← Chapters

ဓားပြများ

Vol. 13 Ch. 134

ဓားပြများ

Vol. 13 Ch. 134

“ဟူး...”

ချူကျန့်က သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ပြီးနောက် နတ်ဘုရား အလင်းဖြာ ကျင့်စဉ် အား အလိုအလျောက် ကျင့်ကြံမှု စခရင် မှနေ၍ ပိတ်ပစ်လိုက်သည်။ သူက အရှေ့ဘက်မှ ထွက်ပေါ်လာသော နေမင်းကြီးကို မော့ကြည့်လိုက်ပြီး နေရာမှ ထရပ်လိုက်၏။ ထို့နောက် သူ၏ ဘေးတွင် ကွေးကွေးလေး အိပ်ပျော်နေသော ယွင်ကျုံးဟယ်ကို ခြေဖြင့် တစ်ချက်ကန်လိုက်ပြီး အေးစက်စက် အမိန့်ပေးလိုက်သည်။

“ထစမ်း... ခရီးဆက်မယ်”

ယွင်ကျုံးဟယ်က မလှုပ်မယှက်ဖြင့် ညည်းတွားလိုက်သည်။

“သူရဲကောင်းကြီး... ကျွန်တော့်ကို နည်းနည်းလောက် ထပ်ပြီး နားခွင့်ပေးပါဦး နှစ်ရက်ဆက်တိုက် ခရီးသွားနေရတာ အိပ်ရတာကလည်း တစ်နာရီတောင် မပြည့်ဘူး ကျွန်တော် တကယ်ကို မခံနိုင်တော့လို့ပါ”

လွန်ခဲ့သော နေ့ညနှစ်ရက်တိတိ အနားမရဘဲ ခရီးဆက်ခဲ့ရမှုက ယွင်ကျုံးဟယ်၏ ယခင်က ရှိခဲ့ဖူးသော မာန်မာနများ အားလုံးကို လုံးဝ ရိုက်ချိုးပစ်လိုက်လေပြီ။ သူ၏ အဝတ်အစားများမှာ စုတ်ပြဲ ညစ်ပေနေပြီး ဒဏ်ရာများမှ သွေးများ စိမ့်ထွက်နေဆဲ ဖြစ်ကာ မျက်နှာမှာလည်း သွေးဆုတ်နေသကဲ့သို့ ဖြူဖျော့နေ၏။ သူ၏ စကားပြောသံမှာလည်း အလွန် အားနည်းနေသည်။ ဤလူမှာ သိုင်းလောက၌ နာမည်ဆိုးဖြင့် ကျော်ကြားပြီး ရက်စက်ကြမ်းကြုတ်လှသော မိစ္ဆာလမ်းစဉ်၏ ထိပ်တန်းဆရာကြီးတစ်ဦး လူယုတ်မာလေးယောက် အနက်မှ တစ်ယောက်ဖြစ်သော ယွင်ကျုံးဟယ် ဟု မည်သူကမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။

ချူကျန့်က သူ့အား စိတ်မရှည်စွာဖြင့် နောက်တစ်ချက် ထပ်ကန်လိုက်ပြီး ဟိန်းဟောက်လိုက်၏။

“မင်း မထဘူးဆိုရင်... ဒီနေရာမှာ အပြီးအပိုင် အိပ်သွားအောင် လုပ်ပေးမယ်”

ယွင်ကျုံးဟယ်မှာ မလှုပ်မယှက်ပင် ရှိနေဆဲဖြစ်ကာ အရိုးမပါသော မြွေတစ်ကောင်ပမာ သစ်ပင်ကို မှီလျက် ခွေခွေလေး လဲနေသည်။ မျက်စိကိုပင် မဖွင့်တော့ဘဲ အသေခံမည့်ဟန်ဖြင့် အော်ဟစ်လိုက်တော့၏။

“အဲ့ဒါဆိုလည်း သတ်သာ သတ်ပစ်လိုက်ပါတော့ ကျွန်တော် တကယ်ကို မခံနိုင်တော့လို့ပါ”

ဒီကောင်က ချူကျန့် လိုက်ရှာနေသော သူအား မည်မျှ တန်ဖိုးထားကြောင်းနှင့် ထိုသူအား ရှာတွေ့နိုင်ရန်အတွက် မိမိသည်သာလျှင် တစ်ခုတည်းသော အားကိုးရာဖြစ်ကြောင်းကို ကောင်းစွာ သဘောပေါက်ထားသဖြင့် သေရမည်ကိုပင် မကြောက်တော့ခြင်း ဖြစ်၏။

ချူကျန့်မှာ ဤကောင်အား အသေအလဲ ရိုက်နှက်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသော်လည်း သူ၏ အခြေအနေမှာ တကယ်ကို ဆိုးရွားနေပြီး အနည်းငယ် ပြင်းထန်သွားပါက သေသွားနိုင်ကြောင်း သိနေသဖြင့် ထိုကောင်၏ ပါးစပ်ကို အတင်းဟကာ ပန်းကိုးပွင့် ကျောက်စိမ်းနှင်းရည် ဆေးလုံး တစ်လုံးကို ထိုးထည့်လိုက်၏။ ထို့နောက် ရေကို အတင်းလောင်းထည့်ကာ မျိုချစေလိုက်သည်။

ယွင်ကျုံးဟယ်သည် ချူကျန့်က သူ့အား မည်သည့်ဆေး တိုက်လိုက်မှန်း မသိပေ။ သူ၏ လည်ချောင်းထဲသို့ လက်ချောင်းများ ထိုးသွင်းကာ ပြန်အန်ထုတ်ရန် ကြိုးစားသော်လည်း ချူကျန့်က သူ၏ သွေးကြောဆုံမှတ်များကို ချက်ချင်း ပိတ်ဆို့လိုက်သည်။ ခေတ္တမျှ ကြာပြီးနောက် ချူကျန့်က သွေးကြောဆုံမှတ်ကို ပြန်ဖွင့်ပေးလိုက်ပြီး အေးစက်စက် ခြိမ်းခြောက်လိုက်၏။

“မင်း အခု သောက်လိုက်ရတာက အလောင်းကိုးလောင်း ဦးနှောက်စား နတ်ဆေးလုံး ပဲ မင်းရဲ့ ခွန်အားတွေကို ချက်ချင်း ပြန်ပြည့်စေပြီး ဒဏ်ရာတွေကိုလည်း အမြန် ပျောက်ကင်းစေလိမ့်မယ် ဒါပေမဲ့... (၁၀) ရက်အတွင်းမှာ ငါ့ဆီက ဖြေဆေးကို မရဘူးဆိုရင်တော့ မင်းရဲ့ တစ်ကိုယ်လုံး ပုပ်ပွလာပြီး အသက်ရှင်လျက်နဲ့ ငရဲကျသလို ခံစားရလိမ့်မယ် ငါ အရင်က ပြောခဲ့သလိုပဲ... လူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ နည်းလမ်းတွေ ငါ့ဆီမှာ အများကြီး ရှိတယ် မင်းကို မသေမရှင်နဲ့ မျိုးစုံ နှိပ်စက်ဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး”

ယွင်ကျုံးဟယ်သည် ချူကျန့်၏ မျက်လုံးများကို ရင်ဆိုင်လိုက်ရချိန်တွင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့သည်။ သူ ထပ်၍ အာခံရန် မဝံ့ရဲတော့ဘဲ၊ ပြာနှမ်းနေသော မျက်နှာဖြင့် နေရာမှ ကပျာကယာ ထရပ်လိုက်၏။

ချူကျန့်က ရေအနည်းငယ်နှင့် ခြောက်သွေ့သော ရိက္ခာတချို့ကို ထုတ်ကာ သူ့ထံသို့ ပစ်ပေးလိုက်သည်။

“ဒါကို စားလိုက် ပြီးရင် နောက်ထပ် နာရီဝက်လောက် နား အဲ့ဒါပြီးရင် ငါတို့ ခရီးဆက်မယ်”

ယွင်ကျုံးဟယ်မှာ သေဒဏ်မှ လွတ်ငြိမ်းခွင့် ရလိုက်သကဲ့သို့ ဝမ်းသာအားရဖြင့် အစားအစာများကို လှမ်းယူလိုက်ပြီး ရေနှင့်အတူ ကပျာကယာ စားသောက်တော့သည်။

ချူကျန့် ကိုယ်တိုင်ကမူ မည်သည့် အရာကိုမျှ စားသောက်လိုစိတ် မရှိချေ။

သူ ဤ "အမဲလိုက်ခွေး" အား ဖမ်းမိခဲ့သည်မှာ နှစ်ရက်ခန့် ကြာမြင့်ခဲ့လေပြီ။ မနေ့က မွန်းတည့်ချိန် ယွင်ကျုံးဟယ်က ကောရှန်း၏ အနံ့ကို ရပြီဟု မပြောမီအချိန်အထိ ထိုကောင်အား လမ်းမကြီးတစ်လျှောက် တရွတ်တိုက် ဆွဲခေါ်လာခဲ့ခြင်းပင်။ ထို့နောက် ယွင်ကျုံးဟယ်က သူ့အား ကြီးမားသော တောအုပ်ကြီးထဲသို့ တစ်နေကုန်နီးပါး လမ်းပြခေါ်ဆောင်သွားခဲ့၏။

ချူကျန့်မှာ ဤကောင် တစ်ခုခု ကြံစည်နေပြီဟု ထင်မှတ်နေစဉ်မှာပင် မြစ်ကမ်းဘေး တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သော လက္ခဏာရပ်များနှင့်အတူ သားရဲတိရစ္ဆာန်များ ကိုက်ဖြတ်စားသောက်ထားသော အလောင်း (၁၀) လောင်းကျော်ကို ရှာတွေ့ခဲ့ရ၏။

ကံကောင်းထောက်မစွာဖြင့် အဆိုပါ အလောင်းများအားလုံးမှာ ယောက်ျားများသာ ဖြစ်နေသည်။

ယွင်ကျုံးဟယ်က ကောရှန်သည် ဤနေရာသို့ လွန်ခဲ့သော (၂) ရက် သို့မဟုတ် (၃) ရက်ခန့်က ရောက်ရှိလာခဲ့ပြီး လူအချို့နှင့် တိုက်ပွဲဖြစ်ပွားကာ မြစ်ထဲသို့ ခုန်ချ၍ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောဆိုသည်။

ချူကျန့်သည် ပတ်ဝန်းကျင်ကို သေချာစွာ လေ့လာစစ်ဆေးလိုက်ပြီး အလောင်းများပေါ်ရှိ ဒဏ်ရာများကို ကြည့်ကာ ကောရှန်၏ ပန်းကြွေ ဓားသိုင်း ကြောင့် ရရှိခဲ့သော ဒဏ်ရာများ ဟုတ်မဟုတ် အတည်ပြုလိုက်၏။

ဓားပြ အယောက် (၃၀) ခန့်က ကောရှန်းအား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီး သူမသည် လူ (၁၀) ယောက်ကျော်ခန့်ကို သတ်ဖြတ်ကာ ဝိုင်းရံထားမှုကို ဖောက်ထွက်၍ မြစ်ထဲသို့ ခုန်ချထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သူ အလွယ်တကူပင် ကောက်ချက်ချနိုင်ခဲ့သည်။ ခြေရာများကို ထောက်ရှုကြည့်ခြင်းအားဖြင့် ကျန်ရှိနေသော ဓားပြများသည်လည်း သူမနောက်သို့ လိုက်လံဖမ်းဆီးရန် မြစ်ထဲသို့ ခုန်ချသွားခဲ့ကြပုံရ၏။

ဤအချက်က ချူကျန့်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများကို အတိုင်းမသိ ကြီးထွားလာစေတော့သည်။ သူသည် ယွင်ကျုံးဟယ်ကို ကောက်မကာ မြစ်ကမ်းဘေး တစ်လျှောက် မိုင် (၁၀) လီကျော်ခန့် အသွားအပြန် ပြေးလွှားရှာဖွေခဲ့ရာ ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သေဆုံးနေသည့် ဓားပြအလောင်း (၁၀) လောင်းခန့်ကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအလောင်းများမှလွဲ၍ ကောရှန်း၏ သတင်းအစအနကို တစ်စက်ကလေးမျှ ထပ်မံ မတွေ့ရတော့ပေ။ သူမ အသက်ရှင်လျက် ကယ်တင်ခံလိုက်ရသလား သို့မဟုတ် မြစ်ရေစီးကြောင်းနှင့်အတူ မည်သည့်နေရာသို့ မျောပါသွားသနည်းဆိုတာ သူ မသိနိုင်တော့ချေ။

ဒီရေလှိုင်းများ ဆူညံစွာ စီးဆင်းနေသော မြစ်ပြင်ကြီးကို ကြည့်ကာ ယွင်ကျုံးဟယ်ပင်လျှင် ပခုံးတွန့်ပြလိုက်ပြီး ထပ်မံ အနံ့ခံ၍ လိုက်လံရှာဖွေရန် မဖြစ်နိုင်တော့ကြောင်း အချက်ပြလိုက်သည်။

ပေဒါဇင်နှင့်ချီ၍ ကျယ်ဝန်းလှသော မြစ်ကြီးကို ကြည့်ရင်း ဤမြစ်မှာ ပင်လယ်ပြင်သို့ တိုက်ရိုက် စီးဝင်သွားကြောင်း ချူကျန့် ခန့်မှန်းမိလိုက်၏။ အကယ်၍ ကောရှန်းသာ အသက်ဆုံးရှုံးသွားခဲ့ပါက သူမ၏ ခန္ဓာကိုယ်သည် သမုဒ္ဒရာထဲသို့ မျောပါသွားနိုင်၏။

တကယ်လို့ သူမ အသက်ရှင်နေသေးတယ်ဆိုရင်... တစ်ဖက်ကမ်းကိုများ ရောက်သွားလေမလား။

ချူကျန့်သည် တစ်ဖက်ကမ်းသို့ သွားရောက်စစ်ဆေးရန် ဆုံးဖြတ်လိုက်သော်လည်း မြစ်ပြင်မှာ ကျယ်ဝန်းလွန်းသဖြင့် ကူးဖြတ်ရန် အလွန် ခက်ခဲလှသည်။ ရံဖန်ရံခါ လှေများ ဖြတ်သန်းသွားလာတတ်သော်လည်း ဆိုက်ကပ်ရန် ဆိပ်ကမ်း မရှိသည့်အပြင် မိမိတို့အား လာရောက်ခေါ်ဆောင်ရန် လှေကို လှမ်းခေါ်၍လည်း မဖြစ်နိုင်ပေ။

ထိုအခိုက် သူ၏ သိုလှောင်အိတ် ထောင့်တစ်နေရာတွင် သိမ်းဆည်းထားခဲ့သော ရေကူးရာတွင် အလွန် အဖိုးတန်သည့် ခရမ်းရောင်အဆင့်ချန်လန် ရှောင်ယောင် ဝတ်ရုံ ကို ရုတ်တရက် သတိရသွား၏။ ဝတ်ရုံကို ကပျာကယာ ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

ဝတ်ရုံ၏ အာနိသင်မှာ တကယ်ကို အံ့မခန်းပင်။ ချူကျန့်သည် ရေလှိုင်းများပေါ်တွင် လမ်းလျှောက်နိုင်သော ကိုယ်ဖော့ပညာ တစ်ခုကို အသက်သွင်းထားသကဲ့သို့ ရေပြင်ထက်တွင် အလိုအလျောက် ပေါ်နေသည်။ လေဘယ်လောက်တိုက်တိုက် လှိုင်းဘယ်လောက်ကြီးကြီး သူ့အား လုံးဝ ထိခိုက်မှု မရှိစေပေ။ သူ့ကိုယ်ပေါ်သို့ စင်လာသမျှသော ရေစက်များမှာ ကြာဖက်ပေါ်မှ ရေပေါက်များအလား လိမ့်ဆင်းသွားကာ ဆံပင်တစ်မျှင်မျှပင် မစိုစွတ်သွားချေ။ ဤဝတ်ရုံမှာ နောင်တစ်ချိန်တွင် မိုးကာအင်္ကျီထက် အဆပေါင်းများစွာ ပို၍ အသုံးဝင်လိမ့်မည်မှာ သေချာလှ၏။

ချူကျန့်သည် မကူးဖြတ်နိုင်ဟု ထင်ရသော မြစ်ကြီးကို လွယ်ကူစွာ ဖြတ်ကျော်သွားသည်။ သေးငယ်သော မျှော်လင့်ချက်လေး တစ်ခုကို ဆုပ်ကိုင်ထားရင်း ယွင်ကျုံးဟယ်အား ကောရှန်း၏ အနံ့ကို ဆက်လက် ရှာဖွေစေလိုက်၏။

သူ၏ ကံတရား အမှတ် (၄၀) ကြောင့်ပင်လော မသိ တစ်နေကုန်နီးပါး ရှာဖွေပြီးနောက်တွင်မူ ယွင်ကျုံးဟယ်က ကောရှန်း၏ အနံ့ကို ထပ်မံ ရရှိပြီဖြစ်ကြောင်းနှင့် သူမ၏ ဘေးတွင် အခြား မိန်းကလေး နှစ်ယောက်ပါ အတူရှိနေကြောင်း ပြောလာသည်။

ကောရှန်းများ ကယ်တင်ခံလိုက်ရတာလား...

ဤသတင်းကြောင့် ချူကျန့်မှာ အလွန် ဝမ်းသာသွားပြီး ယွင်ကျုံးဟယ်ကို ကောက်မကာ ချက်ချင်းပင် ဆက်လက် လိုက်လံရှာဖွေတော့၏။

သို့သော်လည်း နောက်တစ်နေ့ မိုးလင်းသည်အထိ သူတို့ ပြေးလွှားခဲ့ကြသော်လည်း ကောရှန်းကို မီအောင် မလိုက်နိုင်ခဲ့ပေ။ ယွင်ကျုံးဟယ်မှာလည်း ခြေတစ်လှမ်းမျှ ထပ်မရွှေ့နိုင်တော့ဘဲ နားခွင့်ပေးရန် အသည်းအသန် တောင်းဆိုနေတော့၏။ (၃) ရက်တိုင်တိုင် မျက်စိတစ်မှိတ်မျှ မအိပ်ရသေးသော ချူကျန့်လည်း နောက်ဆုံးတွင် ခေတ္တ အနားယူရန် သဘောတူလိုက်ရတော့သည်။

...

ချူကျန့်သည် ကျင့်ကြံခြင်းမှ သတိပြန်ဝင်လာပြီး ကောင်းကင်ယံသို့ မြင့်တက်နေပြီဖြစ်သော နေမင်းကြီးကို မော့ကြည့်လိုက်၏။

သူ ကိုယ်လက်ဆန့်တန်းလိုက်ပြီးချန်လန် ရှောင်ယောင် ဝတ်ရုံ ကို ချွတ်လိုက်သည်။ နေ့ရက်ပေါင်းများစွာ ခရီးသွားလာခြင်းနှင့် အပြင်ဘက်တွင် အိပ်စက်ရခြင်းတို့ကြောင့် သူ၏ မျက်နှာပေါ်ရှိ ရုပ်ဖျက်ထားမှုများမှာ အတော်လေး ပျက်ယွင်းနေပြီဖြစ်ကြောင်း သူ သတိပြုမိသွားသည်။ သူက ရေဖြင့် မျက်နှာကို သစ်ချလိုက်ရာ သူ၏ အစစ်အမှန် ရုပ်သွင် ပေါ်လွင်လာ၏။ ထို့နောက် သူ၏ ပုံမှန်ဝတ်နေကျ ရိုးရှင်းသော အဝတ်အစားများကို ပြန်လည် ဝတ်ဆင်လိုက်ပြီး ခရီးဆက်ရန်အတွက် ယွင်ကျုံးဟယ်အား ခြေဖြင့်ကန်၍ နှိုးလိုက်တော့သည်။

အချိန်တစ်ဝက်ခန့် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပြီးနောက်... ရုတ်တရက် အရှေ့ဘက် လမ်းမပေါ်မှ တိုက်ခိုက်သံများကို ကြားလိုက်ရသည်။

ချူကျန့်က မြင်းကို အမြန်နှင်သွားရာ တိုင်းတစ်ပါး ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုလေး တစ်ဦးအား ဓားပြ (၁၀) ယောက်ခန့်က ဝိုင်းရံထားသည်ကို တွေ့လိုက်ရ၏။

မိန်းကလေး၏ ကိုယ်ပေါ်တွင် ဒဏ်ရာ အတော်များများ ရရှိနေပြီး အထူးသဖြင့် သူမ၏ ခြေထောက်များတွင် သွေးများဖြင့် ရွှဲနစ်နေသည်။ သွေးများ စီးကျနေသည့်တိုင်အောင် သူမက သွားကိုကျိတ်ကာ ကြယ်ပျံသံတူရွင်းကို ဝှေ့ယမ်းရင်း ဓားပြများကို ခုခံတိုက်ခိုက်နေ၏။ သူမ၏ အနောက်ဘက်တွင်မူ ဖုန်မှုန့်များ ပေပွနေပြီး အဝတ်အစားများမှာလည်း ဖုံးလွှမ်းနိုင်ရုံမျှသာ ရှိကာ လက်ပြန်ကြိုးတုပ် ခံထားရသော မိန်းမပျို အချို့ကို ကာကွယ်ပေးထားသည်။

သူမလား...

ချူကျန့်သည် ထိုမိန်းကလေးအား ချက်ချင်း မှတ်မိလိုက်၏။ ဤမိန်းကလေးမှာ လွန်ခဲ့သော နှစ်ရက်က သူ တွေ့ဆုံခဲ့ဖူးသည့် သခင်မလေး လီ ပင် ဖြစ်သည်။

သူ မြင်းကို ရပ်တန့်လိုက်ပြီး ယွင်ကျုံးဟယ်အား အေးစက်စက် စိုက်ကြည့်လိုက်သည်။

“မင်း ရခဲ့တဲ့ အနံ့က ဒီကောင်မလေးရဲ့ အနံ့တော့ မဟုတ်ပါဘူးနော်”

ယွင်ကျုံးဟယ်က ခေါင်းကို တဆတ်ဆတ် ခါယမ်းလိုက်၏။ အဆိပ်ဆေး ဟုခေါ်သော အရာကို သောက်ပြီးနောက်ပိုင်း သူသည် အရင်ကထက် အများကြီး ပို၍ လိမ္မာကျိုးနွံနေလေပြီ။

“မဟုတ်ရပါဘူး... ကောင်မလေးရဲ့ အနံ့က ဟိုဘက် လမ်းသွယ်လေးဆီက လာတာပါ အခုဟာက တိုက်ဆိုင်သွားတာပါ”

ချူကျန့်က နှာခေါင်းရှုံ့လိုက်ပြီး ထိုအုပ်စုကို အကဲခတ်ကြည့်လိုက်သည်။ ဓားပြများ၏ ရုပ်ရည်သွင်ပြင်မှာ ဟန်လူမျိုးများနှင့် လုံးဝ မတူဘဲ တံတိုင်းကြီး၏ အပြင်ဘက်မှ ခြေသလုံးအိမ်တိုင် လူမျိုးစုများ ဖြစ်ပုံရကြောင်း သူ သတိပြုမိသွား၏။ သို့သော် အလွန် သနားစရာကောင်းအောင် ဖမ်းဆီးခံထားရသော ထိုမိန်းမပျိုများမှာမူ ဟန်လူမျိုးများ ဖြစ်ကြောင်း သိသာလှ၏။

ထို သခင်မလေး လီ မှာ ဟန်လူမျိုးများကို ကာကွယ်ပေးရန်အတွက် တိုင်းတစ်ပါး ဓားပြများနှင့် အသေအလဲ တိုက်ခိုက်နေခြင်းပင်။

ချူကျန့်၏ ရင်ထဲတွင် သူမအပေါ် ထားရှိသည့် အထင်အမြင်သေးမှုများ ချက်ချင်းပင် တစ်ဝက်ခန့် လျော့ကျသွားတော့သည်။ သူမသည် ဟိန်းဟောက်နေသော ဓားပြများ၏ ဝိုင်းရံမှုကို ခံထားရပြီး လုံးဝ အရေးနိမ့်နေပြီဖြစ်ရာ မိမိသာ ဝင်မပါလျှင် သူမ ကျိန်းသေပေါက် သေဆုံးရမည်ဖြစ်ပြီး မသေခင်တွင်လည်း လူမဆန်သော နှိပ်စက်စော်ကားမှု မျိုးစုံကို ခံရနိုင်ကြောင်း သူ သိလိုက်သည်။

ထိုအခိုက် အပြင်ဘက်ဆုံးတွင် ရှိနေသော ဓားပြတစ်ဦးက ချူကျန့်ကို လှမ်းမြင်သွား၏။ ချူကျန့်၏ ခန့်ညားသော မြင်းကို သဘောကျသွား၍လားမသိ သူက ကောက်ကျစ်စွာ လှောင်ပြုံးပြုံးလိုက်ပြီး လေးကို ဆွဲတင်ကာ မြားတစ်စင်းဖြင့် ပစ်ခတ်လိုက်တော့သည်။

All Chapters