← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း။ ၂၂၉

သို့သော် လီရွှမ်းယွန်းကမူ သူ့မျက်နှာတွင် ကြောက်ရွံ့မှုများ အတိုင်းသား လွှမ်းမိုးနေသည်ကို မြင်နေရသည်။

သူမသည် ဆရာဝန်လီနှင့် ပြန်လည်ဆုံတွေ့မည့် အချိန်များကို အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးပြီး ရင်ထဲတွင်လည်း "ကျေးဇူးတင်ပါတယ်" ဆိုသည့် စကားကို အကြာကြီး ပြင်ဆင်ထားခဲ့သော်လည်း ယခုအချိန်တွင်မူ အလွန်အမင်း ထိတ်လန့်နေသဖြင့် စကားတစ်လုံးမှပင် မထွကနိုင်တော့ချေ။

တစ်ချိန်တည်းမှာပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာတစ်ယောက်ကို "ကျေးဇူးတင်ပါတယ်" ဟု ပြောရန် ကြိုးစားခဲ့ခြင်းမှာ မည်မျှ ရယ်စရာကောင်းကြောင်း သူမ သဘောပေါက်သွားတော့သည်။

သူမ ကြည်ညိုလေးစားခဲ့သော ဆရာဝန်လီ ဆိုသည်မှာ တကယ်တော့ မရှိခဲ့တာလည်း ဖြစ်နိုင်သည်။

လီဟွိုက်သည်လည်း အပုပ်နံ့များ နံစော်ကာ မိစ္ဆာအငွေ့အသက်များ ဝန်းရံနေသည့် ဤယုတ်မာသော အမျိုးသားကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သူ၏ နှုတ်ခမ်းများမှာ တုန်ရီနေပြီး ရင်ထဲတွင် ကာလရှည်ကြာ သိမ်းဆည်းထားခဲ့သော "အဖေ" ဟူသော ခေါ်သံမှာလည်း ထွက်ပေါ်မလာနိုင်တော့ချေ။

သူ ကိုးကွယ်အားထားခဲ့သော ဖခင်မှာ ဟန်ဆောင်မှုတစ်ခု သက်သက်သာ ဖြစ်နိုင်သည်။

သူတို့နှစ်ဦးမှာပင် ဤသို့ဖြစ်နေလျှင် ရှောင်ဟွမ်နှင့် အခြားသူများအတွက်မူ ပြောစရာပင် မလိုတော့ချေ။ လူစုသည် ဖန်းချင်းရွှယ် ဦးဆောင်သော ထောင်ကရိန်းဂိုဏ်းသားများနှင့်အတူ ဤသန့်စင်ခြင်းခံနေရသော မြို့ပျက်ကြီးအတွင်းမှ အလောတကြီး ထွက်ပြေးခဲ့ကြတော့သည်။

စုန်ယန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။

သူ့နောက်တွင်မူ ရှောင်ဝူးက တစ်ချိန်လုံး တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ စီကုန်းရင်မှာ မည်မျှ ဆိုးရွားစွာ လှည့်စားခံခဲ့ရသည်ကို ယခုမှပင် သူ သဘောပေါက်သွားတော့သည်။

ဤခရမ်းရောင်နန်းတော်အဆင့် မိစ္ဆာအိုကြီးမှာ မည်သည့် သာမန်လူကိုမျှ ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

"တကယ်လို့ ပတ်သက်မှုတချို့ ရှိခဲ့ရင်တောင် ဒါက ပေါ့ပေါ့ပါးပါး စနောက်ခဲ့တာပဲ ဖြစ်မှာပါ။ ဘယ်လိုလုပ်ပြီး အတည်ဖြစ်နိုင်မှာလဲ။"

ထိုစဉ် အရပ်ရပ်မှ စုရုံးလာကြသော မိစ္ဆာကျင့်ကြံသူများမှာ ရိုရိုသေသေ ဒူးထောက်ကာ "ဘိုးဘေးအား ဂါရဝပြုပါတယ်" ဟု ကြွေးကြော်ကြတော့သည်။

စုန်ယန်က ပြန်မဖြေဘဲ ကောင်းကင်ယံရှိ အနက်ရောင်အလံကြီးကိုသာ ခေါင်းမော့ကြည့်နေ၏။

အငြိုးအတေး ဝိညာဉ်များသည် မီးတောက်များအလား တရှဲရှဲ။ တောက်လောင်နေကြသည်။ ဤမြို့ကြီးမှာ မီးဖိုတစ်ခုကဲ့သို့ ဖြစ်နေပြီး အပြစ်မဲ့သော သတ္တဝါပေါင်း သောင်းခြောက်ထောင်၏ ဝိညာဉ်များကို ဤဝိညာဉ်ရတနာ သန့်စင်ရန်အတွက် ပူဇော်ခဲ့ကြရသည်။

စုန်ယန်သည် အတော်ကြာအောင် စောင့်ကြည့်နေပြီးနောက် မျက်လုံးကို အသာမှိတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ကျွမ်းကျင်မှု လိုအပ်နေသေးတယ် အားလုံး ကိုယ့်နေရာကိုယ်ပြန်ပြီး သန့်စင်ခြင်းလုပ်ငန်းစဉ်ကို ဆက်လုပ်ကြ"

ရက်အနည်းငယ် ကုန်လွန်ပြီးနောက်တွင် အနက်ရောင် အရှိန်အဝါများမှာ ငြိမ်သက်သွားသည့် လက္ခဏာ ပြလာသည်။ မြို့တစ်မြို့လုံးတွင် ပုပ်စပ်နံ့များနှင့် သွေးညှီနံ့များမှာ နေရာအနှံ့ ပျံ့နှံ့နေ၏။

စုန်ယန်သည် တရားထိုင်သည့် ပုံစံဖြင့် ထိုင်နေပြီး မိစ္ဆာသန့်စင်ခြင်းဗျူဟာကို ငြိမ်သက်စွာ အာရုံခံနေသည်။ သူ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာ၏။

ဤဗျူဟာအတွင်းရှိ ဝိညာဉ်စုပ်ယူခြင်း အတတ်သည် ဓာတ်ကြီးငါးပါး စုစည်းမှုအစီအရင်နှင့် အချို့သော နေရာများတွင် ဆင်တူနေခြင်းပင်။ နှစ်မျိုးစလုံးမှာ ထူးခြားသော တည်ရှိမှု တစ်ခုခုကို စုပ်ယူခြင်းပင်။

သူ၏ အတွေးများ ဖြတ်သန်းသွားသည်နှင့်အမျှ အနက်ရောင် အရှိန်အဝါများသည် အလုံးစုံ စုစည်းသွားပြီး နက်နဲလှသော အလံကြီးအတွင်းသို့ ပေါင်းစည်းသွားတော့သည်။

စုန်ယန်က လက်ကို မြှောက်ကာ အချက်ပြလိုက်ရာ အလံကြီးမှာ အောက်သို့ ဆင်းသက်လာသည်။ သို့သော် လမ်းတစ်ဝက်သို့ ရောက်သောအခါ ၎င်း၌ ကိုယ်ပိုင် အသိစိတ် ရှိနေသကဲ့သို့ အနက်ရောင် အလင်းများ လျှံထွက်လာပြီး ရုတ်တရက် ဆန့်ကျင်ဘက် အင်အားတစ်ခု ဖြစ်ပေါ်လျက် ထွက်ပြေးရန် ကြိုးစားတော့သည်။

စုန်ယန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး လက်ကို ကောင်းကင်သို့ ရုတ်တရက် မြှောက်လိုက်ရာ ဟင်းလင်းပြင်တွင် သွေးရောင် လက်ဝါးကြီး တစ်ခု ပေါ်လာသည်။

ထိုလက်ဝါးကြီးက ခွက်သဏ္ဌာန် အနည်းငယ် ကွေးညွတ်ကာ ထွက်ပြေးရန် ကြိုးစားနေသော ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံကို ဝန်းရံ ဖမ်းဆုပ်လိုက်သည်။

ဝိညာဉ်အလံမှာ ဘယ်ညာ တိုးဝှေ့ တိုက်ခိုက်သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ စုန်ယန်က အခွင့်ကောင်းကို ဆုပ်ကိုင်ကာ အလံကို အားဖြင့် ဖမ်းဆုပ်လျက် ချုပ်ကိုင်လိုက်တော့သည်။

သွေးရောင် လက်ဝါးကြီးအတွင်းတွင် အနက်ရောင် မီးခိုးတန်းများမှာ ပြင်းထန်စွာ ရုန်းကန်နေပြီး ခေတ္တအကြာမှသာ ပြန်လည် ငြိမ်သက်သွားသည်။

ထိုအခါမှသာ စုန်ယန်သည် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံကို အောက်သို့ ဆွဲချလိုက်တော့သည်။ အလံမှာ နာခံစွာဖြင့် ဆင်းသက်လာပြီး ချက်ချင်းပင် လက်ဝါးခန့် အရွယ်အစားရှိသော အလံငယ်လေးအဖြစ် ပြောင်းလဲကာ စုန်ယန်၏ လက်ဖဝါးပေါ်သို့ ကျရောက်လာတော့သည်။

စုန်ယန်သည် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံကို အသာအယာ အာရုံခံကြည့်လိုက်ရာ ၎င်းအတွင်း၌ ရေခဲငရဲထက် များစွာပိုမိုကျယ်ဝန်းသော ဝိညာဉ်အာရုံဟင်းလင်းပြင်တစ်ခု ရှိနေသည်ကို သိလိုက်ရသည်။

၎င်းသည် မည်းမှောင်နေသော ရေအိုင်သေတစ်ခုကဲ့သို့ဖြစ်ပြီး အထဲတွင် အဆုံးမရှိသော အငြိုးအတေးဝိညာဉ်ပေါင်းများစွာ ပေါ်လောပေါ်နေကြသည်။ ထိုဝိညာဉ်များမှာ နာကျင်ခြင်း၊ ရွံရှာဖွယ်ကောင်းခြင်းနှင့် မကောင်းသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကြ၏။

ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းချုပ်မှာ ထိုမြင်ကွင်းကိုကြည့်ကာ တုန်လှုပ်နေမိသည်။ သူတို့သည် ဝိညာဉ်အလံကို သန့်စင်သည့်နည်းလမ်းကိုသာ သိထားကြသော်လည်း ဤဝိညာဉ်ရတနာမှာ သန့်စင်ပြီးနောက်တွင် သူ့ဘာသာ ပြန်လည်ခုခံလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

အကယ်၍ သူတို့သာဆိုလျှင် ထွက်ပြေးရန်ကြိုးစားနေသော ဝိညာဉ်အလံကို ဘယ်လိုမှ တားဆီးနိုင်မည်မဟုတ်ချေ။ သန့်စင်ပြီးလျှင်ပင် အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။

ထိုစဉ် သူ၏နားထဲသို့ အသံတစ်သံ ဝင်ရောက်လာသည်။

"ရှောင်ဝူး... ငါက ဒီသန့်စင်တဲ့ အစီအရင်ဗျူဟာကို တော်တော်လေး စိတ်ဝင်စားသွားပြီ။ ငါ့ကို လိုက်ပြဦး"

"ဟုတ်ကဲ့ပါ ဘိုးဘေး"

ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းချုပ်က အလျင်အမြန် ပြန်ထူးလိုက်သည်။ ယခုအချိန်တွင် သူသည် "မလုပ်ပါရစေနဲ့" ဟု ငြင်းဆန်ရန်ပင် မဝံ့တော့ချေ။

တစ်လခန့် ကြာပြီးနောက် ထန်းဖန်သည် ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်း သို့မဟုတ် မဟာချူးနိုင်ငံ မိစ္ဆာကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ အဓိကအကျဉ်းထောင်အတွင်းသို့ ပစ်ချခြင်းခံလိုက်ရသည်။

ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းတွင် ခရမ်းရောင်နန်းတော်အဆင့် ဘိုးဘေးတစ်ဦး ရှိနေပြီဟူသော သတင်းမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ရာ မိစ္ဆာကျင့်ကြံသူ အမြောက်အမြား လာရောက်ပူးပေါင်းကြပြီး သွေးအလောင်းကောင်ဂိုဏ်းကဲ့သို့သော ဂိုဏ်းများမှာလည်း ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်း၏ လက်အောက်ခံ ဂိုဏ်းခွဲများ လုံးလုံးလျားလျား ဖြစ်သွားခဲ့ကြသည်။

ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းချုပ် ဝူးဖန့်ထျန်း၏ အမည်မှာလည်း ကောင်းကင်ယံအထိ ကျော်ကြားလာပြီး အလွန်အမင်း အရှိန်အဝါကြီးမားလာခဲ့သည်။

ယခုအခါ စုန်ယန်သည် ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်း၏ အချက်အခြာကျသော နေရာတွင် ရှိနေပြီး သန့်စင်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်သည့် ကျမ်းလိပ်တစ်ခုကို သေသေချာချာ လေ့လာနေသည်။

"ဘိုးဘေး... တခြား လိုအပ်တာများ ရှိပါသေးသလား"

သူ့ဘေးတွင် ဝူးဖန့်ထျန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

စုန်ယန်က လက်ဖြင့် အချက်ပြလိုက်သည်။ ဝူးဖန့်ထျန်းသည် အနားသို့ အပြေးလာသော်လည်း အနီးကပ်ကြီး ကပ်ရန်တော့ မဝံ့မရဲ ဖြစ်နေ၏။ စုန်ယန်က ဆက်လက်အချက်ပြကာ "နီးနီးကပ်ကပ် လာခဲ့ပါ" ဟု ပြောလိုက်သည်။

သန်မာလှသော ဝူးဖန့်ထျန်းမှာ ဤစကားသုံးခွန်းကြောင့်ပင် ချွေးစေးများ ထွက်လာသော်လည်း မနာခံဝံ့ဘဲ ပေါင်တစ်သောင်းလေးသော သံခြေကျင်းများ ခတ်ထားသကဲ့သို့ အလွန်ပင် နှေးကွေးစွာဖြင့် ရှေ့သို့ တိုးလာခဲ့သည်။

စုန်ယန်၏ ရှေ့သို့ ရောက်သောအခါ သူသည် ဝုန်းခနဲ ဒူးထောက်လိုက်ပြီး ငိုမဲ့မဲ့မျက်နှာဖြင့် "ဘိုးဘေး... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် တကယ်ပဲ ဘိုးဘေးကို ကိုယ့်ဘိုးဘေးရင်းလို သဘောထားတာပါ" ဟု တောင်းပန်တော့သည်။

"တကယ်လား"

စုန်ယန်က ရယ်မောလိုက်ပြီး ထိုလူ၏ နဖူးကို တို့ရန် လက်ကိုဆန့်လိုက်ရာ သူ၏ လက်အင်္ကျီအိတ်အတွင်းမှ ထူးဆန်းသော အရောင်အသွေးနှင့် အကွက်များပါသည့် ဝိညာဉ်ကောင်လေးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုဝိညာဉ်ကောင်လေးမှာ သွေးနီရောင်နန်းတော်အဆင့်တုန်းကထက် ပိုမိုကြီးမားပြီး မည်းနက်နေ၏။

သို့သော် ထိုဝိညာဉ်ကောင်လေးသည် ထိုလူ၏ အရေပြားကို ထိတွေ့ရန် အလိုရှိနေစဉ်မှာပင် စုန်ယန်က ရုတ်တရက် ပြန်ရုပ်သိမ်းလိုက်သည်။ စုန်ယန်၏ အတွေးများက လျင်မြန်စွာ ပြောင်းလဲသွားပြီး ခန့်မှန်းရခက်သည်။

အစကတော့ သူသည် ဤဂိုဏ်းချုပ်ဝူးကို ဝိညာဉ်ကျွန်တစ်ယောက်အဖြစ် ပြောင်းလဲပစ်ရန် အကောင်းဆုံးဟု တွေးခဲ့သည်။ အပြင်ပန်းအားဖြင့်လည်း ဝိညာဉ်အလံအတွင်းသို့ စုပ်ယူခံရသည်ဟု အကြောင်းပြချက် ပေးနိုင်သည်။ သို့သော် လုပ်ငန်းစဉ်ပြီးဆုံးခါနီးတွင် သူ စိတ်ပြောင်းသွားခဲ့သည်။

အမှန်ပင် ဝူးဖန့်ထျန်း ပျောက်ကွယ်သွားခြင်းမှာ ဝိညာဉ်အလံ၏ ဝါးမြိုခံရခြင်းဟု ရှင်းပြနိုင်သော်လည်း သူ အသက်ရှင်လျက် ရှိနေခြင်းက သူသည် စုန်ယန် မဟုတ်ကြောင်းပိုမိုသက်သေပြနိုင်လိမ့်မည်။

တစ်ချိန်တည်းမှာပင် သုသည် လီရွှမ်းယွန်း၊ လီဟွိုက်နှင့် ရှောင်ဟွမ်တို့ကိုလည်း ပိုမိုကာကွယ်ပေးနိုင်ပေလိမ့်မည်။ သူနှင့် လမ်းဆုံခဲ့ရုံမျှဖြင့် အကျိုးဆက်များမရှိကြောင်း ထင်ရှားစေသဖြင့် သူတို့ကို သုံးပြီး သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

အခန်း။ ၂၃၀

ထို့ကြောင့် နောက်ဆုံးအချိန်တွင် သူသည် စိတ်ကူးပြန်ပြောင်းသွားခဲ့သည်။

ဖတ်..

ဖတ် ဖတ်….

သူသည် ဝူးဖန့်ထျန်း၏ ခေါင်းကို ကြင်နာစွာ ပုတ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ "မင်း တကယ် ရိုးသားတယ်ဆိုတာကို ဘိုးဘေးက သိတာပေါ့။ မဟုတ်ရင် မင်း အခုလို အသက်ရှင်လျက်နဲ့ ဒီမှာ ဒူးထောက်နေနိုင်ပါ့မလား။ ဘိုးဘေးက ဒီကို ရောက်လာတာ ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံနဲ့ ကံပါလို့တင်မကဘူး။ တူညီတဲ့ ဝိညာဉ်ကျင့်ကြံသူ မျိုးနွယ်စုဝင်ဖြစ်တဲ့ မင်းနဲ့လည်း ကံပါလို့ပဲ"

ဝူးဖန့်ထျန်းမှာ အသက်ရှူပင် မဝဝံ့လောက်အောင် ထိတ်လန့်သွားပြီး အလျင်အမြန် ရယ်မောကာ "ရှောင်ဝူးက ဘိုးဘေးကို ကိုယ့်ဆွေမျိုးအရင်းလို သဘောထားတာပါ။ ဘိုးဘေးက ရှောင်ဝူးကို အရှေ့သွားခိုင်းရင် အနောက်ကို လုံးဝ မသွားဝံ့ပါဘူး"

ဖတ်…

စုန်ယန်က သူ၏ခေါင်းကို ဆက်ပုတ်နေပြန်သည်။ ဝူးဖန့်ထျန်းကလည်း ရိုးသားဟန်ဖြင့် ခေါင်းကို မော့ထားပြီး မြေးလေးတစ်ယောက်ကဲ့သို့ ချစ်စဖွယ် အပြုံးမျိုးကို အစွမ်းကုန် ကြိုးစားပြနေ၏။

စုန်ယန်က လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"မင်း လိမ္မာသရွေ့တော့ ဘိုးဘေးက မင်းကို နှိမ်မှာမဟုတ်ဘူး"

ထိုသို့ ပြောပြီးနောက် လက်ထဲမှ စာအုပ်ကို ရုတ်တရက် ပိတ်ကာ မတ်တတ်ရပ်လျက် "လာခဲ့" ဟု ပြောလိုက်သည်။

ချက်ချင်းပင် သူတို့နှစ်ဦးမှာ ရှေ့နောက်တစ်ယောက်စီဖြင့် အဓိကနေရာမှ ထွက်လာခဲ့ကြပြီး ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းအနီးရှိ မိစ္ဆာနယ်မြေတစ်ခုသို့ ရောက်ရှိလာကြသည်။

ဤမိစ္ဆာနယ်မြေမှာ တောင်ဝါးတောင်ကုန်း အပြင်ဘက်ရှိ နေရာနှင့် ဆင်တူလှသည်။ အတွင်းဘက်သို့ ပိုတိုးသွားလေ မိစ္ဆာအငွေ့အသက်များက ပို၍ ပြင်းထန်လာလေ ဖြစ်သော်လည်း သွေးကျောက်စိမ်းကဲ့သို့သော မိစ္ဆာနယ်မြေဗဟိုချက်တော့ မရှိချေ။

စုန်ယန်သည် ညာဘက်လက်ကို နောက်ပစ်ထားပြီး ဘယ်ဘက်လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

သူ၏ လက်အင်္ကျီ လွင့်ခါသွားသည်နှင့်အမျှ ဟင်းလင်းပြင်ထဲတွင် ဝုန်းဟူသော မြည်ဟီးသံကြီး တစ်ချက် ပေါ်ထွက်လာသည်။

ယခင်က လွင့်မျောနေသော မိစ္ဆာအငွေ့အသက်များသည် ကြီးမားသော အင်အားတစ်ခု၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး ပင်လယ်နက်အတွင်းရှိ ပြင်းထန်သော ဒီရေလှိုင်းကြီးများအလား တစ်ဖက်သတ် အရှိန်အဟုန်ဖြင့် တိုးဝင်လာနေတော့သည်။ ဝူးဖန့်ထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေတော့သည်။

ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် သူသည်လည်း အတွေ့အကြုံ အချို့ရှိသူ ဖြစ်သည်။ ဤမှော်အတတ်မှာ ထူးကဲချီကို သန့်စင်သည့် အဆင့်မျှသာ ဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာ သွေးနီရောင်နန်းတော်အဆင့်တွင် ရှိနေပြီး မိစ္ဆာနယ်မြေများ၌ မယုံကြည်နိုင်လောက်အောင် ထိရောက်မှုရှိသည်ကို သူ သတိပြုမိလိုက်သည်။

ဤအတတ်မှာ မိစ္ဆာနယ်မြေတွင် အခြေစိုက်သော ဝိညာဉ်ကျင့်ကြံသူတစ်ဦးအတွက် အသင့်တော်ဆုံးသော အတတ်ဖြစ်သည်ဟုပင် ဆိုနိုင်သည်။

"မိစ္ဆာဒီရေအတတ်"

စုန်ယန်က အသာအယာ ပြောလိုက်သည်။

ဝူးဖန့်ထျန်းက ဒူးထောက်လိုက်ပြီး "ကျွန်တော်မျိုးကို သင်ကြားပေးပါ ဘိုးဘေး" ဟု တောင်းဆိုတော့သည်။

စုန်ယန်က "လိမ္မာအောင်နေ၊ ရူးကြောင်ကြောင် အတွေးတွေ မဝင်နဲ့။ ငါ ဒီမှာ ကြာကြာနေမှာ မဟုတ်ဘူး။ ငါ မထွက်သွားခင် မင်းကို သင်ပေးခဲ့မယ်" ဟု ပြောလိုက်သည်။

ဝူးဖန့်ထျန်းက အလောတကြီးပင် "ဟုတ်ကဲ့ပါ ဘိုးဘေး"

ရက်အနည်းငယ် ကြာပြီးနောက်...

စုန်ယန်သည် ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်း၏ အချက်အခြာကျသော နေရာတွင် စာအုပ်အချို့ကို ဆက်လက် လေ့လာနေခဲ့သည်။

သူသည် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံကို သန့်စင်သည့် ဗျူဟာအစီအရင်ကို အကြိမ်ကြိမ် အဖန်ဖန် လေ့လာနေမိသည်။

ယခုတစ်ကြိမ်တွင် သူ၏ ရင်ထဲ၌ ထူးဆန်းသော ကြိုတင်နိမိတ်တစ်ခု ဖြစ်ပေါ်လာသည်။

အမှန်စင်စစ် မှော်အတတ် ပြောင်းလဲခြင်းဆိုသည်မှာ ဝိညာဉ်ထူးကဲအမြစ်ကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုတစ်ခု ဖြစ်သည်။

ထိုသို့သာမဟုတ်ပါက သူသည် တံခါးပိတ်၍ နှစ်ပေါင်းများစွာ အချိန်ကုန်ခံ စဉ်းစားနေလျှင်ပင် မည်သည့်အရာကိုမျှ သိရှိနားလည်နိုင်လိမ့်မည် မဟုတ်ပေ။ နားမလည်နိုင်ခြင်းမှာ သတင်းအချက်အလက် မလုံလောက်ခြင်းကြောင့်သာ။

သို့သော် ယခုတစ်ကြိမ်တွင် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ သန့်စင်ခြင်းနည်းလမ်းနှင့် ဓာတ်ကြီးငါးပါး စုစည်းမှုအစီအရင်တို့အကြား သိမ်မွေ့သော ဆက်နွှယ်မှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

သူသည် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ သန့်စင်ခြင်းနည်းလမ်းကို နည်းပညာမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်အထိ စောင့်ဆိုင်းနေခြင်းပင်။

ထိုအခါမှသာ နှစ်မျိုးစလုံးကို ပစ်မှတ်ထား၍ ဆင်ခြင်သုံးသပ်ကာ ထူးခြားသော အရာသစ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

သူ စဉ်းစားနေစဉ်မှာပင် တံခါးအပြင်ဘက်မှ ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး အမျိုးသမီးကျင့်ကြံသူ နှစ်ဦး၏ အသံများ ထွက်ပေါ်လာသည်။

တစ်ဦး၏အသံမှာ ညှို့ဓာတ်ပြင်းပြီး အခြားတစ်ဦးမှာမူ စင်ကြယ်သည့်အသံမျိုး ဖြစ်သည်။

"ဘိုးဘေး..."

"ဘိုးဘေး..."

စုန်ယန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ကာထားသော ကုလားကာမှာ ပွင့်သွားပြီး တံခါးအပြင်

ဘက်မှ မိစ္ဆာဂိုဏ်းဝင် အမျိုးသမီးကျင့်ကြံသူ နှစ်ဦး၏ ပုံရိပ်များ ပေါ်လာသည်။ သူတို့သည် သူတို့၏ အသံများနှင့် အမှန်တကယ်ပင် လိုက်ဖက်လှသည်။

ဘယ်ဘက်မှ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ မြေခွေးမျက်နှာနှင့် ညှို့ဓာတ်ပြင်းလှသည်။ သူမ၏ တောက်ပြောင်သော ဖဲကြိုးများမှာ ကျောက်စိမ်းတုံးကို ကြာပန်းက ပွတ်သပ်နေသကဲ့သို့ သူမ၏ ကိုယ်ပေါ်တွင် ရစ်ပတ်ထားပြီး ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ခြေတံများနှင့် တောင်ကုန်းငယ်သဖွယ် လှပသော တင်ပါးဆုံများကို ပေါ်လွင်စေသည်။

ညာဘက်မှ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမှာမူ သွယ်လျ၍ ကျော့ရှင်းသည်။ ချစ်စဖွယ်ကောင်းပြီး သနားစဖွယ် မျက်နှာထားရှိသော်လည်း နက်ရှိုင်းသော ဆွဲဆောင်မှုများကို ဖုံးကွယ်ထားကာ သူ့ကို ခိုးကြည့်နေသည်။

သူမ၏ စေ့ထားသော ခြေတံများမှာ အနည်းငယ် လှုပ်ရှားနေပြီး စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်များ ရောပြွမ်းနေဟန်ရှိသည်။

စုန်ယန်သည် ချက်ချင်းပင် သဘောပေါက်သွားပြီး သူမတို့ကို အနားသို့ ခေါ်လိုက်သည်။ မိစ္ဆာဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူ နှစ်ဦးမှာ ဝမ်းသာအားရဖြင့် သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ဝင်ထိုင်ကြပြီး အစွမ်းကုန် ပြုစုယုယကြတော့သည်။

ညဉ့်ဦးယံသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။

ပြတင်းပေါက်အပြင်ဘက်တွင်မူ မိစ္ဆာမြူထုနှင့် ယုတ်မာသော လေပြင်းတို့က လရောင်ကို ရစ်ပတ်ကာ သွေးရောင်လွှမ်းသော လပင်လယ်ပြင်ကြီးတစ်ခုအလား ဖြည်းညှင်းစွာ ဝှေ့ယမ်းနေကြသည်။

အရိုးခြောက်များနှင့် အရေခွံများမှာ မြေပြင်ကို ပွတ်တိုက်ကာ လွင့်မျောနေကြပြီး သားရဲမိစ္ဆာများမှာလည်း ပါးစပ်မှ သွားရည်များ တမျှမျှဖြင့် ရူးသွပ်စွာ အော်ဟစ်နေကြသည်။

သို့သော် အခန်းအတွင်း၌မူ လုံးဝခြားနားသော မြင်ကွင်းတစ်ခု ရှိနေသည်။ နဂါးတစ်ကောင်နှင့် ဖီးနစ်နှစ်ကောင်တို့၏ ပြင်းထန်သော ဆုံစည်းမှုအပြီးတွင် အရာအားလုံး ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

စုန်ယန်သည် တစ်ဖက်တစ်ချက်စီတွင် မိစ္ဆာမလေးတစ်ဦးစီကို ရစ်ပတ်လျက် ငြိမ်သက်စွာ လဲလျောင်းနေမိသည်။ သူသည် အပြင်ဘက်မှ လှိုင်းထနေသော မိစ္ဆာအငွေ့အသက်များကို တိတ်ဆိတ်စွာ ငေးကြည့်နေ၏။

အဝတ်အစားများ မရှိတော့သဖြင့် အဖြူ သို့မဟုတ် အနီဟူသော အရောင်များ မခွဲခြားနိုင်တော့သော်လည်း ပို၍စင်ကြယ်သော ပုံစံရှိသည့် မိစ္ဆာမလေးမှာ ဘိုးဘေး၏ အတွေးများကို ပိုမိုသိမြင်နေပုံပင်။

သူမသည် သူမ၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ စုန်ယန်၏ သန်မာသော ရင်ဘတ်ပေါ်သို့ တံတောင်ဆစ်တင်လျက် တိုးတိုးလေး မေးလိုက်သည်။

"ဘိုးဘေး... အတိတ်ကို ပြန်တွေးနေတာလား"

အနီရောင်ဝတ်စုံနှင့် မိစ္ဆာမလေးကလည်း တခိခိရယ်မောရင်း "ဘိုးဘေးရဲ့ အတိတ်ကတော့ နှိုင်းယှဉ်လို့မရအောင် ဂုဏ်ယူစရာကောင်းမှာ သေချာပါတယ်" ဟု ပြောလိုက်သည်။

စုန်ယန်က ဘာမျှပြန်မပြောသော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက လွင့်မျောနေသော အခန်းငယ်လေးအတွင်းမှ မြင်ကွင်းကို ပထမဆုံးအကြိမ် ပြန်လည်သတိရမိသွားသည်။ အချိန်သည် ရေစီးသကဲ့သို့ပင် နှစ်ပေါင်းများစွာကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် လွမ်းဆွတ်တမ်းတနေရန် မထိုက်တန်လှပေ။

အဘယ်ကြောင့်ဆိုသော် ထိုစဉ်ကကဲ့သို့ပင် ယခုလည်း သူ့တွင် နောက်ပြန်လှည့်ရန် လမ်းမရှိဘဲ ရှေ့သို့သာ ဆက်သွားရမည် ဖြစ်သောကြောင့်ပင်။

ထိုသို့သော ခံစားချက်များနှင့်အတူ သူ၏ မျက်စိရှေ့မှ နည်းပညာမျက်နှာပြင်ပေါ်တွင် အချက်အလက်တစ်ကြောင်း ရုတ်တရက် ပေါ်ထွက်လာသည်။

[မှော်အတတ် - ဗျူဟာလမ်းစဉ် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ သန့်စင်ခြင်းဗျူဟာ(အခြေခံအဆင့် မရောက်သေးပါ)]

[ဗျူဟာလမ်းစဉ် - ဓာတ်ကြီးငါးပါး စုစည်းမှုအစီအရင်(ပြီးပြည့်စုံသောအဆင့်)]

စုန်ယန်သည် ဗျူဟာလမ်းစဉ် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ သန့်စင်ခြင်းဗျူဟာဟူသော စာလုံးများကို ငြိမ်သက်စွာ ကြည့်နေမိသည်။

အမှန်စင်စစ် သူသည် စာအုပ်ထဲမှ မှတ်တမ်းများအတိုင်းသာ လိုက်လုပ်ပါက ဝိညာဉ်အလံကို သန့်စင်နိုင်မည် ဖြစ်သော်လည်း ၎င်း၏ ထူးကဲ လျှို့ဝှက်ချက်များကို ထပ်မံဖော်ထုတ်လိုလျှင်မူ အလွန်ပင် ခက်ခဲမည်ပင်။

ထိုအချိန်တွင် သူသည် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ သန့်စင်ခြင်းဗျူဟာအပေါ်သို့ အာရုံစိုက်လိုက်ပြီး ရင်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

“ကျင့်ကြံမယ်”

All Chapters