အခန်း (၉၀၅-၉၀၈)
Vol. 47 Ch. 905-908
အခန်း ၉၀၅။ အောမိထော်ဖော်
အိမ်တော်ထိန်းမှာ ထိုစကားကိုကြားသည့်အခါ နှလုံးသားအေးစက်သွားခဲ့သည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဒီလူတွေ ရောက်လာတာ ဘယ်လောက်ကြာသေးလို့လဲ? ဒီကိစ္စကို ဘယ်လိုလုပ်ပြီး မြန်မြန်ရှာတွေ့သွားကြတာလဲ? ဟိုဆရာကြီးလီနဲ့ သူ့တပည့်တွေတောင် နေနေတာ တစ်လနှစ်လလောက်ရှိနေပြီ , ဒါတောင် သူတို့တွေဘာမူမမှန်တာမှ ရှာမတွေ့ဘူး!
“ကျ- ကျွန်တော်ပြောပြပါ့မယ်…” သူ ဓားအား ကြောက်ကြောက်လန့်လန့်ကြည့်လိုက်၏၊ ဤအခိုက်အတန့်၌ သူ့မှာ ခြေထောက်တစ်ဖက်သာကျန်တော့သည်။ နောက်တစ်ဖက်ကိုသာ ထပ်ပြီးဆုံးရှုံးရမယ်ဆိုလျှင် သူ့တစ်ဘဝလုံး မတ်တပ်ရပ်နိုင်တော့မှာမဟုတ်!
“သခင်လေးက… တခြားအိမ်တော်မှာ ရှိနေတာ
မဟုတ်ဘူး..ဒီအိမ်တော်မှာပဲ ရှိနေတာပါ.. ဒီမှာက ဘေးဖက်ခြံဝန်းတစ်ခုရှိသေးတယ်၊ ဆရာကြီးဟူနဲ့ သခင်လေးတို့နေကြတာပါ၊ ဒါပေမဲ့.. အဲဒီခြံဝန်းက ကြီးပြီး.. အထဲမှာ သံသယဝင်စရာကောင်းတဲ့ အစီအရင်တွေနဲ့မို့၊ သာမန်လူတွေ မချိုးဖျက်နိုင်ဘူး၊ ချိုးဖျက်နိုင်တယ်ဆိုရင်တောင်၊ အထဲကသူက သတိထားမိသွားမှာ၊၊ အဲကျရင်.. သူတို့က လျှို့ဝှက်လမ်းကြောင်းကနေ ထွက်သွားကြရော”
အိမ်တော်ထိန်းမှာ နာကျင်လွန်းသဖြင့် နာခံတတ်သွားပြီဖြစ်သည်။ သူရဲ့လေသံမှာ အလျင်လိုနေသလိုဖြစ်နေကာ စကားတစ်ခွန်းပြောပြီးတိုင်းမှာလည်း မောဟိုက်နေလျက်။
ကျောက်ရွှမ်ကျင်း အနည်းငယ်ဇဝေဇဝါဖြစ်သွားရသည်။
“မြူခိုးဖြူတောင်မှာမဟုတ်ဘူးလား”
“မဟုတ်ပါဘူး” အိမ်တော်ထိန်းက အံကြိတ်လိုက်သည်။
“ မြူခိုးဖြူတောင်ပေါ်မှာ ဆန်းကြယ်သမားတော်ရှိတာမှန်သလို အဲဒီသမားတော်က တကယ်စွမ်းဆောင်ရည်ရှိတာဆိုပေမဲ့….”
“ ဒီအစားထိုးလုပ်တဲ့နည်းမှာ သူတို့နှစ်ယောက်ကို အတူထားစရာမလိုဘူး”
ရှဲ့ချောင်ရှင်းပြလိုက်သည်။
“တတိယဆရာတူမောင်လေးက မြူခိုးဖြူတောင်ပေါ်မှာဆိုရင်တောင် သူက ဒီမှာနေပြီး ရိုးရာပေးရင်တတိယဆရာတူမောင်လေးရဲ့အသက်ကိုယူလို့ရတယ်။ အင်း.. တတိယဆရာတူမောင်လေးရဲ့ ဆံပင်၊ သွေး၊ လက္ခဏာရှစ်ခု နဲ့ တခြားအသုံးဆောင်ပစ္စည်းတွေကို အဲ့ဒီတာအိုဆရာကြီးက ကြိုရထားပြီးသားဖြစ်နေလို့ပေါ့..”
အိမ်တော်ထိန်း၏ မျက်နှာမှာ ပိုပိုပြီး အကျည်းတန်လာခဲ့သည်။
သူတို့တွေ မြန်မြန်ပေါ်သွားတာ မထူးဆန်းတော့ဘူး ဒီတာအိုဆရာမက အကုန်သိနေတာကိုး!
သို့သော် အနှီတာအိုဆရာမက စွမ်းအားကြီးတယ်ဆိုပေမဲ့ သူမ ဘယ်လိုရှာတွေ့သွားသလဲ သူ အဖြေရှာလို့မရ။ ပထမသခင်လေး၏ ကိစ္စအား သေချာဖုံးဖိထားတာဖြစ်၏။ သခင်ကြီး၏ လူယုံအနည်းကျဥ်းလောက်ကလွဲလျှင် တခြားဘယ်သူမှ မသိပေ!
သခင်ကြီးက ဆရာကြီးလီကိုလည်း ကောင်းကောင်းဆက်ဆံရဲ့သားနဲ့.. ဘာလို့ သူမက သံသယဝင်သွားတာလဲ…
သခင်ကြီးသည် စန်းယောင်တစ်ယောက်မြန်မြန်သေသွားမှာကို စိုးရိမ်သလို မသင်္ကာဖြစ်စရာတွေကို ရှောင်နိုင်ရန် ဤကိစ္စအား တတ်နိုင်သမျှ အချိန်ဆွဲထားခဲ့သည်။ ဒါတင်မက, သူသာအချိန်ကြာကြာဆွဲထားလျှင် သူတို့နှစ်ယောက်လည်း အဆင်ပြေပြေရှိနိုင်ကာ အစားထိုးခြင်းနည်းက ပိုအောင်မြင်လိမ့်မည်ပေ။
ထိုအကြောင်းကြောင့် လီရှီးယန်အား သူ့တပည့်တွေကိုပါခေါ်လာဖို့ ခွင့်ပြုခဲ့ခြင်းဆိုလည်း မမှား။
မနေ့က ဤတာအိုဆရာမကို သူတွေ့ခဲ့ပြီး ခုနစ်စင်ကြယ်မီးအိမ်စင်နေတာကို မြင်ခဲ့သည်။ ပထမသခင်လေး၏ အခြေနေမှာ ပိုဆိုးလာတာကြောင့် သခင်ကြီးမှာ အင်မတန်မှာစိုးရိမ်သွားရသည်။ အချိန်ကြာလေတာနှင့်အမျှ အန္တရာယ်ပိုများလာမှာ ကြောက်တာကြောင့် .. တားဖို့အတွက် ပြင်ဆင်ခဲ့သည်..
စန်းယောင်သည် နေမကောင်းဖြစ်နေတာကြာပြီမို့.. အခုချိန်မှာ သေသွားလည်း ပုံမှန်ပင်။
ဆန်းကြယ်သမားတော်သာ အကာအကွယ်အဖြစ်ရှိနေလျှင် သူ မီးအိမ်များကို ဖျက်ဆီးပစ်လည်း နားလည်ပေးနိုင်စရာဖြစ်သည်။
အရာအားလုံးစီစဥ်ထားပြီးကာမှ…
“လျှို့ဝှက်လမ်းကြောင်းကို ဘယ်လိုသွားတာလဲ?”
ကျောက်ရွှမ်ကျင်း မေးလိုက်ပြန်သည်။
“ကျ-ကျွန်တော်လည်း မသိပါဘူး” သူ့အသံမှာ အားနည်းနေ၏။ သူ ဆက်ပြီးတောင့်ခံထားနိုင်ပုံမရချေ။
သွေးထွက်များနေသလို မကုသပဲထားထားသဖြင့် သူလည်း သေရတော့မည်။
“ သူ့ကို ဆွဲခေါ်ပြီး လမ်းပြခိုင်း၊ တစ်ဖွဲ့က ငါနဲ့ ဘေးဖက်ခြံဝန်းကို လိုက်ခဲ့! ကျန်တဲ့သူတွေက မြူခိုးဖြူတောင်ထိပ်ကိုသွားပြီး တခြားသူတွေကို ဖမ်းခေါ်ခဲ့”
ကျောက်ရွှမ်ကျင်း စီစဥ်လိုက်သည်။
သို့နှင့် အစောင့်က အိမ်တော်ထိန်းချုပ်အား ခြံဝန်းအပြင်ကို တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။
သွေးများက မြေကြီးပေါ်ရှိနေဆဲ။
ရှောင်းယွိရုန်သည် သွေးစက်များကြား ခြေဖျားထောက်သွားရင်း “အောမိထော်ဖော်” ဟုလည်း နှုတ်ကရေရွတ်လျက်။ သူရဲဘောကြောင်သူတစ်ယောက်နှင့်တောင် တူနေလေသည်။
သူပုံစံက စာသင်သားတစ်ယောက်နှင့်တောင်မတူ၊ ဆံရှည်ဘုန်းကြီးတစ်ပါးနှင့် ပိုတူနေ၏။
“ဆရာတူမောင်လေးရှောင်း၊ မင်းက ငါ့ရှေ့လာပြီး ဘာတွေပြောနေတာလဲ?” ဘေးဖက်ခြံဝန်းဆီသွားသည့်လမ်း၌ ရှဲ့ချောင်မှာ သူ့ရဲ့တတွတ်တွတ်ရေရွတ်နေသံကိုကြားပြီး မျက်လုံးလှိမ့်လိုက်လေသည်။
“အစ်မမော့.. ကျွန်တော်လည်း. တခြားဘာပြောရမှန်းမသိဘူး..”
သွေးသံရဲရဲကြားမှာ ထိုသို့ရွတ်လိုက်မှပဲ နေသာထိုင်သာရှိပေမည်။
“မင်းအရင်ကတောင် ဘဲသွေး၊ ဝက်သွေးတွေစားတာပဲမဟုတ်ဘား။ အကုန်အတူတူပဲ။ ဘာကြောက်စရာရှိလို့လဲ”
ရှဲ့ချောင်မှာ သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာကိုကြည့်ပြီး သနားစိတ်တောင်ဖြစ်မိသွားသည်။ ခဏတွေးကြည့်လိုက်ပြီးနောက် စက္ကူအိတ်အသေးတစ်လုံးနှင့် သကြားလုံးကို ယူထုတ်လိုက်သည်။
“ စားလိုက်၊ ဒါက အံ့ဖွယ်ဆေးလုံး၊ အမတတောင်ရဲ့ ဝိဥာဥ်စမ်းချောင်းကရေရယ် ၊ သက်တမ်းငါးရာရှိတဲ့ ယဲ့ရှီမှိုရယ်နဲ့ လုပ်ထားတာ၊ စိတ်နှလုံးကို တည်ငြိမ်စေလိမ့်မယ်၊ အိပ်မက်ဆိုးတွေ မက်မှာမဟုတ်ဘူး…”
••••
အခန်း ၉၀၆။ အကြမ်းဖျဥ်းနားလည်သည်
ရှောင်းယွိရုန်ခမျာ ရွှင်ပျသွားရပေမဲ့ အနည်းငယ်တုံဆိုင်းနေသည်။ “ဒါက အဖိုးတန်လွန်းတယ်၊ သေးသေးလေးဆိုပေမဲ့ .."
သူ စကားဆုံးအောင်မပြောနိုင်ခင်မှာတင် ရှဲ့ချောင်က လက်မြောက်ပြီး ပါးစပ်ထဲ သကြားလုံးထည့်ပေးလိုက်၏။ “ ဒီထဲမှာ သန့်စင်တဲ့အသားပါတယ်၊ ဒါကိုစားရင် အသက်ရှည်ရှည်နေရမှာ၊ မင်းက ငါ့ရဲ့မောင်အရင်းတစ်ယောက်နဲ့မှ မခြားတာ။ ငါမှ မင်းကိုမချစ်ပေးရင်, ဘယ်သူကချစ်ပေးမှာလဲ၊ ဟို အသုံးမကျတဲ့ ကျန်းကျင်လုလား၊”
ရှဲ့ချောင်က စကားဆုံးတာနဲ့ သရော်ပြုံးပြုံးလိုက်သည်၊
ကျန်းကျင်လုက သူ့ရဲ့ ဆရာတူအစ်မဆီကနေ အရိုက်ခံပြီး လေ့ကျင့်ခံပေးရတဲ့ အတွေ့အကြုံကို ဘယ်တုန်းကမှ မခံစားဖူးဘူး!
ရှောင်းယွိရုန်မှာ သူ့ပါးစပ်ထဲက ချိုမြိန်မှုကိုသာ ခံစားမိလိုက်၏။
သူဟာ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ လူတစ်ယောက်၊ ပုံမှန်ဆိုလျှင် သကြားလုံးများကို စားလေ့ရှိသူမဟုတ်။ ရှဲ့ချောင်သည် သကြားလုံးများကို ကိုယ်တိုင်ပြုလုပ်ထားတာဖြစ်၍ အပြင်မှာရောင်းနေတာများနှင့်မတူဘဲ ပိုပြီးအရသာရှိသည်။ အခိုက်အတန့်တစ်ခုစာလောက် သွေးထွက်သံယိုမြင်ကွင်းကို မေ့ပျောက်သွားနိုင်ခဲ့လေသည်။
ကျောက်ရွှမ်ကျင်း၏ မျက်နှာမှာ တင်းမာနေသည်။ ရှောင်းယွိရုန်အား မသေချာမရောရာသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ရှဲ့ချောင်ရှေ့မှာ သူ့လက်ကိုဖြန့်ပြီး “ဘာအလုပ်မှမလုပ်ရတဲ့သူကျတော့ စားရတယ်၊ ကျွန်တော်ကရော”
ရှဲ့ချောင် သက်ပြင်းချမိသည်။
“မင်း အသက်ဘယ်လောက်ရှိနေပြီလဲ၊ ဆေးလုံးတစ်လုံးအတွက်နဲ့ ရန်ဖြစ်နေရအောင်..? ရော့. ရော.. ရော့၊ ကျန်တာအကုန် မင်းအတွက်၊ များများစား၊ မင်းရဲ့ အဆင့်အတန်းနဲ့လိုက်ဖက်တယ်၊ ထာဝရအသက်ရှင်သွားမှာ”
ကျောက်ရွှမ်ကျင်း ခနဲ့လိုက်သည်။
‘ မယုံပါဘူး’
အမတတောင်က ဝိဥာဥ်စမ်းချောင်း၊ နှစ် ငါးရာသက်တမ်းရှိတဲ့ ယဲ့ရှီးမှို? နတ်သမီးရဲ့ အသား?
သူ့မမှာ အဲဒါတွေသာ ရှိလို့ကတော့ နေ့ရက်တိုင်းအသက်ရှင်ဖို့ ရုန်းကန်နေရမှာတောင် မဟုတ်ဘူး
ကောင်းကင်ဘုံကိုတက်ပြီး ထာဝရအသက်ရှင်နိုင်မှာမဟုတ်ဘူးလား?
ရှောင်းယွိရုန်လို စာကြမ်းပိုးကပဲ သူ့စကားတွေကို သံသယမဝင်ဘဲ ယုံမှာ !
ကျောက်ရွှမ်ကျင်း ထိုသကြားလုံးအား ရင်ဘတ်ထဲ အေးအေးလူလူထည့်သိမ်းလိုက်၏။ သို့သော်လည်း ရှောင်းယွိရုန်၏ ပါးစပ်ထဲ၌ နောက်တစ်ခုရှိသေးတာကို တွေးမိသည့်အခါ တကယ် ဆွဲထုတ်ပစ်ချင်စိတ်ပေါက်သွားသည်။
ရှဲ့ချောင်ကိုယ်တိုင် ခွံ့ကျွေးထားတာ!
ဟီးဟီး..
မုန့်မိသားစုမှာ လမ်းတစ်လျှောက်ရှိသွေးများကြောင့် ကြောက်လန့်ကုန်၏။ တချို့က ထွက်ပြေးကြသလို တချို့ကလည်း သေသေချာချာပုန်းလို့နေပြီး တချိုက လျှောက်ကြည့်နေကြသည်။ ဘာဖြစ်သွားလဲ သူတို့မသိကြချေ။
မုန့်အိမ်တော်မှာ အင်မတန်ကြီးလွန်း၏။ ခပ်သုတ်သုတ်သွားတယ်ဆိုလျှင်တောင် ဘေးဖက်ခြံဝန်းဆီရောက်ဖို့ တော်တော်လေး လျှောက်ရဦးမှာပင်။
ဘေးဖက်ခြံဝန်းသည် တကယ်တော့ အနောက်ဖက်ဥယျာဥ်သဘောမျိုးဖြစ်ကာ အရှေ့ဘက်ခြံဝန်းကို ရေကန်တစ်ခုဖြင့်ခြားထားသည်။ ဖြတ်ကူးဖို့အတွက် ရေကန်အလယ်ရှိ အဆောင်ကနေ လှေစီးရပြန်သည်။ ကမ်းစပ်သို့ရောက်သည့်အခါ ပင်လုံးကြိုင်ပန်းများဖြင့် ပြည့်နေသည့် ဥယျာဥ်တစ်ခုကို တွေ့လိုက်ရသည်။
ရနံ့သည် စူးရှပြင်းထန်လွန်း၏။ ယစ်မူးစေနိုင်သည့်ရနံ့မျိုးပင်။
“ ကျွန်တော်.. အထဲမဝင်နိုင်ဘူး… ပင်လုံးကြိုင် တောအုပ်ထဲမှာ ခေါင်းလောင်းတွေအများကြီးပဲ.. အကုန်လုံးကိုဆက်ထားတာ.. တစ်ယောက်ယောက်က မတော်တဆဝင်တိုက်မိတာနဲ့.. သခင်ကြီးဟူက.. ချက်ချင်းရှာတွေ့သွားမှာ…” အိမ်တော်ထိန်းသည် ဝန်ခံထားနှင့်ပြီမို့ ထပ်ပြီးပြောရမလား မပြောရမလားတွေ တွေးပူမနေတော့။ သူ့အသံက အားနည်းနေပြီး မျက်နှာ
တစ်ခုလုံး သွေးရောင်ပင်မရှိတော့ပေ။
ထိုအခါကျမှ ကျောက်ရွှမ်ကျင်းက သူ့အားဒီနေရာတွင် ထားခဲ့ခိုင်းလိုက်သည်။
ရှဲ့ချောင်က ပင်လုံးကြိုင်တောအုပ်ကိုကြည့်ရင်း ပြုံးလိုက်သည်။ "ရိုးရိုးရှင်းရှင်း ဝင်္ကပါအစီအရင်လေးတစ်ခုပါပဲ။ ကျွန်မ မကျွမ်းကျင်ဘူးဆိုပေမဲ့ အကြမ်းဖျဥ်းလောက်တော့ နားလည်ပါတယ်"
အစီအရင်ပေါင်း မျိုးစုံရှိသည်။ တချို့က အလင်းကိုသုံးပြီး တချို့က လေ၊ သို့မဟုတ် အတားအဆီးအထပ်ထပ် ဖန်တီးဖို့အတွက် တောင်အတုနှင့် မြို့တံတိုင်းများကိုသုံးပြီး ဦးတည်ရာလမ်းကြောင်းပြောပြဖို့ ခက်ခဲအောင် လုပ်တတ်သည်။ တချို့ဆိုလျှင် ခံစားချက်များမြင့်တက်လာစေပြီး ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတဲ့အထိ ဖြစ်စေနိုင်သည်။
သူတို့အရှေ့က အစီအရင်၌ ပန်းနှင့် သစ်ပင်များသာရှိသည်။
ရနံ့သည် လူတစ်ယောက်အား စိတ်လွတ်သွားစေနိုင်သည်။ သစ်ပင်များစွာရှိနေခြင်းက လူတစ်ယောက်ကို မူးနောက်သွားစေတတ်၏။
တချို့သစ်ပင်များဆိုလျှင် လူတစ်ယောက်ကို စိတ်ချောက်ချားစေတာ၊ သို့မဟုတ် သတိလစ်သွားစေနိုင်သည့် ဆေးမှု့န်များပင် ဝှက်ထားသေးသည်
“နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထား။ သတိရှိရှိနေပြီး ကျွန်မနောက်ကနေ တစ်လှမ်းခြင်းလိုက်လာခဲ့” ရှဲ့ချောင်က သူမရဲ့ ဝါးခြင်းထဲကနေ “မျက်နှာအကာ” ကိုယူထုတ်ပြီး ကမ်းပေးလိုက်သည်။
သူမသည် မကြာခဏဆိုသလို အလောင်းကောင်များကို တူးရလေ့ရှိတာကြောင့် အနံ့ဆိုးသည့် အလောင်းကောင်များနှင့် တွေ့လျက် နှာခေါင်းအုပ်ဖို့ သုံးရတတ်သည်။
ပြင်ဆင်မှုများပြုလုပ်ပြီးနောက် ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်းနှင့် အစောင့်များအား ပင်လုံး
ကြိုင်တောအုပ်ဆီဦးဆောင်ခေါ်သွားလေသည်။
••••
အခန်း ၉၀၇။ ငါ့ပစ္စည်းတွေကို မထိနဲ့
သူတို့ တောအုပ်ထဲသို့ဝင်လာကြသည်နှင့် ကျောက်ရွှမ်ကျင်းနှင့် တခြားသူများမှာ ခြေလှမ်းအနည်းငယ်လှမ်းလျှောက်လို့အပြီးမှာတင် ဦးတည်ရာလမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမမြင်ရတော့ပေ။
သူတို့ရဲ့ အရှေ့နှင့် အနောက်ဘက်က နေရာတိုင်းက တစ်ထေရာတည်း။ သစ်ပင်များကလည်း ထူးခြားနေတာမျိုးမရှိသဖြင့် ခွဲခြားဖို့ခက်ခဲသည်။
သို့သော် ရှဲ့ချောင်သည် လက်ထဲ၌ သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထား၏။ သူမသည် သံလိုက်အိမ်မြှောင်အတိုင်း လျှောက်နေတာကြောင့် ခြေလှမ်းတို့က ပေါ့ပါးတက်ကြွနေသည်။ တစ်ခါတစ်လေ ကွေ့သွားလိုက်၊ စက်ဝိုင်းပုံစံသွားလိုက်နှင့်ပင်။
တည့်တည့်မတ်မတ်သွားဖို့ဆိုတာ ဘယ်လိုမှမဖြစ်
နိုင်။
ဤနေရာသည် အစီအရင်တစ်ခုဖြစ်တာကြောင့် ထွက်ပေါက်၏တည်နေရာမှာ တိတိကျကျရှိကိုရှိသည်။ ဦးတည်ရာအတိုင်းသွားဖို့သာလိုသည်။ ကျောက်ရွှမ်ကျင်းနှင့် အခြားသူများက အပင်တွေရဲ့ ကွာခြားချက်ကို မမြင်နိုင်သော်လည်း ရှဲ့ချောင်ကတော့ မတူ၊ ရှင်းရှင်းလင်းလင်းမြင်နိုင်နေသည်။
အခုလို အစီအရင်မျိုးက ပိုပြီးရှုပ်ထွေး၏။ အစီအရင်ဖော်ထားသူတောင်မှ အလွယ်တကူပိတ်မိနိုင်သည်ဖြစ်ရာ တာအိုဆရာကြီးအတွက် နေရာကိုမှတ်မိနေဖို့ နည်းလမ်းတစ်ခုကတော့ ရှိမည်ပေ။ စာအုပ်တွေထဲကလို နေရာများကိုစီစဥ်ထားတာ သို့မဟုတ် တချို့အစီအရင်များက ဘိုဘေးတွေဆီကနေ လက်ဆင့်ကမ်းထားတာထက် မပိုပေ။
ယခုအချိန်သည် နေ့အချိန်သာ ရှိသေးတာကြောင့် ကြယ်များရဲ့ နေရာကို မမြင်ရပေမဲ့ ပုံမှန်တွေ့
နေကျ ကြယ်တချို့တော့ ရှိသေးသည်၊
သက်ဆိုင်ရာ တည်နေရာများအလိုက် ခြေလှမ်းတစ်လှမ်းချင်းစီရွှေ့ခဲ့ကြသည်။
ရှဲ့ချောင်၏ နောက်ကလူများသည် စကားသိပ်မပြော။ အင်မတန်ကိုမှ တိတ်ဆိတ်လွန်းနေကျသည်။
နှစ်နာရီလောက် လျှောက်ပြီးနောက် ပန်းရနံ့များကြောင့် သူတို့အားလုံး အန်ချင်သလိုခံစားလာကြရသည်။ နောက်ဆုံးတော့ ထွက်ပေါက်ကိုတွေ့သွားခဲ့လေပြီ။
“ ပင်လုံးကြိုင်ပန်းတွေက.. “ ဆရာတူအစ်မရဲ့ စိတ်ဝိဥာဥ်ဆေးက အသုံးမဝင်ဘူးဟုလို့တောင် ရှောင်းယွိရုန် တွေးမိသွားသည်အထိ။
ရနံ့ရှိပေမဲ့.. ပုပ်အက်အက်အနံ့။ ပန်းပေါင်းများစွာရှိနေလေသည်။
“ခေါင်းလောင်းမမြည်သွားဘူး။ အထဲကလူတွေ အခုထိ သတင်းမရသေးဘူးနေမှာ။ မြန်မြန်လုပ် လွတ်မသွားစေနဲ့” ရှဲ့ချောင် ပြောလိုက်၏။
အစောင့်များက ခေါင်းညိတ်ကြသည်။
ဟုတ်တယ်!
ဒီအမှုက အလကားဖြစ်သွားလို့မရဘူး!
ပင်လုံးကြိုင်တောအုပ်ထဲမှ ထွက်လာသည်နှင့် အစေခံတချို့ရှိနေသည့် စိတ်အေးချမ်းစရာ ခြံဝန်းငယ်တစ်ခုကို မြင်လိုက်ကြရသည်။ ဘယ်သူမှန်း မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားကြသည်။ အစောင့်များကတော့ အိမ်ထဲကို တဟုန်ထိုးပြေးဝင်သွားကြ၏။
ရှဲ့ချောင် ဤနေရာကိုကြည့်ကာ ထွက်မသွားဘဲနေချင်မိသည်အထိ။
ဖုန်းရွှေက အင်မတန်ကောင်းလှ၏။ အပြင်ဘက်မှာလည်း အကာအကွယ်ဖြစ်သည့် ပင်လုံးကြိုင် ပန်းဝင်္ကပါ အစီအရင်ရှိသည်။ ခြံဝန်းငယ်အတွင်း၌ စမ်းချောင်းလေးတစ်ခုတောင်ရှိသေးသည်။ ရသေ့များသီတင်းသုံးရာ ကောင်းကင်ဘုံလိုနေရာတစ်ခုပင်။
“ဘယ်သူလဲ..” အံ့သြတကြီး ငိုသံတစ်သံ အိမ်ထဲကနေထွက်လာသည်။
အက်ကွဲသံတစ်ခုကို ရှဲ့ချောင် ရေးတေးတေးကြားလိုက်ရပေမဲ့ ဘာသံမှန်း သူမမသိ။
သူမ အမြန်လျှောက်ပြီး သွားကြည့်ကြည့်လိုက်သည်။
အစောင့်တချို့က အသက် ငါးဆယ်ခြောက်ဆယ်အရွယ် အဖိုးကြီးတစ်ယောက်အား ချုပ်ထားကြခြင်း။
အနှီလူအိုကြီးမှာ ရသေ့တစ်ပါးနင့်မတူ။ အသားရောင်သည် အနက်ရောင်သန်းကာ၊ အနည်းငယ်
ခါးကိုင်းနေပြီး လမ်းကောင်းကောင်းလျှောက်နိုင်သူမဟုတ်။
သူသည် မကောင်းမှုများကိုလုပ်နေသည့် တာအိုဆရာတစ်ယောက်ဖြစ်ပြီး အကျိုးဆက်များကို ခံစားရမည့်သူပင်။
အခန်းထဲ၌ ရိုးရာပေးခြင်းစနေပုံရသည်။
မြေကြီးပေါ်တွင်လည်း လူတစ်ယောက်လှဲနေလျက်။
ထိုသူသည်… ရုပ်ရည်ချောမောပြီး ပုံပန်းသွင်ပြင်သည်လည်း စန်းယောင်နှင့် အတော်လေးဆင်တူသည်။ အသက်အတူတူလောက် ဖြစ်နိုင်ချေရှိကာ သူ့မျက်နှာက ဖြူဖျော့နေသည်မှာ သေတော့မည့်အလား။
သူက နာမည်ကြီးနေသည့် မုန့်ယင်းဖြစ်လောက်သည်။
ရှဲ့ချောင် အရှေ့ကိုလျှောက်သွားလိုက်ပြီး မြေကြီးပေါ်က လူကိုကြည့်လိုက်သည်။
ထို့နောက် သစ်သားရုပ်ငယ်တစ်ခုကို ကောက်ကိုင်လိုက်သည်။
သစ်သားရုပ်တွင် အဆောင်စာရွက်ကပ်ထား၏။ ၄င်းဟာ အစားထိုးအဆောင်စာရွက်ဖြစ်ပြီး ထိုသစ်သားရုပ်က သူမရဲ့ မောင်လေးသုံး စန်းယောင်ကို ကိုယ်စားပြုနေပေသည်။
“မလှုပ်နဲ့ ၊ ငါ့ပစ္စည်းတွေကို မထိနဲ့” ဆရာကြီးဟူမှာ စိတ်ဖောက်နေဟန်။ ရှဲ့ချောင်လက်ထဲက ပစ္စည်းဟာ မီးဟုန်းဟုန်းထနေသည့် အကြည့်ဖြင့် ကြည့်နေလေသည်။
“ရှင့်ရဲ့ အစားထိုးနည်းလမ်းက သိပ်မကောင်းဘူး” ရှဲ့ချောင်က အဆောင်စာရွက်ကိုဖယ်ပစ်ကာ မီးရှို့ပစ်လိုက်သည်။
“ လက္ခဏာရှစ်ခုလည်း လိုသလို ဒြပ်စင်ငါးသွယ်ရဲ့ စွမ်းအင်လည်းလိုသေးတယ်။ ရှင့်မှာ ရေ ၊
မြေ။ သစ်သား လုံလုံလောက်လောက်ရှိနေပေမဲ့ သတ္တုနဲ့ မီးရှိမနေဘူး။ အခုနေ တခြားတစ်ယောက်ရဲ့ အသက်ကို ခိုးပေးလို့ရရင်တောင် သူက အနာဂတ်မှာ အားနည်းနေဦးမှာပဲ”
မီးတောက်ဒြပ်စင်သည် ထူထဲလှ၏။ မီးများလွန်းပြန်လျှင်လည်း လူတစ်ယောက်ကို စိတ်မြန်လက်မြန်ဖြစ်စေပြီး အသက်တိုစေနိုင်သည်။
သတ္တုသည်လည်း အားကောင်းသည့်ဒြပ်စင်တစ်ခုဖြစ်ကာ များလွန်းလို့မရ။ သို့သော် နည်းပြန်လျှင်လည်း လူတစ်ယောက်အား မသက်မသာဖြစ်ပြီး အားနည်းစေနိုင်သည်။
မျှချေညီနေဖို့က အရေးကြီးပေသည်။
ရှဲ့ချောင်ထင်ထားသည်က အနှီတာအိုဆရာကြီးသည် အတော်လေး အားကောင်းလောက်မည်ဟု။ သူမ အတိတ်တုန်းက ကြုံတွေ့ခဲ့ဖူးတဲ့ အဖြစ်အပျက်ကြောင့်လည်းပါသည်။ သို့သော် ထိုအစားထိုးအရုပ်နှင့် ထိုပုဂ္ဂိုလ်၏ ပုံပန်းသွင်ပြင်
အား မြင်ပြီးတဲ့အခါမှာတော့ ကောက်ချက်တစ်ခုချလိုက်နိုင်သည်။
ဒါက.. သူမ ထင်ထားတဲ့ မှော်ပညာမျိုးမဟုတ်နိုင်။
••••
အခန်း ၉၀၈။ အယုတ်တမာကောင် မော့လင်းကျစ်ရဲ့အမှား
တာအိုဆရာကြီးဟူသည် ရှဲ့ချောင်ရဲ့စကားများကြောင့် ဒေါသအထွက်လွန်းပြီး ကောင်းကင်ထိတောင် ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားနေရသည်။
“မင်းတို့က ဘာတွေလဲ! ငါ အစားထိုးလုပ်ဖို့ အစီအရင်လုပ်နေမှန်းသိရင်လည်း.. ဘာလို့ ဝင်နှောင့်ယှက်တာလဲ.. ဟက်” သူ့စကားမဆုံးခင်မှာတင် ရှဲ့ချောင်က တခြားအဆောင်စာရွက်များကိုပါ မီးရှို့ပစ်လိုက်သည်။ အနှီလူမှာ သွေးပင်အန်သည်အထိ။ သူ့ရဲ့ ဒေါသစိတ်ကြောင့် တန်ပြန်သက်ရောက်မှုလားဆိုတော့ မသိနိုင်ပေ။
သွေးအန်ပြီးသွားတဲ့နောက် မြေကြီးပေါ်တန်းပြီးလဲကျသွားသည်။ သူ့ရဲ့မျက်လုံးများက ပြူးကျယ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး အင်အားမရှိ။
သူတောင်းစားအိုကြီးတစ်ယောက်နှင့် တူနေသည်။
“ရှင်က အဝတ်ကောင်းကောင်းဝတ်ထားပေမဲ့ ဘာအမှားလုပ်ထားလဲဆိုတာတော့ မသိဘူးနော်? ရှင်က ချမ်းသာဖို့လမ်းကြောင်းကိုပဲ အတင်းလိုက်ခဲ့တော့ အသက်နဲ့ ပြန်ပေးဆပ်ရတော့မှာပေါ့”
ရှဲ့ချောင် အေးစက်စွာပြုံးလိုက်သည်။
မတရားနည်းဖြင့် စည်းစိမ်ချမ်းသာကိုရဖို့ မလွယ်။ အထူးသဖြင့် သူတို့လိုမျိုး “ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကို ချိုးဖျက်နေကြသူများ” အဖို့ ကံကံ၏ အကျိုးဆက်က ပြင်းထန်လွန်းသည်။ လူတစ်ယောက်သည် မကောင်းမှုကို မလုပ်သင့်။ ငွေကြေးအသပြာအား လောဘတက်မိခြင်းက မကောင်းသလို လောဘတက်မိလျှင်လည်း အကျင့်သိက္ခာရှိသင့်ပေသည်။
သို့မဟုတ်ပါက ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ချမှတ်
ခြင်းကိုခံရပြီး ကံကြမ္မာဆိုးရွားရလိမ့်မည်။
“ဘာ–ဘာတွေသိထားတာလဲ..” တာအိုဆရာကြီး၏ ပါးစပ်ထဲ၌ သွေးများအပြည့်ဖြစ်နေသည့်တိုင် ခေါင်းမာနေဆဲ “ ငါ...ငါက အတိတ်တုန်းက ကောင်းမှုတွေ အများကြီးလုပ်ခဲ့တယ်.. ဒါပေမဲ့ ငါ့ရဲ့ ကံတရားက ဘယ်တုန်းကမှ မကောင်းခဲ့ဘူး”
အခုတော့ သူလိုချင်တာကို တောင်းဆိုလာလေပြီ။
ရှဲ့ချောင် သူ့အား လစ်လျူရှုထားပြီး မုန့်ယင်းကိုသာ ထပ်ပြီးစိုက်ကြည့်နေလိုက်သည်။
သူ အသက်ရှုနေဆဲ…
တကယ်ကံကောင်းတယ်…
“သူ နေမကောင်းဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ကြည့်ပါဦး။ ကောင်းကောင်းကျွေးထားတာများ။ စိုပြည် ပြည့်ဖြိုးနေတာပဲ” ရှဲ့ချောင် လက်လှမ်း၍ မုန့်ယင်း၏ ပါးအား ဆိတ်ကြည့်လိုက်သည်။
ဒီတစ်ယောက်က တကယ်.. အသားအရေကောင်းလွန်းတယ်
သူအား အိမ်ထဲမှာ ဝှက်ထားခြင်းဖြစ်သလို အအေးရောဂါလည်း ရှိနေ၏။ သူ့ရဲ့ မျက်နှာသေးသေးလေးက အေးစက်နေကာ.. တစ်ကိုယ်လုံးက နှင်းလူသားလမုန့်ပမာ. ထိုးဆိတ်ချင်စိတ်ပေါက်လာစေသည်။
“ကိုးနှစ်ရှိသွားပြီ…” ဆရာကြီးဟူ၏ အသံမှာ အက်ရှနေသည်။ “သူ့ကို အခုချိန်ထိ မသေအောင် အသက်ဆွဲဆန့်ပေးခဲ့တဲ့သူက ငါပဲ.. အဲဒါတောင် ငါ့ရဲ့ အစားထိုးက မကောင်းဘူးဆိုပြီးလာပြောနေတယ်.. မကောင်းတာမဟုတ်ဘူးကွ၊ ဒီနှစ်တွေထဲ
မှာ ငါ့ရဲ့ အင်အားကို အကုန်သုံးခဲ့ရလို့ ငါ့ရဲ့ ဥာဏ်ပညာတွေ ဆုံးခန်းတိုင်သွားရုံပဲ”
“ ကျွန်မကို အကုန်ပြောပြ” ရှဲ့ချောင် အလျင်လိုနေခြင်းမရှိတော့။
သူမမှာ ပုံပြင်နားထောင်ဖို့ အချိန်အများကြီးရှိသည်။
ဆရာကြီးဟူက ကျောက်ရွှမ်ကျင်း၏ မျက်နှာကို မြင်ပြီးနောက် တစ်ခစ်ခစ်ရယ်နေသည်မှာ သူ့ရဲ့ ဘဝက အဆုံးသတ်တော့ မှာသိနေသည့်အလား။
“ငါက တခြားသူတစ်ယောက်ရဲ့ ဘဝကိုထိခိုက်အောင်လုပ်တယ်လို့ မင်းကထင်နေတာလား။ အဲဒီလောက်တောင် စက်ဆုပ်ဖို့ကောင်းသွားတာလား၊ ငါ့မှာ ရွေးချယ်စရာမှမရှိတာကွ”
“လူတွေကို ဒုက္ခပေးဖို့ဆိုပြီး ရှင့်ကိုတစ်ယောက်ယောက် လည်ပင်းကိုဓားနဲ့
ထောက်ထားသေးလို့လား”
ရှဲ့ချောင်ရဲ့ လေသံက ဂရုမစိုက်သည့်ဟန်ဖြင့်, “ ရှင့်ရဲ့အရည်အချင်းနဲ့ဆို အင်အားမကြီးတဲ့သူလောက်ကတော့ ရှင့်ကို ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး”
တချို့ တာအိုဆရာများသည် သာမန်အဆင့်သာဖြစ်ပြီး ကျမ်းစာရေးခြင်းနှင့် လူတွေကို ဥာဏ်အလင်းရစေရုံလောက်သာသိသည်။ သို့သော် တချို့တာအိုဆရာများကတော့ သူမလို စွမ်းဆောင်နိုင်စွမ်းရှိကြသည်။ မကောင်းဆိုးဝါး ဝိဥာဥ်များဖမ်းခြင်း၊ ရိုးရာပေးခြင်းများနှင့် တခြားအရာအကုန်လုပ်နိုင်ကြသည်။
သူမရှေ့က လူက သူမလောက် မတော်ပေမဲ့ သိပ်ပြီးမဆိုးလှ။
“မင်းဘာသိလို့လဲ! အရင်ကဆို ငါလည်းမင်းလိုပဲ
တက်တက်ကြွကြွနဲ့ ဓမ္မ အကြောင်းဆွေးနွေးဖို့ဆိုပြီး မြို့တော်တစ်ခွင် ပတ်သွားခဲ့တဲ့သူ.. ဘယ်သူက ထင်မှာလဲ..” ဆရာကြီးဟူမှာ တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ပင်။ သူ့ရဲ့ မျက်နှာမှာ အင်မတန်ကိုမှ သွေးစုပ်သွားကာ “ငါလည်း တစ်စုံတစ်ရာဆီကနေ အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးခံခဲ့ရတယ်။ ငါ့ရဲ့ ကံကြမ္မာဖတ်တာက မတိကျတော့သလို၊ ငါ့ရဲ့ ထိုးထွင်းသိမြင်ဥာဏ်ကလည်း မတည်ငြိမ်တော့ဘူး၊ အဲဒီအချိန်တုန်းက ငါ မတော်တဆအမှားတစ်ခုလုပ်မိသွားတယ်၊ နောက်ဆုံးကျတော့ ငါမြို့တော်ထဲကနေ မောင်းထုတ်ခံလိုက်ရရော။ ငါကငွေကြေးလည်း မချမ်းသာတော့ ဆွေမျိုးတွေကပါ ဆက်ဆံရေးဖြတ်ပစ်လိုက်တယ်။ ငါက ခွေးတစ်ကောင်ထက်တောင် ဆိုးရွားသေးတယ်! မုန့်မိသားစုဆီမှာသာ မခိုလှုံခဲ့ရင်၊ အစားတောင်စားရမှာမဟုတ်ဘူး!
ဆရာကြီးဟူ၏ နှုတ်ခမ်းတို့မှာ တဆတ်ဆတ်တုန်ယင်နေသည်။ သနားစရာကောင်းလှ၏။
“ရှင်အမှားလုပ်မိခဲ့တယ်ဆိုတော့ အပြစ်ပေးခံရ
သင့်တယ်မဟုတ်ဘူးလား”
ရှဲ့ချောင်က အလွန်တည်ငြိမ်လှသည်။ ကရုဏာစိတ်တစ်စက်လေးမှ ဖြစ်ခြင်းမရှိ။
“မင်းလုပ်နေတဲ့အလုပ်ကလည်း ငါနဲ့အတူတူပဲ၊ ဒီလိုနယ်ပယ်မှာ အမှားလုပ်မိဖို့ ဘယ်လောက်လွယ်လဲ သိသင့်တယ်! အဲဒီ အယုတ်တမာမော့လင်းကျစ်ရဲ့ အမှား။ သူ့ရဲ့ ရန်စတဲ့စကားတွေကြောင့်သာမဟုတ်ရင် သူ့ကိုနိုင်ဖို့ဆိုးပြီး ဆိုးရွားတဲ့လုပ်ရပ်ကို လုပ်မိခဲ့မှာမဟုတ်ဘူး။ ငါ့ရဲ့ ကျင့်ကြံရေးကိုဖျက်ဆီးခဲ့တဲ့ ဒင်း! ငါ့ရဲ့ ဘဝတစ်ခုလုံးသူ့ကြောင့် ပျက်ဆီးသွားရတာ၊ အခု.. ငါက အိမ်ခြေရာမဲ့တစ်ယောက်မဖြစ်ချင်လို့.. မုန့်အိမ်တော်မှာ ပြည့်စုံတဲ့ ဘဝနဲ့ နေချင်ရုံပဲ!”
••••