ငါ အခု အဖေဖြစ်ပြီပေါ့
Vol. 32 Ch. 318
ဝူနိုင်ငံ လင်အန်းမြို့
လမ်းမကြီးတွင် လူများဖြင့် ပြည့်နှက်နေပြီး ပြာပန်းခပ်မျှ လှုပ်ရှားသက်ဝင်နေတော့သည်။
သို့သော် အနီးကပ်ကြည့်လျှင် ပြည်သူများ၏ မျက်နှာသည် အဝါရောင်သန်းနေပြီး ခန္ဓာကိုယ်မှာ အားအင်ချိနဲ့၍ ပိန်ချုံးနေကာ အဝတ်အစားများမှာ စုတ်ပြတ်နေကြသည်။ သူတို့အမူအရာများသည် စိတ်ကုန်ငြီးငွေ့နေကြဟန်ပင်။
လမ်းမထက်တွင် ချူဖုန်းသည် အမွှေးတိုင်အနံ့ကို ရနေသည်။ လေထုထဲတွင် ကျမ်းစာရွတ်ဖတ်သံများ ပျံ့လွင့်နေ၏။ မဟာပဏ္ဍိတရွှေတောင်ပံသည် အသက်မဲ့နေသော လူအုပ်ကြီးကို ကြည့်ပြီး ရေရွတ်လိုက်သည်။ “ရေနဂါးယုတ်က မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့တာပဲ။ သူ လင်အန်းမြို့က လူတွေရဲ့ အသက်စွမ်းအင်ထက်ဝက်ကျော်ကို စုပ်ယူသွားတာ။ ငါတို့သာ လာတာနောက်ကျသွားရင် ဒီမြို့က သက်ရှိငရဲခန်း ဖြစ်နေပြီ”
ချူဖုန်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ အခု သိချင်တာက ဘာလို့ နတ်ဆိုးက ဝူနိုင်ငံလို သေမျိုးနိုင်ငံတစ်ခုကို ရွေးပြီး ဒုက္ခပေးရတာလဲ”
မဟာပဏ္ဍိတရွှေတောင်ပံ ပြုံးလိုက်သည်။ “နိုင်ငံကံကြမ္မာကို ခိုးပြီး တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်မလို့ နေမှာပေါ့။ ဝူနိုင်ငံရဲ့ ကံကြမ္မာကလည်း ကျဆင်းနေတော့ သူ့အတွက် လုပ်ရကိုင်ရ လွယ်သွားတာပေါ့”
ထိုသည်ကို ကြားသော် ဝန်ကြီးမင် တုန်ယင်သွား၏။ ထို့နောက် သူ လေးစားစွာ မေးလိုက်သည်။ “အင်မော်တယ်ကြီးတို့ ဝူနိုင်ငံရဲ့ ကံကြမ္မာ တည်တံ့ပြီး ကပ်ဘေးကို ရှောင်နိုင်ဖို့ ကျွန်တော်တို့ ဘယ်လို လုပ်သင့်လဲ”
မဟာပဏ္ဍိတရွှေတောင်ပံ ခေါင်းခါလိုက်သည်။ “ဒီကိစ္စက ငါ့အပိုင်း မဟုတ်ဘူး။ မင်း ငါ့အစ်ကိုဖုန်းကို မေးလို့ရတယ်”
ဝန်ကြီးမင် ချက်ချင်းပင် ချူဖုန်းကို လေးစားစွာ ပြောလိုက်သည်။ “အင်မော်တယ်ကြီးရဲ့ လမ်းညွှန်မှုကို တောင်းခံပါတယ်”
ချူဖုန်း မဆိုင်းမတွပင် ပြန်ဖြေပေးလိုက်သည်။
“ ဝူနိုင်ငံရဲ့ ကံကြမ္မာကို စောင့်ရှောက်ပေးမဲ့ ကံကြမ္မာသားတော်ကို ရှာ”
“အဲလိုလူကို ဘယ်မှာ ရှာရမှာလဲဗျ”
ချူဖုန်း ပြုံးလိုက်သည်။ “ဒါကတော့ ဝူနိုင်ငံက ဆုံးဖြတ်ရမှာ။ ငါက သေမျိုးတွေရဲ့ အရေးကိစ္စမှာ ဝင်မစွက်ဖက်ဘူး”
ဝန်ကြီးမင် သူ စည်းကျော်လိုက်မိကြောင်း သဘောပေါက်ပြီး ဦးညွှတ်လိုက်သည်။ “ကျွန်တော် ရိုင်းပြသွားမိပါတယ်။ အရှင့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
“ရတယ်”
ချူဖုန်း ခေါင်းစဉ်ကို ပြောင်းလိုက်သည်။ “အခု ဒီမှာပဲ တွေ့ဆုံမှုကို အဆုံးသတ်ကြတာပေါ့။ ငါတို့တွေ ဒီမှာပဲ လမ်းခွဲကြမယ်”
“ဟုတ်ကဲ့ပါ အင်မော်တယ်အရှင်”
ဝန်ကြီးမင် ထိုစကားကို နားလည်လိုက်ပြီး ဘာလုပ်ရမလဲ သိလိုက်သည်။
ယန်ချီရှလည်း ထွက်ခွာသွားတော့သည်။ “နင်လေး... ငါ ညီလေးရွှီရဲ့ အိမ်တော်ကို သွားလည်လိုက်ဦးမယ်။ ငါတို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့”
“လမ်းခရီးမှာ ဂရုစိုက်ပါ”
နင်ချီအန်း အသာ ဦးညွှတ်လိုက်ပြီး ချူဖုန်းတို့ ထွက်သွားသည်ကို ကြည့်နေလိုက်၏။
ဟူး
ချူဖုန်းတို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး နင်ချီအန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူ့ဘေးတွင် မင်ယွဲ့ရှီးမှ မေးလိုက်သည်။ “အဖေ အခု မြို့အခြေအနေကို စိုးရိမ်နေတုန်းလား”
ဝန်ကြီးမင် ပြောလိုက်သည်။ “ငါအစက အင်မော်တယ်တွေကို ဝူနိုင်ငံအတွက် အကူအညီတောင်းမလို့ပဲ။ ဒါပေမဲ့ ကောလဟာလတွေထဲကလိုပဲ။ သူတို့က သေမျိုးတွေ ကိစ္စကို ဝင်မစွက်ဖက်ဘူး”
ထိုအခိုက် နင်ချီအန်း ပြောလာသည်။ “ဝန်ကြီးမင် အင်မော်တယ်တွေက တိုက်ရိုက်ဝင်မစွက်ဖက်ပေမဲ့ သူ့ဆွေမျိုးသားချင်းတွေက လင်အန်းမြို့မှာ ရှိပါတယ်။ ကျွန်တော်တို့သာ သူ့ဆွေမျိုးတွေကို ရှာနိုင်ရင် အခြေအနေကို ပြောင်းလဲဖို့ အခွင့်အရေး ရနိုင်ပါတယ်”
ဝန်ကြီးမင် မျက်လုံးများ တောက်ပသွားသည်။ “မင်းမှန်တယ်။ အရင်ဆုံး အရှင်မင်းကြီးကို တင်ပြကြတာပေါ့။ ပြီးမှ အင်မော်တယ်အရှင်တို့ မိသားစုအကြောင်းကို စုံစမ်းရမယ်။ ဒါဆို ဝူနိုင်ငံက ကပ်ဘေးကို ရှောင်နိုင်လိမ့်မယ်”
နာရီဝက်လောက်ကြာပြီးနောက်...
ရွှီချိုက်ချန်တို့ ခြံဝင်းဟောင်းလေးတစ်ခုသို့ ရောက်လာသည်။ ရာသီဥတုဒဏ်ကို ခံထားရသော ဆိုင်းဘုတ်ဟောင်းလေးတွင် ရွှီအိမ်တော်ဟူသော စာလုံးများ မြင်နေရသေး၏။ လူတိုင်း ရွှီချိုက်ချန်ကို ကြည့်လာကြသည်။ သူ မြင်းပေါ်မှ ဆင်းလာပြီး ရှေ့သို့ လျှောက်သွားကာ တံခါးကို အသာအယာ ခေါက်လိုက်သည်။
ထိုအခိုက် တံခါးမှာ တစ်ဝက်ပွင့်လာသည်။
အစေခံအိုကြီးတစ်ဦးသည် ခေါင်းပြူထွက်လာပြီး မေးလိုက်၏။
“ဘယ်သူလဲ”
ရွှီချိုက်ချန် ထိုသူကို မြင်သော် ပြုံးလိုက်မိသည်။ “ဦးလေဖု၊ ကျွန်တော်ပါ။ ချိုက်ချန်လေ”
ဦးလေးဖုသည် သူ့ကို အနီးကပ် ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာမှာ ပျော်ရွှင်မှုတို့ဖြင့် တောက်ပသွားပြီး စိတ်လှုပ်တရှား ပြောလိုက်သည်။ “သခင်လေး နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ။ သခင်မလေးက သခင်လေးကို ဒီနှစ်တွေအတွင်းမှာ စာပို့ဖို့ နည်းမျိုးစုံ ကြိုးစားနေခဲ့တာ”
“အိုး”
ရွှီချိုက်ချန် မေးလိုက်သည်။ “အိမ်မှာ တစ်ခုခု ဖြစ်သွားလို့လား”
ဦးလေဖု ပြောလိုက်သည်။ “သခင်လေး ဒီမှာ စကားပြောလို့ မကောင်းဘူး။ ကျေးဇူးပြုပြီး အထဲဝင်ခဲ့ပါ။ ကျွန်တော် သခင်မလေးကို သတင်းသွားပို့လိုက်ပါ့မယ်”
“ကောင်းပြီ”
ရွှီချိုက်ချန် ခေါင်းညိတ်လိုက်ပြီး အခြားသူများကို ပြောလိုက်သည်။ “ ဆရာ၊ ညီအစ်ကိုတို့အထဲဝင်ကြရအောင်”
ချူဖုန်း ခေါင်းအသာ ညိတ်လိုက်၏။ ထို့နောက် မြင်းပေါ်မှဆင်းကာ ရွှီချိုက်ချန်နောက်သို့ လိုက်ဝင်သွားကြသည်။
လက်ဖက်ရည်တစ်ခွက် သောက်ချိန်အကြာ၌ ချူဖုန်း ကျက်သရေရှိသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို တွေ့လိုက်သည်။ ထိုအမျိုးသမီးသည် အစေခံအိုကြီးတစ်ဦးနှင့်အတူ ရွှီချိုက်ချန်ထံ စိုးရိမ်တကြီးလာနေသည်။
“ချိုက်ချန်”
“အစ်မကြီး”
မောင်နှမများ တွေ့ဆုံကြပြီး မျက်ရည်များ စိုစွတ်လာကြသည်။
သခင်မရွှီသည် သူမ မောင်ငယ်လေး လက်ကို ဆုပ်ကိုင်လိုက်ပြီး ဂရုတစိုက် ကြည့်ရှူတော့၏။ သူ ထွက်သွားစဉ်ကနှင့် မကွာခြားကြောင်း မြင်သည့်အခါမှ သက်ပြင်းချနိုင်တော့သည်။
“ချိုက်ချန် ဒီနှစ်တွေအတွင်းမှာ အဆင်ပြေရဲ့လား”
ရွှီချိုက်ချန် မဖုံးကွယ်ထားပေ။ “ကျွန်တော် အင်မော်တယ်ဂိုဏ်းတစ်ခုကို ဝင်ပြီး လေ့ကျင့်နေတာလေ။ အစစအရာရာ အဆင်ပြေပါတယ်”
ထိုသည်ကိုကြားသော် သခင်မရွှီ မျက်လုံးများ တောက်ပသွားပြီး ညည်းညူလိုက်သည်။ “ကောင်းတယ်။ကောင်းတယ်။ အိုး မင်းနောက်က ဘယ်သူတွေလဲ”
ရွှီချိုက်ချန် လှည့်ပြီး တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလိုက်သည်။ သူတို့ ယဉ်ကျေးသမှုဖြင့် စကားပြောဆိုပြီးနောက် ရွှီစံအိမ်၏ အဓိကခန်းမသို့ သွားလိုက်ကြ၏။
အစေခံငယ်လေးတစ်ဦးက သူတို့တစ်ယောက်ချင်းစီကို လက်ဖက်ရည် လာဆက်ပေးသည်။ လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် ရွှီချိုက်ချန် မေးလိုက်သည်။ “အစ်မ ဒီနှစ်တွေမှာ မိသားစုက အဆင်ပြေပြေ ရှိရဲ့လား”
သခင်မရွှီ ပြန်ဖြေလိုက်သည်။ “မင်းယောက်ဖကတော့ မြို့တော်အစိုးရရုံးမှာ အရာရှိလုပ်နေတယ်။ ငါတို့က မချမ်းသာပေမဲ့ အဆင်ပြေကြပါတယ်။ မင်း ဇနီးဘက်မှာသာ ပြဿနာ တက်နေတာ”
သူမ ထိုစကားများကို ပြောရင်း မျက်နှာ ညှိုးငယ်သွားသည်။ ထို့ပြင် သူမ မောင်ငယ်လေး၏ မြွေဖြူမလေးနှင့် လက်ထပ်ပွဲသည် သူမတို့ ရွှီမိသားစုကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။ ယခုတော့ နောက်ထပ် ပြဿနာတစ်ခု ပေါ်တော့၏။ သူမ ထိုကိစ္စကို ချိုက်ချန်ကို ဖုံးမထားနိုင်ပေ။
“ကျွန်တော့်ဇနီး ဘာဖြစ်လို့လဲ”
သူ ဇနီး ဒုက္ခရောက်နေကြောင်း ကြားလိုက်ချိန်တွင် ရွှီချိုက်ချန် ထရပ်လိုက်မိသည်။
“ဟူး”
သခင်မရွှီ သက်ပြင်းချသည်။ “ပြောရရင် အရှည်ကြီးပေါ့။ နင်မွေးထားတဲ့သားကို အရင်ကြည့်လိုက်ဦး။ ရှောင်ချင်းက ကျန်တာကို ဆက်ပြောလိုက်”
“ကျွန်တော် အခု အဖေတစ်ယောက် ဖြစ်နေပြီလား”
ရွီချိုက်ချန် မျက်နှာသည် ပျော်ရွှင်သွားတော့၏။
အတိတ်တွင် သူသည် ခေါင်းမပါသည့် ယင်တစ်ကောင်လို အမြဲလိုလို ကြောက်ရွံ့နေရသည်။ သို့သော် လက်ရှိတွင် သူ မည်သူ့ကိုမှ ကြောက်စရာ မလိုတော့ပေ။
“မြန်မြန်...ကျွန်တော့်ကို ကလေးဆီ ခေါ်သွားပေးပါ”
“ဟုတ်ပြီ”
သခင်မရွှီ ပြန်ဖြေလိုက်ပြီး သူတို့ကို ခြံဝင်းအနောက်သို့ ခေါ်သွားသည်။
ချောင်ရို့ချန်သည် ရွီချိုက်ချန် ပခုံးကို စပ်ဖြီးဖြီးဖြင့် ပုတ်ပေးလိုက်သည်။ “ဂျူနီယာညီလေးရွှီ... မင်းက ငါတို့ထဲမှာ အရင်ဆုံး အဖေဖြစ်မယ်လို့ မထင်ထားဘူး။ ဂုဏ်ပြုပါတယ်”
ရွီချိုက်ချန် ပြုံးလိုက်သည်။ “ကျွန်တော့်ဇနီးမှာ ကိုယ်ဝန်ပါသွားတာ မသိလိုက်ဘူး။ မဟုတ်ရင် ကျွန်တော့်အသက်သာ အသေခံလိုက်မယ်။ သူ့ကို အပါမခံဘူး”
ချူဖုန်း နှစ်သိမ့်ပေးလိုက်သည်။ “ကောင်းမွန်တဲ့ အရာတွေဆိုတာ စောင့်ဆိုင်းရတယ်။ အခုမှ သူ့ကို ပြန်ခေါ်လည်း နောက်မကျသေးပါဘူး”
“ဟုတ်”
ရွှီချိုက်ချန် ခေါင်းညိတ်လိုက်သည်။ သားတစ်ယောက်ရှိလာသည်ဟူသော အတွေးက သူ့ခြေလှမ်းများကို မြန်လာစေ၏။
ရှေ့ခြံဝင်းကို ဖြတ်ကျော်ပြီးနောက် သူတို့ အနောက်ခြံဝင်းသို့ ရောက်လာသည်။ ထိုစဉ် ကလေးရယ်သံတစ်သံကို ကြားလိုက်ရ၏။
ချူဖုန်း အသံလာရာသို့ လှမ်းကြည့်လိုက်သော် ဆယ်နှစ်အရွယ်ကလေးတစ်ဦးသည့် အစိမ်းရောင်ဝတ် မိန်းကလေးတစ်ဦးနှင့်အတူ ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။
ထိုကောင်လေးသည် ရွှီချိုက်ချန်အသေးစားလေးပင်။
ရွှီချိုက်ချန်၏ မျက်ဝန်းများ နူးညံ့သွားပြီး ထိုကောင်းလေးကို ကောက်ပွေ့လိုက်သည်။ “သားလေး ငါ့သားလေး”
ထိုကောင်လေးသည် ရုတ်တရက် လာဖက်ခြင်းကြောင့် ကြောက်လန့်သွားပြီး ငိုတော့မလို ဖြစ်သွားသော်လည်း သူ အမြဲလိုလို မြင်တွေ့ချင်နေခဲ့သည့်သူကို တွေ့သည့်အခါ အလိုလို လှမ်းခေါ်လိုက်မိသည်။
“ဖေဖေ”
“အင်း”
ရွှီချိုက်ချန် စဉ်းစားမနေဘဲ ပြန်ထူးလိုက်သည်။
ထိုသည်ကို ကြားသော် ကောင်လေးက ငိုတော့သည်။
“ဝါး...အဖေ ဟန်လင်း ဖေ့ဖေ့ကို အရမ်းလွမ်းနေတာ”
နှလုံးအိမ်နွေးထွေးစရာ သားအဖ ပြန်လည်ဆုံတွေ့သည့် မြင်ကွင်းလေးပေ။ ချူဖုန်းတို့သည် ထိုသားအဖကို အချိန်ပေးရန် ခြံဝန်းထဲမှ ထွက်လာလိုက်သည်။