← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

🌻 Chapter 67

ဝူချီအာတွင် ထင်ရှားသော ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အားနည်းချက်များ မရှိခဲ့ပေ။ သူမ မိသားစုနောက်ခံမှာ သန့်ရှင်းပြီး ကျန်းမာရေးလည်း ကောင်းမွန်လေသည်။

သို့သော်လည်း ယင်ကျန်းက ထပ်မံမေးလိုက်သည်။

"မင်း မိသားစုနဲ့ ဘယ်လောက်ကြာကြာ ကွဲကွာသွားခဲ့တာလဲ"

"နှစ်လလောက်ပါ"

ဝူချီအာမှာ သူမ အင်္ကျီကြယ်သီးများကို ဖြုတ်ကာ ကျောပြင်ရှိ မီးလောင်ဒဏ်ရာ အမာရွတ်များကို ပြလိုက်ပြီး

"ဒီအမာရွတ်ကို ကြည့်ပါဦး၊ အရှင်မင်းသား မှတ်မိနိုင်သေးရဲ့လား"

ဤအမှတ်အသားများမှာ နောက်ပိုင်းမှ သူမ တမင်ရအောင်လုပ်ခဲ့ပြီး ဤကဲ့သို့သော အမာရွတ်မျိုးမှာ သူမအတွက် ဘာမှမဟုတ်သော်လည်း ယင်ကျန်းသည် သူမကို အတိုင်းအတာတစ်ခုအထိ ယုံကြည်သွားခဲ့သည်။ သူက ဝူချီအာအား ပြောသည်။

"ဒီကိစ္စက ကိုယ်တို့နှစ်ယောက်တည်းရဲ့ လျှို့ဝှက်ချက်ပဲ၊ နောက်ဆို တခြားသူတွေကို မပြောပြရဘူး"

ဝူချီအာသည် အပြစ်ရှိသလို ခံစားနေရပြီးဖြစ်ရာ အခြားသူများကို လျှို့ဝှက်ထားရန် မစောင့်နိုင်အောင် ဖြစ်နေသဖြင့် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

အတိတ်ကို ပြန်လည်အောက်မေ့ခြင်းများ အဆုံးသတ်သွားပြီးနောက် ယင်ကျန်းသည် ဝူချီအာကို လက်ညှိုးထိုးကာ

"သူမကိုလည်း ကြည့်ပေးပါဦး၊ သူမ ကျောက မီးလောင်ဒဏ်ရာတွေအတွက် မျှော်လင့်ချက် ရှိသေးရဲ့လား"

ဝူချီအာသည် သမားတော် စကားကို ကြားလိုက်ရသော်လည်း ဤအချက်ကို မတွေးမိခဲ့ပေ။ သို့သော် ယင်ကျန်း စကားက သူမကို လန့်သွားစေသည်။ သူမက အလျင်အမြန်ပင် ပြောသဘ်။

"အရှင်မင်းသား... ကျွန်တော်မျိုးမရဲ့ ခန္ဓာကိုယ်ကို တခြားအမျိုးသား တစ်ယောက်ကို ဘယ်လိုလုပ် ပေးကြည့်လို့ရမှာလဲ၊ ကျွန်တော်မျိုးမက အရှင်မင်းသားရဲ့ ကြင်ယာတော်ပါ"

ထိုမီးလောင်ဒဏ်ရာများမှာ သူမဘာသာ ဖန်တီးထားခြင်းဖြစ်ပြီး သူ့ကို အပြစ်ရှိသလို ခံစားရစေရန်ရည်ရွယ်ကာ ထိုဒဏ် ရာများကို ကုသ၍ မရနိုင်တော့ကြောင်း ယင်ကျန်းအား သူမ အမြဲပြောဆိုနေခဲ့ခြင်း ဖြစ်သည်။ ယင်ကျန်းသည် ထိုမျှလောက် နောင်တရသော အမူအရာကို ပြသခဲ့ခြင်း မရှိပေ။

ယင်ကျန်းနှင့် ဝူကော်ကော်တို့ကြား မည်သို့သော လျှို့ဝှက်စကားများပြောနေကြသည်ကို လီစဲဖူ မသိသော်လည်း သူတစ်ပါးကို ထိခိုက်စေခြင်းသည် သူမအတွက် အကျိုးရှိသည်ဟူသော အယူအဆအပေါ် အခြေခံကာ သူမက အလျင်အမြန် ပြောသည်။

"ညီမလေးဝူ... အဲဒါက ဘာသဘောလဲ၊ သမားတော်နျဲ့ဆိုတာ အရှင်မင်းသားရဲ့ နှစ်ပေါင်းများစွာကတည်းက မိတ်ဆွေပါ၊ သူက ဘယ်လိုလုပ် ဒီလို ကိလေသာများတဲ့သူ ဖြစ်နိုင်မှာလဲ၊ သမားတော်ဆိုတာကလည်း မေတ္တာတရား ကြီးမားတဲ့သူပါ၊ သူက ကုသပေးဖို့ ညီမလေးရဲ့ ကျောပြင်ကို စစ်ဆေးပေးရုံ သက်သက်ပါ၊ ဘယ်လို လျှို့ဝှက်တဲ့ အစိတ်အပိုင်းကိုမှ ကြည့်မှာ မဟုတ်သလို ညီမလေးကိုလည်း ထိတွေ့မှာ မဟုတ်ပါဘူး၊ ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ၊ ညီမလေးဝူက သာမန်နောက်ခံကနေ လာတာဆိုတော့ ဒီလိုကိစ္စတွေကို သိပ်ဂရုမစိုက်သင့်ဘူးလေ၊ အခုမှ ဘာလို့များ ဒီကိစ္စတွေကို ရုတ်တရက်ကြီး ဂရုစိုက်နေရတာလဲ၊ ညီမလေးများ ကိုယ့်အပြစ်နဲ့ကိုယ် မလုံမလဲ ဖြစ်နေလို့လား"

ယင်ကျန်းက ဘာမှမပြောသော်လည်း သူ့မျက်ဝန်းများမှာ ပို၍ အေးစက်လာပြီး သူက လက်ကမ်းပေးကာ ပြောသည်။

"ပေးစမ်း"

ဝူကော်ကော် တုန်ရီသွားသည်။

"ဘာ... ဘာကိုလဲ"

ယင်ကျန်း "မင်း ဘာထင်လို့လဲ"

ဝူကော်ကော်မှာ ပြန်လည်တွေးတောကာ နာကြည်းစွာဖြင့် ဆိုလေသည်။

"အရှင်မင်းသား... လှည့်စားမခံပါနဲ၊ ဒါက စဲဖူ ကျွန်တော်မျိုးမကို အကွက်ဆင်ဖို့ ကြံစည်ထားတာ ဖြစ်ရမယ်"

လီစဲဖူမှာ အဆုံးတွင်တော့ ဇာတ်လမ်းအစစ်အမှန်ကို သိလိုက်ရပြီဟု ခံစားလိုက်ရသဖြင့် သူမက မေးလိုက်သည်။

"အို... ငါက နင့်ကို အကွက်ဆင်တယ် ဟုတ်လား? နင်ပြောတာကို ငါနားမလည်ဘူး၊ ငါက နင့်ကို ဘယ်လို အကွက်ဆင်ရမှာလဲ၊ ချွင်းလင်ရဲ့ ကျောကို ဒဏ်ရာရအောင် လုပ်ခဲ့တာက ငါလို့များ ဆိုချင်တာလား၊ ဟွန်း... ငါက အဲဒီလောက် ယုတ်မာတဲ့သူ မဟုတ်ဘူး"

ဝူကော်ကော်မှာ အလွန်ပငိ ထိတ်လန့်သွားရသည်။ အရာအားလုံးမှာ ထိုမျှတိုက်ဆိုင်နေရသလဲဆိုတာ သူမ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ယနေ့သည် သူမအတွက် အမှန်ပင် ကံဆိုးသောနေ့ပင်။

ထိုအချိန်တွင် ချွင်းလင် သတိရလာလေသည်။ သူမသည် ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်သော်လည်း သူတို့ စကားပြောဆိုမှု တစ်စိတ်တစ်ပိုင်းကို ကြားလိုက်ရသဖြင့် သူမက ယင်ကျန်းကို အားနည်းစွာ ကြည့်ကာ မေးလိုက်သည်။

"စတုတ္ထမင်းသား... အရင်တုန်းက ဟောင်းနွမ်းပျက်စီးနေတဲ့ ဘုရားကျောင်းထဲမှာ အရှင်မင်းသားကို ရေတိုက်ခဲ့တဲ့ ကောင်မလေးကို... မှတ်မိပါသေးရဲ့လား"

ထိုစဉ်က သူမမှာ ငယ်ရွယ်လွန်းလှသဖြင့် ယင်ကျန်းသည် သူမမျက်နှာကို မမှတ်မိနိုင်ခဲ့ပေ။ သို့သော် ထိုအချိန်က ယင်ကျန်းမှာ အတော်လေး အရွယ်ရောက်နေပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင် ချွင်းလင်က ယင်ကျန်း မျက်နှာကိုရှင်းလင်းစွာ မြင်လိုက်ရသဖြင့် ချက်ချင်းမှတ်မိသွားခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူနှင့်တူသော ချောမောသည့် အစ်ကိုကြီးမျိုးကို သူမ မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ မဟုတ်ပါလား။

ယင်ကျန်းသည် ဝူချီအာအား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ တစ်ချကိကြည့်လိုက်သည်။

"မင်းမှာ ပြောစရာ ဘာရှိသေးလဲ"

သို့သော် ဝူချီအာမှာ အရှုံးမပေးသေးချေ။

"အရှင်မင်းသား... အဲဒါ... အဲဒါက စဲဖူ ကြိုးကိုင်နေတာ ဖြစ်ရမယ်၊ ဟုတ်တယ်... ကျွန်တော်မျိုးမ မတော်တဆ အဲ့အ ကြောင်းကို သူ့ကို ပြောမိသွားတယ် ပြီးတော့ သူမက ချွင်းလင်နဲ့ ပူးပေါင်းပြီး..."

ယင်ကျန်း မျက်လုံးများကို ကျဉ်းလိုက်သည်။

"အဓိပ္ပာယ်မရှိတာ၊ ချွင်းလင်က အားလုံးကိုရှင်းရှင်းလင်း လင်း ပြောပြနေတာပဲ၊ ဟောင်းနွမ်းနေတဲ့ ဘုရားကျောင်းရယ်၊ ရေသောက်ခဲ့တာရယ်၊ အထူးသဖြင့် မင်းကိုယ်တိုင် မမှတ်မိဘူးဆိုတဲ့ အသေးစိတ် အချက်အလက်လေးတွေကအစ အကုန်သိနေတာကို၊ မင်းက ငြင်းချင်နေသေးတာလား"

လီစဲဖူက ဝင်ပြောသည်။

"ဟုတ်တယ်၊ ကျွန်တော်မျိုးမ မတော်တရား စွပ်စွဲခံရတာ၊ အခုချိန်ထိကို နားမလည်ဖြစ်နေတာ၊ အရှင်မင်းသား... တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲရှင်"

ယင်ကျန်းက ဝူကော်ကော်ကို လက်ညှိုးထိုးကာ ပြောသည်။

"အစောင့်တွေ... သူမကို ဖမ်းချုပ်ထားပြီး တင်းတင်းကျပ် ကျပ်စောင့်ကြပ်ထားစမ်း"

ယနေ့အတွက် အချိန်အလွန်နှောင်းသွားပြီဖြစ်ပြီး ယင်ကျန်းသည် နောက်နေ့တွင် နန်းတော်သို့ ညီလာခံတက်ရန် ရှိသဖြင့် အနီးအနားရှိ လီစဲဖူ၏အဆောင်တွင်ပင် နေထိုင်လိုက်ကာ ကမ်းချန်ချန် အဆောင်သို့ လူတစ်ယောက် စေလွှတ်၍ ထိုသို့ပြောခိုင်းလိုက်သည်။

"ကမ်းကော်ကော် အိပ်နေပြီဆိုရင် သူမကို နှိုးစရာ မလိုဘူး၊ သူမ မအိပ်သေးဘူးဆိုရင်တော့ ကိုယ် ဒီည လာဖြစ်တော့မှာ မဟုတ်ဘူးလို့ သွားပြောလိုက်ပါ"

ကမ်းချန်ချန်မှာ အိပ်ပျော်နေနှင့်ပြီ ဖြစ်သည်။ သူ၏သုံးကြိမ်တိုင်တိုင် နှိပ်စက်မှုကြောင့် သူမ ကျောပြင်မှာ နာကျင်နေပြီး သူမသည် အမြဲတစေ အအိပ်လွယ်သူလည်း ဖြစ်သည်။

နှစ်ရက်အကြာတွင် ယင်ကျန်းသည် ချွင်းလင်ကိုကြည့်ရှုရန် လီစဲဖူ၏အဆောင်သို့ ထပ်မံသွားရောက်ခဲ့ရာ သူမ၏အခြေ အနေ တိုးတက်လာသည်ကို တွေ့ရသဖြင့် စိတ်အနည်းငယ် သက်သာရာရသွားခဲ့သည်။

ယင်ကျန်း "ဝူကော်ကော်က မင်းရဲ့ ကျေးဇူးကို အလွဲသုံးစားလုပ်ပြီး မင်းကို ကြာပွတ်နဲ့ အချက်နှစ်ဆယ်ကျော် ရိုက်နှက်ခဲ့တယ်၊ သူ့ကို မင်း ဘယ်လို အပြစ်ပေးချင်လဲ"

ထိုနေ့က လီစဲဖူနှင့် ယင်းလော်တို့သည် ချွင်းလင်အား ဝူကော်ကော်အပေါ် စိတ်မပျော့ရန်နှင့် ကျေးဇူးအား ဆယ်ဆပြန်ဆပ်သည့် ဗျူဟာအတိုင်း လက်စားချေရန် အချိန်အကြာကြီး ဖြောင်းဖျခဲ့ကြသော်လည်း ချွန်းလင်းက ရိုးရိုးရှင်းရှင်းပင် ပြောလာသည်။

"သူမက စတုတ္ထမင်းသားရဲ့ ကိုယ်လုပ်တော်ပါ၊ သူ့ကို အပြစ် ပေးဖို့ ကျွန်မမှာ အခွင့်အရေး မရှိပါဘူး၊ သူမက ကျွန်မကို သတ်လုနီးပါး ဖြစ်ခဲ့ပေမယ့်လည်း အဲဒါကပဲ ကျွန်မကို ကံကောင်းစေခဲ့ပြီး စတုတ္ထမင်းသားနဲ့ ပြန်ဆုံတွေ့ခွင့် ရစေခဲ့တာပါ၊ ဒီကိစ္စကို စတုတ္ထမင်းသားပဲ ဆုံးဖြတ်ပေးပါရှင်"

ယင်ကျန်း ခေါင်းညိတ်သည်။

"မင်းက အရင်တုန်းက ငါ့အသက်ကို ကယ်ခဲ့တယ်၊ အခု ငါတို့ ပြန်တွေ့ကြပြီဆိုတော့ မင်းရဲ့ ဆန္ဒကဘာလဲ"

ချွင်းလင် ဒူးထောက်ကာ "စတုတ္ထမင်းသားက ကျွန်မကို ကိုယ်လုပ်တော်အဖြစ်လက်ခံပေးဖို့ မျှော်လင့်ပါတယ်"

ယင်ကျန်းမှာ အံ့အားသင့်သွားရသည်။

"ဘာဖြစ်လို့လဲ၊ ငါက မင်းရဲ့ ကျွန်စာချုပ်ကို ပြန်ပေးပြီး အိမ်တစ်လုံး ဆောက်ပေးတာ ဒါမှမဟုတ် မင်းအတွက်ကောင်း မွန်တဲ့ နောက်ခံတစ်ခု စီစဉ်ပေးတာမျိုး လုပ်ပေးနိုင်တယ်၊ အဲဒါက ငါ့ရဲ့ ကိုယ်လုပ်တော်ဖြစ်ရတာထက် ပိုကောင်းလိမ့်မယ်"

ချွင်းလင် ခေါင်းရမ်းလိုက်သည်။

"ချွင်းလင်က ဒီလောကကြီးထဲမှာ နှစ်ပေါင်းများစွာ လေလွင့်နေခဲ့ပြီး အားကိုးရာမဲ့ဖြစ်ကာ အနိုင်ကျင့်ခံခဲ့ရတာပါ၊ အခုတော့ ခိုင်မာတဲ့ အားကိုးရာတစ်ခုကိုပဲ ရှာချင်တော့တယ်"

ယင်ကျန်း သက်ပြင်းချလိုက်သည်။ သူသည် ဖူကျင်းနှင့် သူ့လူများကို စေလွှတ်၍ ချွင်းလင်ကို ပြန်ပေးဆွဲခဲ့သော ကျွန်ပွဲစားကို ရှာဖွေခဲ့ပြီး ဤနှစ်များတစ်လျှောက်လုံး သူမ မည်မျှ ဒုက္ခရောက်ခဲ့ရသည်ကို သိရှိခဲ့ရသည်။

သူမ အသက် ၁၀ နှစ်အရွယ်တွင် ကြင်နာတတ်သောကုန်သည် မိသားစုတစ်စုက သူမ၏လှပသော ရုပ်ဆင်းသွင်ပြင်ကို မြင်တွေ့ပြီး သမီးအဖြစ် မွေးစားချင်ခဲ့ကြောင်း သူ ကြားသိခဲ့ရသည်။ ဤသည်မှာ အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။

သို့သော် ကံကြမ္မာသည် ခန့်မှန်း၍မရနိုင်ပေ။ သူမ သူတို့အိမ်သို့ ရောက်ရှိပြီး ခြောက်လအကြာတွင်ပင် ထိုမိသားစု၏ စီးပွားရေးသည် ကြီးမားသော ကျဆင်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဗေဒင်ဆရာတစ်ဦးက ချွင်းလင်၏ကံကြမ္မာမှာ အလွန် မကောင်းလွန်းသဖြင့် ဆွေမျိုးများနှင့် ခင်ပွန်းဖြစ်သူ၏ စီးပွားရေးအပေါ် ကံဆိုးမှုများ ယူဆောင်လာလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ထို့ကြောင့် ချွင်းလင်မှာ လူကုန်ကူးသူများ၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့ရသည်။

ယင်ကျန်းက မေးလိုက်သည်။

"မင်း မိသားစုကို ရှာဖို့ ဘယ်တော့မှ မတွေးဖူးဘူးလား"

ချွင်းလင် ပါးပြင်ပေါ်သို့ မျက်ရည်နှစ်ပေါက်မှာ တောက်ပ သော ပုလဲလုံးလေးများပမာ ဖြည်းညင်းစွာ ကျဆင်းလာခဲ့သည်။ သူမက တိုးညှင်းစွာ ဆိုလေသည်။

"ကျွန်မ မှတ်မိသလောက်ဆိုရင် ကျွန်မက ခေါင်းကိုင်ဖခင်နဲ့အတူနေခဲ့ရတာပါ၊ ကျွန်မရဲ့ မိဘတွေက ဘယ်သူလဲ၊ ကျွန်မရဲ့ အိမ်က ဘယ်မှာလဲဆိုတာကို မသိပါဘူး၊ ကျွန်မ အသက်ခုနစ်နှစ်မှာ ခေါင်းကိုင်ဖခင်က ရောဂါနဲ့ဆုံးပါးသွားခဲ့ပြီး အဲဒီအချိန်ကစလို့ ကျွန်မ ဒုက္ခရောက်ခဲ့ရတာပါ၊ နေ့ဘက်ဆိုရင် တောင်းရမ်းစားသောက်ပြီး ညဘက်ဆိုရင် ဟောင်းနွမ်းနေတဲ့ ဘုရားကျောင်းထဲမှာ အိပ်ခဲ့ရတယ်အဲ၊ ဒီဘုရားကျောင်းက အရှင်မင်းသားနဲ့ဆုံခဲ့တဲ့ ဘုရားကျောင်းပါပဲ”

🌻 Chapter 68

ဤစကားများက ယင်ကျန်းကို အလွန် ဝမ်းနည်းစေခဲ့သည်။

"မင်းဆီမှာ အမှတ်တရ ပစ္စည်းတစ်ခုခု ရှိလား၊ ငါ မင်းရဲ့ မိဘတွေကို ရှာပေးဖို့ ကူညီပေးနိုင်ပါတယ်၊ မင်းရဲ့ ရုပ်ဆင်းသွင်ပြင်အရဆိုရင် မင်းရဲ့ မိဘတွေက သာမန်လူတွေတော့ မဖြစ်နိုင်ဘူး"

ချွင်းလင်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမ ဘယ်ဘက်လက်ကို ဆွဲတင်ကာ တံတောင်ဆစ်ရှိ မှဲ့နီလေးတစ်ခုကို ပြသလျက် ပြောလာသည်။

"ဒါပါပဲ"

ယင်ကျန်း လွန်ခဲ့သော နှစ်အနည်းငယ်က ယင်ရှန်၊ အဋ္ဌမမင်းသား၊ နဝမမင်းသား၊ ဒသမမင်းသား၊ နျန်ကုန်းယောင်တို့နှင့်အတူ အရက်သောက်နေစဉ် ဒသမမင်းသား ပြောခဲ့သော စကားကို ရုတ်တရက် သတိရသွားသည်။

"နောက်ဆိုရင် ငါ သဝန်တိုတတ်တဲ့ မိန်းမကို ဘယ်တော့မှ လက်မထပ်ဘူး၊ မဟုတ်ရင် ကုန်းယောင်ရဲ့ အဖေလိုမျိုး အစေခံမလေးက မွေးလာတဲ့ ကိုယ့်သားအရင်းကို ဝက်ခြံထဲ ပစ်ထည့်ပြီး ကြီးပြင်းစေရတဲ့အထိ ဖြစ်သွားလိမ့်မယ်၊ ဟားဟားဟား..."

ဝက်ခြံထဲတွင် ကြီးပြင်းလာရခြင်းမှာ နျန်ကုန်းယောင်အတွက် အများရှေ့တွင်သာမက ကွယ်ရာတွင်ပါလှောင် ပြောင်စရာတစ်ခု ဖြစ်လာခဲ့သည်။ သူသည် ငယ်စဉ်အခါက ဘုန်းတော်ကြီးတစ်ပါးထံမှ သိုင်းပညာများ သင်ယူပြီး သူ့အား လှောင်ပြောင်သူများကို ရိုက်နှက်ဆုံးမခဲ့ပြီးချိန်မှသာ လူများက ထိုအကြောင်းကို ပြောဆိုခြင်းရပ်တန့်သွားခဲ့သည်။ ဒသမမင်းသားတွင်တော့ ထိုသို့အတိတ်ဆိုးများ မရှိခဲ့ပေ။

အဋ္ဌမမင်းသားသည် နျန်ကုန်းယောင်၏ဖြူရော်နေသော မျက်နှာကို သတိပြုမိသွားပြီး အလျင်အမြန်ပင် ဟန့်တားသည်။

"ဒသမညီတော်... မင်း မူးနေပြီလား"

ဒသမမင်းသားမှာ သူ့အားစိုက် ကြည့်လိုက်ပြီး အသံမှာ ပို့လို့ပင် ကျယ်လောင်လာသည်။

"ငါပြောတာ ဘာမှားလို့လဲ၊ သူ့မယားကြီးရဲ့ သဝန်တိုမှုတွေကြောင့်သာ မဟုတ်ရင် သူတို့မှာ ဘာလို့ နျန်ကန်းယောင် တစ်ယောက်တည်းပဲ သားအဖြစ် ရှိနေရမှာလဲ အခုတော့ အဆင့်နိမ့်တဲ့ ဆွေမျိုးတွေတောင် သူ့ကို အနိုင်ကျင့်ရဲနေပြီ၊ ယုန်က လှည်းကိုဆွဲပြီး နွားက အပယ်ခံရသလိုမျိုးလေ၊ လုံးဝကို ကမောက်ကမတွေပဲ"

အဋ္ဌမမင်းသား "အသံတိုးဦး"

နျန်ကုန်းယောင်က ဂရုမစိုက်စွာ ပြန်ပြောသည်။

"ဒါက အမှန်တရားပဲ၊ ကျွန်တော့်ရဲ့ မိထွေးက သဝန်တိုတတ်ပြီး အဖေကလည်း သူမကို အလိုလိုက်ထားတာလေ ဒါပေမဲ့ ဒသမမင်းသား... ခင်ဗျား မှားနေတဲ့ အချက်တစ်ချက်ရှိတယ်၊ အဖေ့ဆီမှာ နျန်ကုန်းယောင်အပြင် နောက်ထပ် သမီးတစ်ယောက် ရှိပါသေးတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမက ပျောက်ဆုံးသွားတာ"

ဆယ့်သုံးပါးမြောက်မင်းသားက "ဘာလို့ သူမကို ရှာမတွေ့နိုင်ရတာလဲ၊ လူတစ်ယောက်က ဘယ်လိုလုပ် ဒီတိုင်းကြီး ပျောက်သွားနိုင်မှာလဲ"

နျန်ကုန်းယောင် အရက်ခွက်ကို တစ်ကျိုက် တည်းသောက်လိုက်ပြီး သူ့မျက်နှာတွင် အပြစ်ရှိသလို ခံစားရသည့် အမူအရာ ပေါ်လွင်လာသည်။

"ကျွန်တော့် ညီမလေးက အဖေ လျှို့ဝှက်ထားတဲ့ ကိုယ်လုပ် တော် တစ်ယောက်ရဲ့ ကလေးပါ၊ အဲ့အချိန် ကလေးက အသက်သုံးနှစ်ခွဲပဲ ရှိပါသေးတယ်၊ ကျွန်တော် သူမဆီကို သွားလည်ခဲ့တဲ့အချိန် ကျွန်တော်ကလည်း ငယ်သေးတော့ ဘယ်လိုဖုံးကွယ်ရမလဲ မသိခဲ့ဘူး၊ အဲဒီလိုနဲ့ လျှို့ဝှက်ချက် ပေါက်ကြားသွားခဲ့တယ်၊ အဲ့မှာ မိထွေးက သိသွားပြီး အစေခံတွေနဲ့အတူ ကိုယ်လုပ်တော်အတွက် ပြင်ဆင်ပေးထားတဲ့ အိမ်ကိုသွားခဲ့တယ်"

"သူမရဲ့ ဂုဏ်သိက္ခာအတွက် ကျွန်တော့်မိထွေးက ကိုယ်လုပ် တော်ကို ချက်ချင်းကွပ်မျက်တာမျိုး မလုပ်ခဲ့ဘူး၊ ဒါပေမဲ့ ကိုယ်လုပ်တော်က အဖေ့နားမှာ ဆက်နေချင်တယ်ဆိုရင် စံအိမ်တော်ထဲကို ဝင်လာရမယ်လို့ ပြောခဲ့တယ်၊ အကယ်၍ မဝင်ချင်ဘူးဆိုရင်တော့ အဆက်အသွယ် အားလုံးဖြတ်တောက်မယ့် စာချုပ်တစ်ခုကို လက်မှတ်ထိုးခိုင်းတယ်"

"ကိုယ်လုပ်တော်မှာ မွေးစားအစ်ကို တစ်ယောက်လည်း ရှိသေးတယ်၊ အဲဒါကို ကြားတော့ သူက မိထွေးကို နှလုံးသားမဲ့လွန်းတယ်ဆိုပြီး ကိုယ်လုပ်တော်ကို အဝေးခေါ်သွားချင်ခဲ့တယ်၊ ဒါပေမဲ့ ကိုယ်လုပ်တော်က အဖေ့ကို အရမ်းချစ်လွန်းလို့ ထွက်မသွားချင်ခဲ့ဘူး၊ ဒါကြောင့် သူမက မိထွေးနောက်ကနေ စံအိမ်တော်ထဲကို လိုက်လာခဲ့တာ၊ သူမနဲ့ သူမရဲ့သမီးက စည်းစိမ်ချမ်းသာနဲ့ အဆင့်အတန်း မရှိတော့ရင်တောင် အဖေ့ရဲ့အချစ်ကို ရနေဦးမယ်လို့ တွေးခဲ့တာလေ၊ ဟုတ်တယ်... သူမရဲ့ သမီးက လေးစားလောက်တဲ့ အဆင့်အတန်းတစ်ခုတော့ ရနိုင်တာပေါ့"

"ဒါပေမယ့် ဘယ်သူသိမှာလဲ၊ စံအိမ်တော်ကို ရောက်ပြီး သုံးလတောင် မပြည့်ခင်မှာ ကိုယ်လုပ်တော်က ဖျားနာပြီး သေဆုံးသွားခဲ့တယ်၊ သူမ မသေခင်မှာ သူမအစ်ကိုဆီကို စာတစ်စောင် ရေးခဲ့တော့ သူက စံအိမ်တော်ထဲ ဖောက်ဝင်လာပြီး ကလေးမလေးကို ခေါ်သွားခဲ့တယ်၊ အခုတော့ နှစ်တွေ အများကြီးကြာသွားခဲ့ပြီ၊ သူမ ဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှ မသိတော့ဘူး"

အဋ္ဌမမင်းသားက မေးသည်။

"မင်း ညီမလေးမှာ ထူးခြားတဲ့ အမှတ်အသားတစ်ခုခု ရှိလား၊ ငါ လူအများကြီးနဲ့သိတော့ သူမကို ရှာဖို့ ကူညီပေးနိုင်လောက်တယ်"

နျန်ကုန်းယောင်လည်း သူ့ညီမလေးအကြောင်း တွေးမိချိန် အပြုံးတစ်ခုခုအလိုလိုပေါ်လာပြီး "သူမရဲ့ ဘယ်ဘက်လက်မောင်းမှာ မှဲ့နီလေးတစ်ခု ရှိတယ်၊ နှင်းလိုဖြူဖွေးတဲ့ အသားအရေနဲ့ နက်မှောင်တဲ့ မျက်လုံးတွေလည်း ရှိတယ်၊ သူမက အရမ်းကို တက်ကြွတဲ့ ကလေးလေး၊ ငယ်ငယ်ကတည်းက လိမ္မာပါးနပ်တာ၊ ငယ်ငယ်တုန်းက ကျွန်တော် သူမဆီ လျှို့ဝှက်သွားလည်တော့

လမ်းလျှောက်တတ်ကာစ အရွယ်လေးပဲ ရှိသေးတာတောင် အမြဲတမ်း ကောကော ကောကောဆိုပြီး ခေါ်ရတာကြိုက်တယ်

နောက်တစ်ချိန်တွင် မင်းသားကိုးပါးကြား ထီးနန်းလုပွဲတွင် အောင်နိုင်သူဖြစ်လာမည့် ယင်ကျန်းသည် အလွန်ကောင်း မွန်သော မှတ်ဉာဏ်ရှိပြီး အသေးစိတ် အချက်အလက်လေးများကိုပင် ပြန်လည်မှတ်မိနိုင်စွမ်းရှိသည်။

ထို့ကြောင့် ယင်ကျန်းက "မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ကိုယ် တော်သိပါတယ် ဒါပေမယ့် မင်းရဲ့ ဆွေမျိုးတွေကို အရင်ဆုံးရှာပေးဖို့ ငါကြိုးစားကြည့်မယ်၊ အကယ်၍ တကယ် ရှာမတွေ့နိုင်ဘူးဆိုရင် စတုတ္ထမင်းသား စံအိမ်တော်က ယနေ့မှစပြီး မင်းရဲ့ အားကိုးရာ ဖြစ်စေရမယ်၊ ပြီးတော့ မင်းကို ငါ့ရဲ့ ညီမလေးအဖြစ် အသိအမှတ်ပြုမယ်၊ ယင်ကျန်းဆိုတဲ့ ငါရှိနေသရွေ့ မင်းမှာ စည်းစိမ်ချမ်းသာနဲ့ ဂုဏ်သိက္ခာတွေ ရှိစေရမယ်၊ ပြီးတော့ ဘယ်သူကမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး"

ချွင်းလင်က ဦးညွှတ်ကာ ကျေးဇူးတင်လေသည်။

"အရှင်မင်းသားရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားအတွက် အလွန်အမင်း ကျေးဇူးတင်ပါတယ်ရှင်"

ဖူကျင်းမှာ ယင်ကျန်း စာကြည့်ဆောင်သို့ လာခဲလှသည်။ ယင်ကျန်းက မေးသည်။

"ဘာကိစ္စရှိလို့လဲ"

ဖူကျင်း "အရှင်မင်းသားက ဝူကော်ကော်ကို အကျဉ်းစံအိမ်တော်ဆီ ပို့ဖို့ စီစဉ်နေတယ်လို့ ကြားလို့ပါ"

ယင်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။

"ဝူကော်ကော်က ရိုင်းစိုင်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်၊ လူတစ်ယောက်ကိုတောင် ကြာပွတ်နဲ့ ရိုက်ရဲသေးတာ၊ ဒီလိုလူမျိုးကို စံအိမ်တော်ထဲမှာ ဆက်ထားလို့မဖြစ်ဘူး၊ ဒီကိစ္စကိုသာ ပုံမှန်အတိုင်းလွှတ်ထားရင် နောက်ဆိုပြဿနာများလိမ့်မယ်

ဖူကျင်း သက်ပြင်းချလိုက်ရာ သူမ မျက်နှာတွင် အလိုမကျမှုများရစ်သန်းသွားသည်။

"ကျွန်တော်မျိုးမက ဝူကော်ကော်နဲ့ သိပ်ပြီး ရင်းနှီးတဲ့ ဆက် ဆံရေးမျိုး မရှိခဲ့ဖူးပေမယ့်လည်း သူမအတွက် ဝင်ပြောပေးချင်ပါတယ်၊ အကျဉ်းထောင်က ဘဝဟာ ခက်ခဲကြမ်းတမ်းလွန်းသလို အခြေအနေတွေကလည်း ဆင်းရဲပင်ပန်းပြီး အဲဒီကို ပြောင်းရွှေ့သွားရတဲ့ ကိုယ်လုပ်တော်တွေက ပြန်လာခဲပါတယ်"

"ဝူကော်ကော်က ငယ်သေးတော့ စိတ်လိုက်မာန်ပါ လုပ်တတ်တာဖြစ်ပါမယ်၊ အလိုလိုက်ခံထားရတော့ အမှားတွေ အများကြီးလုပ်မိတာ ပုံမှန်ပါပဲ၊ သူမကို ပညာပေးသင့်ပေမယ့် အကျဉ်းစံအိမ်တော်ကိုပို့ပြီး အပြစ်ပေးတာကတော့ လွန်ကဲလွန်းပါတယ် မင်းသား၊ သူမရဲ့ အပြုအမူက စည်းကမ်းမဲ့ပေမယ့် ကံကောင်းစွာနဲ့ ဘယ်သူမှ အသက်မသေခဲ့ပါဘူး၊ သူမကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတစ်ခု အရှင့်သား ပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်၊ ပြီးတော့ သူမက ရိုက်တာအပြင် တခြားအကြောင်းပြချက်များ ရှိနေသေးလို့လားရှင်”

All Chapters