လျှို့ဝှက်သိုင်းပညာလောက၏ အကျော်ကြားဆုံး အထွတ်အထိပ်ဆရာသခင်တစ်ဦးဖြစ်ပြီး စွယ်စုံရလူငယ်ပညာရှင် တစ်ဦးလည်းဖြစ်သည့် ချူကျန့်သည် နည်းပညာမြင့်မားသော ခေတ်သစ်လူ့အဖွဲအစည်းသို မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ သူသည် တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေရန် ကျိုးနွံစွာ ပြုမူရန်နှင့် တိတ်တဆိတ် ဓနဥစ္စာရှာဖွေရန် ဟူသော စည်းမျဥ်းများကို ခိုင်မာစွာ လိုက်နာကျင့်သုံးခဲ့သည်။ အကယ်၍ သူ၏ခန္ဓာကိုယ်သည် ဒုံးပျံများကို သယ်ဆောင်နိုင်စွမ်းပင် ရှိစေကာမူ သူသည် ကြွားဝါခြင်း သိုမဟုတ် အကြီးအကျယ် ဟိုးလေးတကျော်ဖြစ်အောင်လုပ်ခြင်းတို့ကို ပြုလုပ်မည်မဟုတ်ဟု စိတ်ပိုင်းဖြတ်ထားပေ၏။ မမျှော်လင့်ဘဲ "မဟာသိုင်းလောကခေတ်"ဟုခေါ်သော သိုင်းပညာ အွန်လိုင်းဂိမ်းတစ်ခုကို ကစားပြီးနောက်တွင်မူ သူသည် လူအများ၏အာရုံစိုက်ခြင်းကို အကြိမ်ကြိမ် ခံရတော့သည်... "သခင်လေးချူ...ခင်ဗျား လီရွှင်ဟွမ်းရဲ့ ဓားပျံကို ဖမ်းဖူးတယ်... လင်းယုန်သူရဲကောင်း ယန်ကော်ကို အနိုင်တိုက်ဖူးတယ်...ပြီးတော့ ခိုကျုံးနဲ့ ရှကျစ်လင်တိုရဲ့ ပူးပေါင်းတိုက်ခိုက်မှုကနေ ဘာမှမဖြစ်ဘဲ လွတ်မြောက်ခဲ့တယ်လို ကြားတယ်...ဒါက အမှန်တွေလား..." "မဟုတ်ပါဘူး... ဒါတွေအားလုံးက လုပ်ကြံထားတဲ့ ကောလာဟလတွေချည်းပဲ" "ဒါဆို ဒုတိယသခင်မလေး ကောရှန်က ခင်ဗျားကိုရှာဖို တရုတ်ပြည်အနှံ တစ်ယောက်တည်း ခရီးထွက်ခဲ့တယ်ဆိုတဲ့ ကောလာဟလကရော ဘာလဲ..." "ခင်ဗျားက ဘယ်လိုလုပ်ပြီး လူတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုကို ဒီလိုမျိုး အသရေဖျက်ရတာလဲ..ကျွန်တော့်ရဲ့ ဆရာတူအစ်မနဲ့ ကျွန်တော်က နေနဲ့လကို တိုင်တည်ပြီး သက်သေထူရလောက်အောင် အပြစ်ကင်းစင်ပါတယ်... အာ့...ဘယ်သူ... ဘယ်သူက ကျွန်တော့်ကို လာဆွဲနေတာလဲ" *** လီရွှင်ဟွမ်း(ဓားပျံရှောင်လီ) ခိုကျုံးနဲ့ ရှကျစ်လင်(twin of brothers) ကောရှန်(ကောကျင့်နဲ့ဟွမ်ရုံတိုရဲ့သမီး)The return of the Condor heros

