← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

Ch 31

(ကောင်းကင်ကို ပိုင်းဖြတ်လိုက်သော ဓားချက်)

ကောင်းကင်ပြုပြင်တောင်၏ ထိပ်ပိုင်းတွင်…

တပည့်တွေအများကြီး သွားလာလှုပ်ရှားနေသော ဆူညံသည့် ကောင်းကင်ပြုပြင်တောင်နှင့် ခြားနားစွာ တိမ်စိုင်တွေကြား၌ ခမ်းနားစွာ တည်ရှိနေသော တောင်ထိပ်သည် လူသားကမ္ဘာမှ ကင်းကွာနေသလိုမျိုး ခံစားချက်ပေးစွမ်းသည်။

ထိုတောင်ထိပ်ပိုင်းမှနေ ပုံရိပ်နှစ်ခုသည် အောက်ကို ငုံ့ကြည့်နေလေ၏။

ထိုထဲမှ ဆံပင်တွေဖြူနေသော်လည်း ငယ်ရွယ်သော မျက်နှာပေါက်ရှိသည့် အဖြူအမည်းတာအိုဝတ်ရုံကို ဝတ်ဆင်ထားသူက လက်ထဲမှာ ကြာပွတ်ဖြူတစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုသူ၏ ပုံစံက ငယ်ရွယ်စဥ်တွင် လူကြီးတွေ ပြောပြလေ့ရှိသော အမတသခင်ကြီးတစ်ယောက်လိုမျိုး ထည်ဝါလေ၏။

ထိုအချိန်ဘေးမှာရပ်နေသော သတ်လတ်ပိုင်းအရွယ် လူကြီးက ကောက်ကျစ်သောဟန်ပန်ဖြင့် ပြောလိုက်သည်။

“ တောင်ထွတ်သခင်၊ သခင်ကလက်ရှိမှာ သမက်တစ်ယောက်ရှာနေတယ်လို့ ကြားတယ်”

“အိုး.. မင်းက စိတ်ဝင်စားလို့လား” တောင်ထွတ်သခင်က သတ်လတ်ပိုင်းလူကို လှည့်ကြည့်လိုက်သည်။

“မင်းရဲ့ တပည့်တွေထဲက တစ်ယောက်ဆိုရင်တော့ ချန်းအာအတွက် ကောင်းမှာပဲ… ငါခွင့်ပြုပေးလို့ရတယ်”

သို့သော် သတ်လတ်ပိုင်းလူက ခေါင်းယမ်းလိုက်ကာ..

“ ကျုပ်ရဲ့တပည့်တွေအကြောင်း သိတယ်.. သူတို့က အကြွားပဲသန်ပြီး အသုံးမကျဘူး။ တောင်ထွတ်သခင်ရဲ့ သမီးကို မကိုင်တွယ်နိုင်လောက်ပါဘူး။ တစ်ခြားသူကို ရှာတာ ပိုကောင်းပါလိမ့်မယ်”

“ဒါဆို ထားလိုက်ပါတော့” တောင်ထွတ်သခင်က ခေါင်းယမ်းလိုက်ပြီး ဆက်ပြောသည်။

“ ငါတွေးထားတဲ့သူရှိတယ်။ အဲ့ဒီကောင်လေးက သူ့ရဲ့သုံးဘဝလုံးကို သေချာကျင့်ကြံခဲ့တဲ့အတွက် ကံတရားတွေ စုဝေးနေပြီး အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ဖို့ အခွင့်အရေး သုံးဆယ်ရာခိုင်နှုန်းရှိတယ်။ ပန်းလုံသခင်ကြီးရဲ့ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းနဲ့ ကျင့်ကြံထားတဲ့ နဂါးချီကိုရလာခဲ့ရင် ဒီကောင်လေးရဲ့ အိပ်ယာထဲက ခွန်အားက နှိုင်းယှဥ်လို့ရမှာမဟုတ်ဘူး”

“ ပန်းလုံသခင်ကြီးဟုတ်လား.. မဟုတ်သေးပါဘူး”

သတ်လတ်ပိုင်းလူက လက်ချောင်းတွေချိုးပြီး စတင်တွက်ချက်တော့သည်။

“ ပန်းလုံကျွန်းရဲ့ အခွင့်အရေးက ယူပြီးသွားလို့ ကျွန်းက ပျောက်ကွယ်သွားခဲ့ပြီ။ ဒါပေမဲ့အဲ့ဒါက တောင်ထွတ်သခင်ရဲ့ တပည့်မဟုတ်ဘူးလားလို့”

“ မကြာခင် ရလာလိမ့်မယ်”

တောင်ထွတ်သခင်က ယုံကြည်ချက်ရှိစွာပဲ ဆက်ပြောသည်။

“ ဘယ်သူယူသွားလဲဆိုတာကို ငါအဖြေရှာပြီးလို့ လုယွမ်ချန်းကို ပြန်ယူခိုင်းပြီးပြီ။ မကြာခင်မှာ ပြန်ရလာလိမ့်မယ်”

“ကျွတ်ကျွတ်ကျွတ်၊ တောင်ထွတ်သခင်က တပည့်တွေကို အသက်ရှင်ခွင့်တောင် မပေးဘူးပဲ”

သတ်လတ်ပိုင်းလူက ခေါင်းယမ်းလိုက်ကာ ဆက်ပြောလေသည်။

“ ကျင့်ကြံရေးလမ်းစဥ်ဆိုတာ လွယ်ကူတာမဟုတ်ဘူး.. ဘာလို့ အသစ်လေးတွေကို အရမ်းတင်းကျပ် နေရတာလဲ”

“ သူတို့ကို မျှော်လင့်ချက်လေးနည်းနည်းတော့ ပေးလိုက်ပါ။ ရှေးဦးသူတော်စင်ဂိုဏ်းက လတ်လတ်ဆတ်ဆတ် အသားတွေ လိုအပ်နေတာပဲကို”

“မင်းငါ့ကို လာသင်စရာမလိုဘူး”

တောင်ထွတ်သခင်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ပုံမှန်ဆို ငါအများကြီးမပြောဘူး။ ဒါပေမဲ့ အဲ့ကောင်လေးရဲ့ ပန်းလုံကျွန်းအမွေအနှစ်ကို ယူလိုက်တဲ့ပုံစံက မူမမှန်ဘူး”

ထို့နောက်မှာ ထိုသူက အနည်းငယ် အံ့သြနေသောလေသံဖြင့် ဆက်ပြောသည်။

“ အဲ့ဒီကောင်လေးက ဂိုဏ်းထဲဝင်လာတာ နှစ်အနည်းပဲ ရှိသေးတယ်။ ဒါပေမဲ့ ယင်အရိုးစုဈေးကွက်ကိစ္စမှာ အမှတ်တွေ အများကြီးရှာဖွေနိုင်ခဲ့တယ်။ ကောင်းကင်သွေးနတ်ဆိုးအလင်းကို ကျင့်ကြံထားတယ်။ အဲ့ဒါအပြင် ကျောက်စိမ်းဓားအိမ်တော်ဂိုဏ်းရဲ့ နတ်ဓားထိန်းချုပ်ခြင်းသိုင်းကို ကျွမ်းကျင်နေပြီး ဓားဆေးလုံးလဲရှိတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က ချီသန့်စင်ခြင်းအလယ်နယ်ပယ် အဆင့်ခြောက်ကို ရောက်နေပြီ”

“အိုး.. အထင်ကြီးစရာပဲ”

သတ်လတ်ပိုင်းလူက အနည်းငယ်အံ့သြသွားဟန်​ဖြင့် စတင်တွက်ချက်လိုက်ပြီး.. ခဏအကြာမှာ သက်ပြင်းချလိုက်သည်။

“ကျူပ်တို့ဂိုဏ်းထဲမှာ ဒီလိုပါရမီရှင်တစ်ယောက် ထွက်လာမယ်လို့ မထင်ထားမိဘူး”

ထိုသူက စိတ်ဝင်စားလာဟန်ပင်။

“ လာပါလာပါ.. ကျုပ်ကို တစ်ချက်လောက် ကြည့်ခွင့်ပေးပါအုံး။ ဒီကောင်လေးရဲ့ အရိုးက.ဘယ်လောက်တောင် ကောင်းနေလို့လဲ သိချင်တယ်။ အဆင်ပြေရင် ရတနာဆေးလုံးအဖြစ် သန့်စင်ရတာပေါ့”

“လွယ်ပါတယ်၊ ဟိုးမှာပဲ.. ဟမ်”

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က အပြုံးတစ်ခုဖြင့် လက်ညိုးထိုးပြလိုက်သည်။ သို့သော် ထိုနေရာကို ကြည့်လိုက်မိသည်နှင့် သူ၏အပြုံးက ရုတ်ချည်း အေးခဲသွားလေ၏။

ဝုန်း

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က သူ့အကြည့်ကို အသက်သွင်းလိုက်သည့်အခါ ကောင်းကင်ပြုပြင်တောင်တစ်ခုလုံး တုန်ယင်လာသည်.. တောင်စွန်းပိုင်းက ကျောက်တုံးတစ်ချို့ပင် တိမ်ပင်လယ်အောက် ပြုတ်ကျသွားတော့သည်။

ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကြီး၏ ထွက်ပေါ်လာမှုကို တပည့်တွေ သတိထားမိသွားကြပြီး အသီးသီး ဒူးထောက်ကြိုဆိုပါတော့၏။

ထိုအချိန်.. ဂူတစ်ခုအရှေ့မှာ လျိုရှင်းကလည်း ဒူးတုတ်လျက် ရှိနေပြီး.. ကောင်းကင်ပြုပြင်တောင်ထွတ် သခင်ကြီး၏ အကြည့်အောက်မှာ အသက်မရှုရဲလောက်အောင် တုန်ယင်နေသည်။

“ငါ့အတွက်လာတာမဟုတ်ဘူး… ငါ့အတွက် လာတာမဟုတ်ဘူး”

လျိုရှင်း အတန်တန်ရေရွတ်နေရင်းမှ သူ့နှလုံးသားထဲက အပြစ်ရှိစိတ်ကို ဖုံးကွယ်ဖို့ရန်လည်း အသည်းအသန် ကြိုးစားနေလေရဲ့။

အခြေခံတည်ထောင်ခြင်း သခင်ကြီးတစ်ယောက်၏ အကြည့်တစ်ချက်အောက်မှာ သူ့လိုမျိုး ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူလေးက အမှုန်ဖြစ်သွားလိမ့်မည်။

ဒါကို သူက ထိုသူ၏ သားဖြစ်သူကို ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲမှာ ပိတ်ထားခဲ့သည်.. ဤအဖြစ်မှန်ကိုသာ ရှာတွေ့သွားပါက၊ သူသေချာပေါက် သေဆုံးသွားလိမ့်မည်ပင်။

“ စိတ်မလှုပ်ရှားနဲ့၊ ငါ့ကို နတ်မန္တာန်က ကာကွယ်ပေးထားတယ်။ သူ မမြင်နိုင်ဘူး”

လျိုရှင်း တုန်ယင်စွာဖြင့် နတ်မန္တာန်စာရွက်ကို တင်းနေအောင် ဆုတ်ကိုင်လိုက်သည်။

“ ဆရာသခင့်ကို လုယွမ်ချန်း ဂါရဝ ပြုပါတယ်”

လုယွမ်ချန်းက သွေးတစ်ပွက် အန်ထုတ်ပြီးသည်နှင့် မြေပြင်ပေါ် ဒူးထောက်ချလိုက်ကာ ကောင်းကင်ထက်က မျက်နှာကို အသနားခံသလို မော့ကြည့်လိုက်သည်။ သူ အခုချိန်မှာ အသက်ရှင်ခဲ့ပေမဲ့ လုံးဝကို မပျော်ရွှင်နေပါချေ။ ထိုအစား သူ၏နှလုံးသားက ရေခဲတမျှ အေးစက်နေသည်။

သူ့ခါးမှာ ချိတ်ဆွဲထားခဲ့သော ကျောက်စိမ်းပြားက အတွင်းမှာ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ နတ်အာရုံကို ထည့်သွင်းထားတာဖြစ်သည်။ ထိုအရာက သူ၏ အကြီးမားဆုံးအားကိုးရာ ဆိုလည်း မမှားပေ။ သို့သော် ထိုသို့သော အရာမျိုးက ပြုလုပ်ရ မလွယ်ကူပါချေ။ တစ်ခါပျက်ဆီးသွားခဲ့လျှင် အစားထိုးလို့ မရနိုင်တော့ဘူး။ ထို့ကြောင့် ထိုကျောက်စိမ်းပြားက သူ့အသက်လောက်နီးပါး အဖိုးတန်လေသည်။

အခုတော့ ကျောက်စိမ်းပြားက မရှိတော့ပေ။

ထို့အပြင် သူ့ကိုပေးထားသည့်တာဝန်ကို ကျရှုံးခဲ့သည့်အပြင် ကာကွယ်ပေးရမည်ဖြစ်သော ဂိုဏ်းတူညီလေးကျောက်ကို မတော်တဆ သေဆုံးစေခဲ့သည်.. တကယ်ကို ခွက်ထိုးခွက်လန် ရှုံးနိမ့်ခဲ့ခြင်းပေ။

ထိုနည်းလည်းကောင်း သူ၏ ဘဝကလည်း မျှော်လင့်ချက် မရှိတော့ပါချေ။

“တပည့် အသုံးမကျပါဘူး”

လုယွမ်ချန်း ရှင်းမပြရဲသလို.. အပိုစကားတစ်ခွန်းတောင် မဆိုရဲပေ။ သူ ဒူးထောက်နေလိုက်ပြီး ဆရာဖြစ်သူက သူ့ကံတရားကို မဆုံးဖြတ်ခင် အရင်ဆုံး လုယန်ကို သတ်လိုက်ဖို့ပဲ မျှော်လင့်နေနိုင်တော့သည်။

ချွမ်း

ထိုအချိန်မှာ လုယွမ်ချန်း ဓားသံတစ်ချက် ကြားလိုက်ရသည်။ ထိုအသံက မကျယ်ပေမဲ့ အလွန်လန်းဆန်းစေသော ဓားသံကြောင့် သူ.လျစ်လျူမရှုနိုင်ခဲ့ဘူး။

အစပိုင်းမှာ နွေဦးကာလလို ညိမ့်ညောင်းစွာ ထွက်ပေါ်လာသော အသံက နားဝင်ချိုလှသည်။ သို့သော် ကြာလာသည်နှင့်အမျှ ထိုအသံ၏ပြင်းအားက အဆမတန်ကြီးမားလာပြီး နားကန်းမတတ် ဖြစ်လာကာ ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်နေတော့သည်။

လုယွမ်ချန်း ချက်ချင်း ခေါင်းမော့ကြည့်လိုက်ပါသည်။

သူ မြင်လိုက်ရတာက ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကြီး၏ အကြည့်ကို မောက်မာစွာ ရင်ဆိုင်နေသော ရှည်လျားသည့် ကျောပြင်ဖြောင့် တစ်ခုပဲ။

ထိုသူ၏ ခြေဖဝါးအောက်မှာ လှိုင်းထန်နေသော ချီစွမ်းအင်ပင်လယ်ကြီး ရှိနေသည်။

ထိုသွေးနီရောင် စွမ်းအင်လှိုင်းလုံးတွေထဲမှာ မကောင်းဆိုးဝါးဆန်သော အရှိန်အဝါကို အပြည့်ခံစားရသည်။ ထိုလှိုင်းလုံးတွေက မကျယ်ပြန့်သွားပဲ ထိုလူ၏အနားမှာ လှုပ်ရှားသွားလာနေကာ အဆုံးမှာ နူးညံ့သောအသွင်ဖြင့် ဓားဆေးလုံးအတွင်း ဝင်ရောက်သွားသည်။

“သူဘာလုပ်မလို့လဲ”

လုယွမ်ချန်း တံတွေးတစ်ချက် မြိုချလိုက်သည်။ သူ မှန်းဆမိသော်လည်း မယုံကြည်ရဲခဲ့ပေ။ ဤသဒ္ဒကမ္ဘာကြီးထဲမှာ အခုလိုမျိုး မိုက်ရူးရဲဆန်ပြီး ရဲရင့်သော လူမျိုး ရှိပါသည်တဲ့လား။

တစ်ချိန်ထဲမှာ ကောင်းကင်ထက်က မျက်နှာကြီးကလည်း တစ်ခုခုကို သဘောပေါက်သွားဟန်ကြောင့် မျက်မှောင်ကြုတ်သွားသည်။

“မင်းကငါ့ကို တိုက်ခိုက်မလို့လား”

လုယန်၏ မျက်နှာမှာ ခံစားချက်မရှိပေ။ စွမ်းအင်လှိုင်းလုံးတွေကို စားသုံးထားသော ဓားဆေးလုံးက ကောင်းကင်ထက်က မျက်နှာကြီးကို စူးရဲစွာ ချိန်ရွယ်ထားသည်။

“ ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပြပေးပါအုံး”

ထိုမျက်နှာကြီးက မတုံ့ပြန်လာပေ။ ကြည့်ရသည်မှာ စကားပြန်ပြောဖို့ကိုပင် အထင်သေးလွန်းနေဟန်ရှိသည်။

နောက်တစ်စက္ကန့်မှာ ကောင်းကင်ပေါ် က ရုတ်တရက် ပေါ်လာခဲ့သော အမဲပျောက်တစ်ခုကို လုယန် မြင်လိုက်ရသည်။ ထိုအမဲပျောက်က အလွန်လျှင်မြန်သော အရှိန်ဖြင့် ဆင်းသက်လာသည်။ အနီးကို ရောက်လာမှပဲ ထိုအမဲပျောက်၏ လူသားအရေပြားပုံစံကြောင့် ထိုအရာက ဟိုးမမြင်ရသော အမြင့်တစ်နေရာက ထိုးလိုက်သော လက်ညိုး ဖြစ်မည်မှန်း လုယန် နားလည်လိုက်သည်။

တစ်ဖက်သူ၏.အဖြေကိုပါ လုယန် တစ်ဆတ်ထဲ အလိုလို ကြားလိုက်ရပါတော့၏။

…ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ကြီးရဲ့ အမြင့်ကို မသိဘူးလား..

တစ်ချိန်ထဲမှာပဲ ကျွင်းပေါက်ထဲက ထွက်လာသော ပုရွက်ဆိတ်က ကြည်ရှင်းသည့် ကောင်းကင်ကြီးကို မြင်လိုက်ရပြီး မှင်သက်သွားသည့်နှယ်.. လုယန်၏ ဦးနှောက်တစ်ခုလုံး ထုံကျင်သွားခဲ့သည်။

“ မင်းက ငါ့ကို လက်ညိုးတစ်ချောင်းနဲ့ သတ်ချင်တာလား”

လုယန် အသက်ကိုတစ်ဝကြီးရှုသွင်းလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းပိုင်းက ချီစွမ်းအင်တွေက ခံစားချက်၏ လှုံ့ဆော်မှုအောက်မှာ လောင်ကျွမ်းလာတော့သည်။ ထိုသို့ဖြင့် သူ အရင်ဘဝမှာ ကျင့်ကြံထားသော လူသတ်အရိပ်အငွေ့ကို အပြင်းထန်ဆုံးသော အနေအထားမှာ အသက်သွင်းလိုက်တော့၏။

အခုချိန်လုယန်၏ နှလုံးသားထဲမှာ ဒေါသတစ်ခုသာရှိသည်။

“ ငါ့ရဲ့ဒီဘဝမှာ ငါဘာကိုမှ မလုယူခဲ့သလို ကျင့်ကြံမှုမှာပဲ အာရုံစိုက်ခဲ့တယ်။ ဒါကို မင်းတို့က ငါ့ရဲ့ကံတရားကို ထောက်လှမ်းပြီးတော့ ငါ့ရဲ့အခွင့်အရေးတွေကို ဓားပြတိုက်ဖို့ လူလွှတ်တယ်။.သူတို့တွေ မနိုင်တော့ မင်းကိုယ်တိုင် ထွက်လာပြီး ငါ့ကိုသတ်တယ်”

“ ဘာကို ကျင့်ကြံရေးကံတရားလဲ၊ ဘာကို ကြိုတင်သတ်မှတ်ထားတဲ့ အခွင့်အရေးလဲ”

“ ငါက သေးနုတ်လွန်းတဲ့ပိုးမွှားတစ်ကောင်ဖြစ်ဖို့ ကံပါလာပြီး မင်းတို့ကတော့ ဟိုးအမြင့်မှာနေထိုင်ဖို့ ကံပါကြတယ်ပေါ့လေ”

“သေကြစမ်း”

လုယန် အမိန့်ပေးလိုက်သည်နှင့် နှလုံးသားထဲမှာ စုဝေးထားသော ချီစွမ်းအင်များက အပြင်ကို ပေါက်ကွဲထွက်လာသည်။ ထိုသို့ဖြင့် သူ၏ ဒေါသတကြီး ရိုက်ချက်က ထိုးဖောက်မှုအပြည့်ဖြင့် ကောင်းကင်ကို ရိုက်ခွင်းသွားလေ၏။

တစ်ချိန်ထဲမှာ ဖ​ယောင်းတိုင်ပေါ်က မီးတောက်လေး ငြိမ်းသက်ခံလိုက်ရသလိုမျိုး လုယန်၏ အ​မြင်အာရုံကိုလည်း အမှောင်ထုက ကြီးစိုးသွားပြီး အသိစိတ် ကွယ်ပျောက်သွားတော့သည်။

…..

Ch 32

(လျိုရှင်းကို ပစ်မှတ်ထားမယ်)

..သင့်ကို ကောင်းကင်ပြုပြင်တောင်ထွတ်သခင်က လက်ညိုးတစ်ချောင်းဖြင့် သတ်လိုက်တယ်..

..သက်တမ်းတစ်ရာစာအုပ် လက်ကျန်စာရွက်- ၉၅ ရွက်..

..ဘဝသစ်ပြန်စတဲ့အတွက် စိတ်ကြိုက်ရွေးချယ်လိုက်ပါ။ ရတနာ၊ ကျင့်ကြံမှု၊ သက်တမ်း၊ သို့မဟုတ် ထိုသုံးခုလုံးကို စွန့်ပစ်ပြီး စွမ်းရည်တစ်ခု နိုးထစေလိုက်ပါ..

“နာမည် ခေါ်ခံရတဲ့သူတွေ ရှေ့ထွက်ခဲ့မယ်”

လျိုရှင်း၏.အသံကို ကြားလိုက်ရသည့်တိုင်အောင် လုယန် အသိစိတ်မကပ်သေးဘဲ အရင်ဘဝ၏ ဒေါသစိတ်တွေ လောင်ကျွမ်းနေခဲ့သည်။

“ ပုရွက်ဆိတ်တစ်ကောင်က ကောင်းကင်ရဲ့ အမြင့်ကို တိုင်းတာဖို့လုပ်ခဲ့တယ်ဆိုတာလဲ မမှားပါဘူးလေ”

လုယန် သက်ပြင်းရှည်ကြီး ချလိုက်သည်။ အခြေခံတည်ထောင်ခြင်းနယ်ပယ် သခင်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းက.. သူ့ကို စိတ်ဓာမကျစေပါချေ။ ထိုအစား သူ၏ တိုက်ခိုက်လိုစိတ်က ပိုမိုလောင်ကျွမ်းနေသည် ဟုသာ ခံစားရသည်။

သက်တမ်းတစ်ရာစာအုပ်ရှိနေခြင်းက သူ၏.အကြီးမားဆုံး အားသာချက်ပဲ။

လုယန် သက်တမ်းတစ်ရာစာအုပ်၏ မျက်နှာပြင်ကို ကြည့်လိုက်သည်။ အရင်ဘဝမှာ သူ ကျင့်ကြံမှုတစ်ခုထဲကိုသာ အာရုံစိုက်ခဲ့သော်လည်း အခု ထိုကျင့်ကြံမှုကို သူရွေးချယ်လို့ မရပါချေ။

နဂါးအသွင်ပြောင်းနည်းကိုးသွယ် သိုင်း၏ လျှို့ဝှက်အန္တာရယ်ကို မဖြေရှင်းရသေးဘဲ ကျင့်ကြံလိုက်ပါက.. ထိုအရာက ချိန်ကိုက်ဗုံးတစ်ခုလိုမျိုး သူ့ကို ခြောက်လှန့်နေလိမ့်မည်။

“ စွမ်းရည်သစ်တစ်ခုကို ရွေးချယ်တယ်”

.. သင့်ရဲ့အတိတ်ဘဝ အဆုံးသတ်ကို တွက်ချက်နေပါတယ်..

..သင် သေဆုံးပြီးနောက်မှာ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူလေးတစ်ယောက်က မောက်မာစွာ အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူကို တိုက်ခိုက်ခဲ့တဲ့ ဇာတ်လမ်းက ဂိုဏ်းထဲ ပျံ့နှံ့သွားတယ်။ လူတွေ အများကြီးက သင့်ကိုလှောင်ပြောင်ကျပေမဲ့ သင်က အကျိုးမဲ့သေဆုံးခဲ့ရတာ မဟုတ်ပါဘူး..

.. သင့်ရဲ့ ဖျက်ဆီးခြင်းတိုက်ချက်က ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ကို နည်းနည်းလေးတောင်.မထိခိုက်စေခဲ့ဘူး။ ဒါပေမဲ့ သူက သင့်ကိုတိုက်ခိုက်ဖို့အတွက် ချီစွမ်းအင်ကို ပိုအသုံးပြုခဲ့ရတယ်။ ဒါကြောင့် သင်က အရည်အချင်းရှိတဲ့ ပုရွက်ဆိတ်ဆိုတာကိုတော့ အဆုံးမှာ လက်ခံခဲ့ရတယ်..

.. သင့်ကို လှည့်ကွက်စွမ်းရည်ဆိုတဲ့ ခရမ်းရောင်စွမ်းရည်တစ်ခု ချီးမြှင့်လိုက်ပါတယ်..

လှည့်ကွက်စွမ်းရည်- သင့်ကိုတိုက်ခိုက်လာတဲ့ တိုက်ကွက်က ဘယ်လောက်ပဲ အင်အားကြီးပါစေ၊ အဲ့ဒါက သင့်ရဲ့စွမ်းဆောင်ရည်ကို မကျော်လွန်ဘူးဆိုရင် နှစ်ဆပိုကောင်းတဲ့ အားနဲ့ရင်ဆိုင်နိုင်မယ်။

“ဒါဘယ်လို စွမ်းရည်မျိုးလဲ”

လုယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤစွမ်းရည်က ကြည့်လိုက်လျှင် အဆုံးမဲ့ကာကွယ်ပေးမည့် စွမ်းရည်နှင့် ဆင်တူသော်လည်း စွမ်းဆောင်ရည်ကို မကျော်လွန်ရဆိုသော ကန့်သတ်ချက် ရှိနေပြန်သည်။

သို့သော် သူအများကြီး မတွေးတော့​ပေ။ သူက တကယ်ကို နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်း၏ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ရန် ကျပန်း ရွေးချယ်လိုက်တာ​ဖြစ်သည်။ ဤစွမ်းရည်က ကောင်းမွန်နေလျှင် အကောင်းဆုံးဆိုပေမဲ့ အားနည်းနေလျှင်လည်း ကိစ္စမရှိပါချေ။ ထိုအရာတွေထက် လုယန်က ကောင်းကင်ပြုပြင်တောင်ထွတ်သခင်၏ တွက်ချက်မှုကနေ ဘယ်လိုလွတ်အောင် ရှောင်နိုင်မလည်းဆိုတာပဲ သိချင်လှသည်။

“ ဘယ်လိုမှမရရင်လဲ နဂါးအသွင်ပြောင်းနည်းကိုးသွယ်သိုင်းကို လက်လျော့ရုံပဲ ရှိတော့တယ်”

“လုယန်..”

“ရှိ”

လျိုရှင်း၏ခေါ်သံကြောင့် လုယန် သတိကပ်သွားပြီး စင်မြင့်ပေါ်ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ လျိုရှင်းက ထုံစံအတိုင်းပင် သူ့ကိုဖျော်ဖြေရေးခန်းမ၌ တာဝန်ချပေးသည်။

နောက်တစ်စက္ကန့်မှာ လုယန် ရုတ်တရက် အံံ့သြသွားခဲ့သည်။

“နေအုံး၊ ငါမှတ်မိသလောက်ဆိုရင် လျိုရှင်းက အရေးပါတဲ့ စစ်မှန်တပည့်တစ်ယောက်ကို ချီဝိညာဥ်တစ်သောင်းစာလိပ်ထဲမှာ သန့်စင်ထားတာမလား”

သူက ကျင့်စဥ်လေးတစ်ခု ယူလိုက်မိတာကို တောင်ထွတ်သခင်က သတိပြုမိသွားပြီး.. လျိုရှင်းက စစ်မှန်တပည့်တစ်​ယောက်ကို သတ်လိုက်တာကိုကျ မသိဘူးလား။

ယုတ္တိမတန်ပါချေ။

လျိုရှင်းက.ဘယ်လိုလုပ် အခုထိ အသက်ရှင်နေရတာလဲ။

လုယန် မျက်လုံးတွေ တောက်ပသွားပြီး လျိုရှင်းကို သေချာစွာကြည့်ရှုလိုက်သည်။

“ သေချာပေါက် သူ့ဆီမှာ ကောင်းကင်ပြုပြင်တောင်ထွတ်သခင်ရဲ့ တွက်ချက်မှုကနေ လွတ်မြောက်စေမဲ့ ရတနာတစ်ခုခု ရှိနေသေးတာပဲ”

လုယန် ချက်ချင်းကို စိတ်တက်ကြွသွား၏။

လုယန် နည်းလမ်းကို ပြောင်းလဲလိုက်တော့သည်။ ဖျော်ဖြေရေးခန်းမကို ရောက်သည်နှင့် ယုစုကျန်းကို လူသိရှင်ကြား စုပ်ယူလိုက်ပြီး လျိုရှင်း.အာရုံစိုက်လာအောင်.လုပ်ခဲ့သည်။

လျိုရှင်းထံမှ အတွင်းတာအိုစာအုပ်တစ်ဝက်ကို လက်ခံပြီးနောက် တံခါးပိတ်ကျင့်ကြံလိုက်သည်။

ထိုသို့ဖြင့် ခန့်မှန်းထားသည့် လေပြင်းတွေတိုက်နေသော လမိုက်ညတစ်ညမှာ ကြိုတင်ပြင်ဆင်ထားသည့် လျိုရှင်းက သူ၏ဂူကို အလည်ရောက်လာပါသည်။

“ ညီလေးလု၊ အထဲမှာရှိလား”

လုယန် မတုံ့ပြန်ပါချေ။

လျိုရှင်းက မအံ့သြသွားပဲ အေးစက်စက်ပြုံးပြီး သိုလှောင်အိတ်အတွင်းမှ အစီအမံစာရွက်တစ်ချို့ကို ထုတ်ယူကာ ဂူအပေါက်ဝမှာ ချထားလိုက်သည်။

ထို အသံပိတ်လှောင်အစီအမံနှင့် ပုံရိပ်ယောင် အစီအမံကြောင့် အထဲမှာ ဘာတွေပဲဖြစ်ပွားခဲ့ပါစေ၊ အပြင်ဘက်က ဘယ်လိုမှ သတိထားမိမှာ မဟုတ်ပေ။ လျိုရှင်း ထိုပုံစံအတိုင်း လှုပ်ရှားလာတာ ကြာပြီပင်။

တစ်စုံတစ်ယောက်က ကံတရားထောက်လှမ်းလာလျှင်တောင်မှ အကျိုးမဝင်ပါချေ။

လျိုရှင်းက ခါးမှာချိတ်ထားသော သိုလှောင်အိတ်ကို ထိပြီးနောက် ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။

အစီအမံချပြီးသည်နှင့် လျိုရှင်းက အချိန်မဆွဲတော့ဘဲ ချီစွမ်းအင်ဖြင့် လုယန်၏ ဂူတံခါးကိုဖျက်ဆီးပြီး အထဲဝင်လိုက်သည်။

“ ညီလေးလု မပုန်းပါနဲ့။ အကိုက မင်းလို ပါရမီရှင်တွေကို လိုအပ်နေတာ”

လျိုရှင်း၏ အသံက ကြမ်းရှနေသည်။

ထိုအချိန် ဂူအတွင်းက တရားထိုင်ဖျာပေါ်တွင် လုယန် ရှိနေသည်။ ခပ်မဲ့မဲ့အပြုံးတစ်ခုဖြင့် ကြည့်နေသော လုယန်၏ ပုံစံက အတွင်းတာအိုစာအုပ်ကို ကျင့်ကြံထားသော လူတစ်ယောက်နှင့် ဘယ်လိုမှ တူမနေပါချေ။

“..မဟုတ်ဘူး”

လျိုရှင်း မျက်စံတွေ ကျဥ်းမြှောင်းသွားပြီး ချီဝိညာဥ်တစ်သောင်းစာလိပ်ကို ဆင့်ခေါ်လိုက်သည်။

သို့ပေမဲ့နောက်ကျသွားလေရဲ့။

နောက်စက္ကန့်မှာ ကျရောက်လာသော အနီရောင်အလင်း၏ တိုက်စားမှုကြောင့် လျိုရှင်းတစ်ယောက် အသွေးအသားတွေ တစ်ဝက်လောက် လောင်ကျွမ်းသွားသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်လဲသွားသည်။

သွေးလွှမ်းမိုးခြင်းဓားအစီအမံ..

လုယန်က ဂူထဲမှာ အစီအမံချထားပြီဖြစ်ရာ၊ လျိုရှင်း၏.အတင်းအကျပ်ဝင်ရောက်မှုက ကျားဂူထဲ ခြေချလာခြင်းသာ ဖြစ်ပေသည်။

“ အကိုရာ၊ ကျုပ်စောင့်နေတာ ကြာရောပေါ့”

လဲကျနေသော လျိုရှင်းကို ကြည့်နေရင်းမှ ပထမဘဝတုန်းက သူ ခံခဲ့ရပုံကို ပြန်စဥ်းစားမိပြီး လုယန် လှောင်ပြုံး ပြုံးလိုက်တော့သည်။

“ နောက်ဆုံးတော့ မင်းကို မိပြီ”

“ ကျုပ်မင်းကို ရက်စက်ခြင်းက ဘာလဲ ပြပေးမယ်”

“မင်း.. မင်းကဘယ်သူလဲ”

လျိုရှင်းသည် မြေပြင်ပေါ်မှာ မလှုပ်ရှားနိုင်တော့ပေ။ သို့တိုင်အောင် လက်ရှိအခြေအနေက သူ့ကို နားမလည်နိုင်လွန်းလို့ ပိုခေါင်းကိုက်စေသည်။

သူအခု လှည့်စားခံလိုက်ရတာလား.. တပည့်အသစ်တစ်​ယောက်ဆီမှာလေ။

မဖြစ်နိုင်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။

“ မင်းက စစ်မှန်ဂိုဏ်းက လူယုံလား။ နေအုံး..ငါ့ကို မသတ်ပါနဲ့။ ငါကအသုံးဝင်တယ်။ ငါ့မှာ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကို ရောက်တဲ့အထိ ကျင့်ကြံနိုင်တဲ့ အဆင့်မြင့်သိုင်းတစ်ခု ရှိတယ်”

လျိုရှင်းက ဘာကိုမှ ဂရုမစိုက်အားတော့ဘဲ သူ၏ လျို့ဝှက်ချက်ကိုပင် အလွယ်တကူ ထုတ်ပြောလာသည်။

“ ပြီးတော့ ငါ့ထဲမှာ ဒီဂိုဏ်းရဲ့စစ်မှန်တပည့်တစ်ယောက်ကို ချုပ်ထားတဲ့ မှော်ရတနာတစ်ခုလဲရှိတယ်။ သူက ဒီဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေ အများကြီးကိုသိတဲ့သူပဲ”

“ မင်းငါ့ကို လွှတ်ပေးသရွေ့ ငါမင်းကိုအကုန်ပေးမယ်”

လျိုရှင်း၏ စကားသံမဆုံးခင်မှာပဲ လုယန်က ကောင်းကင်သွေးနတ်ဆိုးအလင်းကို အသက်သွင်းလိုက်ပြီး သူ့ကို အရိုးခြောက်အဖြစ် စုပ်ယူလိုက်သည်။

“ စောက်ရူး၊ မင်းသေရင် အကုန်ငါ့အပိုင်ဖြစ်လာမှာပဲ”

“မင်းကတောင်မှ ငါ့အပိုင်ပဲ”

လုယန် ချက်ချင်းပဲ ချီဝိညာဥ်တစ်သောင်းစာလိပ်ကို.ယူလိုက်ကာ လျိုရှင်း၏ အလောင်းကိုပါ တစ်ခါထဲ သိမ်းဆည်းလိုက်၏။

သူသည် အရင်ဘဝမှာ အတွင်းတာအိုစာအုပ်ကို ဖတ်ခဲ့ဖူးသည့်အတွက် ချီဝိညာဥ်တစ်သောင်းစာလိပ်ကိုလည်း သေချာပေါက် အသုံးပြုတတ်သည်ပင်။

လျိုရှင်း၏ ဝိညာဥ်က ချီစွမ်းအင်ဖြစ်သည်အထိ စာလိပ်မှာ သန့်စင်ခံလိုက်ရကာ မိနစ်ပိုင်းလောက်ကြာပြီးမှ စာလိပ်ထဲက ပြန်ထွက်လာသည်။

သို့ပေမဲ့ အခုလျိုရှင်းက ချီဝိညာဥ်တစ်သောင်း၏ ဝိညာဥ်တစ်ကောင် ဖြစ်လာခဲ့သည်။ သို့ပေမဲ့ လုယန်က လျိုရှင်း၏ မှတ်ဉာဏ်ကို စာနာသောအားဖြင့် အကောင်းအတိုင်း ထားပေးခဲ့သည်။

ထို့ကြောင့် လျိုရှင်းတစ်ယောက် အပြင်ရောက်လာသည်နှင့် လုယန်ကိုကြည့်ပြီး အံ့သြတကြီးအော်ဟစ်တော့သည်။

“မဖြစ်နိုင်ဘူး.. မင်းဘယ်လိုလုပ်ဒါကို အသုံးပြုတတ်နေတာလဲ”

“ မင်းငါ့ကို.ဘယ်လိုသုံးနှုန်းလိုက်တယ်..”

လုယန် ခပ်မဲ့မဲ့ ပြောလိုက်၏။

“မင်းရဲ့သခင်ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ငါကသင်ပေးရအုံးမှာလား။ ဘာလဲ မင်းက ဝိညာဥ်လွင့်မြောပြီး အပိုင်းပိုင်းပြိုကွဲချင်လို့လား”

“ ကျွန်တော်မျိုးမှားသွားပါတယ်။ ကျွန်တော်မျိုးကို ချမ်းသာပေးပါ အရှင်”

လျိုရှင်း ချက်ချင်း ပျော့ကျသွားပြီး ဒူးထောက်ချလိုက်ပါ၏။ သူ့မှာ မှတ်ဉာဏ်တွေ အကောင်းအတိုင်း ရှိနေလျှင်တောင်မှ သူ့ကို သတ်ခဲ့သော လုယန်ကို နည်းနည်းလေးတောင် မမုန်းတီးနိုင်ခဲ့ပေ။ ထိုအစား သစ္စာရှိမှုတွေပဲ အစားထိုးရောက်ရှိလာသည်။

ဤသည်မှာ ချီဝိညာဥ်တစ်သောင်းစာလိပ်၏ အကြီးမားဆုံးကောင်းကျိုးပင်။ ချီဝိညာဥ်တစ်သောင်းစာလိပ်၏ ဝိညာဥ်ဖြစ်လာသည်နှင့် ထိုဝိညာဥ်က ပုံမှန်အတိုင်း ရှိနေလျှင်တောင်မှ စိတ်ဆန္ဒအားလုံး ထိန်းချုပ်ခံလိုက်ရကာ၊ စက်ရုပ်ဝိညာဥ်တွေ ဖြစ်သွားလိမ့်မည်။

…..

All Chapters