← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

🌻 Chapter 87

ကမ်းကော်ကော်က ပြန်ပက်ပြောသည်။

"ချန်ဝမ်အာ... ရှင့်မှာ ဦးနှောက်ကော ရှိသေးရဲ့လား၊ ငါက ကြောင်တစ်ကောင်ကို ဘယ်လိုလုပ် အမိန့်ပေးခိုင်းစေလို့ ရမှာလဲ၊ ပြီးတော့ ငါက ဘာကို အပြစ်ရှိသလို ခံစားရမှာလဲ၊ အဲဒီစက္ကူကို ယူလာတာက ရှင်လေ"

လီစဲဖူမှာ နှင်းလုံးလေးကို ကြည့်ကာ အတိတ်ဟောင်းများကို ပြန်အမှတ်ရမိပြီး သူမ၏ ကွဲကြေသွားသော ပန်းအိုးများနှင့် ကျောက်စိမ်းရတနာများအတွက် ရင်နာမိဆဲပင်။

ထို့နောက် သူမတွင် ကိုယ်ဝန်ရှိနေသည်ကို သတိရသွားသဖြင့် အကြောက်လွန်ကာ နောက်သို့ ခြေနှစ်လှမ်း ချက်ချင်း ဆုတ်လိုက်သည်။ ဤကြောင်မှာ ကြမ်းတမ်းပြီး ပါးနပ်လှသည်။ သူမ ကလေးမှာလည်း နှင်းလုံးလေး လက်ချက်ကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရသည်။

နှင်းလုံးလေးက ခေါင်းစောင်းကာ လီစဲဖူကို ကြည့်လိုက်ပြီး ထိုအမျိုးသမီးကို ရင်းနှီးနေသလို ခံစားလိုက်ရဖြင့် သူက သူမကို ကြည့်ကာ နှစ်ခါအော်လိုက်ပြီး အားအင်အပြည့်ဖြင့် နောက်ခြေထောက်များကို အားပြုကာ ခုန်တက်လာသည်။

လီစဲဖူမှာ လန့်ဖြန့်သွားပြီး နှင်းလုံးလေးက သူမကို တိုက်ခိုက်တော့မည်ဟု ထင်ကာ အလောတကြီး အော်သည်။

"မြန်မြန်... ငါ့ကို ကာကွယ်ကြ"

ကံကောင်းစွာပင် ကမ်းကော်ကော်က ဟော်မုန်းအပြောင်း အလဲကြောင့် ကြောင်လေး ပြဿနာရှာမည်ကို ကြိုတင်ပြင်ဆင်ထားသဖြင့် လီစဲဖူရှေ့တွင် ချက်ချင်း ဝင်ရပ်ကာ နှင်းလုံးလေးကို ပွေ့ချီလေသည်။

လီစဲဖူ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒီတိရစ္ဆာန်ကို အိမ်ထဲမှာ အရင်သွားလှောင်ထားစမ်း"

ကမ်းကော်ကော်က နှင်းလုံးလေးကို ယွင်ကျွမ်းထံကမ်းပေး လိုက်ရာ ယွင်ကျွမ်းက ကြောင်လေးကို အိမ်ထဲသို့ သယ်သွားလေသည်။ လီစဲဖူက သူမ ဆံပင်များကို သေချာသပ်တင်ပြီးပြောသည်။

"နင်တို့နှစ်ယောက်စလုံးမှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိနေတော့ ငါ ဆုံးဖြတ်ချက် မချပေးနိုင်ဘူး၊ စတုတ္ထမင်းသားနဲ့ ဖူကျင်း ပြန်လာတာကို စောင့်ပြီးမှ ဆက်ပြောကြတာပေါ့၊ နင်တို့နှစ်ယောက်က ကော်ကော်တွေ ဖြစ်တာတောင် အိမ်တော်ထဲမှာ အစေခံတွေကို ရန်ဖြစ်ခွင့်ပေးထားတာက အိမ်တော်ရဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေပြီး စတုတ္ထမင်းသားအတွက်လည်း အရှက်ရစေတယ်၊ နင်တို့နှစ်ယောက် ဒီမှာ ဒူးထောက်ပြီး ကိုယ့်အမှားကို ပြန်လည် ဆင်ခြင်ကြ"

ခြံဝင်းအတွင်းရှိ ကြမ်းပြင်မှာ ကြမ်းတမ်းပြီး အရောင်မတင်ရသေးသော အုတ်ချပ်များဖြင့် ပြုလုပ်ထားရာ မိန်းမတစ်ယောက်၏ နူးညံ့သော ဒူးများက အချိန်အကြာကြီး ဒူးထောက်ထားရန် သေချာပေါက် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် ထိုအရာမှာ လီစဲဖူ ဖြစ်စေချင်သည့်အတိုင်းပင် ဖြစ်သည်။ ချန်ဝမ်အာမှာ သူမ ရွံရှာသော ဖူကျင်း၏ ခွေးတစ်ကောင်ဖြစ်ပြီး ကမ်းကော်ကော်မှာ စတုတ္ထမင်းသားကို မြူဆွယ်နေသည့် မြေခွေးမတစ်ကောင် ဖြစ်သောကြောင့် သူမ နှစ်ယောက်စလုံးကို မနှစ်မြို့ပေ။ ယခု ထိုနှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း သင်ခန်းစာပေးရန် အခွင့်အရေးရလာခြင်းက စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

လီစဲဖူမှာ ကိုယ်ဝန်ရင့်မာနေသဖြင့် လေကြာကြာ အတိုက်မခံနိုင်သောကြောင့် ကမ်းကော်ကော် အပြင်ဘက်အခန်းတွင် ထိုင်ကာ ဖရဲစေ့များကို သက်သောင့်သက်သာ စားရင်း ဒူးထောက်နေသော ထိုနှစ်ယောက်ကို ကြီးကြပ်နေလေသည်။

ကမ်းကော်ကော် ဒူးများမှာ ဒူးထောက်ထားရသဖြင့် နာကျင်နေသော်လည်း ကံကောင်းစွာဖြင့် အကြောင်းပြချက်မရှိဘဲ အပြစ်ပေးခံရမည်ကို စိုးရိမ်ခဲ့သဖြင့် သူမ အဝတ်အစားအတွင်းတွင် သွေးအိတ်တစ်ခုကို အထူးချုပ်လုပ် ထည့်သွင်းထားခဲ့သည်။

ထိုအချိန်တွင် သူမက ဝမ်းဗိုက်နားသို့ လက်လျှိုဝင်ကာ သွေးအိတ်ကို ရှာတွေ့သွားပြီး လက်မဖြင့် ပြင်းပြင်းထန်ထန် ညှစ်ဖောက်လိုက်သည်။

"သွေးတွေ..."

"ကြမ်းပြင်ပေါ်မှာ သွေးတွေပဲ"

"ဘာဖြစ်တာလဲ"

ကမ်းကော်ကော် ခြေရင်းတွင် အနက်ရောင်သန်းနေသော သွေးကွက်ကြီး တဖြည်းဖြည်း စီးကျလာပြီး သူမကအား နည်းစွာ တုန်ယင်လျက် မောပန်းနွမ်းနယ်စွာ သတိလစ်သွားသည်။

ချန်ဝမ်အာ ကမ်းကော်ကော်ကိုကြည့်ပြီး မျက်မှောင်ကြုတ်မိသည်။ လီစဲဖူပင် လန့်သွားပြီး မေးမိသည်။

"ကမ်းကော်ကော် ရာသီလာတာလား"

ယွင်ကျွမ်း "မဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့ ကော်ကော်က ရာသီမလာတာ တစ်လကျော်နေပါပြီ"

အမှန်တွင် ကမ်းကော်ကော် ရာသီစက်ဝန်းမှာ ပုံမှန်မဟုတ်ဘဲ တစ်ခါတစ်ရံ နှစ်လ သို့မဟုတ် လေးလအထိ ကြာတတ်ပြီး ပထမဆုံးရက်တွင် ရာသီလာစဉ် ကိုက်ခဲမှု ဝေဒနာကို မကြာခဏ ခံစားရလေ့ရှိသည်။

သူမက ငယ်စဉ်ကတည်းက အာဟာရချို့တဲ့ခဲ့သဖြင့် အသက် ၁၄ နှစ်အထိ ရာသီမလာခဲ့ဘဲ အအေးဒဏ်ကြောင့် အသက်အန္တရာယ်နီးပါး ကြုံတွေ့ခဲ့ရသဖြင့် သူမခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အတော်လေး အားနည်းလှသည်။

သို့သော် လီစဲဖူက ထိုအရာများကို မည်သို့ သိနိုင်မည်နည်း။ သူမက ကျန်းမာရေးကောင်းမွန်ပြီး အသက်နှစ်ဆယ်ကျော်အရွယ်တွင်ပင် ရာသီစက်ဝန်း ပုံမှန်ရှိသည်။ ယခု သူမက ကိုယ်ဝန်ရှိနေပြီး မကြာသေးမီက ကမ်းကော်ကော် ရရှိထားသော မျက်နှာသာပေးခံရမှုကို စဉ်းစားမိသွားသည်။

ထို့နောက် ကြမ်းပြင်ပေါ်ရှိ သွေးကွက်ကြီးကို စိုက်ကြည့်ရင်း သူမ မျက်လုံးများကျုံ့သွားကာ နဖူးပေါ်တွင် ချွေးစေးများ ကျလာပြီး တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။

"သူမ ကိုယ်ဝန်ရှိနေတာများလား"

သူမ စကားများက အခြေအနေကို မသိသော ပတ်ဝန်းကျင်ရှိ လူများ ခန့်မှန်းချက်များကို ထင်ဟပ်စေသည်။ အစေခံအိုများပင် အကြောက်လွန်ကာ ချွေးစေးများပြန်ပြီး ဒူးထောက်လျက် တုန်ယင်နေကြသည်။

လီစဲဖူက "မြန်မြန်... မြန်မြန် သမားတော် သွားခေါ်ချေ"

အကယ်၍ ကမ်းကော်ကော်သာ ကိုယ်ဝန်ရှိနေပြီး သူမ ဒူးထောက်ခိုင်းသည့် အပြစ်ပေးမှုကြောင့် ကိုယ်ဝန်ပျက်ကျသွားပါက စတုတ္ထမင်းသားဆီမှ အပြစ်ပေးခြင်းကို သေချာ ပေါက် ခံရမည်ဖြစ်သည်။

ထို့ပြင် ယခုအချိန်တွင် သူမကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်ထားရသူဖြစ်ရာ မမွေးသေးသော တခြားကလေးတစ်ယောက်သေဆုံးမှုကိုပါ သွယ်ဝိုက်သောနည်းဖြင့် လုပ်လိုက်သလိုဖြစ်နေသည် မဟုတ်ပါလား။

ဒါတွေအားလုံးက ချန်ကော်ကော်ရဲ့ အပြစ်တွေချည်းပဲ၊ ဘာလို့ ကမ်းကော်ကော်ကို သွားရန်စရတာလဲ၊ အဲဒီကောင်မလေးရဲ့ ခန္ဓာကိုယ်က စက္ကူနဲ့ လုပ်ထားတာဆိုတာကို သူမ မသိဘူးလား...

ကံကောင်းသည်မှာ ချန်ကော်ကော်က စတုတ္ထမင်းသား မျက်နှာသာပေးခြင်းကို တစ်ခါမှ မခံရဖူးသဖြင့် ကိုယ်ဝန်ရရန် အခွင့်အရေးမရှိခြင်းပင်။

လီစဲဖူက ကမ်းကော်ကော်ကို အနားယူရန် ကုတင်ပေါ်သို့ သယ်ဆောင်စေသော်လည်း ချန်ကော်ကော်ကိုမူ ထခွင့်မပေးပေ။ ထိုအစား သူမက ခက်ထန်သောလေသံဖြင့်

"ချန်ကော်ကော်... နင် သေချာ ဒူးထောက်နေစမ်း၊ ကမ်းကော်ကော် ဘာမှမဖြစ်ပါစေနဲ့လို့ နင် ဆုတောင်းထားတာပိုကောင်း မယ်၊ မဟုတ်ရင် စတုတ္ထမင်းသား ပြန်လာတဲ့အခါ အဲဒါက နင့်တာဝန်ပဲ ဖြစ်လိမ့်မယ်"

ချန်ကော်ကော်က အတွင်းစိတ်ထဲမှ တိတ်တဆိတ် ပျော်ရွှင်နေသည်။ ဒူးထောက်ထားရသဖြင့် သူမ ဒူးများ နာကျင်နေသော်လည်း ကမ်းကော်ကော် ကလေးအတွက်တော့တန် သည်ဟု ခံစားရသည်။

ထို့နောက် သူမက သနားစရာကောင်းသော လေသံဖြင့်

"ကမ်းကော်ကော်က အားနည်းတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းကလည်း အအေးဒဏ်ကြောင့် သူမ သတိလစ်သွားသေးတယ်လေ၊ အဲဒါကြောင့် ခုနက ရန်ဖြစ်နေပေမယ့်လည်း ကျွန်မက သူမကို လက်နဲ့တောင် မထိရဲခဲ့ပါဘူး၊ စဲဖူ... အခု သူမ သွေးထွက်တာက ဒူးထောက်ခိုင်းခံရလို့ဆိုတာ အားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ"

လီစဲဖူက သူမ နှာခေါင်းကို လက်ညှိုးဖြင့်ထိုးကာ

"ပါးစပ်ပိတ်ထားစမ်း... နင်ကများ ပြန်ပြောရဲသေးတယ်ပေါ့လေ၊ သူမ ကိုယ်ဝန်ပျက်ကျပြီး သွေးထွက်တာက ခုနက ရန်ပွဲမှာ နင့်ကို ဒေါသထွက်လို့ဆိုတာ သိသာနေတာပဲ၊ အဲဒီအချိန်တုန်းက ချက်ချင်းမဖြစ်လာပေမယ့် ငါ ဒူးထောက်ခိုင်းတဲ့အချိန်ရောက်မှ ခန္ဓာကိုယ်က တုံ့ပြန်လာတာလေ၊ မဟုတ်ရင် ဒီလို အချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ် ကိုယ်ဝန် ပျက်ကျနိုင်မှာလဲ"

"ဒါပေမဲ့..."

"ယင်းလော့... သူ့ကို ပါးရိုက်လိုက်စမ်း"

ယင်းလော့က ချက်ချင်းပင် ချန်ကော်ကော်မျက်နှာကို ဆယ်ချက်ထက်မက ရိုက်ချလိုက်သည်။

ချန်ကော်ကော် နှုတ်ခမ်းထောင့်မှ သွေးစများ စီးကျလာသည်ကို မြင်သောအခါမှသာ လီစဲဖူက ပိုစိတ်အနှောင့် အယှက်ဖြစ်လာကာ ယင်းလော့ကို ရပ်ခိုင်းလိုက်တော့သည်။

ယင်းလော့ လက်များပင် ထုံကျင်သွားပြီး လီစဲဖူဘေးသို့ ခေါင်းမော့ရင်မော့ကာ ပြန်လာခဲ့သည်။ လီစဲဖူက သူမကိုယ်သူမ အတတ်နိုင်ဆုံး နှစ်သိမ့်ပေးသည်။

ငါက ဘာကို ကြောက်နေရမှာလဲ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ ကိုယ် ဝန်ရှိနေတာပဲ၊ သားတစ်ယောက် သမီးတစ်ယောက်လည်း ရှိတယ်လေ၊ ဟင်း... ကမ်းကော်ကော် တကယ်ကိုယ်ဝန်ပျက်ကျသွားရင်တောင် ကိစ္စမရှိပါဘူး...

ကမ်းကော်ကော်က ကုတင်ပေါ်တွင် လှဲနေပြီး ဗိုက်တကယ် နာနေသည့်ဟန်ဆောင်နေသည်။ အမှန်က သူမ ရယ်ချင်စိတ်ကို အောင့်ထားရသောကြောင့် ဖြစ်သည်။

[လီစဲဖူက အရမ်း ရယ်ရတာပဲ... ဟားဟား၊ သူက တကယ်ကြီး ယုံသွားတယ်]

[ချန်ကော်ကော်ကလည်း ဘာစာနာမှုမှ မခံထိုက်ပါဘူး၊ ဘယ်သူက သူ့ကို အရင် ပြဿနာစရှာခိုင်းလို့လဲ]

[ပြဿနာက... သမားတော် ရောက်လာတဲ့အခါ ငါ့ကို ဖော် ကောင်လုပ်မိအောင် ဘယ်လို တားရမလဲဆိုတာပဲ]

ယွင်ကျွမ်းက ရှိုက်ငိုရင်း လီစဲဖူကို ပြောသည်။

"စဲဖူ... ကျွန်မ ထပြီး ကော်ကော်ရဲ့ ချွေးတွေကို သုတ်ပေးပြီး ရေနွေးလေး နည်းနည်းတိုက်လို့ရမလားရှင်"

ရေနွေးတိုက်မယ် ဟုတ်လား၊ ဟုတ်သားပဲ၊ သူ့ကို ရေနွေးတိုက်လိုက်ရင် နိုးလာနိုင်တယ်၊ ဒါပေမဲ့ သူ နိုးလာရင်ကော... သူ ကလေးပျက်ကျသွားပြီဆိုတာ သိရင် ငါ့ကို အသေအလဲ ရန်လုပ်တော့မှာ မဟုတ်ဘူးလား

လီစဲဖူက စိတ်ရှုပ်စွာဖြင့် ခေါင်းညိတ်ပြသည်။

ယွင်ကျွမ်းက ဗီရိုထဲမှ နနွင်းမှုန့် စိမ်ထားသော ပဝါတစ်ထည်ကို ယူကာ ကမ်းကော်ကော် မျက်နှာကိုသုတ်ပေးလာစည်။ အမှန်တွင် သူမ အသားအရေမှာ သွေးလည်ပတ်မှု မကောင်းသဖြင့် ပိုဖျော့တော့ပြီး ဖြူဖျော့နေပုံထင်ရသည်။

ယွင်ကျွမ်းသည် သူမကို ရေနွေးတိုက်ပြီးနောက် ကမ်းကော်ကော် ပါးစပ်ထဲသို့ အရည်ပျော်လွယ်သော အရာတစ်ခုကို သတိမထားမိအောင် ထည့်ပေးလာသည်။

🌻 Chapter 88

ကမ်းကော်ကော်မှာ ယွင်ကျွမ်းက သူမအား ဘာကျွေးလိုက်သည်ကို မသိသော်လည်း ၎င်းမှာ စပ်ပြီး ချိုပုံရကာ သူသည် သူမ သီးသန့်အစေခံမလေး ဖြစ်သောကြောင့် သူမကို အန္တရာယ်ပြုမည် မဟုတ်ဟု တွေးလိုက်မိသည်။

ထို့ကြောင့် သူမက လိမ္မာစွာပင် ထိုအရာကို မြိုချခဲ့သည်။ လီစဲဖူမှာ ထိုအကြောင်းကို မသိသဖြင့် ပိုစိတ်မရှည် ဖြစ်လာသည်။ မကြာမီမှာပင် လီကော်ကော် ဘေးရှိ မိန်းမစိုး ဖူကွေ့အာက သမားတော်ကျန်းကို ဖိတ်ခေါ်လာခဲ့သည်။ သမားတော်ကျန်းနှင့်အတူ ယင်ကျန်းနှင့် ဖူကျင်းတို့လည်း ပါလာကြသည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်နောက် တစ်ယောက် ရောက်လာကြခြင်း ဖြစ်ပြီး ဤကိစ္စကို ကြားရသောအခါ ယင်ကျန်းမှာ အဝတ်အစားပင် မလဲနိုင်တော့ဘဲ ဖိနပ်တွင် ရွှံ့များ ပေကျံနေလျက်ပင် အလောတကြီး ပြေးလာခဲ့သည်။

သူသည် သတိလစ်နေသော ကမ်းကော်ကော်ကို ကြည့်ပြီး သူမဘေးတွင် ထိုင်ကာ မေးလေသည်။

"ဘာဖြစ်သွားတာလဲ"

"ဒီနေ့ ညနေခင်းက ကမ်းကော်ကော်နဲ့ ချန်ကော်ကော်တို့ ရန်ပွဲကြီး ဖြစ်ကြတာပါ၊ သူတို့ရဲ့ အစေခံတွေနဲ့ အချင်းချင်း ရိုက်နှက်ပြီး ရန်ဖြစ်နေကြတာ၊ ဒီကြင်ယာတော်င အသံကြားလို့ ပြေးလာခဲ့တဲ့အချိန် သူတို့ မနာခံတာကို မြင်တော့ သူတို့ကို ခဏလောက် ဒူးထောက်ခိုင်းလိုက်မိတာပါ"

"နာရီဝက်လောက် ကြာရင် သူတို့ကို ထခိုင်းမလို့ပါ ဒါပေမဲ့ ကမ်းကော်ကော်က အမွှေးတိုင် တစ်တိုင်စာလောက်လေးပဲ ဒူးထောက်ရသေးတယ်၊ သတိလစ်သွားပြီး သွေးတွေ ထွက်လာတယ်"

သူမအသံမှာ တဖြည်းဖြည်း တိုးဝင်သွားသည်။ ယင်ကျန်းလည်း မျက်မှောင်ကြုတ်သွားမိသည်။

"သွေးထွက်တယ် ဟုတ်လား"

လီစဲဖူက ချက်ချင်း ပြောလာသည်။

"ရန်ဖြစ်နေတုန်း တစ်ယောက်ယောက်ကများ ကမ်းကော်ကော်ရဲ့ ဗိုက်ကို ဝင်တိုက်မိတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အရှင်မင်းသား စိတ်မပူပါနဲ့ သမားတော်ကျန်းက တော်ဝင်မိသားစုကနေ အငြိမ်းစားယူလာတဲ့ တော်ဝင်သမားတော်ပါ၊ ကိုယ်ဝန်ပျက်ကျတာကို ကာကွယ်ကုသပေးတဲ့ နေရာမှာ သူက အရမ်းကို ကျွမ်းကျင်ပါတယ်"

ထို့နောက် သူမ ချက်ချင်း တိတ်ဆိတ်သွားသည်။

[သေစမ်း၊ ကိုယ်ဝန်ပျက်ကျတာကို ကုသပေးတယ်ဆိုတာ ဘာကြီးလဲ]

ယင်ကျန်းက သူမကို လူသတ်ချင်သည့် အကြည့်ဖြင့် စိုက်ကြည့်လာသည်။ အစေခံအိုကြီးမှာ အကြောက်လွန်ပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ယင်နေကြသည်။

ဖူကျင်း မျက်နှာပင် အေးစက်သွားပြီး "နင်တို့အားလုံး အဓိပ္ပာယ်မရှိတာတွေ လုပ်လွန်းတယ်"

ထို့နောက် ယင်ကျန်းက ဖူကျင်းကို စိုက်ကြည့်လိုက်ရာ ဖူကျင်းမှာ အပြစ်ရှိသလို ခေါင်းငုံ့သွားသည်။ အကယ်၍ သူမသာ အိမ်တော်တွင် ရှိနေခဲ့ပါက ဤပြဿနာကို ဖြစ်စေမည်မဟုတ်ကြောင်း သူမ သိသည်။ ဒီချွေ့မားမားက တကယ်ကို တစ်ခုခုပဲ၊ သူမရဲ့ အစေခံတွေကို ရန်ပွဲစခိုင်းဖို့ ခွင့်ပြုထားရဲတယ်ပေါ့လေ...

[အို... ဒုက္ခပါပဲ၊ အဲဒီ သမားတော်ကျန်းက တကယ်ပဲ ဒီလောက် ကျွမ်းကျင်တာလား၊ ဒါမှမဟုတ် သူက တော်ဝင်သမားတော်လား၊ သူ့ကို ငါလှည့်စားလို့ ရပါ့မလား]

[ဒါပေမဲ့ ငါ ဘာလုပ်နိုင်မှာလဲ၊ ချန်ကော်ကော်က ပြဿနာစရှာတာလေ၊ ပြီးတော့ စဲဖူကလည်း ငါ့ကို အပြစ်ပေးတဲ့အနေနဲ့ ဒူးထောက်ခိုင်းတာလေ၊ ငါက တကယ်ကြီး ဒူးထောက်ပြီး အပြစ်ပေးခံရမှာလား]

ထိုစကားကို ကြားသောအခါ ယင်ကျန်း တိတ်တဆိတ်သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ မျက်လုံးကိုကျဉ်းမြောင်းလိုက်ပြီး ကမ်းကော်ကော် ပေါင်ကို လှမ်း၍ဆွဲဆိတ်သည်။

"အား... အိုး... နာလိုက်တာ"

ကမ်းကော်ကော်က အော်ဟစ်လိုက်ပြီး သတိရလာပုံဖမ်းကာ သူမခြေထောက်ပေါ်ရှိ လက်ကိုခါချရင်း ထိုင်လိုက်သည်။

[ခွေးလိုကောင်... ဘာလို့ ငါ့ကို ဆွဲဆိတ်ရတာလဲ၊ သူက ဂဏန်းများလား]

သူမ သွေးခုန်နှုန်းကို စမ်းသပ်ရန် ပြင်နေသော သမားတော်ကျန်းမှာ ရုတ်တရက် မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ဖြူဖွေးသော မုတ်ဆိတ်မွေးများမှာ တုန်ယင်သွားကာ အတော်လေး လန့်သွားပုံရသည်။

ကမ်းကော်ကော်က သမားတော်ကြီးကို တောင်းပန်သည့်ဟန်ဖြင့် တစ်ချက်ကြည့်ပြီးနောက် ယင်ကျန်းကို မုန်းတီးစွာ စိုက်ကြည့်ကာ သူမနဖူးကို ပွတ်သပ်ရင်း တွေဝေနေသော လေသံဖြင့် မေးသည်။

"အရှင်မင်းသား ပြန်ရောက်နေပြီလား၊ ကျွန်မ ဘာဖြစ်သွားတာလဲ၊ ဘာလို့ ကုတင်ပေါ် ရောက်နေတာလဲ"

ယင်ကျန်းက မျက်နှာသေဖြင့် "မင်း သတိလစ်သွားတာ"

ဖူကျင်းနှင့် အခြားသူများအားလုံး မှင်သက်သွားကြသည်။ စတုတ္ထမင်းသားက ခုလေးတင် စိုးရိမ်နေတာ မဟုတ်ဘူးလား။ အခုကျ ဘာလို့ ဒီလောက်တောင် တည်ငြိမ်ပြီး မျက်နှာသေ ဖြစ်နေရတာလဲ။

ကမ်းကော်ကော်က အားနည်းစွာဖြင့် ပြန်လှဲချလိုက်ပြီး

"ကျွန်မ အရမ်းအားနည်းနေသလို ခံစားရတာ အံ့ဩစရာ မဟုတ်ပါဘူး အရှင်မင်းသားရယ်၊ ဒီကိစ္စအတွက် ချန်ကော်ကော်နဲ့ လီစဲဖူကို အပြစ်မတင်ပါနဲ့၊ ကျွန်မရဲ့ ကျန်းမာရေးက ညံ့ဖျင်းလွန်းလို့ပါ"

လီစဲဖူက သူမကို အံ့သြစွာ ကြည့်လာသည်။ ဒီကောင်မလေးက နိုးလာပြီးရင် ပြဿနာရှာမယ်လို့ သူမ ထင်နေတာ...

ချန်ကော်ကော်လည်း ထိုသို့တွေးမိခြင်းဖြစ်သည်။ ကမ်းကော်ကော် ဟန်ဆောင်နေခြင်းပဲ ဖြစ်ရမည်။ ထို့ကြောင့် သူမက သမားတော်ကျန်းကို မေးသည်။

"သမားတော်ကျန်း... ကျေးဇူးပြုပြီး ကမ်းကော်ကော်ကို ကြည့်ပေးပါဦး၊ ညီမတော်ကို စိတ်အနှောင့်အယှက် ဖြစ်စေမိလို့ ကျွန်မ တကယ် စိတ်မကောင်းဖြစ်ပြီး သက်သောင့် သက်သာ မရှိဖြစ်မိပါတယ် သူမ ဘာလို့ ရုတ်တရက်ကြီး သွေးထွက်လာတာလဲ"

သမားတော်ကျန်းက လီစဲဖူတွင် ကိုယ်ဝန်ရှိနေစဉ် အနားယူရန် လိုအပ်သဖြင့် သူ့ကိုခေါ်သည်ဟု ထင်ခဲ့သော်လည်း အခြား ကော်ကော်တစ်ယောက်က အားနည်းသည့်ပုံဖြင့် လဲနေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူမ အစောက အော်သံကို ထောက်ရှုပါက သိပ်အားနည်းပုံမရပေ။

ချန်ကော်ကော် စကားအပြီးတွင် လီစဲဖူက မျက်လုံးလှန်လိုက်ပြီး "ဟုတ်ပါတယ် အရှင်မင်းသား၊ ကျွန်မတို့ အားလုံး ညီမလေး ကမ်းကော်ကော်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြတာပါ"

[နင်တို့နှစ်ယောက်က... ငါ့ကို စိုးရိမ်နေတယ် ဟုတ်လား၊ လာမလိမ်နဲ့]

"မဟုတ်..."

ကမ်းကော်ကော် ပါးစပ်ဖွင့်လိုက်သော်လည်း သူမ စကားမဆုံးခင်မှာပင် ယင်ကျန်းက သူမ ဝမ်းဗိုက်အောက်ပိုင်းတွင် လက်တင်ပြီးပြောသည်။

"ကောင်းပြီ သမားတော်ကျန်း၊ လာကြည့်ပေးလိုက်ပါ"

ယွင်ကျွမ်းက သူမကို လှဲအိပ်စေရန်ကူညီပေးပြီး အခွင့်အ ရေးယူကာ သူမကို မျက်စိမှိတ်ပြလာသည်။ ကမ်းကော်ကော် စိတ်သက်သာရာ ရသွားသည်။

[တကယ်တော့ ယွင်ကျွမ်းက ဆေးပညာအကြောင်း နည်းနည်းသိတာပဲ၊ သူမ ငါ့ကို ကူညီနိုင်လောက်လား]

သူမက လိမ္မာစွာပင် လက်ကမ်းပေးလိုက်ရာ မျက်တောင်လေးများ အနည်းငယ်တုန်ယင်နေသည်။

[ဒီမှာသာ လူတွေ ဒီလောက်အများကြီး မရှိရင်ကောင်းမှာပဲ၊ မဟုတ်ရင် ငါလိမ်တာပေါ်သွားရင် သူတို့ရယ်ကြမှာ]

ယင်ကျန်း သက်ပြင်းချလိုက်ပြီး "မင်းတို့အားလုံး အရင်ပြန်ကြတော့၊ ဒီမှာ ငါပဲ ကိုင်တွယ်လိုက်မယ်"

လီစဲဖူ မပျော်မရွှင်ဖြင့် နှုတ်ခမ်းဆူကာ "ဒါပေမဲ့ ကျွန်မတို့လည်း ညီမတော်အတွက် စိုးရိမ်လို့ပါ"

[ဟွန့်... ဟန်ဆောင်နေလိုက်တာ]

ယင်ကျန်းက သူမဗိုက်ကို ငုံ့ကြည့်လိုက်ပြီး "အခု မင်းရဲ့တာဝန်က ကိုယ်ဝန်ကို ကာကွယ်ဖို့ပဲ၊ အပိုတွေ လျှောက်မလုပ်နဲ့"

[ယင်ကျန်း ပြောတာ အဓိပ္ပာယ်ရှိတယ်၊ ငါ နင့်ကို ထောက်ခံတယ်]

လီစဲဖူက လှည့်ထွက်သွားပြီးမှ ပြန်လှည့်လာကာ "အရှင်မင်းသား... နောက်ထပ် တစ်ခုရှိသေးတယ်၊ ချန်ကော်ကော်နဲ့ ကမ်းကော်ကော်တို့က ရှာတွေ့ထားတဲ့ ပစ္စည်းတစ်ခုနဲ့ ပတ်သက်ပြီး တစ်ယောက်ကို တစ်ယောက် စွပ်စွဲနေကြတယ်"

သူမက သမားတော်ကျန်းကို တစ်ချက်ကြည့်ပြီးနောက် စကားရပ်သွားသည်။

ဤကိစ္စကို အပြင်လူများရှေ့တွင် မဆွေးနွေးနိုင်ချေ။ သို့မဟုတ်ပါက သူမ ဒုက္ခကြီးကြီးရောက်သွားပေလိမ့်မည်။

ယင်ကျန်း တည်ငြိမ်စွာဖြင့် "အိမ်တော်တွင်း ကိစ္စတွေကို ဖူကျင်းနဲ့ သီးသန့် ဆွေးနွေးလို့ရတယ်"

ဖူကျင်း ပြုံးကာ "ဟုတ်ကဲ့ပါ၊ ဒီနေ့ ကိစ္စတွေကို ကျွန်မပဲ ကိုင်တွယ်လိုက်ပါမယ်၊ အရှင်မင်းသား ဒုက္ခမခံပါနဲ့"

အားလုံး ထွက်သွားကြပြီး အခန်းငယ်လေးမှာ တိတ်ဆိတ်သွားသည်။ ကမ်းကော်ကော်မှာ စိတ်သက်သာရာ ရသွားသော်လည်း သူမနှလုံးခုန်သံမှာ ဗုံတီးနေသကဲ့သို့ ပွက်လောရိုက်နေသည်ကို အတိုင်းသား ကြားနေရသည်။

ဒုတ်... ဒုတ်...

သမားတော်ကျန်း မျက်မှောင်များ ပိုမိုကြုတ်သွားပြီး အဆုံးတွင် သူကမေးလာသည်။

"စတုတ္ထမင်းသား... ကော်ကော်ရဲ့ မျက်နှာအရောင်ကို မြင်ရဖို့ ကုလားကာကို လှန်ပေးနိုင်မလား"

ယင်ကျန်းက ခေါင်းညိတ်လိုက်ရာ ယွင်ကျွမ်းက ကုလားကာကို လှန်ပေးသည်။ သမားတော်ကျန်းမှာ အတွေ့အကြုံရှိသော တရုတ်ရိုးရာ သမားတော်တစ်ဦး ဖြစ်သဖြင့် ကမ်းကော်ကော် မျက်နှာကို တစ်ယောက်ယောက်အား ထပ်မံ သန့်စင်စေပြီး သူမ ပါးစပ်ဆေးရန် ရေတစ်ပန်းကန် ယူလာပေးစေသည်။

ကမ်းကော်ကော်က မကျေမနပ်ဖြစ်မိသော်လည်း ပူးပေါင်းလုပ်ဆောင်ကာ ရိုးသားစွာဖြင့် "ကျွန်မ တော်တော်လေး သက်သာသွားပါပြီ၊ ဘာမှ မစိုးရိမ်ရလောက်ပါဘူး"

[အားလုံးက ဟန်ဆောင်ထားတာ‌လေ၊ ရှင်က ဆေးပညာ ကျွမ်းကျင်တဲ့သူဆိုတော့ ဒါကို မရိပ်မိဘဲ မနေလောက်ပါဘူးနော်]

[နန်းတော်ထဲမှာ ဒီလောက် နှစ်ပေါင်းများစွာ အသက်ရှင်သန်ခဲ့ပြီး အငြိမ်းစားယူတဲ့အထိ နေလာနိုင်တာဆိုတော့ ရှင့်မှာ EQတော့ မြင့်မားမှာ သေချာတယ် မဟုတ်လား၊ ငါလေးကို ဖော်ကောင်မလုပ်ပါနဲ့]

သမားတော်ကျန်းက သူမ လျှာပေါ်ရှိ အဖြူဖတ်များကို ထပ်မံ စစ်ဆေးကြည့်လိုက်ရာ သူ့ မီးခိုးရောင် မျက်ခုံးများ အနည်းငယ်ကျဆင်းသွားသည်။

"ကော်ကော်က ကိုယ်ဝန်တောင်ရနိုင်တော့မှာ မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး ကိစ္စမရှိဘူးလို့ ပြောလို့ရမှာလဲ"

ကမ်းကော်ကော်မှာ အံ့သြတုန်လှုပ်သွားပြီး "ရှင် ဘာပြောလိုက်တယ်"

ပြဇာတ်တစ်ပုဒ်အား ကြည့်ဖို့ပြင်ထားသော ယင်ကျန်းလည်း မတ်တပ်ရပ်ကာ "ဘာဖြစ်လို့လဲ"

သမားတော်ကျန်းက စဉ်းစားခန်းဝင်သွားပြီး "ကော်ကော်ရဲ့ ခန္ဓာကိုယ်က အားနည်းပြီး အအေးမိလွယ်တဲ့အတွက် ကတိုးကို အချိန်ကြာကြာ သုံးစွဲဖို့ မသင့်တော်ပါဘူး၊ ဒါပေမဲ့ ကော်ကော်က ကတိုးကို သုံးစွဲနေတာ တစ်လကျော်ပြီ ပမာဏ နည်းတယ်ဆိုပေမယ့်လည်း သူမရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေခဲ့ပါတယ်..."

ကမ်းကော်ကော် သူမ ကတိုး မသုံးစွဲခဲ့ကြောင်း ပြောချင်သော်လည်း သူမကိုယ်ကို ပြန်ထိန်းလိုက်သည်။

[တစ်လကျော် ဟုတ်လား၊ အဲဒါက ငါ ပထမဆုံးအကြိမ် ခစားပြီးကတည်းက ငါ့ရဲ့ အစားအသောက်ထဲမှာ မသိမသာ ထည့်ထားတာလား]

[သံသယရှိတဲ့သူတွေက သေချာပေါက် ငါ့ရဲ့ အစေခံမလေး လေးယောက်ပဲ၊ ဟွာစန်းက ဒီလိုအလုပ်တွေကို ပုံမှန်မလုပ်တတ်တော့ ကျန်တဲ့ သုံးယောက်ပဲဖြစ်ရမယ်]

All Chapters