← Chapters

အခန်း (၂၆၈၉-၂၆၉၀)

Vol. 209 Ch. 2689-2690

အခန်း (၂၆၈၉-၂၆၉၀)

Vol. 209 Ch. 2689-2690

အခန်း(၂၆၈၉)

“ပထမတစ်ယောက်က စန်းဟယ်အင်မော်တယ် မြို့တော်ရဲ့ အင်အားအကြီးဆုံး ဟယ်မိသားစုက ဟယ်ချန်ရီပဲ”

လော့ချန်ချိုးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒီကောင်က စန်းဟယ် အင်မော်တယ်မြို့တော်ရဲ့ နာမည်ကျော်ပါရမီရှင်တစ်ယောက်ပဲ.. သူက ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်နဲ့တင် ပကတိအင်မော်တယ် နဝမအဆင့်ကိုတောင် အနိုင်ယူခဲ့တယ်.. အခု သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ပကတိအင်မော်တယ်နဝမအဆင့် အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ.. ကောင်းကင်အင်မော်တယ်အဆင့်ကို‌ ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ဖြင့် ပကတိအင်မော်တယ်နဝမအဆင့်ကို အနိုင်ယူနိုင်သည် ဆိုလျှင် ဟယ်ချန်ရီသည် အမှန်တကယ်ပင် ထူးချွန်သောပါရမီရှင် တစ်ဦးဟု ဆို၍ ရသည်။

အကယ်၍ သူနှင့် ဟယ်ချန်ရီသာ ကျင့်ကြံခြင်းအဆင့် တူညီနေခဲ့လျှင် ကျန်းချန်သည် ဟယ်ချန်ရီကို ဂရုစိုက်နေမည်မဟုတ်ပေ။

သို့သော် ယခုအခါ ဟယ်ချန်ရီက သူ့ထက် အဆင့်ငယ်သုံးဆင့် ပိုမြင့်နေပြီး ပကတိအင်မော်တယ် နဝမအဆင့် အထွတ်အထိပ်ဖြင့်သာ ဆိုလျှင် ဟယ်ချန်ရီ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်အင်မော်တယ်တစ်ပါးနှင့်ပင် ယှဥ်နိုင်လောက်ပြီ ဖြစ်သည်။

ဤကဲ့သို့ ပါရမီရှင်မျိုးကို အဆင့်သုံးဆင့် ကျော်ဖြတ်၍ ရင်ဆိုင်ရမည်မှာ သူ့အတွက် လွယ်ကူသောကိစ္စ တစ်ခု မဟုတ်ပေ။

“ဟယ်ချန်ရီ အပြင် မင်း ပိုပြီး သတိထားရမဲ့ နောက်တစ်ယောက် ရှိသေးတယ်.. ဘာလို့လည်းဆိုတော့ အဲဒီလူက လုမိသားစုက ဖြစ်နေလို့ပဲ”

လော့ချန်ချိုးက လုမိသားစု ရှိရာ ဘက်သို့ လေးနက်သော အကြည့်ဖြင့် တစ်ချက် ကြည့်ကာ ပြောလိုက်သည်။

“မင်းရဲ့ ပါရမီက လုမိသားစုကို မနာလိုဖြစ်စေဖို့ လုံလောက်တယ်.. လုမိသားစုက မင်းနဲ့ရန်ငြိုးလည်း ရှိနေတာ ဆိုတော့ နောင်ရေးအတွက် အနှောင့်အယှက် မဖြစ်အောင် မင်းကို ဘယ်လိုနည်းနဲ့မဆို ရှင်းပစ်ဖို့ ကြိုးစားလာလိမ့်မယ်.. ဒီတလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်က သူတို့အတွက် အခွင့်အရေးကြီးတစ်ခုပဲ.. လုမိသားစုက ဒီအခွင့်အရေးကို အလွယ်တကူ လက်လွှတ်ခံမှာ မဟုတ်ဘူး”

ကျန်းချန်က လုမိသားစု ရှိရာ ဆီသို့ လှမ်းကြည့်လိုက်သည်။

လုမိသားစုအဖွဲ့သည် စုစုပေါင်း ခုနစ်ယောက် ရှိပြီး လော့ရွှေကုန်သည်အဖွဲ့ထက်ပင် သိသိသာသာ ပို၍ သန်မာနေခဲ့သည်။

ထိုသူများထဲတွင် သိမ်းငှက်မျက်လုံး ကဲ့သို့ စူးရှသော မျက်ဝန်းကို ပိုင်ဆိုင်ထားသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးနှင့် အဖြူရောင်ဝတ်စုံဝတ် ကျင့်ကြံသူတစ်ဦး တို့၏ ခန္ဓာကိုယ်ကနေ ရွှေအင်မော်တယ်အဆင့် အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် ထိုနှစ်ယောက်သည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

ထိုရွှေ‌အင်မော်တယ်အဆင့် ကျင့်ကြံသူနှစ်ဦး၏ အနောက်တွင်မူ လူငယ်ငါးဦး ရှိနေခဲ့သည်။

လူငယ်ငါးဦးထဲမှ တစ်ဦးကို ကျန်းချန်သည် ကောင်းစွာ မှတ်မိနေဆဲပင်။

ထိုသူမှာ ပကတိအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ထိုစဥ်က အင်မော်တယ်လမ်းကြောင်းကို စောင့်ကြပ်ခဲ့သည့် လုဟယ်ပင် ဖြစ်သည်။

လုဟယ်မှ လွဲ၍ ကျန်လူငယ် လေးဦးသည် အလွန်တရာပင် အစွမ်းထက်ကြပြီး သုံးဦးမှာ ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူများ ဖြစ်ကာ တစ်ဦးကမူ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည်။

“လုမိသားစုက ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူက လုဟုန်ယွီပဲ.. သူက လုမိသားစုရဲ့ အစွမ်းထက်ဆုံး ပါရမီရှင်လည်း ဖြစ်တယ်.. သူ့ရဲ့ ခွန်အားက ဟယ်ချန်ရီထက်တောင် မနိမ့်ကျဘူး.. တစ်ခါကဆို ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူနဲ့ တိုက်ခိုက်ခဲ့ဖူးပြီး ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်”

ကျန်းချန်က လုမိသားစုအဖွဲ့ကို အကဲခတ်နေစဥ်မှာပင် လော့ချန်ချိုး၏ စကားသံက သူ၏ နားထဲကို ဝင်ရောက်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းချန်သည် လော့ဟုန်ယွီ၏ အနားတွင် ရှိနေသည့် အေးစက်သော မျက်နှာထားနှင့် အနက်ရောင် ဝတ်စုံဝတ်လူငယ်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။

ထိုအနက်‌ရောင်ဝတ်စုံဝတ် လူငယ်သည် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သာ ရှိပုံရသော်လည်း ခွန်အားကမူ ပကတိအင်မော်တယ် နဝမအဆင့်ထက်ပင် သာလွန်နိုင်သည်ဟု ကျန်းချန် ခံစားမိနေခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျက်လက်သွားခဲ့ပြီး လော့ချန်ချိုးကို မမေးဘဲ မနေနိုင်တော့ပေ။

“ခေါင်းဆောင်လော့.. လုမိသားစုရဲ့ ပကတိ အင်မော်တယ်အဆင့် ကျင့်ကြံသူတွေထဲမှာ လုဟုန်ယွီထက် ပိုပြီး ထူးချွန်တဲ့ ပါရမီရှင် ရှိသေးလား”

ထိုမေးခွန်းကိုကြားလျှင် လော့ချန်ချိုးသည် တစ်ခဏမျှ မှင်တက်သွားပြီးမှ ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်သည်။

“ငါသိထားသလောက်တော့ လုဟုန်ယွီက လုမိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ.. လုမိသားစုမှာ သူ့ထက်သာတဲ့ ပကတိအင်မော်တယ်အဆင့် ပါရမီရှင် မရှိဘူး”

ထိုစကားကိုကြားလျှင် လုမိသားစုကို အကဲခတ်နေသည့် ကျန်းချန်၏ အကြည့်က ပိုမို၍ လေးနက်သွားခဲ့သည်။

သူ၏ ပင်ကိုသိစိတ် အရ အေးစက်စက် မျက်နှာထား ရှိသည့် ပကတိအင်မော်တယ် အဋ္ဌမအဆင့် လူငယ်သည် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည့် လုဟုန်ယွီထက်ပင် ပို၍ ကြောက်မက်ဖွယ် အစွမ်းထက်သည်ဟု ခံစားမိနေခဲ့သည်။

လုမိသားစုတွင် ထိုကဲ့သို့ ပါရမီရှင် တစ်ဦး ရှိနေသည်ကို လော့‌ရွှေကုန်သည်အဖွဲ့၏ ခေါင်းဆောင် ‌လော့ချန်ချိုးပင် မသိရှိပေ။

ဤကဲ့သို့ အခြေအနေမျိုးတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်။

လုမိသားစုက အလွန်အမင်း ဖုံးကွယ်ထားခြင်း သို့မဟုတ် လုမိသားစုမှ မဟုတ်၍သာ ဖြစ်ပေလိမ့်မည်။

ကျန်းချန်တို့က လုမိသားစုကို အကဲခတ်နေစဥ် လုမိသားစုမှ လူများသည်လည်း ကျန်းချန်တို့ကို သတိပြုမိသွားကြသည်။

“မျိုးနွယ်စု‌ခေါင်းဆောင်.. လော့ချန်ချိုး နံဘေးမှာ ရပ်နေတဲ့ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက ကျန်းချန် ဆိုတဲ့ကောင်ပဲ”

လုဟယ်က ကျန်းချန်ကို မကျေမနပ် စိုက်ကြည့်လိုက်ပြီး လုမိသားစု‌ခေါင်းဆောင် လုထျန်းရှင်းကို တင်ပြလိုက်သည်။

လုထျန်းရှင်းက ကျန်းချန်ကို မယုံကြည်နိုင်သော အမူအရာဖြင့် တစ်ချက် ကြည့်ကာ လုဟယ်ကို ပြန်မေးလိုက်သည်။

“အဲဒီကောင်လေးက လွန်ခဲ့တဲ့နှစ်လကမှ အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကကို တက်လှမ်းလာတယ် ဆိုတာ မင်း သေချာရဲ့လား”

နှစ်လအတွင်းမှာပင် အဆင့်နိမ့်စကြဝဠာကနေ တက်လှမ်းလာသည့် အတုအယောင် အင်မော်တယ် အဆင့်ကနေ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်အထိ ချိုးဖျက်နိုင်ခဲ့သည်မှာ အလွန်အမင်း ချဲ့ကားလွန်းရာ ရောက်နေခဲ့သည် မဟုတ်ပါလား။

“တကယ်ပါ”

လုဟယ်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“အတုအယောင် အင်မော်တယ် အဆင့်မှာ ရှိနေစဥ်ကတည်းက ကျွန်တော်တို့ လုမိသားစုရဲ့ ပကတိအင်မော်တယ် တတိယအဆင့်ကို ဒီကောင် သတ်နိုင်ခဲ့တယ်.. ဒီကောင် ပကတိအင်မော်တယ် စတုတ္ထအဆင့်မှာ ရှိစဥ်ကလည်း လော့ရွှေကုန်သည်အဖွဲ့က ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို အနိုင်ယူနိုင်ခဲ့တယ်.. အခုဆိုရင် သူက ပကတိအင်မော်တယ်ဆဋ္ဌမအဆင့်ကိုတောင် ရောက်နေခဲ့ပြီ.. သူ့ရဲ့ပါရမီက တကယ်ကို ဆန်းကြယ်လွန်းတာတော့ အမှန်ပဲ”

ထိုစကားကိုကြားလျှင် လုထျန်းရှင်းတို့ ရွှေအင်မော်တယ်နှစ်ပါးနှင့် ကျန်လူငယ်ပါရမီရှင် လေးဦးတို့၏ မျက်နှာအမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။

ပကတိအင်မော်တယ် စတုတ္ထအဆင့်တွင် ရှိစဥ်ကပင် ပကတိအင်မော်တယ် နဝမအဆင့်ကို သတ်နိုင်ခဲ့သည် ဆိုလျှင် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်တွင် ထိုလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းနေပါမည်နည်း။

“ဒီကောင်က အစွမ်းထက်လွန်းတယ်.. လုမိသားစုအတွက် အသုံးမချနိုင်ဘူးဆိုမှတော့ ဒီကောင့်ကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး”

လုထျန်းရှင်း၏ မျက်ဝန်းထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ယှက်သန်းသွားခဲ့သည်။

“တလော့လျှို့ဝှက်နယ်မြေထဲကို ရောက်ရင် မင်းတို့တွေ သူ့ကို ရှင်းပစ်ရမယ်”

အတုအယောင် အင်မော်တယ်အဆင့်ကနေ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ကို နှစ်လအတွင်း ချိုးဖျက်နိုင်ခဲ့သည့်ပါရမီမျိုးသည် တလော့အင်အားစုထဲမှ ထိပ်တန်း ပါရမီရှင်များထက်ပင် ပို၍ ဆန်းကြယ်နေခဲ့သည်။

ယခု ထိုကောင်လေးက လော့ရွှေကုန်သည်အဖွဲ့နှင့် ရင်းနှီးနေသည် ဖြစ်ရာ ထိုကောင်လေးသာ ကြီးပြင်းလာလျှင် ထျန်း‌ရွှေအင်မော်တယ် မြို့တော်၌ သူတို့ လုမိသားစု၏ ရပ်တည်မှုသည် အကြီးအကျယ် ခြိမ်း‌ခြောက်ခံရလိမ့်မည် မဟုတ်ပါလော။

“ခေါင်းဆောင် စိတ်မပူပါနဲ့.. သူက ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူလေး တစ်ယောက်ပါပဲ”

လော့ဟုန်ယွီက ကျန်းချန်ကို မထီမဲ့မြင် တစ်ချက်ကြည့်ကာ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

“တလော့လျှို့ဝှက်နယ်မြေထဲကနေ သူ အသက်ရှင်လျက် ပြန်ထွက်မလာစေရဘူးလို့ ကျွန်တော် အာမခံတယ်”

ကျန်းချန်၏ ပါရမီက အလွန်ပင် ဆန်းကြယ်သလို သူ၏ ပါရမီကလည်း မညံ့ပေ။

အကယ်၍ သူတို့သာ နှစ်ဦးသာ အဆင့်တူ အတွင်းဆိုလျှင် သူ့အနေဖြင့် ကြောက်ရွံ့ကောင်း ကြောက်ရွံ့ရပေလိမ့်မည်။

သို့သော် ယခု သူက ကျန်းချန်ထက် အဆင့်သုံးဆင့် ပိုမြင့်နေသည် ဖြစ်ရာ ကျန်းချန်ကို ဖြေရှင်းရန်မှာ သူ့အတွက် အလွယ်လေးပင် မဟုတ်ပါလား။

“ပြိုင်ဘက်ကို အထင်မသေးလိုက်နဲ့.. အဲဒီကောင်လေးက ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က မင်းထက် မနိမ့်ကျနိုင်ဘူး”

လုထျန်းရှင်းက လေးလေးနက်နက် သတိပေးလိုက်ပြီးနောက်တွင် လုဟုန်ယွီ အနားတွင် ရပ်နေသည့် အေးစက်စက်မျက်နှာထားနှင့် လူငယ်ကို ယဥ်ကျေးသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“သခင်လေးဝမ်.. တကယ်လို့ ဟုန်ယွိတို့ အခက်အခဲနဲ့ ကြုံလာခဲ့ရင် သခင်လေးအနေနဲ့ ကူညီပေးဖို့ မျှော်လင့်ပါတယ်”

သခင်လေးဝမ်က အေးတိအေးစက် ပြောလိုက်သည်။

“စိတ်မပူပါနဲ့.. ငါက လုမိသားစုရဲ့ ဝင်ခွင့်နေရာ တစ်နေရာကို တောင်းဆိုထားတာ ဆိုတော့ မင်းတို့ လုမိသားစုရဲ့ တပည့်တွေကို ဘေးကင်းအောင် စောင့်‌ရှောက်ပေးမှာပါ”

“ကျေးဇူးတင်ပါတယ် သခင်လေးဝမ်”

သခင်လေးဝမ်ထံမှ ထိုစကားကို ကြားလိုက်ရသည့်အခါမှသာ လုထျန်းရှင်းသည် စိတ်အေးသွားခဲ့သည်။

သခင်လေးဝမ်သည် တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော်မှ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။

သူက ပကတိအင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ လုဟုန်ယွီထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး သာမန် ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်နှင့်ပင် ရင်ဆိုင်နိုင်၏။

သခင်လေးဝမ်ကသာ ပါဝင်လှုပ်ရှားလာမည် ဆိုလျှင် ကျန်းချန် မည်မျှပင် အစွမ်းထက်နေပါစေ၊ ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။

“ဝုန်း..”

ကျန်းချန်တို့ နှင့် လုမိသားစုမှ ကျင့်ကြံသူများက တစ်ဖက်နှင့်တစ်ဖက် အကဲခတ်နေကြစဥ်မှာပင် ကောင်းကင်ယံ၌ ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တောက်ပသော အလင်းများ ဖြာထွက်နေသည့် လှေတစ်စင်းသည် ကောင်းကင်ယံကနေ ခုတ်မောင်းလိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုနေရာသို့ ရောက်လာခဲ့သည်။

အင်မော်တယ်လှေပေါ်တွင် ခမ်းနားစွာ ဝတ်ဆင်ထားသော ပုံရိပ်တချို့ ဝင့်ကြွားစွာ ရပ်နေခဲ့ကြ၏။

ခေါင်းဆောင်လာသူမှာ သူရဲကောင်းဆန်သော အသွင်အပြင်ရှိသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုလူ၏ ခန္ဓာကိုယ်ကနေ ရွှေအင်မော်တယ်အဆင့် အရှိန်အဝါ ထွက်ပေါ်နေခဲ့ပြီး ထိုအရှိန်အဝါသည် ဤနေရာရှိ မည်သည့်‌ ရွှေအင်မော်တယ်ထက် မဆို သာလွန်နေခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

စန်းဟယ်အင်မော်တယ် မြို့တော်မှ အင်အားအကြီးဆုံး မိသားစု ဖြစ်သည့် ဟယ်မိသားစုမှ လူများသည် အဆုံးသတ်တွင် ရောက်လာကြချေပြီ။

အခန်း(၂၆၈၉)ပြီး၏။

အခန်း(၂၆၉၀)

စန်းဟယ်အင်မော်တယ် မြို့တော်၏ ဟယ်မိသားစုသည် စန်းဟယ်အင်မော်တယ် မြို့တော်တွင် နံပါတ်တစ် ရွှေအင်မော်တယ်အင်အားစု ဖြစ်ပြီး ထျန်းရွှေအင်မော်တယ်မြို့တော်၏ လုမိသားစုထက်ပင် ပို၍ အင်အားတောင့်တင်းသည်။

ဟယ်မိသားစု၏ ခေါင်းဆောင် ဟယ်ချန်ကျင်းသည် ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ရွှေအင်မော်တယ်အဆင့်တွင် အဆင့်တစ်ဆင့် ထိုးဖောက်ရန် အလွန်ပင် ခက်ခဲ၏။

စန်းယွင်ပြည်နယ်ရှိ ရွှေအင်မော်တယ် အများစုသည် ပထမအဆင့်နှင့် ဒုတိယအဆင့်တွင်သာ ရှိကြပြီး တတိယအဆင့်ကို ထိုးဖောက်နိုင်သူသည်ပင် အလွန်တရာ ရှားပါးသည်။

ထို့ကြောင့် ရွှေအင်မော်တယ် စတုတ္ထအဆင့်ကျင့်ကြံသူ ဖြစ်သည့် ဟယ်ချန်ကျင်းသည် စန်းယွင်ပြည်နယ် တစ်ခုလုံးနှင့် ကြည့်လျှင်ပင် ထိပ်တန်း ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူဟု ဆိုနိုင်၏။

ဟယ်မိသားစု ရောက်ရှိလာပြီးနောက်တွင် မြို့တော်နှစ်ခုမှ တခြား အင်အားစုများသည်လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိ လာခဲ့ကြသည်။

ထျန်းရွှေအင်မော်တယ်မြို့တော်မှ နင်မိသားစုသည်လည်း ကျန်းချန်တို့ ဆီသို့‌ ရောက်ရှိလာခဲ့၏။

ထျန်းရွှေအင်မော်တယ် မြို့တော်၏ ရွှေအင်မော်တယ်အင်အားစုသုံးစု ထဲမှ တစ်စု ဖြစ်သည့် နင်မိသားစုသည်လည်း တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ရန်အတွက် ဝင်ခွင့်နေရာ လေးနေရာကို ရရှိထားခဲ့သည်။

နင်မိသားစုကို ဦးဆောင်လာသူမှာ နင်မိသားစု၏ ခေါင်းဆောင် နင်ယွီလော့ ဖြစ်သည်။

နင်မိသားစုမှ တပည့်လေးယောက်၏ စွမ်းရည်သည် လော့ချင်းအာတို့ ထက်ပင် များစွာ ပို၍ သန်မာ၏။

ဆိုရလျှင် လော့ရွှေကုန်သည်အဖွဲ့သည် လော့ဝူကျိ နောက်ပိုင်းတွင် ထူးချွန်သော ပါရမီရှင်များကို မမွေးထုတ်နိုင်ခဲ့ပေ။

လော့ချင်းအာက ထူးချွန်သောပါရမီ ရှိသော်လည်း ကျင့်ကြံသည့်အချိန် သိပ်မရှိသေးသောကြောင့် ပကတိအင်မော်တယ် စတုတ္ထအဆင့်တွင်သာ ရှိနေသေး၏။

ကျန်ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ယောက်သည်လည်း သာမန် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူများသာ ဖြစ်သည်။

ကျန်းချန်သာ ပါမလာခဲ့လျှင် တလော့လျှို့ဝှက်နယ်မြေကို ဝင်ရောက်မည့် လော့ရွှေကုန်သည်အဖွဲ့၏ လူစာရင်းသည် အခြားသော ‌ရွှေအင်မော်တယ် အင်အားစုများနှင့် ယှဥ်လျှင် အားနည်းလွန်းနေမည် ဖြစ်သည်။

“ညီနောင်လော့.. တလော့လျှို့ဝှက်နယ်မြေထဲမှာ လော့ရွှေကုန်သည်အဖွဲ့အနေနဲ့ ငါတို့ နင်မိသားစုကို စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်”

နင်ယွီလော့က လော့ချန်ချိုးကို ပြုံး၍ ပြောလိုက်သည်။

လော့ချန်ချိုးက ခပ်ယဲ့ယဲ့ပြုံးကာ ဖော်ရွေစွာ ပြောဆိုလိုက်သည်။

“ညီနောင်နင်.. ငါတို့ လော့ရွှေကုန်သည်အဖွဲ့နဲ့ မင်းတို့ နင်မိသားစုက မဟာမိတ်တွေပဲ.. အချင်းချင်း ကူညီကြရမှာပေါ့”

တလော့လျှို့ဝှက်နယ်မြေထဲတွင် သူတို့ပြိုင်ဘက်သည် လုမိသားစု တစ်စုတည်း မဟုတ်ဘဲ စန်းဟယ် အင်မော်တယ်မြို့တော်ကိုပါ ရင်ဆိုင်ရမည် ဖြစ်သောကြောင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မဟာမိတ် လုပ်ထားဖို့ လိုအပ်သည်။

လော့ချန်ချိုး၏ စကားကိုကြားလျှင် နင်ယွီလော့၏ အနောက်မှ နင်မိသားစု တပည့်လေးဦး၏ မျက်နှာထက်တွင် မထီမဲ့မြင်အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

လော့ရွှေကုန်သည်အဖွဲ့သည် ထျန်း‌ရွှေအင်မော်တယ်မြို့တော်ရှိ ရွှေအင်မော်တယ်အင်အားစု သုံးစုထဲမှ တစ်စု ဖြစ်သော်လည်း သူတို့ နင်မိသားစု ကဲ့သို့ ရွှေအင်မော်တယ်အင်အားစုနှင့်ယှဥ်လျှင် အင်အားမတောင့်တင်းပေ။

ဤတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေထဲကို လော့ရွှေကုန်သည်အဖွဲ့သည် ပကတိအင်မော်တယ် စတုတ္ထအဆင့် တစ်ယောက်နှင့် ပကတိအင်မော်တယ်ဆဋ္ဌမအဆင့် တစ်ယောက်ကိုပါ စေလွှတ်လိုက်သည်။

ထိုကဲ့သို့သော အမှိုက်မျိုးသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလျှင်ပင် ကံ‌ကောင်းသည်ဟု ဆိုနိုင်ပြီး သူတို့ကို ကူညီဖို့ ဆိုသည်မှာ ‌ပြောနေစရာပင် မလိုပေ။

“ခေါင်းဆောင်ဟယ်.. အချိန်လည်းနီးနေပြီဆိုတော့ တလော့လျှို့ဝှက်နယ်မြေကို ဖွင့်လိုက်ကြရအောင်”

လုထျန်းရှင်းက မြေပြင်ဆီကကနေ ကောင်းကင်ယံကို ပျံတက်လာခဲ့ပြီး ဟယ်ချန်ကျင်းနှင့် ယှဥ်ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ထျန်းရွှေအင်မော်တယ် မြို့တော်နှင့် စန်းဟယ်အင်မော်တယ် မြို့တော်တို့ ကြားမှ တိုက်ပွဲ ပြီးဆုံးသွားပြီးနေက်တွင် တစ်ယောက်ယောက်က တလော့လျှို့ဝှက်နယ်မြေ ထဲကို အတင်းအကျဥ် ဝင်ရောက်မည် စိုးသောကြောင့် ဟယ်ချန်ကျင်းနှင့် လုထျန်းရှင်း တို့သည် တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝတွင် အစီအရင် အတားအဆီး တစ်ခုကို ပူးပေါင်း၍ ဖန်တီးထားခဲ့ကြသည်။

ရွှေအင်မော်တယ် စတုတ္ထအဆင့် တစ်ယောက်နှင့် ရွှေအင်မော်တယ် တတိယအဆင့်တစ်ယောက်၏ ပူးပေါင်း ခင်းကျင်းထားသော အတားအဆီး အစီအရင်ကို ရွှေအင်မော်တယ် ပဉ္စမအဆင့် သို့မဟုတ် ထိုထက် အဆင့်မြင့်သည့်သူ မဟုတ်လျှင် ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

ဟယ်ချန်ကျင်းက ခေါင်းညိတ်လိုက်ပြီး စကားများစွာ ပြောမနေတော့ဘဲ လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်ကာ တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝရှိ အစီအရင် အတားအဆီးကို ဖွင့်လှစ်ရန် ပြင်လိုက်သည်။

ခဏအကြာတွင် တလော့လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်မှ အစီအရင်အတားဆီးကို ဟယ်ချန်ကျင်းတို့ ဖွင့်လှစ်နိုင်ခဲ့သည်။

“တလော့လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ.. နှစ်ဖက် သဘောတူညီချက်အရ မြို့တော် နှစ်ခုလုံးက တလော့လျှို့ဝှက်နယ်မြေထဲကို လူနှစ်ဆယ်စီပဲ ပို့နိုင်ပြီး ကျင့်ကြံခြင်း အဆင့်ကလည်း ကောင်းကင်အင်မော်တယ် အဆင့်အောက်မှာပဲ ရှိရမယ်”

ဟယ်ချန်ကျင်းက အေးစက်စက် ပြောလိုက်သည်။

“ခေါင်းဆောင်လု.. ခင်ဗျားတို့ ထျန်းရွှေအင်မော်တယ်မြို့တော်က လူတွေကို အရင် ဝင်ခိုင်းလိုက်ပါ”

လုထျန်းရှင်း၏ မျက်ဝန်းထဲတွင် အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။

တလော့လျှို့ဝှက်နယ်မြေထဲတွင် မည်ကဲ့သို့ အခြေအနေရှိသည်ကို မည်သူမှ မသိပေ။

ဟယ်ချန်ကျင်းသည် ထျန်းရွှေအင်မော်တယ်မြို့တော်မှ လူများကို အရင်ဝင်ခိုင်းခြင်းမှာ စိတ်စေတနာကောင်းဖြင့် မဟုတ်ဘဲ ထျန်းရွှေအင်မော်တယ် မြို့တော်မှ လူများကို အသုံးချကာ ရှေ့ကနေ စူးစမ်းစေခြင်း ဖြစ်သည်။

သို့ရာတွင် လုထျန်းရှင်းသည် ဟယ်ချန်ကျဲ၏ ရည်ရွယ်ချက်ကို သိသော်လည်း မငြင်းဆန်ခဲ့ပေ။

"ကျားဂူထဲ မဝင်လျှင် ကျားသားမစားရဘူး" ဟူသည် ဆိုရိုးစကားရှိသည် မဟုတ်ပါလော။

အန္တရာယ်နှင့် အခွင့်အရေး ဆိုသည်မှာ အမြဲတစေ ဒွန်တွဲနေတတ်သည်။

ထို့ကြောင့် တ‌လော့လျှို့ဝှက်နယ်မြေ ထဲကို အရင်ဝင်ရောက်သူများသည် အန္တရာယ် ပိုများနိုင်သော်လည်း အခွင့်အလမ်းများကို အရင်ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။

လုထျန်းရှင်းက အောက်ဘက်ကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ထျန်းရွှေအင်မော်တယ်မြို့တော်က လူတွေအားလုံး တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်လို့ရပြီ.. မှတ်ထားပါ.. မင်းတို့အတွက် အချိန်သုံးလပဲရှိတယ်.. အေးခဲတောင်တန်းရဲ့အအေးလှိုင်းက သုံးလအကြာမှာ ပြန်ပေါ်ပေါက်လာလိမ့်မယ်.. အဲဒီအချိန်မှာ တလော့လျှို့ဝှက်နယ်မြေကနေ မထွက်လာနိုင်ရင်တောင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ”

လုထျန်းရှင်းက အလေးအနက် သတိပေးလိုက်သည်။

လုထျန်းရှင်း၏ စကားဆုံးသည်နှင့် လုမိသားစုမှ ကျင့်ကြံသူငါးဦးသည် ရှေ့ဆုံးကနေ လေထဲကို ပျံသန်းသွားခဲ့ပြီး တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝဆီကို ဦးတည်သွားကြသည်။

ချက်ချင်းဆိုသလိုပင် နင်မိသားစုမှ ကျင့်ကြံသူလေးယောက်သည်လည်း လိုက်ပါသွားခဲ့ကြ၏။

ထိုမြင်ကွင်းကိုမြင်လျှင် လော့ချန်ချိုးသည် ကျန်းချန်တို့ လေးယောက်ကို အလေးအနက် မှာကြားလိုက်သည်။

“သွားကြတော့.. အထဲကိုရောက်ရင် သတိထားကြဦး”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး လော့ချင်းအာတို့နှင့် အတူ တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝ ဆီကို လိုက်ပါသွားခဲ့သည်။

ကျန်းချန်တို့ တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်သွားပြီးနောက်တွင် ထျန်းရွှေအင်မော်တယ်မြို့မှ ကျန်ခုနစ်ယောက်သည်လည်း တလော့လျှို့ဝှက်နယ်မြေကို တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားကြသည်။

ထို့နောက်တွင်မှာ စန်းဟယ်အင်မော်တယ်မြို့မှ ကျင့်ကြံသူများသည်လည်း တလော့လျှို့ဝှက်နယ်မြေထဲကို စတင်၍ ဝင်ရောက်ခဲ့ကြသည်။

ဟယ်ချန်ကျင်းနှင့် လုထျန်းရှင်း တို့၏ ကြီးကြပ်မှုအောက်တွင် မည်သူမျှ မဆင်မခြင် မလုပ်ရဲကြ၍ လုပ်ငန်းစဥ် တစ်ခုလုံးသည် အလွန်ပင် ချောမွေ့နေခဲ့သည်။

တစ်ခဏအတွင်းမှာပင် စန်းဟယ်အင်မော်တယ် မြို့တော်မှ ပကတိအင်မော်တယ် အယောက်နှစ်ဆယ်လုံးသည် တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်သွားခဲ့ကြ၏။

ကျန်းချန်က တလော့လျှို့ဝှက်နယ်မြေထဲကို ဝင်လိုက်သည်နှင့် အချိန်နှင့်ဟင်းလင်းပြင်က ဗြောင်းဆန်သွားသလို ခံစားလိုက်ရပြီး ကမ္ဘာကြီး တစ်ခုလုံးသည်လည်း ချက်ချင်းဆိုသလိုပင် ဖြူဖွေးသောမြင်ကွင်း အဖြစ်သို့ ပြောင်းလဲသွားကာ အလွန် အေးစက်သောလေများက တိုးဝင်လာခဲ့သည်။

ကျန်းချန်က အေးစက်သည့် လေထုထဲတွင် အအေးဒဏ်ကို အမှုမထားဘဲ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သူ၏ နံဘေးတွင်မူ လော့ချင်းအာ တစ်ယောက်တည်းသာ ရှိနေခဲ့၏။

တလော့လျှို့ဝှက်နယ်မြေ၏ အဝင်ဝသို့ ရောက်စဥ် ကျန်းချန်သည် အဝင်ဝတွင် ဟင်းလင်းပြင် ကိုဩဒိနိတ် အမှတ်အများအပြား ရှိနေသည်ကို တွေ့ရှိခဲ့သည်။

ထိုကိုသြဒိနိတ် အမှတ်တစ်ခုချင်းစီသည် တလော့လျှို့ဝှက်နယ်မြေ၏ မတူညီသော နေရာများနှင့် ချိတ်ဆက်ထားခဲ့၏။

လော့ချင်းအာက သူနှင့်အတူ တစ်နေရာတည်းတွင် ပေါ်လာရသည့် အကြောင်းအရင်းမှာ သူက လော့ချင်းအာကို သူ၏ ဟင်းလင်းပြင် ကိုဩဒိနိတ် အမှတ်အထဲကို ဆွဲခေါ်လာ၍ ဖြစ်သည်။

ဆိုရလျှင် လော့ချင်းအာသည် ပကတိအင်မော်တယ် စတုတ္ထအဆင့်သာ ရှိသောကြောင့် ဤ တလော့လျှို့ဝှက်နယ်မြေထဲတွင် တစ်ယောက်တည်း သွားလာရန်မှာ အလွန်ပင် အန္တရာယ်များ၏။

သူက လော့ချင်းအာကို ဘေးကင်းစွာ စောင့်ရှောက်ပေးမည်ဟု လော့ချန်ချိုးကို ကတိပေးထားသည် ဖြစ်ရာ လော့ချင်းအာကို အန္တရာယ် မဖြစ်စေချင်ခဲ့ပေ။

“ဒီ တလော့လျှို့ဝှက်နယ်မြေက အရမ်းအေးတာပဲ”

‌လော့ချင်းအာက ပတ်ဝန်းကျင်ကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီး ကျန်းချန်ကို မေးလိုက်သည်။

“သခင်လေးကျန်းချန်.. ကျွန်မတို့ အခုဘယ်ကိုသွားကြမလဲ”

“ဒီတလော့လျှို့ဝှက်နယ်မြေရဲ့ ပိုင်ရှင်က ရေခဲလမ်းစဥ်စွမ်းအားကို ကျင့်ကြံတဲ့ တလော့အင်မော်တယ် တစ်ပါး ဖြစ်ပုံရတယ်.. ဒါကြောင့် ဒီနေရာက အရမ်းအေးနေတာ ဖြစ်နိုင်တယ်”

ကျန်းချန်က တစ်ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။

“ငါတို့အခု ဒီ တလော့လျှို့ဝှက်နယ်မြေ အကြောင်း ဘာမှမသိသေးဘူး.. အရင်ဆုံး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ကြတာပေါ့”

ထိုသို့ ပြောပြီးသည်နှင့် ကျန်းချန်သည် သူ၏ နတ်အသိစိတ်အာရုံကို မိုင်တစ်ရာပတ်လည်သို့ ဖြန့်ကျက်လိုက်ပြီး လော့ချင်းအာကို ဂရုတစိုက် ဦးဆောင် ခေါ်ဆောင်သွားခဲ့သည်။

သူတို့ ယခု ရောက်ရှိနေသော နေရာသည် အလွန်ရှေးကျသည့် တောအုပ်တစ်ခု ဖြစ်ပြီး မီတာရာချီ မြင့်မားသည့် ရှေးဟောင်းသစ်ပင်ကြီးများသည် ပတ်ပတ်လည်တွင် ရှိနေခဲ့၏။

တစ်တောလုံးက အလွန်ပင် တိတ်ဆိတ် ငြိမ်သက်နေပြီး ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသော အခြေအနေသည် ကျန်းချန်ကို အလွန်ပင် စိတ်မသက်မသာ ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။

ယင်းအချိန်တွင် လော့ချင်းအာသည် နှာခေါင်းကို အနည်းငယ်ရှုံ့ကာ ရုတ်တရက် ပြောလိုက်၏။

“အစ်ကိုကျန်းချန် အရမ်းမွှေးတဲ့ ရနံ့ တစ်ခုခုကို မရဘူးလား”

အခန်း(၂၆၉၀)ပြီး၏။

All Chapters