← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

🌻 Chapter 79

ယင်ကျန်းသည် သူမလက်ကို ကိုင်ကာ ရယ်မောလျက် ပြောလယသည်။

"မင်း ဒီလောက် နားလည်ပေးနိုင်မှန်း သိခဲ့ရင် မနေ့ကချန်ကော်ကော်ဆီ ကိုယ်သွားခဲ့မှာမဟုတ်ဘူး"

[ရှင်ကလေ ဘာလို့ ငါလေးကို မြှူဆွယ်ဖို့ ဒီလို မျက်နှာချိုသွေးတဲ့ ဟန်အမူအရာလုပ်ပြနေရပြန်တာလဲ၊ အဲဒီ အပြုံးက အရမ်းကို... အဟမ်း ငါလေး ဂရုမစိုက်ပါဘူးနော်၊ ရှင့်ဘာသာ သွားချင်တဲ့သူဆီသာ သွား]

[သူ နည်းနည်းလေး ပိုချောလာရုံနဲ့ ငါက သူ့ကို ဘယ်လိုလုပ် ကြွေဆင်းသွားနိုင်မှာလဲ၊ ငါလေးကို ရုပ်ရည်ပဲ ဂရုစိုက်တဲ့ နှာဘူးမ မှတ်နေလား]

ကမ်းကော်ကော်မှာ သူမလက်ကို ရုန်းရန်ကြိုးစားခဲ့သော် လည်း ယင်ကျန်းက တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ရုတ်တရက် မေးလိုက်သည်။

"ညီတော် ၁၃ နဲ့ ပတ်သက်ပြီးရော မင်း ဘယ်လိုထင်လဲ"

[ရှင့်ရဲ့မိခင်အကြောင်း မေးပြီးတဲ့နောက် မင်းသား ၁၃ အကြောင်း လာမေးတာလား၊ ငါလေးက ရှင့်ရဲ့ကိုယ်ပိုင် အတိုင်ပင်ခံမို့လို့လား]

ကမ်းကော်ကော် လေသံမှာ ခနဲ့မှုများ ရောယှက်နေသည်။

"အရှင်မင်းသားတို့က မြင့်မြတ်တဲ့ မင်းသားတွေလေ၊ ကျွန်တော်မျိုးမလို လူက အရှင်မင်းသားတို့ကို ဘယ်လိုလုပ် ဝေဖန်ရဲမှာလဲ"

ယင်ကျန်း၏မည်းမှောင်လာသော မျက်နှာအမူအရာကို သတိပြုမိသွားသဖြင့် သူမသည် ချက်ချင်းနောက်ဆုတ်သွားကာ အလျင်အမြန် ဆက်ပြောသည်။

"မင်းသား ၁၃ က သူရဲကောင်းဆန်တယ်၊ ချောမောတယ်၊ ခန့်ညားတယ် ပြီးတော့ သိုင်းပညာမှာလည်း ကျွမ်းကျင်ပါတယ်၊ ဒါပေမဲ့ ကော်ကော့်မျက်လုံးထဲမှာတော့ ဘယ်သူကမှ စတုတ္ထမင်းသားလောက် မကောင်းပါဘူး"

ယင်ကျန်းက လေးနက်စွာမေးသည်။

"မင်း တကယ်ပဲ အဲဒီလို ထင်တာလား"

[ရှင်က ဘယ်လိုထင်လို့လဲ၊ အခုချိန်မှာ ငါလေး ရှင့်ကို သေတဲ့အထိ ကိုက်သတ်ပစ်ချင်နေတာ၊ ငါ့ရဲ့ အစစ်အမှန် ခံစားချက်တွေကို ရှင့်ကိုပြောပြလိုက်ရင် ရှင် လန့်သွားမှာမို့လို့ ဟမ့်]

ကမ်းကော်ကော်မှာ ဝတ်ကျေတမ်းကျေ ခေါင်းညိတ်ပြလိုက်ပြီး သမ်းဝေလေသည်။

ယင်ကျန်း "ကိုယ်က မင်းကို ကမ္ဘာပေါ်မှာ အကောင်းဆုံး မိန်းမလို့ မထင်သလို ဒီဘဝမှာ မင်းတစ်ယောက်တည်းကိုပဲ ကိုယ့်ရဲ့ မိန်းမအဖြစ် မထားနိုင်တာ သေချာပေမယ့် ကိုယ် အတူနေခဲ့ဖူးတဲ့သူတွေကလွဲရင် နောက်ထပ် မိန်းမသစ်တစ်ယောက်ကို ဘယ်တော့မှ မထိတွေ့တော့ဘူးလို့ မင်းကို ကိုယ် ကတိပေးနိုင်ပါတယ်"

သူ ထိုသို့ကတိပေးခြင်းမှာ ကမ်းကော်ကော်ကို အလွန်ချစ်သောကြောင့်မဟုတ်ပဲ သူ့အား ကာမဂုဏ်လိုက်စားသူ တစ်ယောက်ဟုအထင်မခံချင်သောကြောင့် ပြောလိုက်ခြင်းဖြစ် သည်။ ဟုတ်တယ်... သူ သူမကို ချစ်လို့ လုံး၀လုံး၀ မဟုတ်ဘူး။

[ရှင် ဘာတွေ လာပြောနေတာလဲ၊ မိန်းမသစ်တွေကို ထိတွေ့တာဖြစ်ဖြစ် မထိတွေ့တာဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်လို့လဲ၊ ပြီးတော့ ငါ့ကို ဘာလို့ ဒီကတိလာပေးနေရတာလဲ]

[ပြီးတော့ ယောကျာ်းတွေရဲ့ ကတိတွေကိုသာ ယုံကြည်လို့ရမယ်ဆိုရင် ဝက်တွေတောင် ကိုယ့်ဘာသာ အာသာဖြေတတ်လာလိမ့်မယ်]

[တခြားအရာတွေ အားလုံးကို ဖယ်ထားလိုက်ရင် ရှင့်ရဲ့ စတုတ္ထသားတော် ဟုန်လီက ဘယ်လိုမွေးလာတာလဲပဲ ပြန်စဉ်းစားကြည့်ရမယ်၊ သူ့ရဲ့မိခင်အရင်းက အစေခံလား၊ ကိုယ်လုပ်တော်လား၊ ဒါမှမဟုတ် သူ့ရဲ့ အမည်ခံမိခင်လား၊ ဘယ်သူမှန်းကိုမသိဘူး... အခုချိန်ထိ တရားဝင်မဟုတ်တဲ့ သမိုင်းမှတ်တမ်းတွေမှာ အငြင်းပွားဖွယ်ရာ အချက်အလက်တွေ အပြည့်ရှိနေတုန်းပဲ၊ ဒါပေမဲ့ သူ့ကို မွေးဖွားခဲ့တာ မူလကမ်းကော်ကော် မဟုတ်တာတော့ သေချာတယ်]

[ဟွန့်... ကတိဆိုတာ စကားနဲ့ ပြောရုံပြောပြီးလုပ်လို့ရတဲ့ အရာမျိုးမဟုတ်ဘူး]

ကမ်းကော်ကော် နှုတ်ခမ်းများမှာ မျဉ်းဖြောင့်တစ်ကြောင်းနီးပါး စိစိပိတ်သွားပြီး သူမမျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် အလင်းတန်းတစ်ခု ပစ်လွှတ် လိုက်သော်လည်း သူမမှာ အံကြိတ်ကာ ပြန်ဖြေဆဲပင်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းသား"

ယင်ကျန်းမှာ ဘာမှမတတ်နိုင်စွာဖြင့် နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်ပြီး မင်းသား ၁၃ အကြောင်းကို ဆက်ပြောလေသည်။

"မင်းသား ၁၃ က သူရဲကောင်းဆန်ပြီး သစ္စာရှိပေမယ့် အရာအားလုံးမှာ မျက်နှာနှစ်ဖက်ရှိတယ်၊ အဲဒီလို ကိုယ်ရည်ကိုယ်သွေးမျိုးက ပြဿနာတွေကို အလွယ်တကူ ဆွဲဆောင်နိုင်တယ်"

[သေချာတာပေါ့၊ အိမ်ရှေ့စံမင်းသားကြောင့် အမှုပတ်ပြီး အကျဉ်းချခံရပြီးတဲ့နောက် သူ့ခြေထောက်မှာ အဆိပ်ပါတဲ့ အနာတစ်ခုဖြစ်လာပုံရတယ်၊ ဒါပေမဲ့ ငါ အသေးစိတ်ကိုတော့ မသိဘူး၊ အချိန်မီ မကုသခဲ့လို့ အဲဒီအနာကြောင့် သူ့ခြေထောက်မသန်မစွမ်း ဖြစ်သွားလုနီးပါး ဖြစ်ခဲ့တယ်ဆိုတာကိုပဲ သိတော့တယ်]

[ဒါပေမဲ့ ယင်ကျန်း နန်းတက်ပြီးတဲ့နောက် သူက ဘယ်သူမှမထိနိုင်တဲ့ မင်းသားတစ်ပါး ဖြစ်လာလိမ့်မယ်၊ သူ သေဆုံးပြီး နှစ်အနည်းငယ်အကြာမှာ ရှင်လည်း လိုက်သွားရမှာပဲ၊ ရှင့်တို့ နှစ်ယောက် ငရဲပြည်မှာ ညီအစ်ကိုကောင်းတွေ ဆက်ဖြစ်လို့ ရသေးတာပေါ့]

ကမ်းကော်ကော် ညင်သာစွာ ပြောလိုက်သည်။

"မင်းသား ၁၃ မှာ ကြီးမားတဲ့ စည်းစိမ်ချမ်းသာနဲ့ ဂုဏ်ကျက် သရေရှိတဲ့ မျက်နှာသွင်ပြင်ရှိတယ်လို့ ကော်ကော် မြင်ပါတယ်၊ သူ ကံဆိုးမှုတွေနဲ့ ကြုံတွေ့ရရင်တောင် ကံကောင်းခြင်းတွေအဖြစ် ပြောင်းလဲသွားမှာ သေချာပါတယ်"

ယင်ကျန်းသည် ထပ်မံ၍စူးစမ်းမေးမြန်းခဲ့သော်လည်း မည်သည့် အချက်အလက်ကိုမျှ မရရှိခဲ့သဖြင့် အတော်လေးစိတ် ပျက်သွားခဲ့သည်။ ဤသည်မှာ သူမ သိထားသမျှ အားလုံးဖြစ်ပုံရသည်။

မင်းက သမိုင်းကို ဖတ်ဖူးတာဆိုတော့ ဘာလို့ အသေးစိတ်ကို ပိုပြီးမမှတ်မိရတာလဲ၊ တရားမျှတမှုကိုပဲ အမြဲတွေးနေတော့ ဘာအသုံးကျမှာလဲ ..

ကမ်းကော်ကော်သည် သူ့ တုံ့ပြန်မှုကို ထူးဆန်းသည်ဟု ထင်ကာ ပြောလိုက်သည်။

"အခု ကျွန်တော်မျိုးမ မေးလို့ ရမလား၊ အရှင်မင်းသားက ဘာလို့ အဲ့အရာတွေကို ရုတ်တရက် လာမေးနေရတာလဲ"

"ဘာလို့လဲဆိုတော့ ကိုယ် မေးချင်လို့လေ"

ယင်ကျန်း တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောသည်။

"ဘာလို့လဲဆိုတော့ ညီတော် ၁၃ ကို ကိုယ် ဂရုစိုက်လို့ပါ၊ ပြီးတော့ အကြောင်းပြချက် တချို့ကြောင့် ကိုယ် မင်းနဲ့ အဲဒီအကြောင်း ဆွေးနွေးချင်တယ်"

ကမ်းကော်ကော်မှာ ဇဝေဇဝါဖြစ်သွားပြီး မှန်းဆလာသည်။

"မင်းသား ၁၃ က အသက်ကြီးလာပြီဖြစ်ပြီး သူ့အနားမှာ မိန်းမတစ်ယောက်မှ မရှိဘူးလို့ အရှင်မင်းသားထင်နေလို့ အမျိုးသမီး တစ်ယောက်အနေနဲ့ ကျွန်တော်မျိုးမရဲ့ အမြင်ကို ကြားချင်လို့များလား"

ယင်ကျန်းမှာ မည်သည့်အရာမှ မပြောလာသဖြင့် ထိုအရာကို ဝန်ခံခြင်းဟုပင် မှတ်ယူနိုင်ကာ ကမ်းကော်ကော်က မထီမဲ့မြင်ဖြင့် မျက်လုံးလှန်လိုက်မိသည်။

"သူက သန့်ရှင်းစင်ကြယ်ပြီး ဇနီးရှာဖို့ အလျင်မလိုပေမယ့် အရှင်မင်းသားက အရမ်းစိတ်အားထက်သန်နေတာပဲ၊ အရှင်မင်းသားမှ တကယ့်နှာဘူးကြီး"

ထိုစကားပြောပြီးသည်နှင့် တပြိုင်နက် သူမသည် ပါးစပ်ကို ကွယ်လိုက်ကာ မျက်လုံးများမှာ စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လှုပ်ရှားသွားသည်။

[အိုး ငါ့အတွေးတွေကို ထုတ်ပြောမိသွားပြီ]

သူမ မျှော်လင့်ထားသည့်အတိုင်း ယင်ကျန်း မျက်နှာမှာမည်းမှောင်သွားပြီး ပြောလာသည်။

"မင်း ဘာပြောလိုက်တာလဲ"

ကမ်းကော်ကော်မှာ အုတ်ခုတင်ပေါ်မှ သူမ ယခုလေးတင် ဖြတ်ထားသော အဝတ်စတစ်ခုကိုဆွဲယူကာ သူမမျက်နှာကို အုပ်လိုက်ပြီး ရှက်ရွံ့ခြင်းစွာဖြင့် ပြန်ဖြေသည်။

"ကျွန်တော်မျိုးမ ဘာမှမပြောပါဘူး၊ အရှင်မင်းသား အကြားမှားသွားတာပါ"

သူမသည် သဲထဲတွင် ခေါင်းဝှက်ထားသော ငှက်ကုလားအုတ် တစ်ကောင်ကဲ့သို့ဖြစ်နေပြီး သူမ ခန္ဓာကိုယ်အနေအထားကို သတိမထားမိခဲ့ပေ။

ယင်ကျန်းသည် သူမ တင်ပါးကို ရိုက်လိုက်ပြီးနောက် သူမဘောင်းဘီကို ဆွဲချွတ်လိုက်လေသည်။

"အား စတုတ္ထမင်းသား၊ ဘာလုပ်နေတာလဲ"

ကမ်းကော်ကော် မျက်နှာနီရဲသွားပြီး သူမဘောင်းဘီကို အောက်သို့ ပြန်ဆွဲချသည်။ ယင်ကျန်း၏လက်ချောင်းထိပ်များက သူမခါးကို ပွတ်သပ်သွားသည်။

"မင်း ဘယ်လိုထင်လဲ"

ကမ်းကော်ကော်မှာ တုန်လှုပ်သွားပြီး သူမလက်ကို ဆန့်ထုတ်လိုက်သည်။

"ကျွန်တော်မျိုးမ သွားပြီး မီးငြိမ်းလိုက်လို့ ရမလား"

ယင်ကျန်းက ပြန်ပြောသည်။

"အရင်က မီးထွန်းထားတာကို သဘောကျတယ် မဟုတ်ဘူးလား"

[အတိတ်က အတိတ်ပဲ၊ အဲဒီတုန်းက ရှင့်ရဲ့ မျက်နှာအမူအရာကိုမြင်ရတာ သဘောကျခဲ့ပေမယ့် အခုတော့ ရှင့်မျက်နှာကို မြင်တာနဲ့တင် ငါလေး ဒေါသထွက်တယ်]

ယင်ကျန်း နှုတ်ခမ်းများစူသွားပြီး အုတ်ခုတင်ပေါ်မှ ရုတ် တရက်ဆင်းကာ တံခါးအပြင်သို့ ဒေါသတကြီး ထွက်သွားပြီး သူ့အနောက်ရှိ လိုက်ကာကို ဆောင့်ပိတ်လိုက်သည်။

ကမ်းကော်ကော်မှာ ဇဝေဇဝါဖြစ်စွာဖြင့် မော့ကြည့်လိုက်သည်။ သူ ဘာဖြစ်သွားတာလဲ၊ သူ ဒေါသထွက်သွားတာလား၊ မီးမထွန်းဘဲ သူ မလုပ်နိုင်တာများလား၊ ညဘက်ကျ အမြင်ဝေဝါးတဲ့ ရောဂါများ ရှိနေတာလား...

ဒါပေမဲ့ သူ ထွက်သွားတော့လည်း ကောင်းတာပဲ၊ သူမမအတွက် အားစိုက်ရသက်သာစေတာပေါ့။

နှင်းများမှာ အရည်ပျော်သွားပြီဖြစ်ပြီး နုနယ်သော မြက်စိမ်းများပင် အညှောက်ပေါက်လာပြီ ဖြစ်သည်။

"နွေဦးရောက်လာပြီ၊ အရာအားလုံးက ပြန်လည် အစပြုလာပြီး တိရစ္ဆာန်လေးတွေလည်း ပြန်ရောက်လာကြပြီ"

ကမ်းကော်ကော်မှာ နှင်းလုံးလေးကို ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။ သူမစကားကို နားမလည်သော နှင်းလုံးလေးသည် သူ့ အမွေးပွပွ တင်ပါးကို ခါယမ်းကာ ထွက်ပြေးသွားသည်။

ကမ်းကော်ကော်သည်လည်း ကြက်သွန်မြိတ်လေး တစ်ပင်ကဲ့သို့ ဝတ်ဆင်ထားကာ သစ်တောရောင်ရှိသော ပါးလွှာပြီး ပေါ့ပါးသည့် ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး အစေခံများကို ရှောင်ရှားကာ ဥယျာဉ်ထဲတွင် တစ်ယောက်တည်း လမ်း လျှောက်ရန် တိတ်တဆိတ်ထွက်လာခဲ့သည်။

လူအများအပြားဖြင့် အမြဲဝန်းရံခံနေရသဖြင့် သူမသည် တစ်ကိုယ်တည်း နေထိုင်ခဲ့ရသော နေ့ရက်များကို လွမ်းဆွတ်လာခဲ့သည်။ အနှောင့်အယှက်ကင်းစွာဖြင့် နေရာတစ်ခုတွင် လွတ်လပ်စွာ တစ်ယောက်တည်း နေရသည်ကို သူမ နှစ်သက်လာမိသည်။

သို့သော် သူမသည် ဤဥယျာဉ်ထဲတွင် လမ်းလျှောက်ရသည်ကို ပင်ပန်းနေပြီဖြစ်ပြီး အိမ်တော်တွင် ဖြစ်ပျက်နေသော အရာများအားလုံးကို ကြည့်ရသည်ကိုလည်း ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ ဟင်း... သူမ ဘယ်တော့လောက် အပြင်ထွက် လမ်းလျှောက်ခွင့်ရမှာလဲ...

သူမ ကောင်းကင်ပြာနှင့် တိမ်ဖြူများကို တိတ်ဆိတ်စွာ ငေးကြည့်နေစဉ် ယွင်ရှုက အလျင်စလို ပြေးလာသည်။

"ကမ်းကော်ကော်၊ ဖူကျင်းက ကမ်းကော်ကော်ကို လာရှာဖို့ လူလွှတ်လိုက်တယ်၊ မြန်မြန်လာခဲ့ဖို့ ပြောပါတယ်"

ကမ်းကော်ကော်က မျက်မှောင်ကြုတ်မိသွားသည်။

"ဒီအချိန်ကြီး ဘာလို့ ငါ့ကို လာရှာခိုင်းရတာလဲ၊ အရေးတ ကြီးကိစ္စ တစ်ခုခုများ ရှိနေလို့လား"

ယွင်ရှု သူမကို တွဲထူပေးရင်း ပြောသည်။

"အဲဒီရောက်ရင် ကမ်းကော်ကော် သိရပါလိမ့်မယ်”

🌻 Chapter 80

ကျေးဇူးအရမ်းကြီးတာပဲ ယွင်ရှုရယ်၊ နင်က ပုံမှန်ဆို အရမ်း တိတ်ဆိတ်ပေမယ့် တစ်ခါတလေကျ အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောရတာ သဘောကျတာပဲ၊ နင်က ခြံဝင်းထဲမှာ ငါ့ကို ခေါင်းစားရစေတဲ့ တစ်ဦးတည်းသော အစေခံပဲ

ကမ်းကော်ကော်မှာ ဖူကျင်း နေရာသို့အလျင်အမြန်ရောက် လာခဲ့သည်။ ထိုနေရာတွင် လီစဲဖူမှလွဲ၍ လူတိုင်း ရှိနေကြပြီး ခြေကျင်းဝတ် ခေါက်သွားသော ချန်ကော်ကော်နှင့် အကျယ် ချုပ် ကျခံနေရသော ဝူကော်ကော်တို့ပင် မမျှော်လင့်ဘဲ ရှိနေကြလေသည်။

တကယ်ကို ဆိုးရွားတဲ့ ကိစ္စတစ်ခုခုများ ဖြစ်သွားခဲ့တာလား၊ အိမ်ရှေ့စံမင်းသားများ ရာထူးကနေဖယ်ရှားခံလိုက်ရပြီလား၊ ဒါပေမဲ့ အဲဒါက စတုတ္ထမင်းသားရဲ့အိမ်တော်နဲ့ ဘာများ သက်ဆိုင်လို့လဲ...

ကမ်းကော်ကော်သည် စိုးရိမ်တကြီးဖြင့် ၀င်ထိုင်သည်။ အတန်ကြာပြီးနောက် အဆုံးတွင် လီစဲဖူမှာ နောက်ကျမှ ရောက်လာခဲ့သည်။

လီစဲဖူက ဖောင်းကားနေသော ဗိုက်ဖြင့် မေးလာသည်။

"ဘာကိစ္စ ရှိလို့လဲ၊ နင်တို့ အားလုံးက အရမ်းကို အလျင်လိုနေကြတာပဲ၊ ငါ့ကို တစ်ရေးလောက်တောင် အိပ်ခွင့်မပေးဘူး၊ နင်တို့ ကိုယ်ဝန်မရှိတာ ကံကောင်းတယ်မှတ်၊ ငါ့ရဲ့ အခက် အခဲကို နားတောင် နားလည်ကြတာ မဟုတ်ဘူး"

ဖူကျင်းသည် ချွေ့မားမားအား သူမကိုကူညီပေးရန် ချက် ချင်းအချက်ပြလိုက်ကာပြောသည်။

"ညီမတော်ကို နားမလည်တဲ့သူ ဘယ်သူမှ မရှိပါဘူး၊ ဒါပေမဲ့ မြစ်ဝါမြစ် ရေကြီးမှုကြောင့် ရှန်တုန်းမှာ ရေဘေးသင့်တဲ့သူတွေက မြို့တော်ဆီ ထွက်ပြေးလာကြတယ်၊ အခု မင်းသားအိမ်တော်တိုင်းက တစ်ခုခုလုပ်ပေးဖို့ ပြင်ဆင်နေကြပြီး ငါတို့ကလည်း နောက်ကောက်ကျကျန်ခဲ့ပြီး စတုတ္ထမင်းသားကို အရှက်မခွဲနိုင်ဘူးလေ"

ကမ်းကော်ကော်မှာ သူမဘာသာ တွေးနေမိသည်။

[ချင်းမင်းဆက်မှာ နှစ်စဉ်နှစ်တိုင်းလိုလို ရေကြီးမှုတွေ ဖြစ်ပွားလေ့ရှိပြီး မြစ်ဝါမြစ်က အမြဲတမ်း ကမ်းပါးတွေ ကျိုးပေါက်တတ်တယ်လို့ သူမ ကြားဖူးတာ ကြာပြီ၊ နောက်ဆုံးကျ ပြုပြင်မှုတွေက မလုံလောက်လို့ပဲ]

ဖူကျင်းသည် ချန်ကော်ကော်အား မျက်စိတစ်ဖက်ပင့်ပြလိုက်ရာ ချန်ကော်ကော်က ဆက်ပြောသည်။

"ကျွန်တော်မျိုးမတို့က အားနည်းတဲ့ အမျိုးသမီးတွေဖြစ်လို့ ဆန်ပြုတ်လည်း မဝေနိုင်သလို မြစ်ကမ်းပါးတွေကိုလည်း မပြုပြင်နိုင်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်မျိုးမတို့ လုပ်နိုင်သ လောက် အစားအစာနဲ့ လဲလှယ်ဖို့ ငွေတချို့လှူဒါန်းပြီး ဆန်ပြုတ်ရုံတွေဆီ ပို့ပေးဖို့ပဲတတ်နိုင်တယ်"

သူမသည် သနားကြင်နာတတ်သော မျက်နှာအမူအရာဖြင့် ပြောလိုက်ပြီး သူမ စကားများမှာ တရားမျှတကာ ရိုသေလေးစားဖွယ် ကောင်းလှသည်။

ကမ်းကော်ကော်သည် သူမကို တစ်ချက် ကြည့်လိုက်သည်။ သူမ ခြေကျင်းဝတ်များမှာ ဖောင်းကားနေပြီး အနည်းဆုံး ပတ်တီး အလွှာဆယ်လောက်ဖြင့် ပတ်ထားပုံရသည်။

ဒီခြေကျင်းဝတ် ခေါက်သွားတာက တော်တော်လေးပြင်းထန်ပုံရတယ်၊ အဲဒါက ဝူကော်ကော်ရဲ့ခြေကျင်းဝတ် ခေါက်သွားတာထက်ကို ပိုပြင်းပုံပဲ...

စုန့်ကော်ကော်က ပြောသည်။

"ဒါက အဓိပ္ပါယ်ရှိတယ်၊ အသက်ရှင်နေတဲ့ လူတစ်ယောက်က စေတီတစ်ဆူထက် ပိုကောင်းတယ် ဆိုတဲ့ စကားပုံလိုပါပဲ၊ ကျွန်မရဲ့အဖိုးတန်ဆုံး လက်ဝတ်ရတနာ သုံးခုကို လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ပြီ"

ထိုသို့ပြောပြီးနောက် သူမ လက်ကောက်ဝတ်ရှိ ကျောက် စိမ်းလက်ကောက်ကို ချွတ်လိုက်ကာ သူမ ပိုက်ဆံအိတ်ထဲမှ အနီရောင် သန္တာကျောက် နားကပ်တစ်ရံနှင့် ရွှေရောင် လိပ်ပြာဆံထိုး တစ်ခုတို့ကို ထုတ်ယူလိုက်သည်။

လက်ဝတ်ရတနာများ ဆင်ယင်ထားသော လီစဲဖူက နှုတ်ခမ်းကို ကွေးညွတ်ကာ ပြောသည်။

"ထပ်လာပြန်ပြီ၊ နင် ကမ်းကော်ကော်ကို လက်ဆောင်ပေးတုန်းကလည်း ဒီလိုပဲ၊ ဒီလို စကားပုံကြီးတွေနဲ့ အကျပ်ကိုင်တဲ့နည်းလမ်းကို အသုံးပြုတာ ဘယ်တော့မှ ရပ်တန့်မှာလဲ"

ဖူကျင်းမှာ သူမ ခေါင်းကိုတစ်ချက်လှည့်ကြည့်ကာ ပြောလာသည်။

"ဒါက ဘယ်လိုလုပ် စကားပုံကြီးတွေနဲ့ အကျပ်ကိုင်တာ ဖြစ်နိုင်မှာလဲ၊ စုန့်ကော်ကော်က စံနမူနာပြရုံသက်သက်ပါ၊ ဒီနေ့ လှူဒါန်းမှုတွေက ကိုယ့်သဘောဆန္ဒအတိုင်းပဲ ထည့်နိုင်ပါတယ်"

ဝူကော်ကော်မှာ ကျမ်းစာတစ်ထပ်ကို ထုတ်ယူလိုက်ကာ ဖူကျင်းအား လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ ပြောသည်။

"ဒါတွေက ရေကြီးမှု အမြန်ဆုံးသက်သာသွားဖို့ မျှော်လင့် ချက်နဲ့ တစ်ညလုံး ကျွန်တော်မျိုးမရဲ့ သွေးနဲ့ ကူးရေးထားတဲ့ ကျမ်းစာတွေပါ၊ ပြီးတော့ ဒီရန်ပုံငွေ ရှာဖွေမှုအတွက် ငွေစနှစ်ရာကို ကျွန်တော်မျိုးမရဲ့မိသားစုကို ပို့ခိုင်းထားပါတယ်"

လီစဲဖူ လှောင်ပြောင်သည်။

"ဟား၊ နင်က နွားလား၊ ရေဘေးသင့်တဲ့ သူတွေအတွက် ဆုတောင်းပေးရင်း ငါတို့ရဲ့ အရှင်မင်းသားကို မြှောက်ပင့်ဖို့ ကျမ်းစာတွေ ကူးရေးနေတာလား"

ဝူကော်ကော်မှာ ခေါင်းကို အနည်းငယ် ငုံ့လိုက်ရာ သူမမျက်လုံးများတွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ဖူကျင်းက ဖြတ်ပြောလိုက်သည်။

"ဒါက သူတို့ရဲ့ ကြင်နာတဲ့ လုပ်ရပ်ပါ၊ လီစဲဖူ... နင် ရေဘေးသင့်တဲ့သူတွေကို နောက်ပြောင် မပြောဆိုသင့်ဘူး"

"ငါက ဘယ်တုန်းက ရေဘေးသင့်တဲ့ သူတွေကို နောက်ပြောင်လို့လဲ"

လီစဲဖူမှာ စကားမပြောဘဲနေနေသော ကမ်းကော်ကော်ကို ကြည့်ကာ နှုတ်ခမ်းစူ၍ ပြောလိုက်သည်။

"နင်က အရမ်းဆင်းရဲတာကို လှူချင်သေးတာလား"

ကမ်းကော်ကော်မှာ သူမ၏နည်းပါးလှသော အရင်းအမြစ်များကို စိတ်ထဲမှ တွက်ချက်ထားပြီး ဖြစ်သည်။ စတုတ္ထမင်းသားပေးသနားထားသော လက်ဝတ်ရတနာများမှာ အဖိုးတန်သော်လည်း ၎င်းတို့၏ ရာထူးအဆင့်အမှတ်အသားများကြောင့် လုံးဝနီးပါးရောင်းချ၍မရနိုင်ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် သူမသည် ၎င်းကို အသုံးပြုရန်သာတတ်နိုင်ပြီး ငွေသားအဖြစ် ရောင်းချ၍မရနိုင်ချေ၊ ထိုသို့မဟုတ်ပါက မလေးစားမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

စုန့်ကော်ကော်ထံမှ လက်ဆောင်များကိုလည်း သူမ လှူဒါန်းမည် မဟုတ်ချေ။

လစဉ်ကြေးနှင့် အခြားနည်းလမ်းများမှ သူမ စုဆောင်းထားသော ငွေဆယ်တန်ကို အရေးပေါ်အချိန်အတွက် သိမ်းထားရမည်ဖြစ်သည်။ ယင်ကျန်းထံမှ သူမ တောင်းဆိုထားသော ရွှေဖရဲစေ့ ပန်းကန်လုံး သုံးလုံးကိုလည်း ထင်ထင်ရှားရှားထုတ် ၍ မလှူဒါန်းနိုင်ပေ။

ထို့ကြောင့် ကမ်းချန်ချန်က လိမ္မာပါးနပ်စွာဖြင့် "ကျွန်တော်မျိုးမမှာ ပိုင်ဆိုင်မှုသိပ်မရှိပါဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခေါက်က စဲဖူ ပေးသနားထားတဲ့ ရွှေကွပ်ကျောက်စိမ်းလက်ကောက်လေးက တော်တော်လေးတန်ဖိုးရှိပုံရပါတယ်၊ စဲဖူသာ စိတ်မရှိဘူးဆိုရင် အဲဒါလေးကို လှူဒါန်းချင်ပါတယ်၊ ဒါဆို ကျွန် တော်မျိုးမတို့ နှစ်ယောက်လုံးအတွက် ကုသိုလ်ရတာပေါ့ရှင်"

ကမ်းချန်ချန်မှာ ပစ္စည်းလည်း လှူလိုက်ရသလို မည်သူ့ကိုမျှလည်း မစော်ကားမိသကဲ့သို့ ခံစားလိုက်ရသည်။

[အာ... ဒီလို အန္တရာယ်များတဲ့ အခြေအနေမှာ အသက်ရှင်သန်ရတာ တော်တော် ခက်ခဲတာပဲ၊ ဘာပဲဖြစ်ဖြစ် ဖူကျင်းနဲ့ စဲဖူက သူတို့သာ စိတ်မကြည်ရင် ငါ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်တယ်လေ]

ထို့အပြင် ယင်ကျန်း၏တစ်ဖက်သတ် စစ်အေးတိုက်ပွဲကြောင့် ခဏတာအချစ်တော် ကိုယ်လုပ်တော် အဆင့်အတန်းလေးမှာလည်း ပျောက်ဆုံးသွားခဲ့ရပြီဖြစ်သည်။ သူမတွင် အားကိုးစရာ မည်သူမျှ မရှိသဖြင့် ယခင်ကထက်ပင် ပို၍ သတိထားနေရသည်။

လီစဲဖူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "နင်က အလိုက် သိတတ်သားပဲ၊ ဒါပေမဲ့ နင့်ကို ပေးထားပြီးတဲ့ဟာက နင့်ပစ္စည်းဖြစ်သွားပြီလေ၊ ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ"

ဝူကော်ကော် ခေါင်းကိုမော့ကာ အားနည်းဟန်မဆောင်တော့ဘဲ ရန်စသည့်ပုံစံဖြင့် စကားစလာသည်။

"စဲဖူ... အခုထိ ဘာပေးမလဲ မပြောရသေးတာ စဲဖူ တစ်ယောက်ပဲ ကျန်တော့တယ်နော်၊ စဲဖူက သူများကို ပေးပြီးသား ပစ္စည်းတွေကိုပဲ အရေအတွက် ပြည့်အောင် ပြန်လှူပေးမလို့တော့ မဟုတ်ပါဘူးနော်၊ ခစ်ခစ်... လူဆိုတာ သိပ်ပြီး ကပ်စေးမနှဲသင့်ဘူးလေ”

All Chapters