← Chapters

ရွှီချိုက်ချန် နေရာဟောင်းသို့ လည်ပတ်ခြင်း

Vol. 32 Ch. 315

ရွှီချိုက်ချန် နေရာဟောင်းသို့ လည်ပတ်ခြင်း

Vol. 32 Ch. 315

“ခင်ဗျား ဒီကိစ္စကို အတည်ကြီးလည်း မမှတ်လိုက်နဲ့။ တကယ်တော့ ကျုပ်တို့ စောင့်ရှောက်သူတွေက အလှဆင်ပစ္စည်းထက်တော့ ပိုပါတယ်။ ရှောင်ချန်းက ကျုပ်ကို တစ်ခုခု ခိုင်းရင် လုပ်ပေးလိုက်တယ်။ အနည်းဆုံးတော့ သူ့လက်ထောက်အနေနဲ့ လုပ်ပေးရတာလည်း အဆင်ပြေပါတယ်”

မဟာပဏ္ဍိတရီရှန်း လေသံသည် လုံးဝကို စိတ်အားထက်သန်နေဟန်ပင်။ မဟာပဏ္ဍိတတစ်ပါး၏ သီးခြားဆန်မှုတို့ မရှိတော့ပေ။ ထိုအစား သူ့အသံက သစ္စာရှိ အစေခံအိုကြီးအလားပင်။

ထိုအပြုအမူနှင့် လေသံက မဟာပဏ္ဍိကျင်းယန်ကို ခဏတာ မှင်တက်သွားစေသည်။ သူမ ဌာနမှူးချူ၏ ခွန်အားသည် သူမထက် သာလွန်ကြောင်း ကြိုတင်၍ စုံစမ်း မသိရှိထားခဲ့လျှင် သူမ ပြဿနာ သွားရှာနေလောက်တော့မည်။

ရီရှန်းသည် သူမ သံသယများကို သိ၍ ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။ “ကျုပ် ရှောင်ချန်းနောက်ကို လိုက်စတုန်းက နီဗားနားရှင်သန်ခြင်းအဆင့် မြို့စားတစ်ဦးပဲ ရှိသေးတာ။ သူ့ကို စောင့်ရှောက်ပေးနေတဲ့ ဆယ်နှစ်မပြည့်ခင် အတောတွင်းမှာ ကျုပ် တစ်ခုခု ဝင်ပါရတယ်ဆိုတာ ခပ်ရှားရှားပဲ။ သူက ကျုပ်ကို တစ်ချက်လေး အခွင့်အလမ်းပေးလိုက်တာနဲ့ အခု ကျုပ် သူတော်စင်တစ်ပိုင်းအဆင့် ရောက်သွားပြီ။ ပြောကြည့်လေ။ ကမ္ဘာပေါ်မှာ ဒီလောက်လွယ်တဲ့ အလုပ်မျိုး ဘယ်လို ရှာရမလဲ”

တိတ်ဆိတ်သွား၏။

လေထုထဲတွင် တိတ်ဆိတ်ခြင်းသာ ကြီးစိုးကျန်ရစ်တော့သည်။

ကျင်းယန် အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင် အတော်လေး ထိတ်လန့်နေမိသည်။ သူမ သိက္ခာကို ငဲ့ကွက်နေစရာမလိုလျှင် ထုတ်ပြောမိပေလိမ့်မည်။

‘အဘိုးကြီး ရှင့်ကံက သေလောက်အောင် ကောင်းတယ်ဟ’

ရီရှန်း ဆက်ပြောသည်။ “စီနီယာအစ်မက သိချင်တယ်ဆိုရင်တော့ မနက်ဖြန်ကျရင် သောင်းပြောင်းပညာရပ်ဌာနက တပည့်တွေ ကျင့်ကြံတာ သွားကြည့်ပါ။ အဖြေရလာပါလိမ့်မယ်”

ကျင်းယန် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ခပ်ဖွဖွ ပြုံးလိုက်၏။ “လမ်းညွှန်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဂျူနီယာညီလေးယန်။ ကျွန်မ အခု ဘာလုပ်ရမလဲဆိုတာ နားလည်ပါပြီ။ ကောင်းသောညပါရှင်”

“ကောင်းသောညပါ”

ရီရှန်း သူမ ပုံရိပ်‌ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း တွေးနေမိသည်။

‘နတ်ဘုရားနန်းတော်က စီနီယာအစ်မ ကိုယ့်နေရာကိုယ် သိပါစေလို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် စီနီယာချူက သည်းခံမှာ မဟုတ်ဘူး’

ကျင်းယန် ကျပန်းနေရာတစ်ခုကို ရွေးပြီး ထိုင်၍ အနားယူလိုက်သည်။ နာရီပေါင်းများစွာ ကြာပြီးနောက် သူမ နတ်ဘုရားအာရုံထဲသို့ ခြေသံများ ဝင်ရောက်လာ၏။

သူမ ထိုအသံကို ကြည့်လိုက်တော့ ချောင်ရို့ချန်သည် ဝံ့ကြွားသော ခြေလှမ်းများဖြင့် သူမထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။

‘ဒီကောင်စုတ်လေး လာနေပုံက အမြင်ကပ်စရာ ကောင်းလိုက်တာ’

သူမ တွေးနေစဉ် ချောင်ရို့ချန်သည် တစ်နေရာအရောက်တွင် ရပ်လိုက်ပြီး သူ့နေ့စဉ်ကျင့်ကြံခြင်းကို စတင်တော့သည်။

သူသည် ပထမဦးစွာ တတ်မြောက်ထားသော လက်သီးသိုင်းတို့ကို ကစားသည်။ ထို့နောက် ထိုက်ချီလက်သီးကို လေ့ကျင့်တော့၏။

ထိုအခြင်းအရာသည် ကျင်းယန်ကို ရှုပ်ထွေးသွားစေသည်။ ‘ဒီကောင်လေး ဘာလို့ သိုင်းကျမ်းတွေကို စုံစိအောင် လေ့ကျင့်နေတာလဲ’

ချောင်မိသားစု ဘိုးဘေးအနေဖြင့် သူမသည် သူမ မျိုးဆက်တစ်ဦး လမ်းမှာရောက်မည်ကို ခွင့်မပြုနိုင်ပေ။ သူမ ပုန်းနေရာမှ ထွက်ရန် အလိုလို ခြေလှမ်း လှမ်းမိလိုက်သည်။

သို့သော် သူမစိတ်ထဲတွင် ရီရှန်း၏ စကားများကို ပြန်လည် ကြားယောင်လိုက်မိ၏။

‘မေ့လိုက်တော့။ ငါ စောင့်ပဲ ကြည့်တော့မယ်’

ချောင်ရို့ချန် ထိုက်ချီပုံစံကို တဖြည်းဖြည်း ကစားနေသည်။ နောက်ဆုံးတွင် ယင်ယန်ထိုက်ချီကားချပ်သည် သူ့နောက်၌ ပုံပေါ်လာတော့၏။

‘ဒီကောင်လေး.. သူ့လက်သီးချက်တွေက မိုးမြေနဲ့ ပဲ့တင်ထပ်နေတာပဲ’

ထိုသည်ကို မြင်သော် ကျင်းယန်၏ ယခင်မှ သံသယများသည် ပျော်ဝင်ပျောက်ကွယ်သွားတော့သည်။

‘ဝမ်တောက်ကျောင်းတော်က တခြားတပည့်တွေရော ဘယ်လို ကျင့်ကြံကြလဲ သိချင်လာပြီ’

သူမ ချောင်ရို့ချန်ထံမှ အကြည့်ကိုခွာပြီး အခြားသော တပည့်များကို လိုက်ကြည့်ရှူတော့၏။

သူမ ကြည့်ရှူပြီးချိန်တွင် မှင်တက်အံ့ဩသွားရသည်။ တပည့်တိုင်းသည် သာမန်လို လေ့ကျင့်နေကြသော်လည်း ထိုသာမန်အကွက်များသည် မိုးမြေနှင့် ပဲ့တင်ထပ်၍ သဘာဝနှင့် စည်းချက်ကျနေသည်။

‘ဒီလူငယ်လေးတွေ အောင်မြင်နေတာ မအံ့ဩတော့ပါဘူး’

‘ဌာနမှူးချူက တကယ့်ကို ထူးခြားတဲ့သူပဲ။ သူ ဘယ်လိုများ ကျင့်ကြံလဲ မသိဘူး’

သူမ စိတ်ထဲတွင် သိချင်စိတ်တို့ ကြီးစိုးနေသော်လည်း ထိုဆန္ဒကို ချုပ်တည်းထားလိုက်သည်။ ကျင့်ကြံခြင်းလောကတွင် အခြားသူ၏ နည်းစနစ်ကို ချောင်းကြည့်ခြင်းသည် တားမြစ်ထားသည့် လုပ်ရပ်ပေ။

မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက် ကုန်ဆုံးသွားသည်။

ချူဖုန်းတို့သည် လိုအပ်သည်များကို ထုပ်ပိုးပြီး စတင်ထွက်ခွာရန် ပြင်ဆင်‌တော့သည်။ သူတို့ မထွက်ခွာခင် ကျောင်းအုပ်ကြီးကို အသိပေးခဲ့သည်။

ကျောင်းအုပ်ကြီးသည် ထွေထွေထူးထူး မပြောပေ။ ယခုလို အသေးအဖွဲ့ ကိစ္စရပ်လေးများကို သူ ဝင်ပြောစရာ မလိုချေ။

ဝူနိုင်ငံသည် ဝမ်တောက်ကျောင်းတော်နှင့် လီတစ်သောင်းအကွာတွင် တည်ရှိသည်။ သူတို့ ပျံသန်းရေးယာဉ်များနှင့်ဆို အဖွဲ့သည် တစ်ရက်အတွင်း ရောက်ရှိနိုင်၏။

ဝူနိုင်ငံ နယ်နိမိတ်သို့ ရောက်သည့်အခါ သူတို့ မြို့တော် လင်အန်းသို့ မြင်းစီး၍ ရှေ့ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

လမ်းတစ်လျှောက်တွင် ချူဖုန်းသည် ဒေသတွင်း ဝတ်စုံများကို လဲလှယ်ခဲ့သည်။ သူ အတိတ်ဘဝမှ တရုတ်ကားများတွင် မြင်ဖူးသည့် ရှေးခေတ်နိုင်ငံတော်များနှင့် ယှဉ်လျှင် အနည်းငယ်သာ ကွာခြားသည်။

သူတို့ လမ်းမပေါ်တွင် အဆင့်နိမ့်ကျင့်ကြံသူများကိုပင် တွေ့ခဲ့ရသေးသည်။ အများစုမှာ တာအိုပေါင်းစည်းခြင်းအဆင့်အောက်က ဖြစ်၏။

သူတို့ သေမျိုးကမ္ဘာ၏ ပတ်ဝန်းကျင်ကို ရှူစားရင် စကားဝိုင်းကို ရွှီချိုက်ချန်ဘက်သို့ လှည့်လိုက်သည်။

ချောင်ရို့ချန် မေးလိုက်၏။ “ဂျူနီယာညီလေးရွှီ အရင်တုန်းက မင်း ဝူနိုင်ငံကနေ ဝမ်တောက်ကျောင်းတော်ကို ရောက်ဖို့ အချိန်ဘယ်လောက်ကြာခဲ့လဲ”

ရွှီချိုက်ချန် ပြန်ဖြေလိုက်သည်။ “သုံးနှစ်။ သုံးနှစ်ကြာခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ကျွန်တော့်ကို ကြင်နာတတ်တဲ့ ကျင့်ကြံသူတစ်ဦးက စီးစရာ မြင်းလှည်းပေးခဲ့တယ်။ အထူးသဖြင့် ရှောင်ကျိုးနဲ့ တွေ့တဲ့အချိန်မှာပေါ့။ သူရဲကောင်းယန်က ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ ဒီဘဝမှာတော့ သူ့ကို ထပ်တွေ့နိုင်မလား သိချင်မိတယ်”

ချူဖုန်း ပြောလိုက်သည်။ “မင်းတွေ့ချင်သေးရင် ကုသိုလ်မှတ်အချို့ သုံးပြီး ရှာလို့ရတယ်”

ထိုသည်ကို ကြားသော် ရွှီချိုက်ချန် မျက်လုံးများ တောက်ပသွားပြီး ရေရွတ်လိုက်၏။ “ကျွန်တော် မေ့နေ့တာ။ ပြင်ပရေးရာဌာနမှာ လူပျောက်ရှာခိုင်းလို့ ရတာပဲ”

ချူဖုန်း စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်သည်။ “ဆရာ မြို့တော်က ဒီနဲ့ဆို လီတစ်ထောင်လောက် ကွာသေးတယ်။ မြင်းနဲ့ဆို မြန်မြန်မသွားရင် သုံးရက်လောက် ကြာလိမ့်မယ်”

ချူဖုန်း တည်ငြိမ်စွာ ပြန်ဖြေသည်။ “ဒါဆိုလည်း ဖြည်းဖြည်းသွားတာပေါ့”

“ကောင်းပါပြီ”

လူတိုင်း သဘောတူလိုက်ပြီး စကားဆက်ပြောနေကြသည်။

မသိလိုက်စွာနှင့် နေမင်းကြီးသည် အနောက်ရပ်သို့ ဝင်သွား၏။ သူတို့ကတော့ တောနက်ထဲတွင်သာ ရှိသေးသည်။

ချူဖုန်း နတ်ဘုရားအာရုံဖြင့် ရှာဖွေကြည့်ရာ ဘုရားကျောင်းပျက်တစ်ခုကို တွေ့လိုက်ရ၏။ ဘုရားကျောင်းသည် ပျက်စီးနေသော်ငြား အထဲတွင် နတ်ဆိုးချီ သို့မဟုတ် ယင်ချီများ မရှိချေ။

နီးကပ်လာသည်နှင့် အဝင်ဝတွင် စာလုံးသုံးလုံးကို တွေ့လိုက်ရသည်။

လန်ရော့ ဘုရားကျောင်း

ထိုအခိုက် ရှောင်ကျိုး ရွှီချိုက်ချန်ကို ပြောလိုက်သည်။ “ယောကျ်ား ဒီနေရာကို မှတ်မိသေးလား”

ရွှီချိုက်ချန် ပြုံးလိုက်သည်။ “မှတ်မိတာပေါ့။ လန်ရော့ဘုရားကျောင်းလေ။ ကိုယ်သာ ဓားပြတွေဆီမှာ အဖမ်းမခံရဘဲ ဒီမှာပဲ နေဖို့ အတင်းအကြပ် ဖိအားပေးခံခဲ့ရရင် ကိုယ်တို့တွေ ဒီဘဝမှာ ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး”

ရှောင်ကျိုး ပြောသည်။ “ဒါဆို နေရာဟောင်းလေးကို ပြန်ဝင်ရအောင်။ ဘယ်သူ သိမှာလဲ။ အဲဒီမှာ သူရဲကောင်းယန်နဲ့ ပြန်တွေ့ချင်တွေ့မှာပေါ့။ ဒါဆို ရှင် သူ့ကို ရှာနေစရာ မလိုတော့ဘူး”

ရွှီချိုက်ချန် မျက်လုံးများ တောက်ပသွားသည်။ သူ လူအုပ်ဘက်သို့ လှည့်ကာ ပြောသည်။ “ဆရာ၊ ညီအစ်ကိုတို့ ဒီကနေ တစ်မီတာလောက်မှာ လန်ရော့ဘုရားကျောင်းရှိတယ်။ ရှောင်ကျိုးနဲ့ ကျွန်တော်တို့ ကတိသစ္စာပြုခဲ့တဲ့ နေရာလေ”

ချောင်ရို့ချန် ရယ်မောလိုက်သည်။ “ဒါဆိုလည်း ငါတို့တွေ တစ်ချက်လောက် သွားကြည့်ကြတာပေါ့”

“သွားကြည့်ကြမယ်”

အခြားသူများသည် ရွှီချိုက်ချန် ဦးဆောင်ရာနောက်သို့ လိုက်သွားကြတော့သည်။

ခဏကြာပြီးနောက် သူတို့ လန်ရော့ဘုရားကျောင်းအဝင်ဝသို့ ရောက်လာသည်။

လူတိုင်း မြင်းပေါ်မှ ဆင်းပြီး မြင်းများကို အထဲသို့ သွင်းလိုက်သည်။

ချူဖုန်း ဂိတ်တံခါးသို့ ခြေချလိုက်သည့် အခိုက် လူတစ်ဦးကို တွေ့လိုက်ရသည်။ သူ့ဘေးမှ ရွှီချိုက်ချန်သည် အသံကျယ်ကြီးဖြင့် လှမ်းခေါ်လိုက်၏။

“သူရဲကောင်းယန်၊ သူရဲကောင်းယန်”

သူအသံ မဆုံးခင် အဝေးမှ ရွှင်မြူးသည့် အသံတစ်သံ ထွက်ပေါ်လာ၏။

“ဟားဟား ရွှီချိုက်ချန် ကောင်စုတ်လေး...မင်း ဘယ်လေတိုက်လို့ လန်ရော့ဘုရားကျောင်းကို ပြန်ရောက်လာတာလဲ”

ထိုအသံနှင့်အတူ အရပ်ရှည်ရှည်၊ ပခုံးကျယ်ကျယ်၊ မုတ်ဆိတ်မွေးအပြည့်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာသည်။

ရွှီချိုက်ချန် ထိုသူကို ပြုံးပြလိုက်၏။ “ကျွန်တော် လင်းအန်းမြို့ကို ပြန်လာတာလေ။ ဒီမှာ ခင်ဗျား ရှိနေမလားဆိုပြီး လာစစ်တာ။ တကယ်ကြီး ရှိနေမယ်လို့ မထင်ထားဘူး။ ခင်ဗျား ဒီနှစ်တွေအတွင်းမှာ အဆင်ပြေရဲ့လား”

သူရဲကောင်းယန် ခေါင်းညိတ်လိုက်သည်။ “ငါက ဒီနှစ်တွေအတွင်းမှာ နိုင်ငံတွေကို လှည့်လည်နေခဲ့တာ။ ဒါပေမဲ့ ဘယ်နေရာကမှ လန်ရော့ဘုရားကျောင်းလောက် ငါနဲ့ မသင့်တော်ဘူး။ အဲ့တာနဲ့ ဒီကို ပြန်လာလိုက်တာ။ ဒါနဲ့ ဘေးနားက သူတွေက ဘယ်သူတွေတုန်း”

ရွှီချိုက်ချန် မိတ်ဆက်ပေးလိုက်သည်။ “သူရဲကောင်းယန် ကျွန်တော် မိတ်ဆက်ပေးမယ်။ သူက ကျွန်တော့်ဆရာပါ။ ဘေးက သူတွေကတော့ ကျွန်တော့်ရဲ့ စီနီယာတွေ ဂျူနီယာတွေပါ”

မထွက်ခွာခင် ချူဖုန်းသည် သူတို့ အထောက်အထားကို ဖုံးကွယ်ထားရန် သတိပေးထားသည်။ ထို့ကြောင့် ရွှီချိုက်ချန် အကြမ်းဖျင်းသာ မိတ်ဆက်ပေးလိုက်၏။

သို့သော် ယန်ချီရှသည် တစ်နှစ်ပတ်လုံး လှည့်လည်သွားလာနေသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့ဖြစ်၍ သူ အကြည့်တစ်ချက်မှာပင် ရွှီချိုက်ချန်တို့ အုပ်စုသည် သာမန်မဟုတ်ကြောင်း သိလိုက်၏။ ထို့အပြင် ရွှီချိုက်ချန်သည် ယခင်က သေမျိုးတစ်ဦးသာဖြစ်သော်လည်း ယခုအခါ သူပင် တစ်ဖက်သူ၏ ကျင့်စဉ်အဆင့်ကို မမြင်ရတော့ပေ။ တစ်ဖက်က ရတနာတစ်ခုခုဖြင့် ဖုံးကွယ်ထားသည်လော။ သူ့ထက်ပင် ပို၍ ကျင့်စဉ်အဆင့်မြင့်သွားသည်လော မပြောနိုင်ချေ။

မည်သို့ပင်ဆိုစေ ထိုကောင်လေးသည် အရှိန်အဝါကြီးသည့် ဂိုဏ်းတစ်ခုသို့ ဝင်ရောက်သွားခြင်း ဖြစ်ရပေမည်။

သူ လက်သီးဆုပ်ပြီး ချူဖုန်းကို ပြောလိုက်သည်။ “ဂျူနီယာယန်ချီရှ စီနီယာကို နှုတ်ဆက်ပါတယ်”

ချူဖုန်း ပြုံးလိုက်သည်။ “နေ...နေ...အဲဒါတွေ လုပ်မနေနဲ့။ တွေ့ဆုံတယ် ဆိုကတည်းက ရေစက်ရှိလို့ပဲ။ ကျုပ်တို့တွေ ဒီည အတူတူသောက်ကြတာပေါ့”

ယန်ချီရှ မျက်လုံးများ တောက်ပသွားသည်။ သူ လက်သီးဆုပ်ကာ ပြောလိုက်သည်။ “စီနီယာ သဘောအတိုင်းပါ”

All Chapters