရှုံးနိမ့်ရတော့မှာလား..

ထိုအတွေးကြောင့် လုယွမ်ချန်း ယုံကြည်ချက် လုံးဝပျက်ဆီးသွားကာ မျက်နှာအကြီးအကျယ် ပျက်နေတော့သည်။

ကျောက်ရှဟယ်လည်း မသက်မသာ ဖြစ်လာပြီး..

“ ဂိုဏ်းတူအကို၊ ဒီအစီအမံက..”

“ ညီလေးကျောက်၊ သတိထား။ ဒီနေ့ကိစ္စက မတွက်ချက်ရသေးတဲ့ဖြစ်စဥ်ပဲ”

လုယွမ်ချန်းက လေထဲက ရွှေကြေးမုံဖြင့်ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ရင်းမှ လှမ်းပြောသည်။

လုယွမ်ချန်းမှာ သေးငယ်သော မျှော်လင့်ချက်လေး ရှိနေသေးသည်။ လုယန်ဆိုတာက မထင်မှတ်ဘဲ အခွင့်အရေးတစ်ခုလောက်သာ ရဖူးသော သာမာန်တပည့်တစ်ယောက် ဖြစ်သည်။ သူ တတ်ကျွမ်းတာ များလျှင်တောင်မှ သူ့မှာလေ့လာချိန်အလွန်နည်းပါးခဲ့သည်.. သူက ဘယ်လောက်တောင် ကျွမ်းကျင်နိုင်မှာမလို့လဲ။

လုယန်၏ လက်ရှိ အစီအမံကလည်း သခင်ဟောင်းတစ်ယောက်၏ အမွေအနှစ်တစ်ခု ဖြစ်နိုင်သည်။

သို့ပေမဲ့နောက်တစ်စက္ကန့်မှာပဲ လုယန်က လုယွမ်ချန်းကို အလင်းပြပေးလိုက်ပါတော့၏။

လုယန်က အေးစက်သော မျက်နှာဖြင့် တစ်နေရာကို လက်ညိုးထိုးလိုက်သည်။ နဂိုက ကြည်လင်နေသော ချီစွမ်းအင်လှိုင်းလုံးများက သွေးနီရောင်တောက်တောက် အသွင်ပြောင်းသွားသည်။

ကောင်းကင်သွေးနတ်ဆိုးအလင်း အသက်ဝင်လေပြီ..

ကောင်းကင်နတ်ဆိုးသွေးအလင်းက ထိလိုက်သည်နှင့် သေဆုံးစေသည်အထိ စွမ်းအားကြီးသည်.. သို့ပေမဲ့ မဖြစ်မနေ ထိတွေ့ဖို့ လိုအပ်သည်။

လုယန်က ထိုအချက်ကို ထည့်စဥ်းစားပြီး အစီအမံထဲမှာ ကောင်းကင်သွေးနတ်ဆိုးအလင်းကို ထည့်သွင်းခဲ့သည့်အတွက် အစီအမံထဲကို ကျရောက်နေသူတိုင်း ကောင်းကင်သွေးနတ်ဆိုးအလင်းကနေ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

တစ်နည်းပြောရလျှင် လုယန် အသက်သွင်းလိုက်သည်နှင့် ရန်သူတွေအားလုံး မလွဲမသေ သေဆုံးရမှာပဲ။

ချက်ချင်းဆိုသလို လုယွမ်ချန်း ကျောချမ်းသွားခဲ့ပြီး သူ့အပေါင်းအဖော်တွေ၏ နာနာကျင်ကျင် အော်ဟစ်သံကို ကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်ချိန်မှာ အရိုးခြောက်တွေကိုသာ မြင်လိုက်ရတော့သည်။

“မကောင်းတော့ဘူး”

လုယွမ် အကြီးအကျယ် အရုပ်ဆိုးသွားလေ၏။ သူ အံကြိတ်ပြီး လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။ သူ့ ခေါင်းအထက်ကနေ ရွှေရောင်ချီစွမ်းအင်အလင်းများ ထုတ်ပေးနေသော ရွှေကြေးမုံက ရုတ်ချည်း တုန်ယင်လာခဲ့သည်။

လုယန်လည်း ချက်ချင်း သတိထားမိလိုက်သည်။

“ ရတနာကို ဖျက်ဆီးခိုင်းတာလား၊ ငတုံးပဲ”

ရွှေကြေးမုံက အဆင့်မြင့်မှော်ရတနာတစ်ခု ဖြစ်သည့်အတွက် ရတနာကိုဖျက်ဆီးလိုက်မည် ဆိုလျှင် အစီအမံကို ဖောက်ခွဲပစ်ကာ အသက်ရှင်လမ်း ရရှိနိုင်သည်။

သို့ပေမဲ့ ထိုအရာက လုယန်က အစီအမံတွေကို သေချာနားမလည်မှသာ အောင်မြင်နိုင်ပေမည်။

လူတစ်ယောက်က တစ်ခြားတစ်ယောက် ဖန်တီးထားသော အစီအမံကို အသုံးပြုလျှင် စည်းမျဥ်းအတိုင်းပဲအသုံးပြုရပြီး.. ထိုသို့သော အစီအမံက အစီအမံအသေလိုမျိုးပဲ အလုပ်လုပ်သည်။

သို့ပေမဲ့ အစီအမံဖန်တီးသူက အသုံးပြုလျှင် လုံးဝကွာခြားသွားသည်။

အရည်အချင်းမှီသော အစီအမံဖန်တီးသူ တစ်ယောက်က တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး အစီအမံကို ထိန်းညှိနိုင်သောကြောင့် ထိုအစီအမံက ပြောင်းလဲလို့ရသွားပြီး အစွမ်းကလည်း နှိုင်းယှဥ်၍မရနိုင်အောင် မြင့်မားသွားသည်။

သွေးလွှမ်းမိုးခြင်းဓားအစီအမံကို လုယန်ကိုယ်တိုင် ဖန်တီးထားသည့်အတွက် အစီအမံကို အသုံးပြုရခြင်းက သူ့အတွက် လက်တစ်ဖက်ကို လှုပ်ရှားရသလိုမျိုး လွယ်ကူလေသည်။

ထို့ကြောင့် လုယွမ်ချန်း ရွှေကြေးမုံကို ဖျက်ဆီးလိုက်သည်နှင့် လုယန် လှုပ်ရှားလိုက်သည်။

သူ လက်တစ်ဖက်က တွက်ချက်နေချိန်မှာ ကျန်တစ်ဖက်ဖြင့် အစီအမံပုံကြမ်းကို ထိန်းချုပ်လိုက်ပြီး တစ်နေရာထဲမှာ စုဝေးနေသော ရွှေကြေးမုံ၏ ပေါက်ကွဲအားကို အစီအစဥ်တစ်လျှောက် ပျံ့နှံ့စေလိုက်သည်။

ထို့ကြောင့် ရွှေကြေးမုံပေါက်ကွဲချိန်မှာ စွမ်းအင်တွေ အများကြီးလျော့နည်းသွားပြီး အစီအမံကို မဖောက်ထွင်းနိုင်တော့ပေ။ လုယန်က အခွင့်အရေးယူပြီး ထိုပေါက်ကွဲအစွမ်းဖြင့် လုယွမ်ချန်းနှင့် ကျောက်ရှဟယ်ကို တစ်ခါထဲ လွှမ်းခြုံပစ်လိုက်သည်။

ကျောက်ရှဟယ်ခဗျာ အော်ချိန်တောင်မရလိုက်ဘဲ ချက်ချင်းကို မာမီရုပ်ထု အသွင်ပြောင်းသွားလေရဲ့။

“မဖြစ်နိုင်ဘူး.. ဒီကောင်က အစီအမံဖန်တီးသူ တဲ့လား၊ ဒါဘယ်လိုမှ မဖြစ်သင့်ဘူး”

လုယွမ်ချန်း ပြာနှမ်းနေသော မျက်နှာဖြင့် သွေးရူးသွေးတန်း အော်ဟစ်နေ၏။ မကြာခင်မှာပဲ ချီစွမ်းအင်တိုက်စားမှုမှာ သူ့အသားနှင့်သွေးတွေ ကုန်ဆုံးသွားမှန်း ခံစားလိုက်ရပြီး.. မကြာမီ ကျောက်ရှဟယ်အနောက်ကို လိုက်သွားရတော့မည်ဖြစ်ကြောင်း နားလည်လိုက်တော့သည်။

“ ကောင်းကင်သွေးနတ်ဆိုးအလင်း”

လုယွမ်ချန်း မျက်လုံးက အကြောက်တရားကြောင့် နီရဲသွားသော်လည်း သူ.ဘာမှ မတတ်နိုင်တော့ပေ။ ကူကယ်ရာမဲ့စွာ ခေါင်းငိုက်စိုက်သွားပြီး မကြာခင်မှာပဲ..

ဝုန်း

နောက်တစ်စက္ကန့်မှာ လုယွမ်ချန်း၏ ခါးက ကျောက်စိမ်းပြားက တိတ်တဆိတ် ကွဲကြေသွားခဲ့ပြီး အလွန်များပြားသော အလင်းတွေဖြာထွက်လာကာ လုယန်၏ မဟာအစီအမံကို ရုတ်ချည်း ဖျက်ဆီးလိုက်တော့သည်။

လုယန် မျက်ဆံတွေကျဥ်းမြှောင်းသွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပါသည်။

ကောင်းကင်ထက်က မိုင်သောင်းချီအဝေးမှာ အလွန်ကြီးမားပြီး.. တည်တံ့နေသော မျက်နှာကြီးတစ်ခုရှိနေကာ အလင်းတွေလည်း ဖြာထွက်နေသည်။

ထိုမျက်နှာကြီးက ခံစားချက်မရှိပေ.. မျက်လုံးနှစ်လုံးက နေမင်းကြီးလို တောက်ပနေပြီး လုယန်တစ်ချက်သာ ကြည့်လိုက်မိသော်လည်း မခံစားနိုင်လောက်အောင် နာကျင်သွားကာ မျက်ရည်တွေ စီးကျလာသည်။ သူ၏ ချီစွမ်းအင်ကလည်း ခုနှစ်ဆယ်ရာခိုင်နှုန်းအထိ အားဖျော့သွားသည့်အတွက် လေပေါ်မှာပင် မရပ်နေနိုင်တော့ဘဲ ပြုတ်ကျတော့မတတ် ဖြစ်သွား၏။

ထိုမျက်နှာကြီးက အောက်ငုံ့ကြည့်လာပြီး.. မိုးခြိမ်းသံတစ်ခုလို ခြောက်ခြားစရာကောင်းစွာဆိုသည်။

“စိတ်ကြီးဝင်နေတဲ့ကောင်”

ထိုအသံက မကျယ်ပါချေ။ သို့သော် ကောင်းကင်ဘုံ၏ အမိန့်အာဏာကို သယ်ဆောင်ထားသလိုမျိုး အသံကြောင့် လုယန် နှလုံးသားတစ်ခုလုံး ခြောက်ခြားလာရသည်။ လုယန်၏ ဘေးပတ်ဝန်းကျင်က စိတ်ဝိညာဥ်စွမ်းအင်တွေ အားလုံး ပျောက်ကွယ်သွားရကာ.. တောင်ကြီးတစ်တောင်က သူ့ကို ဖိထားသလိုမျိုး လုယွမ် ခံစားလိုက်ရသည်။

ကောင်းကင်ထက်ကမျက်နှာကြီး၏ အကြည့်သက်ရောက်မှုကြောင့် မြေပြင်ပင် တစ်လက်မချင်း အက်ကွဲလာသည်။

ထိုဖြစ်စဥ်က ကောင်းကင်ပြုပြင်တောင်ထွတ် တစ်ခုလုံးကို သတိပေးသလို ဖြစ်သွားကာ.. တံခါးပိတ်ကျင့်ကြံနေသော တပည့်တွေအားလုံး အပြင်ထွက်လာကြပြီး ကောင်းကင်ထက်က မျက်နှာကြီးကို အလွန်ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။

“ တောင်ထွတ်အရှင်ကို ဂါရဝပြုပါတယ်”

“ တောင်ထွတ်အရှင်ကို ဂါရဝပြုပါတယ်”

သက်တမ်းရ တပည့်တွေက မျက်နှာကြီးကို ချက်ချင်း မှတ်မိသွားပြီး အရေပြားတွေ ထုံကျင်လာသလို ခံစားလိုက်ကြရကာ.. အပိုစကားတစ်ခွန်းတောင် မဆိုရဲဘဲ ချက်ချင်း ဒူးထောက်ကျသွားပြီး ဦးညွတ်အရိုအသေ ပေးလိုက်ကြ၏။

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်..

ရှေးဦးသူတော်စင်ဂိုဏ်း၏ အတွင်းတောင်ထွတ်လေးခုထဲက ကောင်းကင်ပြုပြင်တောင်ထွတ်၏ သခင်က ကျောက်ရှဟယ်၏ ဆရာသခင်ဖြစ်ကြောင်း လုယန် နောက်ဆုံးတော့ သဘောပေါက်သွားသည်။

ဝုန်း

လုယန် အလွန်ကြိုးစားအားထုတ်ပြီး ဖန်တီးခဲ့ရသော သွေးလွှမ်းမိုးခြင်းအစီအမံက စတင်တုန်လှုပ်လာကာ၊ အစီအမံ၏ တစ်ချို့သော အစိတ်အပိုင်းကြီးတွေ စတင်ပေါက်ကွဲလာသည်။

လုယန် အနည်းငယ် ကူကယ်ရာမဲ့သွားတော့သည်။

ချီသန့်စင်ခြင်းနယ်ပယ်နှင့် အခြေခံတည်ထောင်ခြင်းနယ်ပယ်ကြားက ကွာခြားချက်က မိုးနှင့်မြေလိုပင်။ သူ အနှစ်နှစ်ဆယ်လုံးလုံး ပေးဆပ်ဖန်တီးခဲ့ရသည့် အစီအမံက ထိုသူ၏ အပြစ်တင်သော စကားနှစ်လုံးထဲနှင့် ပြိုကွဲသွားခဲ့ရသည်တဲ့လား။

All Chapters