← Chapters

စိတ်မချမ်းမြေ့စရာ

Vol. 23 Ch. 222

စိတ်မချမ်းမြေ့စရာ

Vol. 23 Ch. 222

နောက်တစ်နေ့ မနက်စောစောတွင် ကုမိသားစုဝင်များ အပြင်မထွက်ရသေးမီမှာပင် ရှန်ချန်ဖုန်း သည် ဖိတ်စာ မပါဘဲ ရောက်ရှိလာခဲ့ချေပြီ။

လွန်ခဲ့သော နှစ်ရက်က ကုမင်တာ့ တစ်နေ့တာလုံး စာကျက်ရင်း စာမေးပွဲအတွက် ပြင်ဆင်နေမှန်း သိရှိထားသဖြင့် သူသည် လာရောက် နှောင့်ယှက်ခြင်း မပြုခဲ့ပေ။ ယနေ့တွင်မူ ပိုင်ယွင် ကျောင်းတော် ၏ စာမေးပွဲ ရလဒ်များ ထွက်ပေါ်မည့် နေ့ဖြစ်မှန်း သိသဖြင့် သူသည်လည်း ပျော်ရွှင်စွာဖြင့် ပါဝင် ဆင်နွှဲရန် ရောက်လာခြင်း ပင်။

မနေ့က သူတို့ အလုပ်ရုံ တည်ဆောက်ရန် နေရာ လိုက်ကြည့်ခဲ့ကြမှန်း သိလိုက်ရသောအခါတွင်မူ ရှန်ချန်ဖုန်း သည် စိုးရိမ်လွန်းသဖြင့် သူ၏ ဆံပင်များပင် ထောင်ထွက်မတတ် ရှိနေတော့၏။

“ဒီလောက် စိတ်ဝင်စားဖို့ ကောင်းတာမျိုးကို... ဘာလို့ ကျွန်တော့်ကို မခေါ်ခဲ့ကြတာလဲ... ကျွန်တော်က အိမ်မှာ ဘာမှ လုပ်စရာ မရှိဘဲ နေနေရတာလေ...”

နျိုနျိုသည် အရင်ဆုံး သူမ ထုပ်ပိုးထားသော မုန့်များကို သူ့ထံသို့ ကမ်းပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။

“နျိုနျို မှတ်ထားပါ့မယ်နော်... နောက်တစ်ခါ တစ်ခုခု ဆိုရင်တော့ ကိုကို့ကို သေချာပေါက် အတူတူ ခေါ်သွားမယ်လေ...”

ရှန်ချန်ဖုန်း သည် အစကတော့ အနည်းငယ် စိတ်ဆိုးနေသော်ငြား ကလေးမလေး၏ စကား နှစ်ခွန်း သုံးခွန်းနှင့်တင် စိတ်ပြေသွားခဲ့ချေပြီ။ သူသည် မုန့်များကို စားရင်း ပြောလိုက်လေသည်။

“တစ်ခုခု ရှိရင် ကိုကို့ကိုသာ ခေါ်လိုက်စမ်းပါဗျာ... တို့တွေကြားမှာ ဘာတွေ အားနာနေစရာ ရှိလို့လဲ... ကိုကို့ကို နှောင့်ယှက်မိမှာကိုလည်း စိုးရိမ်မနေပါနဲ့တော့...”

မြင်းလှည်းသည် လမ်းတစ်လျှောက်လုံး ရှေ့သို့ ဦးတည် ခရီးနှင်လာခဲ့ချေပြီ။

ယနေ့ စာမေးပွဲ ရလဒ် ထွက်သည့် နေ့တွင်မူ ကုမင်တာ့ လိုက်ပါလာခြင်း မရှိပေ။ အားယန် မှာမူ ပုံမှန်အတိုင်း တည်ငြိမ်နေသလို အရင်လို စိတ်လှုပ်ရှားနေသော ပုံစံမျိုးလည်း လုံးဝ မရှိတော့ပေ။ သူသည် နှမဖြစ်သူနှင့် ဆော့ကစားနေခြင်း မရှိဘဲ လမ်းတစ်လျှောက်လုံး စာအုပ်များကိုသာ တိုးတိုးလေး ရွတ်ဆို ကျက်မှတ်နေမိတော့၏။

ရှန်ချန်ဖုန်း သည် သူ့အား ကြည့်ရင်း မနေနိုင်ဘဲ ထိတ်လန့်သွားရပြီး နျိုနျိုအား အသံတိုးတိုးဖြင့် မေးမြန်းလိုက်လေသည်။

“ညီမလေး... ကိုကိုကြီး က နေ့တိုင်း ဒီလိုပဲလား... အားလပ်ချိန် ရှိတိုင်း စာပဲ ကျက်နေတာလား...”

သူ့အမြင်တွင်မူ ဤကဲ့သို့ နေထိုင်ရသည်မှာ အလွန်ပင် ပင်ပန်းလှသည်ဟု ခံစားနေရခြင်း ပင်။ နျိုနျိုက ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“ကိုကိုကြီး က အိမ်မှာ အဝီရိယ အရှိဆုံးနဲ့ စာအကြိုးစားဆုံး သူလေ…

ရှန်ချန်ဖုန်း က ထပ်မံ မေးမြန်းလိုက်ပြန်သည်။

“ဒါက ဖေဖေ က ခိုင်းလို့ လုပ်နေတာလား...”

နျိုနျိုက ခေါင်းခါပြလျက် ပြောလိုက်လေသည်။

“ကိုကိုကြီး က ဖေဖေ့ အတွက် စာသင်နေတာ မဟုတ်ပါဘူး... သူကိုယ်တိုင်အတွက် သူ သင်နေတာလေ... ဘယ်သူ့ရဲ့ တိုက်တွန်းမှုကိုမှ မလိုပါဘူးနော်...”

ရှန်ချန်ဖုန်း သည် အားယန် အား ပို၍ပင် အားကျသွားရပြီး ခံစားချက်ဖြင့် ပြောဆိုလိုက်လေသည်။

“ကိုကိုကြီး ကသာ အရာရှိစာမေးပွဲ အတွက် တကယ့်ကို သင့်တော်တဲ့သူ ပါပဲလေ...”

မြင်းလှည်းသည် ပိုင်ယွင်မြို့နယ် သို့ ရောက်ရှိသွားချိန်တွင်မူ ရှူးယင်း ပေးလိုက်သော မုန့်တစ်ထုပ်မှာ ရှန်ချန်ဖုန်း ၏ ဗိုက်ထဲသို့ အကုန်နီးပါး ရောက်ရှိသွားခဲ့ချေပြီ။ သူက သက်ပြင်းချလျက် ပြောလိုက်၏။

“ညီမလေး... ဘာလို့ တစ်လုပ်မှ မစားတာလဲ... ကိုကိုကြီး လည်း မစားဘူးနော်...”

နျိုနျိုက ပြန်ဖြေလိုက်လေသည်။

“အဲ့ဒါက ကိုကို့ အတွက် ပေးတဲ့ မုန့်လေ... သမီးရဲ့ အိတ်က အိမ်မှာ ရှိသလို၊ ကိုကို နှစ်ယောက် အတွက်လည်း ရှိပါတယ်နော်... ကိုကို့ မှာက အများကြီး ရှိတာပဲလေ... တို့တွေက ကိုကို့ ရဲ့ အစားကို လုမစားပါဘူးလေ...”

ရှန်ချန်ဖုန်း က ဇဝေဇဝါဖြင့် မေးလာ၏။

“တို့တွေ ဟုတ်လား...”

နျိုနျိုက သူ့အား အံ့သြဟန်ဖြင့် ကြည့်ကာ မေးလိုက်၏။

“ကိုကိုရှန်... ကိုကို က အစ်မ ရှန်လင်ကိုရော မခွဲပေးဘူးလား...”

ရှန်ချန်ဖုန်း သည် ထိုစကားကို ကြားသည့်အခါ မုန့်များမှာပင် လည်ပင်း၌ တစ်နေတော့၏။ သူ ပြန်လည် စဉ်းစားကြည့်လိုက်ရာ လွန်ခဲ့သော တစ်ခါက နျိုနျို ကျွေးလိုက်သော ဝက်သားခြောက်များကို သူသည် မိခင်ဖြစ်သူ နှင့် နှမဖြစ်သူ အား ခွဲပေးခဲ့ဖူးသည် မဟုတ်ပါလား။

ယခု စဉ်းစားကြည့်မှသာ သူသည် တကယ်ကို ကပ်စေးနည်းနေသလို ဖြစ်နေတော့၏။

ရှန်ချန်ဖုန်း က ရှက်ရွံ့ခြင်း မရှိဘဲ မေးလိုက်လေသည်။

“နျိုနျိုလေး... ညီမလေး က မုန့်စားတိုင်း မိသားစုဝင်တွေကို အမြဲ သတိရနေတာလား...”

နျိုနျိုက ခေါင်းညိတ်ပြကာ ပြောလိုက်၏။

“ဒါပေါ့... အရသာရှိတာတွေ ရှိရင်တော့... မိသားစုဝင်တွေကို ခွဲပေးရမှာပေါ့လေ...”

ရှန်ချန်ဖုန်း သည် ခေါင်းငုံ့သွားရပြီး ကျန်ရှိနေသော မုန့်တစ်ဝက်ကို တိတ်တဆိတ် ပြန်လည် ထုပ်ပိုးထားလိုက်လေတော့သည်။ ယနေ့ ပိုင်ယွင် ကျောင်းတော် ၏ အပြင်ဘက်တွင် လူများစွာ စုဝေးနေကြပြီး အားလုံးမှာ ရလဒ်များ ထွက်ပေါ်လာမှာကို စောင့်ဆိုင်းနေကြခြင်းပင်။

ကုမိသားစုဝင်များ ရောက်ရှိပြီးနောက် ခေတ္တမျှ စောင့်ဆိုင်းနေချိန်တွင် လူအုပ်ကြီးမှာ ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားရလေသည်။ အားယန် မှာမူ လူများလွန်းသဖြင့် ရှေ့သို့ တိုးဝှေ့သွားရန် စိတ်ကူးမရှိပေ။ ထိုအစား ရှန်ချန်ဖုန်း ကမူ မျောက်တစ်ကောင် ကဲ့သို့ လူအုပ်ကြားထဲသို့ အသည်းအသန် တိုးဝင်သွားခဲ့ချေပြီ။

သူ ပြန်ထွက်လာချိန်တွင်မူ သူ၏ ဆံထုံးမှာလည်း ဖရိုဖရဲ ဖြစ်နေသလို အင်္ကျီလက်စများမှာလည်း ပေါက်ပြဲနေတော့၏။ သို့သော်လည်း သူ၏ မျက်နှာတွင်မူ ဖုံးကွယ်၍ မရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေသည်။

“အောင်ပြီ... အောင်ပြီဗျာ... ကျွန်တော့်ရဲ့ ဂျူနီယာ ညီလေး က တကယ့်ကို တော်တာပဲနော်... အဆင့် သုံး ရတယ်ဗျို့...”

ရှန်ချန်ဖုန်း က အသံကျယ်ကျယ်ဖြင့် ပြောဆိုလိုက်လေသည်။

ဘေးနားရှိ အခြားသော မိဘများမှာလည်း ထိုစကားကို ကြားသောအခါ သူ့အား အားကျသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ကြကုန်၏။ ထိုအချိန်တွင် အားယန် ၏ ရင်ထဲမှ အလေးကြီးသော ကျောက်တုံးကြီးမှာလည်း မြေပြင်ပေါ်သို့ လဲကျသွားသည့်အလား စိတ်အေးသွားရလေတော့သည်။

နျိုနျိုက လူကြီးလေး တစ်ဦးကဲ့သို့ ပြောလိုက်လေသည်။

“ကိုကိုကြီး... ကြည့်စမ်းပါဦး... ကိုကိုကြီး က တကယ့်ကို တော်တဲ့သူပါ... စာမေးပွဲ ဆိုတာက ကိုကိုကြီး အတွက်တော့ ဘာမှ မခက်ခဲပါဘူးနော်... ကိုကိုကြီး က အမြဲတမ်း ကြိုးစားနေတာဆိုတော့... ဖေဖေ ပြောသလိုပဲ ဒါက အသိတရားတွေ စုဆောင်းထားလို့ ရလာတဲ့ ရလဒ်ပေါ့လေ...”

အားယန် က ပြုံးလျက် နှမဖြစ်သူ၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီးနောက် မိခင်ဖြစ်သူအား ပြောလိုက်လေသည်။

“ကျွန်တော် နောက်နှစ်ကျရင် အရာရှိစာမေးပွဲကို ဝင်ဖြေဖို့ ကြိုးစားကြည့်ချင်တယ်လေ...”

အားယန် သည် တကယ်တမ်းမှာမူ မြို့နယ်စာမေးပွဲကို ဝင်ဖြေနိုင်သည်မှာ ကြာပြီ ဖြစ်သော်လည်း သူသည် စာမေးပွဲကို ကြောက်လန့်နေသဖြင့် တစ်ခါမျှ မဖြေဆိုခဲ့ဖူးချေ။ ယခုအခါ သားဖြစ်သူက ပထမဆုံးသော ခြေလှမ်းကို လှမ်းရန် ဆုံးဖြတ်လိုက်သည်ကို မြင်ရသဖြင့် ကျန်းယွင်နန်ကလည်း ခေါင်းကို တရစပ် ညိတ်ပြကာ ပြောလိုက်၏။

“ကောင်းပါပြီ... သား သဘောပေါက်သွားတယ် ဆိုရင်ပဲ အမေ ကျေနပ်ပါပြီလေ...”

သူမသည် လှည့်ထွက်ကာ မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်လေတော့သည်။ အားယန် အခြေအနေ ကောင်းသွားပြီ ဖြစ်ကြောင်း သေချာသွားသည့်အခါ သူတို့ တစ်စုမှာ အဘိုးယန် ၏ အိမ်သို့ ဦးတည်ခဲ့ကြကုန်၏။ အဘိုးယန် သည် ယခုအခါတွင်မူ အားယန် ထက် အသက် အနည်းငယ် ကြီးပုံရသော လူငယ်တစ်ဦးအား လက်ညှိုးထိုးကာ ကျိန်ဆဲနေတော့၏။

ထိုလူငယ်လေးမှာမူ ကုပ်လေးပုထားလျက် ထိုသူအား ပြန်လည် ပြောဆိုခြင်း မပြုရဲဘဲ ရှိနေရှာသည်။ ကုမိသားစုဝင်များ ရောက်ရှိလာသည်ကို မြင်မှသာ အဘိုးယန် က ရပ်နားလိုက်လေသည်။

“သူက ဒီတစ်ခါ စာမေးပွဲမှာ အောက်ဆုံးကနေ အောင်ခဲ့လို့လေ... အဲ့ဒါကြောင့် ဆရာ က အရမ်း စိတ်တိုနေတာပေါ့လေ...”

အားကျောက်က လူကြီးလေး တစ်ဦးကဲ့သို့ ရှင်းပြလိုက်သည်။

အဘိုးယန် တစ်ယောက် ပိုင်ယွင်မြို့နယ် တွင် နေထိုင်ခြင်းမှာ သူ၏ မြေးဖြစ်သူ ယန်လန်အား စာသင်ပေးရန်အတွက် ဖြစ်ပေသည်။ ယန်လန် က စာမေးပွဲမှာ အမှတ်မကောင်းသဖြင့် သူ စိတ်မဆိုးဘဲ နေပါ့မည်လား။ ကျန်းယွင်နန်က အားကျောက် အား စိုက်ကြည့်လိုက်လေသည်။

အားကျောက် က ကိုယ်ကို မတ်ကာ ပြောလိုက်၏။

“ကျွန်တော်က တပည့်လေ... ယန်လန် က မြေး ဆိုတော့... ဘယ်လိုပဲ တွက်တွက် ကျွန်တော့်ကို ဦးလေး လို့ ခေါ်ရမှာပေါ့လေ...”

ကျန်းယွင်နန်က ဒေါသတကြီးဖြင့် ပြောလိုက်၏။

“ဒါဆိုရင်တော့... နင့်ကို ကိုကိုကြီး နဲ့ သူက တစ်ကျောင်းတည်းသားတွေ ဆိုတော့... ကိုကိုကြီး ကရော နင့်ကို ဦးလေး လို့ ခေါ်ရမှာလား...”

ကျန်းယွင်နန်သည် အားကျောက် ၏ ခေါင်းကို ခပ်ဆတ်ဆတ် ရိုက်လိုက်လေသည်။ အားကျောက်သည် သူ၏ ခေါင်းကို အုပ်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

“မေမေ့ ရဲ့ ဒေါသကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြီးလာတာပဲနော်...”

သူသည် နျိုနျို ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။

“နျိုနျိုလေး... လာစမ်းပါဦး... ကိုကို့ကို ဦးလေး လို့ ခေါ်စမ်းပါဦး...”

ရှန်ချန်ဖုန်း သည် အားကျောက်အား ကြည့်ကာ ရုတ်တရက် အားကျောက်ကို ပွေ့ချီလိုက်ပြီး မေးမြန်းလိုက်လေသည်။

“ဒါဆို ကိုကိုကရော... မင်းကို ဦးလေး လို့ ခေါ်ရမှာလား... မင်း မိဘတွေကိုတော့ အစ်ကိုကြီး၊ အစ်မကြီးလို့ ခေါ်ခိုင်းပြီးတော့… မက်း အဘိုးအဘွားတွေကိုကျတော့ တူ လို့ ခေါ်ခိုင်းရမှာလား... ဘယ်လိုလဲ...”

အားကျောက်သည် သူ၏ ပွေ့ချီခြင်းကို ခံလိုက်ရသဖြင့် ခေါင်းပင် မူးသွားရပြီး အလျင်အမြန်ပင် တောင်းပန်လိုက်လေသည်။

“ကျွန်တော် အမှားပါ ကိုကိုရှန် ရယ်... မနောက်ပါနဲ့တော့နော်...”

ရှန်ချန်ဖုန်း သည် အားကျောက် အား လွှတ်ပေးလိုက်ပြီးနောက် အဘိုးယန် အား ထပ်မံ၍ ဖျောင်းဖျလိုက်ပြန်သည်။

“အဘိုးယန် ရယ်... စိတ်မဆိုးပါနဲ့တော့... အောက်ဆုံးကနေ အောင်မြင်ခဲ့ရင်တောင်မှ ကျောင်းမှာ ဆက်နေခွင့် ရတာပဲ မဟုတ်လား... ဒါဟာ စာသင်စရာ မရှိတာထက်စာရင်တော့ အများကြီး ပိုကောင်းပါတယ်ဗျာ...”

အဘိုးယန် က နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“ဘာက ကောင်းတာလဲ... ကျောင်းကနေ အထုတ်မခံရရုံလေး ရှိတာလေ... တစ်နေကုန် သူ ဘာတွေ လုပ်နေမှန်းကို မသိဘူး... စာတွေကတော့ ခွေးဗိုက်ထဲ ရောက်ကုန်ပြီ ထင်တယ်...”

ယန်လန် သည် ရှက်ရွံ့လွန်းသဖြင့် ခေါင်းငုံ့နေမိတော့၏။ ကျန်းယွင်နန်က ဝင်ရောက် အကြံပေးလိုက်လေသည်။

“သမားတော်ကြီးယန် ရယ်... ကလေးတွေမှာလည်း သိက္ခာ ဆိုတာ ရှိတာပဲလေ... စကားကို နည်းနည်းလောက် လျှော့ပြောပါဦးနော်... ကလေးကလည်း သူ ဒီတစ်ခါ စာမေးပွဲ အမှတ်မကောင်းတာကို သိနေမှာပေါ့... နောက်တစ်ခါကျရင်တော့ သေချာပေါက် ပိုပြီး ကြိုးစားမှာပါလေ...”

အဘိုးယန် ကမူ မကျေမနပ်ဖြင့် ပြောလာ၏။

“သူ့မှာ အရှက်ရှိဖို့ သိရမှာပေါ့... အကယ်၍သာ သူ စာမသင်ချင်တော့ဘူး ဆိုရင်တော့... နောက်ကျရင် ငါ့နောက်ကိုပဲ လိုက်ပြီး ဆေးကုခိုင်းတော့မယ်လေ...”

ယန်လန် က အလျင်အမြန်ပင် ပြောလိုက်၏။

“ကျွန်တော် စာသင်ချင်ပါတယ်...”

အဘိုးယန် က ဆဲဆိုလိုက်ပြန်သည်။

“စာသင်ချင်တယ် ဆိုပြီးတော့... ဘာလို့ ဒီလိုမျိုး အောက်ဆုံးကနေ အောင်ရတာလဲ...”

“ကျောင်းတော် မှာ တော်တဲ့သူတွေ အရမ်း များတာလေ... ကျွန်တော် တကယ်ပဲ သူတို့ကို မလိုက်နိုင်တော့လို့ပါ...”

ယန်လန် လည်း ဝမ်းနည်းသွားရရှာ၏။ သူသည် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အခြားသူများကို မယှဉ်နိုင်သေးမှန်း သူ ခံစားနေရခြင်း ပင်။ အဘိုးယန် မှာမူ စိတ်ပျက်နေဆဲ ဖြစ်သဖြင့် သူသည် အားယန် ဘက်သို့ လှည့်ကာ ကျန်းယွင်နန် အား မေးမြန်းလိုက်လေသည်။

“သားကြီးကော အောင်ရဲ့လား... ဘယ်နှယောက်မြောက်လဲ...”

“အဆင့် သုံး ရပါတယ်လေ...”

ကျန်းယွင်နန်သည် ထိုသို့ ပြောဆိုရာတွင် ယန်လန် စိတ်မကောင်း ဖြစ်မှာ စိုးသဖြင့် ထို ကလေးအား သတိကြီးစွာ ထားလျက် ပြောဆိုလိုက်ခြင်း ပင် ဖြစ်ချေသည်။

အဘိုးယန် သည် ထိုစကားကို ကြားသောအခါ မနာလိုစိတ်များဖြင့် မျက်လုံးများပင် စိမ်းတောက်သွားရတော့၏။

“နောင်ကျရင် သူများတွေဆီကနေ အတုယူဦးနော်... ငါ့ကို ထပ်ပြီး အရှက်မခွဲနဲ့ဦး... မဟုတ်ရင်တော့ ငါ မင်းကို အလွတ်မပေးဘူးနော်...”

အဘိုးယန် က ပြင်းပြင်းထန်ထန် ဆူပူလိုက်လေသည်။

ယန်လန် ကမူ မျက်နှာလေး ညိုးငယ်လျက် တိုးတိုးလေး ပြန်တုံ့ပြန်လိုက်လေသည်။ အဘိုးယန် မှာလည်း မိမိ၏ ကိုယ်ပိုင် ကိစ္စများဖြင့် အလုပ်များနေသဖြင့် မိသားစုဝင်များအား သားသမီးများကို ပြုစုရန်အတွက် နေရာ ဖယ်ပေးလိုက်လေသည်။ အားကျောက် သည် မုန့်ထုပ်ကြီးကို ရရှိလိုက်သဖြင့် ခုန်ပင် ခုန်ချင်စိတ် ပေါက်သွားရ၏။

နျိုနျိုသည် အစ်ကိုဖြစ်သူအား ဆွဲကာ တိုးတိုးလေး မေးမြန်းလိုက်လေသည်။

“ကိုကိုလတ်... သမားတော်ကြီးယန် က ကိုကို့ကို အမြဲတမ်း ဆူနေတာလား...”

အားကျောက်ကမူ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

“ဆူတာပေါ့လေ... ဘာလို့ မဆူဘဲ နေမှာလဲ... ဆရာ က တစ်နေ့ကို နှစ်ကြိမ်လောက် ဆူတာလေ... သူ့မြေးကို ပြောတာထက်တောင် ပိုပြီး ဆိုးသေးတယ်နော်...”

နျိုနျိုသည် ထို စကားကို ကြားသောအခါ အကယ်၍ မိမိသာ အဆူခံရလျှင်မူ ဝမ်းနည်းလွန်းသဖြင့် ထမင်းတောင် စားနိုင်မှာ မဟုတ်ဘူးဟု တွေးတောမိလိုက်လေသည်။

“ကိုကို စိတ်မကောင်း ဖြစ်နေလား...”

သို့သော်လည်း အားကျောက်မှာမူ မတူညီပေ။ သူသည် အိမ်မှာတုန်းကလည်း ဆော့လွန်းသဖြင့် အမြဲ အဆူခံခဲ့ရသူပင်။ ယခု ကိုယ်တိုင် ဆူပူခံရခြင်းမှာ သူ့အတွက်တော့ ထူးခြားမှု မရှိလှပေ။

“ဆူချင် ဆူပါစေလေ... ကိုကို့ ကိုယ်ပေါ်က အသားတွေကတော့ လျော့သွားမှာမှ မဟုတ်တာ...”

နျိုနျို လည်း ထိုအခါမှ စိတ်အေးသွားရတော့၏။ သို့သော်လည်း ဘေးနားရှိ ယန်လန် မှာမူ ထိုစကားကို ကြားသောအခါ အံ့သြလွန်းသဖြင့် ဇဝေဇဝါ ဖြစ်သွားရရှာသည်။

“မင်း က အဆူခံရတာတောင်မှ... ဘာမှ မဖြစ်သလိုမျိုး ဘယ်လိုလုပ်ပြီး နေနိုင်တာလဲ...”

ယန်လန် က မယုံကြည်နိုင်စွာ မေးမြန်းလိုက်လေသည်။

သူသည် ဤမျှအထိ အသိတရား ထုံထိုင်းလှသော သူမျိုး တစ်ခါမျှ မမြင်ဖူးခဲ့သည်မှာ သေချာလှပေသည်။

All Chapters