← Chapters

အခန်း (၉၁၃-၉၁၆)

Vol. 47 Ch. 913-916

အခန်း (၉၁၃-၉၁၆)

Vol. 47 Ch. 913-916

အခန်း ၉၁၃။ ကျားမွေးဆွဲနှုတ်မိနေခြင်း

မြူခိုးဖြူတောင်ကိုရောက်လာပြီးနောက် တောင်ပေါ်တက်ရသေးသည်။ တောင်ပေါ်တက်တဲ့ကိစ္စက မြင်းလှည်းထဲက ဦးတည်ရာအတိုင်း သွားလို့ရနေပေမဲ့ အခုထပ်ပြီး လှေကားထစ်များကို တက်ရမည်ဆိုတော့ကား ဘယ်လိုမှမဖြစ်နိုင်။

ထို့ကြောင့် မုန့်မိသားစုက အစေခံများအား မီးအိမ်ကူသယ်ပေးဖို့ ပြောခဲ့ရသည်။ ကတ်ကြေးနှင့် တခြားပစ္စည်းများအတွက်လည်း အလားတူပင်။

‌မြူခိုးဖြူတောင်၌ လှေကားထစ်ပေါင်းများစွာရှိပြီး လမ်းတစ်လျှောက်လုံး အပြေးအလွှားတက်လာခဲ့တာင် မရောက်နိုင်သေး။ နောက်ဆုံးလှေကားထစ်ဆီ‌ ရောက်တဲ့အချိန်ကျပြန်တော့ မီးအိမ်နောက်တစ်လုံး မီးငြိမ်းသွားပြန်သည်။

သူ ‌ဒေါသထွက်ရလွန်းသဖြင့် နေမထိထိုင်မသာဖြစ်ရသည်အထိ။

“ သခင်လေးကျန့် ကျွန်တော့်အပြစ်ပါ၊ လှေကားထစ်တွေက များလွန်းတော့ မတော်တဆခလုတ်တိုက်မိသွားခဲ့တာ”

အစေခံသည်လည်းစိုးရိမ်စိတ်များဖြင့် ကြောက်လန့်‌နေပုံပင်။

သခင်ကြီးမုန့်က ဒေါသထွက်နေ၏။

“အသုံးမကျတဲ့ဟာတွေ၊ မင်းတို့ကို ခေါ်ထားလည်း ဘာမှအသုံးမဝင်ဘူး၊ ပြန်ရောက်ရင် ကြီးကြပ်ရေးမှူးဆီသွားပြီး မင်းကို အပြစ်ပေးခိုင်းရမယ်၊

သခင်လေးစန်း အဆင်ပြေနေသေးဖို့ မင်းဆုတောင်းနေတာပိုကောင်းမယ်၊ သခင်လေးစန်းရဲ့ အသက်သာတစ်ခုခုဖြစ်သွားလို့ကတော့ မင်းရဲ့အသက်နဲ့ပြန်ဆပ်ရမယ်မှတ်;”

သခင်ကြီးမုန့်သည် ကျန်းကျင်လုထက်ပင် စိတ်တိုနေ‌လေသည်

ကျန်းကျလုမှာ ရှက်ရွံသွား၏။

“အဲ့လောက်ထိမလိုပါဘူး… သူလည်း တမင်တကာလုပ်တာမှမဟုတ်တာ…”

သူနဲ့ အစောင့်ရှားသည် ကျန်နေသည့်မီးအိမ်နှစ်လုံးအား ကာကွယ်ပေးရုံပင်။

ထိုဆန်းကြယ်သမားတော်သည် ကောလဟာလတွေထဲကအတိုင်း အစွမ်းထက်ဖို့မျှော်လင့်မိပြီး ဆရာတူအစ်ကိုစန်းအား ဆေးဖြင့် ကုသလို့ပျောက်ကင်းသွားလျှင် အကောင်းဆုံးပင်!

“ ဒါက သူတောင်စင်မော့ရဲ့ အကြံလေ၊ ဒီလို အသုံးမကျတဲ့တစ်ကောင်ကြောင့် ပျက်ဆီးသွားရတာ နှမြောမိလို့..”

သခင်ကြီးမုန့်တစ်ယောက် သက်ပြင်းအကြိမ်ကြိမ်ချနေပြီး သူ့ရဲ့မျက်လုံးက နောက်ဆုံးလက်ကျန်မီးအိမ်နှစ်လူံကိုသာ ကြည့်နေမိလေသည်။

ဆီများသည် ပြင်းပြင်းထန်ထန်လောင်ကျွမ်းလို့နေလျက်။

မြူခိုးဖြူတောင်ပေါ်၌ လေကလည်း ထန်ပေ၏။ တစ်လမ်းလုံး ယိမ်းထိုးလာခဲ့သည့်တိုင် ထူးထူးဆန်းဆန်း မီးငြိမ်းမသွားခဲ့။

မုန့်ရှန်းသဲ့သည် လီရှီးယန်၌ တာအိုပညာရှင်တပည့်တစ်ယောက်ရှိနေလိမ့်မယ်ဟု မထင်ထားခဲ့။ သူ့မမှာ သူ့ရဲ့အစီအစဉ်ကြီးကိုဖျက်ဆီးပစ်နိုင်ပေမည့် အသက်ဆွဲဆန့်တဲ့ကြယ်မီးအိမ်များတောင် ရှိနေသေးသည်။။

“ဆန်းကြယ်‌သမားတော်ကို ရှာဖို့ သခင်ကြီးမုန့်ကိုပဲ ဒုက္ခပေးရတော့မယ်၊ ကျွန်တော်တို့တွေ အရှေ့ခြံဝန်းထဲမှာ သွားစောင့်နေမယ်နော်၊ ကျေးဇူးပါ”

ကျန်းကျင့်လုသည် သခင်ကြီးမုန့်အား အင်မတန်ကိုမှ ယဉ်ကျေးပြနေခဲ့သည်။

မုန့်ရှန်းသဲ့က အစေခံတစ်ယောက်အား အချက်ပြပြီး နောက်ဘက်မှာ လူတစ်ယောက် သွားရှာခိုင်းလိုက်သည်။

လှေကားထစ်ပေါင်းများစွာ တက်ပြီးနောက် ကျန်း

ကျင်လု၏ ခြေထောက်များမှာ တကယ်ကို ချည့်နဲ့နေပြီဖြစ်သည်။

ပါးစပ်နှင့်လျှာတို့လည်း ခြောက်‌သွေ့နေ၏။

ထိုအချိန် မုန့်မိသားစုမှ အ‌စေခံတစ်ယောက်က ရေအိတ်ထဲကနေ ရေတစ်ခွက်လောင်းထည့်၍ ဂရုတစိုက် လမ်းလျှောက်လာသည်။

“သခင်လေးကျန်း.. ရေဆာနေတာလား၊ ရေနည်းနည်းလောက်.. အရင်သောက်လိုက်ပါဦး.. အား!”

သူ့ရဲ့ လက်က တုန်သွားပြီး ရေများဖိတ်စင်သွားသည်။

ကျန်းကျင်လုလည်း အလန့်တကြားဖြစ်သွားရကာ မီးအိမ်အား ကမန်းကတန်း ဖွက်လိုက်ရသည်။

မြန်ဆန်သည့် လှုပ်ရှားမှုကြောင့် ကြယ်မီးအိမ်၏ မီးတောက်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွား

သည်။ မျက်စိတစ်မှိတ်စာအတွင်း ငြိမ်းသွားတော့မည့်အလား။ ကံကောင်းထောက်မစွာဖြင့် သူရပ်လိုက်သည့်အခါ မီးတောက်ငယ်လေးက ပြန်ပြီးတောက်လာခဲ့လေသည်။

သူက မီးတောက်ကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေကာ

“ဒီလို ငြိမ်းခါနီးမီးအိမ်က ပြန်တောက်လာတော့ အသုံးရောဝင်ပါ့မလား.. မသိဘူး”

“သခင်လေးကျန်းက ဒီမီးအိမ်တွေကို ယူပြီးထွက်လာခဲ့တာနဲ့တင် ဆရာမမော့ကို အပြစ်ပြုမိနေပြီ၊ သူ့ကို လိမ်မပြောဖို့ အကြံပေးချင်တယ်၊ ခဏနေ အရှင့်သားမေးတဲ့အခါကျ အမှန်တိုင်းပြောပြလိုက်ပါ”

သူ့ဘေးမှာ ရှိနေသည့် အစောင့်ရှားခမျာလည်း ကူကယ်ရာမဲ့နေပုံရသည်။

မုန့်မိသားစုမှာ လူတွေအများကြီးရှိနေတဲ့အချက်ကြောင့်သာ မဟုတ်လျှင် တောင်ပေါ်လာပြီးဆန်းကြယ်သမားတော်ကို ဖမ်းဆီးမယ်ဆိုရင်တောင် ဆရာမမော့ရဲ့ပစ္စည်းတွေကို ထိခွင့်ပေး

ခဲ့မှာမဟုတ်။

အဓိကက သခင်လေးကျန်းကြောင့်ပင်။ သူက ဆန်းကြယ်သမားတော်အား ရှာမယ်တကဲကဲလုပ်နေတာကြောင့် တားမရခဲ့တာဖြစ်သည်။

ကျန်းကျင်လုက ရှက်ကိုးရှက်ကန်းပြုံးလိုက်ကာ;

“ ငါလည်း စဉ်းစားကြည့်ရုံပါ ၊ အဲ့လိုမလုပ်ပါဘူး”

မီးအိမ် မီးမငြိမ်းသွာတာမြင်တော့ အစေခံများက စိုးရိမ်စိတ်များသွားပုံရသည်

သူတို့ထဲက တစ်ယောက်က ပြတင်းပေါက်တစ်ဖက်အား ဖွင့်လိုက်၏။

လေများစုနေတာကြောင့် ပြတင်း‌ပေါက်မှလေက အပြင်ကလေထက်တောင် ပိုကြမ်းသေးသည်။

မီးတောက်က ယိမ်းခါသွားပြန်၏။

“ ပိတ် မြန်မြန်ပိတ်လိုက်”

ကျန်းကျင်လုက အလောတကြီး အောလိုက်၏။

စဉ်းစားကြည့်ပြီးနောက် စိတ်ပူသွားပုံရကာ

“ငါနဲ့ဝေးဝေးနေ၊ ငါမင်းကို အပြစ်မပေးဘူးဆိုပေမဲ့ မင်းကလုပ်လိုက်ရင် နမော်နမဲ့နဲ့၊ ကျန်တာပဲ နှစ်ခုတည်းပါဆို၊ ဒါ‌သာငြိမ်းသွားရင် ငါဒူးထောက်ပြီးသွားရတော့မှာ”

သူ့ဆရာက ဆရာတူအစ်မအား ဘယ်လောက်တောင်မြတ်နိုးလဲ သူမသိ၍မဟုတ်။ အခုတောင် သူက ကျားဆီကနေ အမွေးဆွဲနှုတ်နေခြင်းဖြစ်နေ၏။ နှုတ်ပြီးလျှင်လည်း သေချာသိမ်းထားမှရမည်… လွှင့်ပစ်လိုက်လို့မရပေ!

••••

အခန်း ၉၁၄။ ဆရာမော့က မတူဘူး

ယခုလိုအချိန်မျိုး၌ ပြတင်းပေါက်ကိုထပ်ဖွင့်လိုက်လို့မကောင်းပေ။ အစေခံတချို့မှာ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတော့။

သူတို့ရဲ့လုပ်ရပ်အား မသိသာစေဖို့ သခင်ကြီးကမှာထား၏။

တကယ်တော့ သခင်ကြီးကသူတို့အား ဘာကြောင့် ဒီလိုညွန်ကြားမှန်း မသိ။ သိုသော် ဒီနေ့သခင်ကြီးနောက်ကို လိုက်ခွင့်ရတဲ့ အစေခံများမှာ သခင်ကြီးရဲ့ ယုံကြည်မှုကိုရထားကြသူများဖြစ်လို့ ပါးစပ်ပိတ်ထားကြသည်။ ပြောရမယ်ဆိုလျှင် သခင်ကြီးတောင်းဆိုထားသည့်ကိစ္စက အင်မတန်အရေးကြီးမှန်း သူတို့နှလုံးသားထဲကနေ နားလည်သည်။

တာဝန်ကျေပွန်အောင်လုပ်နိုင်တဲ့ ဘယ်သူမဆို နောင်တစ်ချိန်ပိုပြီး အရေးပါလာကြလိမ့်မည်။

အပေါ်ယံအရတော့ အပြစ်ပေးခံရမည်ဆိုပေမဲ့ နောက်ကွယ်မှတော့ ဆုပေးခံရမှာပင်။

ထိုအချက်ကို စဉ်းစားမိသည့်အခါ အစေခံများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထပ်လုပ်ကြည့်ဖို့ တွေးကြပြန်သည်။

နှစ်လုံးပဲ ကျန်တော့တဲ့ဟာ.. မီးမငြိမ်းစရာအကြောင်းရှိလို့လား?

တစ်အောင့်အကြာ၌ စန်းယောင်၏စောင်ဖြင့် ရစ်ပတ်ခံထားရသည့် အစေခံတစ်ယောက်က မျက်နှာအမူအရာပြောင်းသွားကာ..

“သခင်လေးကျန်း၊ လာကြည့်ပါဦး. သခင်လေးစန်းက အသက်မရှူတော့ဘူးလားလို့..”

အစေခံ၏ စကားကြောင့် ကျန်းကျင်လု၏ မျက်နှာမှာဖြူဖျော့သွားသည်။

မီးအိမ်ကို ချပြီး အပြေးအလွှားသွားကြည့်လိုက်

သည်။

အသက်ရှုလားစမ်းကြည့်ဖို့အရေး သူ့လက်များက တဆတ်ဆတ်တုန်နေခဲ့သည်။ ခဏအကြာတွင်မှ

“ အသက်တော့ရှုသေးတယ်၊ ဒါပေမဲ့ ခပ်ရေးရေးလေးပဲ ရှုတော့တာ…မြန်မြန်လုပ်၊ သူ့ကိုကယ်၊ ဆန်းကြယ်သမားတော်ကို မြန်မြန်လာဖို့ ပြောလိုက်”

သူ ထိုသို့ပြောပြီးရုံရှိသေး အခန်းထဲမှာ ကန့်လန်ကာစက ဗုတ်ခနဲပြုတ်ကျသွားသည်။

၎င်းက မီးအိမ်ကိုတိုက်ရိုက်မထိသွားပေမဲ့ ပြုတ်ကျသည့်လေအရှိန်ကြောင့် သူချထားခဲ့သည့် မီးအိမ်မှာ ငြိမ်းသွားခဲ့လေသည်။

ကျန်းကျင်လုတစ်ယောက် ကြက်သေသေသွားသည်။

ဖယောင်းတိုင်မီးတောက်တစ်ခုက အထိအခိုက်

လွယ်လွန်းပေ၏။

“သခင်လေးကျန်း…”

အစောင့်ရှားသည် အစေခံများကိုကြည့်လိုက်ချိန် သူတို့ထဲကတစ်ယောက်၏ မျက်နှာထားထူးဆန်းနေတာကို ခပ်ရေးရေးမြင်လိုက်ရသည်။ ရုတ်တရက် သံသယဝင်သွားတာကြောင့် သခင်လေးကျန်းအား ဘေးကိုခေါ်လိုက်၍; “ သူတို့တွေ တမင်သက်သက်လုပ်တာလို့ အာရုံရနေတယ်..”

“မီးအိမ်ကို တမင်တကာ ဖျက်ဆီးပစ်တာလား”

ကျန်းကျင်လုလည်း တစ်ခုခုတော့လွဲနေမှန်းခံစားမိသည်။

ဖယောင်းတိုင်မီးက အားနည်းတယ်ဆိုရင်တောင် ခုနစ်ခုတောင်ရှိတာလေ!

အံ့ဩစရာတွေမှ အများကြီး!

“ ကျွန်တော်တို့ အဲ့လိုထင်တယ်” အစောင့်ရှားက

တွေးဆနေသည်။

“ ဒါပေမဲ့.. ဘာလို့.. မီးအိမ်လေးပဲကို..”

ကျန်းကျင်လု နားလည်ရခက်နေ၏။

ဘာလို့ မီးအိမ်ကို ဖျက်ဆီးရတာလဲ? ဆရာတူအစ်မရဲ့ အစွမ်းအဆကို သံသယရှိတယ်ဆိုရင်တောင် ရန်တော့စမှာမဟုတ်

ဒီမှာ ရှိ‌တဲ့ဆန်းကြယ်သမားတော်ကြောင့် မဟုတ်ဘူဆိုရင်…

“သခင်လေးကျန်း ဆရာမမော့က သခင်လေးထင်သလို အသုံးမကျတဲ့သူမဟုတ်ဘူး၊ သူက တကယ်စွမ်းဆောင်ရည်ရှိတဲ့သူတစ်ယောက်”

အစောင့်ရှားသည် ကျန်းကျင့်လု၏ ဝတ်ကျေတန်းကျေ သဘောထားကို မြင်ရသည့်အခါ ကူကယ်ရာမဲ့သွားရသည်။

“သူက အနုပညာလေးရပ်မှာ ကျွမ်ကျင်တဲ့သူဆိုတာလည်း ယုံတယ်၊ ပြီးတော့ ခင်ဗျားပြောသလို

ဉာဏ်ပညာရှိပြီး လောကမှာပြိုင်ဘက်ကင်းဆိုတာလည်း ယုံပါတယ်..ဒါပေမဲ့ ဒီလိုမျိုး သဘာဝလွန်စွမ်းအင်တွေကျ‌တော့..”

ကျန်းကျင်လု ခေါင်းခါလိုက်၏။

“ ငါတို့ မြိုမှာ အဲ့လိုစုန်းမတစ်ယောက်ကြောင့် လူတွေဘယ်လောက်တောင် သေခဲ့ရလဲ ကိုယ်ရံတော်ရှားသိရဲ့လား”

“ငယ်ငယ်ကတည်းက ရွာထဲမှာနေမကောင်းဖြစ်ကြတဲ့သူတွေရှိတယ်၊ သူတို့က အဲဒီစုန်းမကိုသွားရှာပြီး ဆေးဖက်ဝင်အပင်လေးနည်းနည်းရယ် ဂါထာနည်းနည်းလောက် ရွတ်လိုက်ကြရော၊ ပြီးရင် လူတွေကိုသေဖို့ စောင့်ခိုင်းထားကြတာ၊ အသက်ပြန်ရှင်နိုင်ရင် နတ်ဘုရားရဲ့ ကောင်းချီးပေးခံရတာဖြစ်သွားပြီး သေသွားရင်ကျ ပြစ်မှုလုပ်ထားလို့ ဖြစ်သွားတာပဲ”

ကျန်းကျင်လုက အပြုံးတစ်ခုဖျစ်ညှစ်ပြုံးလိုက်သည်

“ဒါက အဲဒီလူတွေပညာမတတ်လို့.. ဆရာမော့က မတူဘူး…”

ကိုယ်ရံတော်ရှားက ချက်ချင်းပြန်ပြောသည်။

“ ဘယ်လိုမတူတာလဲ၊ ငါ့အမေဆုံးသွားပြီးတော့ ငါအဲဒီနေရာကနေ ထွက်လာခဲ့တယ်၊ တပည့်တစ်ယောက်ဖြစ်လာပြီးနောက်ပိုင်းတောင်မှ ငါ့မှာ သံသယစိတ်တွေရှိ‌နေတုန်း၊ ဒီနှစ်တွေထဲမှာ ငါ တာအိုဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေ အများကြီးသွားခဲ့တယ်၊ ဒုက္ခခံစားနေရတဲ့ သာမန်လူတန်းစားတွေကိုလည်း မြင်ခဲ့တယ်၊ သူတို့တွေ သုံးကြိမ်ဒူးထောက် ကိုးခါကန်တော့ပေမဲ့ ဘယ်နတ်ဘုရားမှ မလာဖူးဘူး၊ လောကနှစ်ခုလုံးကို ကျွမ်းကျင်နှံ့စပ်တဲ့ ဘုန်းတော်ကြီးတွေလည်း မြင်ဖူးပေမဲ့ သူတို့တွေ ဝိဉာဉ်တွေကိုလွှတ်ပေးတာမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ အဲ့လို ဘုန်းတော်ကြီးတွေဆိုတာလည်း သေမျိုးတွေမှန်းတော့သိပါတယ်၊ ကယ်တင်‌ပေးတဲ့ အရာက အသက်မဟုတ်ဘူး၊ နှလုံးသားကိုပဲ ကယ်တင်ပေးနေတာ”

လူတွေက စိတ်ငြိမ်းချမ်းစေဖို့ တောင်းဆိုကြသလို ဘုန်းတော်ကြီးတွေကလည်း နှစ်သိမ့်ပေးကြသည်

တခြားသောအရာတွေကတော့..

အဆောင်ရေ.. ဂါထာမန္တန်.. အားလုံးက လူတွေကိုလှည့်စားနေတဲ့ တကယ်မတည်ရှိတဲ့အရာများသာ…

••••

အခန်း ၉၁၅။ နောင်တ

တစ်လောကလုံးက တာအိုဆရာတွေအားလုံး မကောင်းတဲ့သူတွေဟု ကျန်းကျင်လု ထင်နေခြင်းမဟုတ်။

ထိုသို့သော အတွေးမျိုးကိုလည်း တစ်ခါမှ မတွေးဖူး။ သူ့မျက်လုံးထဲ၌ တာအိုဆရာတွေဟာ သာမန်လူတွေလိုပဲ ဖြစ်နေခြင်းသာ!

ဒါမှမဟုတ် သူတို့က နည်းနည်းလောက်ပိုပြီး ကြင်နာတတ်နေရုံ။

ထိုအချက်ကလွဲလို့ သူတို့ရဲ့အရည်အချင်းဆိုတာတွေက အတုယောင်တွေချည်းပင်။

ကိုယ်ရံတော်ရှားသည် ကျန်းကျင်လု၏ စကားကြောင့် ပြောစရာစကားပျောက်ဆုံးသွားရပေမဲ့ ဒီလိုမျိုးဖြစ်ရတာ မကောင်းဘူး‌ဟုတော့ ခံစားမိနေဆဲ။ ဒါကြောင့် သူ့ရဲ့စကားလုံးနဲ့အတွေးများကို အစီအစဉ်ကျအောင်လုပ်၍ “ သခင်လေးကျန်းရဲ့ စကားတွေ အကျိုးသင့်အကြောင်းသင့်ရှိတာမှန်ပါ

တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေက အိမ်ရှေ့စံမင်းသားနောက်ကို လိုက်နေရတဲ့သူတွေ၊ ဆရာမော့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဖမ်းတာ အကြိမ်ကြိမ်တွေ့ဖူးတယ်၊ အဲဒါတွေက.. တကယ်တည်ရှိနေတဲ့အရာတွေ၊ ဆရာမမော့ရဲ့ မျက်လုံးက လောကနှစ်ခုလုံးကို မြင်နိုင်စွမ်းရှိတယ်၊ မီးအိမ်က အသုံးဝင်မဝင် ကျွန်တော်လည်း သေချာမသိပေမဲ့ ဆရာမော့ရဲ့စကားတွေကိုတော့ ယုံတယ်”

“သခင်လေးကျန်းက ဆရာမမော့ရဲ့ ဆရာတူမောင်လေးလေ၊ တစ်နေ့ကျရင် သူအခုလုပ်နေတာတွေကို နားလည်လာမှာပါ”

ကိုယ်ရံတော်ရှားက ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး” ကျန်းကျင်လုကလည်း အခိုင်အမာဆို၏။

“တစ်ချိန်ကျရင် ဆရာတူအစ်မကို နောင်တရအောင်ကို သေချာပေါက်လုပ်မှာ”

သူမနဲ့ ပတ်သက်တဲ့ ကောလဟတွေက ယုံကြည်ချင်စရာ‌မှကောင်း‌မနေတာ၊ အဲ့ဒီလို ပေါက်ကရတွေကို ယုံမှာတဲ့လား?

အစောင့်ရှားသည် ကျန်းကျင်လုအား ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။

“ နောက်ပိုင်း ဘာပဲဖြစ်လာလာ၊ ကျွန်တော် ဝင်စွက်ဖက်မှာမဟုတ်ဘူး၊ ကျွန်တော့်ရဲ့ အဓိကတာဝန်က ဆရာမမော့ရဲ့ မီးအိမ်ကိုကာကွယ်ဖို့တစ်ခုပဲ”

လူက အရေးကြီးသလို မီးအိမ်သည်လည်း အရေးပါပေ၏။

“ သဘောလေ” ကျန်းကျင်လုက ထိုအရာများနှင့် ပတ်သက်ပြီး ဂရုမစိုက်ခဲ့ချေ။

နှစ်ယောက်သား စကားပြောပြီးပြီးချင်း သခင်ကြီးမုန့်က စိုးရိမ်သောကရောက်နေသည့် မျက်နှာဖြင့် ပြန်ရောက်လာသည်။

“သခင်လေးကျန်း မြန်မြန်.. မြန်မြန်လာ၊

ဆန်းကြယ်သမားတော်က အခန်းထဲမှာ စောင့်နေပြီ၊ မြန်မြန်သွားမှ၊ တော်ကြာ ဆန်းကြယ်သမားတော်က ပြန်ထွက်သွားဦးမယ်”

“ အို့ ဟုတ်သားပဲ၊ ဆန်းကြယ်သမားတော်ရဲ့ စရိုက်က ထူးဆန်းတယ်၊ သူက လူတွေအများကြီးရှိနေတာကို မကြိုက်ဘူး၊ အဲဒါကြောင့်မလို့ မင်းနဲ့ငါနဲ့ပဲ သခင်လေးစန်းယောင်ကို အထဲခေါ်သွားမယ်၊ ကျန်တဲ့သူတွေက အပြင်မှာနေနှင့်ကြ၊ ဘယ်လိုလဲ”

ကျန်းကျင်လု ခေါင်းညိတ်လိုက်သည်။

အစောင့်ရှားက ခဏတွေးကြည့်လိုက်ကာ သူ့ရဲ့လက်ထဲကမီးအိမ်အလင်းရောင်ဖြင့် အခန်းထဲကိုကြည့်လိုက်သည်။ ထို့နောက် ဖျက်ခနဲဆိုသလို ထွက်သွားပြီး ခေါင်မိုးပေါ် ခုန်တက်သွားသည်။

“ ဒီကသခင်လေးက ဘာလုပ်ချင်တာလဲ၊ ဒါက ဆန်းကြယ်သမားတော်ရဲ့ နေရာနော်၊ အပြစ်ပြုမိ

တာမျိုးက မသင့်တော်ဘူး…” သခင်ကြီးမုန့်က ပူပန်နေ၏။

ကျန်းကျင်လုလည်း အပြေးထွက်သွားပြီး ခေါင်မိုးပေါ် ဇဝေဇဝါဖြင့် မော့ကြည့်လိုက်သည်။

“ သခင်လေးကျန်း ကျွန်တော်က ကျွန်‌တော့်သခင်နဲ့ ဆရာမမော့ရဲ့ စကားကိုပဲနားထောင်တာ ၊ဆရာမမော့က မီးအိမ်ကိုကာကွယ်ဖို့ ပြောထားတော့ သေချာကာကွယ်ရလိမ့်မယ်၊ တခြားကိစ္စတွေကတော့.. သခင်လေး ကြိုက်သလိုလုပ်ပါ၊ ကျွန်တော်ကတော့ ဒီခေါင်မိုးပေါ်မှာနေလိုက်ဦးမယ်၊ ရှုခင်းက တော်တော်လေးလှတယ် ပြီးတော့ မီးအိမ်က ဒီနေရာမှာဆို ပိုပြီးစိတ်ချရတယ်လေ”

ကိုယ်ရံတော်ရှားက အောက်ကလူများကို အော်ပြောလိုက်သည်။

“ဒါ… ဘယ်လိုလုပ်ကြမလဲ”

သခင်ကြီးမုန့် မျက်မှောင်ကြုတ်သွားသည်။

“ဆန်းကြယ်သမားတော်က စိတ်မကျေမနပ်ဖြစ်ပြီး သခင်လေးစန်းကို မကုပေးတော့ရင်ရော”

ကျန်းကျင်လုသည်လည်း ကျဉ်းထဲကျပ်ထဲရောက်နေ၏။

“ အရင်ဆုံး ဆန်းကြယ်သမားတော်ကို သွားတွေ့ပြီး ကြိုးစားကြည့်ရမှာပေါ့…”

ကိုယ်ရံတော်ရှားသည် အိမ်ရှေ့စံမင်းသား၏ လက်အောက်ငယ်သားတစ်ယောက်ဖြစ်၏။ သူ့မှာ ကိုယ်ရံတော်ရှားအား အမိန့်ပေးနိုင်စွမ်းမရှိ။ ဒါတင်မက ခုနကလေးတင် သူ့ကိုကလန်ကဆန်လုပ်မိထားတာကြောင့် ထပ်ပြီးရန်စမိလို့ မကောင်းပေ။

ဒါ့အပြင် ကိုယ်ရံတော်ရှားသည် သာမန်အစေခံတစ်ယောက်မဟုတ်။ အရှင့်သားဘေးနားရှိ လူများမှာ အဆင့်တန်းမြင့်ကြသူတွေချည်းပင်။ သခင်ကြီးမုန့်ဘေးမှာရှိတဲ့ လူများနှင့် မတူပေ။

သခင်ကြီးမု့န်မှာ ‌‌စိတ်တိုနေသည့်တိုင် သူ့ဒေါသကို ထိန်းချုပ်ထားရသည်။

သူ့ လူများအား ဆန်းကြယ်သမားတော်ဆီ ပို့

လိုက်၏။

သို့သော် ဆန်းကြယ်သမားတော်၏ မျက်နှာက ခက်ထန်နေကာ

“မင်းတို့က ငါ့ရဲ့ခေါင်းမိုးပေါ်လည်း တက်သေးတယ်၊ ရောဂါလည်း ကုပေးစေချင်တယ်ပေါ့? ငါ့မှာလည်း ဒေါသရှိတယ်ကွ!”

“သခင်လေးကျန်း.. ကျေးဇူးပြုပြီး အဲ့တစ်ယောက်ကို ခေါင်းမိုးပေါ်ကနေဆင်းလာပြီး ဆန်းကြယ်သမားတော်ကို တောင်းပန်ခိုင်းလို့ရမလား၊ သခင်လေးစန်းရဲ့ ရောဂါအခြေနေက ထပ်ပြီးအချိန်ဆွဲထားလို့ မဖြစ်ဘူး!”

သခင်ကြီးမုန့်၏ မျက်နှာမှာ နောင်တတရားများဖြင့် ပြည့်လို့နေသည်။ စန်းယောင်၏ ရောဂါအား ကျန်းကျင်လုထက်ပင် စိုးရိမ်နေဟန်ပင်။

ကျန်းကျင်လုလည်း အခက်တွေ့နေရသည်။

“ ဆန်းကြယ်သမားတော်၊ ‌ဒါ ကျွန်တော်ရဲ့အမှားပါ၊ သဘောထားကြီးကြီးနဲ့ ဒီလူကိုအ

ရင်ကယ်ပေးလို့ရမလား၊ သူ့ကိုကယ်ပြီးသွားရင် ကျွန်တော်ကိုယ်တိုင် နေခဲ့ပြီး ခေါင်မိုးကိုသန့်ရှင်းရေးလုပ်ဆိုလည်း လုပ်ပါ့မယ်”

ကျန်းကျင်လု အမြန်ပြောလိုက်သည်။

ယောကျာ်းမှာလည်း မာနရှိသည်။ အခုချိန်တွင်တော့ သူ့ရဲ့တတိယအစ်ကိုက အရေးပေါ်အခြေနေမှာရောက်နေမှန်းသိတာကြောက့် သူ့ရဲ့ ဝတ်ရုံကိုမလျက် ဒူးထောက်တောင်းပန်လေသည်။

••••

အခန်း ၉၁၆။ ပြဿနာမရှာနဲ့

ကျန်းကျင်လုက စိတ်ရင်းအမှန်အတိုင်းပြောနေပုံပင်။

ဆန်းကြယ်သမားတော်သည် သခင်ကြီးမုန့်ကိုပါ တစ်ချက်ကြည့်လိုက်ပြီး ခနဲ့လိုက်၏။

“ခင်‌ဗျားသာ သူ့ကိုဒူးထောက် မတောင်းပန်ခိုင်းရင် ကျုပ်သူ့ကိုကယ်ပေးမှာမဟုတ်ဘူး!”

ဆန်းကြယ်သမားတော်က အံ့ကြိတ်လျက်ဆိုသည်။

ကျန်းကျင်လုတစ်ယောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။

သူ့ရဲ့ အပြုအမူကို သူကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်ဆိုပေမဲ့ တခြားသူတွေကို ဆုံးဖြတ်ပေးလို့ရလို့လား?

“ဆန်းကြယ်သမားတော်သာ သူ့ကိုကယ်ပေးမယ်ဆိုရင် ကျေးဇူးဆပ်တဲ့အနေနဲ့ ရွှေစတစ်သောင်း

ပေးဖို့ ဆန္ဒရှိပါတယ်!”

ကျန်းကျင်လုက ငွေဖြင့်ညှိနှိုင်းကြည့်ပြန်သည်။

သမားတော်၏ မျက်လုံးတို့မှာ ခဏတာမှင်သေနေခဲ့ကာ မထိန်းချုပ်နိုင်လုနီးနီးထိဖြစ်ခဲ့သည်။

ရွှေစတစ်သောင်းဆိုတဲ့ပမာဏက…

အများကြီးပဲ…

သို့သော်လည်း သူက မတုန်မလှုပ်နေနေဆဲ။ ‌မာကျောသည့် ကျောက်တုံးတစ်တုံးနှင့်ပင်တူကာ ရက်စက်မှုအပြည့်ဖြစ်နေလေသည်။

“ ကျွန်တော်ရဲ့ ဆရာတူအစ်ကိုကိုစောင့်ရှောက်ဖို့ သခင်ကြီးမုန့်ကိုပဲ ဒုက္ခပေးရတော့မယ်၊ ကျွန်တော် အခုချက်ချင်း ပြန်လာခဲ့ပါ့မယ်”

ကျန်းကျင်လုမှာ ရွေးချယ်စရာမရှိတော့သည့်အဆုံး မတ်တပ်ထရပ်ပြီး အစောင့်ရှားအား အမိန့်

ပေးရတော့သည်။

ကိုယ်ရံတော်ရှားသည် ခေါင်မိုးပေါ်တွင် နေနေကာ မီးအိမ်အား မျက်နှာထားတည်တည်ဖြင့် ကိုင်လို့ထားသည်။

ဆရာမမော့၏ မီးအိမ်မှာ ငြိမ်းသွားလုနီးနီး…

မုန့်အိမ်တော်မှာ ရှိစဉ်က သူဟာ မီးအိမ်ကိုကာကွယ်ရမည့်တာဝန်ကိုကျရှုံးခဲ့ပြီး ဤနေရာထိတောင် ပါလာခဲ့သည်။ သဘောက အိမ်ရှေ့စံမင်းသား၏ အမိန့်အား မနာခံရာရောက်ခဲ့သဖြင့် ပြန်ရောက်သည့်အခါ သူ့ဘက်ကအရင် အပြစ်ပေးတာကို လက်ခံရမှာပင်…

ဟုတ်တယ်… မုန့်မိသားစုရဲ့ မိသားစုဝင်တွေက ထူးဆန်းနေတယ်.. ပြန်ရောက်ရင် အရှင့်သားကိုပြောပြရမယ်..

“ဆန်းကြယ်သမားတော်ပြောတာက၊ …တကယ်လို့ အစ်ကိုရှားသာ ဒူးထောက်ပြီး မတောင်းပန်ဘူးဆိုရင်.. ဆရာတူအစ်ကို့ရဲ့ ရောဂါကိုမကုပေးနိုင်ဘူးတဲ့..”

ကျန်းကျင်လုက အခက်တွေ့နေသည့်လေသံဖြင့် ပြောလိုက်သည်။

အစောင့်ရှားက ခေါင်းဆန့်ပြီး အောက်ငုံ့ကြည့်လိုက်၏။

“ သခင်လေးကျန်း ကျွန်တော် မတောင်းပန်ချင်လို့မဟုတ်ဘူး၊ ကောင်းကင်ရယ် မြေကြီးရယ် အရှင်မင်းကြီးရယ်ကလွဲပြီး လူတိုင်းကို ဒူးမထောက်ချင်ရုံပံ၊ ကျွန်တော်က အစေခံတစ်‌ယောက်ဆိုပေမဲ့ မာနတော့ရှိသေးတယ်‌ဗျ ,ပြီးတော့ ကျွန်တော့်ရဲ့ တာဝန်က မီးအိမ်ကို ကာကွယ်ဖို့”

“လုပ်ပါ.. ကျွန်တော့်ရဲ့ဆရာတူအစ်ကိုက အန္တရာယ်ရှိနေပြီ…” ကျန်းကျင်လုမှာ သူ့မျက်နှာတစ်ခုလုံးလောင်မြိုက်လာသလိုပင် ခံစားနေရ

သည်။

ကိုယ်ရံတော်ရှား သက်ပြင်းချလိုက်သည်။

ဘာပဲဖြစ်ဖြစ်.. ဤလူနာက အရှင့်သားရဲ့ ဆရာတူညီလေးဖြစ်နေတော့…

“ ကျွန်တော် ဒူးမထောက်ချင်လို့မဟုတ်ဘူး၊ အရင်ဆုံး မီးအိမ်ကိုသွားဖွက်ထားလိုက်ဦးမယ်”

ကိုယ်ရံတော်ရှားက ပြောရင်းဆိုရင်းနှင့် ခုန်ချကာ ပျောက်ကွယ်သွားသည်။

ကျန်းကျင်လုအနေနဲ့ ဒီကိစ္စက မလွန်ဘူးဟုတွေးမိတာကြောင့် စိတ်ရှည်ရှည်ဖြင့်သာ စောင့်နေခဲ့သည်။

တစ်အောင့်အကြာ၌ သူ လက်ဗလာဖြင့်ပြန်ရောက်လာသည်။

‌” ကျေးဇူးတင်ပါတယ် အစ်ကိုရှား” ကျန်းကျင်လု

သူ့ကိုအရင်ဆုံး ဦးညွှတ်လိုက်သည်။

“ ရပါတယ် မလိုပါဘူး၊ သခင်လေးကျန်းက ကျွန်တော့်သခင်ရဲ့ ဆရာတူညီလေးလေ၊ သခင်လေးကျန်းရဲ့ အမိန့်ကိုနာခံသင့်တာပေါ့”

ကိုယ်ရံတော်ရှားက အင်မတန်တဲ့တိုးဆန်သူပင်။

စကားဆုံးတာနှင့် ဆန်းကြယ်သမားတော်၏ အခန်းအပြင်ဘက်ကိုသွားကာ မြေကြီးပေါ်ဒူးထောက်ချလိုက်သည်။

“ ကျွန်တော့်ဘက်က ဆရာကြီးကို မဆင်မခြင်နဲ့ အပြစ်ပြုမိပါတယ်၊ ကျွန်တော်က သေဖို့တောင် တန်ပါတယ်၊ ဆရာကြီးလည်း ကျွန်တော့်လို အဆင့်နိမ့်တစ်ယောက်နငဲ့ ပြိုင်ငြင်းမနေဘဲ သခင်လေးစန်းရဲ့ အသက်ကိုကယ်ပေးဖို့ မျှော်လင့်ပါတယ်”

အခုချိန်၌ စန်း‌ယောင်ရဲ့ အသက်ကိုကယ်တင်တာလောက် ဘာမှအရေးမကြီး။

ကျန်းကျင်လုသည် ကိုယ်ရံတော်ရှားအား တစ်ယောက်တည်းဒူးမထောက်စေဘဲ အဖော်ပြု

ပေးခဲ့၏။

ကိုယ်ရံတော်ရှားလည်း သူ့ကိုကြည့်ပြီးနောက် နေသာထိုင်သာ ပိုရှိသွားသည်။

ဆန်းကြယ်သမားတော်က ခေါင်းညိတ်ကာ;

“ငါကြိုးတော့ကြိုးစားကြည့်ပေးမယ်.. ဒါပေမဲ့ မျှော်လင့်ချက်တော့ သိပ်ပြီးရှိမှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါလည်း နတ်ဘုရားတစ်ပါးမှမဟုတ်တာ၊ ငါ သူ့ကိုမကယ်ပေးနိုင်လို့ဆိုပြီး ပြဿနာမရှာနဲ့၊ မဟုတ်ရင် ငါလည်း အာဏာပိုင်တွေဆီ သွားတိုင်ပစ်မယ်”

“ ရပါတယ်” ကျန်းကျင်လု ပျော်သွားသည်။

ဆန်းကြယ်သမားတော်က အရှေ့ကိုလျှောက်သွားလိုက်ပြီး စန်းယောင်၏ ခန္ဓာကိုယ်အခြေနေကိုစစ်ဖို့ သွေးခုန်နှုန်းစမ်းကြည့်လိုက်သည်။

လုပ်ရိုးလုပ်စဉ်များက ရှည်လျားထွေးပြားလွန်း၏။

ကျန်းကျင်လုသည် သူ့ရဲ့ဆရာတူအစ်ကို ညလယ်ခေါင်ကြီးသေသွားမှာ ကြောက်နေမိသည်

“ အအေးဓာတ်က ခန္ဓာကိုယ်ထဲကိုဝင်နေပြီ.. အရမ်းပြင်းလွန်းတယ်၊ သခင်ကြီးမုန့်နဲ့ သခင်လေးတို့ .. ဒီသခင်လေးရဲ့ ခန္ဓာကိုယ်က ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး၊ ဒီရက်တွေထဲမှာ အသက်ရှင်နိုင်အောင်လို့ အဖိုးတန်ဆေးဖက်ဝင်အပင်တွေအများကြီးကိုစားထားတယ်မလား” ဆန်းကြယ်သမားတော်က ဆိုသည်။

ကျန်းကျင်လု ခေါင်းညိတ်လိုက်၏။

“ဟုတ်ပါတယ်”

သူ့ရဲ့ ဆရာတူအစ်ကိုအတွက် ငွေအင်အား လူအင်အားများစွာသုံးထားပေးလို့ သခင်ကြီးမုန့်ကိုတောင် ကျေးဇူးတင်ရဦးမည်။

သူတို့ဆရာတပည့်တွေမှာလည်း ပိုက်ဆံရှိတာမှန်ပေမဲ့ မုန့်ကျားပေါင်တွင် လမ်းပျောက်နေခဲ့သည်။ ဆေးဝယ်ချင်တယ်ဆိုလျှင်တောင် ဘယ်မှာသွားဝယ်ရမှန်းမသိ။ ဒါတင်မက ထို့သို့သော အဖိုးတန်ဆေးဖက်ဝင်အပင်များမှာ ရှားပါးလွန်းတာကြောင့် သူတို့လိုအပြင်လူတွေအတွက် ဝယ်ဖို့မလွယ်ပေ။

ဒါတွေအားလုံး သခင်ကြီးမုန့်က ကြားထဲကနေ ပြေလည်အောင်ဆောင်ရွက်ပေးခဲ့၍သာ။ ဆေးတွေရနိုင်ဖို့အတွက် သူဘယ်လောက်တောင် အားထုတ်ခဲ့ရသည်မသိ။

ဤရက်တွေထဲ၌ သခင်ကြီးမုန့်၏ ကြိုးပမ်းမှုနှင့် သစ္စာရှိမှုကို မြင်တွေ့ရတာကြောင့် သူ့ကိုရော ဆန်းကြယ်သမားတော်ကိုရော အခိုင်အမာယုံကြည်နေခြင်းပင်…

••••

All Chapters