အခန်း (၉၀၉-၉၁၂)
Vol. 47 Ch. 909-912
အခန်း ၉၀၉။ အလောင်းအစား
အတိတ်ကို ပြန်တွေးကြည့်တာနဲ့တင် ဆရာကြီးဟူတစ်ယောက် ဒေါသထွက်လာရသည်။
လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ဆယ် မြို့တော်၏ ဓမ္မ ညီလာခံစုဝေးပွဲ၌ သူဟာ မျှော်လင့်ချက်များအပြည့်ဖြစ်နေသည့်အချိန်။
သူ့ဘဝရဲ့ မဟာရန်သူတော်ကြီးနဲ့ တွေ့ရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ!
မဟုတ်သေး။ ထိုအယုတ်တမာမော့လင်းကျစ်သည် ရန်သူ့တကာထိပ်ခေါင်ရန်သူတော်ကြီး။ အနှီလူဟာ ကျင့်ကြံသူတစ်ယောက်နှင့် လားလားမှမတူ။ သူ့ပါးစပ်ကနေ အပေါစားဆန်ဆန်၊ ငြီးငွေ့စရာစကားများထွက်ပေမဲ့ အမှန်တကယ် စွမ်းဆောင်ရည်ရှိတဲ့သူ!
ထိုအချိန်က သူနဲ့မော့လင်းကျစ်ကြားမှာ ပဋိပက္ခတစ်ခုဖြစ်ခဲ့၍ နှစ်ယောက်ကြားမှာ ရန်ပွဲတစ်ခုရှိခဲ့
သည်။
ရန်ပွဲအတွင်း အနိုင်ရဖို့အတွက် ကလိမ်ကကျစ်ကျခဲ့ရသည်။ ဖြောင့်မတ်ခြင်းလမ်းကြောင်းအရဆို ၎င်းက မှော်ပညာဟုသတ်မှတ်လို့ရသည်။ အဆုံး၌ တစ်စုံတစ်ယောက်ဆီကနေ ဖော်ထုတ်ခံရပြီး မောင်းထုတ်ခံခဲ့ရသည်။
လက်တုံ့ပြန်ခြင်းတောင် ခံရပြီး ခြေထောက်ကျိုးရသည်အထိ။
သူဟာ အခြားသူအပေါ် ဒုက္ခပေးခဲ့တာကြောင့် သူ့မိသားစုမှာ ဝဋ်ပြန်လည်နိုင်ချေကရှိနေပေသည်။ ဒါကြောင့်လည်း သူ့မိသားစုက သူနဲ့ ဆက်ဆံရေးဖြတ်တောက်ပစ်ခဲ့ခြင်းပင်။
ထိုနှစ်တွေတစ်လျှောက်လုံး ခြေဦးတည့်ရာလျှောက်ပတ်သွားခဲ့ရကာ ဗေဒင်ဟောခြင်းဖြင့် ကြိုးစားပမ်းစား ရှာဖွေလို့ရထားသမျှ ငွေကြေးအားလုံးသည်လည်း ဆုံးရှုံးခဲ့ရသည်။
သိပ်တောင်မကြာလိုက် သူတောင်းစားတစ်ယောက်ဘဝကို ရောက်သွားပြီး မုန့်ကျားပေါင်ကို ရောက်လာခဲ့သည်။
စိတ်ဓာတ်ကျနေသည့် မုန့်သခင်ကြီးကိုတွေ့သည့်အခါ ကံကြမ္မာဖတ်ဖို့ တန်းသွားခဲ့၏။ ထိုအချိန်က သခင်ကြီးမုန့်မှာလည်း ရွေးချယ်စရာမရှိတာကြောင့် အိမ်ကိုဖိတ်ခဲ့ရသည်။ အင်အားအကုန်စိုက်ထုတ်ခဲ့တော့မှသာ သေရတော့မည့်လူတစ်ယောက်ရဲ့ အသက်ကို ကိုးနှစ်တိုင်ဆွဲဆန့်ထားနိုင်ခဲ့ခြင်းပင်!
ကိုးနှစ်! သူ့ဆံပင်တောင် ဖြူနေပြီ!
ဒီလိုပြီးပြည့်စုံအောင်ကိုက်ညီနေတဲ့သူနဲ့ ရှာတွေ့တာ နောက်ဆုံးအကြိမ်! မွေးနေ့၊ လက္ခဏာရှစ်သွယ်၊ ကိုယ်လုံးကိုယ်ပေါက်အစ လုံးဝကိုက်ညီနေတဲ့သူ!
သူသာ ဒီတစ်ကြိမ်ပြီးမြောက်အောင်လုပ်နိုင်မယ်ဆိုလျှင် ဤနေရာတွင်သာနေပြီး အနားယူသွားလို့ရသည်ဟု သခင်ကြီးမုန့်က ပြောဖူးသည်
သူ့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘာမှ လုပ်စရာလိုမှာမဟုတ်တော့ဘူး!
အခု…
သူ အလောင်းအစားတစ်ခုကိုလုပ်ခဲ့ရုံသာ။ သူနိုင်လျှင် ဘယ်တော့မှထပ်ပြီးလုပ်မှာမဟုတ်တော့။ အလောင်းအစားကိုရှူံးသွားလျှင်တော့ သူ့ဘဝကိုပါဆုံးရှုံးရလိမ့်မည်။
အခု ရလဒ်က သိသာသွားပြီဖြစ်သည်။
သူရှုံးသွားခဲ့လေပြီ။
မော့လင်းကျစ်ဆိုသည့် နာမည်ကိုကြားလိုက်ရသည့်အခါ ရှဲ့ချောင် အပြစ်ရှိစိတ်ဖြစ်သွားရသည်။
ထိုလူအိုကြီး အတိတ်တုန်းက ဘာတွေလုပ်ခဲ့မှန်း သူမ မသိ။
မြို့တော်သို့မလာခင်က မြို့တော်ရှိရှုခင်းများအကြောင်းအား လူအိုကြီးဆီ သိချင်စိတ်ဖြင့်မေးခဲ့ဖူးသည်။ လူအိုကြီးက အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေခဲ့တာကြောင့် မသင်္ကာစရာတစ်ခုခုရှိနေမှန်းသိသာသည်။ ထိုအချိန်က အနှီလူအိုကြီး မြို့ပြင်သွားပြီး ရန်သူပေါင်းများစွာရှာလာသလားလို့တောင် သံသယဝင်မိသေးသည်။
ထင်ထားတဲ့အတိုင်းဖြစ်နေခဲ့တာပဲ!
သို့သော် သူမဆရာအကြောင်း ကောင်းကောင်းသိသည်။
သူဟာလောဘကြီးပြီး အသောက်အစားခုံမင်ကာ တဏှာရာဂစိတ်များသူဆိုပေမဲ့ မကောင်းတဲ့ကိစ္စတော့ လုပ်မှာမဟုတ်။ ဒါကြောင့် သူ့မှာ ကံကံ၏အကျိုးသက်ရောက်မှုရှိခဲ့တယ်ဆိုလျှင်တောင် ပြင်းထန်မှာမဟုတ်ပေ။
“ သေဖို့ကံပါနေတဲ့ လူတစ်ယောက်ကို နှစ်တွေအများကြီးအသက်ဆွဲဆန့်ထားတာ၊ အဖိုးတန်ရတနာတွေ တခြားအစားထိုးတွေကိုတောင် သုံးလိုက်သေးတယ်”
ရှဲ့ချောင် သူ့အား အေးစက်စွာကြည့်နေခဲ့၏။
သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က အရှိန်အဝါဟာ သာမန်မဟုတ်။
သူ့ရဲ့ အသက်ကို သာမန်နည်းနဲ့ဆွဲဆန့်နိုင်မှာ မဟုတ်ပေ။
“မင်း ငါ့ကိုသတ်ချင်ရင် သတ်လိုက်”
ဆရာကြီးဟူသည် အသက်ရှင်လိုသည့်ဆန္ဒမရှိတော့ဟန်ပင်။
ရောက်လာကြသည့်လူများထဲတွက် စကားတစ်ခွန်းတောင်ဆိုခြင်းမရှိဘဲရပ်ကြည့်နေသူဟာ အင်မတန်မြင့်မြတ်လွန်းသည်။ မုန့်မိသားစုကတောင် မဖီဆန်ရဲတဲ့သူကို သူဘာလိုလုပ်ပြီး ဖုံးကွယ်ထားနိုင်မှာလဲ?
“ရှင် သေရတော့မှာသိတာလည်းကောင်းပါတယ်၊ ရှင့်ရဲ့ အသနားခံတာကို နားထောင်နေစရာမလိုတော့ဘူးပေါ့”
ရှဲ့ချောင် ပေါ့ပေါ့ပါးပါးပဲပြောလိုက်သည်။
ထို့နောက် အစောင့်များက သူ့အားကြိုးတုတ်လိုက်ကြသည်။
“ ဒီ.. ဒီတစ်ယောက်ကိုရော ဘယ်လိုလုပ်မှာလဲ”
ရှောင်းယွိရုန်သည် မြေကြီးပေါ်လဲနေသည့် မုန့်ယင်းကို ကြည့်ပြီးပြောလိုက်သည်။ ရိုးရိုးသားသားပြောရလျှင် ထိုသို့သောမျက်နှာမျိုးနှင့် ယုတ်မာသည့်အတွေးတွေးဖို့ဆိုတာ ခက်ခဲပေသည်။
ထိုလူသည် အတော်လေး ကြည့်ကောင်းသူတစ်ယောက်။ အိပ်နေသည့် အချိန်ဆိုလျှင် ပိုလို့တောင် အစစ်အမှန်နှင့်မတူနေပေ။
“သူမသေသေးဘူးဆိုရင် ဆွဲထုတ်သွားကြ၊
အစားထိုးတဲ့နည်းက သူ့အပေါ်သက်ရောက်မှုရှိမှာမဟုတ်ဘူးဆိုပေမဲ့ အခြေနေက ကောင်းမနေဘူး၊ ကြည့်ရတာ ဒီအဖိုးကြီးသာမရှိရင် ရက်ပိုင်းလောက်တောင် အသက်ရှင်နိုင်မယ်မထင်ဘူး”
ရှဲ့ချောင် ပြောလိုက်သည်။
သူ့ကိုကယ်တင်နိုင်ဖို့ဆိုတာ မလွယ်ကူလှ။ နောက်ပြီး အစောကတည်းက အောက်လမ်းအတတ်ဖြင့်ကယ်တင်ထားသူဖြစ်နေ၏။
အကောင်းနှင့် အဆိုးဟာ သဟဇာတမဖြစ်နိုင်ဟုသည့် စကားအတိုင်းပင်။
တခြားနည်းဆိုရသော် လူတစ်ယောက်က တူညီသောဆေးတစ်ခုတည်းကိုပဲ သောက်နေပြီးမှ အခြားဆေးတစ်မျိူးကိုသောက်ခဲ့သည်ရှိသော် ဆေးအာနိသင်အချင်းချင်း ကတောက်ကဆဖြစ်ပြီး ပိုပြီးတောင် မြန်မြန်သေသွားလိမ့်မည်
သူ့ရဲ့အသက်ကို ဆက်နိုင်မည့်အသင့်တော်ဆုံး
နည်းက ကယ်တင်နေခြင်းကို လုံးဝရပ်တန့်ပစ်လိုက်ရမည်ဖြစ်သည်။ သူ့ရဲ့အခြေနေသာ ဆိုးနေလျှင် ကြိုးစားပြီးကယ်တင်ရင်တောင် အသုံးမဝင်နိုင်ချေ။
သေချာပေါက် သေကိုသေမှာပင်။
••••
အခန်း ၉၁၀။ မှော်ပညာ
ခြံဝန်းထဲရှိ အစေခံများမှာ ဆရာကြီးဟူဖမ်းဆီးခံရတာကို မြင်သည့်အခါ ဝရုန်းသုန်းကားဖြစ်ကုန်ကြ၏။ အင်မတန် ကြောက်လန့်နေကြသည်။
မြန်မြန်လာပြီး မြန်မြန်ပြန်ထွက်သွားကြသည်။
ခြံဝမ်းထဲရှိ လူများအား တရွတ်တိုက်ဆွဲထုတ်ပြီး လှေငယ်တစ်စီးဖြင့် ပြန်ခဲ့ကြသည်။
အရေးကိစ္စအား ဖြေရှင်းပြီးသွားပြီဖြစ်ကာ စောင့်နေဖို့သာ ကျန်တော့သည်။
ခြံဝန်းထဲ၌ သွေးများနေရာအနှံ့ပြန့်နေတာမို့ ကြီးကြီးမားမားပြဿနာဖြစ်သွားခဲတယ်ဆိုတာ လီရှီးယန်အနေနဲ့ မသိစရာအကြောင်းမရှိ။ သူ တံခါးအပြင်ဘက်ကို ထွက်ထွက်လိုက်ချင်းမှာတင် ထိုမြင်ကွင်းအား မြင်လိုက်ရခြင်းဖြစ်ကာ ကျန်နေခဲ့သည့် အစောင့်က သူ့ကိုတစ်လုံးမကျန်အကုန်ပြောပြခဲ့၏။
သူ့ရဲ့ အလိမ္မာဆုံး အကြီးဆုံးတပည့်က ငယ်ငယ်လေးပဲရှိသေးတာ၊ ဒီလိုကြောက်စရာကောင်းတဲ့မြင်ကွင်းမျိုးကို ဘယ်လိုလုပ်ကြည့်နိုင်မှာလဲ?
အိမ်ရှေ့စံမင်းသားက မိန်းကလေးတစ်ယောက်ရဲ့ရှေ့မှာ ဘာလို့ အရမ်းရက်စက်ရတာလဲ၊ အဲဒီလူက မှားတယ်ဆိုရင်လည်း ဆွဲထုတ်သွားပြီး သတ်ပစ်လိုက်လေ..
လီရှီယန်းသည်လည်း နေလို့သိပ်မကောင်းနေပေ။
အထူးသဖြင့် စန်းယောင်၏ ရောဂါက မုန့်မိသားစုနှင့်ဆက်စပ်နေသည်ဟု အစောင့်ကပြောလာချိန်တွင် ပိုပြီးတောင်စိတ်ဓာတ်ကျသွားသည်။
မုန့်အိမ်တော်မှာ နေတာကြာနေပြီဖြစ်၍ သခင်ကြီးမုန့်အား လေးစားခြင်းလုံးဝမရှိတော့။ အနှီသခင်
ကြီးက သူ့အား အကူညီတောင်းရုံသက်သက်၊ မိသားစုထဲက ကလေးတွေကို သင်ပြပေးစေချင်တာလောက်ဟု ထင်ခဲ့မိသည်။ ဒါကြောင့် အခုလိုဆက်ဆံပေးနေတာဖြစ်မည်ဟု ထင်ထားခဲ့ပေမဲ့ သူ့မှာ လျှို့ဝှက်အကြံအစည်တွေရှိနေမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
အပြင်ဘက်၌ ရုတ်ရုတ်သဲသဲဖြစ်နေ၍ လီရှီးယန် သူတို့ကိုကြိုဆိုဖို့ ချက်ချင်းထလိုက်သည်။
သို့သော် အစောင့်တစ်ယောက်က လူတစ်ယောက်ကို သယ်လာနေမှန်းမြင်လိုက်ရသည်။ အစက စန်းယောင်ဖြစ်မည်ထင်လိုက်ပေမဲ့ အနီးကပ်ကြည့်ကြည့်လိုက်သည့်အခါ တစ်ခါမှ.. မမြင်ဖူးတဲ့သူဖြစ်နေမှန်းသိသွားခဲ့သည်။
“ ဘယ်လို.. ဖြစ်တာလဲ”
လီရှီးယန်မှာ ဇဝေဝါဖြစ်နေ၏။
“ ဆရာ၊ ဒီတစ်ယောက်က သခင်ကြီးမုန့်ရဲ့မြေး
မုန့်ယင်းပါ၊ ဟိုးက သေလုမျောပါးဖြစ်နေတဲ့ တစ်ယောက်ကတော့ တာအိုဆရာကြီးတစ်ယောက်။ သခင်ကြီးမုန့်က မုန့်ယင်းရဲ့အသက်ကိုဆွဲဆန့်ဖို့ဆိုပြီး သူ့ကိုဖိတ်ခဲ့တော့ ဆရာဟူက အစားထိုးနည်းတစ်ခုကို သုံးခဲ့တယ်၊ ကျွန်မတို့ရဲ့ မောင်လေးသုံးကို သူ့မြေးအစား သေခိုင်းဖို့လေ။ သူတို့နှစ်ယောက်ရဲ့ မွေးနေ့လက္ခဏာတွေက ထစ်ထေရာတည်းတူတယ်” ရှဲ့ချောင် ရှင်းပြလိုက်သည်။
ထိုစကားကြောင့် လီရှီးယန် အင်မတန်ထိတ်လန့်သွားသည်။
“အဲ့လိုမှော်ပညာမျိုးရှိတာလား”
“ ဟုတ်တယ်၊ ဒါပေမဲ့ ဒီလိုမှော်ပညာမျိုးကိုသုံးတဲ့သူက ဘယ်တော့မှအဆုံးသတ်မကောင်းဘူး”
လီရှီးယန်မှာ ခဏတာနှုတ်ဆိတ်သွားခဲ့သည်
“ပြန်တွေးကြည့်တော့မှ မုန့်အိမ်အပြင်ဘက်မှာ သခင်ကြီးရှီရှန်းနဲ့တွေ့တုန်းက သူငါ့ကို သိပ်ပြီးအာရုံမစိုက်ဘူး။ ဒါပေမဲ့ မင်းရဲ့မောင်လေးသုံးနဲ့
စကားတွေပြောခဲ့တယ်၊ သူ့မိသားစုမှာလည်း သားသမီးတွေ မြေးတွေရှိတယ်ဆိုပြီး ပြောရင်းကနေ မွေးနေ့အကြောင်း မေးလိုက်တဲ့ပုံပဲ…”
ထိုအချိန်တုန်းက စန်းယောင်ရဲ့မွေးနေ့ကိုမေးခဲ့စဉ်က တိုက်တိုက်ဆိုင်ဆိုင် တစ်လတည်းဖြစ်နေမှန်းသိသွားသည်။ ဒါကြောင့် သခင်ကြီးမုန့်က ရက်အတိအကျကိုပါမေး၍ သူ့ကိုအထူးတလည်ဂရုစိုက်ပေးခဲ့ခြင်းဖြစ်ပြီး သူမွေးတဲ့အချိန်က အချက်အလက်များကိုပါ အရယူခဲ့သည်။
“ ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ၊ လောကကြီးမှာ လူတွေအများကြီးရှိတဲ့ထဲက မင်းရဲ့ မောင်လေးသုံးကပဲ သူ့မြေးနဲ့ နေ့တူ လတူ ရက်တူမှာမွေးခဲ့တာ”
လီရှီးယန် သက်ပြင်းချလိုက်မိသည်။
“ဒီလိုများလား၊ နေ့ရက်တွေကစပြီးညစိတ်နေစိတ်ထား အကျင့်စရိုက်တွေအစ တူနေတော့ ကောင်းကင်ဘုံကကို သူ့မြေးရဲ့ အသက်ကိုဆွဲဆန့်နိုင်ဖို့ မင်းရဲ့မောင်လေးသုံးကို ပို့လိုက်တာနဲ့
တောင် တူနေပြီ၊ အဲ့လောက်ကြီးတဲ့ မက်လုံးကို ဘယ်သူကတောင့်ခံနိုင်မှလဲ”
“ မင်းရဲ့ မောင်လေးသုံးက ဘယ်မှာလဲ”
လီရှီးယန်က မေးလိုက်ပြန်သည်။
သူဟာ အသက်ကြီးပြီဖြစ်ကာ မနေ့ညက ဝိုင်နည်းနည်းသောက်ခဲ့တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည်။ သူနေတဲ့ အိမ်ကလည်း ခြံဝန်းအနောက်ဘက်ထဲမှာမို့ ဘာတစ်ခုမှမကြားရချေ။
“ဆရာ့ကို ပြောတော့မလို့ပဲ”
ရှဲ့ချောင်က အရင်ပြောပြလိုက်ကာ အကြောင်းအရာအားလုံးကိုရှင်းပြလိုက်သည်။
လီရှီးယန် မျက်မှောင်ကြုတ်သွားသည်။
ဒီတပည့်လေးက..
ကောင်းကောင်းမကိုင်တွယ်တတ်ဘူးပဲ..
ထိုကလေးက ငယ်စဉ်ကတည်းက အမေဖြစ်သူကိုဆုံးရှုံးခဲ့ရပြီး သူ့အမေက စုန်းမတစ်ယောက်ဆီကနေ အသတ်ခံခဲ့ရမှန်းသိနေတာကြောင့် နှလုံးသားထဲမှာ နာကြည်းချက်တွေရှိနေလောက်သည်။ သူ့ရဲ့ ဆရာတူအစ်မဖြစ်တဲ့ ရှဲ့ချောင်ကိုလည်း မလေးစားသလို အယုံကြည်လည်းမရှိခဲ့ပေ။
အပြင်ဘက် ဆန်းကြယ်သမားတော်နှင့် သူ့ရဲ့အစ်မ ရှဲ့ချောင်ကိုယှဉ်လိုက်လျှင် ဆန်းကြယ်သမားတော်က ပိုပြီးစွမ်းဆောင်ရည်ရှိသည်ဟု တွေးနေမှာပင်။
သို့သော်လည်း ဆုံးဖြတ်ချက်ကိုတော့ တစ်ယောက်တည်းမချခဲ့သင့်ပေ။
••••
အခန်း ၉၁၁။ နှလုံးသားထဲမှာ တစ်စုံတစ်ယောက်ရှိနေပြီ!
လီရှီးယန်ရဲ့ မျက်နှာထားသည်လည်းသိပ်တော့ကောင်းမနေ။ သူ ဒေါသထွက်နေပေမဲ့ ဒေါသထွက်နေတာတောင် ကျက်သရေရှိသည့် လူအိုကြီးတစ်ယောက်ပုံပေါက်နေဆဲ။
“ဒီနှစ်ယောက်ကိုအရင်ရှင်းလိုက်” လီရှီးယန်ပြောလိုက်သည်။ ထို့နောက် ခါးကိုင်းကာ ဧည့်ခန်းမဆောင်ထဲပြန်သွား၏။ လက်ထဲတွင် ရေနွေးတစ်ခွက်ကိုင်ထားလျက်ဖြင့် ထိုင်ခုံကြီးပေါ်မှာထိုင်ရင်း ဒေါသကိုချုပ်ထိန်းနိုင်ဖို့ ရေနွေးတစ်ငုံမော့ချလိုက်သည်။
ရှဲ့ချောင်နှင့် တခြားနှစ်ယောက်က သူ့နောက်ကိုလိုက်သွားပြီး ရိုရိုကျိုးကျိုးထိုင်လိုက်ကြသည်။
“ မီးအိမ်တွေကို ပြန်ထွန်းလိုက်တာနဲ့ မင်းရဲ့မောင်လေးသုံး အသက်က ဆုံးရှုံးရတော့မှာမလား”
လီရှီးယန်က မေးသည်။
“ သူ့ရဲ့ ကံတရားပေါ်မူတည်တယ်”
ရှဲ့ချောင်က ခဏစဉ်းစားကြည့်လိုက်ပြီး
“အဆောင်စာရွက်တွေအကုန်ဖယ်ပစ်ပြီး မီးအိမ်တွေလည်း အကုန်ငြိမ်းသွားတယ်ဆို အရာအာလုံးက ကျွန်မ မလာခင်ကလိုဖြစ်သွားမှာ၊ ဆရာကြီးဟူက သူ့အသက်ကို ယူမယူပေါ်မူတည်တယ်၊ ကျွန်မ ခုနက သူ့ကိုသွားရှာတဲ့အချိန် ရိုးရာပေးလို့နီးပါးတောင်ဖြစ်နေပြီ။ ဒီတော့ မောင်လေးသုံး ဘယ်လိုဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီး ပြောဖို့ခက်တယ်”
မီးအိမ်တစ်လုံးသာ လင်းနေခဲ့တယ်ဆိုလျှငိတောင် ဆရာကြီးက ရိုးရာပေးတာကိုပြီးမြောက်ခဲ့လျှင် သေဆုံးခြင်းကို ဆွဲဆန့်ထားလို့ရသေးသည်။
လီရှီးယန်၏ မျက်နှာမှာပိုပြီးလေးနက်လာသည်။
သူ့မျက်နှာမကောင်းတော့မှန်း ရှဲ့ချောင်မြင်သည့်အခါ;
“ ဆရာ၊ တပည့်တစ်ယောက်ဆိုတာ ဆရာရဲ့သားတစ်ယောက်နဲ့မခြားပါဘူး၊ ဆရာရဲ့စိတ်ကြောင့် မောင်လေးသုံးလည်း ဒီဒုက္ခကို ကျော်ဖြတ်နိုင်မှာပါ”
“မင်းပြောသလိုဖြစ်ဖို့ မျှော်လင့်ရတာပဲ”
လီရှီးယန်သက်ပြင်းချလိုက်သည်။
“မင်းရဲ့ မောင်လေးသုံးရဲ့ စရိုက်က နည်းနည်းထူးဆန်းတယ်ဆိုပေမဲ့ ငါ့ကိုဆို အရမ်းသိတတ်တာ၊ ပြီးတော့ အရည်အချင်းလည်းရှိသလို စောင်းလည်း ကောင်းကောင်းတီးတတ်တယ်၊ သူက အခုမှ ငယ်ငယ်လေးပဲရှိသေးတာ.. သူသာ စောစောသေသွားခဲ့ရင်… ဆရာ အရမ်းဝမ်းနည်းမိမှာ”
“ဆရာ စိတ်မပူပါနဲ့၊ ညီလေးသုံးက ကျိန်းသေပေါက် အဆင်ပြေမှာပါ” ရှောင်းယွိရုန်သည်လည်း သူ့ဆရာတစ်ယောက် အသက်ကြီးမှ
ဝမ်းနည်းနေတာကို မမြင်ရက်တာကြောင့် နှစ်သိမ့်ပေးလိုက်၏။
လီရှီးယန်မှာ ထိုအကြောင်းနှင့်ပတ်သက်ပြီး များများစားစား မတွေးကြည့်ရဲ။
စန်းယောင်သည် အခုမှ အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးသည်။ သူဟာ ဒီနှစ်တွေတစ်လျှောက်လုံး ဆရာဖြစ်တဲ့သူနောက်ကိုသာ လိုက်နေရတာကြောင့် မိသားစုတစ်ခုထူထောင်ဖို့လည်း အချိန်မရှိခဲ့။
“ ငါက မင်းတို့တွေကို လေ့လာ သင်ယူဖို့၊လောကကြီးကိုမြင်အောင်ကြည့်ဖို့ဆိုပြီးပဲ တောက်လျှောက်ပြောနေခဲ့တာ၊ မင်းတို့ရဲ့ အိမ်ထောင်ရေးကို သိပ်ပြီး အာရုံမစိုက်ပေးခဲ့မိဘူး။ ပြန်တွေးကြည့်လိုက်တော့မှ နောင်တရဖို့တောင် နောက်ကျလွန်းသွားပြီ၊ မင်းတို့ရဲ့ ညီလေးသုံးကိုကယ်ပြီးသွားရင် ကိုယ့်ရဲ့ မင်္ဂလာပွဲကိစ္စနဲ့ပတ်သက်ပြီးလည်း စီစဉ်ကြရမယ်၊ လူကောင်းတစ်ယောက်ရှာ ၊ ပြီးရင် မျိုးဆက်အနေနဲ့ သား
တွေသမီးတွေ မွေးကြ” လီရှီးယန်က သူ့ရဲ့အသံအနေထားကို ပြောင်း၍ ပြောလိုက်ပြန်သည်။
သူတကယ်ကို နောင်တရမိသည်။
သူသင်ပြပေးခဲ့တဲ့ တပည့်အားလုံးတကယ်ကို ကောင်းကြသည်။ ကောင်းလွန်းနေလို့လည်း ချွင်းချက်ဖြစ်ရပြန်၏။ သူတို့မှာ မြင့်မြတ်တဲ့ စရိုက်လက္ခဏာတွေရှိကြသည်။ အမျိုးသမီးများကို ကြည့်တဲ့အခါ ပညာကောင်းကောင်းမသင်ယူထားဘူးဟု ညည်းညူတတိကြသလို ဇီဇာကလည်း ကြောင်လွန်းသေးသည်။
လီရှီးယန် ရှောင်းယွိရုန်ကိုကြည့်လိုက်၏။
ရှောင်းယွိရုန်မှာ အလွန်စိတ်လှုပ်ရှားနေသည်။ သူ့မျက်နှာဆိုလျှင် ချက်ချင်းနီရဲသွားပြီး.. “ဆရာ.. ကျွန်တော်.. ကျွန်တော့်စိတ်ထဲမှာ လူတစ်ယောက်ရှိနှင့်နေပြီ!”
ရှဲ့ချောင်၏ နှုတ်ခမ်းထောင့်စွန်းတို့ လှုပ်သွားခဲ့
သည်။
ကျောက်ရွှမ်ကျင်းက လုပ်လက်စကိုရပ်၍ သူ့အား အေးတိအေးစက်ကြည့်လိုက်သည်။
“အစ်ကိုရှောင်းက စာအုပ်တွေဖတ်ထားတာလား၊ ဆရာ့ရှေ့မှာ ပြောထွက်ရဲတယ်ပေါ့?”
ရှောင်းယွိရုန်က သူဟာမိသားစုတစ်ခု မလိုချင်ဘူးဟု ဆရာဖြစ်သူထင်သွားမှာ စိုးရိမ်နေခြင်းသာ။
သူ့ဆရာ ဘာပြောပြော သူချက်ချင်းလိုက်လုပ်မှာပင်။
“ အို့ ဘယ်သူများလဲ၊ သူ့ရဲစိတ်နေစိတ်ထားကရော၊ ဟူး.. မင်းနဲ့အသက်ရွယ်တူတဲ့သူတွေဆို စာမေးပွဲဖြေရမယ့် သားသမီးတွေတောင် ရနေလောက်ပြီ၊ မင်းရဲ့ဘဝကြီးက နှောင့်နှေးနေခဲတာပဲ”
လီရှီးယန်မှာ သက်ပြင်းသာချနေမိတော့သည်။
လီရှီးယန်သည် ရှောင်းယွိရုန်နှင့်ပတ်သက်လာလျှင် မျှော်လင့်ချက်ကြီးသည်။
ရှဲ့ချောင်သည် အကြီးဆုံးတပည့်တစ်ယောက်ဆိုပေမဲ့ တကယ်တော့ သူမအား သမီးတစ်ယောက်လိုရော မြေးမတစ်ယောက်လိုရော ဆက်ဆံပေးခဲ့သည်။ တချို့ တပည့်များကိုတော့ ရင်းရင်းနှီးနှီးဆက်ဆံပြီး တချို့ကိုတော့ ခပ်တန်းတန်းသာဆက်ဆံသည်။
ဒါကြောင့် ရှဲ့ချောင်ကိုခေါ်သည့်အချိန်ဆိုလျှင် သူ့ရဲ့လေသံက ရင်းနှီးတဲ့အသံပေါက်နေတတ်သည်။
အရင်တုန်းကဆို ကလေးမဟုတောင် ခေါ်ခဲ့ဖူးသည်။
ထို့နောက် သူ့မှာ ဒုတိယတပည့်. တတိယတပည့်.. စတုတ္ထတပည့်ဆိုပြီး.. ရှိလာခဲ့သည်။
ရှဲ့ချောင်၏ ဆရာတူမောင်အကြီးဆုံးဖြစ်သည့် ရှောင်းယွိရုန်သည် တခြားဆရာတူညီများအတွက် စံပြတစ်ယောက်ဖြစ်ချင်ခဲ့၏။ ဒါကြောင့် အပြင်းထန်ဆုံးသော ပညာရေးလမ်းကြောင်းကြီးကို လိုက်စားခဲ့ရခြင်းပင်…
•••
အခန်း ၉၁၂။ မသင့်တော်သော
ရှောင်းယွိရုန်သည် နေ့စဉ်ရက်ဆက် စာအုပ်နှင့်မျက်နှာခွာတယ်ရယ်လို့မရှိ။ နှစ်ပေါင်းများစွာကြာ အအိပ်နှင့်အစားကိုပါ လစ်လျူရှုပြီး လေ့လာဆည်းပူးခဲ့လို့လည်း ဒီနေ့လိုအနေအထားထိ ရောက်ရှိရခဲ့ခြင်းဆိုလည်း မမှား။
လက်ထပ်ထိမ်းမြားဖို့ အကြောင်းပြောလို့ ဘယ်နားကများ အချိန်ရှိနေလို့လဲ?
အိမ်ရှေ့စံမင်းသား၏ ထိမ်းမြားမင်္ဂလာကိစ္စကတော့ လီရှီးယန် စီစဉ်ပေးနိုင်သည့်အရာမဟုတ်။
သို့သော် အိမ်ရှေ့စံသည် စာသင်ကြားခြင်းနှင့်ပတ်သက်ပြီး ဂရုမစိုက်ခဲ့။ သူ့ရဲ့လက်မောင်းကြောင့် ပဋိပက္ခများစွာရှိခဲ့ဖူးသည်။ ထိမ်းမြားလက်ထပ်ဖို့ကိစ္စနှင့် ပတ်သက်လို့ နန်းတွင်းရုံးတော်က အမြဲတန်းလိုလို အာရုံစိုက်လေ့ရှိသည်။ သူ့ရဲ့ဆရာတစ်ယောက်အနေနဲ့ သူနည်းနည်းလောက်လေးပဲဖြစ်ဖြစ် အနားရဖို့ မျှော်လင့်မိတာ
ကြောင့် တိုက်တွန်းတာမျိူးလုပ်မည်မဟုတ်ပေ။
စန်းယောင်လည်းရှိသေး၏။
ဒီကလေးက.. ရှောင်းယွိရုန်ဆီကနေ ပိုပြီးလွှမ်းမိုးခြင်းခံရတဲ့သူ။
သန့်ရှင်းမှုကို စွဲလန်းစိတ်ကြောင့် ပန်းများနှင့်သစ်ပင်များကို မြတ်နိုးသူဖြစ်သည်။ အင်မတန်ကိုမှ ဇီဇာကြောင်လွန်းကာ နှစ်တွေအကြာကြီး အချိန်ဆွဲထားခဲ့လေသည်။
စတုတ္ထနှင့် ပဉ္စမမြောက် တပည့်တို့ကလည်း… အခြေနေအတူတူပင်။
လိမ္မာတဲ့ကလေးမလေးနဲ့ အိမ်ရှေ့စံမင်းသားကလွဲရင် သူပျိူးထောင်ပေးခဲ့တဲ့ တပည့်တွေအကုန် ပြဿနာဖြစ်နေကြလား?
လီရှီယန်းမှာ ထိုအကြောင်းကို စဉ်းစားကြည့်လေ
လေ သူ့ရဲ့မျက်မှောင်ကြုတ်မှုက သိသာလာလေပင်
ရှောင်းယွိရုန်က သူ့ကြောင့် ဆရာစိတ်မပျော်မရွှင်ဖြစ်နေတယ်ထင်ပြီး အလွန်ကိုမှ ကောင်းကောင်းမွန်မွန်ပြုမူပြနေ၏။ ဘာကိုမှ မဖုံးကွယ်ထားဝံ့တာကြောင့် ချက်ချင်း ဒူးထောက်ချပြီး,
“ဆရာ! ကျွန်တော် ဆရာတူအစ်မကို မြတ်နိုးပါတယ်..ဒါပေမဲ့ ဆရာတူအစ်မနဲ့ ကျွန်တော်နဲ့က အလှမ်းဝေးလွန်းမှန်းသိတာမလို့ ကျွန်တော်နှစ်ယောက်ရဲ့ မင်္ဂလာပွဲကိုစီစဉ်ပေးဖို့ဆိုပြီး ဆရာကိုမတောင်းဆိုရဲတာပါ။ ကျွန်တော် ကြိုးစားဖို့လိုပါသေးတယ် .. နောင်တစ်ချိန်မှ ထပ်ပြောကြရအောင်လေ”
လီရှီးယန်မှာ ဆွံ့အသွားရသည်။
“ ကျွန်တော် ဆရာတူအစ်မကိုအပြစ်ပြုမိပါတယ်၊ ကျွန်တော်က အရမ်းအဆင်ခြင်မဲ့လွန်းတဲ့သူဖြစ်ပေမဲ့ ကျွန်တော် ပိုကြိုးစားမှာပါ”.. ရှောင်းယွိရုန် ရှင်းပြလေသည်
ရှဲ့ချောင် ဘာပြောလို့ပြောရမယ်မှန်းမသိတော့
သူနောက်ဆုံးတစ်ခါတုန်းက လက်လျှော့လိုက်ပြီမဟုတ်ဘူးလား?
ဘာလို့ အခုကျမှ ဆရာရှေ့မှာ သစ္စာရှိကြောင်းတွေပြနေရတာလဲ?
“မောင်လေးရှောင်း ဒါကမသင့်တော်ဘူးနော်၊
အမှန်အတိုင်းပြောရရင် ငါ့မှာလည်းသဘောကျရတဲ့သူရှိနေပြီ.. ဆိုတော့ မင်းဘာလုပ်လုပ် ငါစိတ်ကျေနပ်မှာမဟုတ်ဘူး၊ ငါက.. မင်းကို ငါ့ရဲ့မောင်ငယ်လေးတစ်ယောက်လိုပဲ သဘောထားတာ, မသင့်တော်တဲ့အတွေးမျိုး နောက်တစ်ခါ ထပ်မတွေးနဲ့!”
ရှဲ့ချောင် ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
မသင့်တော်တာ?
ကျောက်ရွှမ်ကျင်းရဲ့ မျက်နှာတစ်ခုလုံး ပူလောင်နေလေပြီ။
ရှောင်းယွိရုန်သည် သူမအား တကယ်မြတ်နိုးတာမဟုတ်လောက်မှန်း ရှဲ့ချောင်ခံစားနေရသည်။
သို့သော်လည်း သူ့ရဲ့ဆရာသည် သူမအား မကြာခဏဆိုသလို ချီးကျူးတတ်တာကြောင့် သူ့ရဲ့ဆရာတူအစ်မက လောကမှာ အကောင်းဆုံးအမျိုးသမီးဟု တွေးခဲ့လေသည်။ ပုံမှန်အားဖြင့် သူမအား ထင်မြင်ချက်ကောင်းတော့ရှိခဲ့ပေသည်။
“မင်းရဲ့ ဆရာတူအစ်မပြောတာမှန်တယ်၊ မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သင့်တော်တာမဟုတ်ဘူး၊ နောက်ဆိုပိုသတိထား”
လီရှီးယန်သည် အသိပြန်ဝင်လာပြီးနောက် ရှောင်းယွိရုန်အား သတိပေးလိုက်သည်။
“ မြို့တော်မှာဆို မြင့်မြတ်တဲ့မိန်းကလေးတွေမှ
အများကြီး၊ အကုန်လုံးက စာတတ်ပေတတ်နဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့သူတွေ၊ မင်း မြို့တော်ကိုပြန်ရောက်မှပဲ အောင်သွယ်တော်တစ်ယောက်ရှာပြီး မင်းရဲ့ဇာတာကိုဖတ်ခိုင်းလိုက်”
“ ဆရာ၊ ကျေးဇူးပြုပြီး အမိန့်ကိုပြန်ရုတ်သိမ်းပေးပါ”
ရှောင်းယွိရုန်သည် ထိုစကားကိုကြားသည့်အခါ ချက်ချင်းဦးညွတ်ချလိုက်၏။
သူ့မျက်နှာပြီး နီရဲနေပြီး ရှက်ရွံနေ၏။
“ဆရာတူအစ်မမဟုတ်ဘူးဆိုရင်.. ကျွန်တော့်မှာ ရွေးချယ်စရာသိပ်မရှိဘူး.. ကျွန်တော်ရဲ့ ဘဝကိုစာအုပ်တွေကြားမှာပဲ ဖြတ်သန်းသွားရလိမ့်မယ်”
သူလိုမျိုး စာအုပ်စာပေနှင့်ပတ်သက်လာလျှင် လောဘကြီးသည့်လူမျိူးက မိသားစုကိုစောင့်ရှောက်ဖို့အင်အားမရှိနိုင်သလို ချစ်ခြင်းမေတ္တာနဲ့ ပြည့်စုံတဲ့အိမ်ထောင်ရေးကို ရနိုင်မှာမဟုတ်ဟု တွေးမိသည်။
သူ့ရဲ့ဆရာတူအစ်မကို လက်ထပ်ချင်ရတဲ့အကြောင်းကလည်း သူမက ကောင်းမွန်တဲ့အမျိုးသမီးတစ်ယောက်ဟု သူ့ဆရာထင်နေ၍ပင်။
“ ငါတို့ ပြန်ရောက်မှပဲ ဒီအကြောင်းဆက်ပြီးဆွေးနွေးကြတာပေါ့၊ မင်းအသက်က ငယ်သေးတယ်၊ ရှေ့ဆက်သွားရမယ့်လမ်းက အရှည်ကြီး”
လီရှီးယန်သည် ချက်ချင်းလက်ငင်းဆုံးဖြတ်ချက်မချခဲ့ပေ။
ထိုသို့ပြောပြီးနောက် ရှဲ့ချောင်နှင့် ကျောက်ရွှမ်ကျင်းအား တစ်ချက်ကြည့်လိုက်သည်။
ဒီကလေးနှစ်ယောက်ကပဲ သူ့ကိုစိတ်အေးစေတယ် . သူတိုကလက်ထပ်ကြတော့မှာ… တစ်ယောက်ကိုတစ်ယောက်လက်ထပ်ကြတော့မှာ..
စကားပြောနေစဉ် အချိန်ဟာ မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားခဲ့ပြီး သူတို့မသိလိုက်ခင်မှာတင် နေ့
လည်ခင်းရောက်သွားခဲ့လေပြီ။
မြူခိုးဖြူတောင်ထိပ်၌ ကျန်းကျင်လုသည် မီးအိမ်တစ်လုံးကို လက်ထဲမှာကိုင်ထားကာ အနည်းငယ်စိတ်လှုပ်ရှားနေပုံရသည်။
သူသည် သူ့ဆန္ဒအလျောက် မီးအိမ်ကိုယူလာခဲ့ခြင်းဖြစ်ကာ အပြစ်ပေးခံရမည်မှာသေချာတာ ကြောင့် မီးအိမ်ငြိမ်းသွားလို့မဖြစ်။ မဟုတ်လျှင် ဆရာတူအစ်မက သူ့အား ဝါးစားပစ်လိမ့်မည်ပင်။
သူမကို မယုံကြည်ပေမဲ့လည်း အကြောင်းတချို့ကြောင့် ဖီဆန်ဖို့လည်း မဝံ့ရဲ။
“ဘာလို့ နောက်ထပ်တစ်လုံး မီးငြိမ်းသွားရပြန်တာလဲ? ဂရုစိုက်ပါလို့ မှာထားရဲ့သားနဲ့!
သူရယ် အစောင့်ရှားရယ်လက်ထဲမှာ မီးအိမ်နှစ်လုံးတည်းသာ ကျန်တော့မှန်းမြင်သည့်အခါ ကျန်းကျင်လုသည်လည်း ဒေါသအထွက်လွန်ပြီး မျက်နှာပါ ရှုံ့တွနေခဲ့လေသည်။
••••