← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

🍋 Chapter 17

ဇွန်လ ၂၂ ရက်

လွန်ခဲ့သော နှစ်ရက်အတွင်း ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပေ။ ဖျက်သိမ်းရေးရုံးမှ ငွေလွှဲလာမည်ကို စောင့်နေရင်း လျို့မုယန်နှင့် WeChat မှာ စကားပြောဖြစ်ခဲ့သည်။

လျို့မုယန်က သူ့ WeChat Moments မှာ တင်ထားတဲ့ Post အကြောင်းကိုလည်း လှမ်းမေးခဲ့သေးသည်။

"ကျိုးထျန်း... နင် အဲ့ဒီပုံကို ခိုးယူထားတာလား"

"ဟီးဟီး... ဘာဖြစ်လို့လဲ၊ ငါ ချမ်းသာမှန်း သိသွားလို့ စိတ်လှုပ်ရှားသွားတာလား"

"ငါ နောက်နေတာ မဟုတ်ဘူးနော်၊ နင် ဒီလိုမျိုး ကြွားဝါတတ်လိမ့်မယ်လို့ ငါ မထင်ထားလို့ပါ"

လျို့မုယန်က ထိုကိစ္စကြောင့် သူ့ကို မုန်းသွားခြင်း မဟုတ်သော်လည်း လူသိရှင်ကြား ကြွားဝါလွန်းခြင်းက မသင့်တော်ဟု ခံစားနေရသည်။

"ဒါကို ကြွားဝါတယ်လို့ ဘယ်လိုခေါ်မလဲ။ ငါက မတော်တဆ ရိုက်မိသွားတာပါ"

"ဟွန့်... နင့်ကို ယုံတဲ့သူက အရူးပဲ။ တခြားသူတွေ မနာလိုဖြစ်ကုန်တော့မှာပေါ့"

"သူတို့ မနာလိုဖြစ်တာက သူတို့ကိစ္စလေ။ သူတို့ မနာလိုဖြစ်အောင် ငါက အတင်းအကျပ် လုပ်ခဲ့တာမှ မဟုတ်တာ၊ အဲ့ဒါက သူတို့ပြဿနာပဲ။ နင့်ကိုကြည့်လေ... နင်ကော ငါ့ကို မနာလိုဖြစ်လို့လား"

လျို့မုယန်မှာ သူ့စကားကြောင့် မှင်သက်သွားရသည်။ သူမသည် တကယ်ပင် မနာလိုမဖြစ်မိပေ။

‘သူပြောတာလည်း မမှားပါဘူး၊ ဒါက အဲ့ဒီကျောင်းနေဖက်တွေရဲ့ ကိုယ်ပိုင်ပြဿနာပဲ’

ကျိုးထျန်းက ဤသို့ပြောရခြင်းမှာ လျို့မုယန်ဆီမှ မည်သည့်အချဉ်ဓာတ် သတိပေးချက်မျှ သူ မရရှိသောကြောင့်ဖြစ် သည်။

ဤမိန်းကလေးက တကယ်ပဲ ဒီလောက် စိတ်သဘောထား ကောင်းတာလားဟုပင် သူ တွေးတောနေမိသည်။

သူ ထို Post ကို တင်လိုက်ကတည်းက ကျောင်းနေဖက် Group Chat ထဲတွင်တော့ ပေါက်ကွဲနေတော့သည်။

ယခုဆိုလျှင် သူ စကားတစ်ခွန်း ပြောလိုက်တိုင်း လူတွေက "အစ်ကိုကြီး" ဟု တန်းစီခေါ်နေကြသည်။

သူ့သူငယ်ချင်းတွေက ဤမျှအထိဟန်ဆောင်ကောင်းကြသည်ကို သူ ပထမဆုံးအကြိမ် သိလိုက်ရခြင်းဖြစ်သည်။

သူတို့မှာ မနာလိုစိတ်ကြောင့် မျက်နှာတွေ စိမ်းဖန်နေလောက်သော်လည်း သူ့အပေါ်တွင်မူ အလွန်ယဉ်ကျေးပြနေကြသည်။

"ဒါနဲ့ ကျိုးထျန်း... မနက်ဖြန် အမှတ်စာရင်း ထွက်မယ့်နေ့ပဲ၊ နင် ရင်ခုန်နေလား"

သူမ ဤသို့မေးခြင်းမှာ သူမကိုယ်တိုင် ရင်ခုန်နေ၍ဖြစ် ကြောင်း ကျိုးထျန်း သိသည်။

သူက မိန်းကလေးစိတ်ကို မသိသည့် တုံးအအ ယောက်ျားတစ်ယောက် မဟုတ်သဖြင့် "မတုန်လှုပ်ပါဘူး" ဟုတော့ ပြန်မဖြေခဲ့ပေ။

"ရင်ခုန်တာပေါ့! ဒီရက်ပိုင်း အိပ်တောင်ကောင်းကောင်း မအိပ်ရဘူး။ ငါ့အမှတ်တွေ မကောင်းမှာကို စိုးရိမ်နေတာ။ ဖူတန့်တက္ကသိုလ်ရဲ့ သတ်မှတ်အမှတ်ကို မမီရင် ငါ့သူငယ်ချင်း လျို့မုယန်က ငါ့ကို အပေါင်းအသင်းလုပ်တော့မှာ မဟုတ်ဘူးလေ"

လျို့မုယန် စိတ်ထဲမှ ရေရွတ်လိုက်သည်။

‘ဟွန့်... ဘယ်သူက နင့်ကို အပေါင်းအသင်း လုပ်ချင်လို့လဲ’

သို့သော် သူမ ပြုံးလိုက်မိသည်။

"ငါလည်း ဒီရက်ပိုင်း အိပ်လို့မရဘူး၊ စာမေးပွဲ ကျတယ်လို့ အိမ်မက်တောင် ခဏခဏ မက်နေတာ"

"အတန်းခေါင်းဆောင်ရယ်... နင့်အမှတ်နဲ့ဆို ဘာပူစရာ ရှိလို့လဲ၊ တက္ကသိုလ်တွေက နင့်ကို လုနေကြမှာပါ"

"မဟုတ်ပါဘူး... ငါက အဲ့လောက်လည်း မတော်ပါဘူး"

သူမက ထိုသို့ပြောသော်လည်း ကျိုးထျန်း၏ ချီးကျူးစကားကြောင့် စိတ်ထဲတွင်တော့ ကျေနပ်နေမိသည်။

"မုယန်... ဒါဆိုရင် ငါတို့ မနက်ဖြန် တစ်နေရာရာမှာ ဆုံပြီး အမှတ်စာရင်းကို အတူတူ စစ်ကြမလား။ အဲ့ဒါဆိုရင် အဖော်လည်း ရှိတာပေါ့။ ကိုယ်တိုင် အွန်လိုင်းမှာ တိုက်ရိုက်ကြည့်တာထက် တခြားသူတစ်ယောက်ယောက်ဆီက ကြားရတာက ပိုပြီး ရင်ခုန်ရသက်သာမယ် ထင်တယ်"

"အင်း... အဲ့ဒါ အကြံကောင်းပဲ။ ကျောင်းနားက Starbucks မှာ ဆုံကြရအောင်။ ညနေ ၆ နာရီမှာ အမှတ်စာရင်း ထွက်မှာဆိုတော့ ၅ နာရီခွဲလောက် ဆုံမယ်လေ"

"ကောင်းပြီ... အရင်ရောက်တဲ့သူက ကော်ဖီဝယ်ပေးကြေးနော်"

"မရဘူး... နင်က ချမ်းသာတာပဲ၊ နင်ပဲ ဝယ်ပေးရမယ်"

ကျိုးထျန်း သူမ၏မက်ဆေ့ခ်ျကို ကြည့်ပြီး လျို့မုယန်သည် ကျောင်းမှာထက် သူ့ရှေ့တွင် ပိုပြီးပွင့်လင်းလာသည်ဟု ခံစားလိုက်ရသည်။

သူမသည် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းသည့် ပုံစံမျိုး မဟုတ်တော့ဘဲ သူမ၏စိုးရိမ်မှုများကို ရင်ဖွင့်တတ်ကာ တစ်ခါတစ်ရံ စိတ်ကောက်တတ်သည့် မိန်းကလေးတစ်ယောက် ပုံစံမျိုးဖြစ်လာသည်။

‘ဒါက သူမရဲ့ တကယ့်ပုံစံအစစ် ဖြစ်ရမယ်’

နောက်တစ်နေ့ ဇွန်လ ၂၃ ရက်သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအမှတ်စာရင်း ထွက်သည့် ပထမဆုံးနေ့ ဖြစ်သည်။ သူ့အမေမှာ တစ်နေ့လုံးရင်ခုန်နေပြီး စကားတွေတတွတ် တွတ် ပြောနေတော့သည်။

ကျိုးထျန်းကတော့ အမေဖြစ်သူ သူ့အတွက် စိုးရိမ်နေမှန်း သိသည်။

"အမေကတော့... အမြဲတမ်း တစ်ခုမဟုတ်တစ်ခု စိုးရိမ်နေတာပဲ"

ကျိုးကျန့်ခန်းကတော့ အလွန်အေးဆေးနေသည်။

အမှတ်ထွက်မည့်နေ့ဆိုသည်ကိုပင် မေ့နေပုံရသည်။ သူ့အမေကသာ အခါခါ သတိမပေးလျှင် သူ့သားက ဘယ်အတန်းရောက်နေပြီလဲဆိုတာကိုပင် မေ့သွားနိုင်ပေသည်။

၎င်းမှာ ဖခင်အရင်းတစ်ယောက်၏ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။

ညနေ ၅ နာရီတွင် သူ အိမ်ကထွက်လာပြီး ၁၀ မိနစ်ခန့် လမ်းလျှောက်ကာ Starbucks သို့ ရောက်လာခဲ့သည်။

လျို့မုယန် မရောက်သေးပေ။ သူမသည် အိမ်နှင့် ဝေးသဖြင့် ဘတ်စ်ကားစီးလာရမည်မှာ သေချာသည်။

သူ စားပွဲထိုးထံ သွားပြီး ကော်ဖီနှစ်ခွက် မှာလိုက်သည်။ သူ့အတွက် Mocha မှာပြီး လျို့မုယန်အတွက် Toffee Hazelnut Latte မှာပေးလိုက်သည်။

လျို့မုယန်က Hazelnut ကော်ဖီ ကြိုက်တတ်သည်ဟု ပြောဖူးသည်ကို သူ မှတ်မိနေခြင်း ဖြစ်သည်။ အသေးစိတ် ဂရုစိုက်တတ်ခြင်းဟု ခေါ်သည်။ တုံးအသော ယောက်ျားများဆိုလျှင် မိမိကြိုက်တာကိုသာ မှာပြီး တစ်ဖက်လူကို အတင်းတိုက်ပေလိမ့်မည်။

ဆယ်မိနစ်ကျော် စောင့်ပြီးနောက် အတန်းခေါင်းဆောင်မလေး ရောက်လာသည်။

"ဆောရီး... လမ်းမှာ ကားပိတ်နေလို့။ ကော်ဖီကို ငါပဲ ဝယ်တိုက်ပါ့မယ်"

သူမက အားနာစွာ ပြောလိုက်သည်။

ကျိုးထျန်းသည် သူမ၏ ဤအချက်ကို သဘောကျသည်။ မိန်းကလေးအတော်များများမှာ နောက်ကျခြင်းကို အခွင့် အရေးတစ်ခုလို သတ်မှတ်တတ်ကြသော်လည်း သူမကတော့ ထိုသို့မဟုတ်ပေ။

"မလိုတော့ပါဘူး... ငါ ဝယ်ထားပြီးသား။ နင်ပဲ ချမ်းသာတဲ့သူက ဝယ်ပေးရမယ်ဆို"

သူက ကော်ဖီခွက်ကို ကမ်းပေးလိုက်သည်။

လျို့မုယန်မှာ အနည်းငယ် ရှက်နေဆဲဖြစ်ပြီး သူမသည် အချိန်တိကျမှုကို တန်ဖိုးထားသူဖြစ်ကြောင်း ကျိုးထျန်း မှတ်သားထားလိုက်သည်။

သူမသည် ကော်ဖီကို တစ်ငုံသောက်လိုက်ပြီးနောက် ခေတ္တရပ်သွားကာ ပြုံးချင်စိတ်ကို အတင်းထိန်းထားရသည်။

‘သူ ငါ ကြိုက်တာကို မှတ်မိနေတာပဲ’

"မုယန်... ဗိုက်ဆာလား၊ တစ်ခုခု စားမလား"

"ဟင့်အင်း... ဒီက အစားအသောက်တွေက သိပ်မကောင်းဘူး"

"ကောင်းပြီ... ဒါဆို ရှန်ဟိုင်း ပညာရေးစာမေးပွဲ အောင်စာ ရင်းထွက်မဲ့ Website ကို အရင်ဝင်ထားကြရအောင်။ ၆ နာရီဆိုရင် လူတွေ အများကြီး ဝင်ကြမှာဆိုတော့ လိုင်းအတော်လေး လေးနေလိမ့်မယ်"

ကျိုးထျန်း Website ထဲသို့ စတင်ဝင်လိုက်သည်။

"ကျိုးထျန်း... ငါတို့ ကြိုပြီး သဘောတူထားကြရအောင်။ ငါ့ရဲ့ ပစ်မှတ်က ၅၉၀ အထက်ပဲ။ အကယ်၍ ငါ အဲ့ဒီအမှတ်ကို မမီရင် နင် ခေါင်းခါပြ၊ မီရင်တော့ ခေါင်းညိတ်ပြ"

"နားလည်ပြီ၊ စိတ်မပူပါနဲ့... နင့်အရည်အချင်းကို ငါသိပါတယ်၊ သေချာပေါက် ရမှာပါ"

သူတို့နှစ်ဦးသည် ဖုန်းချင်းလဲလှယ်လိုက်ပြီး အချိန်စေ့သည် နှင့် တစ်ဦး၏အမှတ်ကို တစ်ဦးက စစ်ဆေးပေးရန်ပြင်ဆင်လိုက်ကြသည်။

၅:၅၇၊ ၅:၅၈၊ ၅:၅၉။

၆ နာရီ တိတိ။

ကျောင်းသားပေါင်းများစွာ Website ထဲသို့ တစ်ပြိုင်နက် ဝင်ရောက်လာခြင်းကြောင့် လိုင်းမှာ အလွန်နှေးကွေးသွားသည်။

ကျိုးထျန်းကတော့ အေးဆေးနေသည်။ ဘာပဲဖြစ်ဖြစ် စနစ်ကပေးထားသည့် အမှတ် ၉၀ ဆုလာဘ်ရှိနေသဖြင့် သူ့အမှတ်က ဘယ်လောက်ပဲ နည်းနည်း ထိပ်တန်းတက္ကသိုလ်တစ်ခုခုကိုတော့ ရမည်မှာ သေချာသည်။ လျို့မုယန်ကတော့ သူ့ဖုန်းကို ကြည့်ရင်း နဖူးမှာ ချွေးစက်လေးတွေပင် ထွက်နေရှာသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် နှစ်ယောက်လုံး Website ထဲသို့ တစ်ပြိုင်နက် ဝင်နိုင်သွားကြသည်။

လျို့မုယန်သည် သူ့ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း အံ့ဩသွားဟန် ရှိသော်လည်း ခဏအကြာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူတို့ အချင်းချင်း ကြည့်လိုက်ကြသည်။

"ကျိုးထျန်း... ငါ့အမှတ်ကို မြင်ပြီလား"

"အင်း!"

ခေါင်းညိတ်ရမှာလား၊ ခေါင်းခါရမှာလား။ ကျိုးထျန်း အသက်ပြင်းပြင်း ရှူလိုက်သည်။

"ဟူး..."

လျို့မုယန်၏ ရင်ခုန်သံမှာ မြန်ဆန်နေသည်။

"နင် အရင်ပြော"

သူမက အသက်ရှူသံ ပြင်းပြင်းဖြင့် ပြောလိုက်သည်။ သို့သော် ကျိုးထျန်း၏ နောက်ထပ်စကားကြောင့် သူမ၏ မျက်ဝန်းများ အနည်းငယ် မှေးမှိန်သွားရသည်။

"နင့်ရဲ့ အမှတ်က ငါ့ကို တကယ် အံ့ဩသွားစေတယ်"

လျို့မုယန်သည် ကျိုးထျန်း မြင်ဖူးသမျှထဲတွင် အလှဆုံး အပြုံးဖြင့် ပြုံးပြလိုက်သည်။

"၅၉၅ မှတ်! ဂုဏ်ယူပါတယ် ကျိုးထျန်း... နင်ပြောခဲ့တဲ့အတိုင်း တကယ်ဖြစ်လာပြီနော်"

သူ စာမေးပွဲမဖြေခင်က ဖူတန့်တက္ကသိုလ် လျှောက်မယ်လို့ ပြောတုန်းက လူတွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။

သူ့ကို မလှောင်ပြောင်ခဲ့သည့် အနည်းငယ်သော သူများထဲမှ တစ်ဦးဖြစ်သည့် လျို့မုယန်တောင်မှ သူ တကယ်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ!

ကျိုးထျန်းကတော့ တည်တည်ငြိမ်ငြိမ်ပင်။ ဒီအမှတ်က သူ ထင်ထားတာထက် ပိုများနေသဖြင့် သူ တကယ်ကို ကောင်း ကောင်း ဖြေဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

"နင်က လုံးဝ မအံ့ဩဘူးလား။ တကယ်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာပဲ" လျို့မုယန်က သူ့အမူအရာကို ကြည့်ပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အရှိန်အဝါမျိုးကို ခံစားလိုက်ရသည်။

ထို့ပြင် ရက်အနည်းငယ်အတွင်း သူ ပိုပြီးချောလာသည်ကိုလည်း သူမ သတိထားမိလိုက်သည်။

"ဒါနဲ့ ငါ့အမှတ်ကော... အခု ပြောပြလို့ ရပြီလား။ ခေါင်းညိတ်မှာလား၊ ခေါင်းခါမှာလား"

သူမက မျက်ရည်ဝဲနေသော မျက်လုံးလေးများဖြင့် သူ့ကို သနားစဖွယ် ကြည့်လိုက်သည်။

ကျိုးထျန်း သက်ပြင်းချလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါပြလိုက်သည်။ လျို့မုယန် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်ရည်တွေကို အတင်းထိန်းထားရသည်။

"နင် ၅၉၀ မရဘူး..."

"ဘာလို့လဲဆိုတော့... နင် ၅၈၉ မှတ် ရလို့ပဲ!"

ကျိုးထျန်းက သူ့ဖုန်းကို သူမရှေ့သို့ ချပေးလိုက်သည်။ သူမ၏အမှတ်ကို မြင်လိုက်ရသောအခါ လျို့မုယန်သည် ဝမ်းသာလွန်း၍ မျက်ရည်များကျလာကာ သူ့ကို အတင်းဖက်လိုက်တော့သည်။

ပတ်ဝန်းကျင်က လူများက သူတို့ကိုလှည့်ကြည့်နေကြသည်။

ကျိုးထျန်းမှာလည်း ရုတ်တရက် ဖြစ်သွားသည့် အခြေအနေကြောင့် စက္ကန့်အနည်းငယ်မျှ ကြောင်သွားပြီးမှ ငိုနေသော လျို့မုယန်ကို ပြန်လည်ဖက်ထားပေးလိုက်သည်။

🍋 Chapter 18

“မိန်းကလေးတွေမှာ ကိုယ်ပိုင်ရနံ့သင်းသင်းလေးတွေ ရှိတတ်တယ်ဆိုတာ တကယ်ပဲကိုး”

ကျိုးထျန်းနှင့် လျို့မုယန်တို့သည် ယခုအခါ အလွန်နီးကပ်သော အနေအထားတွင် ရှိနေကြသည်။

ဇွန်လဆိုသည်မှာ ရှန်ဟိုင်း၏ နွေဦးအစဖြစ်ရာ နှစ်ယောက်လုံး လက်တိုအင်္ကျီလေးများသာ ဝတ်ထားကြပြီး တင်းတင်းကြပ်ကြပ် ဖက်ထားမိကြသဖြင့် ကျိုးထျန်းမှာ သူမ၏ ရင်ခုန်သံကိုပင် ခံစားနေရသည်။

သေချာပေါက်ပင် သူသည် ဤအခွင့်အရေးကောင်းကို လက်လွှတ်ခံပြီး ရပ်တန့်ခိုင်းမည်မဟုတ်ပေ။

ငါးမိနစ်ခန့် ကြာသောအခါ သူ့ရင်ခွင်ထဲတွင် ငိုနေသော လျို့မုယန်မှာ တဖြည်းဖြည်း စိတ်တည်ငြိမ်သွားသည်။ တုန်ယင်နေသော သူမ၏ ခန္ဓာကိုယ်လေးမှာလည်း ငြိမ်သက်သွားတော့သည်။

ထိုအခါမှသာ သူမသည် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သတိဝင်လာတော့သည်။

“ငါ ဘာတွေလုပ်မိသွားတာလဲ”

“ငါ ဘာလို့ ငိုမိတာလဲ”

“ငါ ဘာလို့ သူ့ကို ဖက်ထားမိတာလဲ!”

ဖြစ်ပျက်ခဲ့သည်များကို သတိရသွားသောအခါ သူမသည် ကျိုးထျန်းကို အမြန်တွန်းထုတ်လိုက်သည်။

ကျိုးထျန်းကလည်း ပါးနပ်စွာပင် လွှတ်ပေးလိုက်သည်။ လျို့မုယန်သည် သူမ၏ ဆံပင်များကို ပြန်လည်သပ်ရပ်အောင် လုပ်လိုက်ရာ မျက်ရည်စများနှင့်အတူ မှည့်နေသော မက်မွန်သီးတစ်လုံးလို နီရဲနေသည့် သူမ၏ မျက်နှာလေး ပေါ်လာသည်။

ကျိုးထျန်းက ကော်ဖီဝယ်စဉ်က ယူလာခဲ့သည့် တစ်ရှူးများကို သူမအား အမြန်ကမ်းပေးကာ မျက်နှာသုတ်ခိုင်းလိုက်သည်။

လျို့မုယန်မှာ မိတ်ကပ်လိမ်းထားခြင်းမရှိသဖြင့် အနည်းငယ် သုတ်လိုက်ရုံဖြင့် နဂိုအတိုင်း ပြန်ဖြစ်သွားသည်။ သူသည် မျက်လုံးလေးများ အနည်းငယ် ဖောင်းအစ်နေဆဲဖြစ်သည့် အတန်းခေါင်းဆောင်မလေးကို စိုက်ကြည့်ရင်း စိတ်ထဲမှ ချီးကျူးမိနေသည်။

'မိုးရေထဲက သစ်သီးပွင့်လေးတွေလို လှတယ်ဆိုတာ ဒါမျိုးကို ပြောတာနေမှာ။ တကယ်ပဲ ရုပ်ရည်လှတဲ့သူက ဘယ်လိုပဲဖြစ်နေနေ ကြည့်ကောင်းနေတာပဲ'

“ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ!”

လျို့မုယန်က ဟန်ဆောင်ပြီး အော်လိုက်သည်။

သူမသည် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို ဖုံးကွယ်ရန် စိတ်ဆိုးပြနေခြင်းဖြစ်ကြောင်း ကျိုးထျန်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။

“နင်က လှလို့ ကြည့်တာပေါ့”

“နင်... ဟွန့်... အရှက်မရှိဘူး!”

လျို့မုယန်က ခေါင်းငုံ့ကာ ပြုံးလိုက်မိသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ ခေါင်းပြန်မော့လာသည်။

“နင် ခုနက ငါ့ကို လိမ်ပြောတယ်၊ လူကြားထဲမှာ ငါ့ကို... အရှက်ကွဲအောင် လုပ်တယ်!”

“ငါ နင့်ကို မလိမ်ပါဘူး။ ၅၉၀ အထက်ဆို ခေါင်းညိတ်၊ အောက်ဆို ခေါင်းခါမယ်လို့ နင်ပဲ ပြောထားတာလေ။ နင်က ၅၈၉ ဆိုတော့ ၅၉၀ မှ မမီတာ၊ ငါ ခေါင်းခါပြတာ မှန်တာပဲကို” ကျိုးထျန်း ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

“နင်ကတော့... ဘာပဲဖြစ်ဖြစ် နင် ငါ့ကို လိမ်တာပဲ၊ တမင်လုပ်တာ”

လျို့မုယန်က နှုတ်ခမ်းလေးစူကာ စိတ်ကောက်ပြနေသဖြင့် ကျိုးထျန်းမှာ ရယ်ချင်လာသည်။

“ကောင်းပြီလေ... အကုန်လုံးက ငါ့အမှားပါပဲ။ ငါ ပြန်ပြီး တောင်းပန်တဲ့အနေနဲ့ တစ်ခုခု ပြန်လုပ်ပေးပါ့မယ်”

“ဘယ်လိုလဲ”

“နင် ခုနက ငါ့ကို ဖက်လိုက်တယ်ဆိုတော့ ငါကလည်း နင့်ကို ပြန်ဖက်ပေးမယ်လေ”

သူက လက်နှစ်ဖက်ကို ဖြန့်ကာ သူမအနားသို့ တစ်လှမ်းတိုးလိုက်သည်။ လျို့မုယန်လန့်သွားပြီး ဘေးသို့ အမြန်ရှောင်လိုက်ရသည်။

“ဟားဟား... စတာပါ၊ တကယ် အစားထိုးပေးမှာပါ။ ခဏနေရင် ငါတို့ အနီးနားက ကုန်တိုက်ကို သွားကြမယ်၊ နင်ကြိုက်တာဝယ်၊ ငါ ပိုက်ဆံရှင်းပေးမယ်... ဘယ်လိုလဲ”

“မရပါဘူး၊ နင့်ပိုက်ဆံကို ငါ မဖြုန်းချင်ဘူး”

လျို့မုယန်က တိုက်ရိုက်ပင် ငြင်းလိုက်သည်။

“နင် မေ့နေပြီလား။ ငါက သူဌေးကြီးလေ၊ ပိုက်ဆံရှင်းတာက ငါ့ရဲ့ ပင်ကိုယ်အရည်အချင်းပဲ”

ကျိုးထျန်း၏ စကားကြောင့် သူမ ရယ်မောလိုက်မိသည်။

“ဒါလည်း မရသေးဘူး။ နင့်ဆီက ပစ္စည်းတွေကို ဒီတိုင်း အလကား မယူချင်ဘူး” ဟု ဆိုကာ သူမ၏ မူဝါဒကို ဆက်လက်ဆုပ်ကိုင်ထားဆဲပင်။

သို့သော် မူဝါဒဆိုသည်မှာ ချိုးဖောက်ဖို့အတွက် ရှိနေခြင်းဖြစ်ကြောင်း ကျိုးထျန်းသိထားသဖြင့် သူ အရှုံးမပေးပေ။

“ဒါဆိုရင် ဒီလိုလုပ်ရအောင်။ ငါတို့ နှစ်ယောက်လုံး အမှတ်တွေ အများကြီးရခဲ့တာဆိုတော့ ဂုဏ်ပြုဖို့အတွက် လက်ဆောင်တစ်ခုခု ဝယ်သင့်တယ်လေ၊ ခုနက နင် ငါ့ကို ဖက်ပေးတာက ငါ့အတွက် လက်ဆောင်ပေါ့။ အဲ့ဒါကြောင့် ငါကလည်း နင့်ကို လက်ဆောင်တစ်ခု ပြန်ဝယ်ပေးမယ်... ဒါဆို မျှသွားပြီလေ”

ထိုအကြောင်းကို သူက ပြန်စလိုက်သဖြင့် လျို့မုယန် ခေါင်းပြန်ငုံ့သွားပြန်သည်။

“အဲ့ဒီကိစ္စကို နောက်တစ်ခါ ထပ်မပြောရဘူးနော်”

သူမ ထပ်ပြီး မငြင်းတော့ခြင်းမှာ သဘောတူလိုက်ပြီဟု အဓိပ္ပာယ်ရသည်။

“ကောင်းပြီ... အဲ့ဒါဆို နောက်ထပ် မပြောတော့ဘူး။ ဒါပေမဲ့ ငါတို့ Happy Valley ကို အတူတူသွားဖို့ သဘောတူထားတယ်နော်။ အခု ငါ့အမှတ်က နင့်ထက် များနေပြီဆိုတော့ နင် မလာဘဲ နေလို့မရတော့ဘူး မဟုတ်လား”

“အင်း... သွားမှာပေါ့! ငါက တစ်ခါမှ မရောက်ဖူးဘူး”

Happy Valley အကြောင်း ကြားလိုက်ရသဖြင့် လျို့မုယန် စိတ်လှုပ်ရှားသွားသည်။

“ကောင်းပြီ... အတူတူသွားဖို့ အချိန်သတ်မှတ်ကြတာပေါ့။ ကြိုပြောထားမယ်နော်၊ ငါပဲ အကုန်ကျခံမှာ၊ လုပြီး ရှင်းဖို့ မကြိုးစားနဲ့!”

“ဟွန့်... ချမ်းသာတဲ့သူတွေက တကယ့်ကို အမြင်ကပ်ဖို့ ကောင်းတယ်”

သူမက ထိုသို့ပြောသော်လည်း မျက်နှာမှာတော့ အပြုံးတွေ ဝေဆာနေသည်။

မိန်းကလေးတွေမှာ နှုတ်ကတစ်မျိုး၊ စိတ်ကတစ်မျိုး ဖြစ်တတ်သည်မှာ အမှန်ပင်။

ထို့နောက် သူတို့နှစ်ဦးသည် အိမ်သို့ အသီးသီး ဖုန်းဆက်ကာ အမှတ်စာရင်းကို ပြောပြကြသည်။

လျို့မုယန်၏မိဘများမှာတော့ အံ့ဩသွားကြသော်လည်း သူတို့ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်းမှာပင် ရှိနေသည်။

ကျိုးထျန်း၏အခြေအနေမှာတော့ မတူပေ။ သူသည် သူ့အမေဆီသို့ Video Call ခေါ်လိုက်သည်။

“ဟေး... သား၊ အမှတ်စာရင်း ထွက်ပြီလား၊ ဘယ်လိုလဲ... အမေ့ကို မြန်မြန်ပြောဦး။ ရပါတယ်... အမေ ခံနိုင်ရည် ရှိပါတယ်၊ ပြောသာ ပြောလိုက်”

သူ့အဖေလည်း ကင်မရာရှေ့သို့ ရောက်လာသည်။

“သား... ရဲရဲသာ ပြောလိုက်စမ်းပါ။ အဖေကတော့ သားအမေအတွက် နှလုံးဆေးတွေ ကြိုပြင်ထားပြီးသား၊ သူမ ဘာမှ မဖြစ်စေရဘူး”

ကျိုးထျန်း: ...

“အဖေနဲ့ အမေကလည်း... ဘာတွေ ပြောနေတာလဲ ? ကျွန် တော် စာမေးပွဲ ကျမယ်လို့များ ကြိုပြီးဆုံးဖြတ်ထားကြတာလား!”

သူ အတော်လေး ဆွံ့အသွားရသည်။

သူ့အမှတ်တွေက မဆိုးပါဘူး၊ ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ။

“မင်းက စာမေးပွဲမဖြေခင်ကတည်းက ဒီဖျက်သိမ်းရေး ကိစ္စတွေပဲ လုပ်နေတာလေ၊ စာထဲမှာ စိတ်က ဘယ်လိုလုပ်ရှိနိုင်မှာလဲ”

ကျိုးကျန့်ခန်းက ပြန်ချေပသည်။

“ကောင်းပြီလေ... မိဘအရင်းတွေ ဆိုတာကို ကျွန်တော် လက်ခံပါတယ်”

“ကဲ... အဖေတို့ နှစ်ယောက်လုံး ဖုန်းကိုကိုင်ပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုခုကို သွားလိုက်ကြဦး”

သူ့မိဘများမှာဆိုင်မှာ အလုပ်ရှုပ်နေကြခြင်း ဖြစ်သည်။ သူပြောလိုက်သဖြင့် သူတို့နှစ်ဦးစလုံး အပြင်မှာရပ်ထားသည့် ကားထဲသို့ အပြေးအလွှားသွားလိုက်ကြသည်။

“ကဲ ပြောတော့... အမေတို့ ခံနိုင်ရည် ရှိပါတယ်”

“မဟုတ်ဘူးလေ... ဘာလို့ အသံနေအသံထားက အတူတူပဲ ဖြစ်နေရတာလဲ၊ အဖေ... ကျွန်တော့်အပေါ် ယုံကြည်မှုလေး ရှိစမ်းပါဦး”

“စကားတွေ များမနေနဲ့တော့... မြန်မြန်ပြော၊ ဆိုင်ထဲ ပြန်ဝင်ရဦးမယ်”

“ကောင်းပြီ... ကျွန်တော် အမှတ်စာရင်း စာမျက်နှာကို Screenshot ရိုက်ပြီး ပို့လိုက်ပြီ၊ အဖေတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်တော့”

အမေဖြစ်သူက WeChat ထဲသို့ ဝင်ကြည့်လိုက်သည်။ ၃ စက္ကန့်အကြာတွင်

“အားးးး!!!”

ဒုန်း!

“မိန်းမရယ်... ဘာလို့ ဒီလောက် အော်နေတာလဲ၊ ငါ့ကို တံတောင်နဲ့တောင် တိုက်မိသွားပြီ!”

ကျိုးကျန့်ခန်းမှာ ကားထဲကပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။

“ရှင်... ရှင်... ရှင်... ကိုယ်တိုင်ပဲ ကြည့်လိုက်ပါဦး၊ ကြည့်စမ်း...”

အမေဖြစ်သူက တုန်ရင်နေသော လက်များဖြင့် အဖေ့ထံသို့ ဖုန်းကို ကမ်းပေးလိုက်သည်။

အဖေဖြစ်သူက တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးကို ပွတ်ကာ ထပ်ကြည့်သည်။

ထို့နောက် အိတ်ထဲမှ မျက်စဉ်းဆေးဗူးကို ထုတ်ကာ မျက်စဉ်းတစ်စက် ခတ်လိုက်ပြီး မျက်နှာကို ရိုက်ကာ ဖုန်းကို ထပ်ကြည့်ပြန်သည်။

“မိန်းမ... ငါ့မျက်လုံးတွေ မှားနေပြီ ထင်တယ်။ ဖုန်းထဲမှာ ၅၉၅ လို့ မြင်နေရတယ်”

ဒါသည် သူ့အဖေပင် ဖြစ်သည်။ သူ့သား အမှတ်အများကြီး ရသည်ဆိုသည်ထက် သူ့မျက်လုံးတွေ မှားနေသည်ဆိုသည်ကို ပိုယုံချင်နေသည်။

“သား... ဒါ တကယ်လား”

အမေဖြစ်သူလည်း အနည်းငယ် သံသယ ဖြစ်နေသည်။

“အမေရယ်... တက္ကသိုလ်ဝင်ခွင့် အမှတ်စာရင်းကို အတုလုပ်တာက တရားမဝင်ဘူးလေ။ ကျွန်တော်က ဘာလို့ လိမ်ရမှာလဲ”

“နောက်ပြီး ကျွန်တော့်မှာ ယွမ် သန်း ၅၀ ကျော်တောင် ရှိနေပြီပဲ၊ ဒီကိစ္စအတွက် လိမ်နေစရာ လိုသေးလို့လား”

ကျိုးထျန်းမှာ အလွန် ယုံကြည်မှု ရှိနေသည်။ ထိပ်တန်း တက္ကသိုလ်တွေက ဘွဲ့ရတဲ့သူတွေတောင် တစ်နှစ်ကိုတစ် သန်းရဖို့ မလွယ်ကူပေ။

သူကတော့ ယခုကတည်းက သန်း ၅၀ ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

“သားရယ်... အမေ တကယ် မမျှော်လင့်ထားဘူး။ ဘုရားမလို့ အကုန်လုံးက အဆင်ပြေချောမွေ့နေတာပဲ”

ကျိုးထျန်း ပြုံးလိုက်မိသည်။ ဒါသည် ဘုရားမခြင်း မဟုတ်ဘဲ စနစ်၏မခြင်းသာ ဖြစ်သည်။

“သား... အိမ်ကို မြန်မြန် ပြန်လာခဲ့၊ အကောင်းဆုံး ဆိုင်မှာ သွားပြီး အဝတ်အစားတွေ ဗိုက်ကားအောင် စားကြမယ်”

အဖေဖြစ်သူက ပြောလိုက်သည်။

“မရသေးဘူး အဖေ၊ နောက်ပြီး အဖေတို့က ဆိုင်မှာ အလုပ်လုပ်ရဦးမှာ မဟုတ်လား”

“ဘာဆိုင်လဲ... ဒီနေ့တော့ ဆိုင်စောစော ပိတ်လိုက်မယ်၊ သား ဘယ်မှာလဲ... အဖေတို့ ကားနဲ့ လာကြိုမယ်လေ”

“ကျွန်တော် တစ်ယောက်ယောက်နဲ့ အတူတူ အမှတ်စစ်ဖို့ ချိန်းထားတာလေ၊ အခု စစ်လို့ပြီးပြီဆိုတော့ ဂုဏ်ပြုဖို့ သွားကြမလို့”

ကျိုးထျန်းက အမှန်အတိုင်း ပြောပြလိုက်သည်။

“ဩော်... ဒါဆိုရင်လည်း ပျော်ပျော်ပါးပါး လည်ကြပေါ့။ အိမ်ပြန်ရောက်မှ အတူတူ ဂုဏ်ပြုကြတာပေါ့”

“ဟုတ်ကဲ့... နောက်ပြီး တစ်ခုတော့ မှတ်ထားပေးဦး။ ကျွန်တော့် အမှတ်တွေအကြောင်းကို အဒေါ်တို့၊ ဦးလေးတို့ မိသားစုကို လုံးဝမပြောပါနဲ့ဦး။ သူတို့ မေးလာရင်လည်း သက်ပြင်းချပြီး ညည်းပြလိုက်ပါ။ နောက်မှ ဆုံကြတဲ့အခါ ကျွန်တော် ကိုယ်တိုင်ပဲ ပြောလိုက်ပါ့မယ်”

ကျိုးထျန်းက ကောက်ကျစ်သောအပြုံးဖြင့် ပြောလိုက်သည်။

အမေဖြစ်သူကတော့ နားမလည်ပေ။

“သားရယ်... ဘာလို့ အဲ့လို လုပ်ရမှာလဲ”

“ဟူး... မိန်းမရာ၊ မင်း မသိဘူးလား။ မင်း သားက လက်စား ချေဖို့ ပြင်နေတာလေ”

ကျိုးကျန့်ခန်းက သူ့ကို မျက်ခုံးပင့်ပြရင်း သိတတ်သော အမူအရာ ပြလိုက်သည်။

ကျိုးထျန်းလည်း သူ့အဖေကို လက်မထောင်ပြရင်းခေါင်း ညိတ်ပြလိုက်သည်။ နှစ်ပေါင်းများစွာ အတူတူ ဒုက္ခခံခဲ့ရသော သားအဖနှစ်ယောက်မှာတော့ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းနားလည်ကြသည်ပင်။

All Chapters