← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 23 Ch. 223-224

အခန်း။ ၂၂၃

စုန်ယန်က ရယ်မောရင်း "သောက်ကြစို့" ဟု ပြောလိုက်သည်။

သူတို့နှစ်ဦးသည် အရက်ကို တစ်ကျိုက်တည်း သောက်လိုက်ကြပြီး အသားတုံးကြီးများကို မြိန်ယှက်စွာ စားကြသည်။

တစ်ခါတစ်ရံတွင်လည်း "ငါ သာမန်လူဖြစ်တုန်းကဆိုရင် ပြင်းတဲ့အရက် သုံးအိုးကို တစ်ယောက်တည်း အပြတ်သောက်နိုင်တာကွ" စသဖြင့် ကြွားလုံးထုတ်ကြသေးသည်။

အရက်နှစ်အိုး ကုန်သွားပြီးနောက် စုန်ယန်က နောက်ထပ်နှစ်အိုးကို ထပ်ထုတ်လိုက်ပြီး ဆက်သောက်ကြသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်အိုးမှ လေးအိုး၊ လေးအိုးမှ ရှစ်အိုး ဖြစ်သွားပြီး သူတို့နှစ်ဦး ပိုမိုသောက်နိုင်လာကြသည်။

ထန်းဖန်က ကျေနပ်စွာဖြင့် လေချဉ်တစ်ချက် တက်လိုက်ပြီး ခေါင်းက ဘေးသို့စောင်းကာ လဲကျသွားတော့သည်။ စုန်ယန်က အရက်အိုးကို ချလိုက်ပြီး မြေပြင်ပေါ်တွင် လဲနေသော လူငယ်လေးကို ကြည့်လိုက်သည်။

လွန်ခဲ့သော နှစ်များအတွင်း သူသည် ဆေးဖက်ဝင်အပင်များအကြောင်း လေ့လာရာတွင် တိုးတက်မှုများ ရှိခဲ့သည်။ အနည်းဆုံးတော့ သူသည် သစ္စာစကားဖော်ဆေးဟုခေါ်သော ထူးခြားသည့်ဆေးကို ရူးသွပ်ဆေး၏ ဆေးဝါးဗေဒကို အတုယူကာ ခူယဲ့ဓားသခင်ချန်ရစ်ခဲ့သော ဆေးဖက်ဝင် အတွေ့အကြုံများကို အသုံးပြု၍ ဖန်တီးနိုင်ခဲ့သည်။

ဤဆေးသည် လူများကို အမှန်အတိုင်းပြောစေရုံမှလွဲ၍ တခြားအာနိသင်မရှိပေ။ သွေးနီရောင်နန်းတော်အဆင့်အောက် ကျင့်ကြံသူများအတွက် အပိုင်အနိုင်ပင်။ အကယ်၍ ထူးကဲပန်းမြက်ဖြင့် ချက်ထားသော အရက်နှင့် တွဲဖက်လိုက်လျှင် အာနိသင်မှာ ပို၍ပင် ထိရောက်လှသည်။

သို့သော် ဤဆေးကို အသုံးပြုရန် အခွင့်အရေးမှာ အလွန်ရှားပါးလှသည်။ သို့သော် ယနေ့တွင်မူ သူက ၎င်းကို ထန်းဖန်အပေါ်တွင် အသုံးပြုလိုက်ခြင်းပင်။

ပထမတော့ အာနိသင်မပြပေ။ သို့သော် ပထမအချက်မှာ ထန်းဖန်၏ အဆင့်မှာ သွေးချည်နှောင်ကြိုးကြောင့် ကိုးဆင့်မြောက် သန့်စင်ခြင်းနယ်ပယ်သို့ ကျဆင်းနေခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ သူကိုယ်တိုင်က ယနေ့တွင် စိတ်ပါလက်ပါ သောက်လိုက်ခြင်းကြောင့်လည်း ဖြစ်သည်။

ပတ်ဝန်းကျင် အနေအထားတွင် နစ်ဝင်သွားခဲ့သလို ခရမ်းရောင်နန်းတော်အဆင့်အဘိုးအိုတစ်ဦးက သူ့ကိုသတ်ချင်လျှင် ဤမျှ အားထုတ်စရာမလိုဟု သူက သိထားသောကြောင့်လည်း သတိလက်လွတ် ဖြစ်သွားခြင်းပင်။

စုန်ယန်က ထန်းဖန်၏ဘေးတွင် ထိုင်ကာ "မင်းက အဒေါ် တစ်ဆယ့်လေးကို မနိုင်ပါဘူး" ဟု ပြောလိုက်သည်။

ထန်းဖန်က နှုတ်ခမ်းကို သပ်လိုက်ပြီး "ငါက ဘာလို့ မနိုင်ရမှာလဲ သူက ဘာမို့လို့လဲ ငါက ဘာမို့လို့လဲ ငါက ဘာလို့ မနိုင်ရမှာလဲ"

စုန်ယန်က "ကြွားနေတာပဲ" ဟု ပြောလိုက်သည်။

ထန်းဖန်က သူ၏ရင်ဘတ်ကို အရက်မူးမူးဖြင့် ပုတ်ကာ "ဒါကို ခင်ဗျား မသိပါဘူး။ ဒါကို 'ပင်ကိုယ်မျိုးရိုး လျှို့ဝှက်အတတ်'လို့ ခေါ်တယ်။ အမေဝမ်းထဲကတည်းက ပါလာတာ။ အမေပြောတာတော့ ငါက တကယ်တော့ 'ရှေးဟောင်းမျိုးနွယ်'လို့ခေါ်တဲ့ ကြီးမားတဲ့ မျိုးနွယ်စုဝင် တစ်ယောက်တဲ့"

"ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူမှ လုံးဝ မသိအောင် ငါ ဖုံးကွယ်ထားရမယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ရှေးဟောင်းမျိုးနွယ်တွေကို သတ်ချင်နေတဲ့ လူတွေနဲ့ မိစ္ဆာတွေက အရမ်းများလွန်းလို့ပဲ။

မဟာချူးနိုင်ငံက ရှေးဟောင်းမျိုးနွယ်တွေရဲ့ နယ်မြေမဟုတ်ဘူး။ ဒါကြောင့် ဘာအကာအကွယ်မှ ပေးမှာမဟုတ်ဘူး။ အကယ်၍ ငါ ဒီလျှို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်လိုက်ရင် ငါ သေချာပေါက် သေရမှာပဲ။

ဟေး... မမဖန်း ဘယ်သူ့ကိုမှ မပြောနဲ့နော် ဟုတ်ပြီလား။

ငါက... ဟဲဟဲ... မမကိုပဲ ပြောတာ"

စုန်ယန် : ...

သူက ဆက်မေးလိုက်သည်။

"ဘာပင်ကိုယ်မျိုးရိုး လျှို့ဝှက်အတတ်လဲ"

ထန်းဖန်က ပြောသည်။

"အမေပြောတာတော့ ရှေးဟောင်းမျိုးနွယ်စုထဲမှာ အဲဒီအတတ်တွေ အများကြီးရှိတယ်တဲ့။

မိစ္ဆာတွေရဲ့ ပင်ကိုယ်မိစ္ဆာသွေးနဲ့ မတူတာက ရှေးဟောင်းမျိုးနွယ်တိုင်းမှာ ဝိညာဉ်ပေါ်မှာ စွဲထင်နေတဲ့ ပင်ကိုယ်လျှို့ဝှက်အတတ် တစ်မျိုးစီ ရှိကြတယ်။

ရှေးဟောင်းမျိုးနွယ် တစ်စုနဲ့တစ်စု လျှို့ဝှက်အတတ်ချင်း မတူကြဘူး။

ငါ့ရဲ့မျိုးနွယ်ကိုတော့ အမေက 'ပုံသဏ္ဌာန်မဲ့မျိုးနွယ်' လို့ ခေါ်တယ်တဲ့။

ဟဲဟဲ... ငါ့ရှေ့မှာ သုံးလိုက်တဲ့ ဘယ်လိုမှော်အတတ်ကိုမဆို ငါက အတိုင်းအတာတစ်ခုအထိ အတုယူနိုင်ပြီး ငါ့မျိုးနွယ်ရဲ့ ထူးခြားတဲ့ လျှို့ဝှက်အတတ်စွမ်းအားကို အသုံးပြုပြီး ပြန်တုံ့ပြန်နိုင်တယ်။

ဒါကို 'မိစ္ဆာက တစ်ထောင်မြင့်ရင် တာအိုက တစ်သောင်းမြင့်တယ်။ သူတို့ရဲ့လမ်းစဉ်နဲ့ သူတို့ကို ပြန်နှိပ်ကွပ်တယ်' လို့ ခေါ်တယ်။

အဲဒီနေ့က အဒေါ် တစ်ဆယ့်လေးက ပေတစ်ထောင်လောက်ရှိတဲ့ မိစ္ဆာအရိပ်ကြီးအဖြစ် ပြောင်းလဲလိုက်တုန်းက ငါက သူမရဲ့ မှော်အတတ်ကို အတုယူပြီး ပေအနည်းငယ်ရှိတဲ့ ပုံရိပ်

အဖြစ် ပြောင်းလိုက်တယ်။

ပြီးတော့ ငါ့မျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်နဲ့ပေါင်းလိုက်တော့ ငါ့တစ်ကိုယ်လုံး ရွှေရောင်အလင်းတွေ တောက်ပလာတာပေါ့။ ဓားတစ်ချက်တည်းနဲ့ သူမကို အငိုက်မိအောင် တိုက်ခိုက်နိုင်ခဲ့တာ။ အကယ်၍ ဟိုခွေးသောက်ကောင် မိစ္ဆာအိုကြီး ကျန်းဟန့်သာ ကြားမဖြတ်ရင် ငါ သူမကို အနိုင်ပိုင်းပြီးသားပဲ။

မိစ္ဆာအိုကြီး ကျန်းဟန့်က ငါ့ရဲ့ လျှို့ဝှက်အတတ်ကို သင်ချင်နေတာ။ ဒါပေမဲ့ ငါက အဲဒီအတတ်ကို အသုံးပြုရုံပဲ သိတာ ရှင်းမပြတတ်ဘူး။ အဲဒါကို ငါက သူ့ကို ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ"

သူသည် ဗလုံးဗထွေး ပြောဆိုပြီးနောက် နောက်ထပ် အရက်မူးမူးဖြင့် လေချဉ်တစ်ချက် တက်လိုက်ပြန်သည်။

စုန်ယန်က မေးခွန်းများကို ဆက်မေးနေခဲ့ကာ ထန်းဖန်ကလည်း မေးသမျှကို ပြန်ဖြေနေ၏။

မေးခွန်းများ များလာသည်နှင့်အမျှ သူသည် တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ပြင်းထန်သော ဟောက်သံများသာ ထွက်ပေါ်လာတော့သည်။

စုန်ယန်သည် တရားထိုင်သည့်ပုံစံဖြင့် ထိုင်နေပြီး သူ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေသည်။

ရှေးဟောင်းမျိုးနွယ်…

ပုံသဏ္ဌာန်မဲ့မျိုးနွယ်…

သူတို့ရဲ့လမ်းစဉ်နဲ့ သူတို့ကို ပြန်နှိပ်ကွပ်တယ်။

ပင်ကိုယ်မျိုးရိုး လျှို့ဝှက်အတတ်…

ဒီကမ္ဘာကြီးရဲ့ ရေအနက်က တကယ်ကို နက်နဲလွန်းတယ်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် ထန်းဖန် နိုးလာပြီးနောက် ညက ဖြစ်ပျက်ခဲ့သည်များကို အားစိုက်၍ သတိရလိုက်သောအခါ အဖြစ်အပျက်များကို မှတ်မိသွားတော့သည်။

သူသည် စုန်ယန်ကို ထိတ်လန့်တကြား ကြည့်ကာ အရက်မူးတုန်း အခွင့်ကောင်းယူခံလိုက်ရသည့် မိန်းကလေးတစ်ယောက်ကဲ့သို့ အော်ဟစ်ဆဲဆိုတော့သည်။

"မိစ္ဆာအိုကြီး ကျန်းဟန့် ခင်ဗျားမှာ အရှက်မရှိဘူးလား။ ခင်ဗျားမှာ အရှက်ဆိုတာ နည်းနည်းလေးမှ မရှိဘူးလား။ ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးရတယ်လို့"

"ခင်ဗျားက ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်နေပြီဖြစ်ပြီးတော့ အခုထိ ဒီလို အောက်တန်းကျပြီး အရှက်မရှိတဲ့ နည်းလမ်းတွေကို သုံးနေတုန်းပဲလား"

"အရှက်မရှိတဲ့ကောင်"

"တကယ့်ကို အရှက်မရှိတာ"

စုန်ယန်က သူ့ကို စိုက်ကြည့်ကာ "မင်းက ထပ်ပြီး ဆူညံနေပြန်ပြီလား" ဟု မေးလိုက်သည်။

ထန်းဖန်က သူ့ကို ရန်ငြိုးဖြင့် ကြည့်ကာ ရှိုက်ကြီးတငင်ဖြင့် "ခင်ဗျားက... လူတွေကို နှိပ်စက်တယ်... ခင်ဗျား လူတွေကို အနိုင်ကျင့်တယ်... ဒါက မတရားဘူး။

ငါတို့တွေ အရက်သောက်နေကြတုန်းက ခင်ဗျားက တကယ့်ကို ပွင့်လင်းရိုးသားတဲ့လူလို့ ထင်ခဲ့တာ။ ငါက ပွင့်လင်းတာနဲ့ ဟန်ဆောင်တာကို ခွဲခြားနိုင်ပါတယ်။ ဒါက... ဒါက..."

စုန်ယန်က စကားဖြတ်ပြောလိုက်သည်။

"နောက်တစ်ခါဆိုရင် ပိုပြီး သတိထားပါ။ ငါက မင်းရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်သူ့ကိုမှ အလကား လျှောက်ပြောမှာ မဟုတ်ပါဘူး"

ထိုသို့ ပြောပြီးနောက် သူသည် တိမ်တိုက်များကြားမှ ထွက်ပေါ်လာသော အရုဏ်ဦးအလင်းရောင်ကို ကြည့်ကာ ပြောလိုက်သည်။

"သွားကြစို့ ခရီးဆက်ရအောင်"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ကြယ်ရောင်များမှာ ကြည်လင်သော ရေပြင်ပမာ ဝင်းလက်နေ၏။

သူတို့နှစ်ဦးမှာ မီးပုံဘေးတွင် တစ်ဖန် ပြန်လည်အနားယူနေကြသည်။

ထန်းဖန်က အေးစက်စက် လှောင်ပြောင်လိုက်သည်။

"ခင်ဗျားက အနည်းဆုံးတော့ ခရမ်းရောင်နန်းတော်အဆင့်က အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်

ပဲ။ ဘာလဲ... စနစ်တကျ ပျံသန်းနိုင်တဲ့ယာဉ်တောင် မရှိဘူးလား နေ့တိုင်း ပျံလိုက်ရတာ ပျံလိုက်ရတာ"

စုန်ယန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"မင်းက တကယ်တော့ မိန်းကလေးဖြစ်ပြီး ယောင်္ကျားလေးလို ဟန်ဆောင်နေတာလား"

ထန်းဖန် : ...

လူငယ်လေးမှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဘာမှပြန်မပြောတော့ဘဲ လက်ပိုက်လျက် သစ်ပင်အိုကြီးတစ်ပင်ကို မှီကာ အိပ်ပျော်ရန် ကြိုးစားတော့သည်။

စုန်ယန်က သူ့ကို အရက်တိုက်ပြီး လျှို့ဝှက်ချက်များကို မတော်တဆ ဖွင့်ဟမိစေခဲ့သည့် ထိုနေ့မှစ၍ ထန်းဖန်မှာ ယခုကဲ့သို့ပင် စကားပြောဆိုနေခဲ့ခြင်းပင်။

စုန်ယန်ကလည်း သူ့ကို အရေးတယူ မလုပ်တော့ပေ။

မေးသင့်မေးထိုက်သည်များကို ထိုနေ့က အကုန်မေးမြန်းပြီးခဲ့ပြီဖြစ်ရာ ထိုကလေးကသာ သရုပ်ဆောင်နေခြင်း မဟုတ်ပါက သူ၏လျှို့ဝှက်ချက်များမှာ အခြေခံအားဖြင့် အကုန်လုံး ပေါက်ကြားသွားခဲ့ပြီဖြစ်သည်။

ထန်းဖန်က မြေခွေးနှင့် ဝံပုလွေမျိုးနွယ်များကို ခုခံနိုင်ခဲ့ခြင်းမှာ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်၏ ပင်ကိုယ်မျိုးရိုး လျှို့ဝှက်အတတ်ကြောင့်သာ ဖြစ်သည်။

ထိုကဲ့သို့သော လျှို့ဝှက်အတတ်မျိုးမှာ အနည်းငယ်မျှ တွေးကြည့်ရုံနှင့်ပင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း စုန်ယန် သဘောပေါက်လိုက်သည်။

သာမန်အတတ်ပညာများအတွက်မူ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းမျိုးနွယ်က တစ်ကြိမ်မျှ အတုယူလိုက်ရုံဖြင့် ချက်ချင်း တတ်မြောက်သွားနိုင်သည်။

ပိုမိုရှုပ်ထွေးသော အတတ်များအတွက်မူ အနည်းငယ် ထပ်ခါတလဲလဲ လုပ်ဆောင်ရုံနှင့် လုံလောက်ပေလိမ့်မည်။

သို့သော် သွေးမျိုးရိုး လျှို့ဝှက်အတတ်များအတွက်မူ တစ်ဖက်လူက အရင်ဆုံး ထုတ်သုံးရန် လိုအပ်သဖြင့် ၎င်းမှာ အနည်းဆုံးတော့ ကန့်သတ်ချက်တစ်ခု ရှိနေသေးသည်ဟု ဆိုရမည်။

ထိုသို့သာ မဟုတ်ပါက စုန်ယန်အနေဖြင့် စိတ်ပင် ကူးကြည့်နိုင်မည် မဟုတ်ချေ။

ယခုအချိန်တွင် သူသည် အစီအရင်အတတ်၏ စစ်မှန်သော နားလည်မှုစာအုပ်ကို ဆက်လက် ဖတ်ရှုနေခဲ့သည်။

သူသည် အခြေအနေပြဘောင်ကို တစ်ချက် ကြည့်လိုက်ရာ

[အမည် - စုန်ယန်]

[သက်တမ်း -၃၉ / ၁၅၈၁၂]

[အဆင့် - ခရမ်းရောင်နန်းတော်အဆင့် အစောပိုင်းကာလ]

[ကျင့်စဉ် - အစီအရင်အတတ်၏ စစ်မှန်သော နားလည်မှု]

အခန်း။ ၂၂၄

[မှော်အတတ် - အစီအရင်အတတ် ဓာတ်ကြီးငါးပါး စုစည်းမှုအစီအရင် (အခြေခံအဆင့်သို့ပင် မရောက်ရှိသေး)]

လွန်ခဲ့သောနှစ်များအတွင်း သူသည် အရေပြားအတတ်ကို အသုံးပြု၍ သု့အတွက် သက်တမ်း လေးထောင်ခန့် ရှာဖွေနိုင်ခဲ့သည်။

ရက်အတော်ကြာ အားထုတ်မှုအပြီးတွင် သူသည် ရှုပ်ထွေးလှသော အစီအရင်အတတ်ကို အခြေအနေပြဘောင်ပေါ်သို့ နောက်ဆုံးတွင် တင်နိုင်ခဲ့သည်။

ယခုအခါတွင် သူသည် သူ၏အာရုံကို ဓာတ်ကြီးငါးပါး စုစည်းမှုအစီအရင်အပေါ်သို့ စူးစိုက်လိုက်သည်။

[သင်သည် သက်တမ်း ၆၁ နှစ်ကို ရင်းနှီးမြှုပ်နှံလိုက်သည်။ ဓာတ်ကြီးငါးပါး စုစည်းမှုအစီအရင်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားကာ သင်သည် အစီအစဉ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး အစီအရင်ပြားများနှင့် အလံများကို ဖန်တီးနိုင်ပြီဖြစ်သည်]

[သင်သည် အစီအရင်တစ်ခုတည်း ပြီးပြည့်စုံရုံနှင့် အားမရသေးဘဲ သက်တမ်းကို ဆက်လက်

ရင်းနှီးမြှုပ်နှံလိုက်သည်။ ၁ နှစ်အကြာတွင် ဓာတ်ကြီးငါးပါး စုစည်းမှုအစီအရင်၌ ပိုမိုတိုးတက်ရန် အလားအလာရှိကြောင်း သင်စတင်သိရှိလာသော်လည်း ရှာဖွေဖော်ထုတ်ရန် အခွင့်အလမ်းများ လိုအပ်နေသေးသည်]

စုန်ယန်သည် သူ၏မျက်လုံးများကို အသာအယာဖွင့်လိုက်ပြီး ထောင်ကရိန်းဂိုဏ်းထံမှ ရရှိထားသော အစီအရင်ပြား၊ အလံများနှင့် သစ်သားဓာတ်ကြွယ်ဝသည့် ဝှိုက်ဂူကျောက်သလင်းကျောက်တို့ကို ဝတ်လုံအိတ်အတွင်းမှ ထုတ်ယူကာ စဉ်းစားခန်းဝင်နေတော့သည်။

သူသည် မိစ္ဆာထူးကဲချီများကို စုစည်းရန်လိုအပ်နေသည်။

ဤတောင်ဘက်ခရီးစဉ်တွင် တစ်ခုခု ထူးခြားလာလိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။ အစီအရင်ပြားနှင့် အလံများကို ခေတ္တမျှ ကိုင်တွယ်ကြည့်ပြီးနောက် သူသည် ၎င်းတို့ကို ပြန်သိမ်းကာ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။

ထိုစဉ် သူ၏ဆန့်ကျင်ဘက်တွင် ထန်းဖန်သည် ဆက်သွယ်ရေးကျောက်တုံးကို ထုတ်ယူကာ အကြိမ်အနည်းငယ် အော်ဟစ်နေ၏။

ဤရက်များအတွင်း အတူရှိနေပြီးနောက် မိစ္ဆာအိုကြီးကျန်းသည် ယခုကဲ့သို့ လွတ်လပ်ခွင့်များကို ကန့်သတ်ထားခြင်းမရှိကြောင်း သူ သိရှိသွားသဖြင့် ပိုမိုပေါ့ပေါ့ပါးပါး ဖြစ်လာခဲ့သည်။

"မမဖန်း"

"မမဖန်း"

ထန်းဖန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဆက်သွယ်ရေးကျောက်တုံး၏ အခြားတစ်ဖက်မှ ဖန်းချင်းရွှယ်၏ အသံ ထွက်ပေါ်လာသည်။

"လျှို့ဝှက်နယ်မြေထဲမှာပဲ ငြိမ်ငြိမ်လေးနေစမ်းပါ။ ဘယ်မှမသွားနဲ့ မိစ္ဆာအိုကြီးကျန်း သိမသွားအောင် သတိထားဦး။ ငါ့ဘက်မှာ အလုပ်များနေတုန်းမို့ အခု စကားမပြောနိုင်သေးဘူး"

ပြောပြီးသည်နှင့် ပြန်ပြောရန် အခွင့်အရေးပင်မပေးဘဲ ဆက်သွယ်ရေးကျောက်တုံးမှ အသံ ပြတ်တောက်သွားတော့သည်။

ထန်းဖန်သည် သက်ပြင်းချကာ ဆက်သွယ်ရေးကျောက်တုံးကို ပြန်သိမ်းပြီး သူလည်း အနားယူလိုက်တော့သည်။

ရက်သတ္တပတ် နှစ်ပတ်ခန့် ကုန်လွန်သွားခဲ့သည်။

ရာသီဥတုမှာ နွေလယ်ခေါင်သို့ ဦးတည်နေသော်လည်း တောင်ဘက်ပိုင်းမှာမူ ပိုမိုအေးစက်လာပြီး စုန်ယန်တို့ သွားနေသည့် အရပ်မျက်နှာမှာ ပို၍ပင် အေးစိမ့်လှသည်။

သစ်ကိုင်းကြားများမှ တိုးဝင်လာသော လေအေးမှာ ထူးဆန်းသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များကို သယ်ဆောင်လာ၏။

ထန်းဖန်သည် အကျင့်အတိုင်း ဆက်သွယ်ရေးကျောက်တုံးကို ထုတ်ကာ အော်လိုက်ပြန်သည်။ "မမဖန်းရေ... ငါ တော်တော်ပျင်းနေပြီ"

သို့သော် ယခုတစ်ကြိမ်တွင်မူ ဆက်သွယ်ရေးကျောက်တုံးမှာ အဆက်အသွယ် မရတော့ချေ။ ထန်းဖန် ဆက်တိုက်အော်နေသော်လည်း ထူးခြားမလာပေ။

သူသည် မျက်လုံးတစ်ချက် ဝေ့ယမ်းလိုက်ပြီး ဆက်သွယ်ရေးကျောက်တုံးကို ဘေးသို့ပစ်ကာ စုန်ယန်ဘက်သို့ လှည့်၍ မေးလိုက်သည်။

"စီနီယာ... ခင်ဗျား မိန်းကလေးတစ်ယောက်ယောက်ကို တကယ်နှစ်သက်ဖူးလား"

စုန်ယန်က ပြန်မဖြေပေ။ ထန်းဖန်ကမူ ရဲရဲဝံ့ဝံ့ပင် ဆက်ပြောလာသည်။

"ခင်ဗျား တကယ်နှစ်သက်တဲ့ မိန်းကလေးက ခင်ဗျားကို အရေးမစိုက်တဲ့အခါ ခင်ဗျား ဘာလုပ်တတ်သလဲ"

"ခင်ဗျား ပြောကြည့်ပါဦး။ မမဖန်းက ကျွန်တော့်ကို မကြိုက်ဘူးဆိုရင် ဘာလို့ အခုလိုမျိုး အမြဲကူညီပေးပြီး ဒုက္ခထဲကနေ လွတ်အောင် ဆွဲထုတ်ပေးနေမှာလဲ"

စုန်ယန်သည် ထိုကောင်လေးကို စကားမပြောနိုင်လောက်အောင် ကြည့်လိုက်ပြီးနောက် မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။

ရက်အနည်းငယ် အတူနေပြီးနောက် သူ အတည်ပြုနိုင်ခဲ့သည်မှာ ဤကောင်လေး၏ သရုပ်ဆောင်ချက်မှာ သာမန်ကာလျှံကာသာ ဖြစ်ပြီး လျှို့ဝှက်ချက်များမှာလည်း သူထင်ထားသလောက် မနက်နဲလှပေ။

စွမ်းအားချင်း တူညီမည်ဆိုလျှင် မြေခွေးအဘွားကြီး၊ အဘွားနီ၊ ဂူဟွမ်ကျီနှင့် ကျန်းဟန့်တို့လို လူစားမျိုးများက သူ့ကို အသာလေး လှည့်စားပြီး ငွေပြန်ရေခိုင်းလို့ ရနိုင်သည့် အဆင့်သာ ရှိသည်။

ထန်းဖန်မှာမူ ရန်ငြိုးထားသည့် အဆင့်၊ စိတ်ထဲတွင် ဝေခွဲမရဖြစ်နေသည့် အဆင့်များကို ဖြတ်ကျော်လာခဲ့ပြီးနောက် ယခုအခါတွင် မိစ္ဆာအိုကြီးကျန်းနှင့် ပိုမို ရဲတင်းလာခဲ့သည်။ မူလကပင် စကားများသူ ဖြစ်သဖြင့် ယခုအခါတွင် ပို၍ပင် လွတ်လွတ်လပ်လပ် ပြောဆိုနေတော့သည်။

စုန်ယန်က စကားမပြောသဖြင့် ထန်းဖန်က ခေတ္တစဉ်းစားပြီးနောက် "ဘာလို့ သူမက ရုတ်တရက်ကြီး ကျွန်တော့်ကို အဖတ်မလုပ်တော့တာလဲ။ ကျွန်တော့်က စိတ်ရှုပ်စရာကောင်းတယ်လို့ ထင်သွားလို့များလား"

စုန်ယန်က "သူမအကြောင်း ပြောတာ ရပ်လိုက်စမ်းပါ။ ငါလည်း မင်းကို စိတ်ရှုပ်စရာကောင်းတယ်လို့ ထင်နေတာ"

ထန်းဖန်က ရယ်မောကာ "အဲဒီလိုဆိုရင် ကျွန်တော့်ကို လွှတ်ပေးလိုက်ပါလား"

စုန်ယန်က "မင်းကို လွှတ်ပေးလိုက်ရင် ငါက ဘာလုပ်ရမှာလဲ မဟာချူးနိုင်ငံက လူတွေကရော ဘာဖြစ်သွားမှာလဲ"

ထန်းဖန်က စူးစမ်းလိုစိတ်ဖြင့် "အို... ခင်ဗျားက မဟာချူးနိုင်ငံက လူတွေကို တကယ်ပဲ ဂရုစိုက်လို့လား"

စုန်ယန်က "ငါ့အမြင်မှာတော့ မင်းသေမလား ဒါမှမဟုတ် တခြားလူပေါင်းများစွာ သေမလား ဆိုတာပဲ ရှိတယ်။ ငါကတော့ မင်းကို သေခိုင်းဖို့ပဲ ရွေးမှာပဲ"

ထန်းဖန်က "ဒါဆို ခင်ဗျားသာ ကျွန်တော့်နေရာမှာဆိုရင် မဟာချူးနိုင်ငံက လူတွေအတွက် အသေခံရဲလား"

စုန်ယန်က ပွင့်ပွင့်လင်းလင်းပင် "မခံရဲဘူး"

ထန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ "အရေခြုံကောင်"

စုန်ယန်က "ငါ့အသက်နဲ့ တခြားလူတွေကို မကယ်ချင်ပေမဲ့ တခြားလူရဲ့ အသက်ကို သုံးပြီး ကယ်ရမယ်ဆိုရင်တော့ ငါက အရမ်းဝမ်းသာတာပေါ့။ အထူးသဖြင့် အဆင်ပြေနေတဲ့ အချိန်မျိုးမှာပေါ့"

ထန်းဖန်က "ဒါပေမဲ့ ခင်ဗျား သူတို့ကို မကယ်နိုင်ရင်ရော"

စုန်ယန်က "ဒါဆိုလည်း မကယ်နဲ့တော့ပေါ့"

ထန်းဖန်က "ခင်ဗျား ပြောချင်တာက ကျွန်တော်သာ ထွက်ပြေးရင် မဟာချူးနိုင်ငံက လူပေါင်းများစွာကို သတ်တဲ့ လူသတ်သမား ဖြစ်သွားမယ်လို့ ပြောမှာမလား"

စုန်ယန်က "ဟုတ်တယ် အဲဒါကို မင်း နားလည်ထားဖို့ လိုတယ်"

ထန်းဖန်က ဝုန်းခနဲ ထရပ်လိုက်ပြီး "ဒါပေမဲ့ ခင်ဗျားသာ ထွက်ပြေးရင်တော့ လူသတ်သမား မဟုတ်ဘူးပေါ့ ဟုတ်လား"

စုန်ယန်က ရယ်မောလိုက်ပြီး "မင်း နောက်ဆုံးတော့ နားလည်သွားပြီပဲ"

ထန်းဖန်မှာ အတော်ကြာအောင် ကြောင်အသွားပြီးနောက် ထူးထူးဆန်းဆန်းပင် ရေရွတ်လိုက်

သည်။

"ခင်ဗျားက မိစ္ဆာတစ်ယောက် ဖြစ်နေတာ မဆန်းပါဘူးလေ"

ထို့နောက် သူ၏ လက်နှစ်ဖက်ကို ကောင်းကင်သို့ မြှောက်ကာ ကျယ်လောင်စွာ ငိုညည်းတော့သည်။

"အို... ကောင်းကင်ကြီး ကျွန်တော်ကို တကယ်ပဲ ကယ်တင်လို့ မရတော့ဘူးလား"

စုန်ယန်က "မိစ္ဆာရတနာကို မဖယ်ရှားနိုင်ခင်အထိတော့ မင်းက ကယ်လို့ရပါသေးတယ်"

ထန်းဖန်က ညည်းတွားလိုက်သည်။

"ဒါက ပြောရတာ လွယ်တာပေါ့ဗျာ။ ကျွန်တော်က လူကောင်သေးသေးလေးပါ။ ခင်ဗျားတို့လို မိစ္ဆာအိုကြီးတွေ၊ မိစ္ဆာဘုရင်တွေကြားထဲမှာ ဘယ်လိုလုပ် လှည့်ကွက်တွေ သုံးနိုင်မှာလဲ

ခင်ဗျားတို့အားလုံးက ပင်လယ်ထက် နက်နဲတဲ့ ဉာဏ်နီဉာဏ်နက်တွေ ရှိကြတယ်။ မျက်နှာကလည်း မြို့ရိုးထက် ထူကြတယ်။ ကျွန်တော်က ခင်ဗျားတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဒါက ကျွန်တော့်အတွက် သေလမ်းပဲ မဟုတ်ဘူးလား"

စုန်ယန်က "မင်းတစ်ယောက်တည်း မဟုတ်ပါဘူး"

ထန်းဖန်မှာ ခေတ္တမျှ ကြောင်သွားပြီးနောက် ရုတ်တရက် စိတ်ပေါ့ပါးသွားပုံရကာ ဝုန်းခနဲ ထရပ်လိုက်ပြီး ဆက်သွယ်ရေးကျောက်တုံးကို ထုတ်ကာ အခြားတစ်ဖက်ကို အော်ပြောလိုက်သည်။

"မမဖန်း မမဖန်း ကျွန်တော် မမကို ချစ်တယ်"

ခရမ်းရောင်နန်းတော်အဆင့် အဘိုးအိုက မျက်လုံးမှိတ်ထားသည်ကို မြင်သောအခါ ထန်းဖန်က ကျေနပ်စွာ ရယ်မောလိုက်သည်။

"စီနီယာ... ခင်ဗျားက ကျွန်တော်တို့ လူငယ်တွေရဲ့ ခံစားချက်ကို နားမလည်ပါဘူး"

ထိုသို့ ပြောပြီးနောက် ဆက်သွယ်ရေးကျောက်တုံးထဲသို့ ဆက်ပြောနေပြန်သည်။

"မမဖန်း... ကျွန်တော် မမကို ချစ်တယ်"

သူသည် ထိုစကားကို ထပ်ခါတလဲလဲ ပြောနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဆက်သွယ်ရေးကျောက်တုံးက မပွင့်သေးသဖြင့် ပြဿနာမရှိဘူးဟု သူ ထင်ထားခြင်းပင်။

သို့သော် ရုတ်တရက် ဆက်သွယ်ရေးကျောက်တုံးက လင်းထိန်သွားသည်။

ထန်းဖန်မှာ "ကျွန်တော် မမကို ချစ်တယ်" ဟု ပြောပြီးခါစ ရှိသေးသည်။

သူ ထိတ်လန့်သွားရသည့် အကြောင်းမှာ ဆက်သွယ်ရေးကျောက်တုံး လင်းလာခြင်းက အဆက်အသွယ် ရသွားပြီဟု ဆိုလိုပြီး သူ တကယ် မပို့လိုသေးသော ဝန်ခံစကားမှာ အခြားတစ်ဖက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွား၏။

သို့သော် ဆက်သွယ်ရေးကျောက်တုံး၏ အခြားတစ်ဖက်မှ ထူးဆန်းသော "ရှပ်ရှပ်" အသံများ ထွက်ပေါ်လာပြီး ၎င်း၏ အလင်းရောင်မှာလည်း တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်ခန့်သာ တည်မြဲပြီး ချက်ချင်းပင် ပြန်လည် မှိန်သွားတော့သည်။

All Chapters