← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း။ ၂၂၅

ထန်းဖန်မှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် ခေါင်းကိုကုတ်ကာ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။

"ဘာဖြစ်တာလဲ မမဖန်းက အမှတ်မထင် ခလုတ်နှိပ်မိပြီး ဆက်သွယ်မိသွားတာလား"

သို့သော် သူ ပြန်အကြည့်တွင် စုန်ယန်မှာ ဝုန်းခနဲ ထရပ်လိုက်သည်ကို မြင်လိုက်ရသည်။

ခရမ်းရောင်နန်းတော်အဆင့် မိစ္ဆာအိုကြီးမှာ လက်ကိုမြှောက်ကာ သူ့ကို ပြင်းပြင်းထန်ထန် ဖမ်းဆုပ်လိုက်ပြီး တစ်ကိုယ်လုံးတွင် မိစ္ဆာအငွေ့အသက်များ ရစ်ပတ်ကာ သွေးရောင်လွှမ်းသော မိစ္ဆာသက်တံတစ်ခုအဖြစ် ပြောင်းလဲလျက် ဝေးရာသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။

ဤသည်မှာ မိစ္ဆာသန္ဓေသားကျမ်းထဲတွင် မှတ်တမ်းတင်ထားသော မိစ္ဆာအလင်းဖြင့် ထွက်ပြေးခြင်းအတတ်ပင်။

သူသည် ထောင်ကရိန်းဂိုဏ်း၏ တောင်ဘက်သို့ ရွှေ့ပြောင်းသည့် လမ်းကြောင်းကို သိထားသလို မဟာချူးနိုင်ငံ၏ မြေပုံကိုလည်း ပိုင်ဆိုင်ထားသည်။

တောင်ဘက်သို့ သွားရာလမ်းသည် သွေးအလောင်းကောင်ဂိုဏ်းဟုခေါ်သော နေရာတစ်ခုကို ဖြတ်သန်းသွားရမည်ဖြစ်သည်။

ထိုဂိုဏ်း၏ မှတ်တမ်းများအရ အသန်မာဆုံး ပုဂ္ဂိုလ်မှာ သွေးနီရောင်နန်းတော်အဆင့် အစောပိုင်းကာလသာ ဖြစ်သော်လည်း အကယ်၍ တောင်ဘက်သို့ ရွှေ့ပြောင်းလာသော အဖွဲ့တွင် တစ်ခုခုဖြစ်ခဲ့လျှင် သွေးအလောင်းကောင်ဂိုဏ်းအနေဖြင့် တာဝန်ရှိမှုကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။

ထိုလမ်းကြောင်းကို သူ အလွန်ပင် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သည်။ ယခုအချိန်မှာတော့ အမြန်ဆုံး ခရီးနှင်ရမည့် အချိန်ပင်။

"စီကုန်းရင် နင် ငါတို့ကို ဒီနေရာကို ခေါ်လာတာ ဒီလို ယုတ်မာတဲ့အရာကို သန့်စင်ဖို့အတွက်ပဲလား"

ဝတ်လုံဖြူကို ဝတ်ဆင်ထားသော ဖန်းချင်းရွှယ်သည် အခြားသော အကြီးအကဲ သုံးဦးနှင့်အတူ ထောင့်တစ်နေရာတွင် ရပ်နေပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာသူများကို ကာကွယ်ရန်နှင့် အပြင်ဘက်ရှိ လှိုင်းထနေသော အနက်ရောင်မီးခိုးများကို တားဆီးရန် အကာအကွယ်အတားအဆီးတစ်ခုကို အတင်းအကျပ် ထိန်းထားရသည်။

ထိုအနက်ရောင်မီးခိုးများကြားတွင် ထောင်ကရိန်းဂိုဏ်း ဝတ်လုံများကို ဝတ်ဆင်ထားသော အကြီးအကဲ နှစ်ဦး၊ သွေးရောင်ဝတ်လုံနှင့် ကျင့်ကြံသူတစ်ဦးနှင့် အရိုးစုချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော သန်မာသည့် လူတစ်ဦးတို့ ရပ်နေကြသည်။

သွေးရောင်ဝတ်လုံနှင့် ကျင့်ကြံသူက အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

"ဒါက ယုတ်မာတဲ့အရာ မဟုတ်ဘူး။ ဒါက ဝိညာဉ်ရတနာ တစ်ခုပဲ... 'ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ' လို့ ခေါ်တယ်"

ခေါင်းဆောင်ဖြစ်ဟန်ရှိသော အခြား ဝတ်လုံဖြူနှင့်လူက ပြောသည်။

"နင်တို့က အရမ်းကို ခေါင်းမာလွန်းတယ်။ အခုလို ကမ္ဘာကြီးထဲမှာ မင်းတို့ ပိုပြီး မသန်မာလာနိုင်ဘူးဆိုရင် သူတစ်ပါးရဲ့ နှိပ်စက်မှုကိုပဲ ခံရလိမ့်မယ်။

ငါတို့ ကျင့်ကြံသူတွေသာ ရှုံးနိမ့်သွားမယ်ဆိုရင် သာမန်လူတွေက ဘယ်လိုလုပ် အသက်ရှင်

နိုင်မှာလဲ။ အဲဒီအစား သူတို့ကို ငါတို့ရဲ့ ခွန်အားအဖြစ် ပြောင်းလဲလိုက်တာက ပိုမကောင်းဘူးလား..."

သူက ပြောရင်းနှင့် မြို့တစ်မြို့လုံးကို ဖုံးလွှမ်းနေသော အနက်ရောင်မီးခိုးတန်းများကို လက်ညှိုးထိုးပြလိုက်သည်။ ထိုမီးခိုးများကြားတွင် သေဆုံးသွားကြသူများ၊ မြေပြင်ပေါ်တွင် တွားသွားကာ မြေကြီးကို ကိုက်ခဲနေကြသူများနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသူများကို ပြသရင်း ဆက်ပြောသည်။

"ဒီမြို့ငယ်လေးမှာ လူဦးရေ နှစ်သိန်းကျော်ရှိတယ်။ ပုံမှန်ဆိုရင်တော့ သူတို့က သဘောကောင်းပြီး ကြင်နာတတ်တဲ့သူတွေပေါ့။ ငါက အဲဒီလူတွေကို သုံးပြီး ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံကို သန့်စင်ဖို့ စီစဉ်ထားတာ။

သူတို့က အရမ်းကို ကြင်နာတတ်ကြတာဆိုတော့ နောင်တစ်ချိန်မှာ မိစ္ဆာတွေကို သတ်ဖြတ်မယ့် ငါ့လက်ထဲက ရတနာတစ်ခု ဖြစ်လာနိုင်မယ်ဆိုတာကို သိရင် သူတို့လည်း လိုလိုလားလား ရှိကြမှာပါ။

အစကတော့ သူတို့ နားလည်ပေးလိမ့်မယ်လို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ သူတို့ဆီကို အစာထောက်ပံ့မှုကို ငါဖြတ်တောက်လိုက်တဲ့အခါ သူတို့က တကယ်ပဲ ပြန်ခုခံပြီး ဆူပူသောင်းကျန်းလာကြတယ်။ အဲဒီနောက် သူတို့ ထွက်ပြေးလို့မရမှန်း သိသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက် ပြန်စားကြတာများ တကယ့်ကို ရွံစရာကြီး။

ဒါပေမဲ့ ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံဆိုတာ ဒဏ္ဍာရီလာ ဝိညာဉ်ရတနာတစ်ခုဖြစ်လို့ သန့်စင်ဖို့က မလွယ်ကူဘူး။ အောင်မြင်ဖို့အတွက် သွေးနီရောင်နန်းတော်အဆင့်ရှိတဲ့ ဝိညာဉ်တွေကို အလံထဲ ထည့်သွင်းဖို့ လိုအပ်နေသေးတယ်"

အကာအကွယ်ဒိုင်းအတွင်းရှိ ဆံပင်ဖြူအဘိုးအိုဖြစ်သူ ထောင်ကရိန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"စီကုန်းရင် နင်က ဂိုဏ်းချုပ်ရဲ့ ညီအရင်းဖြစ်ပြီးတော့ ဘယ်လိုတောင် ဒီလိုကိစ္စမျိုးကို လုပ်ရက်တာလဲ"

အခြားအကြီးအကဲတစ်ဦးကလည်း "တောင်ဘက်မှာ ဂိုဏ်းခွဲတစ်ခု တည်ထောင်တာက ဒီလိုလုပ်တာထက် ပိုမကောင်းဘူးလား" ဟု ပြောလိုက်သည်။

စီကုန်းရင်ဟု ခေါ်သော ဝတ်လုံဖြူနှင့်လူက အထင်သေးစွာ ရယ်မောလိုက်ပြီး "နောက်ထပ် ထောင်ကရိန်းဂိုဏ်းတစ်ခု ထပ်တည်ထောင်လို့ ဘာထူးမှာလဲ။

မူလနည်းလမ်းဟောင်းတွေအတိုင်းဆိုရင် မြောက်ဘက်က မိစ္ဆာတွေကို ခုခံနိုင်ပါ့မလား။

တောင်ဘက်က မိစ္ဆာကျင့်ကြံသူတွေနဲ့ ပူးပေါင်းထားတဲ့ ငါတို့ရဲ့ ဂိုဏ်းခွဲမဟာမိတ်ကမှ မဟာချူးနိုင်ငံ ကျင့်ကြံသူတွေအတွက် တစ်ခုတည်းသော လမ်းစဉ်ပဲ။

နင်တို့ကို အခွင့်အရေး မပေးဘူးလို့တော့ အပြစ်မတင်နဲ့။ တောင်ဘက်မှာ ဂိုဏ်းဘယ်လိုတည်ထောင်မလဲဆိုတာ နင်တို့နဲ့ ငါ ဆွေးနွေးခဲ့ပြီးသား။

နင်တို့အားလုံးက ငါ့အမြင်ကို သဘောမတူခဲ့ကြဘူး။

ငါက ဘာလုပ်နိုင်ဦးမှာလဲ။

ငါက ရတနာသန့်စင်ဖို့ မြို့တစ်မြို့ကို ဝိုင်းထားတယ်ဆိုတာ နင်တို့သိရင် ငါ့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။

အဲဒါကြောင့် ငါကပဲ အရင်ဦးအောင် လက်ဦးမှုယူလိုက်တာ"

ထိုသို့ပြောပြီးနောက် သူ၏ အကြည့်မှာ ဖန်းချင်းရွှယ်ထံသို့ ကျရောက်သွားပြီး သူမ၏ ကိုယ်လုံးကို အကဲခတ်နေသော သူ၏ မျက်လုံးများတွင် ရာဂရိပ်များ ယှက်သန်းလာသည်။

"နတ်သမီးချင်းမုန်း... နင်သာ ငါနဲ့အတူ နှစ်ကိုယ်တူကျင့်စဉ်ကို ကျင့်ကြံမယ်ဆိုရင် နင့်အသက်ကို ငါချမ်းသာပေးမယ်။ ဘာပဲဖြစ်ဖြစ် ဝိညာဉ်အလံကို သန့်စင်ဖို့အတွက် သွေးနီရောင်နန်းတော်အဆင့် ဝိညာဉ်သုံးခုရှိရင် လုံလောက်ပြီပဲ"

ဖန်းချင်းရွှယ်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေရင်း ရုတ်တရက် သူမ၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး လှောင်ပြောင်လိုက်သည်။

"စီကုန်းရင်... တောင်ဘက်ကို လာတဲ့အဖွဲ့ထဲမှာ ငါက ဘာလို့ သာမန်လူ ခြောက်ယောက်ကို ထည့်ထားလဲဆိုတာ နင် မသိချင်ဘူးလား"

စီကုန်းရင်မှာ ခေတ္တမျှ ကြောင်အသွားသည်။

ထိုအချက်ကို သူ အမှန်တကယ်ပင် ထူးဆန်းသည်ဟု ထင်ခဲ့မိသည်။

တောင်ဘက်သွားမည့် အဖွဲ့ကို သတ်မှတ်ပြီးသား ဖြစ်သော်လည်း ရုတ်တရက် သာမန်လူ ခြောက်ယောက်ကို ထည့်သွင်းလာခြင်းမှာ အလွန်ထူးခြားနေသည်။

ထိုသာမန်လူ ခြောက်ယောက်မှာ ဖန်းချင်းရွှယ်က မရမက နည်းလမ်းမျိုးစုံသုံး၍ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဝါးဘူးသီးယာဉ်ပေါ်တွင်လည်း အထူးတလည် စောင့်ရှောက်ခြင်း ခံခဲ့ရသည်။ သူက ဘာကြောင့်လဲဟု နားမလည်ခဲ့သော်လည်း သာမန်လူများသာ ဖြစ်သဖြင့် အရေးတယူ မလုပ်ခဲ့ခြင်းပင်။

ဖန်းချင်းရွှယ်က သူ၏ မျက်လုံးများကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

"နင် ငါ့ကို သတ်ချင်သတ်လို့ရတယ်။ ဒီမှာရှိတဲ့ ထောင်ကရိန်းဂိုဏ်းသားအားလုံးကို သတ်ချင်

သတ်လို့ရတယ်။ ဒါပေမဲ့ အဲဒီလူ ခြောက်ယောက်ကိုသာ နင် ထိရဲရင်... အဲဒါရဲ့ နောက်ကွယ်က 'အကျိုးဆက်' က ဘယ်လောက်ကြီးမားမလဲဆိုတာ ခန့်မှန်းကြည့်စမ်း"

စီကုန်းရင်၏ မျက်လုံးများ ပြူးကျသွားပြီး နေရာမှာတင် ဆွံ့အသွားတော့သည်။

သူ့ဘေးရှိ သွေးအလောင်းကောင်ဂိုဏ်းချုပ်မှာ မျက်မှောင်ကြုတ်လျက် "သာမန်လူတွေပဲကို သူတို့မှာ ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ နောက်ခံရှိနိုင်မှာလဲ"

အရိုးစုချပ်ဝတ်နှင့် ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းချုပ်ကလည်း အထင်သေးစွာ ရယ်မောလိုက်ပြီး "ဂိုဏ်းချုပ်စီကုန်း... သူတို့ လှည့်စားတာကို မယုံနဲ့။ ဒီကောင်မလေးရဲ့ ပါးစပ်က အလုပ်လုပ်နိုင်သေးတယ်ဆိုရင် နောက်ကျရင် ပိုပြီး အလုပ်လုပ်ခိုင်းရမှာပေါ့။ ဟဲဟဲ... ငါ ထောင်ကရိန်းဂိုဏ်းက သွေးနီရောင်နန်းတော်အဆင့် နတ်သမီးတစ်ပါးရဲ့ အရသာကို မမြည်းစမ်းဖူးသေးဘူး"

သို့သော် ဂိုဏ်းချုပ်နှစ်ဦးက မည်သို့ပင်ပြောစေကာမူ စီကုန်းရင်က ပြန်မဖြေတော့ချေ။

သူသည် သံသယများ၊ ဝေခွဲမရမှုများဖြင့် စဉ်းစားနေပြီးနောက် ရုတ်တရက် ဖန်းချင်းရွှယ်ကို အော်ဟစ်လိုက်သည်။

"ဒါက မဖြစ်နိုင်ဘူး"

ဖန်းချင်းရွှယ်က အေးအေးဆေးဆေးပင် "နင်တင် မဖြစ်နိုင်ဘူးလို့ ထင်တာမဟုတ်ဘူး။ ငါလည်း မဖြစ်နိုင်ဘူးလို့ ထင်တာပဲ။ ဒါပေမဲ့... အဲဒါက အမှန်တရား ဖြစ်နေတယ်"

သူမသည် စကားပြောလေ ပို၍ ယုံကြည်မှုရှိလာလေဖြစ်ပြီး ပြုံးပင်ပြုံးနေသေးသည်။

"နင်ကော ဒီအကျိုးဆက်ကို ခံနိုင်ရည်ရှိလို့လား"

သူမ၏ စကားဆုံးသည်နှင့် စီကုန်းရင်၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ ထွက်လာတော့သည်။ သူ့ဘေးရှိ တောင်ဘက်ပိုင်းမှ ဂိုဏ်းချုပ်နှစ်ဦးမှာမူ စီကုန်းရင် ဘာတွေ စိုးရိမ်နေမှန်း မသိသဖြင့် အံ့အားသင့်စွာ ကြည့်နေကြတော့သည်။

အခန်း။ ၂၂၆

လူပေါင်း တစ်သိန်းကျော်ရှိသော မြို့တစ်မြို့သည် မည်သည့်အပြစ်မျှ မကျူးလွန်ခဲ့ပါဘဲ ကျင့်ကြံသူများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရသည်။

ရိက္ခာများ ဖြတ်တောက်ခံရပြီး တစ်ဦးကိုတစ်ဦး ပြန်လည်စားသုံးရသည်အထိ လူ့ဂုဏ်သိက္ခာများ ပျက်စီးကာ မြေပြင်ပေါ်ရှိ ငရဲခန်းတစ်ခုအလား ဖြစ်နေသည်။

ယခုအချိန်တွင် ဤဘေးဒုက္ခကို ဖန်တီးခဲ့သူ စီကုန်းရင်သည်လည်း အခြေအနေမကောင်းလှပေ။ သူ၏ အောင်နိုင်သူအမူအရာမှာ ပျောက်ကွယ်သွားပြီး စိတ်မရှည်မှုနှင့် ထိတ်လန့်မှုများသာ ကျန်ရှိတော့သည်။

လှိုင်းထနေသော အနက်ရောင်မီးခိုးများကြားတွင် သူ၏မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး ဘာဆက်လုပ်ရမည်ကို အသည်းအသန် စဉ်းစားနေတော့သည်။

သွေးနီရောင်နန်းတော်အဆင့် အစောပိုင်းကာလတွင် ရှိကြသော သွေးအလောင်းကောင်ဂိုဏ်းနှင့် ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးမှာလည်း နောက်ဆုံးတွင် အခြေအနေကို သဘောပေါက်သွားကြသည်။

သူတို့နှစ်ဦးစလုံး စီကုန်းရင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

တစ်ဦးက "ဘယ်အဆင့်မို့လို့လဲ" ဟု မေးပြီး အခြားတစ်ဦးက "သွေးနီရောင်နန်းတော်အဆင့် နောက်ဆုံးကာလဖြစ်နေရင်တောင် ဒါက ငါတို့နယ်မြေပဲ။ သူ့ကို အင်အားကုန်အောင်လုပ်ပြီး ဖြည်းဖြည်းချင်း သတ်လို့ရတာပဲ။ စီကုန်းရင်... ဘာကို ကြောက်နေတာလဲ" ဟု ပြောလိုက်သည်။

စီကုန်းရင်နှင့်အတူ ထောင်ကရိန်းဂိုဏ်းမှ ဖောက်ပြန်ဘက်တော်သားဖြစ်သူ အကြီးအကဲ ပိချွမ်းဖေးသည်လည်း ထိုနေရာတွင် ရှိနေသည်။

ဤအကြီးအကဲသည် မဟာချူးနိုင်ငံကို ကာကွယ်ရမည်ဟူသော ထောင်ကရိန်းဂိုဏ်း၏ ဝါဒကို အစဉ်တစိုက် မုန်းတီးခဲ့သူဖြစ်ပြီး သူ့စိတ်တိုင်းကျ လုပ်ဆောင်ချင်သူဖြစ်သည်။

ထို့ကြောင့် ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံကို သန့်စင်မည့် အစီအစဉ်မှာ စီကုန်းရင်၏ ရည်ရွယ်ချက်နှင့် ထပ်တူကျနေခြင်းပင်။

သို့သော် ယခုအချိန်တွင်မူ ပိချွမ်းဖေး၏ မျက်နှာမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။

ခေတ္တအကြာတွင် စီကုန်းရင်က အချက်ပြလိုက်သဖြင့် အခြားသုံးဦးမှာ တစ်နေရာတွင် စုရုံးလိုက်ကြသည်။

ထို့နောက် စီကုန်းရင်က "ဒါက ခရမ်းရောင်နန်းတော်အဆင့်ပဲ" ဟု ပြောလိုက်သည်။

ခရမ်းရောင်နန်းတော်အဆင့်ဟူသော စကားလုံးကြောင့် ဂိုဏ်းချုပ်နှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် သွေးဆုတ်သွားကာ ထိတ်လန့်တကြား အာမေဍိတ်သံများ ထွက်ပေါ်လာတော့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ငါတို့ မဟာချူးနိုင်ငံမှာ ခရမ်းရောင်နန်းတော်အဆင့် တစ်ခါမှ မပေါ်ဖူးဘူးလေ"

ပိချွမ်းဖေးက မဟာချူးနိုင်ငံ၏ မြို့တော်တွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို တိုးတိုးလေး ရှင်းပြလိုက်သည်။ လေးဦးစလုံး တိတ်ဆိတ်သွားကြ၏။

အတော်ကြာမှ ဝိညာဉ်သတ်ဖြတ်ရေးဂိုဏ်းချုပ်က ခက်ထန်စွာ ပြောလိုက်သည်။

"အခု ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံ သန့်စင်တာက အရေးကြီးဆုံးအချိန်ကို ရောက်နေပြီ။ ရုတ်တရက် ရပ်လိုက်လို့ မဖြစ်ဘူး။ အခုရှိတဲ့ တစ်ခုတည်းသော အစီအရင်က သန့်စင်တာကို ပိုမြန်အောင် လုပ်ဖို့ပဲ"

သွေးအလောင်းကောင်ဂိုဏ်းချုပ်က မျက်လုံးကစားလျက် "ဟုတ်တယ် ဒါပေမဲ့ အဲဒီသာမန်လူ ခြောက်ယောက်ကိုတော့ ဆက်ထားထားပြီး သေချာပြုစုထားသင့်တယ်လို့ ငါထင်တယ်။ အကယ်လို့ ဟိုမိစ္ဆာအိုကြီး တကယ်ရောက်လာရင် အဲဒါက အကြောင်းပြချက်တစ်ခု ဖြစ်နိုင်တာပေါ့။ တကယ်လို့ အဲဒါက အကျိုးဆက်တစ်ခုဆိုရင်လည်း ငါတို့အတွက် အကောင်းဆုံးပဲ။ အကယ်လို့ အဲဒီအဘိုးကြီးက မကျေနပ်လို့ တိုက်ခိုက်ချင်သေးတယ်ဆိုရင်လည်း ငါတို့ရဲ့ ဝိညာဉ်အလံကို သန့်စင်ပြီးရင်တော့ သူလည်း နောက်ဆုတ်သွားရမှာပဲ" ဟု ပြောလိုက်သည်။

စီကုန်းရင်က ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ဝိညာဉ်ပေါင်းသောင်းခြောက်ထောင်အလံကို ဖန်တီးဖို့က အရမ်းခက်ခဲတယ်။ သူ့ရဲ့ အဓိက အစိတ်အပိုင်းကို ငါတို့က မြေအောက်ထူးကဲချီ ပေါက်ကွဲမှုတစ်ခုအတွင်းမှာ အမှတ်မထင် ရခဲ့တာ။ အဲဒါသာမရှိရင် ဒီလို ဝိညာဉ်ရတနာမျိုးကို ငါတို့ ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဝိညာဉ်လက်နက်ဆိုတာတောင် သွေးနီရောင်နန်းတော်အဆင့် ကျင့်ကြံသူတွေအတွက် အရမ်းရှားပါးတာ။ ဝိညာဉ်ရတနာဆိုရင်တော့ ပိုတောင် ပြောစရာမလိုဘူး။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံနဲ့ ဝိညာဉ်အာရုံကို တိုက်ရိုက်တိုက်ခိုက်နိုင်တယ်။ အငြိုးအတေးဝိညာဉ်ပေါင်း သောင်းချီပြီး တစ်ပြိုင်နက် တိုက်ခိုက်ရင် ခရမ်းရောင်နန်းတော်အဆင့် မိစ္ဆာအိုကြီးတောင် ဒဏ်ရာရနိုင်တယ်။ ငါတို့ ဒါကို သုံးဖို့အတွက် ထူးကဲချီအရင်းအမြစ် အများကြီး ကုန်ကျမှာမှန်ပေမဲ့ ဒီဝိညာဉ်အလံကိုသာ ငါတို့ ပိုင်ဆိုင်ထားရင် အဲဒီအဘိုးကြီးလည်း ငါတို့ကို တိုက်ဖို့ နှစ်ခါပြန် စဉ်းစားရလိမ့်မယ်"

ပိချွမ်းဖေးကလည်း ခေါင်းညိတ်ထောက်ခံသည်။ ဝိညာဉ်အမျိုးအစား ရတနာများမှာ တကယ်ပင် ရှားပါးလှသည်။ သူသည် ရှေးဟောင်းကျမ်းစာများတွင် ဖတ်ဖူးသည်။ အနိမ့်မှ အမြင့်သို့ အဆင့်အတန်းများမှာ ဝိညာဉ်လက်နက်၊ ဝိညာဉ်ရတနာ၊ မိစ္ဆာလက်နက်၊ မိစ္ဆာရတနာ တို့ ဖြစ်ကြသည်။

ဝိညာဉ်လက်နက်သည် ဝိညာဉ်များကို အရေအတွက် အနည်းငယ်သာ သိမ်းဆည်းနိုင်သည်။ တိုက်ခိုက်မှု အတိုင်းအတာ ကန့်သတ်ချက်ရှိပြီး သိမ်းဆည်းထားသော ဝိညာဉ်များတွင် အထူးစွမ်းအား မြှင့်တင်ထားခြင်း မရှိပေ။

ဝိညာဉ်ရတနာမှာမူ ဝိညာဉ်များကို အမြောက်အမြား သိမ်းဆည်းနိုင်ရုံတင်မကဘဲ သတ်မှတ်ထားသော နယ်ပယ်အတွင်း တိုက်ခိုက်ရန် အငြိုးအတေးဝိညာဉ်များကို တိုက်ရိုက် စေခိုင်းနိုင်သည်။

ထိုဝိညာဉ်များမှာလည်း အကြောင်းအမျိုးမျိုးကြောင့် သာမန်ထက် ပိုမိုအစွမ်းထက်ကြသည်။

မိစ္ဆာလက်နက်ဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

မိစ္ဆာလက်နက်တစ်ခုတွင် အဆုံးမရှိသော ယုတ်မာညစ်ထည်းသည့် ထူးကဲချီများ ကိန်းအောင်းနေသည်ဟု ဆိုကြသည်။

မိစ္ဆာဆိုသည်မှာ ဝိညာဉ်မဟုတ်ဘဲ အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော ကံကြမ္မာအကြွင်းအကျန်များသာ ဖြစ်သောကြောင့် ထိုမိစ္ဆာအငွေ့အသက်များသည် ပိုင်ရှင်ထံသို့ အလုံးစုံ ကပ်ငြိသွားနိုင်ပြီး ပိုင်ရှင်ကို ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဘီလူးကြီးအဖြစ် ပြောင်းလဲပစ်နိုင်သည်။

မိစ္ဆာရတနာနှင့် ပတ်သက်၍မူ သူသည် ရှေးဟောင်းကျမ်းစာများတွင် အမည်ကိုသာ မြင်ဖူးပြီး ၎င်း၏ စွမ်းဆောင်ရည်ကို နားမလည်နိုင်ချေ။ သို့သော် ၎င်းသည်လည်း သွေးနီရောင်နန်းတော်အဆင့် ကျင့်ကြံသူများ လက်လှမ်းမမီနိုင်သော အရာဖြစ်သည်။

မိစ္ဆာရတနာကို ထားပါဦး မိစ္ဆာလက်နက်တစ်ခုကို ကိုင်တွယ်ရုံမျှနှင့်ပင် သွေးနီရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးမှာ ချက်ချင်း ဝါးမြိုခံရပြီး သေဆုံးသွားနိုင်သည်။

ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ထိုလေးဦးသည် အကာအကွယ်ဒိုင်းရှိရာသို့ အမြန်ပြန်လာခဲ့ကြသည်။

စီကုန်းရင်သည် ဒိုင်းအတွင်းသို့ ကြည့်လိုက်ပြီး အဝေးရှိ သာမန်လူ ခြောက်ယောက်ကို တစ်

ချက်ဝေ့ကြည့်ပြီးနောက် ဖန်းချင်းရွှယ်ထံသို့ အကြည့်လွှဲလိုက်သည်။ သူသည် ဟင်းလင်းပြင်ထဲသို့ လက်နှိုက်ကာ မှတ်ဉာဏ်ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

ဖန်းချင်းရွှယ် ခေတ္တမျှ တုံ့ဆိုင်းသွား၏။

စီကုန်းရင်က တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဖန်းချင်းရွှယ်... အဲဒီခြောက်ယောက်က ခရမ်းရောင်နန်းတော်အဆင့် အကြီးအကဲတစ်ယောက်နဲ့ ပတ်သက်နေမှန်း နင်သိထားပြီး အခု နင်သူတို့ကို မကာကွယ်နိုင်တော့ဘူးဆိုရင် သူတို့ကို ငါ့လက်ထဲ အပ်နှံဖို့ လိုလိုလားလား ရှိရဲ့လား

ငါ စီကုန်းရင် ကျိန်ဆိုရဲတယ်။ အကယ်လို့ အဲဒီခြောက်ယောက်သာ ငါ့ဆီကိုလာရင် ငါသူတို့ကို ကောင်းကောင်းမွန်မွန် ပြုစုပေးမယ်။ ဘယ်လို နှိပ်စက်ညှဉ်းပန်းမှုမျိုးမှ လုံးဝမလုပ်ဘူး"

ပြောပြီးနောက် သူသည် တစ်ဖက်ရှိ ဝတ်လုံဖြူနှင့် နတ်သမီးကို မျှော်လင့်တကြီး ကြည့်နေသည်။

ဖန်းချင်းရွှယ်သည် တစ်ဖက်လူက ဤကဲ့သို့ လုပ်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ ခေါ်ဆောင်လာသော လီဟွိုက်၊ လီရွှမ်းယွန်း၊ ရှောင်ဟွမ်နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

"ငါ နင်တို့ကို ကတိပေးခဲ့ပေမဲ့ အခု ငါ့ကိုယ်ငါတောင် မကာကွယ်နိုင်တော့ဘူး။ အဲဒါကြောင့် နင်တို့... သူ့နောက်ကို လိုက်သွားနိုင်ပါတယ်"

ထိုခြောက်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

လီရွှမ်းယွန်းသည် အပြင်ဘက်ရှိ အနက်ရောင်မီးခိုးများနှင့် အဝေးမှ ငရဲခန်းသဖွယ် မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်နေမိသည်။

လီဟွိုက်က ပြောသည်။

"နတ်သမီးဖန်း... ကျွန်တော်က နိမ့်ကျတဲ့ မျိုးရိုးက လာတာမှန်ပေမဲ့ အကောင်းအဆိုး၊ အမှားအမှန်ကိုတော့ ခွဲခြားတတ်ပါသေးတယ်"

သူသည် အဝေးမှ စီကုန်းရင်ကို ရုတ်တရက် လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဒီလူတွေက ရက်စက်ယုတ်မာမှုတွေကို လုပ်နေကြတာ။ ကျွန်တော် သေရင်သေပါစေ သူတို့နောက်ကိုတော့ ဘယ်တော့မှ မလိုက်ဘူး"

လီဟွိုက် ပြောလိုက်သည်နှင့် ရှောင်ဟွမ်နှင့် အခြားသူများသည်လည်း ကြောက်လန့်နေကြသော်လည်း တစ်ယောက်ချင်းစီ ခေါင်းမော့ကာ "ငါတို့လည်း လူဆိုးတွေနောက်ကို မလိုက်ဘူး" ဟု ကြွေးကြော်ကြသည်။

စီကုန်းရင်သည် ပုရွက်ဆိတ်ကဲ့သို့ နိမ့်ကျသော ဤသာမန်လူများကို အေးစက်စွာ ကြည့်

လိုက်သော်လည်း ပြုံးနေဆဲပင်။

သူသည် အတွင်းစိတ်ထဲမှ ဒေါသကို ထိန်းချုပ်ကာ မျက်လုံးများကို အသာမှိတ်ပြီး ပြောလိုက်သည် "မင်းတို့က အမှားအမှန်ကို ခွဲခြားဖို့ ငယ်လွန်းသေးတယ်။

ဟုတ်တယ်။ ငါ မြို့တစ်မြို့လုံးက လူတွေကို သတ်ခဲ့တယ်။ ဒါက မကောင်းမှု (အကုသိုလ်) ပဲ။

ဒါပေမဲ့ အဲဒီရလဒ်အနေနဲ့ ငါက ဒီနိုင်ငံကို ကာကွယ်ဖို့ အစွမ်းထက်တဲ့ ရတနာတစ်ခုကို သန့်စငနိုင်ခဲ့မယ်ဆိုရင် မြောက်ဘက်က မိစ္ဆာတွေကိုလည်း သတိထားသွားစေနိုင်မယ်။

မိစ္ဆာတွေက လူတစ်သန်းကို သတ်မယ့်နေရာမှာ ငါတို့ကြောင့် လူတစ်သိန်းပဲ အသတ်ခံရတယ်ဆိုရင် ငါတို့ လူကိုးသိန်းကို ကယ်လိုက်တာ မဟုတ်ဘူးလား။

ဒါကြောင့် ဒါက ကောင်းမှု (ကုသိုလ်) မဟုတ်ဘူးလား။

ပြီးတော့ ထောင်ကရိန်းဂိုဏ်းက ဒီမြို့သူမြို့သားတွေကို အနစ်နာမခံချင်လို့ လူသန်းပေါင်းများစွာကို သေစေတာကရော... မကောင်းမှု (အကုသိုလ်) မဟုတ်ဘူးလား"

All Chapters