← Chapters

အခန်း (၂၆၈၇-၂၆၈၈)

Vol. 209 Ch. 2687-2688

အခန်း (၂၆၈၇-၂၆၈၈)

Vol. 209 Ch. 2687-2688

အခန်း(၂၆၈၇)

“အဆင့်ချိုးဖျက်ရတာက တဖြည်းဖြည်းနဲ့ ပိုပိုပြီး ခက်ခဲလာတာပဲ”

ကျန်းချန်က မျက်လုံးများကို ဖွင့်လိုက်ပြီးနောက်တွင် မချိတင်ကဲ ရေရွတ်လိုက်သည်။

မူလက သူသည် အင်မော်တယ်ခရစ္စတယ် ဆယ်ခုကျော်ရှိရာတွင် ပကတိအင်မော်တယ် နဝမအဆင့်ခရစ္စတယ် တစ်ခုပင် ပါဝင်နေသဖြင့် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်သို့ မရောက်နိုင်လျှင်ပင် ထိုအဆင်သို့ ရောက်ရန် အလွန်တရာ နီးစပ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော်လည်း ပကတိအင်မော်တယ် ပဉ္စမအဆင့်သို့ ထိုးဖောက်နိုင်ရုံသာ ရှိသေးသည့် အချိန်မှာပင် အင်မော်တယ် ခရစ္စတယ်များ၏ စွမ်းအားက ကုန်ခမ်းလုနီးပါး ဖြစ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်သည် အဆင့်နိမ့် အင်မော်တယ်ခရစ္စတယ်များက သူ၏ တိုးတက်မှု အတွက် အသုံးမဝင်သလောက် ဖြစ်နေသည်ဟု ခံစားခဲ့ရ၏။

အကယ်၍ ပကတိအင်မော်တယ် ပဉ္စမအဆင့်ကနေ ဆဋ္ဌမအဆင့်သို့ ချိုးဖျက်လိုလျှင် ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ် ဆယ်ခု သို့မဟုတ် ရှစ်ခုခန့် လိုအပ်လိမ့်မည်ဟု သူတွေးမိခဲ့သည်။

အကယ်၍ ယင်းမှာ သာမန် အင်မော်တယ်ခရစ္စတယ် အတွက်သာ ဖြစ်လျှင် လိုအပ်သည့် အရေအတွက်သည် အလွန် ထိတ်လန့်စရာကောင်းသော ပမာဏသို့ ရောက်ရှိသွားပေလိမ့်မည်။

“ကြည့်ရတာ ပကတိအင်မော်တယ် နဝမအဆင့်ကို ချိုးဖျက်ဖို့ ဒါမှမဟုတ် ကောင်းကင်အင်မော်တယ် အဆင့်ကို တက်လှမ်းဖို့အတွက် ဆိုရင် အင်မော်တယ်ခရစ္စတယ် အမြောက်အများ လိုအပ်မယ့်ပုံပဲ”

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ဆက်လက် ကျင့်ကြံရန်အတွက် လော့ရွှေကုန်သည်အဖွဲ့ထံမှ အင်မော်တယ်ခရစ္စတယ် အချို့ကို ဝယ်ယူရန် ခန်းမထဲမှ ထွက်လာခဲ့သည်။

သို့သော်လည်း လော့ချင်းအာသည် ကျန်းချန် အတွက် ကြိုတင်၍ ပြင်ဆင်ပေးထားခဲ့၏။

လျှို့ဝှက်အခန်းထဲကနေ ကျန်းချန် ထွက်လာသည်နှင့် အပြင်တွင် စောင့်ဆိုင်းနေသော အစေခံမိန်းကလေးသည် လော့ချင်းအာ ပြင်ဆင်ပေးထားသော အင်မော်တယ် ခရစ္စတယ်များကို ကျန်းချန်၏ လက်ထဲသို့ တိုက်ရိုက်ပင် လွှဲပြောင်းပေးအပ်လိုက်သည်။

“သခင်လေးကျန်းချန်.. ဒါက သခင်မလေးက သခင်လေးအတွက် ပြင်ဆင်ပေးထားတဲ့ အင်မော်တယ်ခရစ္စတယ် တစ်ရာပါ.. အဲဒီထဲမှာ ကောင်းကင်အင်မော်တယ် ခရစ္စတယ်နှစ်ခုပါဝင်ပြီး ကျန်တာတွေကတော့ ပကတိအင်မော်တယ် စတုတ္ထအဆင့်နဲ့ နဝမအဆင့် ခရစ္စတယ်တွေပါ.. သခင်မလေးက သခင်လေးအတွက် လောက်ငှရဲ့လား ဆိုတာကိုလည်း မေးခိုင်းလိုက်ပါတယ်.. တကယ်လို့ မလောက်ဘူး ဆိုရင် ထပ်ပြီးလာပို့ပေးပါမယ်”

“ချင်းအာကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ.. လောလောဆယ်တော့ လောက်ပါပြီ”

သူ့ရှေ့ရှိ အင်မော်တယ်ခရစ္စတယ် တစ်ရာကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ်ခရစ္စတယ် တစ်ရာထဲတွင် အနိမ့်ဆုံးအဆင့်ပင် ပကတိအင်မော်တယ် စတုတ္ထအဆင့် ခရစ္စတယ် ဖြစ်ပြီး ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်ပင်လျှင် ဆယ်ခုကျော် ပါဝင်နေခဲ့ကာ ကောင်းကင်အင်မော်တယ် ခရစ္စတယ်နှစ်ခုပင် ပါဝင်နေသေးသည်။

အကယ်၍ ဤအင်မော်တယ် ခရစ္စတယ် အားလုံး၏ စွမ်းအားကို လုံးဝ စုပ်ယူနိုင်မည် ဆိုလျှင် သူ့အနေဖြင့် ပကတိအင်မော်တယ် နဝမအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

ထိုသို့ တွေးမိသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ်ခရစ္စတယ် တစ်ရာနှင့်အတူ လျှို့ဝှက်ခန်းထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်သွားခဲ့ပြီး အချိန်မျှော်စင်ထဲသို့ ဝင်ရောက်ကာ အင်မော်တယ်ခရစ္စတယ်၏ စွမ်းအာများကို အရူးအမူး စုပ်ယူ၍ ကျင့်ကြံနေခဲ့သည်။

ကျန်းချန် ကျင့်ကြံနေစဥ်အတွင်း တစ်လဟူသော အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ဤတစ်လအတွင်း လုမိသားစုဘက်ကနေ မည်သည့် လှုပ်ရှားမှုမျှ ထပ်မံ မရှိခဲ့ဘဲ ထျန်းရွှေအင်မော်တယ် မြို့တော် တစ်မြို့လုံးသည် အလွန်အမင်း တည်ငြိမ်အေးဆေးနေပုံရသည်။

သို့သော်လည်း ထိုတည်ငြိမ်မှုသည် ရုတ်တရက် ထွက်ပေါ်လာ‌သော သတင်းတစ်ခုကြောင့် နောက်ဆုံးတွင် ပျက်ပြားသွားခဲ့သည်။

ထိုသတင်းမှာ ထျန်းရွှေအင်မော်တယ်မြို့တော်နှင့် စန်းဟယ်အင်မော်တယ်မြို့တော်၏ နယ်စပ်တွင် တလော့ လျှို့ဝှက်နယ်မြေ ထွက်ပေါ်လာသော သတင်း ဖြစ်သည်။

မူလက တလော့ လျှို့ဝှက်နယ်မြေကို ထျန်းရွှေအင်မော်တယ်မြို့တော်မှ လုမိသားစုက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်၏။

လုမိသားစုသည် တလော့လျှို့ဝှက်နယ်မြေကို တွေ့ရှိပြီးနောက်တွင် ထိုအခွင့်အလမ်းကို သူတို့ဘာသာ ခံစားလိုကြသဖြင့် နှုတ်ဆိတ်နေခဲ့ကြပြီး ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ နှစ်ဦးကို လျှို့ဝှက်စူးစမ်းရန် စေလွှတ်ခဲ့သည်။

မမျှော်လင့်ဘဲ သူတို့က တလော့လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်လိုက်သည့်အခါတွင် လှုပ်ရှားမှုက အလွန်တရာပင် ကြီးမားသွားသဖြင့် အခြားသူများ၏ အာရုံစိုက်မှုကိုပါ ခံလိုက်ရပြီး တလော့လျှို့ဝှက်နယ်မြေ သတင်းသည် တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်း ထွက်ပေါ်လာသည်နှင့်အမျှ ထျန်းရွှေအင်မော်တယ်မြို့တော်နှင့် စန်းဟယ်အင်မော်တယ်မြို့တော်ရှိ အင်အားစု အားလုံးသည် တုန်လှုပ်သွားခဲ့ကြ၏။

တလော့ လျှို့ဝှက်နယ်မြေကို တလော့ အင်မော်တယ်က ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ထိုနယ်မြေတွင် တလော့အင်မော်တယ် ချန်ထားရစ်ခဲ့သည့် အမြင့်မြတ်ဆုံး အခွင့်အလမ်းများ ပါဝင်နေခဲ့သည်။

ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ ပင်လျှင် တလော့လျှို့ဝှက်နယ်မြေမှ အခွင့်အလမ်းကို မငြင်းဆန်နိုင်ခဲ့ပေ။

ထို့ကြောင့် မြို့တော်နှစ်ခုမှ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကြားတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။

တံခါးပိတ် ကျင့်ကြံနေသော လော့ချင်းချိုးသည်ပင် အပြင်သို့ တစ်ဖန် ပြန်ထွက်လာခဲ့ရပြီး တလော့လျှို့ဝှက်နယ်မြေ တိုက်ပွဲတွင် ပါဝင်ခဲ့ရ၏။

တိုက်ပွဲအတွင်း မြို့တော် နှစ်ခုလုံးမှ ကျင့်ကြံသူများသည် ထိခိုက်ဒဏ်ရာများ ရခဲ့ကြသည်။

အဆုံးသတ်တွင် နှစ်ဖက်စလုံး အပျက်ပျက် နှင့် နှာခေါင်းသွေးထွက်ရမည့် အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် မြို့တော်နှစ်ခုသည် အပေးယူလုပ်ရန် ရွေးချယ်ခဲ့ပြီး ရွှေအင်မော်တယ်အဆင့်နှင့် ကောင်းကင်အင်မော်တယ် အဆင့်တို့ကို တလော့ လျှို့ဝှက်နယ်မြေထဲ ဝင်ရောက်ခြင်းအား တားမြစ်လိုက်ကာ နှစ်ဖက်စလုံးကနေ ပကတိအင်မော်တယ် အဆင့် တပည့်အယောက် နှစ်ဆယ်စီ စေလွှတ်ရန်သာ သဘောတူခဲ့ကြသည်။

ထျန်းရွှေ အင်မော်တယ်မြို့တော် ဘက်တွင်မူ ရရှိသည့် ခွဲတမ်းနှစ်ဆယ်ကို အဓိက အင်အားစုများနှင့် လျင်မြန်စွာ ခွဲဝေလိုက်သည်။

ထိုဝင်ခွင့် နေရာများ အနက် သုံးပုံနှစ်ပုံကျော်သည် ထျန်း‌ရွှေအင်မော်တယ်မြို့တော်၏ ရွှေအင်‌မော်တယ် အင်အားစု သုံးစုလက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ရွှေအင်မော်တယ် အင်အားစုသုံးစု ထဲတွင် တစ်စု အပါအဝင်ဖြစ်သော လော့‌ရွှေကုန်သည်အဖွဲ့သည်လည်း ဝင်ခွင့်နေရာ လေးနေရာကို ရရှိခဲ့သည်။

ထိုနေရာလေးခု အနက် လော့ချန်ချိုးသည် သုံးနေရာကို လော့ချင်းအာနှင့် လော့မိသားစုမှ ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ နှစ်ဦးကို ပေးအပ်ခဲ့ပြီး နောက်ဆုံး တစ်နေရာကိုမူ ကျန်းချန် အတွက် ချန်ထားပေးခဲ့သည်။

ကျန်းချန်သည် ပါရမီထူးချွန်သူ ဖြစ်ပြီး တလော့အင်မော်တယ်အဆင့်ကို ရောက်ရှိနိုင်မည့် ပါရမီအလားအလာ ရှိသည်။

ကျန်းချန်က လော့ရွှေကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လော့ချန်ချိုးသည် ကျန်းချန်နှင့် မိတ်ဆွေကောင်း ဖြစ်လိုသည့်ဆန္ဒ ရှိနေခဲ့၏။

ထိုထက်ပို၍ အရေးကြီးသည်မှာ ဤတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်သည် မြို့တော်နှစ်ခုမှ ထိပ်တန်း ပကတိအင်မော်တယ်များ ပါဝင်လာမည် ဖြစ်ရာ အလွန်ပင် အန္တရာယ်များ၏။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပြိုင်ဘက်ကင်းပြီး ပကတိအင်မော်တယ် စတုတ္ထအဆင့်ဖြင့်ပင် ပကတိအင်မော်တယ် နဝမအဆင့်ကို သတ်ဖြတ်နိုင်ရာ ပကတိအင်မော်တယ်အဆင့်တွင် ပြိုင်ဘက်ကင်းဟု ဆို၍ ရနေချေပြီ။

အကယ်၍ ကျန်းချန်သာ လိုက်ပါသွားမည် ဆိုလျှင် လော့ချန်ချိုးအနေဖြင့် လော့ချင်းအာ၏ ဘေးကင်းရေးအတွက် ပို၍ စိတ်ချရပေလိမ့်မည် မဟုတ်ပါလော။

သို့သော်လည်း ကျန်းချန်က အချိန်မျှော်စင်ထဲတွင် တံခါးပိတ်ကျင့်ကြံနေသဖြင့် အပြင်လောကကို သတိမမူမိဘဲ ဖြစ်နေခဲ့သည်။

လော့ချန်ချိုးနှင့် အခြားသူများ တလော့လျှို့ဝှက်နယ်မြေသို့ ထွက်ခွာရန် ပြင်ဆင်နေချိန်အထိ ကျန်းချန်ထံကနေ လျှို့ဝှက်အခန်းထဲကနေ ထွက်လာမည့် အရိပ်အယောင် မရှိသေးပေ။

“အဖေ.. သခင်လေးကျန်းချန်က အခုထိ ကျင့်ကြံနေတုန်းပဲ.. ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမလဲ”

လော့ချင်းအာက ကျန်းချန်၏ ပိတ်ထားသော အခန်းတံခါးကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အဖေ လျှို့ဝှက်အခန်းထဲမှာ ရွှေအင်မော်တယ်စွမ်းအားနဲ့ အသံ သတင်းစကား ချန်ထားခဲ့ပြီးပြီ.. ကြည့်ရတာ သူက ကျင့်ကြံရာမှာ အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေပုံပဲ.. ငါတို့ သူ့ကို သွားမနှောင့်ယှက်တာ အ‌ကောင်းဆုံးပဲ ဖြစ်လိမ့်မယ်”

လော့ချန်ချိုးက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“နောက်ထပ် လဝက်လောက် စောင့်ကြည့်ကြတာပေါ့.. တကယ်လို့ သူ ထွက်မလာသေးဘူး ဆိုရင်တော့ အဖေတို့ သူ့ကို ထပ်စောင့်နေဖို့ အချိန်မရှိတော့ဘူး”

တစ်ချိန်တည်းမှာပင် အချိန်မျှော်စင် အတွင်း၌ ကျန်းချန်သည် အချိန်မျှော်စင်၏ ပထမအထပ်တွင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့ပြီး လက်ဟန်များကို ပြုလုပ်လိုက်ရာ ပကတိအင်မော်တယ်နဝမအဆင့် ခရစ္စတယ် တစ်ခုသည် သူ၏ ရင်ဘတ်ရှေ့သို့ ပျံဝဲလာခဲ့သည်။

ကျန်းချန်က ထိုပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်မှ စွမ်းအားများကို အဆက်မပြတ် စုပ်ယူနေခဲ့၏။

“ဒင်.. သင်က ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်ရဲ့ စွမ်းအားကို စုပ်ယူပြီး အင်မော်တယ်အဆီအနှစ် စွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ်ရဲ့ စွမ်းအားကို စုပ်ယူပြီး အင်မော်တယ် အဆီအနှစ် စွမ်းအား အတွေ့အကြုံရမှတ် တစ်ထောင်ကို အဆ ၁၀၀ ရရှိပါတယ်”

“............”

“ဒင်.. သင်က ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့ပါပြီ”

အချိန်မျှော်စင်အတွင်း ဆယ်လကြာ ပကတိအင်မော်တယ် ခရစ္စတယ် ဒါဇင်ပေါင်းများစွာကို စုပ်ယူပြီးနောက်တွင် ကျန်းချန်သည် အဆုံးသတ်၌ အဆင့် ထပ်မံ ချိုးဖျက်နိုင်ခဲ့ပြီး ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခုတစ်ကြိမ် အဆင့် ထိုးဖောက်ရာတွင် ကျန်းချန်သည် ပကတိအင်မော်တယ် နဝမအဆင့် ခရစ္စတယ် နှစ်ခုနှင့် အခြားအဆင့်ရှိ ပကတိအင်မော်တယ် ခရစ္စတယ် သုံးဆယ်ကနေ လေးဆယ်ခန့်အထိ အသုံးပြုခဲ့ရသည်။

“မဆိုးဘူးပဲ.. ကျန်ရှိတဲ့ အင်မော်တယ် ခရစ္စတယ်တွေက ငါ့ကို ပကတိအင်မော်တယ် နဝမအဆင့် အထိ မရောက်စေနိုင်ရင်တောင် အဋ္ဌမအဆင့် အထိ ရောက်ဖို့ အတွက်တော့ လုံလောက်နိုင်မယ် ထင်တယ်”

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ဆက်လက် ကျင့်ကြံရန် ပြင်လိုက်စဥ်မှာပင် အင်မော်တယ် ကျောက်တိုင်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ကောင်လေး.. ရွှေအင်မော်တယ်စွမ်းအားနဲ့ ချန်ထားရစ်ခဲ့တဲ့ သတင်းစကား တစ်ခု ရှိနေတယ်.. အပြင်ထွက်ပြီး ကြည့်လိုက်ဦး”

ကျန်းချန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

လော့‌ရွှေကုန်သည်အဖွဲ့တွင် တစ်ဦးတည်းသော ရွှေအင်မော်တယ်မှာ ခေါင်းဆောင်ဖြစ်သည့် လုချန်ချိုးသာ ရှိသည်။

လုချန်ချိုးသည် သူ့အတွက် အဘယ်ကြောင့် သတင်းစကား ချန်ထားရပါသနည်း။

ကျန်းချန်က သံသယအချို့ဖြင့် အချိန်မျှော်စင်ထဲကနေ ချက်ချင်းဆိုသလို ထွက်လာခဲ့သည်။

မကြာမီမှာပင် ကျန်းချန်၏ အကြည့်သည် လျှို့ဝှက်ခန်းအတွင်း ပျံဝဲနေသည့် ထူးဆန်းသည့် အလင်းလုံးလေးပေါ်သို့ ကျရောက်သွားခဲ့၏။

သူက အလင်းလုံးကို လက်လှမ်း၍ ဖမ်းဆွဲလိုက်သည်။

ကျန်းချန်၏ လက်နှင့် အလင်းလုံး ထိတွေ့လိုက်သည့် အခိုက်မှာပင် သတင်းစကား တစ်ခုသည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

အခန်း(၂၆၈၇)ပြီး၏။

အခန်း(၂၆၈၈)

“ထျန်းရွှေအင်မော်တယ်မြို့တော်အနီးမှာ တလော့လျှို့ဝှက်နယ်မြေ ပေါ်လာတယ်ဆိုပါလား.. လော့ချန်ချိုးက ငါ့အတွက် နေရာတစ်နေရာတောင် ချန်ထားပေးခဲ့တာပဲ”

သတင်းစကားကို ရရှိပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု ယှက်သန်းသွားခဲ့သည်။

တလော့လျှို့ဝှက်နယ်မြေ ဆိုသည်မှာ ရွှေအင်မော်တယ်အဆင့်အထက်တွင် ရှိသည့် တလော့အင်မော်တယ် အဆင့်နှင့် သက်ဆိုင်သော နေရာ ဖြစ်သည်။

ထို့ကြောင့် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်နိုင်မည့် နေရာတစ်နေရာ အတွက် ရွှေအင်မော်တယ်အဆင့် အင်အားစုများသည် အပြင်းအထန် တိုက်ပွဲဝင်ကြမည်မှာ သေချာသလောက်ပင်။

နေရာလေးနေရာ ရရှိထားသော လော့ရွှေကုန်သည်အဖွဲ့သည် သူ့အတွက် နေရာ တစ်နေရာ ချန်ထားပေးလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။

တလော့လျှို့ဝှက်နယ်မြေ ထဲတွင် အနှိုင်းမဲ့ အခွင့်အရေးများ ရှိနေမည်မှာ သေချာသလောက်ပင်။

ယခု လော့ချန်ချိုးက သူ့အတွက် နေရာတစ်နေရာ ပေးထားခဲ့ပြီဖြစ်ရာ ကျန်းချန် အနေဖြင့် တလော့လျှို့ဝှက်နယ်မြေ ထဲသို့ ဝင်ရောက်ရန် ငြင်းဆန်စရာ အကြောင်းမရှိပေ။

ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် လျှို့ဝှက်ခန်းထဲကနေ တိုက်ရိုက်ပင် လှမ်းထွက်လာခဲ့သည်။

“သခင်လေးကျန်းချန်.. နောက်ဆုံးတော့ ထွက်လာပြီပဲ.. သခင်လေးသာ ထွက်မလာသေးဘူး ဆိုရင် တလော့လျှို့ဝှက်နယ်မြေနဲ့ လွဲသွားတော့မှာကို ကျွန်မစိုးရိန်နေခဲ့တာ”

လျှို့ဝှက်ခန်းထဲမှ ထွက်လာသည့် ကျန်းချန်ကိုမြင်လျှင် လော့ချင်းအာ၏ လှပသော မျက်နှာလေးတွင် ဝမ်းသာသောအရိပ်အယောင်များ ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့သည်။

“အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက် လော့ချန်ချိုးကို ကြည့်ကာ မေးလိုက်သည်။

“တလော့လျှို့ဝှက်နယ်မြေရဲ့ ဝင်ခွင့်နေရာက အရမ်းကို တန်ဖိုးကြီးမားလွန်းပါတယ်.. ကျွန်တော်က လော့ရွှေကုန်သည်အဖွဲ့ဝင်လည်း မဟုတ်ဘဲနဲ့ ခေါင်းဆောင်လော့က ကျွန်တော့်အတွက် ဘာလို့ နေရာတစ်နေရာ ပေးရတာလဲ”

“ပထမအချက်က မင်းမှာ အနှိုင်းမဲ့ပါရမီ ရှိပြီး မင်းရဲ့အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်မရှိလို့ပဲ.. ဒါကြောင့် လော့ရွှေကုန်သည်အဖွဲ့က မင်းနဲ့ မိတ်ဆွေကောင်း ဖြစ်ချင်တယ်.. ဒုတိယအချက်ကတော့ ငါက မင်းရဲ့ခွန်အားကို အားကိုးချင်လို့ပဲ.. တကယ်လို့ မင်းသာ တလော့လျှို့ဝှက်နယ်မြေထဲကို လိုက်သွားမယ်ဆိုရင် ချင်းအာတို့ လူစုအတွက် ပိုပြီး ဘေးကင်းလိမ့်မယ်”

လော့ချန်ချိုးက ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ရှိနေခဲ့သည်။

သူက ကျန်းချန်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း လော့ချင်းအာနှင့် လော့ဝူကျိတို့ ဆီမှ ကျန်းချန်နှင့် ပတ်သက်သည့် အကြောင်းများကို များစွာ သိရှိထားခဲ့သည်။

ထိုကောင်လေးသည် အဆင့်နိမ့် စကြဝဠာကနေ တက်လှမ်းလာသူ ဖြစ်ပြီး အင်မော်တယ်လောကသို့ ခြေချသည်နှင့် လုမိသားစု၏ ပကတိအင်မော်တယ် တတိယအဆင့် တမန်တော်ကို သတ်ဖြတ်ခဲ့သည်။

ထို့အပြင် ပကတိအင်မော်တယ် တတိယအဆင့်ဖြင့် ပကတိအင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူကို ဓားချက် တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့၏။

နတ်ဘုရားနယ်မြေသို့ တက်လှမ်းလာပြီး လဝက် အတွင်းမှာပင် ပကတိအင်မော်တယ် စတုတ္ထအဆင့်ကို ရောက်ရှိခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားသည် ပကတိအင်မော်တယ် နဝမအဆင့်ထက်ပင် သာလွန်နေခဲ့သည်။

ယခု ထိုကောင်လေးသည် တစ်လကျော်မျှ တံခါးပိတ်၍ ကျင့်ကြံပြီးနောက်တွင် နောက်ထပ် အဆင့်နှစ်ဆင့် ထပ်မံချိုးဖျက်ကာ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သိထားရမည့်အချက်မှာ သာမန် ပကတိအင်မော်တယ်များသည် ဆယ်စုနှစ် များစွာ သို့မဟုတ် ရာစုနှစ်ချီ ကြာမြင့်လျှင်ပင် အဆင့်တစ်ဆင့် တိုးတက်ရန် မလွယ်ကူခြင်းပင်။

သုံးနှစ်မှ ငါးနှစ်အတွင်း အဆင့်တစ်ဆင့် ချိုးဖျက်နိုင်သူကိုပင် ထူးချွန်သော ပါရမီရှင်ဟု သတ်မှတ်ကြ၏။

ကျန်းချန်ကမူ တစ်လဝန်းကျင် အတွင်းမှာပင် ပကတိအင်မော်တယ် စတုတ္ထအဆင့်ကနေ ဆဋ္ဌမအဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်ဖြစ်ရာ လော့ချန်ချိုး၏ တစ်သက်တာတွင် ထိုကဲ့သို့ဖြစ်ရပ်မျိုး တစ်ခါမှ မတွေ့ကြုံခဲ့ဖူးပေ။

လော့ချန်ချိုးက ခေါင်းခါရမ်းလိုက်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ ဆက်လက် မတွေးတောတော့ပေ။

ဤကမ္ဘာတွင် သာမန်အသိဖြင့် နားမလည်နိုင်သည့် ဆန်းကြယ်သော ပါရမီရှင်များ အမြဲတစေ ရှိနေတတ်သည် မဟုတ်ပါ‌လား။

မည်သို့ပင် ဆိုစေကာမူ ကျန်းချန်၏ ခွန်အား တိုးတက်လာခြင်းသည် သူတို့ လော့ရွှေကုန်သည်အဖွဲ့ အတွက် အကျိုးအမြတ်သာ ရှိပြီး အန္တရာယ် မရှိနိုင်ပေ။

ထိုကောင်လေးသည် ပကတိအင်မော်တယ် စတုတ္ထအဆင့်တွင် ရှိစဥ်ကပင် ပကတိအင်မော်တယ် နဝမအဆင့်ထက် မနိမ့်ကျသည့် ခွန်အား ရှိခဲ့သည်။

ယခု ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ထိုကောင်လေး၏ ခွန်အားသည် သာမန် ကောင်းကင်အင်မော်တယ်အဆင့်နှင့်ပင် ယှဥ်နိုင်လောက်ပြီဟု သူတွေးမိခဲ့သည်။

ယခုတစ်ခေါက် တလော့လျှို့ဝှက်နယ်မြေ ခရီးတွင် ပကတိအင်မော်တယ်အဆင့် အထက်မှ ကျင့်ကြံသူများ ဝင်ရောက်ခွင့် မရှိချေ။

ဆိုရလျှင် ကျန်းချန်သည် တလော့လျှို့ဝှက်နယ်မြေ အတွင်း၌ ပြိုင်ဘက်ကင်းသလောက် ဖြစ်နေခဲ့ချေပြီ။

ထို့ကြောင့် ကျန်းချန်နှင့် ဆိုလျှင် လော့ချင်းအာ၏ ဘေးကင်းရေးအတွက် သူ အလွန်အမင်း စိုးရိမ်နေစရာ မလိုအပ်တော့ပေ။

“သွားကြစို့.. တလော့လျှို့ဝှက်နယ်မြေက မကြာခင်ဖွင့်တော့မယ်.. ငါတို့ လမ်းသွားရင်း စကားပြောကြတာပေါ့”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် လော့ချန်ချိုးသည် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေအင်မော်တယ်စွမ်းအားများသည် ချက်ချင်းပင် ရေနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်တို့ လူစုကို တင်ဆောင်ကာ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

အေးခဲတောင်တန်းသည် ထျန်းရွှေအင်မော်တယ် မြို့တော်နှင့်စန်းဟယ်အင်မော်တယ်မြို့တော်တို့ ကြားတွင် တည်ရှိပြီး ၎င်းက စန်းယွင်ပြည်နယ် သာမက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် လူသိများသော အန္တရာယ်ရှိသည့် နယ်မြေတစ်ခု ဖြစ်သည်။

အေးခဲတောင်တန်းထဲတွင် မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်သော တောင်တန်းနှင့် မြစ်ချောင်းများသည် ဆီးနှင်းများဖြင့် ခဲနေခဲ့ပြီး ရုန့်ရင်းကြမ်းတမ်းသော သားရဲများသည်လည်း မကြာခဏ ထွက်ပေါ်တတ်သည်။

သာမန်အချိန်များတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်နေစေကာမူ အေးခဲတောင်တန်းထဲသို့ အဆင်အခြင်မဲ့ ဝင်ရောက်မိလျှင် တောင်တန်းအတွင်းရှိ ထိတ်လန့်စရာကောင်းသော အအေးလှိုင်းများကို ခုခံရန် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ထိုအအေးလှိုင်းသည် နှစ်ပေါင်းတစ်ထောင်တိုင်းတွင် တစ်ခဏမျှ ပျောက်ကွယ်သွားတတ်သည်။

ကျင့်ကြံသူများသည် အေးခဲတောင်တန်းထဲရှိ အအေးလှိုင်းက လူသားတို့ ဖန်တီးထားခြင်း ဖြစ်ပြီး ယင်းမှာ တလော့အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကျဆုံးသော နေရာ ဖြစ်နိုင်ကာ တလော့အင်မော်တယ် တစ်ပါး၏ အမွေအနှစ်များ ကျန်ရစ်နေနိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။

ထို့ကြောင့်လည်း စန်းယွင်ပြည်နယ်ရှိ တလော့အင်အားစုများသည် အေးခဲတောင်တန်းကို စူးစမ်းရန်အတွက် လူများ စေလွှတ်ခဲ့သော်လည်း အဆုံးသတ်တွင် ဘာမှ ရှာမတွေ့ခဲ့ကြပေ။

အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းသည် အေးခဲတောင်တန်းထဲတွင် တလော့အင်မော်တယ်၏ အမွေအနှစ်များ ရှိနေနိုင်သည်ဟု မယုံကြည်ကြတော့ပေ။

မမျှော်လင့်ဘဲ ယခုတစ်ကြိမ်တွင် ထျန်းရွှေအင်မော်တယ် မြို့တော်မှ လုမိသားစုသည် ဤအေးခဲတောင်တန်း အတွင်းတွင် တလော့လျှို့ဝှက်နယ်မြေ တည်ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

မူလက လုမိသားစုသည် တလော့လျှို့ဝှက်နယ်မြေကို တစ်ဦးတည်း ပိုင်ဆိုင်လိုခဲ့၏။

သို့သော်လည်း သတင်း ပေါက်ကြားသွားပြီးနောက်တွင် မြို့တော်နှစ်ခုမှ လူအားလုံး သိရှိသွားခဲ့ပြီး အဓိက အင်အားစုအားလုံးသည် တလော့လျှို့ဝှက်နယ်မြေထဲမှ အခွင့်အလမ်းများကို ခွဲဝေယူလိုခဲ့ကြသည်။

အေးခဲတောင်တန်း၏ အအေးလှိုင်း ပျောက်ကွယ်သွားသည့် အချိန်သည် အကန့်အသတ် ရှိသဖြင့် မြို့တော်နှစ်ခုသည် တလော့လျှို့ဝှက်နယ်မြေ အတွက် ဆက်လက် မတိုက်ခိုက်ကြတော့ဘဲ နှစ်ဖက်စလုံးသည် ပကတိအင်မော်တယ် အယောက်နှစ်ဆယ်စီကို စေလွှတ်ကာ တလော့လျှို့ဝှက်နယ်မြေအား စူးစမ်းရန် ဆုံးဖြတ်ခဲ့ကြသည်။

နှစ်ဖက် သဘောတူထားသော အချိန် နီးကပ်လာသည်နှင့်အမျှ မူလက လူသူကင်းမဲ့နေသော အေးခဲတောင်တန်းသည် စည်းကားလာခဲ့၏။

မြို့တော်နှစ်ခုလုံးရှိ တလော့လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခွင့်ရထားသော အင်အားစု အားလုံးသည် အေးခဲတောင်တန်းဆီသို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။

၎င်းတို့က အင်မော်တယ် သားရဲအမျိုးမျိုးကို စီးနှင်းကာ အေးခဲတောင်တန်း၏ အတွင်းပိုင်းဆီသို့ ဦးတည်၍ လာခဲ့ကြသည်။

သာမန် ပကတိအင်မော်တယ် များစွာပင်လျှင် တလော့လျှို့ဝှက်နယ်မြေ၏ ဆွဲဆောင်မှုကို ခံခဲ့ရသည်။

သူတို့တွင် တလော့လျှို့ဝှက်နယ်မြေ ဝင်ရောက်ရန် ဝင်ခွင့်နေရာခွဲတမ်း မရှိသော်လည်း အကယ်၍ တလော့လျှို့ဝှက်နယ်မြေထဲ ခိုးဝင်နိုင်လျှင် ရေနောက်တွင် ငါးဖမ်းသကဲ့သို့ အခွင့်အရေးအချို့ကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပါလော။

လော့ချန်ချိုး၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်တို့သည် အေးခဲတောင်တန်းဆီသို့ လျင်မြန်စွာပင် ရောက်ရှိလာခဲ့သည်။

တောင်တန်း၏ အတွင်းပိုင်းသို့ ပိုမို၍ နက်ရှိုင်းစွာ ဝင်ရောက်လေလေ တွေ့ရသော လူဦးရေက ပို၍ နည်းပါးလေလေဖြစ်သည်။

လက်ရှိတွင် အအေးလှိုင်းများ ပျောက်ကွယ်နေသည့်တိုင် တောင်တန်းအတွင်း၌ ဘေးအန္တရာယ်များ ရှိနေဆဲ ဖြစ်၍ သာမန် ပကတိအင်မော်တယ်များသည် အေးခဲတောင်တန်း၏ အလယ်ဗဟို ဧရိယာကို ဝင်ရောက်ရန် ခဲယဥ်းသည်။

ကျန်းချန်တို့၏ ခရီးစဥ်သည် ရွှေအင်မော်တယ် တတိယအဆင့် လော့ချန်ချိုး ပါဝင်လာသဖြင့် အလွန်ပင် ချောမွေ့နေခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန် တို့သည် အေးခဲတောင်တန်း၏ အလယ်ဗဟို ဧရိယာသို့ ရောက်ရှိလာခဲ့သည်။

ယင်းအချိန်တွင် မီတာရာချီ မြင့်မားသည့် ကောင်းကင်တံခါးတစ်ချပ်သည် ကျန်းချန်တို့၏ ရှေ့တွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

ထိုတံခါးသည် အလွန်ပင် ခန့်ညားပြီး ကောင်းကင်ယံတွင် မြင့်မားစွာ တည်တံ့နေကာ အင်မော်တယ်အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။

ထိုကောင်းကင်တံခါးထံမှ တစ်ဆင့် အလွန်တရာကျယ်ပြာသော အဖြူရောင်လွင်ပြင်ကြီးကို ခပ်ရေးရေး မြင်တွေ့နေရပြီး ယင်းမှာ ရေခဲနှင့်ဆီးနှင်း ကမ္ဘာတစ်ခုနှင့် ဆက်သွယ်ထားသကဲ့သို့ပင်။

ကောင်းကင်တံခါး၏ အောက်ဘက်တွင်မူ မြို့တော်နှစ်ခုမှ အင်အားစု များစွာသည် စုဝေး၍ ရောက်ရှိနေကြပြီး ကောင်းကင်ယံရှိ ထိုတံခါးကို စူးစိုက်၍ ကြည့်နေခဲ့ကြသည်။

သူတို့ရှေ့ရှိ ကောင်းကင်တံခါးသည် တလော့လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။

“မိတ်ဆွေလေးကျန်းချန်.. မင်းက ထူးခြားတဲ့ပါရမီနဲ့ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည် ရှိတယ်.. ပကတိအင်မော်တယ် အဆင့်မှာ မင်းကို ယှဥ်နိုင်တဲ့သူ သိပ်မရှိ‌လောက်တော့ဘူး.. ဒါပေမဲ့ ဒီတစ်ကြိမ် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်မှာ မြို့တော်နှစ်ခုလုံးရဲ့ ထိပ်တန်း ပါရမီရှင်‌တွေ စုဝေးနေကြတယ်.. အဲဒီထဲက နှစ်ယောက်ကိုတော့ မင်း အထူးသတိထားမှ ဖြစ်မယ်”

လော့ချန်ချိုးက ကျန်းချန်တို့ လေးဦးကို ကောင်းကင်တံခါးအောက်ဘက်ရှိ မြေကွက်လပ် တစ်ခု ဆီသို့ ခေါ်ဆောင်လာပြီးနောက်တွင် ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

“အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

သူက ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်သာ ရှိသော်လည်း သာမန် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ပွဲဝင်နိုင်သော စွမ်းရည် မရှိသည်တော့ မဟုတ်ပေ။

ယင်းအပြင် ယခုတစ်ခေါက် တလော့လျှို့ဝှက်နယ်မြေ ခရီးစဥ်တွင် ကောင်းကင်အင်မော်တယ်များ လုံးဝ ပါဝင်မည်မဟုတ်ချေ။

ထို့ကြောင့် လော့ချန်ချိုး အထူးသတိထားရန် ညွှန်းဆိုနေသော လူနှစ်ဦးသည် ပကတိအင်မော်တယ်အဆင့်တွင် ရှိနေသော်လည်း ကောင်းကင်အင်မော်တယ်နှင့် ယှဥ်နိုင်သော ခွန်အားရှိသူများ ဖြစ်နိုင်လောက်၏။

အခန်း(၂၆၈၈)ပြီး၏။

All Chapters