← Chapters

တိယွင်

Vol. 9 Ch. 94

တိယွင်

Vol. 9 Ch. 94

“ရှင် လူရော ဟုတ်သေးရဲ့လား”

အနီးတွင် ရပ်နေသော ရွှေရှန်းအမည်ရှိ မိန်းမပျိုလေးသည် ဒေါသအမျက် ခြောင်းခြောင်းထွက်နေ၏။ သူမသည် ရှေ့သို့ တိုးသွားကာ ဟွာထျဲကန်၏ ပါးပြင်ကို ဖြန်းခနဲ ဖြန်းခနဲ (၄) ချက်တိတိ ဆက်တိုက် ရိုက်ချလိုက်တော့၏။

ထိုမြင်ကွင်းက ချူကျန့်၏ စိတ်ကို ကျေနပ်သွားစေပြီး သူမအား အထင်ကြီးလေးစားသော အကြည့်သစ်များဖြင့် ကြည့်မိသွားချေပြီ။ ဟွာထျဲကန်ကို ရိုက်နှက်ပြီးနောက် ရွှေရှန်းသည် ရှိုက်ကြီးတငင် ငိုကြွေးကာ ခြေလှမ်းတစ်ဒါဇင်ခန့် အကွာရှိ ငွေရောင်မုတ်ဆိတ်များနှင့် အဘိုးအို၏ အလောင်းထံသို့ လျှောက်သွား၏။ ထို့နောက် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားကာ ကြေကွဲဆို့နင့်စွာ အော်ဟစ်လိုက်တော့သည်။

“အဖေ... အဖေရယ်”

ဘုန်းကြီးပျိုလေးမှာမူ နှင်းပြင်ထက်တွင် ခံစားချက်မဲ့စွာ လဲလျောင်းနေပြီး၊ ဤလောကရှိ မည်သည့်အရာကမျှ သူ့အား မသက်ဆိုင်တော့သကဲ့သို့ ရှေ့မှောက်ရှိ အရာအားလုံးကို လျစ်လျူရှုထား၏။

ဤနေရာတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့မှန်း ချူကျန့် မသိသော်ငြား၊ ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းကိုမူ သူ ခန့်မှန်းမိလိုက်၏။ ရှိနေသော လူသုံးယောက်အနက် ဟွာထျဲကန်မှာ အကြောပိတ်ခံထားရပြီး၊ ဘုန်းကြီးပျိုမှာလည်း ခြေထောက်ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်ဘဲ အသက်ဝင်လှုပ်ရှားမှု ကင်းမဲ့နေဟန် ရှိသည်။ ရွှေရှန်းမှာလည်း ငိုကြွေးရန်သာ အာရုံရောက်နေရှာ၏။ သူ၏ လက်ထဲတွင် သွေးဓားရှိနေပြီး အသာစီးရနေပုံ ပေါက်သော်လည်း၊ တကယ့်လက်တွေ့တွင်မူ သူ၏ အတွင်းအားများ ကုန်ခမ်းနေပြီဖြစ်ရာ လောလောဆယ် မည်သူကမျှ တစ်ဖက်လူကို အမှန်တကယ် အနိုင်ယူနိုင်စွမ်း မရှိကြချေ။

အမှန်စင်စစ် သူ၏ ပုံမှန် အလေ့အထအရဆိုလျှင် သွေးဓား အဘိုးအိုကို သတ်ဖြတ်ပြီး တန်ဖိုးရှိ ပစ္စည်းများ သိမ်းဆည်းသည်ကို မြင်တွေ့ခဲ့သော ဤမျက်မြင်သက်သေများအားလုံးကို နောင်အန္တရာယ် မကျရောက်စေရန် နှုတ်ပိတ်ပစ်ရမည် ဖြစ်သည်။ သို့သော်လည်း သူတို့ကို သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ ဂိမ်းစနစ်ကြီးက သူ၏ ဂုဏ်သတင်းကို ပျံ့နှံ့စေမည်သာ ဖြစ်ရာ မည်သို့ အကြောင်းထူးတော့မည်နည်း။

ထို့အပြင် ဟွာထျဲကန်သည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသော်လည်း နာမည်ကျော် တောင်ပိုင်းက အံ့ဖွယ်လေးပါး အနက်မှ တစ်ဦးဖြစ်ပြီး ကျော်ကြားသော ဓားသမားတစ်ဦး ဖြစ်နေဆဲပင်။ အကယ်၍ သူ့အား သတ်ဖြတ်လိုက်ပါက သွေးဓား အဘိုးအို၏ ဇာတ်လမ်းကဲ့သို့ပင် ဂိမ်းစနစ်မှ သတင်းဖြန့်သွားနိုင်ခြေ အလွန်များပြားလှသည်။ အမည်မွှေးသော ဂိမ်းဇာတ်ကောင်များကို သတ်ဖြတ်လိုက်ပါက ထိုကဲ့သို့ အလိုအလျောက် သတင်းပျံ့နှံ့သွားမည့် သက်ရောက်မှုမျိုး ရှိမည်ဟု ချူကျန့် မှန်းဆထားပြီး ဖြစ်သည်။ ထိုသို့ဆိုပါက အလယ်ပိုင်းလွင်ပြင် သိုင်းလောက၏ ဖြောင့်မတ်သော ဂိုဏ်းများမှ နောက်ကွယ်မှ လိုက်လံတိုက်ခိုက်သူ ရေတွက်မရအောင် ပေါ်လာပေလိမ့်မည်။ ထိုကဲ့သို့ အလုပ်ရှုပ်ခံနေရန် မလိုပေ။

မည်သို့ပင်ဖြစ်စေ ချူကျန့်က သတိကို လုံးဝ လွတ်မထားဘဲ ချွမ်ကျန်း အတွင်းအား ကျင့်စဉ်ကို အရှိန်မြှင့်၍ လှည့်ပတ်လိုက်၏။

ဤလူများက မကောင်းသော ရည်ရွယ်ချက်များဖြင့် သူ့အား အရင် စတင်တိုက်ခိုက်လာမည်ကို မည်သူသိနိုင်မည်နည်း။ မည်သို့ပင်ဆိုစေ သွေးဓား အဘိုးအို၏ တန်ဖိုးရှိ ပစ္စည်းများ သူ၏ လက်ထဲသို့ ရောက်သွားသည်ကို သူတို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြသည် မဟုတ်လော။

ကံကောင်းထောက်မစွာဖြင့် ချွမ်ကျန်း အတွင်းအား ကျင့်စဉ်မှာ နက်နဲမှု မရှိလှသော်လည်း အတွင်းအား ပြန်လည်ဖြည့်တင်းရာတွင်မူ ချီးကျူးဖွယ်ရာ အချက်အချို့ ရှိနေသည်။ လွန်ခဲ့သော ညကပင် ချူကျန့်သည် ချွမ်ကျန်း အတွင်းအား ကျင့်စဉ်ကို ပြီးပြည့်စုံသည့်အဆင့်၏ အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံထားခဲ့ပြီးဖြစ်ရာ၊ အတွင်းအား ပြန်လည်ဖြည့်တင်းမှု အမြန်နှုန်းမှာ ချွမ်ကျန်း ကျင့်စဉ်၏ အမြင့်ဆုံး ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ချူကျန့်က သူ၏ မျက်နှာအမူအရာကို အကဲခတ်လိုက်ရာ အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ချက်ချင်းပင် စိတ်အေးသွားတော့သည်။ သူ့အား နှစ်သိမ့်စကား အနည်းငယ် ပြောကြားလိုက်ရာ တိယွင်၏ ခင်မင်လေးစားမှုကို လျင်မြန်စွာ ရရှိသွား၏။

အစကတော့ ဟွာထျဲကန်အား ရှင်းလင်းရန် သူ့ကို အသုံးချမည်ဟု ချူကျန့် တွေးထားခဲ့သော်လည်း၊ ယခု သူ၏ အသွင်အပြင်ကို ကြည့်ပြီးနောက် ထိုလူယုတ်မာကို သတ်ရက်မည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် ထိုအကြံကို စွန့်လွှတ်လိုက်ရတော့သည်။

“ဟိုဘက်မှာ မြင်းသားကင် နည်းနည်း ရှိတယ်။ ခင်ဗျားအတွက် သွားယူပေးမယ်နော်”

တိယွင်၏ ရင်တွင်းမှ ဖိစီးမှုများ အတော်လေး လျော့ကျသွားပြီး ကျေးဇူးတင်စွာဖြင့် ပြောလာ၏။

ယခုအခါ ချူကျန့်၏ အတွင်းအားများမှာ အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ရာ၊ သူက ကျေးဇူးတင်စကားအဖြစ် ခေါင်းညိတ်ပြလိုက်ပြီး ချန်လင်းစုကို သွားရောက် ခေါ်ဆောင်သည်။ တိယွင်က အံ့အားသင့်စွာဖြင့် မေးလာ၏။

“ဒါ ခင်ဗျားရဲ့ အဖော်လား သူ ဒဏ်ရာရထားလို့လား”

ချူကျန့်မှာ ပြန်ဖြေရန်ပင် အချိန်မရလိုက်ချေ။ အကြောင်းမှာ ချန်လင်းစု၏ မျက်နှာမှာ နီရဲနေသည်ကို သူ မြင်လိုက်ရပြီး၊ သူမ၏ နဖူးကို လှမ်းစမ်းကြည့်လိုက်သောအခါ မီးကျီးခဲကဲ့သို့ ပူလောင်နေသည်ကို သိလိုက်ရသဖြင့် လန့်ဖျတ်သွားတော့သည်။

“ဂိုဏ်းတူအစ်မ”

All Chapters