← Chapters

ကျွန်တော့်ဇနီးကို တခြားယောကျ်ားတစ်ယောက်နဲ့ ဘယ်တော့မှ လက်ထက်ခွင့် မပေးဘူး

Vol. 32 Ch. 319

ကျွန်တော့်ဇနီးကို တခြားယောကျ်ားတစ်ယောက်နဲ့ ဘယ်တော့မှ လက်ထက်ခွင့် မပေးဘူး

Vol. 32 Ch. 319

“ဘယ်တော့ လက်ထက်မှာလဲ”

ရွှီမိသားစု အနောက်ဘက်ခြံဝင်းတွင်

သူ့ဇနီးသည် သူ တစ်ခါမှပင် မမြင်ဖူးသေးသော ယောက္ခထီးကို အခြားယောကျ်ားတစ်ယောက်နှင့် လက်ထပ်မည်ဟု ကတိပေးထားသဖြင့် ရွှီချိုက်ချန် မတည်ငြိမ်နိုင်တော့ပေ။

“သခင်မသာ လက်ထပ်လိုက်ရင် သူ သခင်ငယ်လေးကို မကာကွယ်ပေးနိုင်တော့မှာ ကြောက်နေခဲ့တယ်။ သူက ကျွန်မကို လင်အန်းမြို့ဆီ ကလေးကို ပို့ခိုင်းပြီး သတင်းစကား ပါးလိုက်ပါတယ်။ သခင်က သခင်ငယ်လေးကို ကြီးပြင်းလာတဲ့အထိ ပျိုးထောင်ပေးပါတဲ့”

ရွှီချိုက်ချန် မျက်ဝန်းများ ပြူးကျယ်သွားသည်။ သူ လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်ပြီး စကားတစ်လုံးချင်းစီ ပီပီသသ ပြောလိုက်၏။ “ငါ ဘယ်တော့မှ စုရှင်းကို တခြားယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ခွင့် ပြုမှာမဟုတ်ဘူး။ ရှောင်ချင်း ငါ့ကို သူ့ဆီ အခုချက်ချင်း ခေါ်သွားပေး”

ရှောင်ချင်း တစ်ခဏ ကြောင်အသွားသော်လည်း သူမ လေးနက်စွာ ပြောလိုက်သည်။

“သခင်လေး ကျွန်မ ရှင်းရှင်းလင်းလင်း မပြောလိုက်မိလို့ထင်တယ်။ သခင်မ လက်ထပ်မဲ့သူက အဇူရာရေနဂါးမျိုးနွယ်စုက ပါရမီရှင်ပါ။ ကျွန်မ ရှင့်ကို အရှေ့ပင်လယ်ဆီ ‌ခေါ်သွားရင်တောင် ဒီအချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး”

ရွှီချိုက်ချန်သည် ရှောင်ချင်းကို ဒေါသမထွက်ချေ။ အတိတ်တွင် သူသည် အသုံးမဝင်သော ကျောင်းတော်သားတစ်ဦးသာ ဖြစ်သည်။ သို့သော် ယခုတွင် ကိစ္စများက ပြောင်းလဲသွားပါသည်။

“ရှောင်ချင် ငါ့ကို လမ်းသာ ပြပေး။ ကျန်တာ ငါ့တာဝန်ထား”

“ဟုတ်တယ်။ အဇူရာရေနဂါးမျိုးနွယ်က ငါတို့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ ပြီးတော့ ငါတို့ သတို့သမီးသွားပြန်လုရမယ်”

ချောင်ရို့ချန်သည် ရှောင်ချင်း၏ သတိပေးချက်ကို လုံးဝ လျစ်လျူရှူ၍ စိတ်ပျက်စွာ ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်ချန်း ဝင်ပြောလိုက်သည်။ “ငါတို့ သတို့သမီးလုနေစရာ မလိုပါဘူး။ ဂျူနီယာညီလေးရဲ့ ယောက္ခထီးနဲ့ စကားပြောကြည့်လည်း ရတာပဲ။ ငါတို့သာ ရိုးသားမှုကို သေချာလေး ပြနိုင်ရင် သူ မင်းတို့ကို သေချာပေါက် လက်ထပ်ပေးလိမ့်မယ်”

ရှောင်ချင်း သူမရှေ့မှ အုပ်စုကို ငေးကြည့်နေသည်။ သူတို့က ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော်လည်း မကျင့်ကြံနိုင်သည့် သေမျိုးအုပ်စုဖြစ်ကြောင်း သေချာပါ၏။ သူတို့ ရေနဂါးနန်းတော်သို့ သွားလျှင် သူတို့ကိုယ်သူတို့ အသေသွားခံသည်နှင့် မတူပေလော။

သူမ ထိုသူတို့ ဘယ်ကနေ သတ္တိရလာသလဲ မပြောတတ်တော့ပေ။

သခင်လေးကြောင့်သာ မဟုတ်လျှင် သူမ ဤလူများကို သင်ခန်းစား ပေးပြီးလောက်ပေသည်။

ရွှီချိုက်ချန်သည် ချူဖုန်းကို လက်သီးဆုပ်၍ ပြောလိုက်သည်။ “ဆရာ ဒီတပည့် ဘာလုပ်သင့်ပါလဲ”

ချူဖုန်း ပြုံးလိုက်သည်။ “မင်း ဇနီးကို ပြန်ခေါ်ရမှာပေါ့။ ငါ့အမြင်တော့ အကြမ်းမဖက်ခင် သေချာလေး ဆွေးနွေးသင့်တယ်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ကိုယ့်ဘက်ကကြည့်ရင် မှန်နေမှာပဲ။ ဒါပေမဲ့ မှတ်ထားကြ။ မင်းတို့ ဘာလုပ်လုပ် ငါမင်းတို့နောက်မှာ အမြဲရှိတယ်”

ရှောင်ချင်း လုံးဝ ကြောင်အသွားသည်။ သခင်လေးသည် ပို၍ မိုက်ရူးရဲ ဆန်လာ၏။ သူမ တစ်ခုခုများ လွတ်သွားသေးလား။

သူမ တွေးနေတုန်း ရွှီချိုက်ချန် ပြောလိုက်သည်။ “ရှောင်ချင်း နောက်သုံးရက်နေရင် ငါတို့ အရှေ့ပင်လယ်ကိုသွားပြီး ငါ့ဇနီးလေးကို ပြန်ခေါ်မယ်”

“ဒါပေမဲ့...”

ရှောင်ချင်း ငြင်းဆန်တော့မည့် အချိန် သူမ ရွှီချိုက်ချန်၏ ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်များကို တွေ့လိုက်ရသည်။ သူမ နှုတ်ဖျားမှ စကားများ ပြန်ကျသွားပြီး ဟုတ်ကဲ့ဟုသာ ဖြေနိုင်တော့၏။

သုံးရက်ကြာပြီးနောက်...

ရွှီချိုက်ချန်သည် သူ့သားလေးကို အစ်မကြီးနှင့် ယောက်ဖတို့ထံ အပ်နှံပြီး လင်အန်းမြို့မှ ထွက်ခွာလာသည်။

တစ်ချိန်တည်းမှာ ဝန်ကြီးမင်သည် သူ၏ မှားယွင်းစွပ်စွဲခံရမှုကို ဖြေရှင်းခဲ့ပြီး ရွှီချိုက်ချန်၏ ဆွေမျိုးများကို ရှာဖွေခဲ့သည်။

ရွှီချိုက်ချန်၏ ယောက်ဖသည် အဆင့်ခုနစ်အရာရှိတစ်ဦးဖြစ်ကြောင်း သိလိုက်သဖြင့် စိတ်ထဲတွင် အစီအစဉ်များ ဆွဲနေလိုက်သည်။ လင်အန်းမြို့မှ ထွက်လာပြီးနောက် သူတို့ စီးတော်ယာဉ်များထုတ်ကာ စီးကြတော့သည်။ ထိုအခိုက် ရှောင်ချင်းသည်‌ ကြောင်အသွားတော့၏။ တိမ်တိုက်များက သူမ မျက်နှာကို လာရောက် ရိုက်ခတ်မှသာ အသိဝင်လာသည်။ သူမ ထိတ်လန့်တကြား မေးလိုက်သည်။ “သခင်လေး ရှင် အင်မော်တယ်ဂိုဏ်းကို ဝင်လိုက်တာလား”

ရွှီချိုက်ချန်သည် သူ့အကြောင်း မပြောရသေးသည်ကို သတိရသွားသည်။

“ဟုတ်တယ်။ ဒီတစ်ခါ ငါ့ဆရာပါ ပါတယ်။ အဲ့တော့ ငါ့ဇနီးလေးကို ကျိန်းသေပေါက် ပြန်ခေါ်နိုင်မှာ”

ရှောင်ချင်းသည် လိမ္မာပါးနပ်သော မြွေနတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူမ ဘာလုပ်ရမည်ကို ကောင်းကောင်း သိသည်။

နှစ်နာရီခန့်ကြာပြီးနောက် သူတို့ အရှေ့ပင်လယ်ကမ်းခြေသို့ ရောက်လာ၏။

ရှောင်ချင်း ရှေ့သို့ ဆက်၍ လမ်းပြသည်။

မိုင်ပေါင်းများစွာ ပျံသန်းပြီးနောက် ရွှီချိုက်ချန်ကို ပြောလိုက်သည်။ “သခင်မက ရေနဂါးနန်းတော်ထဲမှာပါ။ ကျွန်မနောက်က လိုက်ခဲ့ပါ”

သူမသည် အဇူရာအလင်းတန်းအဖြစ်ပြောင်းပြီး ပင်လယ်ထဲသို့ ငုပ်လျှိုးလိုက်သည်။ ကျန်သည့်သူများက နောက်က လိုက်သွားကြသည်။

သူတို့ အနက်ပိုင်းထဲသို့ ပို၍ ငုပ်လျှိုးလာလေ ပတ်ဝန်းကျင်၌ ငါးနှင့် ပုစွန်နတ်ဆိုးများကို ပို၍ တွေ့လာရလေပေ။

တစ်နာရီကြာပြီးနောက် ချူဖုန်း ပုစွန်စစ်သားနှင့် ဂဏန်းဗိုလ်ချုပ်များကို တွေ့လိုက်ရ၏။

ရှောင်ချင်းသည် သူတို့ကို ရှေ့မှ လမ်းပြလာသည်။ သိပ်မကြာခင် သူတို့ ရေအောက်နန်းတော်ထဲသို့ ခုန်ဝင်လိုက်ကြသည်။

ရေအောက်နန်းတော်ကို ခမ်းနားတောက်ပသည့် အရာများဖြင့် တည်ဆောက်ထား၏။ ကုန်းမြေပေါ်မှ တော်ဝင်နန်းတော်များအလားပင်။

ချူဖုန်း ရယ်မောလိုက်သည်။ “ဒီမှာ ရှားပါးရတနာတွေ သိမ်းဆည်းထားသေးလား”

ချောင်ရို့ချန် သက်ပြင်းချလိုက်သည်။ “ဆရာက အဓိကအချက်ကို တန်းမေးတာပဲ”

ရှောင်ချင်းသည် ထိုသူတို့ကို ကျင့်ကြံသူမှန်းသိထားသော်လည်း ရေနဂါးနန်းတော်ကို ကိုယ့်အိမ်ကိုယ်ယာသကဲ့သို့ ပြောနေပုံမှာ ထူးဆန်းသလို ခံစားရသည်။

ချူဖုန်းတို့ ရှောင်ချင်း ခေါ်ဆောင်ရာနောက်မှ လိုက်လာ၍ မည်သည့် ဘေးအန္တာရာယ်နှင့်မျှ မကြုံခဲ့ရချေ။

သိပ်မကြာခင် သူတို့ ပုစွန်စစ်သည်များ စောင့်ကြပ်နေသော နန်းဆောင်တစ်ခုဆီသို့ ရောက်လာသည်။ ပုစွန်စစ်သည်များကို တွေ့သော် ရှောင်ချင်း မျက်မှောင်ကြုတ်လိုက်၏။

ရွှီချိုက်ချန် မေးလိုက်သည်။ “ဘာလို့ ရပ်လိုက်တာလဲ”

ရှောင်ချင်းက ပြန်ဖြေသည်။ “သခင်လေး ကျွန်မတို့ အတင်းဝင်ရင် နန်းတော်သခင်က သိသွားလိမ့်မယ်။ ဒါပေမဲ့ ဒီမှာ အစောင့်တွေက အများကြီးပဲ။ သတိမထားမိဘဲ ဝင်ဖို့ ခက်တယ်”

“ဒါက ရိုးရှင်းပါတယ်”

ရွှီချိုက်ချန် ပြုံးကာ လေထုထဲတွင် လက်ကို ငြင်သာစွာ ဝှေ့ယမ်းလိုက်သည်။

“အိပ်ပျော်စေ”

ထိုစကားများအဆုံးတွင် ပုစွန်စစ်သည်များသည် အိပ်မောကျသွားတော့၏။

ရှောင်ချင်း (ʘᗩʘ’)

သူမ ထိတ်လန့်သွားသည်။ “သခင်လေး ဘယ်တုန်းက ဒီလောက်တောင် စွမ်းအားကြီးလာတာလဲ။ ဒီပုစွန်စစ်သည်တွေအားလုံးက စစ်မှန်ကံကြမ္မာအဆင့်မှာလေ”

သူမကိုယ်တိုင်ပင် စစ်မှန်ကံကြမ္မာအဆင့် မြွေနတ်ဆိုးတစ်ကောင်ဖြစ်သည်။ သခင်လေးမှ ပုစွန်စစ်သားများကို လွယ်ကူစွာ အနိုင်ယူနိုင်လျှင် သူမကိုလည်း အသာအယာ ကိုင်တွယ်နိုင်ပေလိမ့်မည်။

“ငါတို့ နောက်မှ ဒီအကြောင်းကို ပြောကြမယ်”

ရွှီချိုက်ချန် ပြောနေရင်း ခြံဝင်းထဲသို့ လျှောက်ဝင်သွားသည်။ ချူဖုန်းတို့ နောက်မှ လိုက်လာကြသည်။

ခြံဝန်းထဲတွင် အချစ်နာပန်းကလေးများ စိုက်ပျိုးထားပြီး ထိုပန်းများက သူ့ဇနီး စိုက်ပျိုးထားကြောင်း ရွှီချိုက်ချန် တန်းသိလိုက်သည်။ သူ လှမ်းခေါ်လိုက်သည်။ “စုရှင်း ကိုယ်တို့ အိမ်ပြန်ရအောင်”

အခန်းထဲတွင် ဆံပင်ရှည်များဖြင့် လှပသော အမျိုးသမီးတစ်ဦးသည် ကျက်သရေ ရှိစွာ ထိုင်နေသည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံချင်း သောက်နေသည်။ ထိုစဉ် သူမ လက်ဖက်ရည်ခွက် လွတ်ကျသွားသည်။

ဂျောက်

ထိုအသံက ပိုင်စုရှင်းကို အံ့ဩသွားစေသည်။ သူမ ရေရွတ်လိုက်သည်။ “ငါ နားကြားမှားတာလား”

“စုရှင် မင်း နားကြားမမှားပါဘူး”

ရွှီချိုက်ချန် ပြောနေရင်း အဓိကခန်းမထဲသို့ ဝင်လာသည်။

“ယောကျ်ား”

ပိုင်စုရှင်း ထရပ်ပြီး တံခါးကို ပြေးဖွင့်လိုက်၏။ ထို့နောက် သူမဆီ လျှောက်လှမ်းလာနေသော ရွှီချိုက်ချန်ထံ ပြေးဝင်သွားတော့သည်။ စုံတွဲက အချင်းချင်း တင်းကြပ်စွာ ဖက်ထားကြသည်။ ထိုအခိုက် တစ်ကမ္ဘာလုံးက တိတ်ဆိတ်သွားသည့်အလားပင်။

ချူဖုန်းတို့ ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်မိသည်။

All Chapters